My Ex Is My Husband [ Complet...

Por _AgathaChan

985K 76.4K 2.7K

တစ္ခ်ိန္က အခ်ိဴးမေျပလို႔ လမ္းခြဲခဲ့တဲ့ ကိုယ့္ Ex အစုတ္ပလုတ္ေလးဟာလည္း ကိုယ့္ေယာက္်ားျဖစ္လာႏိုင္ပါတယ္ ။ တစ်ချိန... Mais

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
FINAL
Attention Please
📣 Announcement 📣
Book Order !!!!!

Extra- New year

32.5K 2.5K 145
Por _AgathaChan

ေန႔ရက္တိုင္းမွာ တစ္ေယာက္ေသာသူနဲ႔ပဲ အတူတူ
ျဖတ္သန္းခ်င္တယ္ ။

ရိေပၚသည္ ေ႐ွာင္းက်န္႔ ကုိ ေတာင္ကုန္းေလးတစ္ခုဆီ ကို ေခၚလာခဲ့သည္ ။ စိမ္းစိုေနသည့္ျမက္ခင္းႏွင့္ ညေနခင္း၏ေနေရာင္တို႔က အလွတရားတစ္ခုလုိ တစ္ခါတစ္ရံတိုက္ခတ္လာသည့္ေလေအးတို႔ကလည္း အင္မတန္လတ္ဆတ္သည္ ။ New year ေရာက္တိုင္း ရိေပၚ က အျမဲတမ္း ေ႐ွာင္းက်န္႔ ကိုလွတဲ့ေနရာေလးေတြဆီ ေခၚသြားေလ့႐ွိသည္ ။ရိေပၚ ေခၚသြားတတ္တဲ့ ေနရာတိုင္းကိုလည္း ေ႐ွာင္းက်န္႔ သေဘာက်ခဲ့တာခ်ည္းပဲ ။

႐ုပ္တည္ႀကီးနဲ႔ ႐ိုမန္႔တစ္ဆန္တတ္တဲ့ ေကာင္ေလးေပါ့ ။

အရင္ႏွစ္ေတြတုန္းကဆို ခရီးထြက္တာေတြ ၊ တျခားအရာေတြ
အမ်ားႀကီး လုပ္ခဲ့ၾကေသးတာ ။

ႏွစ္ေတြအမ်ားႀကီး ကုန္ဆံုးလာခဲ့သည္ ။ ေ႐ွာင္းက်န္႔ က မ်က္မွန္အဝိုင္းေလး တပ္လို႔ ဝွီးခ်ဲ ေပၚမွာ ထိုင္ေနၿပီး ရိေပၚ ကေတာ့ ထိုဝွီးခ်ဲကိုျဖည္းညင္းစြာတြန္းေနသည္ ။

တစ္ေနရာအေရာက္မွာ ရိေပၚသည္ တြန္းလက္စျဖစ္တဲ့ ဝွီးခ်ဲကိုရပ္လိုက္ၿပီး ေ႐ွာင္းက်န္႔ ေ႐ွ႕မွာ ဒူးေထာက္ထိုင္ခ်လိုက္ေတာ့
ခါးက မ်က္ကနဲပါပင္ ။ အင္း...အသက္ႀကီးရတာ မေကာင္းဘူး ။

"ကိုကို "

အရင္လို ေခ်ာေခ်ာေမြ႔ေမြ႔ေလး မဟုတ္ေတာ့ပဲ ၊ အေရျပားေတြ
တြန္႔ေနတဲ့ ေ႐ွာင္းက်န္႔ လက္ကို ရိေပၚ ဆုပ္ကိုင္လိုက္သည္ ။

ေ႐ွာင္းက်န္႔ က အျပံဳးတစ္ခုနဲ႔ ရိေပၚ ကုိ တုန္႔ျပန္လာသည္ ။ ပါးေရေတြတြန္႔ေနတာေၾကာင့္ အျပံဳးေတြဟာမပီျပင္ေတာ့ေသာ္ျငား ရိေပၚအတြက္ေတာ့ ၾကည့္ေကာင္းေနဆဲပါပင္ ။

"ေမာင္ ငါ့ကို ေတာင္ေပၚေခၚလာၿပီး တြန္းခ်မလို႔လား"

"ေသာက္အဘိုးႀကီး ဘုကန္႔လန္႔ ကစၿပီ!!"

"႐ိုင္းလိုက္တာ ေသနာေလး "

"ခင္ဗ်ား အက်င့္ေတြကူးလာတာေလ!!"

"မင္းေနာ္ ငါ့ကို အဘိုးႀကီးဆိုၿပီး အႏိုင္မက်င့္နဲ႔!!"

ရိေပၚ က "ကိုကိုရာ "လို႔ ခပ္တိုးတိုးေရရြတ္ရင္း ေ႐ွာင္းက်န္႔ ကို
တုိးလို႔ဖက္သည္ ။

"ကြၽန္ေတာ့္ ကုိကို႔ ကို ပုိင္ဆိုင္ခြင့္ရတာ သိပ္ေပ်ာ္တာပဲ"

ေ႐ွာင္းက်န္႔ က ရိေပၚ ရဲ႕ ေဆးမကူပဲ ဇရာအရ ေျပာင္းလဲလာတဲ့
ဆံႏြယ္ျဖဴေတြကို ပြတ္သပ္ေပးလိုက္သည္ ။

"ငါကေတာ႔ မင္းကုိ ခ်စ္ခြင့္ရလို႔ေပ်ာ္တယ္"

ညအေမွာင္ ပ်ိဴးလာတာနဲ႔ အိတ္ေလးထဲထည့္္လာတဲ့ မာဖလာ အနီေရာင္ေလးကိုယူကာ ေ႐ွာင္းက်န္႔ လည္ပင္းမွာ ပတ္ေပးလိုက္သည္ ။

အိမ္ေထာင္သက္ 56ႏွစ္ ကိုကို မ်က္စိေတြ မႈန္လာသည္ ။
ကိုကိုဟာေလ အဘိုးႀကီးျဖစ္ေနတာေတာင္ မ်က္မွန္ဝိုင္းေလးနဲ႔
သိပ္ခ်စ္စရာေကာင္းတုန္းပဲ ။ ေကာင္းေကာင္းမေလ်ွာက္ႏိုင္ေတာ့တဲ့ ေျခေထာက္ေတြေၾကာင့္ ကုိကို က ဝွီးခ်ဲ အကူအညီယူလာရတယ္ ။ 81 ႏွစ္ဆိုတာ ငယ္ေတာ့တဲ့ အရြယ္မွ
မဟုတ္ေတာ့ပဲေလ ။

ေတာင္ကုန္းေပၚ ျဖစ္တာေၾကာင့္ ညခ်မ္းေလအရမ္းတိုက္သည္ ။
အခင္းတစ္ခုကို ေျမျပင္ေပၚခ်ခင္းလိုက္ရင္း ထိုအခင္းေပၚမွာ
သုိးေမႊးနဲ႔အခင္းတစ္ခုကို ထပ္ခင္းၿပီးမွ ရိေပၚ က ေ႐ွာင္းက်န္႔ ကို
ထိုင္ေစသည္ ။ ေလတိုက္ထဲထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ ကေတာ့
ေအးလို႔ထင္ရဲ႕ ႏွာေခါင္းထိပ္ေလးေတြ နီရဲလို႔ ။ ရိေပၚ ကေတာ့ ေအးတယ္ ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ေရွာင္းက်န့္ ကုိ ရင္ခြင္ထဲထည့္ၿပီး တင္းေနေအာင္ ဖက္ထားေတာ့တာပဲ။

"တဲထဲဝင္မလား"

"မဝင္ဘူး ။ ထုိင္ခ်င္ေသးတယ္ ။ မင္းရဲ႕ romantic ဆန္မယ္ ဆိုတာ ဒါႀကီးလား"

"ႀကိဳေျပာစရာလား!"

"ေသာက္အေခ်ေကာင္ နည္းနည္းေလာက္ေျပာျပေတာ့
ဘာျဖစ္မွာမို႔လုိ႔လဲ "

"12 ထိုးေတာ့မွာ ခဏေစာင့္"

"ဘာလို႔ 12 အထိေစာင့္ရမွာလဲ"

"ဒီေန႔က ဘာေန႔လဲဆိုတာ ေမ့ေနျပန္ၿပီလား"

ေ႐ွာင္းက်န္႔ က ႏႈတ္ခမ္းေလးစူၿပီး စဥ္းစားသလိုလုပ္သည္ ။

"မမွတ္မိဘူး "

ရိေပၚ အျပစ္မဆိုရက္ပါဘူး ။

ကိုကို က အျမဲေမ့တတ္လာတယ္ ။ တစ္ခါတစ္ေလ မ်က္မွန္ကို
အက်ႌမွာခ်ိတ္ထားရင္း ငါ့မ်က္မွန္ေရာလို႔ တေၾကာ္ေၾကာ္ေအာ္ရင္း ႐ွာေနတတ္ေသးတာ ။

သိပ္ခ်စ္စရာေကာင္းတဲ့ အဘိုးအုိႀကီး ။

"New year ညေလ ၊ ကိုကို "

"အာ..."

"count down တြက္ရေအာင္"

ရိေပၚ ရင္ခြင္ထဲက ေ႐ွာင္းက်န္႔ က "အင္း"လုိ႔ ခပ္တိုးတိုး အသံျပဳသည္ ။

"10, 9,8,7,6,5,4,3,2,1....Happy New Year"

ရိေပၚ ရဲ႕ ေရတြက္သံအဆံုးမွာ ေကာင္းကင္ထက္ကို မီး႐ွဴးမီးပန္း ေတြ အမ်ားႀကီး တက္လာသည္ ။

လွလိုက္တာ... ။

ေတာင္ေပၚမွာ ျဖစ္ေနေတာ့ တစ္ၿမိဳ႕လံုးရဲ႕ အလွကိုလည္း
ျမင္ရသည္ ။ ကိုယ့္အတြက္ အထူးလုပ္ေပးထားတဲ့ ရိေပၚ ရဲ႕
surprise ကို လည္းျမင္ေတြ႔ခြင့္ရသည္ ။

ဘယ္ေလာက္ကံေကာင္းလိုက္သလဲ...။

ရိေပၚသည္ ျပံဳးလ်က္ ေ႐ွာင္းက်န္႔ ပါးကိုငံု႔နမ္းလိုက္၏ ။

"Happy new year ပါ ။ ကိုကို "

"အင္း...ေမာင္ ။ ငါ အိပ္ခ်င္တယ္ "

"ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္လိုက္ ။ ကြၽန္ေတာ္ ေဘးမွာ ႐ွိေနမယ္ ။
ဘာမွမေတြးနဲ႔ "

"ေမာင္ ငါမင္းထက္ အရင္ေသသြားရင္ ဘယ္လိုလုပ္မလဲ "

"အမ်ွေဝေပးမယ္ေလ "

"စ,လာျပန္​ၿပီလား"

"ကြၽန္ေတာ္ ကဗ်ာမဆန္တတ္ဘူးလို႔ ေျပာထားသားပဲ ။
ထားပါ ကြၽန္ေတာ္ အရင္ေသရင္ ဘဝမကူးေသးပဲ ကုိကုိ႔ ကို
ေစာင့္မယ္ ။ ကိုကို လည္း ကြၽန္ေတာ့္ ကို ေစာင့္"

"ေစာင့္စရာလား! ။ နတ္သမီး ငါးရာစီနဲ႔ သာယာမွာေပါ့"

"လုပ္ၾကည့္လိုက္!"

"လုပ္မွာ အဟီးဟီး... အဟြတ္! ၊ အဟြတ္"

"စကားမေျပာနဲ႔ ေမာေနမယ္ ။ အိပ္ေတာ့ "

ေ႐ွာင္းက်န္႔သည္ ရိေပၚ ရဲ႕ ရင္ခြင္ထဲမွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို
အိပ္ေပ်ာ္သြားေလ၏ ။ ရိေပၚ ရဲ႕ ရင္ခြင္က ေ႐ွာင္းက်န္႔ အတြက္
အေႏြးေထြးဆံုး အိမ္ေလးတစ္လံုးနဲ႔တူသည္ ။

သူအိပ္မေပ်ာ္ခင္ ရိေပၚရဲ႕ "ကိုကို႔ ကို ခ်စ္တယ္" ဆိုတဲ့ စကားကို ၾကားလိုက္ရပါေသးတယ္ေလ...။

ထုိေန႔က ၾကယ္ေလးေတြေႂကြခဲ့တယ္ ။
ႏွင္းမႈန္ေတြ က်ခဲ့တယ္။
ေတာင္ကုန္းေလးေပၚမွာ 78 ႏွစ္အရြယ္ အဘိုးအိုက 81ႏွစ္အရြယ္ အဘိုးအိုတစ္ေယာက္ကို ရင္ခြင္ထဲမွာ ထားၿပီး တင္းၾကပ္စြာ
ဖက္ထားခဲ့ေလရဲ႕....။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
(31.12.2019)

Happy New Year ပါ ။ ေဘဘီတို႔ ❤
အမွတ္တရ ျဖစ္ေအာင္လို႔ ။

လပ္ယူေအာ ❤

[Unicode]


နေ့ရက်တိုင်းမှာ တစ်ယောက်သောသူနဲ့ပဲ အတူတူ
ဖြတ်သန်းချင်တယ် ။

ရိပေါ်သည် ရှောင်းကျန့် ကို တောင်ကုန်းလေးတစ်ခုဆီ ကို ခေါ်လာခဲ့သည် ။ စိမ်းစိုနေသည့်မြက်ခင်းနှင့် ညနေခင်း၏နေရောင်တို့က အလှတရားတစ်ခုလို တစ်ခါတစ်ရံတိုက်ခတ်လာသည့်လေအေးတို့ကလည်း အင်မတန်လတ်ဆတ်သည် ။ New year ရောက်တိုင်း ရိပေါ် က အမြဲတမ်း ရှောင်းကျန့် ကိုလှတဲ့နေရာလေးတွေဆီ ခေါ်သွားလေ့ရှိသည် ။ရိပေါ် ခေါ်သွားတတ်တဲ့ နေရာတိုင်းကိုလည်း ရှောင်းကျန့် သဘောကျခဲ့တာချည်းပဲ ။

ရုပ်တည်ကြီးနဲ့ ရိုမန့်တစ်ဆန်တတ်တဲ့ ကောင်လေးပေါ့ ။

အရင်နှစ်တွေတုန်းကဆို ခရီးထွက်တာတွေ ၊ တခြားအရာတွေ
အများကြီး လုပ်ခဲ့ကြသေးတာ ။

နှစ်တွေအများကြီး ကုန်ဆုံးလာခဲ့သည် ။ ရှောင်းကျန့် က မျက်မှန်အဝိုင်းလေး တပ်လို့ ဝှီးချဲ ပေါ်မှာ ထိုင်နေပြီး ရိပေါ် ကတော့ ထိုဝှီးချဲကိုဖြည်းညင်းစွာတွန်းနေသည် ။

တစ်နေရာအရောက်မှာ ရိပေါ်သည် တွန်းလက်စဖြစ်တဲ့ ဝှီးချဲကိုရပ်လိုက်ပြီး ရှောင်းကျန့် ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တော့
ခါးက မျက်ကနဲပါပင် ။ အင်း...အသက်ကြီးရတာ မကောင်းဘူး ။

"ကိုကို "

အရင်လို ချောချောမွေ့မွေ့လေး မဟုတ်တော့ပဲ ၊ အရေပြားတွေ
တွန့်နေတဲ့ ရှောင်းကျန့် လက်ကို ရိပေါ် ဆုပ်ကိုင်လိုက်သည် ။

ရှောင်းကျန့် က အပြုံးတစ်ခုနဲ့ ရိပေါ် ကို တုန့်ပြန်လာသည် ။ ပါးရေတွေတွန့်နေတာကြောင့် အပြုံးတွေဟာမပီပြင်တော့သော်ငြား ရိပေါ်အတွက်တော့ ကြည့်ကောင်းနေဆဲပါပင် ။

"မောင် ငါ့ကို တောင်ပေါ်ခေါ်လာပြီး တွန်းချမလို့လား"

"သောက်အဘိုးကြီး ဘုကန့်လန့် ကစပြီ!!"

"ရိုင်းလိုက်တာ သေနာလေး "

"ခင်ဗျား အကျင့်တွေကူးလာတာလေ!!"

"မင်းနော် ငါ့ကို အဘိုးကြီးဆိုပြီး အနိုင်မကျင့်နဲ့!!"

ရိပေါ် က "ကိုကိုရာ "လို့ ခပ်တိုးတိုးရေရွတ်ရင်း ရှောင်းကျန့် ကို
တိုးလို့ဖက်သည် ။

"ကျွန်တော့် ကိုကို့ ကို ပိုင်ဆိုင်ခွင့်ရတာ သိပ်ပျော်တာပဲ"

ရှောင်းကျန့် က ရိပေါ် ရဲ့ ဆေးမကူပဲ ဇရာအရ ပြောင်းလဲလာတဲ့
ဆံနွယ်ဖြူတွေကို ပွတ်သပ်ပေးလိုက်သည် ။

"ငါကတော့ မင်းကို ချစ်ခွင့်ရလို့ပျော်တယ်"

ညအမှောင် ပျိူးလာတာနဲ့ အိတ်လေးထဲထည့််လာတဲ့ မာဖလာ အနီရောင်လေးကိုယူကာ ရှောင်းကျန့် လည်ပင်းမှာ ပတ်ပေးလိုက်သည် ။

အိမ်ထောင်သက် 56နှစ် ကိုကို မျက်စိတွေ မှုန်လာသည် ။
ကိုကိုဟာလေ အဘိုးကြီးဖြစ်နေတာတောင် မျက်မှန်ဝိုင်းလေးနဲ့
သိပ်ချစ်စရာကောင်းတုန်းပဲ ။ ကောင်းကောင်းမလျှောက်နိုင်တော့တဲ့ ခြေထောက်တွေကြောင့် ကိုကို က ဝှီးချဲ အကူအညီယူလာရတယ် ။ 81 နှစ်ဆိုတာ ငယ်တော့တဲ့ အရွယ်မှ
မဟုတ်တော့ပဲလေ ။

တောင်ကုန်းပေါ် ဖြစ်တာကြောင့် ညချမ်းလေအရမ်းတိုက်သည် ။
အခင်းတစ်ခုကို မြေပြင်ပေါ်ချခင်းလိုက်ရင်း ထိုအခင်းပေါ်မှာ
သိုးမွှေးနဲ့အခင်းတစ်ခုကို ထပ်ခင်းပြီးမှ ရိပေါ် က ရှောင်းကျန့် ကို
ထိုင်စေသည် ။ လေတိုက်ထဲထိုင်နေတဲ့ ရှောင်းကျန့် ကတော့
အေးလို့ထင်ရဲ့ နှာခေါင်းထိပ်လေးတွေ နီရဲလို့ ။ ရိပေါ် ကတော့ အေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရှောင်းကျန့် ကို ရင်ခွင်ထဲထည့်ပြီး တင်းနေအောင် ဖက်ထားတော့တာပဲ။

"တဲထဲဝင်မလား"

"မဝင်ဘူး ။ ထိုင်ချင်သေးတယ် ။ မင်းရဲ့ romantic ဆန်မယ် ဆိုတာ ဒါကြီးလား"

"ကြိုပြောစရာလား!"

"သောက်အချေကောင် နည်းနည်းလောက်ပြောပြတော့
ဘာဖြစ်မှာမို့လို့လဲ "

"12 ထိုးတော့မှာ ခဏစောင့်"

"ဘာလို့ 12 အထိစောင့်ရမှာလဲ"

"ဒီနေ့က ဘာနေ့လဲဆိုတာ မေ့နေပြန်ပြီလား"

ရှောင်းကျန့် က နှုတ်ခမ်းလေးစူပြီး စဉ်းစားသလိုလုပ်သည် ။

"မမှတ်မိဘူး "

ရိပေါ် အပြစ်မဆိုရက်ပါဘူး ။

ကိုကို က အမြဲမေ့တတ်လာတယ် ။ တစ်ခါတစ်လေ မျက်မှန်ကို
အကျႌမှာချိတ်ထားရင်း ငါ့မျက်မှန်ရောလို့ တကြော်ကြော်အော်ရင်း ရှာနေတတ်သေးတာ ။

သိပ်ချစ်စရာကောင်းတဲ့ အဘိုးအိုကြီး ။

"New year ညလေ ၊ ကိုကို "

"အာ..."

"count down တွက်ရအောင်"

ရိပေါ် ရင်ခွင်ထဲက ရှောင်းကျန့် က "အင်း"လို့ ခပ်တိုးတိုး အသံပြုသည် ။

"10, 9,8,7,6,5,4,3,2,1....Happy New Year"

ရိပေါ် ရဲ့ ရေတွက်သံအဆုံးမှာ ကောင်းကင်ထက်ကို မီးရှူးမီးပန်း တွေ အများကြီး တက်လာသည် ။

လှလိုက်တာ... ။

တောင်ပေါ်မှာ ဖြစ်နေတော့ တစ်မြို့လုံးရဲ့ အလှကိုလည်း
မြင်ရသည် ။ ကိုယ့်အတွက် အထူးလုပ်ပေးထားတဲ့ ရိပေါ် ရဲ့
surprise ကို လည်းမြင်တွေ့ခွင့်ရသည် ။

ဘယ်လောက်ကံကောင်းလိုက်သလဲ...။

ရိပေါ်သည် ပြုံးလျက် ရှောင်းကျန့် ပါးကိုငုံ့နမ်းလိုက်၏ ။

"Happy new year ပါ ။ ကိုကို "

"အင်း...မောင် ။ ငါ အိပ်ချင်တယ် "

"နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက် ။ ကျွန်တော် ဘေးမှာ ရှိနေမယ် ။
ဘာမှမတွေးနဲ့ "

"မောင် ငါမင်းထက် အရင်သေသွားရင် ဘယ်လိုလုပ်မလဲ "

"အမျှဝေပေးမယ်လေ "

"စ,လာပြန်​ပြီလား"

"ကျွန်တော် ကဗျာမဆန်တတ်ဘူးလို့ ပြောထားသားပဲ ။
ထားပါ ကျွန်တော် အရင်သေရင် ဘဝမကူးသေးပဲ ကိုကို့ ကို
စောင့်မယ် ။ ကိုကို လည်း ကျွန်တော့် ကို စောင့်"

"စောင့်စရာလား! ။ နတ်သမီး ငါးရာစီနဲ့ သာယာမှာပေါ့"

"လုပ်ကြည့်လိုက်!"

"လုပ်မှာ အဟီးဟီး... အဟွတ်! ၊ အဟွတ်"

"စကားမပြောနဲ့ မောနေမယ် ။ အိပ်တော့ "

ရှောင်းကျန့်သည် ရိပေါ် ရဲ့ ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကို
အိပ်ပျော်သွားလေ၏ ။ ရိပေါ် ရဲ့ ရင်ခွင်က ရှောင်းကျန့် အတွက်
အနွေးထွေးဆုံး အိမ်လေးတစ်လုံးနဲ့တူသည် ။

သူအိပ်မပျော်ခင် ရိပေါ်ရဲ့ "ကိုကို့ ကို ချစ်တယ်" ဆိုတဲ့ စကားကို ကြားလိုက်ရပါသေးတယ်လေ...။

ထိုနေ့က ကြယ်လေးတွေကြွေခဲ့တယ် ။
နှင်းမှုန်တွေ ကျခဲ့တယ်။
တောင်ကုန်းလေးပေါ်မှာ 78 နှစ်အရွယ် အဘိုးအိုက 81နှစ်အရွယ် အဘိုးအိုတစ်ယောက်ကို ရင်ခွင်ထဲမှာ ထားပြီး တင်းကြပ်စွာ
ဖက်ထားခဲ့လေရဲ့....။

♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
(31.12.2019)

Happy New Year ပါ ။ ဘေဘီတို့ ❤
အမှတ်တရ ဖြစ်အောင်လို့ ။

လပ်ယူအော ❤

Continuar a ler

Também vai Gostar

278K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
173K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
62.2K 3K 31
"အကို ဘာ​ေျပာ​ေျပာ က်​ေနာ္ ​ခ်စ္​တယ္​ အကို" Xiao Luhan "တိတ္​စမ္​း!!! မင္​းကို ငါ ဘယ္​​ေတာ့မွ မခ်စ္​ဘူး" ...
126K 10.5K 10
အထက္​တန္​း​ေက်ာင္​းသား​....အတန္​း​ေခါင္​း​ေဆာင္​. Byun Baekhyun...သူ႔အတန္​းထဲကို​Park Chanyeol​ေျပာင္​းလာ​ေသာအခါ......