Again And Again ( အထပ္ထပ္အခါခ...

By Red_Hun94

11.8K 1.3K 206

အႀကိမ္ႀကိမ္အခါခါ အရံူွးေပးၿပီးသားမလို႔ အထပ္ထပ္အခါခါ အႏိုင္ယူပါ... မင္းကိုခ်စ္ခဲ့မိျခင္းက ဝဋ္ေႂကြးတစ္ခုသာဆို... More

Intro
1
2
3
4
5
6
7
8
10
11

9

573 104 12
By Red_Hun94

က်ေနာ္က ငတံုးေလးပါ ကိုကို

ငါးစာကိုပဲျမင္ၿပီး ကိုယ့္ေသတြင္းကိုမျမင္ခဲ့တဲ့
ငါးေလးတစ္ေကာင္လိုေပါ့...

ခ်စ္တယ္ဆိုတာပဲ ျမင္ခဲ့ၿပီး အဲဒီေနာက္ကြယ္မွာ ကိုယ့္အတြက္ ဘယ္ေလာက္အႏၱရာယ္ႀကီမားတဲ့အရာေတြ ေစာင့္ႀကိဳေနမွန္း မသိခဲ့တဲ့သူပါ

က်ေနာ္ဟာ ေပ်ာ္ေပ်ာ္ႀကီး ကိုကို႔ရင္ခြင္ျမႇားခ်ိတ္ကို စံုလံုးပစ္ဝင္တိုးခဲ့တဲ့ မိုက္မဲလြန္းတဲ့ ငတံုးေလးပါ

...............................................................

"ကေလး... ကိုကို မွားသြားပါတယ္..."

ဟက္ ကနဲ ေအာ္ရယ္ပစ္ခ်င္မိလည္း အမွတ္မ႐ွိေသာ ႏွလံုးသားက ဟာသလို႔ အသိအမွတ္မျပဳေပးဘူးပဲ...။

ဘယ္သူ႔အတြက္ေရာက္လာသလဲဆိုတာ သိေနရက္နဲ႔... ေတာင္းပန္စကားေလးၾကားရံုနဲ႔ ေက်နပ္ခ်င္ေနသတဲ့ ...။

Sehun ႏႈတ္ခမ္းကို တင္းတင္းေစ့ကာ ကိုကို႔ကို စူးရဲစြာၾကည့္လိုက္တယ္...။

"ကိုကို ျဖစ္ခ်င္တာကို ေျပာပါ... က်ေနာ္ မရက္စက္တတ္တာ ကိုကိုသိပါတယ္..."

" ကေလးေတာင္းဆိုတာ ကိုကို ျဖည့္ဆည္းေပးပါ့မယ္... တစ္ခုပဲ... Kai ကို ေက်ေအးေပးလိုက္ပါေနာ္... ကေလး..."

Sehun မ်က္ႏွာက်က္ကိုေမာ့ကာ အားရပါးရ ရယ္ေမာလိုက္တယ္...။

"ကိုကိုက... က်ေနာ္ ဘာေတာင္းေတာင္း ျဖည့္ဆည္းေပးမယ္လား..."

ၿငိမ္က်သြားရာက ခက္ခက္ခဲခဲ ေခါင္းညိတ္လိုက္တဲ့ ကိုကို႔ေၾကာင့္ Sehun ႏႈတ္ခမ္းေလး လႈပ္တယ္ဆိုရံု ျပံဳးလိုက္မိသည္။

" က်ေနာ္ သူ႔ကို လိုခ်င္တယ္ ကိုကို..."

ထင္မွတ္မထားတဲ့စကားေၾကာင့္ထင္ပါရဲ႕... ။ ကိုကို မ်က္ႏွာမွာ အံ့ျသျခင္း မယံုႏိုင္ျခင္းေတြႏွင့္အတူ တုန္လႈပ္ေျခာက္ျခားမႈေတြပါ ျမင္ေတြ႔လိုက္ရသည္။

" Hunnie... ဒါက..."

"ရတယ္ ကိုကို... ကိုကို မေပးႏိုင္တာကို အတင္းအၾကပ္ က်ေနာ္ မေတာင္းပါဘူး... က်ေနာ္တို႔ ေဆြးေႏြးမႈ ဒီမွာရပ္လိုက္ၾကတာေပါ့..."

Sehun မတ္တပ္ထရပ္ကာ လွည့္ျပန္ဖို႔ လုပ္လိုက္သည္။

တံခါးဝကို ေရာက္တဲ့အခါမွ

"တကယ္ သူ႔ကို ရရမွ ျဖစ္မွာလား..."

တုန္ယင္ေနတဲ့ ကိုကို႔အသံက က်ေနာ့္အတြက္ ထင္သေလာက္ နားဝင္ခ်ိဳမေနခဲ့... ။

"ကိုကို ေပးႏိုင္ရင္ေပါ့..."

"သူ႔ကို အဲဒီထဲက နာမည္ပ်က္မ႐ွိ ဆြဲထုတ္ေပးပါ့မယ္လို႔ ကတိေပးနိုင္လား..."

အဆံုးထိ ကိုကိုက အဲဒီ Kai ဆိုတဲ့ေကာင္ကိုပဲ ေတြးေပးေနခဲ့တာလား...။

မိုက္ကနဲ ျဖစ္သြားတဲ့ ကိုယ္ကို မခံခ်င္စိတ္ေတြနဲ႔ ေထာင္မတ္ထားတယ္...။

က်ေနာ့္ကို တန္ဖိုးမထားခဲ့တဲ့အတြက္ ေလ်ာ္ေၾကးအျဖစ္ ကိုကို တန္ဖိုးထားတဲ့အရာကို က်ေနာ့္လက္နဲ႔ ကိုယ္တိုင္ဖ်က္ဆီးရမွပဲ ေက်နပ္ႏိုင္မယ္

"အခုေကာလဟာလေတြကိုေတာ့ မီးၿငိမ္းသလို ၿငိမ္းေပးပါ့မယ္... အဲဒီအတြက္ ကိုကို႔ဘက္က တစ္ခုေတာ့ ျပန္လိုက္နာေပးရမယ္... အဲဒါ သူႏွင့္ က်ေနာ့္ၾကား ကိုကို ဝင္မစြက္ဖက္ပါဘူးဆိုတာပဲ..."

ဆံုးရံႈးဖို႔ေၾကာက္ေနတဲ့ၾကားက ကိုကိုခမ်ာ Kaiအတြက္ စိတ္ပူသြားရံုမက က်ေနာ့္ကို မေကာင္းဆိုးရြားပမာ ျမင္ေနပံုရသည္...။

"တဆိတ္ေလာက္... ကိုကို က်ေနာ့္ကို အဲလို မ်က္လံုးေတြနဲ႔ မၾကည့္ပါနဲ႔လား... မခံစားႏိုင္လို႔..."

"ကေလး... ဘာေတြ ၾကံစည္ေနတာလဲ..."

"စိတ္မပူပါနဲ႔... က်ေနာ္ ကိုကို႔ေလာက္ေတာ့ မရက္စက္တတ္ပါဘူး... ဟင္း...ဟင္း..."

ညႇင္းသဲ့သဲ့ရယ္ေမာေတာ့ ကိုကိုက မျမင္ဖူးသလို ေငးေနတယ္...။

က်ေနာ္က အဲေလာက္ထိေတာင္ ကိုကို႔အတြက္ ေၾကာက္စရာေကာင္းသြားလို႔လား...။

"ကိုကို႔ကို အခ်ိန္နည္းနည္းေပးပါ... ျပန္အေၾကာင္းျပန္ေပးပါ့မယ္..."

သိပ္ကို ဥာဏ္ေကာင္းလြန္းတဲ့ကိုကိုက ေ႐ွ႕တကြက္ႀကိဳျမင္ေနမွာပဲ...။

ကိုကို႔ ကေလး ကို က်ေနာ့္လက္ထဲ ထည့္ေပးဖို႔က ဘယ္လြယ္ကူႏိုင္ပါ့မလဲ...။

"အခ်ိန္အမ်ားႀကီးမရဘူးေနာ္ ကိုကို... ကိုကို႔ ေကာင္ေလးကို နာမည္အစြန္းထင္းခံၿပီး ေထာင္ထဲမွာပဲ အေလာင္းသြားေကာက္မလား... က်ေနာ့္လက္ထဲ ထည့္မလား ကိုကိုေရြးေပါ့..."

ဒါက ကိုကို က်ေနာ့္ကို မေရြးခ်ယ္ခဲ့ျခင္းအတြက္ က်ေနာ္ေပးတဲ့ ျပစ္ဒဏ္ပဲ...။

တစ္ခုကို ေရြးခ်ယ္ရခက္တယ္မလား...။

ေသခ်ာတာကေတာ့ ဘယ္ေရြးခ်ယ္မႈမွ သူ႔အတြက္ေရာ ကိုကို႔အတြက္ပါ သက္သာေနမွာ မဟုတ္ဘူးဆိုတာေတာ့ က်ေနာ္ ရဲရဲႀကီးအာမခံႏိုင္တယ္...။

..................................................................

Coming

ႏွစ္သစ္မွာ ဒါေလးအရင္အၿပီးျဖတ္ေပးပါ့မယ္ 😍

Unicode

ကျနော်က ငတုံးလေးပါ ကိုကို

ငါးစာကိုပဲမြင်ပြီး ကိုယ့်သေတွင်းကိုမမြင်ခဲ့တဲ့
ငါးလေးတစ်ကောင်လိုပေါ့...

ချစ်တယ်ဆိုတာပဲ မြင်ခဲ့ပြီး အဲဒီနောက်ကွယ်မှာ ကိုယ့်အတွက် ဘယ်လောက်အန္တရာယ်ကြီမားတဲ့အရာတွေ စောင့်ကြိုနေမှန်း မသိခဲ့တဲ့သူပါ

ကျနော်ဟာ ပျော်ပျော်ကြီး ကိုကို့ရင်ခွင်မြှားချိတ်ကို စုံလုံးပစ်ဝင်တိုးခဲ့တဲ့ မိုက်မဲလွန်းတဲ့ ငတုံးလေးပါ

...............................................................

"ကလေး... ကိုကို မှားသွားပါတယ်..."

ဟက် ကနဲ အော်ရယ်ပစ်ချင်မိလည်း အမှတ်မရှိသော နှလုံးသားက ဟာသလို့ အသိအမှတ်မပြုပေးဘူးပဲ...။

ဘယ်သူ့အတွက်ရောက်လာသလဲဆိုတာ သိနေရက်နဲ့... တောင်းပန်စကားလေးကြားရုံနဲ့ ကျေနပ်ချင်နေသတဲ့ ...။

Sehun နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကိုကို့ကို စူးရဲစွာကြည့်လိုက်တယ်...။

"ကိုကို ဖြစ်ချင်တာကို ပြောပါ... ကျနော် မရက်စက်တတ်တာ ကိုကိုသိပါတယ်..."

" ကလေးတောင်းဆိုတာ ကိုကို ဖြည့်ဆည်းပေးပါ့မယ်... တစ်ခုပဲ... Kai ကို ကျေအေးပေးလိုက်ပါနော်... ကလေး..."

Sehun မျက်နှာကျက်ကိုမော့ကာ အားရပါးရ ရယ်မောလိုက်တယ်...။

"ကိုကိုက... ကျနော် ဘာတောင်းတောင်း ဖြည့်ဆည်းပေးမယ်လား..."

ငြိမ်ကျသွားရာက ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်တဲ့ ကိုကို့ကြောင့် Sehun နှုတ်ခမ်းလေး လှုပ်တယ်ဆိုရုံ ပြုံးလိုက်မိသည်။

" ကျနော် သူ့ကို လိုချင်တယ် ကိုကို..."

ထင်မှတ်မထားတဲ့စကားကြောင့်ထင်ပါရဲ့... ။ ကိုကို မျက်နှာမှာ အံ့သြခြင်း မယုံနိုင်ခြင်းတွေနှင့်အတူ တုန်လှုပ်ခြောက်ခြားမှုတွေပါ မြင်တွေ့လိုက်ရသည်။

" Hunnie... ဒါက..."

"ရတယ် ကိုကို... ကိုကို မပေးနိုင်တာကို အတင်းအကြပ် ကျနော် မတောင်းပါဘူး... ကျနော်တို့ ဆွေးနွေးမှု ဒီမှာရပ်လိုက်ကြတာပေါ့..."

Sehun မတ်တပ်ထရပ်ကာ လှည့်ပြန်ဖို့ လုပ်လိုက်သည်။

တံခါးဝကို ရောက်တဲ့အခါမှ

"တကယ် သူ့ကို ရရမှ ဖြစ်မှာလား..."

တုန်ယင်နေတဲ့ ကိုကို့အသံက ကျနော့်အတွက် ထင်သလောက် နားဝင်ချိုမနေခဲ့... ။

"ကိုကို ပေးနိုင်ရင်ပေါ့..."

"သူ့ကို အဲဒီထဲက နာမည်ပျက်မရှိ ဆွဲထုတ်ပေးပါ့မယ်လို့ ကတိပေးနိုင်လား..."

အဆုံးထိ ကိုကိုက အဲဒီ Kai ဆိုတဲ့ကောင်ကိုပဲ တွေးပေးနေခဲ့တာလား...။

မိုက်ကနဲ ဖြစ်သွားတဲ့ ကိုယ်ကို မခံချင်စိတ်တွေနဲ့ ထောင်မတ်ထားတယ်...။

ကျနော့်ကို တန်ဖိုးမထားခဲ့တဲ့အတွက် လျော်ကြေးအဖြစ် ကိုကို တန်ဖိုးထားတဲ့အရာကို ကျနော့်လက်နဲ့ ကိုယ်တိုင်ဖျက်ဆီးရမှပဲ ကျေနပ်နိုင်မယ်

"အခုကောလဟာလတွေကိုတော့ မီးငြိမ်းသလို ငြိမ်းပေးပါ့မယ်... အဲဒီအတွက် ကိုကို့ဘက်က တစ်ခုတော့ ပြန်လိုက်နာပေးရမယ်... အဲဒါ သူနှင့် ကျနော့်ကြား ကိုကို ဝင်မစွက်ဖက်ပါဘူးဆိုတာပဲ..."

ဆုံးရံှုးဖို့ကြောက်နေတဲ့ကြားက ကိုကိုခမျာ Kaiအတွက် စိတ်ပူသွားရုံမက ကျနော့်ကို မကောင်းဆိုးရွားပမာ မြင်နေပုံရသည်...။

"တဆိတ်လောက်... ကိုကို ကျနော့်ကို အဲလို မျက်လုံးတွေနဲ့ မကြည့်ပါနဲ့လား... မခံစားနိုင်လို့..."

"ကလေး... ဘာတွေ ကြံစည်နေတာလဲ..."

"စိတ်မပူပါနဲ့... ကျနော် ကိုကို့လောက်တော့ မရက်စက်တတ်ပါဘူး... ဟင်း...ဟင်း..."

ညှင်းသဲ့သဲ့ရယ်မောတော့ ကိုကိုက မမြင်ဖူးသလို ငေးနေတယ်...။

ကျနော်က အဲလောက်ထိတောင် ကိုကို့အတွက် ကြောက်စရာကောင်းသွားလို့လား...။

"ကိုကို့ကို အချိန်နည်းနည်းပေးပါ... ပြန်အကြောင်းပြန်ပေးပါ့မယ်..."

သိပ်ကို ဉာဏ်ကောင်းလွန်းတဲ့ကိုကိုက ရှေ့တကွက်ကြိုမြင်နေမှာပဲ...။

ကိုကို့ ကလေး ကို ကျနော့်လက်ထဲ ထည့်ပေးဖို့က ဘယ်လွယ်ကူနိုင်ပါ့မလဲ...။

"အချိန်အများကြီးမရဘူးနော် ကိုကို... ကိုကို့ ကောင်လေးကို နာမည်အစွန်းထင်းခံပြီး ထောင်ထဲမှာပဲ အလောင်းသွားကောက်မလား... ကျနော့်လက်ထဲ ထည့်မလား ကိုကိုရွေးပေါ့..."

ဒါက ကိုကို ကျနော့်ကို မရွေးချယ်ခဲ့ခြင်းအတွက် ကျနော်ပေးတဲ့ ပြစ်ဒဏ်ပဲ...။

တစ်ခုကို ရွေးချယ်ရခက်တယ်မလား...။

သေချာတာကတော့ ဘယ်ရွေးချယ်မှုမှ သူ့အတွက်ရော ကိုကို့အတွက်ပါ သက်သာနေမှာ မဟုတ်ဘူးဆိုတာတော့ ကျနော် ရဲရဲကြီးအာမခံနိုင်တယ်...။

..................................................................

Coming

နှစ်သစ်မှာ ဒါလေးအရင်အပြီးဖြတ်ပေးပါ့မယ် 😍



Continue Reading

You'll Also Like

274K 6.5K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
161K 5.7K 91
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
1.2M 51.4K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
397K 12K 93
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...