L O V E [YIZHAN]

By HanYuSin

281K 20.9K 261

YiZhan အကယ္၍ မင္းမ႐ွိခဲ့ရင္ ဒီအတိတ္ေတြ မ႐ွိခဲ့ရင္ ငါလဲ ေၾကကြဲေနရမွာ မဟုတ္ဘူး.. ဒါေပမယ့္ အခြင့္႐ွ... More

အဆံုးရဲ႕ စတင္ျခင္း
အပိုင္း ၁
အပိုင္း ၂
အပိုင္း ၃
အပိုင္း ၄
အပိုင္း ၅
အပိုင္း ၆
အပိုင္း ၇
အပိုင္း ၈
အပိုင္း ၉
အပိုင္း ၁၀
အပိုင္း ၁၁
အပိုင္း ၁၃
အပိုင္း ၁၄
အပိုင္း ၁၅
ဇာတ္သိမ္းပိုင္း ♥
Extra ♥
Extra ♥♥
Extra ♥♥♥

အပိုင္း ၁၂

11.8K 963 20
By HanYuSin

Chongli ၿမိဳ႕....

" က်န္းခ်န္ ျမန္ျမန္ ျမန္ျမန္ ဆင္းလာ "

" ဘာေတြ တက္ႂကြေနတာလဲ... ေ႐ွာင္းက်န္႔ရာ ငါေတာ္ေတာ္ပင္ပန္းေနၿပီး "

" လာခ်င္တာ မင္းေလ ျမန္ျမန္ က်န္းခ်န္ "

ကားေပၚမွ ပစၥည္း အစံုအလင္ခ်ၿပီး ေ႐ွာင္းက်န္႔တို႔ႏွစ္ေယာက္ ဟိုတယ္မွာပဲ တည္းဖို႔ထြက္လာလိုက္သည္။ က်န္းခ်န္ ေခၚတုန္းကမလာခ်င္ေပမယ့္ ဒီေရာက္ေတာ့ သူတကယ္ေပ်ာ္ေနသည္။ အထက္တန္း ၿပီးၿပီးခ်င္း အလာခ်င္ဆံုးေနရာျဖစ္တယ္။ ဒီလို ေရခဲေတာင္မွာ ski စီးရရင္ တကယ္မိုက္မွာ။ တစ္ေယာက္ေယာက္သာ သူ႔ကို သင္ေပးခဲ့မယ္ဆိုရင္ေပါ့ ။

ဟိုတယ္မွာ အခန္းကို ၂ေယာက္တစ္ခန္းသာယူလိုက္သည္။ က်န္းခ်န္ကေတာ့ ေရာက္ကတည္းက ကုတင္ေပၚမွာသာ။ ခရီးေဝးတာမို႔ သူတကယ္ပင္ပန္းသြားပံုပင္။ ရာသီဥတုက ေပက်င္းမွာထက္ ေတာ္ေတာ္ေအးတယ္။ ဒီရက္ပိုင္း စိတ္ေတြ႐ႈပ္ေနခဲ့တာမို႔ ေ႐ွာင္က်န္႔လာခဲ့တာ မွန္သြားတယ္။ အရင္ဆံုး ပစၥည္းေတြကို ေနရာခ်ၿပီး နားဖို႔ ျပင္လိုက္တယ္ ။

" ဘာတုန္း ဝမ္ရိေပၚ "

" မေမ့နဲ႔ေနာ္ ၆နာရီေနာ္ "

" မင္း ဒါကို ဖုန္းဆက္ေျပာေနတာ ဒါနဲ႔ဆို ၉၉၉၉၉၉၉ ေခါက္႐ွိၿပီးကြ!!! "

" အဲ့ေလာက္မပိုနဲ႔ မင္းအသံုးမက်လို႔ကို မွာေနတာ "
ရိေပၚေျပာၿပီးတာနဲ႔ ဖုန္းခ်သြားေလသည္ ။

" ရား!!!!!! ဝမ္ရိေပၚ ေခြးေကာင္ေလး လုပ္ေပးရတာနဲ႔ မတန္ဘူး "

ေ႐ွာင္းက်န္႔ကို ၾကည့္ေတာ့ အိပ္ေပ်ာ္ေနတာမို႔ က်န္းခ်န္ တိတ္တိတ္ေလးသာ က်ိန္ဆဲလိုက္သည္ ။

............

5:40 PM

ႏွင္းတဖြဲဖြဲက်ေနတာမို႔ ျမင္ေလးသမ်ွဟာ အလွပဆံုးေတြျဖစ္ေနေလသည္။ မီးလံုး၊ မီးသီးေလးေတြကို ေဘးပတ္လည္ တစ္ဝိုက္လံုးမွာ ခ်ိတ္ဆြဲထားၿပီး ထင္း႐ွဴ း သားနဲ႔ လုပ္ထားတဲ့ အိမ္ေလးတစ္လံုးလဲ ႐ွိတဲ့ေနရာကို သူတုိ႔ႏွစ္ေယာက္ထြက္လာခဲ့ၾကတယ္။ တကယ့္ကို Ed sheeran ရဲ႕ perfect သီခ်င္းထဲက ေနရာနဲ႔ေတာင္ ဆင္ေနေသးသည္ဟု ေ႐ွာင္းက်န္႔ ေတြးလိုက္မိတယ္။ ေနအံုး က်န္းခ်န္က ဒီလို ဘာလုပ္မို႔ တကူးတကႀကီးေခၚလာတာလဲ။

" က်န္းခ်န္... မင္း ဘာလုပ္မို႔လဲ ဒီကို ေခၚလာတာ "

က်န္းခ်န္က လူယုတ္မာအၾကည့္နဲ႔ ၾကည့္ၿပီး သူ႔ေဘးနားတစ္လွမ္းခ်င္းဆီ တိုးလာသည္။ ၿပီးေတာ့ မ်က္စိတစ္ဖက္မွတ္ျပလာၿပီး

" မင္းကို အတင္းယူမလို႔ "

"ဘာ!!! "

ေအာ္သံေနာက္ ေ႐ွာင္းက်န္႔လက္သီးက က်န္းခ်န္ ဝမ္းဗိုက္ တည့္တည့္ကို ထိုးလိုက္တယ္ ။
ဒီေကာင္ေတာ့ မဟုတ္ေတာ့ဘူး။

က်န္းခ်န္ကို ႐ိုက္ႏွက္ေနတုန္း ႐ုတ္တရက္ မီးပိတ္က် သြားတယ္။ အလင္းေရာင္ သဲ့သဲ့သာရေတာ့တာမို႔ ဘာကုိမွကြဲကြဲျပားျပားမျမင္ရ။

" က်န္းခ်န္ က်န္းခ်န္း မင္း ဘယ္မွာလဲ "

ေ႐ွာင္းက်န္႔ ေအာ္ေခၚေနေပမယ့္ က်န္းခ်န္ဆီက ျပန္ထူးသံအစား သီခ်င္းဆိုသံသာ ျပန္႔လြင့္လာၿပီး မီးေရာင္စံုက ဖ်က္ကနဲ ျပန္လင္းလာတယ္ ။

" ဝမ္ရိေပၚ! "

🎼
မင္းကို ငါေပးႏိုင္တဲ့ အရာ မ႐ွိဘူး
အခုထိ ငါလုပ္ေပးႏိုင္တဲ့အရာ မ႐ွိဘူး
ခမ္းနားတဲ့ကတိေတြ စကားလံုး အမိုက္စားေတြလဲ
မစဥ္းစားတက္ဘဲ .....
မေဝးေတာ့မယ့္ အနာဂတ္မွာ
ဒီတိုင္းေကာင္းေပးမယ္
မင္းကို ကာကြယ္ေပးမယ္
က်ခဲ့တဲ့ မ်က္ရည္ေတြေလာက္
ရယ္ႏိုင္ေအာင္ လုပ္ေပးမယ္ ....

ၾကယ္အျဖစ္ေနၿပီး မင္းကို လမ္းျပေပးမယ္
ေစာင့္ေနေပးခဲ့သေလာက္ ေဘးမွာ ႐ွိေပးမယ္
ဒီမေရရာတဲ့ လက္ေတြ႔ဘဝထဲမွာ
ေစာင့္ေ႐ွာက္ေပးခ်င္တဲ့ တစ္စံုတစ္ေယာက္
မင္း႐ွိေနလို႔ ငါအသက္႐ွင္ေနတာပါ
ဒီအဆံုးမ႐ွိတဲ့ အေမွာင္ထုထဲမွာ
အလင္းေရာင္ ျဖစ္ေပးမယ့္ တစ္စံုတစ္ေယာက္
ဘာအေတြးမွ မ႐ွိဘဲ ျပံဳးရယ္ႏိုင္တဲ့ေန႔
ေရာက္လာမွာပါ
🎼

သီခ်င္းဆံုးသြားတဲ့အထိ ေ႐ွာင္းက်န္႔ သူ႔အေ႐ွ႕က လူကိုသာ ေၾကာင္ၾကည့္မိတယ္။ ဝမ္ရိေပၚ သူက ဘယ္လို လုပ္ၿပီး။

ရိေပၚ လြယ္ထားတဲ့ ဂီတာကို ေဘးခ်လိုက္ၿပီး ေ႐ွာင္းက်န္႔ေ႐ွ႕မွာရပ္လိုက္တယ္။

" ကိုကို ကြၽန္ေတာ္... "

ဝမ္ရိေပၚက သူ႔အတြက္ ဒီသီခ်င္းဆိုေပးတာလား။ ေ႐ွာင္းက်န္႔ ခုထိ မယံုႏိုင္ေသးေပ။

"ကြၽန္ေတာ္ ကိုကို႔ကို ခ်စ္တယ္ ကြၽန္ေတာ့ကို ျပန္လက္ခံေပးႏိုင္မလား "

ၾကယ္ေတြစံုၿပီး လွေနတဲ့ ေကာင္းကင္ကို မီး႐ွဴးမီးပန္းတို႔က ထပ္ၿပီး အလွဆင္ျပန္တယ္။ ေဘးပတ္ဝန္းက်င္ တစ္ခုလံုးကို ေလေျပေအးမ်ား တိုက္ခတ္သြားခ်ိန္ ကြၽန္ေတာ့ေ႐ွ႕က လူကေတာ့ ကြၽန္ေတာ့ကို ေပ်ာက္သြားေတာ့မယ့္ လူအလား ၾကည့္ေနေလသည္ ။

"ငါတို႔ ဆက္ဆံေရးက တကယ္ ျပန္စလို႔ရတဲ့ ဆက္ဆံေရးလားဆိုတာ ငါမစဥ္းစားတက္ဘူး။ က်ကြဲ သြားတဲ့ ဖန္ခြက္တစ္လံုးက ျပန္ျပဳ ျပင္ၿပီးရင္ေတာင္
အက္ကြဲရာေတာ့ က်န္ေနမွာေလ။ အေကာင္းတိုင္းျပန္မျဖစ္ေတာ့ဘူးေလ ငါတို႔လဲ တစ္ေယာက္ကိုတစ္ေယာက္ဒဏ္ရာေတြေပးခဲ့ၾကတာမို႔ "

ေ႐ွာင္းက်န္႔စကားမဆံုးခင္ ရိေပၚက ပါးႏွစ္ဖက္ကိုအုပ္ကိုင္ၿပီး သူ႔မ်က္ဝန္းေတြကိုၾကည့္ေစတယ္။ ရိေပၚ႐ွဴ ထုတ္လိုက္တဲ့ေလေႏြးေႏြးက သူ႔ပါးျပင္ကိုလာထိေတြ႔တယ္။ ေ႐ွာင္းက်န္႔ရင္ဘက္ထဲမွာလဲ ဘင္ခရာတီးဝိုင္းလွည့္ေနသလိုပင္။

"အဲ့တာဆံု အေတာ္ဆံုး ျပင္ဆရာနဲ႔ ျပင္လိုက္သလို ကြၽန္ေတာ့အခ်စ္ေတြနဲ႔ ျပန္ဖာေထးေပးမယ္ ဆိုရင္ေရာ။ အက္ကြဲရာ တစ္ေၾကာင္းေလး႐ွိေနတာကို မခံစားရေလာက္ေအာင္ ကြၽန္ေတာ္ ပိုခ်စ္ေပးမယ္ဆိုရင္ေရာ ကြဲက်ဖူးတာမမွတ္မိရေလာက္ေအာင္ထိ ကြၽန္ေတာ္ပို တန္ဖိုးထားေပးမယ္ဆိုရင္ေရာ ဟင္... ကိုကို"

"......"

တစ္ေယာက္ေ႐ွ႕က တစ္ေယာက္ ေပ်ာက္သြားေတာ့မွာ ေၾကာက္ေနတဲ့အလား အခ်ိန္အေတာ္ၾကာၾကည့္ေနၿပီးမွ ေ႐ွာင္းက်န္႔ဘက္ကစကားစလိုက္တယ္။

" မင္းဘာလို႔ အဲ့တုန္းက ငါ့အေပၚ မပြင့္လင္းခဲ့တာလဲ။ မင္းစီစဥ္ထားတဲ့ ကိစၥတစ္ခုကို ဘာလို႔ မင္းမိသားစုေၾကာင့္လို႔ ေျပာရတာလဲ။ ငါက မင္းအတြက္ ဘာမွ အေရးမပါခဲ့ဘူးလား "

"မဟုတ္ဘူး။ မဟုတ္ဘူး။ ကိုကို အဲ့လိုေတြ ေတြးပူ မွာေၾကာက္လို႔ေလ။ အေတြးလြန္ၿပီး အခုလိုေတြ ေဝးသြားမွာ ဆိုးလို႔ အမွန္တိုင္း မေျပာခဲ့တာေလဗ်ာ။ ၿပီးေတာ့ ကြၽန္ေတာ္ လုပ္ေနတာေတြက ကြၽန္ေတာ္တို႔ႏွစ္ေယာက္အတြက္ေလ ။ကိုကို ကြၽန္ေတာ့ကို လိုအပ္သေလာက္ကို ကြၽန္ေတာ္လဲ ကိုကို႔ကို လိုအပ္ခဲ့တာေလ "

ေ႐ွာင္းက်န္႔ သက္ျပင္း႐ွည္ တစ္ခ်က္ခ်ၿပီးေခါင္းငံုလိုက္ေလသည္ ။

" မင္းထြက္သြားၿပီးေတာ့ ငါလဲ တီတီဆီကို မျပန္ခ်င္ေတာ့လို႔ korea ကို ထြက္သြားတယ္။ မင္းကိုပဲ ၾကည့္လာၿပီး မင္းေဘးနားပဲ ေနခ်င္လာတဲ့လူမို႔ ဟိုမွာ ေသေလာက္ေအာင္ ပင္ပန္းတယ္။ ၂ ႏွစ္ မင္း ေျပာတဲ့ ၂ႏွစ္ၿပီးရင္ ျပန္လာမယ္ဆို ငါ့အတြက္လို႔ေျပာၿပီး ဘာလို႔ ျပန္မလာခဲ့တာလဲ။ ဘယ္သူမွမ႐ွိတဲ့ ငါ့အတြက္ မင္းကိုပဲ လိုအပ္ေနတဲ့ ငါ့အတြက္ မင္းက ဘာလို႔ မ႐ွိေပးခဲ့တာလဲ ။ငါ ဘယ္ေလာက္ မင္းကို လိုအပ္ခဲ့လဲဆိုတာ မင္းကို "

ေ႐ွာင္းက်န္႔ ေျပာရင္း ႐ႈိက္ငိုေတာ့သည္။ အခ်ိန္ေတြသာ ၅ႏွစ္႐ွိသြားတယ္။ ဒီမ်က္ရည္ေတြက ကုန္ႏိုင္ဖို႔ မ႐ွိ
။ကြၽန္ေတာ္က အခ်စ္ကို ထုတ္မျပတက္သူမို႔ သူ႔အေပၚ ဘယ္ေလာက္ ခ်စ္တယ္ ဆိုတာ သူ မသိခဲ့လို႔လား ။

ရိေပၚ ေ႐ွာင္းက်န္႔ကို သိုင္းဖက္လိုက္ၿပီး ေက်ာျပင္ကို ပုတ္ေပးရင္း ေခ်ာ့ရေတာ့သည္။

" ေတာင္းပန္ပါတယ္ ။ ေတာင္းပန္ပါတယ္။ တကယ္ေတာင္းပန္ပါတယ္ ပင္ပန္းေစခဲ့မိလို႔ ။ကြၽန္ေတာ္
ဘယ္လိုေတာင္းပန္ရမလဲ ဟင္... ကိုကို ေက်နပ္ေအာင္ကြၽန္ေတာ္ ေတာင္းပန္မွာမို႔ "

ရိေပၚ ေ႐ွာင္းက်န္႔ကို ရင္ခြင္ထဲက ထုတ္ၿပီး မ်က္လံုးခ်င္း ဆံုလိုက္တယ္။

"လူ႔ဘဝမွာ အေရးႀကီးတဲ့လူကို ဆံုး႐ႈံးရတဲ့ခံစားခ်က္က ဒီလုိဆိုတာ ကြၽန္ေတာ္သိပါၿပီ။ အဲ့ဒါေၾကာင့္က်ြန္ေတာ္နဲ႔အတူထပ္ၿပီးေတာ့ ငိုေႂကြးျပံဳးရယ္ႏိုင္မလား။ က်ြန္ေတာ့အေပၚေကာင္းေပးႏိုင္မလား။ လက္ခံေပးႏိုင္မလား။ ေထြးေပြးေပးႏိုင္မလား။ ျပန္ခ်စ္ေပးႏိုင္မလား။ ၿပီးေတာ့ ကြၽန္ေတာ့ကို ခြင့္ျပဳ ေပးမလား.... ကိုကို႔အေၾကာင္းေတြးခြင့္ လြမ္းခြင့္႐ူးသြပ္ခြင့္ အတူအိုမင္းခြင့္ ကိုကိုေရာ။ ဘယ္လိုလဲဆိုတာ က်ြန္ေတာ္ တကယ္သိခ်င္တယ္. "

ရိေပၚ ေ႐ွာင္းက်န္႔မ်က္လံုးကို တည့္တည့္ၾကည့္ၿပီး ေမးလိုက္ခ်ိန္ သူ႔ေ႐ွ႕က ယုန္ျဖဴ ေလးက ခ်စ္ဖို႔ကာင္းလြန္းေနခဲ့တယ္။ ထို႔ေနာက္ ဘာအသိေပးမႈမွမ႐ွိပဲ ေ႐ွာင္းက်န္႔ ႏႈတ္ခမ္းေပၚသို႔ ႏႈတ္ခမ္းသားတစ္စံု က်ေရာက္လာသည္။ ေႏြးေထြးမႈ လြမ္းဆြတ္မႈ။

ဒီလို ျပန္ထိေတြ႔ခြင့္ရဖို႔ ဘယ္ေလာက္ ဘယ္ေလာက္ေတာင္ တမ္းတခဲ့ရတာလဲ ။

လွပတဲ့ ေကာင္းကင္ေအာက္ ေႏြဦးမွာ သစ္ရြက္ေျခာက္ေႂကြတာ မဟုတ္ေပမယ့္ ေရခဲေတာင္ တစ္ေနရာက ေကာင္ေလးႏွစ္ေယာက္ အနမ္းေပးေနျကျခင္းက ေကာင္ေလးတစ္ေယာက္ရဲ႕ အေျဖကို ထိုေကာင္ေလးက မေျပာလဲဘဲ သိေနလိမ့္မယ္ထင္ပါတယ္။

မင္းမ႐ွိရင္ ငါလဲ မ႐ွိမွာမို႔
နာက်င္စရာ အတိတ္ေတြ ႐ွိခဲ့ရင္ေတာင္
မင္းကိုပဲ ဆက္ခ်စ္မွာပါ ။

...............................................................
Thanks All.


Unicode

Chongli မြို့....

" ကျန်းချန် မြန်မြန် မြန်မြန် ဆင်းလာ "

" ဘာတွေ တက်ကြွနေတာလဲ... ရှောင်းကျန့်ရာ ငါတော်တော်ပင်ပန်းနေပြီး "

" လာချင်တာ မင်းလေ မြန်မြန် ကျန်းချန် "

ကားပေါ်မှ ပစ္စည်း အစုံအလင်ချပြီး ရှောင်းကျန့်တို့နှစ်ယောက် ဟိုတယ်မှာပဲ တည်းဖို့ထွက်လာလိုက်သည်။ ကျန်းချန် ခေါ်တုန်းကမလာချင်ပေမယ့် ဒီရောက်တော့ သူတကယ်ပျော်နေသည်။ အထက်တန်း ပြီးပြီးချင်း အလာချင်ဆုံးနေရာဖြစ်တယ်။ ဒီလို ရေခဲတောင်မှာ ski စီးရရင် တကယ်မိုက်မှာ။ တစ်ယောက်ယောက်သာ သူ့ကို သင်ပေးခဲ့မယ်ဆိုရင်ပေါ့ ။

ဟိုတယ်မှာ အခန်းကို ၂ယောက်တစ်ခန်းသာယူလိုက်သည်။ ကျန်းချန်ကတော့ ရောက်ကတည်းက ကုတင်ပေါ်မှာသာ။ ခရီးဝေးတာမို့ သူတကယ်ပင်ပန်းသွားပုံပင်။ ရာသီဥတုက ပေကျင်းမှာထက် တော်တော်အေးတယ်။ ဒီရက်ပိုင်း စိတ်တွေရှုပ်နေခဲ့တာမို့ ရှောင်ကျန့်လာခဲ့တာ မှန်သွားတယ်။ အရင်ဆုံး ပစ္စည်းတွေကို နေရာချပြီး နားဖို့ ပြင်လိုက်တယ် ။

" ဘာတုန်း ဝမ်ရိပေါ် "

" မမေ့နဲ့နော် ၆နာရီနော် "

" မင်း ဒါကို ဖုန်းဆက်ပြောနေတာ ဒါနဲ့ဆို ၉၉၉၉၉၉၉ ခေါက်ရှိပြီးကွ!!! "

" အဲ့လောက်မပိုနဲ့ မင်းအသုံးမကျလို့ကို မှာနေတာ "
ရိပေါ်ပြောပြီးတာနဲ့ ဖုန်းချသွားလေသည် ။

" ရား!!!!!! ဝမ်ရိပေါ် ခွေးကောင်လေး လုပ်ပေးရတာနဲ့ မတန်ဘူး "

ရှောင်းကျန့်ကို ကြည့်တော့ အိပ်ပျော်နေတာမို့ ကျန်းချန် တိတ်တိတ်လေးသာ ကျိန်ဆဲလိုက်သည် ။

............

5:40 PM

နှင်းတဖွဲဖွဲကျနေတာမို့ မြင်လေးသမျှဟာ အလှပဆုံးတွေဖြစ်နေလေသည်။ မီးလုံး၊ မီးသီးလေးတွေကို ဘေးပတ်လည် တစ်ဝိုက်လုံးမှာ ချိတ်ဆွဲထားပြီး ထင်းရှူ း သားနဲ့ လုပ်ထားတဲ့ အိမ်လေးတစ်လုံးလဲ ရှိတဲ့နေရာကို သူတို့နှစ်ယောက်ထွက်လာခဲ့ကြတယ်။ တကယ့်ကို Ed sheeran ရဲ့ perfect သီချင်းထဲက နေရာနဲ့တောင် ဆင်နေသေးသည်ဟု ရှောင်းကျန့် တွေးလိုက်မိတယ်။ နေအုံး ကျန်းချန်က ဒီလို ဘာလုပ်မို့ တကူးတကကြီးခေါ်လာတာလဲ။

" ကျန်းချန်... မင်း ဘာလုပ်မို့လဲ ဒီကို ခေါ်လာတာ "

ကျန်းချန်က လူယုတ်မာအကြည့်နဲ့ ကြည့်ပြီး သူ့ဘေးနားတစ်လှမ်းချင်းဆီ တိုးလာသည်။ ပြီးတော့ မျက်စိတစ်ဖက်မှတ်ပြလာပြီး

" မင်းကို အတင်းယူမလို့ "

"ဘာ!!! "

အော်သံနောက် ရှောင်းကျန့်လက်သီးက ကျန်းချန် ဝမ်းဗိုက် တည့်တည့်ကို ထိုးလိုက်တယ် ။
ဒီကောင်တော့ မဟုတ်တော့ဘူး။

ကျန်းချန်ကို ရိုက်နှက်နေတုန်း ရုတ်တရက် မီးပိတ်ကျ သွားတယ်။ အလင်းရောင် သဲ့သဲ့သာရတော့တာမို့ ဘာကိုမှကွဲကွဲပြားပြားမမြင်ရ။

" ကျန်းချန် ကျန်းချန်း မင်း ဘယ်မှာလဲ "

ရှောင်းကျန့် အော်ခေါ်နေပေမယ့် ကျန်းချန်ဆီက ပြန်ထူးသံအစား သီချင်းဆိုသံသာ ပြန့်လွင့်လာပြီး မီးရောင်စုံက ဖျက်ကနဲ ပြန်လင်းလာတယ် ။

" ဝမ်ရိပေါ်! "

🎼
မင်းကို ငါပေးနိုင်တဲ့ အရာ မရှိဘူး
အခုထိ ငါလုပ်ပေးနိုင်တဲ့အရာ မရှိဘူး
ခမ်းနားတဲ့ကတိတွေ စကားလုံး အမိုက်စားတွေလဲ
မစဉ်းစားတက်ဘဲ .....
မဝေးတော့မယ့် အနာဂတ်မှာ
ဒီတိုင်းကောင်းပေးမယ်
မင်းကို ကာကွယ်ပေးမယ်
ကျခဲ့တဲ့ မျက်ရည်တွေလောက်
ရယ်နိုင်အောင် လုပ်ပေးမယ် ....

ကြယ်အဖြစ်နေပြီး မင်းကို လမ်းပြပေးမယ်
စောင့်နေပေးခဲ့သလောက် ဘေးမှာ ရှိပေးမယ်
ဒီမရေရာတဲ့ လက်တွေ့ဘဝထဲမှာ
စောင့်ရှောက်ပေးချင်တဲ့ တစ်စုံတစ်ယောက်
မင်းရှိနေလို့ ငါအသက်ရှင်နေတာပါ
ဒီအဆုံးမရှိတဲ့ အမှောင်ထုထဲမှာ
အလင်းရောင် ဖြစ်ပေးမယ့် တစ်စုံတစ်ယောက်
ဘာအတွေးမှ မရှိဘဲ ပြုံးရယ်နိုင်တဲ့နေ့
ရောက်လာမှာပါ
🎼

သီချင်းဆုံးသွားတဲ့အထိ ရှောင်းကျန့် သူ့အရှေ့က လူကိုသာ ကြောင်ကြည့်မိတယ်။ ဝမ်ရိပေါ် သူက ဘယ်လို လုပ်ပြီး။

ရိပေါ် လွယ်ထားတဲ့ ဂီတာကို ဘေးချလိုက်ပြီး ရှောင်းကျန့်ရှေ့မှာရပ်လိုက်တယ်။

" ကိုကို ကျွန်တော်... "

ဝမ်ရိပေါ်က သူ့အတွက် ဒီသီချင်းဆိုပေးတာလား။ ရှောင်းကျန့် ခုထိ မယုံနိုင်သေးပေ။

"ကျွန်တော် ကိုကို့ကို ချစ်တယ် ကျွန်တော့ကို ပြန်လက်ခံပေးနိုင်မလား "

ကြယ်တွေစုံပြီး လှနေတဲ့ ကောင်းကင်ကို မီးရှူးမီးပန်းတို့က ထပ်ပြီး အလှဆင်ပြန်တယ်။ ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို လေပြေအေးများ တိုက်ခတ်သွားချိန် ကျွန်တော့ရှေ့က လူကတော့ ကျွန်တော့ကို ပျောက်သွားတော့မယ့် လူအလား ကြည့်နေလေသည် ။

"ငါတို့ ဆက်ဆံရေးက တကယ် ပြန်စလို့ရတဲ့ ဆက်ဆံရေးလားဆိုတာ ငါမစဉ်းစားတက်ဘူး။ ကျကွဲ သွားတဲ့ ဖန်ခွက်တစ်လုံးက ပြန်ပြု ပြင်ပြီးရင်တောင်
အက်ကွဲရာတော့ ကျန်နေမှာလေ။ အကောင်းတိုင်းပြန်မဖြစ်တော့ဘူးလေ ငါတို့လဲ တစ်ယောက်ကိုတစ်ယောက်ဒဏ်ရာတွေပေးခဲ့ကြတာမို့ "

ရှောင်းကျန့်စကားမဆုံးခင် ရိပေါ်က ပါးနှစ်ဖက်ကိုအုပ်ကိုင်ပြီး သူ့မျက်ဝန်းတွေကိုကြည့်စေတယ်။ ရိပေါ်ရှူ ထုတ်လိုက်တဲ့လေနွေးနွေးက သူ့ပါးပြင်ကိုလာထိတွေ့တယ်။ ရှောင်းကျန့်ရင်ဘက်ထဲမှာလဲ ဘင်ခရာတီးဝိုင်းလှည့်နေသလိုပင်။

"အဲ့တာဆုံ အတော်ဆုံး ပြင်ဆရာနဲ့ ပြင်လိုက်သလို ကျွန်တော့အချစ်တွေနဲ့ ပြန်ဖာထေးပေးမယ် ဆိုရင်ရော။ အက်ကွဲရာ တစ်ကြောင်းလေးရှိနေတာကို မခံစားရလောက်အောင် ကျွန်တော် ပိုချစ်ပေးမယ်ဆိုရင်ရော ကွဲကျဖူးတာမမှတ်မိရလောက်အောင်ထိ ကျွန်တော်ပို တန်ဖိုးထားပေးမယ်ဆိုရင်ရော ဟင်... ကိုကို"

"......"

တစ်ယောက်ရှေ့က တစ်ယောက် ပျောက်သွားတော့မှာ ကြောက်နေတဲ့အလား အချိန်အတော်ကြာကြည့်နေပြီးမှ ရှောင်းကျန့်ဘက်ကစကားစလိုက်တယ်။

" မင်းဘာလို့ အဲ့တုန်းက ငါ့အပေါ် မပွင့်လင်းခဲ့တာလဲ။ မင်းစီစဉ်ထားတဲ့ ကိစ္စတစ်ခုကို ဘာလို့ မင်းမိသားစုကြောင့်လို့ ပြောရတာလဲ။ ငါက မင်းအတွက် ဘာမှ အရေးမပါခဲ့ဘူးလား "

"မဟုတ်ဘူး။ မဟုတ်ဘူး။ ကိုကို အဲ့လိုတွေ တွေးပူ မှာကြောက်လို့လေ။ အတွေးလွန်ပြီး အခုလိုတွေ ဝေးသွားမှာ ဆိုးလို့ အမှန်တိုင်း မပြောခဲ့တာလေဗျာ။ ပြီးတော့ ကျွန်တော် လုပ်နေတာတွေက ကျွန်တော်တို့နှစ်ယောက်အတွက်လေ ။ကိုကို ကျွန်တော့ကို လိုအပ်သလောက်ကို ကျွန်တော်လဲ ကိုကို့ကို လိုအပ်ခဲ့တာလေ "

ရှောင်းကျန့် သက်ပြင်းရှည် တစ်ချက်ချပြီးခေါင်းငုံလိုက်လေသည် ။

" မင်းထွက်သွားပြီးတော့ ငါလဲ တီတီဆီကို မပြန်ချင်တော့လို့ korea ကို ထွက်သွားတယ်။ မင်းကိုပဲ ကြည့်လာပြီး မင်းဘေးနားပဲ နေချင်လာတဲ့လူမို့ ဟိုမှာ သေလောက်အောင် ပင်ပန်းတယ်။ ၂ နှစ် မင်း ပြောတဲ့ ၂နှစ်ပြီးရင် ပြန်လာမယ်ဆို ငါ့အတွက်လို့ပြောပြီး ဘာလို့ ပြန်မလာခဲ့တာလဲ။ ဘယ်သူမှမရှိတဲ့ ငါ့အတွက် မင်းကိုပဲ လိုအပ်နေတဲ့ ငါ့အတွက် မင်းက ဘာလို့ မရှိပေးခဲ့တာလဲ ။ငါ ဘယ်လောက် မင်းကို လိုအပ်ခဲ့လဲဆိုတာ မင်းကို "

ရှောင်းကျန့် ပြောရင်း ရှိုက်ငိုတော့သည်။ အချိန်တွေသာ ၅နှစ်ရှိသွားတယ်။ ဒီမျက်ရည်တွေက ကုန်နိုင်ဖို့ မရှိ
။ကျွန်တော်က အချစ်ကို ထုတ်မပြတက်သူမို့ သူ့အပေါ် ဘယ်လောက် ချစ်တယ် ဆိုတာ သူ မသိခဲ့လို့လား ။

ရိပေါ် ရှောင်းကျန့်ကို သိုင်းဖက်လိုက်ပြီး ကျောပြင်ကို ပုတ်ပေးရင်း ချော့ရတော့သည်။

" တောင်းပန်ပါတယ် ။ တောင်းပန်ပါတယ်။ တကယ်တောင်းပန်ပါတယ် ပင်ပန်းစေခဲ့မိလို့ ။ကျွန်တော်
ဘယ်လိုတောင်းပန်ရမလဲ ဟင်... ကိုကို ကျေနပ်အောင်ကျွန်တော် တောင်းပန်မှာမို့ "

ရိပေါ် ရှောင်းကျန့်ကို ရင်ခွင်ထဲက ထုတ်ပြီး မျက်လုံးချင်း ဆုံလိုက်တယ်။

"လူ့ဘဝမှာ အရေးကြီးတဲ့လူကို ဆုံးရှုံးရတဲ့ခံစားချက်က ဒီလိုဆိုတာ ကျွန်တော်သိပါပြီ။ အဲ့ဒါကြောင့်ကျွန်တော်နဲ့အတူထပ်ပြီးတော့ ငိုကြွေးပြုံးရယ်နိုင်မလား။ ကျွန်တော့အပေါ်ကောင်းပေးနိုင်မလား။ လက်ခံပေးနိုင်မလား။ ထွေးပွေးပေးနိုင်မလား။ ပြန်ချစ်ပေးနိုင်မလား။ ပြီးတော့ ကျွန်တော့ကို ခွင့်ပြု ပေးမလား.... ကိုကို့အကြောင်းတွေးခွင့် လွမ်းခွင့်ရူးသွပ်ခွင့် အတူအိုမင်းခွင့် ကိုကိုရော။ ဘယ်လိုလဲဆိုတာ ကျွန်တော် တကယ်သိချင်တယ်. "

ရိပေါ် ရှောင်းကျန့်မျက်လုံးကို တည့်တည့်ကြည့်ပြီး မေးလိုက်ချိန် သူ့ရှေ့က ယုန်ဖြူ လေးက ချစ်ဖို့ကာင်းလွန်းနေခဲ့တယ်။ ထို့နောက် ဘာအသိပေးမှုမှမရှိပဲ ရှောင်းကျန့် နှုတ်ခမ်းပေါ်သို့ နှုတ်ခမ်းသားတစ်စုံ ကျရောက်လာသည်။ နွေးထွေးမှု လွမ်းဆွတ်မှု။

ဒီလို ပြန်ထိတွေ့ခွင့်ရဖို့ ဘယ်လောက် ဘယ်လောက်တောင် တမ်းတခဲ့ရတာလဲ ။

လှပတဲ့ ကောင်းကင်အောက် နွေဦးမှာ သစ်ရွက်ခြောက်ကြွေတာ မဟုတ်ပေမယ့် ရေခဲတောင် တစ်နေရာက ကောင်လေးနှစ်ယောက် အနမ်းပေးနေကြခြင်းက ကောင်လေးတစ်ယောက်ရဲ့ အဖြေကို ထိုကောင်လေးက မပြောလဲဘဲ သိနေလိမ့်မယ်ထင်ပါတယ်။

မင်းမရှိရင် ငါလဲ မရှိမှာမို့
နာကျင်စရာ အတိတ်တွေ ရှိခဲ့ရင်တောင်
မင်းကိုပဲ ဆက်ချစ်မှာပါ ။

...............................................................
Thanks All.

Continue Reading

You'll Also Like

35.2M 888K 30
COMPLETED Two teenagers, a party and the unmistakeable mate pull, but what happens when it follows with a steamy night and a rejection the next day...
720M 11.4M 114
Tessa Young is an 18 year old college student with a simple life, excellent grades, and a sweet boyfriend. She always has things planned out ahead of...
24.6K 3.9K 29
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
33.8K 1.3K 15
# အခ်စ္​စစ္​ရင္​ မ​ေဝးဘူးမလား?ငါ့ကို​ေျဖပါ💔 # အဆံုးသတ္​လို႔​ေျပာ​ေပမယ္​့ တစ္​ခါတ​ေလ တစ္​စုံတစ္​ခုအတြက္​ အစ လည္​း ျဖစ္​​ေနႏိုင္​ပါတယ္​ 'ခ'