My Ex Is My Husband [ Complet...

By _AgathaChan

985K 76.4K 2.7K

တစ္ခ်ိန္က အခ်ိဴးမေျပလို႔ လမ္းခြဲခဲ့တဲ့ ကိုယ့္ Ex အစုတ္ပလုတ္ေလးဟာလည္း ကိုယ့္ေယာက္်ားျဖစ္လာႏိုင္ပါတယ္ ။ တစ်ချိန... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
FINAL
Extra- New year
Attention Please
📣 Announcement 📣
Book Order !!!!!

Chapter (21)

32.9K 2.7K 136
By _AgathaChan

ရိေပၚ နဲ႔ ေ႐ွာင္းက်န္႔ ရဲ႕ ေလ်ွာက္လည္မယ္ဆိုတဲ့ အစီအစဥ္ ေလးမွာ ဂ်ပန္ကအက်ိဴးတူပူးေပါင္းမယ့္ ပေရာဂ်က္ေတြ႔ဆံုပြဲႀကီး ေအာက္တြင္ ေပ်ာက္ဆံုးသြားရသည္ ။

"စိတ္မဆိုးနဲ႔ အလုပ္ေတြၿပီးရင္ ေလ်ွာက္လည္ၾကမယ္"

ရိေပၚက မွန္ေ႐ွ႕မွာ necktie ကိုစည္းရင္း ကုတင္ေပၚမွာ စူပုပ္ပုပ္နဲ႔ထိုင္ေနတဲ့ သူ႔ကိုကို ကိုၾကည့္ကာေျပာလိုက္သည္ ။

ေ႐ွာင္းက်န္႔ စူပုပ္ပုပ္နဲ႔...

"မင္း ေျပာတာေလ ေလ်ွာက္လည္မယ္လုိ႔! "

"ကိုကို ဆြဲေပးတဲ့ design နဲ႔ အဆင္ေျပသြားတာေလ ။
ေမာင္ သြားမွျဖစ္မွာေပါ့"

"ေအး! ေရခဲ႐ိုက္မ်က္ႏွာထားနဲ႔ပဲေန ။ ရက္ေရာၿပီး ပြဲက
ေကာင္မေလး ေတြကို ရယ္ျပမေနနဲ႔ေနာ္"

ရိေပၚ ခပ္ဟဟရယ္ရင္း ကုတင္ေပၚထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ နဖူးကုိ ငံု႔နမ္းလိုက္သည္ ။

"ေမာင့္ အျပံဳးေတြက ကိုကို႔ အတြက္ပဲဟာ ေတြးပူမေနနဲ႔ "

"မင္း ဘာလို႔ နဖူးကိုနမ္းတာလဲ"

"ႏႈတ္ခမ္းကိုနမ္းရမလား"

ရိေပၚ က ခပ္ရြဲ႔ရြဲ႔ျပံဳးၿပီး အနားတိုးလာတာေၾကာင့္..

"ေတာ္စမ္း!! ေနာက္က်ေနမယ္ "

တဟားဟားရယ္ရင္း ထြက္သြားတဲ့ ရိေပၚ ကို ၾကည့္ၿပီး ေ႐ွာင္းက်န္႔ မ်က္ေစာင္းထိုးလိုက္မိသည္ ။

ရိေပၚ က အျမင္ကတ္စရာေလးေပမယ့္ ကိုယ္တစ္ေယာက္ကလြဲရင္ က်န္တဲ့သူေတြကုိ ႏိုးအဖက္ ၊ ႏိုးအရည္ ဆိုေတာ့လည္း ေ႐ွာင္းက်န္႔ေလးက မာန္ေတြတအားတက္...အဟိ ။

...........

အအနက္ေရာင္ လည္ဖံုးဆြယ္တာ႐ွည္ကို အေပၚကေန အနက္ေရာင္ suit မွာ အျဖဴေရာင္ ႏွင္းမႈန္ေလးေတြ ကပ္ထားသလို တလက္လက္ေတာက္ေနတဲ့ ဒီဇိုင္းနဲ႔ ရိေပၚ က ပြဲအတြင္းမွာ႐ွိတဲ့ မိန္းကေလးေတြရဲ႕ စိတ္ကူးယဥ္ အိမ္မက္မင္းသားေလး ျဖစ္သြားသည္ ။

အိမ္မက္မင္းသားေလး မွာ ပို္င္႐ွင္ျကီးငုတ္တုတ္႐ွိတာကို
မသိတဲ့ အမိတို႔ကေတာ့ စိတ္ကူးပဲဆက္ယဥ္ေနလိုက္!။

"ဝမ္ရိေပၚ!!"

ပန္းေရာင္ ဒူးဖံုးဂါဝန္ေလးနဲ႔ ေ႐ွာင္ခ်င္း ။

"ေ႐ွာင္ခ်င္း! နင္ ဒီမွာဘာလုပ္ေနတာလဲ"

"လင္လာ႐ွာတာ!!"

"ဘာ!!"

ေ႐ွာင္ခ်င္း အူထြက္သြားတဲ့ နားတစ္ဖက္ကို
ခပ္ဖြဖြပြတ္ရင္း...

"ငါ့ သတို႔သားေလာင္းနဲ႔လာတာပါဟ ။ ဒီပြဲမွာ သူလည္းပါတယ္"

ထိုေတာ့မွ ရိေပၚ ေခါင္းတညိတ္ညိတ္နဲ႔...

"ငါ့ကုိေတာင္ မိတ္ဆက္မေပးဘူး"

"မိတ္ဆက္ေပးမွာေပါ့! ။ ဒါနဲ႔ ခဲအိုေခ်ာေခ်ာေလးေရာ"

ေ႐ွာင္ခ်င္းက ေဘးပတ္လည္ကို႐ွာၾကည့္ကာ ေမးလိုက္သည္ ။

"မပါဘူး!"

"ရန္ျဖစ္ထားတာလား"

"မဟုတ္ပါဘူးဟ! ။ ဟိုမွာ နင့္သတို႔သားေလာင္း
ေခၚေနၿပီ"

ေ႐ွာင္ခ်င္း တစ္ခ်က္လွည့္ၾကည့္ၿပီးမွ...

"သြားၿပီေနာ္... ဟီး"

ေဒါက္ဖိနပ္ တဂြပ္ဂြပ္နဲ႔ ထြက္သြားတဲ့ ေ႐ွာင္ခ်င္း ကိုၾကည့္ၿပီး
ရိေပၚ ျပံဳးလိုက္မိပါသည္ ။

ဒီေကာင္မေလးဟာေလ လုပ္ခ်င္တာလုပ္ရရင္
ေပ်ာ္ေနေတာ့တာပဲ ။

ေခတၱၾကာၿပီးေနာက္...။

"ေဟး...ဟန္နီ ၊ တို႔ေတြရဲ႕ ပေရာဂ်က္ပူးေပါင္းမႈအတြက္"

ယူရီ က ႐ွန္ပိန္ တစ္ခြက္ကမ္းေပးလာေတာ့ ရိေပၚ
ျငင္းလို႔မေကာင္းတာနဲ႔ ယူၿပီး ခြက္ခ်င္းတိုက္လုိက္ရသည္ ။

"ဒါနဲ႔ ကြၽန္ေတာ့္ ကုိ သူေဌးဝမ္ လို႔ပဲ ေခၚေပးပါ "

ယူရီ က ရိေပၚ လက္ေမာင္းတစ္ေလ်ွာက္ကို ခပ္ဖြဖြ ပြတ္သပ္ရင္း...

"ဟန္နီ က အေခၚအေဝၚေလးပဲကို တြန္႔တုိလိုက္တာ!"

ရိေပၚ ေနရခက္တာေၾကာင့္ ေနာက္ကိုေျခတစ္လွမ္း
ဆုတ္လိုက္သည္ ။ ၿပီးေတာ့ သူ႔အသားကို ကုိကိုကလြဲရင္တျခားသူေတြထိတာ လံုးဝမႀကိဳက္ပါ ။

တျခားေနရာမွာ ဆုိရင္ေတာ့ ထုိမိန္းမကို ရိေပၚ ပက္ပက္စက္စက္ ေျပာပစ္မွာျဖစ္ေပမယ့္္ ကိုယ့္ company နဲ႔ ပူးေပါင္းမယ့္ ႐ွယ္ယာ႐ွင္ျဖစ္တာရယ္ ၊ ပြဲမွာျဖစ္တာရယ္ေၾကာင့္ ရိေပၚ စိတ္ထိန္းထားလိုက္သည္ ။

ယူရီ က ရိေပၚ လက္ကိုဆုပ္ကိုင္လိုက္သည္ ။

"ေမာင္..."

ေခၚသံနဲ႕အတူ ရိေပၚ ရဲ႕ လက္ေမာင္းကို လာခ်ိတ္တဲ့ ေ႐ွာင္းက်န္႔ ။

"ကုိကုိ ဘယ္လိုလုပ္ၿပီး"

ရိေပၚ သူ႕လက္ကို ကိုင္ထားတဲ့ ယူရီ လက္ကို ဖယ္ထုတ္ပစ္လိုက္သည္ ။

"ေမာင့္ အနားမွာ ဂ်ပန္သရဲမႀကီး ကပ္ေနတယ္ဆိုလို႔"

ေဆးဆိုးပန္း႐ုိက္မ်က္ႏွာႏွင့္ ယူရီ ကိုၾကည့္၍ ေျပာလာသည့္ ကိုကို႔ကိုၾကည့္ကာ ရိေပၚ သေဘာက်လြန္း၍ရယ္ခ်င္ေပမယ့္ မနည္းထိန္းထားရသည္ ။

"႐ွင္က ဘယ္သူလဲ "

"မင္း ငမ္းေနတဲ့ လူသားေလးရဲ႕ တရားဝင္ေယာက္်ား"

ယူရီ မ်က္ႏွာက ေဒါသေၾကာင့္ ရဲတက္လာသည္ ။

"ဘာ!! "

"ၾကည့္ပါဦး ၊ မ်က္ႏွာႀကီးရဲလာၿပီ ။ င႐ုပ္ပြသီးႀကီး က်ေနတာပဲ"

ယူရီသည္ ေ႐ွာင္းက်န္႔ ကုိ လက္ညိွဳး တထိုးထုိးနဲ႔...

"႐ွင္!!...႐ွင္!!!"

"အယ္..အယ္...လက္ညိွဳးႀကီး ငါ့မ်က္ႏွာထဲဝင္လာဦးမယ္"

ေ႐ွာင္းက်န္႔ ပံုမွန္ဆို မိန္းကေလးေတြနဲ႔ ရန္မျဖစ္ဘူး ။

ခုဟာက ကုိယ့္ေယာက္်ားကို မ်က္လံုးကြၽတ္က်မတတ္ငမ္းရံုတင္မက အသားပါလာထိေတာ့ သူကိုယ္တိုင္ကလည္း ထိုအခ်င္းအရာအတြက္ ခႏီၶပါရမီျပည့္စံုသူ မဟုတ္ေလေတာ့ ရန္ေတြ႔ရျခင္းပင္ ။

မိတ္ကပ္ပိေနတဲ့ ဂ်ပန္သရဲမ႐ုပ္နဲ႔ ငါ့ ရိေပၚေလးကို လာငမ္းေနတယ္!!! ။

ရိေပၚ ကေတာ့ သဝန္တိုေနတဲ့ ယုန္လံုးေလးကို ၾကည့္ၿပီး
ကိုက္စားခ်င္စိတ္တဖြားဖြား ။

"ဝမ္ရိေပၚ ပူးေပါင္းမယ့္ ပေရာဂ်က္ကိုဖ်က္တယ္"

ရိေပၚ တည္တည္ၿငိမ္ၿငိမ္နဲ႔...

"မစၥမိုတုိကို ယူရီ ရဲ႕ သေဘာအတိုင္းပါပဲ"

"ႏွာေခါင္းနဲ႔ အလုပ္လုပ္တာဆိုေတာ့ ျဖစ္တတ္ပါတယ္"

ေ႐ွာင္းက်န္႔ ရဲ႕ စကားေၾကာင့္ ယူရီ အံႀကိတ္ၿပီး သူတို႔အနားက
ထြက္သြားေလသည္ ။

ရိေပၚ ကသေဘာတက်ရယ္ရင္း ေ႐ွာင္းက်န္႔ ပခံုးေတြကို ဆုပ္ကိုင္ကာ သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္လိုက္သည္ ။

"ဘယ္လိုေရာက္လာတာလဲ"

"မင္း ၾကည္ႏူးေနတာ ေႏွာင့္ယွက္မိလို႔လား"

"အခုမွ ၾကည္ႏူးတာ...မြ"

ငါေတာ့ ဒင္းအားတိုင္း မြ ေနတာနဲ႔ ပ႐ုပ္လံုးျဖစ္ေတာ့မယ္!!

"မ႐ွက္ဘူးလား"

"႐ွက္စရာလား ၊ ကိုယ့္ေယာက္်ားကိုယ္နမ္းတာ"

"ေ႐ွာင္ခ်င္း ဖုန္းလွမ္းဆက္တာ ။ မင္း အနားမွာ ကပ္ေနတာေတြ ႐ွိေနတယ္ ဆိုလို႔"

"ကြၽန္ေတာ့္ ရဲ႕ သူရဲေကာင္းေလးေပါ့!"

"ဘယ္လိုလုပ္မလဲ ။ မပူးေပါင္းေတာ့ဘူးတဲ့... ငါ့ေၾကာင့္"

ရိေပၚ ျပံဳးလိုက္ကာ ေ႐ွာင္းက်န္႔ ႏႈတ္ခမ္းေပၚ လက္ညိွဳးေလးတင္လုိက္သည္ ။

"႐ွဴး!...႐ွယ္ယာ႐ွင္ တစ္ေယာက္ေလ်ာ့တာနဲ႔ ကြၽန္ေတာ့္
company မထိခိုက္ပါဘူး ။ ဒါနဲ႔ ဘာလုိ႔
အရမ္းၾကည့္ေကာင္းေအာင္ ဝတ္လာတာလဲ"

ရိေပၚလိုပင္ ဆြယ္တာအနက္ေပၚမွာ suit ထပ္ဝတ္လာတဲ့
ေ႐ွာင္းက်န္႔ က gentleman ဆန္ဆန္ေလး ။

ရိေပၚ စကားေၾကာင့္ ေ႐ွာင္းက်န္႔ မ်က္ႏွာမွာရံႈ႕မဲ့သြားရသည္ ။

"အဲ့ေတာ့ ငါက ဒီကို အိမ္ေနရင္းဝတ္စံုနဲ႔ လာရမွာလား"

ဘာမွမဟုတ္ဘူး ။
ငါ သူ႔ထက္ေခ်ာေနလုိ႔ မနာလိုျဖစ္ေနတာ!!! ။

ရိေပၚ ေ႐ွာင္းက်န္႔ ရဲ႕ ကိုယ္ေပၚ ကုတ္အက်ႌအ႐ွည္ႀကီး
ျခံဳေပးၿပီး မ်က္ႏွာကို mask အုပ္ေပးလိုက္သည္ ။

"mask ႀကီးက ဘာလုပ္တာတုန္း!!"

"ကိုကို အရမ္းေခ်ာေနတယ္ ။ ေကာင္မေလးေတြ
ဝိုင္းၾကည့္ေနလို႔!"

ရိေပၚ လုပ္ပံုေၾကာင့္ ေ႐ွာင္းက်န္႔ ပြဲထဲေရာက္လာတဲ့
ဆယ့္တစ္လီလိုလို ၊ ယာကူဇာဂုိဏ္းက ေခါင္းေဆာင္လိုလို ။

ခင္ဗ်ားတို႔ စဥ္းစားၾကည့္ဗ်ာ! ။
ကုတ္အ႐ွည္ႀကီး ျခံဳထားရတဲ့အျပင္ ၊ mask ႀကီးက
အုပ္ထားရေသး ။ လူကို ယာကူဇာဂုိဏ္းက ေခါင္းေဆာင္ဆုိၿပီး
ေသနတ္နဲ႔ လာမခ်ိန္ၾကတာ ကံေကာင္း!!!

ၿပီးတဲ့အခါမွာ ရိေပၚက ေ႐ွာင္းက်န္႔ ကို သတုိ႔သမီးလို ေပြ႔ခ်ီလိုက္သည္ ။

"ဘာလုပ္တာလဲ! ၊ ျပန္ခ်ေပး "

"ၿငိမ္ၿငိမ္မလုိက္ရင္ ပခံုးေပၚ ထမ္းသြားမယ္"

ေ႐ွာင္းက်န္႔ ဘာမွျပန္မေျပာေတာ့ဘဲ ၿငိမ္ေနလုိက္သည္ ။

ၿငိမ္မေနလို႔မရ ဒင္းကေျပာရင္ေျပာတဲ့အတိုင္းလုပ္တတ္သူမလို႔ ။

ခပ္ေခ်ာေခ်ာေကာင္ေလးနဲ႔ mask အုပ္ထားတဲ့
ဂုိဏ္းေခါင္းေဆာင္လို လူႏွစ္ေယာက္ ပြဲထဲက ထြက္သြားတာေၾကာင့္ အကုန္လံုးက အထူးအဆန္းလိုက္ၾကည့္ေနၾကသည္ ။

တစ္ခုပဲ ဂိုဏ္းေခါင္းေဆာင္လို ေကာင္ေလး က ခပ္ေခ်ာေခ်ာေကာင္ေလး ရဲ႕ သတို႔သမီးလို ေပြ႔ခ်ီသြားျခင္းခံရတာပါပဲ! ။

_______________

(Unicode)

ရိပေါ် နဲ့ ရှောင်းကျန့် ရဲ့ လျှောက်လည်မယ်ဆိုတဲ့ အစီအစဉ် လေးမှာ ဂျပန်ကအကျိူးတူပူးပေါင်းမယ့် ပရောဂျက်တွေ့ဆုံပွဲကြီး အောက်တွင် ပျောက်ဆုံးသွားရသည် ။

"စိတ်မဆိုးနဲ့ အလုပ်တွေပြီးရင် လျှောက်လည်ကြမယ်"

ရိပေါ်က မှန်ရှေ့မှာ necktie ကိုစည်းရင်း ကုတင်ပေါ်မှာ စူပုပ်ပုပ်နဲ့ထိုင်နေတဲ့ သူ့ကိုကို ကိုကြည့်ကာပြောလိုက်သည် ။

ရှောင်းကျန့် စူပုပ်ပုပ်နဲ့...

"မင်း ပြောတာလေ လျှောက်လည်မယ်လို့! "

"ကိုကို ဆွဲပေးတဲ့ design နဲ့ အဆင်ပြေသွားတာလေ ။
မောင် သွားမှဖြစ်မှာပေါ့"

"အေး! ရေခဲရိုက်မျက်နှာထားနဲ့ပဲနေ ။ ရက်ရောပြီး ပွဲက
ကောင်မလေး တွေကို ရယ်ပြမနေနဲ့နော်"

ရိပေါ် ခပ်ဟဟရယ်ရင်း ကုတင်ပေါ်ထိုင်နေတဲ့ ရှောင်းကျန့် နဖူးကို ငုံ့နမ်းလိုက်သည် ။

"မောင့် အပြုံးတွေက ကိုကို့ အတွက်ပဲဟာ တွေးပူမနေနဲ့ "

"မင်း ဘာလို့ နဖူးကိုနမ်းတာလဲ"

"နှုတ်ခမ်းကိုနမ်းရမလား"

ရိပေါ် က ခပ်ရွဲ့ရွဲ့ပြုံးပြီး အနားတိုးလာတာကြောင့်..

"တော်စမ်း!! နောက်ကျနေမယ် "

တဟားဟားရယ်ရင်း ထွက်သွားတဲ့ ရိပေါ် ကို ကြည့်ပြီး ရှောင်းကျန့် မျက်စောင်းထိုးလိုက်မိသည် ။

ရိပေါ် က အမြင်ကတ်စရာလေးပေမယ့် ကိုယ်တစ်ယောက်ကလွဲရင် ကျန်တဲ့သူတွေကို နိုးအဖက် ၊ နိုးအရည် ဆိုတော့လည်း ရှောင်းကျန့်လေးက မာန်တွေတအားတက်...အဟိ ။

...........

အအနက်ရောင် လည်ဖုံးဆွယ်တာရှည်ကို အပေါ်ကနေ အနက်ရောင် suit မှာ အဖြူရောင် နှင်းမှုန်လေးတွေ ကပ်ထားသလို တလက်လက်တောက်နေတဲ့ ဒီဇိုင်းနဲ့ ရိပေါ် က ပွဲအတွင်းမှာရှိတဲ့ မိန်းကလေးတွေရဲ့ စိတ်ကူးယဉ် အိမ်မက်မင်းသားလေး ဖြစ်သွားသည် ။

အိမ်မက်မင်းသားလေး မှာ ပို်င်ရှင်ကြီးငုတ်တုတ်ရှိတာကို
မသိတဲ့ အမိတို့ကတော့ စိတ်ကူးပဲဆက်ယဉ်နေလိုက်!။

"ဝမ်ရိပေါ်!!"

ပန်းရောင် ဒူးဖုံးဂါဝန်လေးနဲ့ ရှောင်ချင်း ။

"ရှောင်ချင်း! နင် ဒီမှာဘာလုပ်နေတာလဲ"

"လင်လာရှာတာ!!"

"ဘာ!!"

ရှောင်ချင်း အူထွက်သွားတဲ့ နားတစ်ဖက်ကို
ခပ်ဖွဖွပွတ်ရင်း...

"ငါ့ သတို့သားလောင်းနဲ့လာတာပါဟ ။ ဒီပွဲမှာ သူလည်းပါတယ်"

ထိုတော့မှ ရိပေါ် ခေါင်းတညိတ်ညိတ်နဲ့...

"ငါ့ကိုတောင် မိတ်ဆက်မပေးဘူး"

"မိတ်ဆက်ပေးမှာပေါ့! ။ ဒါနဲ့ ခဲအိုချောချောလေးရော"

ရှောင်ချင်းက ဘေးပတ်လည်ကိုရှာကြည့်ကာ မေးလိုက်သည် ။

"မပါဘူး!"

"ရန်ဖြစ်ထားတာလား"

"မဟုတ်ပါဘူးဟ! ။ ဟိုမှာ နင့်သတို့သားလောင်း
ခေါ်နေပြီ"

ရှောင်ချင်း တစ်ချက်လှည့်ကြည့်ပြီးမှ...

"သွားပြီနော်... ဟီး"

ဒေါက်ဖိနပ် တဂွပ်ဂွပ်နဲ့ ထွက်သွားတဲ့ ရှောင်ချင်း ကိုကြည့်ပြီး
ရိပေါ် ပြုံးလိုက်မိပါသည် ။

ဒီကောင်မလေးဟာလေ လုပ်ချင်တာလုပ်ရရင်
ပျော်နေတော့တာပဲ ။

ခေတ္တကြာပြီးနောက်...။

"ဟေး...ဟန်နီ ၊ တို့တွေရဲ့ ပရောဂျက်ပူးပေါင်းမှုအတွက်"

ယူရီ က ရှန်ပိန် တစ်ခွက်ကမ်းပေးလာတော့ ရိပေါ်
ငြင်းလို့မကောင်းတာနဲ့ ယူပြီး ခွက်ချင်းတိုက်လိုက်ရသည် ။

"ဒါနဲ့ ကျွန်တော့် ကို သူဌေးဝမ် လို့ပဲ ခေါ်ပေးပါ "

ယူရီ က ရိပေါ် လက်မောင်းတစ်လျှောက်ကို ခပ်ဖွဖွ ပွတ်သပ်ရင်း...

"ဟန်နီ က အခေါ်အဝေါ်လေးပဲကို တွန့်တိုလိုက်တာ!"

ရိပေါ် နေရခက်တာကြောင့် နောက်ကိုခြေတစ်လှမ်း
ဆုတ်လိုက်သည် ။ ပြီးတော့ သူ့အသားကို ကိုကိုကလွဲရင်တခြားသူတွေထိတာ လုံးဝမကြိုက်ပါ ။

တခြားနေရာမှာ ဆိုရင်တော့ ထိုမိန်းမကို ရိပေါ် ပက်ပက်စက်စက် ပြောပစ်မှာဖြစ်ပေမယ့်် ကိုယ့် company နဲ့ ပူးပေါင်းမယ့် ရှယ်ယာရှင်ဖြစ်တာရယ် ၊ ပွဲမှာဖြစ်တာရယ်ကြောင့် ရိပေါ် စိတ်ထိန်းထားလိုက်သည် ။

ယူရီ က ရိပေါ် လက်ကိုဆုပ်ကိုင်လိုက်သည် ။

"မောင်..."

ခေါ်သံနဲ့အတူ ရိပေါ် ရဲ့ လက်မောင်းကို လာချိတ်တဲ့ ရှောင်းကျန့် ။

"ကိုကို ဘယ်လိုလုပ်ပြီး"

ရိပေါ် သူ့လက်ကို ကိုင်ထားတဲ့ ယူရီ လက်ကို ဖယ်ထုတ်ပစ်လိုက်သည် ။

"မောင့် အနားမှာ ဂျပန်သရဲမကြီး ကပ်နေတယ်ဆိုလို့"

ဆေးဆိုးပန်းရိုက်မျက်နှာနှင့် ယူရီ ကိုကြည့်၍ ပြောလာသည့် ကိုကို့ကိုကြည့်ကာ ရိပေါ် သဘောကျလွန်း၍ရယ်ချင်ပေမယ့် မနည်းထိန်းထားရသည် ။

"ရှင်က ဘယ်သူလဲ "

"မင်း ငမ်းနေတဲ့ လူသားလေးရဲ့ တရားဝင်ယောက်ျား"

ယူရီ မျက်နှာက ဒေါသကြောင့် ရဲတက်လာသည် ။

"ဘာ!! "

"ကြည့်ပါဦး ၊ မျက်နှာကြီးရဲလာပြီ ။ ငရုပ်ပွသီးကြီး ကျနေတာပဲ"

ယူရီသည် ရှောင်းကျန့် ကို လက်ညှိုး တထိုးထိုးနဲ့...

"ရှင်!!...ရှင်!!!"

"အယ်..အယ်...လက်ညှိုးကြီး ငါ့မျက်နှာထဲဝင်လာဦးမယ်"

ရှောင်းကျန့် ပုံမှန်ဆို မိန်းကလေးတွေနဲ့ ရန်မဖြစ်ဘူး ။

ခုဟာက ကိုယ့်ယောက်ျားကို မျက်လုံးကျွတ်ကျမတတ်ငမ်းရုံတင်မက အသားပါလာထိတော့ သူကိုယ်တိုင်ကလည်း ထိုအချင်းအရာအတွက် ခနီ္ဓပါရမီပြည့်စုံသူ မဟုတ်လေတော့ ရန်တွေ့ရခြင်းပင် ။

မိတ်ကပ်ပိနေတဲ့ ဂျပန်သရဲမရုပ်နဲ့ ငါ့ ရိပေါ်လေးကို လာငမ်းနေတယ်!!! ။

ရိပေါ် ကတော့ သဝန်တိုနေတဲ့ ယုန်လုံးလေးကို ကြည့်ပြီး
ကိုက်စားချင်စိတ်တဖွားဖွား ။

"ဝမ်ရိပေါ် ပူးပေါင်းမယ့် ပရောဂျက်ကိုဖျက်တယ်"

ရိပေါ် တည်တည်ငြိမ်ငြိမ်နဲ့...

"မစ္စမိုတိုကို ယူရီ ရဲ့ သဘောအတိုင်းပါပဲ"

"နှာခေါင်းနဲ့ အလုပ်လုပ်တာဆိုတော့ ဖြစ်တတ်ပါတယ်"

ရှောင်းကျန့် ရဲ့ စကားကြောင့် ယူရီ အံကြိတ်ပြီး သူတို့အနားက
ထွက်သွားလေသည် ။

ရိပေါ် ကသဘောတကျရယ်ရင်း ရှောင်းကျန့် ပခုံးတွေကို ဆုပ်ကိုင်ကာ သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည် ။

"ဘယ်လိုရောက်လာတာလဲ"

"မင်း ကြည်နူးနေတာ နှောင့်ယှက်မိလို့လား"

"အခုမှ ကြည်နူးတာ...မွ"

ငါတော့ ဒင်းအားတိုင်း မွ နေတာနဲ့ ပရုပ်လုံးဖြစ်တော့မယ်!!

"မရှက်ဘူးလား"

"ရှက်စရာလား ၊ ကိုယ့်ယောက်ျားကိုယ်နမ်းတာ"

"ရှောင်ချင်း ဖုန်းလှမ်းဆက်တာ ။ မင်း အနားမှာ ကပ်နေတာတွေ ရှိနေတယ် ဆိုလို့"

"ကျွန်တော့် ရဲ့ သူရဲကောင်းလေးပေါ့!"

"ဘယ်လိုလုပ်မလဲ ။ မပူးပေါင်းတော့ဘူးတဲ့... ငါ့ကြောင့်"

ရိပေါ် ပြုံးလိုက်ကာ ရှောင်းကျန့် နှုတ်ခမ်းပေါ် လက်ညှိုးလေးတင်လိုက်သည် ။

"ရှူး!...ရှယ်ယာရှင် တစ်ယောက်လျော့တာနဲ့ ကျွန်တော့်
company မထိခိုက်ပါဘူး ။ ဒါနဲ့ ဘာလို့
အရမ်းကြည့်ကောင်းအောင် ဝတ်လာတာလဲ"

ရိပေါ်လိုပင် ဆွယ်တာအနက်ပေါ်မှာ suit ထပ်ဝတ်လာတဲ့
ရှောင်းကျန့် က gentleman ဆန်ဆန်လေး ။

ရိပေါ် စကားကြောင့် ရှောင်းကျန့် မျက်နှာမှာရံှု့မဲ့သွားရသည် ။

"အဲ့တော့ ငါက ဒီကို အိမ်နေရင်းဝတ်စုံနဲ့ လာရမှာလား"

ဘာမှမဟုတ်ဘူး ။
ငါ သူ့ထက်ချောနေလို့ မနာလိုဖြစ်နေတာ!!! ။

ရိပေါ် ရှောင်းကျန့် ရဲ့ ကိုယ်ပေါ် ကုတ်အကျႌအရှည်ကြီး
ခြုံပေးပြီး မျက်နှာကို mask အုပ်ပေးလိုက်သည် ။

"mask ကြီးက ဘာလုပ်တာတုန်း!!"

"ကိုကို အရမ်းချောနေတယ် ။ ကောင်မလေးတွေ
ဝိုင်းကြည့်နေလို့!"

ရိပေါ် လုပ်ပုံကြောင့် ရှောင်းကျန့် ပွဲထဲရောက်လာတဲ့
ဆယ့်တစ်လီလိုလို ၊ ယာကူဇာဂိုဏ်းက ခေါင်းဆောင်လိုလို ။

ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ! ။
ကုတ်အရှည်ကြီး ခြုံထားရတဲ့အပြင် ၊ mask ကြီးက
အုပ်ထားရသေး ။ လူကို ယာကူဇာဂိုဏ်းက ခေါင်းဆောင်ဆိုပြီး
သေနတ်နဲ့ လာမချိန်ကြတာ ကံကောင်း!!!

ပြီးတဲ့အခါမှာ ရိပေါ်က ရှောင်းကျန့် ကို သတို့သမီးလို ပွေ့ချီလိုက်သည် ။

"ဘာလုပ်တာလဲ! ၊ ပြန်ချပေး "

"ငြိမ်ငြိမ်မလိုက်ရင် ပခုံးပေါ် ထမ်းသွားမယ်"

ရှောင်းကျန့် ဘာမှပြန်မပြောတော့ဘဲ ငြိမ်နေလိုက်သည် ။

ငြိမ်မနေလို့မရ ဒင်းကပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သူမလို့ ။

ခပ်ချောချောကောင်လေးနဲ့ mask အုပ်ထားတဲ့
ဂိုဏ်းခေါင်းဆောင်လို လူနှစ်ယောက် ပွဲထဲက ထွက်သွားတာကြောင့် အကုန်လုံးက အထူးအဆန်းလိုက်ကြည့်နေကြသည် ။

တစ်ခုပဲ ဂိုဏ်းခေါင်းဆောင်လို ကောင်လေး က ခပ်ချောချောကောင်လေး ရဲ့ သတို့သမီးလို ပွေ့ချီသွားခြင်းခံရတာပါပဲ! ။

_______________



Continue Reading

You'll Also Like

85.1K 5.8K 15
မင္းက ေယာက်ာ္ေလးတစ္ေယာက္လား??-Kris မင္းနဲ႔ငါ့အစ္မနဲ႔က ဘယ္လိုဆက္ဆံေရးလဲ- Luhan (Kris x Luhan , Yaoi , Romance , 18+) ္
2.5M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
126K 10.5K 10
အထက္​တန္​း​ေက်ာင္​းသား​....အတန္​း​ေခါင္​း​ေဆာင္​. Byun Baekhyun...သူ႔အတန္​းထဲကို​Park Chanyeol​ေျပာင္​းလာ​ေသာအခါ......
232K 13.9K 75
မုန်းခဲ့ဖူးသည်...။ အမုန်းတွေ၊အငြိုးတွေပြည့်နေတဲ့ နှလုံးသားဟာ မုန်းဖို့နဲ့နာကျင်အောင်လုပ်ဖို့သာ အမြဲတွေးနေခဲ့ဖူးသည်....။ ကလဲ့စားချေချင်စိတ်တွေဖုံးနေခဲ...