When The Time Comes (Complete...
By choyee6
206K 14K 1.6K
Fic Name - When the times comes Type - Fanfiction Cover by Pann Eain Fanfiction အမျိုးအစားဖြစ်ပါတယ်။ BL မဟုတ... More
WTTC - 1
WTTC - 2
WTTC - 4
WTTC - 5
WTTC - 6
WTTC - 7
WTTC - 8
WTTC - 9
WTTC - 10
WTTC - 11
WTTC - 12
WTTC - 13
WTTC - 14
WTTC - 15
WTTC - 16
WTTC - 17
WTTC - 18
WTTC - 19
WTTC - 20
WTTC - 21
WTTC - 22
WTTC - 23
WTTC - 3
6.4K 669 39
By choyee6
"ဟုတ်လား ၀မ်ချောင်။ ကျန်းချန် မင်းရော"
"ဟုတ်လို့လား"
"ဘာလို့မစားကြတာတဲ့လဲ"
"အကျယ်ကြီးပဲ မပူနဲ့"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"ရိ​ပေါ်ရော သူဘယ်မှာလဲ"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"ဟုတ်ကဲ့"
"မသိဘူး ဆရာ ကျွန်တ်ေတို့နဲ့ အတူမရှိဘူး"
"၀မ်ရိ​ပေါ်"
"ခင်ဗျာ..."
"ဟုတ်ကဲ့..."
"လူနာက ဘာဖြစ်တာလဲ"
'BP နဲ့ BPM"
"BP 70 BPM 110 ပါ ဆရာ"
"..........."
"30 ပါဆရာ"
"ဟင့်အင်းဆရာ..."
"ကျွန်တော်လား"
"သွေးစစ်ချက် ရပါပြီ"
"ဟုတ်ကဲ့"
"ဟိုလေ ဆရာ ကျွန်တော် လုပ်လိုက်ပါမယ်"
"မင်း ငိုနေတာလား"
"မငိုပါဘူး"
"ဘာဖြစ်လို့လဲ"
"ဟုတ်ကဲ့"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"ဒါပေမဲ့ ရွှယ်ယမ်"
"ရိ​ပေါ် တိတ်လှချည်လား"
"အင်း တိတ်သွားတာလား"
"ဟုတ်ကဲ့"
"ကောင်းတယ် ဆရာ"
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
"အေး"
"အေးပါ ငါလျှော့ပါမယ်"
Unicode
အရေးပေါ်ဆောင်မှာ အလုပ်လုပ်နေရသည်မှာ ငါးရက်ရှိနေပြီဖြစ်သည့်တိုင် ရိပေါ်တို့မှာ ကောင်းကောင်း မနားရသေးပေ သုံးဖွဲ့ထဲမှာ မိမိတို့အဖွဲတခုတည်း လူခြောက်ယောက်သာရှိသည့်အဖွဲ့ဖြစ်သည့်အတွက် အခြားနှစ်ဖွဲ့ထက် လူနည်းသည့်အပြင် သေပြေးရှင်ပြေး ပြေးလွှားရသော ဌာနတခုမှာဖြစ်လို့ သေအောင် ပင်ပန်းလှသည်။ ပိုဆိုးသည်မှာ သွေးကြောက်တတ်သော ဝမ်လင်က သွေးမြင်တာနှင့် အနားမကပ်တော့လေတော့ မိမိတို့မှာ ဝမ်လင်အစားပါ ဝင်လုပ်နေရခြင်းပင် ဖြစ်သည်။
ပင်ပန်းလာကြတဲ့အခါ အခြားလူတွေက ဝမ်လင့်ကို စိတ်တိုသော်လည်း လူတယောက်မှာ အကြောက်တရားတမျိုးစီရှိခြင်းကို သိထားသည့် ရိပေါ်ကတော့ မိမိကိုယ်တိုင်လည်း အမှောင်ကို သေမလောက် ကြောက်တတ်တာကြောင့် ကိုယ်ချင်းစာသဖြင့် ဝမ်လင်ကိုယ်စား ပိုလုပ်ပေးတာများသည်။
နေ့တစ်နေ့ရဲ့ နေ့လည်တခုတွင်တော့ အရေးပေါ်ဆောင်အတွင်း ဟိုပြေးဒီပြေးအလုပ်များနေသည့် အလုပ်သင်တစုနှင့်ဆန့်ကျင်စွာ ဆေးရုံကန်တင်းထဲ တဟီးဟီးတဟားဟားနှင့် ပွဲကျနေသော စီနီယာသုံးယောက်လဲရှိနေခဲ့သည်။
"မင်းတို့ အဖွဲ့က ကလေးတွေ အဆင်ပြေကြလား"
"ပြေပါတယ် ငါ့အဖွဲ့ကလေးတွေက ငါ့ထက်တောင် တည်ငြိမ်နေသေး"
"ဟုတ်လား ဝမ်ချောင်။ ကျန်းချန် မင်းရော"
"ငါ့အဖွဲ့လဲ အေးဆေးပါပဲ။ မင်းအဖွဲ့က ကောင်လေးတွေရော"
"ငါဆွဲခေါ်ရာနောက် တရွတ်တိုက်ပါနေကြတာပေါ့ကွာ။ဘဒါတောင် အခုထိ အရေးပေါ်လာရင် ဘေးကပဲ ကူခိုင်းသေးတာနော်။ အဲ့ဒါကိုပဲ တစ်လွဲတွေလုပ်နေတာ"
"အရမ်းလဲမတင်းကြပ်ပါနဲ့ကွာ ငါတွေ့လိုက်တယ် သူတို့တွေကို။ ပြီးတော့ အားနေ ကော်ဖီတို့ ခေါက်ဆွဲတို့ပဲ စားနေကြတာ။ ထမင်းလေးတော့ အေးဆေး ပေးစားလိုက်ပါကွ"
"အေးလေ တော်ကြာ ကလေးတွေ လဲကုန်မယ်နော်။ဘထမင်းလဲ မင်းက ကောင်းကောင်းပေးမစား၊ အိပ်ချိန်လဲ မရှိသလောက်ပဲ ဆိုတော့"
"ငါထမင်းစားချိန် အလုံအလောက် ပေးထားပါတယ်ကွ။ သူတို့ဘာသာ မစားကြတာ"
"ဟုတ်လို့လား"
"ဟုတ်ပါတယ်ဆို ကျန်းချန်ရယ်။ ငါက သူများ စားသောက်ချိန်ထိ နှောင့်ယှက်ပါ့မလား"
"ဘာလို့မစားကြတာတဲ့လဲ"
"မင်းလိုပဲ ငါသူတို့ကို မေးဖူးတယ် ဝမ်ချောင်။ ဘာဖြေလဲသိလား နေ့စဉ်နီးပါး သွေးသံရဲရဲတွေ၊ အကွဲအပြဲတွေ၊ ကျိုးကြေနေတာတွေပဲ မြင်နေရတော့ ဟင်းတွေ အဆီတွေကို မြင်တာနဲ့ အန်ချင်လာလို့ပါတဲ့။ အဲ့ဒါကြောင့် ငါလဲမပြောတော့တာ။ သူတို့ပင်ပန်းတာ ငါသိပါတယ်။ ခြေက်ယောက်ပဲရှိတဲ့ အဖွဲ့လဲဖြစ်ပြန် တယောက်က သွေးကြောက်လို့ တခုခုဆို အနားမကပ်ဘူး။ ကြိုးစားပြီးတော့ ကြောက်စိတ်ဖျောက်နိုင်အောင် လုပ်ပေမယ့် အရမ်းတော့လဲ မလုပ်ရဲဘူး ရှော့ခ်ဖြစ်မှာစိုးလို့။ အဲ့ဒီတော့ သူ့အစားပါ အခြားလူတွေက လိုက်လုပ်နေရတော့ ပင်ပန်းတာပေါ့"
"ကလေးတွေကို ကြိုဆိုပွဲလေး မလုပ်ပေးတော့ဘူးလား"
"စလာပြီ စလာပြီ ကလေးတွေ ကြိုဆိုပွဲထက် မင်း သောက်ချင်နေတာမဟုတ်လား ဝမ်ချောင် အရက်သမား"
"အဲ့ဒီလိုပြောတယ်ဆိုတော့ မင်းတို့က မသောက်ဘူးပေါ့"
"သြော် မသောက်လို့တော့ ဘယ်ကောင်းပါ့မလဲ"
"လူအကုန်သွားလို့ဖြစ်ပါ့မလား ရှောင်းကျန့်"
"အဲ့ဒါ ငါစီစဉ်ပါ့မယ် မင်းနဲ့ ကျန်းချန်က ဟိုဘက်အဖွဲ့ အားမယ့်ရက်ကို မေးပေး"
"မေးပြီးပြီ မနက်ဖြန်ရတယ်"
"ဒါမျိုးကျ မြန်လိုက်တာကွာ။ ဒါဆို ကိုယ့်အဖွဲ့က လူ ကိုယ်ပြောပြီး မနက်ဖြန် ညနေပိုင်း ၇ နာရီဆုံကြမယ်။ဘဆိုင်ကရော"
"ငါနဲ့သိတဲ့ ဆိုင်ရှိတယ်"
"ကျယ်လို့လား ကျန်းချန်"
"အကျယ်ကြီးပဲ မပူနဲ့"
"ကဲ သွားကြရအောင် ပစ်ထားလို့မရဘူး သူတို့ကို သွားကြည့်ရဦးမယ်"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ထမင်းစားချိန်  ခဏနားမည်မှ မကြံရသေးချိန်မှာပင် ရုတ်တရက်ထွက်ပေါ်လာသည့် အရေးပေါ်ဌာနမှ အကြောင်းကြားသံနောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထပြေးကြရပြန်သည်။
"ဝမ်လင် မင်းမလိုက်ရင် မလိုက်နဲ့"
"ရမလားဟ ဆရာ ငါ့ကို လုပ်မှာပေါ့ ယွီပင်ရယ်"
"ဟုတ်တယ် နေခဲ့ကွာ ပြီးရင် မင်းက သွေးမြင်ရင် ကြောက်သေး"
"ရွှယ်ယမ် အဲ့ဒီလိုမပြောပါနဲ့ကွ သူလဲဘယ်ကြောက်ချင်ပါ့မလဲ"
ဖန်ရှင်းက သူ့ဘက်မှ ကာပြောပေးသည့်အခါ ဝမ်လင်မှာ မျက်မှန်ကိုပင့်တင်၍ အားတက်သရောဆိုသည်။
"မင်းတို့စောင့်ကြည့်နေပါ နောက်ဆို အဲ့ဒီသွေးတွေကြားထဲမှာ ငါဘယ်လို စမတ်ကျနေမလဲဆိုတာ"
"စကားတွေမများနဲ့ မြန်မြန်ပြေး"
"ရိပေါ်ရော သူဘယ်မှာလဲ"
"မသိဘူး ကြားတဲ့နေရာကနေ လာမှာပေါ့ ရှာမနေနဲ့။ အရေးကြီးတာ ဟိုကို အမြန်ရောက်ဖို့ပဲ။ နောက်ကျရင် ဖြစ်ပျက်နေမယ့် ဆရာ့မျက်နှာကို မြင်ယောင်ကြည့်လိုက်ယုံနဲ့ ကျောချမ်းတယ်"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
တစ်ဖုန်းဖုန်း တစ်ဝုန်းဝုန်းဖြင့် ခြေကုန်သုတ်ပြေးလာကြသည့် အလုပ်သင်တစ်သိုက်က မိမိအနားသို့ အပြေးအလွှားရောက်လာသည်ကို ရှောင်းကျန့်ကြည့်နေလိုက်သည်။ ရောက်လာသည်မှာမှန်သော်လည်း အူကြောင်ကြောင်နှင့် ကြည့်ယုံသာကြည့်နေကြသည်အခါ နဂိုကမှမရှည်သည့်စိတ်က တိုလာရတော့သည်။
"ကြည့်မနေနဲ့ အောက်ဆီဂျင်mask တပ်ပေး"
"ဟုတ်ကဲ့"
ယွီပင်နှင့်ကောချန်က အောက်ဆီဂျင်တပ်သူကတပ်ပြီး တယောက်က ဒဏ်ရာကို သေချာကြည့်နိုင်ရန် အကျီၤကို ကတ်ကြေးနဲ့ဆွဲဖြဲနေသည်။ ကျန်နေသေးတဲ့ 3ယောက်ကိုလဲ ရှောင်းကျန့်ဝေ့ကြည့်ကာ။
"ရပ်မနေကြနဲ့ ဟိုဘက်က တွန်းလှည်းဒီဘက်ကိုပေး။ ဝမ်ရိပေါ်ဘယ်မှာလဲ"
"မသိဘူး ဆရာ ကျွန်တေ်တို့နဲ့ အတူမရှိဘူး"
တွန်းလှည်းအား ရှောင်းကျန့်အနား ဆွဲပေးရင်း ရွှယ်ယမ် ဝင်ဖြေလိုက်ချိန်စဉ်မှာပင် ဝမ်ရိပေါ်က အူယားဖာယား ပြေးဝင်လာပြီး မိမိဧ။်အကြည့်စူးစူးတွေကြောင့် တန့်သွားသည့်ဟန်။
"ဝမ်ရိပေါ်"
"ခင်ဗျာ..."
"ဒီမှာ လာခဲ့ သွေးလာဖောက်၊ ဒီဆေးပါ လာသွင်းပေး၊ ပြီးရင် သွေးအမျိုးအစား အမြန်ပြေးစစ်၊ ချက်ချင်း လိုချင်တယ်လို့ပြောလိုက်"
"ဟုတ်ကဲ့..."
စာတွေ့အများကြီးသင်ခဲ့ရသည်တိုင် ယခုထိ သေချာ မလုပ်ဖူးသေးသည့် သူတို့မှာ ပထမဦးဆုံးအကြိမ် ကိုယ်တိုင်ဝင်လုပ်ရလို့ ကြောက်ခြင်းရော၊ စီနီယာဧ။်အော်ငေါက်သံကို ကြောက်ခြင်းပါ ပေါင်းကာ အကုန်လုံးမှာ ပျာယာခတ်နေသည်။ အဲ့ဒီအထဲ ရိပေါ်ကိုယ်တိုင်လဲ အပါအဝင်၊ သွေးကြောကို ရှာနေသည့် လက်ကမငြိမ်တော့ပဲ လူနာလက်မှအကြောကို အပ်ကမထိုးမိ၊ အသားကိုသာ ဖောက်မိနေသည်မှာ ၅ချက်လောက်ရှိနေပြီဖြစ်ပြီး ဒါလဲ အကြောရှာမတွေ့သေး။
"မင်း ဒါလေးတောင် သေချာမရဘူးလား ဝမ်ရိပေါ်၊ အသုံးကိုမကျဘူး ဖယ်စမ်း"
ဟု ဆိုလာကာ မိမိကိုပါ တခါတည်း ဆောင့်တွန်း၍ သူကိုယ်တိုင် သွေးကြောရှာ ဆေးသွင်းလိုက်နောက် ထိုလူနာကို သယ်ဆောင်လာသော ဆေးဝါး အကူများကိုလှမ်းမေးနေသည်။
"လူနာက ဘာဖြစ်တာလဲ"
"တောင်တက်နေရင်း လဲကျတာ ဆရာ"
'BP နဲ့ BPM"
"BP 70 BPM 110 ပါ ဆရာ"
"ပုံမှန်ထက် အသက်ရှုနှုန်းဘယ်လောက်များနေလဲ"
"..........."
"ငါမေးနေတယ်လေ တယောက်မှ မသိဘူးလား"
"30 ပါဆရာ"
ထပ်အအော်မခံရခင် အသည်းအသန် ဝင်ဖြေလိုက်သည့် ရိပေါ်ရဲ့အဖြေမှန်ပုံရသည်။ ခေါင်းတချက် ညိမ့်ပြလာမှ ရိပေါ်မှာ ရင်ထဲက အလုံးကြီးကျသွားသည့်တိုင် ဒီလောက်နဲ့ မပြီးသေးပေ။
"Potassium ပမာဏဘယ်လောက်လဲ။ Oxygen ပမာဏရော"
"Potassium 2 လီတာ Oxygen level 15"
"နှလုံးနဲ့ပတ်သတ်တဲ့ နောက်ကြောင်းရှိမရှိနဲ့ CT ရိုက်ဖို့ပြင်ထား၊ သွေးစစ်ဖို့ သွားပေးနေပြီလား"
"ဟင့်အင်းဆရာ..."
"မင်းတို့တွေ ဒီကို လေညင်းခံဖို့ရောက်နေကြတာလားဟမ်!။ ဝမ်ရိပေါ် အခု အဲ့ဒီဟာကိုသွားစစ်"
"ကျွန်တော်လား"
"ဟုတ်ပါတယ် သခင်လေးကို ပြောနေတာပါ ။ အခုသွား"
မအော်ချင်လည်းအော်နေရသည့် မိမိအဖြစ်ကိုတောင် ရှောင်းကျန့် သနားလာရသည်။ တကယ့်ကိုအူကြောင်ကြားလေးတွေ ဖြစ်နေကြကာ လမ်းပျောက်နေကြသလိုပင်၊ ခဏအကြာမှာတော့ ရိပေါ်ပြန်ရောက်လာပြီးနောက်
"သွေးစစ်ချက် ရပါပြီ"
ဟုဆိုလာသည့်အခါ ယူဖွင့်ကြည့်လိုက်သည့် မိမိမျက်နှာမှာ တမဟုတ်ချင်း မည်းမှောင်သွားရသည်။
"ဒါလား သွေးစစ်ချက် ငါပြောတာ မရှင်းတာလား ၊ မင်းပဲ အသုံးမကျတာလား၊ ယူမလာခင် မစစ်ခဲ့ဘူးလား"
"ဟုတ်ကဲ့ မစစ်မိလိုက်ပါဘူး။ တောင်းပန်ပါတယ် ဆရာ"
"သွေးဖောက်တာ မင်းကိုယ်တိုင် မဟုတ်လား ဝမ်ရိပေါ်"
"ဟုတ်ကဲ့"
"ဘယ်လောက်ပဲ အလုပ်သင်ဆိုဦးတော့ သွေးပြန်ကြောနဲ့ သွေးလွှတ်ကြောကို မှားဖောက်ရအောင်ထိ အသုံးမကျရလား။ မင်းဦးနှောက်ကသုံးဖို့နော် ဒီဦးနှောက်က သုံးဖို့"
သူဧ။်ခေါင်းကို တဖတ်ဖတ် ရိုက်ရင်းပြောလိုက်တော့ လူကြားထဲမှာမို့ ရှက်စိတ်ရော ဒေါသစိတ်ပါ ပေါင်းသွားစန်ဖြင့် ရိပေါ်က လက်ထဲမှပစ္စည်းကို အရှိန်နဲ့ဆောင့်ချလာသည်။
"ဝမ်ရိပေါ် အရိုင်းအစိုင်း အပြုအမူတွေပြင်ထား၊ မင်းမိဘတွေ မဆုံးမဘူးလား"
ဟု ပြောကာမှပစ္စည်းကို ဘုတ်ခနဲပစ်ချကာ လှည့်ပါထွက်သွားခဲ့သည်။
"ဝမ်ရိပေါ် သွေးပြန်ဖောက်ပြီး စစ်ရမယ်လေ ဘယ်ကို သွားနေတာလဲ"
"ဟိုလေ ဆရာ ကျွန်တေ်ာ လုပ်လိုက်ပါမယ်"
ဖန်ရှင်းက ပြောပြောဆိုဆိုနဲ့ပင် သွေးဝင်ဖောက်ကာ စစ်ဆေးရန် ယူသွားခဲ့သည်။ မျက်စိပျက်မျက်နှာပျက်ဖြင့် ထွက်သွားတဲ့ ရိပေါ်နှင့်ကိုကြည့်နေသည့် မိမိကို ကျန်သူများကလဲ ကွက်ကြည့်ကွက်ကြည့်ပေမို့ ငါလွန်သွားပြီဟုပါ ရှောင်းကျန့် တွေးမိလာရသည်။ ထို့ကြောင့်
"ဒီလူနာကို စောင့်ကြည့်ထားပြီး ထူးခြားတာ တွေ့ရင် လာခေါ်"
ထို့နောက်တွင်တော့ ရှောင်းကျန့်ဧ။် ခြေလှမ်းများက မရည်ရွယ်ပါဘဲနှင့် ရိပေါ်ထွက်သွားခဲ့ရာနောက်သို့ လိုက်သွားမိသည်။ အရှေ့လျှောက်လမ်းမှာ မတွေ့ရသည်မို့ Toilet ထဲ ဝင်သွားဟန်တူသည်။ လိုက်ဝင်ရန်အလုပ် ပြန်ထွက်လာသည့် ရိပေါ်နှင့် တန်းတိုးသည့်အခါ ဘာရယ်မဟုတ် သူ့မျက်နှာကို လှမ်းကြည့်လိုက်သည်။ ရေတွေစိုနေသော ဆံပင်စအချို့နှင့်အတူ မျက်နှာသစ်ထားပြီး နီရဲစပြုနေသော မျက်လုံးနဲ့နှာခေါင်းကို ကြည့်ချင်းအားဖြင့် ငိုထားမှန်း ရှောင်းကျန့် သဘောပေါက်လိုက်ပြီဖြစ်သည်။ ထိုကြောင့် ဘေးမှ ကပ်ရှောင်ထွက်ရန်ကြိုးပမ်းနေသည့် ထိုကောင်လေးကို လှမ်းဆွဲလိုက်တော့သည်။
"မင်း ငိုနေတာလား"
"မငိုပါဘူး"
"ခုန ငါပြောလိုက်တာကြောင့်လား"
"မဟုတ်ပါဘူး အိပ်ရေးပျက်လို့ မျက်လုံးတွေ စပ်နေလို့ မျက်နှာသွားသစ်လာတာ။ ကျွန်တော် သွားလိုက်ဦးမယ်"
လှည့်ထွက်သွားသည့် ရိပေါ်မှာ ခြေထောက်ထော့နဲ့ထော့နဲ့နှင့် ဖြစ်နေခြင်းကို အခုမှပင် သတိထားမိပြီး ကားနှင့်တိုက်ခဲ့မိသည့် အကြောင်းကပါ ရှောင်းကျန့်ခေါင်းထဲ ပြန်ရောက်လာသည်။
"နေဦး မင်းခြေထောက်က မပျောက်သေးဘူးလား။ ဘယ်နား ထိသွားတာလဲ ပြစမ်း"
"နည်းနည်းပဲ နာတော့တာပါ"
"ငါပေးလိုက်တဲ့ ဆေးမလိမ်းဘူးလား ကုန်သွားတာလား"
"မဟုတ်ဘူး မလိမ်းလိုက်ရဘူး"
"ဘာဖြစ်လို့လဲ"
"ဘယ်နားထားမိမှန်း မသိတော့လို့"
"စည်းကမ်းရှိချက်ကတော့ သွားနှင့် ပြီးရင် ငါပေးမယ်။ ခြေထောက်နာနေတယ်ဆိုလဲပြောလေ ပါးစပ်က၊ ငါတို့က မသိတော့ ဟိုသွားဒီသွားသွားခိုင်းတော့ မင်းခြေထောက်ပိုဆိုးမှာပေါ့"
"ဟုတ်ကဲ့"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"တော်ပါသေးတယ် နေ့လည်က ရောက်လာတဲ့ လူနာက ဘာမှ ထပ်မဖြစ်တော့လို့။ မဟုတ်ရင် ငါတို့တွေ အပြောအဆို ခံရဦးမယ်။ အမှန်တိုင်းပြောရရင် ငါဆက်တောင် မဆင်းချင်တော့ဘူး"
"အဲ့ဒီလိုလဲမဟုတ်ပါဘူးကွာ ဝမ်လင်ရာ။ စိတ်ညစ်ပေမယ့် ဒီလိုပဲ လုပ်ရမှာပေါ့"
"ဒါပေမဲ့ ရွှယ်ယမ်"
"ဟုတ်တယ် ရွှယ်ယမ်ပြောတာမှန်တယ်။ ငါကတော့ လက်မလျှော့ဘူး..."
"မင်းက နဂိုကတည်းက အကြောတင်းတဲ့ကောင်ကိုး ကောချန်ရဲ့"
"ရိပေါ် တိတ်လှချည်လား"
စကားဝိုင်းထဲဝင်မပါ ငြိမ်နေမိသည့် မိမိပခုံးကိုတိုက်ရင်း မေးလာသည့် ယွီပင်အား ရိပေါ်ပြုံးပြလိုက်သည်။
"အင်း တိတ်သွားတာလား"
"စိတ်မကောင်းဖြစ်သွားတာလား"
"မဟုတ်ပါဘူး ငါ့အတွက် ရိုးနေပါပြီ ဖန်ရှင်းရာ။ ထူးထူးထွေထွေ မခံစားပါဘူး"
"ဒီနေ့တော့ ဘာပဲပြောပြော ဆရာလွန်တယ်။ ပြောချက်ကြီးတွေက ကြောက်စရာကြီး"
"ဒီလိုတော့လဲ မဟုတ်ပါဘူူး။ လူနာ အသက်လုနေရတဲ့ အချိန် ငါတို့က တလွဲတွေလုပ်နေတော့..."
ယွီပင်ဧ။်စကားမဆုံးခင်မှာပင် ကောချန်ဧ။်အလောတကြီး တားမြစ်သံက ထွက်ပေါ်လာခဲ့သည်။
"ဟေ့ကောင်တွေ တော်ပြီ တော်ပြီ။ ဟိုမှာလာနေပြီ"
ခပ်ကြိတ်ကြိတ်ဖြင့် ရုံးစုရုံးစုဖြစ်နေသည့် ထိုအလုပ်သင်တွေက မိမိကိုတွေ့လိုက်သည်နှင့် မကောင်းဆိုးဝါး တွေ့လိုက်ရသည့်နှယ် မျက်နှာပျက်ယွင်းနေကြသည်ကို ကြည့်၍ ရှောင်းကျန့်မှာ သနားလည်းသနား၊ ရယ်လည်း ရယ်ချင်နေတာ အမှန်ပင်။
"ကဲ မနက်ဖြန်ညနေ မင်းတို့ အလုပ်သင်တွေ အကုန်လုံးကို ကြိုဆိုပွဲရှိတယ်"
နောက်ဆုံးတော့ ဒုက္ခပင်လယ်ထဲကနေ ခPတာလွတ်မြောက်နိုင်မည့် အိုအေစစ်လေးပါလား ဟု တွေးမိကြသည်လားမသိ၊ မျက်နှာတွေက ပြုံးစိစိ။
"သန်ဘက်ခါကစပြီး အချိန်နဲ့ မင်းတို့ကို အနားပေးမယ်"
ဟေးခနဲအော်လိုက်ရန် ပြင်နေကြသည့် သူတို့မှာ မိမိဧ။် အကြည့်တွေကြောင့် မြှောက်လိုက်တော့မယ့် လက်တွေကို ပြန်ချရင်း မျက်နှာသေနဲ့သာ ဟုတ်ကဲ့ဟုသာ ဖြေလာကြသည်။
"မနက်ဖြန် ညနေပွဲက အကုန်တက်ရမယ်။ အကုန်သွားလို့ရအောင် ငါနဲ့ငါ့သူငယ်ချင်းနှစ်ယောက်က အခြားအဖွဲ့နဲ့ ဂျူတီခဏချိန်းထားတာ။ ဒီမှာ မင်းတို့နားရမယ့် အချိန်ဇယား မနက်ဖြန်ပွဲပြီးပြီး နောက်ရက် အနားရမယ့် လူတွေက ပွဲမှာ ကြိုက်သလို နေနိုင်တယ်။ ဂျူတီပြန်ဝင်ရမယ့်သူတွေနဲ့ နောက်ရက် ဂျူတီရှိတဲ့သူတွေက ကိုယ့်အချိန်ကိုယ်သိပြီး ကိုယ့်ဘာသာပြန်မယ်နော်။ ငါမပြောရစေနဲ့ ငါတို့လဲခဏပဲရှိနိုင်မှာ ကြားတယ်နော်"
"ဟုတ်ကဲ့"
"ပြီးတော့ ဘယ်အချိန်ထိ ထမင်းကောင်းကောင်းမစားပဲ နေကြမှာလဲ။ ဒီနေ့ညနေကစပြီး သေချာစား၊ ထမင်းကောင်းကောင်း မစားနိုင်ရင် ဘယ်လို အလုပ်ကောင်းကောင်း လုပ်နိုင်မှာလဲ။ ဟိုကောင် ဝမ်လင် အခြေအနေကောင်းလား။ သွေးမြင်ရင် ကြောက်တဲ့ကောင်ဆိုတော့"
"ကောင်းတယ် ဆရာ"
"အေး ပြီးရော နောက်တခု ကျန်သေးတယ်။ ဆရာ ဆရာနဲ့ မခေါ်ကြနဲ့ အစ်ကိုလို့ခေါ်ကြ။ ငါက မင်းတို့ဆရာ မဟုတ်ဘူး ကြားလား"
"ဟုတ်ကဲ့"
"ငါပြောတာတွေမှတ်နော် မှားတာတို့ လွဲတာတို့ဆို ဖိုင်းချမယ်"
"ဟုတ်ကဲ့"
"အေး ရပြီ သွားတော့ နားကြ။ အရေးပေါ်ရှိလာရင် ခေါ်မယ်"
ခေါင်းလေးတွေညိတ်ကာ ခပ်ရို့ရို့ဖြင့် အလျိုလျို ထွက်သွားကြပြီးသည်နှင့် ရှောင်းကျန့်မှာ ဝမ်ချောင်ကို ဖုန်းခေါ်လိုက်သည်။
"မနက်ဖြန်ကိစ္စ ငါပြောပြီးပြီနော် 7နာရီမဟုတ်လား"
"အေး"
"ပြီးတော့လေ ဝမ်ချောင် ဟိုကောင်လေးက ခြေထောက်က အခုထိ ထော့နဲ့ထော့နဲ့ဖြစ်နေလို့ တပတ်ကျော်နေပြီဆိုတော့ မကုပဲထားရင် ဒဏ်ဖြစ်သွားပြီး တသက်လုံး အဲ့ဒီလို ဖြစ်သွားမှာစိုးလို"
"သြော် မင်းလဲဆရာဝန်ပဲ ကြည့်ပေးလိုက်လေ"
"မင်းက အဲ့ဒီအပိုင်း အထူးကုလေ ငါ့ထက်ပိုသိမှာပေါ့။ ပြီးတော့ ဒီနေ့ သူ့အပေါ်ငါပြောတာ နည်းနည်းလွန်ထားတာရော၊ သူတို့တွေက ငါ့ဆိုရင် အကြောင်းမဲ့ ကြောက်နေကြတာရောကြောင့် ငါကြည့်မယ်ဆို အကြောက်အကန်ငြင်းမှာ အဲ့ဒါကြောင့်.."
"အကြောင်းမယ့်တော့ ဘယ်သူမှ မကြောက်ပါဘူးကွာ။ မင်းကလဲ အရမ်းတင်းကြပ်လွန်းတယ်။ သူတို့တွေက လက်တွေ့အခုမှ ဆင်းဖူးတဲ့သူတွေလေ။ လွဲတာမှားတာ ရှိမှာပေါ့ အရမ်းအော်ငေါက်နေရင် ကြောက်လန့်ပြီးပိုဆိုး ပိုမှားကုန်ရော"
"အေးပါ ငါလျှော့ပါမယ်"
"အဲ့ဒီလိုပြောပြီး ဘယ်နှစ်ဖွဲ့ရှိပြီလဲ မင်းလက်ထဲကနေ စိတ်ဆင်းရဲစွာ ကျော်ဖြတ်သွားကြတဲ့ အလုပ်သင်လေးတွေ"
"ငါ အဲ့ဒီလောက်ဆိုးနေလား ငါက စည်းကမ်းတကျ ဖြစ်စေချင်လို့ပါ။ ငါမှားခဲ့တဲ့အမှားတွေ သူတို့ကို မကြုံစေချင်လို့ပါ"
"အေးပါကွာ သိပါတယ် လာ ကျန်းချန်ဆီသွားရအောင်.."
ပြန်နားခွင့်ရလိုက်စဉ်ကတည်းက ပေးထားသည့် နားနေခန်းလေးဆီ ပြေးကြကာ အိပ်စင်လေးတွေပေါ် ကိုယ်စီကိုယ်စီ တက်ကြရင်း မိနစ်ပိုင်းမှာတင် အိပ်ပျော်သွားခဲ့ကြသည့် အလုပ်သင်တစ်သိုက်မှာ သူတို့အခန်းကို တချက်ဖွင့်ကြည့်ပြီး မီးမှိတ်ပေးသွားသည့် သူတို့ဧ။်စီနီယာဧ။် အပြုအမူကို မသိနိုင်ကြတော့ပေ။
Continue Reading
You'll Also Like
224K 2.4K 18
❝ 𝘰𝘯𝘭𝘺 𝘭𝘰𝘷𝘦 𝘤𝘢𝘯 𝘩𝘶𝘳𝘵 𝘭𝘪𝘬𝘦 𝘵𝘩𝘪𝘴 ❞ ╰┈➤ 𝐈𝐅 𝐓𝐇𝐄𝐘 𝐅𝐄𝐋𝐋 𝐈𝐍 𝐋𝐎𝐕𝐄 𝐎𝐍𝐂𝐄, 𝐂𝐎𝐔𝐋𝐃 𝐈𝐓 𝐇𝐀𝐏𝐏𝐄𝐍 𝐀𝐆𝐀𝐈𝐍? ...
170K 8.3K 16
Arthit had never quite mastered suppressing his emotions. He wished he had. A fanfiction based on the Thai Series, Sotus the Series.
597K 21.6K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
4.6K 1.1K 7
There are no perfect people on earth🥀🌎 හැම මනුස්සයෙක් ම සර්ව සම්පූර්ණ නෑ. හැමෝගෙම ලඟ මොකක්හරි අඩුපාඩුවක් තියෙනවා. ඒ දේ ලොකු වෙන්නත් පුළුවන් පොඩි වෙ...