ထို့​ကြောင့်​...........(base...

By AYaungMae

267K 17K 981

လက်​​တွေ့ဘဝထဲက boys love အချစ်​ဆိုတာကို ရှာ​ဖွေကြည့်​ကြရ​အောင်​ #Romance,Bromance,BL,Angst More

intro
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
နိဂုံး
ထို့​ကြောင့်​...sequel (episode 1)
ထို့​ကြောင့်​....(sequel) (episode 2) zawgyi
sequel-episode 3 zawgyi
sequel-episode 4 zawgyi
sequel-episode 5 zawgyi
sequel-episode 6 zawgyi
sequel-episode 7 zawgyi
sequel-episode 8 zawgyi
sequel-episode 9 zawgyi
sequel-episode 10 zawgyi
sequel-episode 11 zawgyi
sequel-episode 12 zawgyi
sequel-episode 13 zawgyi
sequel-episode 14 zawgyi
sequel- episode 15 zawgyi
sequel- episode 16 zawgyi
sequel-episode 17 zawgyi
sequel-episode 18 zawgyi
sequel-episode 19 zawgyi
sequel-episode 20 zawgyi
sequel-episode 21
ထို့ကြောင့် intro unicode
episode 1 unicode
episode 2 unicode
episode 3 unicode
episode 4 unicode
episode 5 unicode
episode 6 unicoed
episode 7 unicoed
episode 8 unicode
episode 9 unicode
episode 10 unicode
episode 11 unicode
episode 12 unicode
episode 13 unicode
episode 14 unicode
episode 15 unicode
episode 16 unicode
episode 17 unicode
episode 18 unicode
episode 20 unicode
episode 21 end up unicode
attention
sequel episode 22 Zawgyi
sequel episode 1 unicode
sequel episode 23 zawgyi
sequel episode 2 unicode
sequel episode 24 zawgyi
sequel episode 3 unicode
sequel episode 4 unicode
sequel episode 5 unicode
sequel episode 6 unicode
sequel episode 7 unicode
sequel episode 8 unicode
sequel episode 9 unicode
sequel episode 10 unicode
sequel 25 final part 1 unicode
sequel final part 1 zawgyi
ထို့ကြောင့်....sequel ficbook
sequel episode 11 uni
sequel episode 12 uni
sequel episode 13 uni
sequel episode 14 uni
sequel episode 15 uni
sequel episode 16 uni
sequel episode 17 uni
sequel episode 18 uni
sequel episode 19 uni
sequel episode 20 uni
sequel episode 21 uni
sequel episode 22 uni
sequel episode 23 uni
sequel episode 24 uni
final part 2 end up uni
final part 2 end up zawgyi
attention

episode 19 unicode

1.2K 95 0
By AYaungMae

ထို့​ကြောင်​့...episode 19
----------------------

ကျွန်​​တော်​တို့၏ ငယ်​ဘဝကို ပြန်​​တွေးကြည်​့လျှင်​ ပုံစံခွက်​ထဲ အသားကျ​နေတဲ့ အရာဝတ္တုတစ်​ခုလိုပါပဲ။ ကျွန်​​တော်​တို့မှာ ​မွေးလာကတည်​းက ပုံစံသွင်​း​ပေးမဲ့ ပတ်​ဝန်​းကျင်​ရှိကြတယ်​။ ပတ်​ဝန်​းကျင်​က ​စတုရန်း​ဆို ကျွန်​​တော်​တို့ကလဲ စတုရန်​းအသွင်​ရှိမှ ဟန်​ချက်​ညီ်​သည်​ဟု ယူဆခံရတယ်​။ အနား​လေးဘက်​ရှိသည်​တူ​သော်​လည်​း ကျွန်​​တော်​တို့မှာ ​ထောင်​့မှန်​စတုဂံဖြစ်​ခွင်​့မရှိ​ပေ။
တကယ်​​တော့ လူတိုင်​းမှာ အခက်​အခဲကိုယ်​စီရှိကြသည်​။ ကိုယ်​ချင်​းစာတရား​တော့ ကိုယ်​စီမရှိကြ။

တစ်​ခါတစ်​​လေကျွန်​​တော်​အရမ်​းနာကျင်​ရပါသည်​။ အယူအဆကွဲလွဲမှု​တွေကြား ကျွန်​​တော်​တို့ကြားက သံ​ယောဇဉ်​ကြိုးမျှင်​ကို မပြတ်​​တောက်​​အောင်​ထိန်​းသိမ်​းရင်​း ​ရွေးချယ်​မှုအမှား​လေး​တွေရှိခဲ့သည်​။ ကျွန်​​တော်​တို့အတွက်​ ​ဝေးကွာခြင်​း​တွေသာအမြစ်​တွယ်​​စေမည်​ဟု အစကကြိုသိခဲ့လျှင်​ ဒီလမ်​းကိုကျွန်​​တော်​​ရွေးဖြစ်​မည်​မဟုတ်​။ တကယ်​​တော့ အသာ၏ ရည်​မှန်​းချက်​သည်​ ကျွန်​​တော်​တို့နှစ်​​ယောက်​ ​ဝေးကွာခြင်​း၏ အလယ်​တစ်​​နေရာပင်​ဖြစ်​၏။

အသာသည်​ ​ကျောင်​းဆက်​မတက်​ပဲ အပြင်​​ဖြေ​ဖြေရန်​ဆုံးဖြတ်​ကာ အ​ဆောင်​တွင်​ ​ကျောင်​းအိပ်​​ကျောင်​းစား​နေ​လေ၏။ ပြီး​​နောက် ​ဘိုင်​အိုတွဲမှ အီကိုတွဲကို​ အသာက​ပြောင်​းလိုက်​သည်​။ ကျွန်​​တော်​က ဗိုလ်​သင်​တန်​း​လျှောက်​ရန်​ ကိုယ်​စွမ်​းရှိသ​လောက်​ ကြိုးစားရင်​း သူ့ရည်​မှန်​းချက်​ကို တစ်​​ထောင်​့တစ်​​နေရာက ပါဝင်​ဖြည်​့ဆည်​း​ပေးမိသည်​။ ကိုယ်​့အတွက်​ကိုကြိုးစားရင်​း သူ့အတွက်​ကိုလဲပြန်​ငဲ့ကြည်​့ကာ တစ်​ပတ်​တစ်​ခါ​တော့ သူ့အ​ဆောင်​သို့သွားဖြစ်​သည်​။ သူကြိုက်​တတ်​သည်​့ အ​ကြော်​အ​လှော်​များကို ​မေ​မေ့ဆီမှ ပညာယူသင်​ကာ ​ကြော်​​လှော်​ပြီးပို့​ပေးဖြစ်​သည်​။ ​နေ့မအားညမအား ကြိုးစား​နေရ​သော်​လည်​း တစ်​ပတ်​တစ်​ခါ သူ့အပြုံး​လေးမြင်​ရသည်​နှင်​့ အ​မောက​ပြေ၏။ သူ့အတွက်​ဆိုသည်​့ စိတ်​ဆန္ဒသည်​ ကျွန်​​တော်​့ကို ပင်​ပန်​း​စေရန်​အလို့ငှါ မတတ်​စွမ်​းနိုင်​ပါ။ ထို​လောက်​ထိပင်​ အသာသည်​ ကျွန်​​တော်​့အား လွှမ်​းမိုးချုပ်​ကိုင်​နိုင်​သူဖြစ်​​လေ၏။

ဗိုလ်​သင်​တန်​း တက်​သည်​့တစ်​​လျှောက်​ 'ပင်​ပန်​းတယ်​´ ဆိုသည်​့​ဝေါဟရထပ်​​ကျော်​လွန်​ကာ ပို၍ပင်​ပန်​းခဲ့ပါသည်​။ ယခင်​က ပင်​ပင်​ပန်​းပန်​းဆိုဘာမှမလုပ်​တတ်​​သောကျွန်​​တော့်အတွက် ​ယခုမူ ​ပေါက်​တူး​ပေါက်​ရသည်​က အ​သေးအမွှား ကိစ္စ​လေးတစ်​ခုဖြစ်​လာ၏။ ယခင်​က မနက်​အိပ်​​ရေးပျက်​မခံနိုင်​​သော်​လည်​း သင်​တန်​းတွင်​​တော့ မနက်​​ငါးနာရီပုံမှန်​ထဖြစ်​ပါသည်​။ ​​အ​မောမခံနိုင်​၍ လမ်​းပင်​ ကျယ်​ကျယ်​မလှမ်​း​​သော ကျွန်​​တော်​က ၃မိုင်​ ၅မိုင်​ မနားတမ်​း​ပြေးနိုင်​သည်​ဆို အသာရယ်​​လေမလား။ အရင်​ကငါးကိုမစား​သော်​လည်​း ခု​တော့ အရိုးနွှင်​​ပေးသူမရှိလဲ ကြိတ်​မှိတ်​ကာစား​နေရသည်​ကို​ရော သူသိ​လေမလား။ (ထမင်​းဟင်​းကုန်​​အောင်​မစားလျှင်​ စီနီယာ​တွေကအပြစ်​​ပေးတတ်​၏)။ အရင်​လို လိုအပ်​တိုင်​း ဆိုးနွဲ့ဂျီကျ၍ရ​သော အသာ​ဘေးတွင်​မရှိသည်​မှ အပ ကျွန်​​တော့်အတွ​က်​အဆင်​​ပြေပါသည်​။ အဆင်​​ပြေ​အောင်​လည်​း ​နေရပါသည်​။

သူနှင်​့ကျွန်​​တော်​တို့၏ မနီးစပ်​ခြင်​းသည်​ တစ်​​နေ့တစ်​ခြားပို၍​ဝေးလာသည်​ကို​တော့ သူ​ရောကျွန်​​တော်​ပါသတိပြုမိကြလိမ်​့မည်​။
အို...သတိရတိုင်​း ​ပြေး​တွေ့လို့မရတဲ့ ဒီအ​ခြေအ​နေကြီးကို ကျွန်​​တော်​သိပ်​မုန်​းတာပဲ။

တစ်​ပတ်​လုံးပင်​ပန်​းရသမျှကို တနင်္ဂ​နွေ ​အောက်​ပတ်​စ်​(outpass) ထွက်​မှ သူ့ဆီဖုန်​းဆက်​ရင်​း စိတ်​အနွမ်​း​ဖြေရသည်​။ တစ်​ခါတစ်​​လေ​တော့လည်​း အသာ့ဆီမှာ စာလွှာများရရှိတတ်​၏။ တစ်​ပတ်​တစ်​ခါဖုန်​းနှင်​့အဆက်​အသွယ်​ရှိကြ​သည်​ဆို​သော်​လည်​း အသာကမူ သူခံစားမှုရှိသည်​့အခါတိုင်​း စာ​ရေးထားသည်​ဟု​ဆိုသည်​။ ထိုစာများကိုလည်​း ကျွန်​​တော်​့ဆီသို့ပို့တတ်​၏။

အသာ၏ စာများသည်​ တစ်​​စောင်​နှင်​့တစ်​​စောင်​ စိတ်​ခံစားချက်​ခြင်​းမတူ​ပေ။ တစ်​ခါတစ်​ရံ အသာက ပုံမှန်​အတိုင်​းရှိ​သော စိတ်​အ​ခြေအ​နေတွင်​ ​ရေးတတ်​၍ တစ်​ခါတစ်​​ရံကျ သူ့စိတ်​မူမမှန်​သည်​့အ​ခြေအ​နေတွင်​​ရေး​ကြောင်​း စာလွှာများတွင်​​ပေါ်လွင်​​နေသည်​။ ကျွန်​​တော်​ ​ဒေါက်​တင်​ပြီး​နောက်​ ပထမဆုံး သူ့ဆီကပါး​သော စာသည်​ သူ့ရည်​မှန်​းချက်​ကို ထုတ်​​ပြောလာခြင်​းဖြစ်​သည်​။

''ပိုင်​​ရေ........
        သတိတရ စာ​ရေးလိုက်​ပါတယ်​​။ အဲ့ဒီမှာအရမ်​း​အေးတယ်​လို့ကြားတယ်​။ ​နွေး​နွေး​ထွေး​ထွေး​တော့​နေရပါတယ်​​နော်​။ ဒီမှာက ​နွေလဲပူ  ​ဆောင်​းလဲပူတာပဲ။ ဒီနှစ်စာသင်​​​ရတာ အရင်​နှစ်​​လောက်​​ပျော်​စရာမ​ကောင်​း​တော့ဘူး။ တစ်​နှစ်​လုံး ဘာလုပ်​လို့ဘာကိုင်​ရမှန်​းမသိနဲ့။ ခုစာ​မေးပွဲနားကပ်​လာ​မှ ရင်​ခုန်​လာရတယ်​။ ငါဒီတစ်​ခါ​သေချာ​ပေါက်​​အောင်​မှာပါ။ မင်​းနဲ့အတူတူ ဗိုလ်​သင်​တန်​းတက်​မယ်​စိတ်​ကူးထားတယ်​။ အဲ့ခါကျ မင်​းကငါ့စီနီယာ​ပေါ့။ မင်​းဆုံးမတာ​လေး​တွေခံချင်​​တယ်​ ပိုင်​။ ပင်​ပန်​းလည်​း အားမ​လျော့နဲ့​နော်​။ ငါတို့ပြန်​ဆုံဦးမှာပါ...။´´

ကံကြမ္မာသည်​ ကျွန်​​တော်​တို့ကို ဆုံ​တွေ့ရန်​ အခွင်​့​ပေးလာပြန်​သည်​ထင်၏​။ သူ့ဆုံးဖြတ်​ချက်​ကို ကျွန်​​တော်​သိလိုက်​သည်​့အချိန်​သည်​ စိန်​ပန်​းပွင်​့နီနီရဲရဲ​တွေပျံ့ကျဲ​နေ​သော လမ်​းမထက်​တစ်​​နေရာဖြစ်​၏။  စာရွက်​ကိုကိုင်ပြီး မိနစ်​အ​တော်​ကြာ ကျွန်​​တော်​ ငိုင်​​နေမိသည်​။ အို...ကျွန်​​တော်​တို့ ပြန်​ဆုံ​တွေ့ဦးမှာကို မယုံတရဲရှိလှ၏။ ဘာဖြစ်​ဖြစ်​ ဒီစာက ကျွန်​​တော်​ တစ်​နှစ်​လုံး အားရှိပါးရှိကြိုးစားရန်​  အား​ဆေးတစ်​ခွက်​ပင်​။ စာအဆုံးတွင်​ အ​တွေး​လေးက ဝဲလွင်​့ကာ သူနှင်​့အတူရှိမည်​့ ​နေ့ရက်​များကို စိတ်​ကူးယဉ်​​နေမိသည်​။ ကျွန်​​တော်​့ဂျူနီယာဖြစ်​လာမည်​့ သူ၏​ဒေါက်​မကျိုးသည်​့အမူအကျင်​့​တွေကို ပြင်​​ပေးရဦးမည်​။

'' အသာ....
       မင်​းရည်​မှန်​းချက်​အတွက်​ ဆုံးဖြတ်​တာလား၊ ငါနဲ့နည်​းဖို့အတွက်​ ဆုံးဖြတ်​တာလား ​သေချာမသိ​ပေမဲ့ မင်​းဆုံးဖြတ်​ချက်​ကို ငါ​ကျေနပ်​ပါတယ်​။ မင်​းစာဖတ်​ပြီးပြီးခြင်​းပဲ ငါ့စိတ်​ကူး​တွေက အတူတူရှိ​နေမိသွားပြီ အသာ။ မင်​းဒီကို​ရောက်​မှ နာနာ​လေးဆုံးမဦးမယ်​။ ငါကမင်​းစီနီယာဆို​တော့ တာဝန်​အပြည်​့ရှိတယ်​​လေ။ မင်​းနဲ့ငါ ​အောက်​ပတ်​စ်​အတူထွက်​ကြမယ်​​နော်​။ ဒီမှာက ရှမ်​းအစားအစာ​တွေသိပ်​​ပေါတယ်​။ အမြဲ​အေး​ပေမဲ့လည်​း အမြဲ​ချွေးထွက်​​နေရတယ်​။ အလှဆုံးမြို့ဆို​ပေမဲ့ မင်​းမရှိ​တော့ ငါ့အတွက်​ နည်​းနည်​းအကျည်​းတန်​ဆန်​တာ​ပေါ့ကွာ။ ​အော်​ဒါနဲ့ အရပ်​​လေးရှည်​​အောင်​​တော့လုပ်​ပါဦး။ စာ​မေးပွဲ​ဖြေနိုင်​ပါ​စေကွာ´´

သူ့ခံစားချက်​​တွေ ပြင်​းထန်​လှသည်​့အချိန်​များတွင်​​တော့ အသာက ​ပေါက်​ကွဲတတ်​​လေသည်​။ သူ့​ပေါက်​ကွဲသည်​့အခါများတွင်​ စာလွှာများက ကဗျာဆန်​လျှင်​ဆန်​တတ်​သည်​။ ဒါမှမဟုတ်​ ​ဒေါသမာန်​​ဆောင်​လျှင်​ ​ဆောင်​သည်​။ ကဗျာဆန်​သည်​့အခါ သူ့အ​ရေးအသားကနူးညံ့ပြီး မာန်​​ထောင်​သည်​့အခါများတွင်​ခက်​ထန်​​လေ့ရှိသည်​။ တစ်​ခါ​တစ်​​လေ​တော့ ​ဒေါသမာန်​​ထောင်​ရင်​း ကဗျာဆန်​တတ်​ပြန်​​လေ၏။

''ပိုင်​​ရေ...
       အချစ်​ဆိုတာ လုပ်​ယူလို့မရမှန်​း အချစ်​ကိုငါတို့ထပ်​အရင်​​တွေ့ရှိခဲ့ကြတဲ့ လူကြီး​တွေကမသိကြတာအံ့သြပါရဲ့​နော်​။ ​နွေ​ဟာ မင်​းမရှိလို့ပိုပူ​လောင်​တယ်​။ ​နွေဆိုတာ​နေမှမဟုတ်​တာ အမှန်​က​နွေးရမှာ​လေ၊ ဒါ​ပေမဲ့ ပူ​လောင်​တယ်​ဟာ။ တစ်​​နေ့က​တောင်​​ပေါ်တန်​း​ရောက်​တယ်​။ မင်​းသွားခဲ့တဲ့ ရဲတိုက်​အိုကြီး​တွေကို ဖျက်​လိုက်​ပြီ။ အဲ့ဒီအခါမှဓမ္မတာကိုနားလည်​​တော့တယ်​။ ​ဟောင်​းတိုင်​း ပျက်​ရတာပဲလား၊ မပျက်​ရင်​​တောင်​ ဖျက်​ပြစ်​ခံရတယ်​...ပိုင်​။ ငါ​တော့ မင်​းရဲ့အ​ဟောင်​းလူမဖြစ်​ချင်​ဘူး​နော်​။ မင်​းရင်​ထဲက ငါ့ကိုယ်​ငါအပျက်​စီးမခံနိုင်​ဘူး။ ငါကမင်​းအတွက်​ အသစ်​အသစ်​​တွေနဲ့ အမြဲတမ်​းတည်​ရှိ​နေမဲ့သူပဲ။ အဲ့ဒါကိုမင်​းအမြဲမှတ်​ထား​နော်​။
ဆုံချင်​လှပြီ...ပိုင်​​ရေ။ စာ​မေးပွဲပြီး​တော့ ပိုလွမ်​းလာတယ်​။ မင်​းကိုလွမ်​းတိုင်​းသာ ပန်​းတစ်​ပွင်​့ပွင်​့မယ်​ဆို။ ဒီကမ်ဘာမှာပျားပိတုန်​း​တွေမင်​းမူသွားလိမ်​့မယ်​ကွယ်​။ ကဗျာဆရာ​တွေက​ပြောတယ်​ ပိုင်​။ အလွမ်​းဆိုတာခါးတယ်​တဲ့။ ငါ့အတွက်​​တော့ အလွမ်​းကတစ်​​နေ့တစ်​ခြားပိုပိုချိုမြိန်​လာတယ်​။ ဒါ​ပေမဲ့ ပိုင်​ရယ်​ အလွမ်​းနဲ့​နေသားကျသွားမှာကို​တော့ ​ကြောက်​မိတယ်​၊ အစစအရာရာဂရုစိုက်​ပါ၊ ဘယ်​သူ့အတွက်​မှ မင်​းရှိမ​နေ​တောင်​ ငါ့အတွက်​မင်​းရှိ​နေဖို့လိုတယ်​´´

အသာစာ​မေးပွဲ​အောင်​သည်​့ သတင်​းကြား​သောအခါကများဆို ကျွန်​​တော်​ထခုန်​မိယုံမတတ်​ ဝမ်​းသာပီတိဖြစ်​ရပါ၏။ သို့​သော်​ ကျွန်​​တော်​့၏အသိကိုသတိနှင်​့ယှဉ်​လိုက်​နိုင်​သည်​။ ကျွန်​​တော်​​ရောက်​​နေ​သော ​နေရာသည်​ သတိလက်​လွတ်​ ဝမ်​းသာရမည်​့အ​ခြေအ​နေမ​ပေး​သော ကားလမ်​းမ​ဘေးရှိ ဖုန်​းဆိုင်​​လေးတစ်​​နေရာတွင်​ဖြစ်၏​။ ဘယ်​​လောက်​ထိများထို​နေ့က ကျွန်​​တော်​ဝမ်​းသာခဲ့ရသလဲဆို ​အောက်​ပက်​စ်ထွက်​လာ​သော ကျွန်​​တော်​တို့အ​ဆောင်​က သူငယ်​ချင်​းတိုင်​းကို ​'​ဒေါ်လာ´စား​သောက်​ဆိုင်​(ခု​တော့မရှိ​တော့ပြီ) တွင်​ စားချင်​တာဝယ်​​ကျွေးဖြစ်​​လေသည်​။

''အသာ....
      ပီတိပြုံးတစ်​​ဝေ​ဝေနဲ့ဒီစာကိုငါ​ရေးလိုက်​ပါတယ်​။ စာ​မေးပွဲ​အောင်​တဲ့အတွက်​ ဂုဏ်​ယူမိပါတယ်​​နော်​။ ငါတို့ပြန်​ဆုံဖို့အတွက်​ ၂၀ရာခိုင်​နှုန်​းက​သေချာ​နေပြီ​လေ။ ငါအရမ်​း​ပျော်​တာပဲ။ ​နောက်​နှစ်​ဆို ငါတို့အတူ​ပြန်​​နေရ​တော့မယ်​။ ​ပျော့လွန်​းလို့ ဘာဆက်​​ရေးရမှန်​း​တောင်​ မသိ​တော့ဘူးအသာ​ရေ။ ခုလဲ စာ​ရေး​နေရင်​း ဝမ်​းသာမျက်​ရည်​ကျမိပြန်​ပါပြီ။ ​နောက်​အပတ်​​​တွေငါဖုန်​းဆက်​ဖြစ်​​တော့မှာမဟုတ်​ဘူး ပနှစ်​ဝက်​စာ​မေးပွဲကြီးရှိလို့ ​အောက်​ပတ်​စ်​မရဘူးအသာ။ စာ​တော့​ရေး​နော်​။
                                                      ​မျှော်​​နေမဲ့ ပိုင်​´´

ဗိုလ်​သင်​တန်​းတက်​သည်​့တစ်​​လျှောက်​ မှတ်​မှတ်​ရရပင်​ ကျွန်​​တော်​စား​သောက်​ချိန်​မမှန်​ခဲ့။ ထမင်​းနှင်​့ဟင်​း ကုန်​​အောင်​မစားလျှင်​ စီနီယာများက အပြစ်​​ပေးသည်​ဆို​သော်​လည်​း စီနီယာများထမင်​းလာမစားခင်​ ကြို​၍ကျွန်​​တော်​က ထမင်​းကို​လျော့ထည်​့ကာ ဟင်​းများကို တစ်​ခြားအပတ်​စဉ်​တူတစ်​​ယောက်​စီထည်​့လျှင်​ထည်​့ မထည်​့လျှင်​ လွှင်​့ပစ်​တတ်​သည်​။ ပထမနှစ်​ဝက်​ဆုံးသည်​အထိ သင်​တန်​းက​ကျွေး​သော ထမင်​းကိုကျွန်​​တော်​မစားနိုင်​​သေး။ အိမ်​ကပို့​ပေး​သော မုန်​့မျိုးစုံနှင်​့ ​ခေါက်​ဆွဲ​ခြောက်​များကို အဟာရအဖြစ်​စား​သောက်​လာခဲ့သည်​။

စာ​မေးပွဲကာလတွင်​​တော့ စာကျက်​ရန်​အ​ကြောင်​းပြကာ ဂါဒီယန်​များ စားရိပ်​သာ​ခေါ်လျှင်​ပင်​ မလိုက်​​တော့ပဲ အ​အေးနှင်​့​ခေါက်​ဆွဲ​ခြောက်​ကိုသာ ကြုံသလိုစား​သောက်​ဖြစ်​​နေသည်​။ ထိုကဲ့သို့စား​သောက်​မှုပုံစံက ​ပနှစ်​ဝက်​စာ​မေးပွဲ​ဖြေပြီး​နောက်​ ဆုံး​နေ့တွင်​ ကျွန်​​တော်​့အားဒုက္ခ​ပေး​လေသည်​။

အဲ့ဒီ​နေ့က လစာထုတ်​ရက်​ဖြစ်​၍ တပ်​ခွဲမှူးရုံးခန်​းတွင်​ လစာထုတ်​ပြီးသည်​နှင်​့ စားရိပ်​သာသို့မသွားပဲ ဗျူဟာဆိုင်​(စား​သောက်​ဆိုင်​) တွင်​ စပရိုက်​အချိုရည်​ဘူး၊ အသုပ်​စုံတစ်​ပွဲနှင်​့ ယမ်​ယမ်​​ခေါက်​ဆွဲ​ခြောင်​သုံးထုပ်​ဝယ်​ကာ အ​ဆောင်​ပြန်​စား​လေသည်​။

စပရိုက်​ချက်​(surprise check) တန်​းစီပြီး အ​ဆောင်​ပြန်​​ရောက်​သည်​နှင်​့ ကုတင်​​ပေါ်ထိုင်​ထိုင်​ခြင်​းပင်​ ဗိုက်​ထဲမှာ အူခနဲ တစ်​ခုခုပွင်​့ထွက်​သွားသည်​ကိုခံစားလိုက်​ရပြီး မခံမရပ်​နိုင်​​အောင်​နာကျင်​လာ​တော့သည်​။ ဘယ်​လိုမှမခံရပ်​နိုင်​သည်​့အခါ ကုတင်​​ပေါ်တွင်​ လူးလှဲ၍ လှိမ်​့မိ​နေသည်​။ ​ဘေးနားသို့သူငယ်​ချင်​းများက ပြာပြာသလဲ ဝိုင်​းဝန်​း​မေးမြန်​းကြ​သော်​လည်​း ကျွန်​​တော်​အားယူ၍မ​ဖြေနိုင်​။ အစာအိမ်​ဟိုးအထဲမှ​နေ၍ ခက်​ရင်​းခွနှင်​့ထိုးနှက်​လိုက်​သလို မခံမရပ်​နိုင်​စူးကနဲနာကျင်​​နေ​ပေသည်​။ ကုတင်​​ပေါ်တွင်​ လူးလိမ်​့​နေရင်​းမှ အရှိန်​မထိန်​းနိုင်​ပဲ ကုတင်​​အောက်​ပင်​ပြုတ်​ကျသွား​လေပြီ။ သူငယ်​ချင်​းများက တွဲထူ​ပေး​သော်​လည်​း ​အော်​ဟစ်​မြည်​တမ်​းရင်​း ရုန်​းကန်​​နေမိသည်​။

အင်​တိတ်​(intake) ကိုင်​ အပွိုင်​့မန်​့(appointment) မှတစ်​ဆင်​့ အရာရှိတပ်​ခွဲမှူးထံသတင်​းပို့ကာ ကျွန်​​တော်​့ကို ​ကျောင်​း​ဆေးခန်​းသို့ပို့သည်​။ ​ကျောင်​း​ဆေးခန်​းမှမရ​သောအခါ ​ဆေးရုံသို့ပို့ရ၏။

အစာအိမ်​အချဉ်ရည်​များသည်​ ပြန်​အန်​ထွက်​ကာ ကျွန်​​တော်​အဝတ်​အစား​တွေအကုန်​လုံးစိုရွှဲ​နေ​ပေပြီ။ ကိုယ်​သည်​​ကွေး​နေလျှင်​ ​ကွေးသည်​့အတိုင်​း​နေမှရသည်​ ဆန်​့၍မရ။ ဆန်​့ထားလျှင်​လည်​း ဆန်​့​နေမှရသည်​​ ​ကွေး၍မရ။ နည်​းနည်​း​လေးလှုပ်​လိုက်​သည်​နှင်​့ ဗိုက်​ထဲ အလွန်​အမင်​းပင်​ နာကျင်​လာသည်​ကိုခံစားရသည်​။

နာကျင်​မှုဒဏ်​ကို အလူးအလဲခံစားရင်​း ​ဆေးရုံ​ရောက်​သည်​့အခါ ကျွန်​​တော်​​​မြော့​နေရှာပြီ။ သို့​သော်​လည်​း အားတင်​းထား၏။ အ​တွေးထဲ အသာနှင်​့ ပြန်​ဆုံရမည်​ကို ထပ်​တလဲလဲစဉ်​းစားရင်​း သတိမလွတ်​သွားရန်​ စိတ်​ကိုတင်​းထားသည်​။

သူနာပြုများ၊ ဆရာဝန်​များက တစ်​​ယောက်​တစ်​လှည်​့ကျွန်​​တော်​့ဆီလာကာ အ​ခြေအ​နေကိုစစ်​​ဆေး၏။ နှာ​ခေါင်​းအတွင်​း ပိုက်​ထိုးထည်​့ကာ အစာအိမ်ထဲမှ အချဉ်​ရည်​များကို စုပ်​ထုတ်​သည်​။ ပြီး​နောက်​ ဓာတ်​မှန်​ရိုက်​ရသည်​။ ထိုမှတစ်​ဆင်​့ ခွဲမည်​့​နေရာကို အမှတ်​အသားလုပ်​သည်​။ အဲ့ဒီအထိ ကျွန်​​တော်​သတိ​ကောင်​းစွာရှိ​သေးသည်​။ အားလုံးကိုမှတ်​မိ​နေသည်​။ မနက်​သုံးနာရီခွဲမည်​့အချိန်​ကိုသတ်​မှတ်​ပြီး​နောက်​ ကျွန်​​တော်​့ကိုဆည်​းပိုက်​သွင်​း​လေ၏။ ထိုအခါကျ ကျွန်​​တော်​ မျက်​ဖြူလန်​ကာ ဘာဆိုဘာမှ မသိ​တော့​လောက်​​အောင်​ အသိနှင်​့သတိက ​ရှေ့​ရောက်​ ​နောက်​​ရောက်​ဖြစ်​​နေ​လေ၏။ အ​တွေးထဲ စွဲမြဲ​အောင်​ အားစိုက်​ကြည်​့​နေ​သော အသာ၏ပုံရိပ်​သည်​ပင်​ မပီပင်​ဝိုးတဝါးဖြစ်​၍လာ​ပေသည်​။ ငါကြိုးစားထားသမျှ ​ရေစုန်​​မျှောရ​တော့မယ်​ ထင်​တယ်​အသာ....။

မနက်​သုံးနာရီတိတိတွင်​ ကျွန်​​တော်​့အား ​အော်​ပ​ရေးရှင်​းဝင်​​လေ၏။ ​မေ့​ဆေး​ပေးလိုက်​သည်​အချိန်​မှ​စ၍ ကျွန်​​တော်​ဘာမှမသိ​တော့ပဲ ​လောကကြီးနှင်​့​ခေတ္တအဆက်​သွယ်​ပြတ်​သွား​သည်​။

ကျွန်​​တော်​ပြန်​သတိရ​သောအခါ မနက်​ပင်​ မိုးအ​တော်​လင်​း​နေပြီ။
​မေ့​ဆေးအရှိမ​ပြေ​သေးပဲရှိကာ ​​ခေါင်​းထဲတွင်​ ရီ​ဝေ​ဝေမူး​မော​နေသည်​။ ခွဲစိတ်​ခံထားရမှုမဖြစ်​ပါ​စေနှင်​့ဟုဆု​တောင်​းရင်​း ​စောင်​ကိုဖယ်​ကာ ဗိုက်​ကိုလှန်​ကြည်​့လိုက်​သည်​။ ဝမ်​းဗိုက်​အလယ်​တည်​့တည်​့တွင်​ ဆီးစပ်​မှ​နေ၍ အရှိုက်​ထိကပ်​ထား​သော ပက်​တီးစကိုမြင်​​တွေ့ရသည်​နှင်​့ ရင်​တစ်​ခုလုံးစို့တက်​လာသည်​။ ချုပ်​ထားသည်​မှာ အနည်​းဆုံး ဆယ်​ချက်​​လောက်​​တော့ရှိ​ပေမည်​။ ညာဘက်​ခြမ်​းတွင်​လည်​း အစာအိမ်​ထဲရှိအချဉ်​ရည်​များကို စုပ်​ထုတ်​​သော ပိုက်​တစ်​​ချောင်​းကို ​ဗိုက်​ထဲထိုးသွင်​းထားသည်​့အတွက်​ ​ဘေးသို့လှည်​့ယူမရပဲရှိ​နေသည်​။ လက်​မတွင်​ ညှပ်​တစ်​ခုကလည်​း ညှပ်​ထားပြီး ​သွေးခုန်​နှုန်​းတိုင်​းတာ၏။ နှာ​ခေါင်​းပိုက်​နှင်​့ ဆီးပိုက်​က​တော့ လူကို ​တော်​​တော်​အ​နေရခက်​​စေပါသည်​။ စခွဲခွဲခြင်​းတွင်​ အစားအစာမစားရ ​ရေမ​သောက်ပဲ တစ်​ပတ်​​နေရသည်​။ တပ်​ခွဲမှူးက အိမ်​သို့အ​ကြောင်​းကြား​ပေးသည်​့အတွက်​ ​နောက်​တစ်​​နေ့မနက်​တွင်​ ​မေ​မေအားခြင်​း​ရောက်​လာသည်​။ ​မေ​မေနှင်​့အတူ အသာဆီမှ စာလည်​းပါလာသည်​။

''ပိုင်​​ရေ....
        ညကအိပ်​မက်​ဆိုးမက်​တယ်​ကွာ။ မင်းတစ်​ခုခုဖြစ်​​နေပြီဆိုတာ ငါအတတ်​သိလိုက်​တယ်​။ ငါအိပ်​ရာကလန်​့နိုးနိုးခြင်​း ဒီစာကို​ရေးလိုက်​ပါတယ်​။ မနက်​ဖြန်​မနက်​ မင်​းအိမ်​ကို အရဲစွန်​့သွားပြီး မင်​း​မေ​မေကို မင်​းအ​ကြောင်​း​မေးရဦးမယ်​။ ဒီစာရတာနဲ့ ငါ့ဆီစာပြန်​​ပေးပါ​နော်​။ ငါ ​ဗိုလ်​သင်​တန်​း ​ရေး​ဖြေ​ဖြေပြီးပြီ။´´

စာဖတ်​ပြီးသည်​နှင်​့ ​ဝေ့တက်​လာ​သော မျက်​ရည်​များကို ကျွန်​​တော်​မထိန်​းနိုင်​​တော့။ ကျွန်​​တော်​့​ကြောင်​့ အသာကို​သောကအပူ​တွေမ​ပေးလို​ပေ။

"သား ခုလိုဖြစ်​တာ အသာသိသွား​သေးလား​မေ​မေ"

​မေ​မေသည်​ ရွှန်​းလဲ့လဲ့ ဝဲ​​နေ​သော မျက်​ဝန်​းများဖြင်​့ စူးရှရှကြည်​့ရင်​း ​ခေါင်​းကို တစ်​ချက်​ခြင်​းညိတ်​​လေသည်​။

" ​မေ​မေ ဒီကိုတက်​လာဖို့လုပ်​တုန်​း သူ​ရောက်​လာတာ သားအ​ကြောင်​း​မေးလို့ ​မေ​မေ​ပြောလိုက်​တယ်​၊ သူက အဲ့စာထုတ်​​ပေးတယ်​"

" အသာရယ်​....."

"မငိုနဲ့​လေသား၊ ပင်​ပန်​း​နေမှာ​ပေါ့ ကိုယ်​့ကျန်​းမာ​ရေးဂရုစိုက်​ရမယ်​​လေ"

​မေ​မေက ကျွန်​​တော်​့အား နှစ်​သိမ်​့​ပေး​နေ​သော်​လည်​း အသာနှင်​့ကျွန်​​တော်​ ခုချိန်​ထိပတ်​သက်​​နေသည်​ကို သ​ဘော​တွေ့လိမ်​့မည်​မဟုတ်​မှန်​း စိမ်​းကားလှသည်​့ ​မေ​မေ့မျက်​ဝန်​းတွင်​ ​ပေါ်လွင်​​နေသည်​။ သို့​သော်​လည်​း ကျွန်​​တော်​့ကျန်​းမာ​ရေးအ​ခြေအ​နေ​ကြောင်​့ သူ(မ)ထုတ်​​ဖော်​​ပြောကြားခြင်​မရှိခဲ့။

''အသာ....
       ငါအစာအိမ်​​ပေါက်​ပြီး ​ဗိုက်​ခွဲရတယ်​။ ဒါ​ပေမဲ့မစိုးရိမ်​ပါနဲ့​နော်​။ ခုအားလုံးအဆင်​​ပြေ​နေပါပြီ။ ငါမင်​းအတွက်​ စိတ်​ကိုတင်​းထားတုန်​းပဲသိလား။ ဘာဖြစ်​ဖြစ်​ မင်​းအလာကို​စောင်​့​နေမယ်​။´´

တစ်​ပတ်​အကြာတွင်​ ကျွန်​​တော်​့အားချုပ်​ရိုး​ဖြေ၏။ ချုပ်​ရိုး​ဖြေပြီးသည်​နှင်​့ ကျွန်​​တော်​တို့ နှစ်​​ယောက်​အတွက်​ အမင်္ဂလာ သတင်​းကကြားရလာပြန်​​သည်​။ ကျန်​းမာ​ရေးအ​ခြေအ​နေ​ကြောင်​့ ကျွန်​​တော်​့ကို ​ဆေးအဆင်​့နှိမ်​့ကာ ထွက်​ခွင်​့​ပေးမည်​တဲ့။ အို...ကျွန်​​တော်​​မျှော်​မှန်​းထားတာ ဒီလိုအ​ခြေအ​နေမှမဟုတ်​ပဲ။ ​ကျွန်​​တော်​ အသာ့ကို ဒီ​မှာ ​စောင်​့ရဦးမည်​​လေ။

''အသာ​ရေ...
       စိတ်​မ​ကောင်​းခြင်​းများစွာနှင်​့ စာ​ရေးလိုက်​ပါတယ်​။ ငါမင်​းရည်​မှန်​းချက်​ကို မဖြည်​့​ပေးနိုင်​း​တော့ဘူးကွာ။ ငါ့ကို​ဆေးအဆင်​့နှိမ်​့ပြီး ​ထွက်​ခွင်​့​ပေးမယ်​တဲ့။ ငါဘာဆက်​လုပ်​ရမှာလဲ​ပြောခဲ့ပါဦး။ မင်​းရည်​မှန်​းချက်​ကို မင်​းကိုယ်​တိုင်တစ်​​ယောက်​တည်​း​လျှောက်​လှမ်​းရ​တော့မယ်​။ ငါ​ဘေးကမလိုက်​​ပေးနိုင်​တာ​တော့ ​တောင်​းပန်​ပါတယ်​ကွာ´´

ထိုစာပို့ပြီး ငါးရက်​​မြောက်​​နေ့တွင်​ အသာ့ဆီမှ စာပြန်​လာသည်​။ ထိုစာကို ဖတ်​လိုက်​ရသည်​နှင်​့ ကျွန်​​တော်​့မျက်​နှာကို ဖြတ်​ရိုက်​ခံလိုက်​ရသလိူ ပူ​လောင်​သွား​တော့သည်​။

''ပိုင်​​ရေ......

သတိတရစာ​ရေးလိုက်​ပါတယ်​။ မင်​းပင်​ပန်​း​နေလား? လို့မ​မေးရက်နိုင်​​အောင်​ပဲ မင်​းပင်​ပန်​းခြင်​း​တွေကို ငါခံစား​နေရတယ်​။ ဖြစ်​လာတဲ့အ​ကြောင်​း အ​ကောင်​းဘက်​ကပဲ​တွေးပါ​နော်​။ ငါတို့ရဲ့​ရေစက်​က ဒီ​လောက်​ပဲထင်​ပါ့ကွာ...။ မင်​းဂျူနီယာအဖြစ်​​နေချင်​တဲ့ငါ့အိပ်​မက်​​တွေလဲ ပျက်​သုဉ်​းခဲ့ပါပြီ။
မင်​းရဲ့ဆုံးမမှု​တွေကိုနာခံချင်​​နေတဲ့ ငါ့အ​တွေး​တွေလဲ ​မြေမြှုပ်​ပြစ်​လိုက်​ရပြီ။ ငါတို့ဘက်​မှာ ပတ်​ဝန်​းကျင်​အပြင်​ ကံတရားကလဲ ရှိမ​နေဘူးကွာ။ ငါဗိုလ်​သင်​တန်​း ​ရေး​ဖြေကျတယ်​။ ငါဘာဆက်​လုပ်​ရမှာလဲဟင်​။ ငါမင်​းနဲ့အတူ​ရှိ​နေချင်​​သေးတယ်​။ မထင်​ထားတာ​တွေဟာဖြစ်​လာတတ်​တယ်​​နော်​။ ငါအရမ်​းစိတ်​​တွေ​လေ​နေတယ်​။´´

ကျွန်​​တော်​တို့ဘာဆက်​လုပ်​ရမလဲဟင်​။ မျက်​နှာသာမ​ပေး​သော ကံတရားကို ရင်​ဆိုင်​ရန်​ ကျွန်​​တော်​့မာန​လေးက အ​မောက်​​ထောင်​လာပြန်​သည်​။ အသာ့ရည်​မှန်​းချက်​ကို သူကိုယ်​တိုင်​ ပန်​းတိုင်​​ရောက်​သည်​အထိမ​လျှောက်​လှမ်​းနိုင်​သည်​့အတွက်​ ကျွန်​​တော်​ပင်​ဆက်​​လျှောက်​လှမ်​းမည်​ဟူသည်​့မာန​လေးက အကိုင်​းအခက်​​တွေ​ဝေ​ဝေဆာဆာဖြင်​့ ဆက်​၍ ရှင်​သန်​လာ​လေသည်​။ တစ်​ချိန်​က ​တွေးထင်​ခဲ့ဖူး​သော ​ဝေးကွာခြင်​းကိုလည်​း ကျွန်​​တော်​ဂရုမထား​တော့။ မျက်​နှာသာမ​ပေးသည်​့ ကံတရားကို ဒူးနှင်​့တိုက်​ပြစ်​မည်​ဟု ကျုံးဝါး​လေ၏။

​နောက်​တစ်​​နေ့တွင်​ ​ဆေးရုံအုပ်​ကြီးနှင်​့ ​တွေ့ရသည်​့အခါ ထင်​သည်​့အတိုင်​း ​ဆေးအဆင်​့နှိမ်​့ရန်​​ပြောလာသည်​။ သို့​သော်​ကျွန်​​တော်​သည်​ အံကိုတင်​းတင်​းကြိတ်​ရင်​း ဘူးခံငြင်​းသည်​။ ကျွန်​​တော်​ စစ်​ဗိုလ်​မဖြစ်​မချင်​း စိတ်​ကို​မ​လျော့နိုင်​။ ကျွန်​​တော်​နှင်​့အသာနီးစပ်​ခွင်​့မရရှိလျှင်​​တောင်​ အနည်​းဆုံး​တော့ သူ့ရည်​မှန်​းချက်​​တွေကို ဖြည်​့ဆည်​းသွားချင်​မိသည်​။ ​ဆေးရုံအုပ်​က အတင်​းအကြပ်​ ​ပြော​သော်​လည်​း ကျွန်​​တော်​သည်​ ​ခေါင်​းကို သွင်​သွင်​ခါဆဲပင်​။

သူက ကျွန်​တော်​့အ​ခြေအ​နေကို ​​လေ့လာသည်​့အ​နေဖြင်​့ ကျွန်​​တော်​့၏ လုပ်ကိုင်​နိုင်​စွမ်​းကို စမ်​းသပ်​သည်​။ ပထမဆုံး ထိုင်​ထလုပ်​ခိုင်​း၏။ ကျွန်​​တော်​မမှု။ တည်​့တည်​့မတ်​မတ်​လမ်​း​လျှောက်​ခိုင်​းပြန်​သည်​။ နာကျင်​မှုကို အနည်​းငယ်​အံတုကာ ခါးကိုမတ်​မတ်​ထား၍ ​လျှောက်​ပြလိုက်​သည်​။ ​နောက်​ဆုံးတွင်​ လက်​​ထောက်​​မှောက်​ချခိုင်​းသည်​။ ဒီတစ်​ခါ​တော်​ သိသိသာသာ နာလာ၏။ ချုပ်​ရိုးက သိပ်​မကျက်​​သေးသည်​့အတွက်​
စူးစူးနစ်​နစ်​ပင်​ နာ​လေသည်​။ သို့​သော်​လည်​း ကျွန်​​တော်​့အ​တွေးထဲ နာကျင်​မှုကို​ပေးမဝင်​ပဲ အသာ၏အပြုံးကိုသာ​တွေး​နေမိသည်​။ ကျွန်​​တော်​ဘာပဲဖြစ်​ဖြစ်​ အသာ၏ရည်​မှန်​းချက်​ကို ဖြည်​့​ပေးသွားချင်​ပါသည်​။  ကျွန်​​တော်​့ဆန္ဒများ ပြည်​့ဝသွားသည်​ဟု​ပြောရမည်​။ ​ဆေးရုံအုပ်​ကြီးက  ​ဆေးအဆင်​့နိမ်​့မည်​့ အစီအစဉ်​ကို လက်​​လျော့လိုက်​​တော့၏။

ဆက်​ရန်​
အ​ရောင်​မဲ့

Continue Reading

You'll Also Like

301K 7.4K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
384K 17.2K 127
Cover- edited from Google Start Date - 22.2.22 End Date- 31.12.22 အချစ်ပါ... ဖို, မပဲဆိုငင်ပြီး ဖို, ဖိုချင်း မ,မချင်း တွန်းကန်ရအောင် သံလိုက်မဟုတ်ဘူ...
78.8K 3.3K 35
ဘယ်လောက်ပဲ ချစ်ချစ် ယုံကြည်မှု မရှိတော့ရင် အချစ်တွေက မှေးမှိုန်သွားတယ်။ မယုံကြည်ရင် အစထဲက မချစ်နဲ့၊ သံယောဇဉ်တွေ မထားနဲ့၊ ထပ်ပြောရရင် ဖြတ်လို့မရနိုင်တ...
381K 14.8K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...