ကြ်န္ေတာ့္ရဲ႕ ဘတ္ခြန္းနီး

By Natpankalay

74.5K 10K 460

ခ်န္းေယာလ္ - ဘတ္ဟြ်န္းနီး More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8 Final Part
hello ~

Part-7

7.2K 1.1K 66
By Natpankalay

Part-7

ဆက္လုိ႕မရသည့္ဖုန္းကေလးကို ကုတင္ေပၚပစ္တင္လိုုက္ရင္း ဘတ္ဟြ်န္း မ်က္ခံုးေတြတြန္႕ႀကံဳ႕ေနျပီျဖစ္သည္။ မနက္လင္း ကတည္းဆက္လုိက္ရသည့္ခ်န္းေယာလ္ ဖုန္းက ခုထိကုိမရ။ မဝင္တာမဟုတ္ မကိုင္တာ။ခါတိုင္းပိတ္ရက္မ်ားဆိုလွ်င္ ခ်န္းေယာလ္တုိ႕ ဘတ္ဟြ်န္းဆီလာကာ ဘယ္သြားမလဲ ဘာစားမလဲဆုိတာက အျမဲ။

“ဘတ္ခြန္းနီးေရ--မနက္စာ စားႀကရေအာင္.”

ေတြ႕လား။အိမ္က Omma တုိ႕ကအစ ခ်န္းေယာလ္ ေခၚသလို လိုက္ေခၚေနႀကတာ။မျမင္ႏိုင္မွန္းသိေပမယ့္ ဘတ္ဟြ်န္း စူပုတ္ေနသမွ်ကို ပိုလို႕သာတုိးလိုက္ေတာ့သည္။ေအာက္ထပ္ကေန လွမ္းေအာ္ေနသည့္ Omma ဆီသုိ႕ဆင္းလာခဲ့လိုက္သည္။

“Omma သား-ဗိုက္မဆာဘူး”

“ဘာလုိ႕လဲဒီမွာ သားႀကိဳက္တာေလးေတြခ်ည္းပဲ”

“မစားခ်င္ဘူး။ ခ်န္းေယာလ္ အိမ္ဘက္သြားလိုက္ဦးမယ္.”

“ေအး--ေအး  ခ်န္းေယာလ္လီကုိပါ ေခၚလာခဲ့ေလ သား.”

“မေခၚခ်င္ပါဘူး။”

“အံမယ္ မေခၚခ်င္ပါဘူးဆိုတဲ့လူက အိမ္ကုိက် လိုက္သြားတယ္တဲ့”

Omma က ရယ္စစျဖင့္ လွမ္းေနာက္ေနေသးသည္ကို ဘတ္ဟြ်န္း ဆူဆူပုတ္ပုတ္ျဖင့္သာ ထြက္လာခဲ့လိုက္ေတာ့သည္။ ျခံခ်င္းကပ္ရပ္မုိ႕ သူ ဘဲလ္တီးလိုက္ေတာ့ ခ်န္းေယာလ္အိမ္က အကူ Arjima က လာဖြင့္ေပးသည္။

“လာ လာ ဘတ္ဟြ်န္းေလး.. ခ်န္းေယာလ္ကေတာ့မရွိဘူးကြယ္.”

“ဟင္ သူက ဘယ္သြားတာလဲ”

“မသိဘူးကြဲ႕ လာ-”

“မဝင္ေတာ့ဘူး Arjima . ကြ်န္တာ္ ဖုန္းပဲဆက္လိုက္ေတာ့မယ္”

ခ်န္းေယာလ္အိမ္ကထြက္လာခ်ိန္တြင္ ဘတ္ဟြ်န္းအေတာ္ေလးစိတ္ဆိုးေနျပီျဖစ္သည္။ခ်စ္တယ္လို႕ေျပာထားတာဘယ္သူလဲ။ ခု ပစ္ထားတာကေရာ ဘယ္သူလဲ။

အေျပာႏွင့္အလုပ္မတည္သူႀကီးကို သူ လက္သီးေတြပစ္ေကြ်းခ်င္မိသည္။ ေနာက္ဆံုးေတာ့လည္း ဆယ္ဟြန္းဆီသာ ကားေမာငး္ရင္းထြက္လာခဲ့လိုက္သည္။ဆယ္ဟြန္းအိမ္ေရာက္ေတာ့ ဦးဆံုး Vi Vi ေလးကထြက္လာေျပးႀကိဳသည္။ ခ်စ္စရာ့ျဖဴလံုးေလးကိုေျပးေပြ႕လိုက္ေတာ့ ဘတ္ဟြ်န္းစိတ္ေတြအနည္းငယ္ႀကည္လင္သြားရ၏။

“Aigoo ငါတုိ႕ Vivi ေလး  .. ေတာ္ေတာ္ေလးခ်စ္စရာေကာင္းလာတာပဲ။သခင္နဲ႕တျခားစီ.”

ေရွ႕ကေန ဧည့္ခန္းထဲ ဦးတည္သြားေနသည့္ ဆယ္ဟြန္း ရယ္ရင္းလွမ္းႀကည့္လာသည္။ဆုိဖာေပၚ ေျခခ်ိတ္လ်က္ အိမ္ႀကီးရွင္သခင္ဆယ္ဟြန္းက ဆူပုတ္ပုတ္ဘတ္ဟြ်န္းကို ႀကည့္ကာ-

“ခ်န္းေယာလ္ နဲ႕ရန္ျဖစ္လာတာလား ဒါမွမဟုတ္. သူမင္းကို အေရးမလုပ္ဘဲေနျပန္တာလား။”

“အံမာ ဘာဆိုင္လို႕လဲ”

“ငယ္ကတည္းကေပါင္းလာတာပါ ဘတ္ဟြ်န္းနီးရယ္။ မင္း ခ်န္းေယာလ္ကို မႀကည္တာပဲျဖစ္ျဖစ္.၊ရန္ျဖစ္လာတာပဲျဖစ္ျဖစ္. ငါ့ဆီလာတယ္။vivi ကိုခ်ီမယ္။ သခင္နဲ႕တျခားစီလို႕ေျပာမယ္။ဒါ ျဖစ္ေနက်ပံုစံေဟာင္းပဲကို. ”

ဒီလိုဆုိေတာ့ ဘတ္ဟြ်န္း ႏႈတ္ဆိတ္သြားသည္။ ဆယ္ဟြန္းေျပာတာလည္း မွန္ေနတာပဲကုိ။ ေပြ႕ထားသည့္ vivi ကို ေခါင္းေလးပြတ္သပ္ေပးေနေတာ့ ဒင္းကေလး က ဘတ္ဟြ်န္း ရင္ခြင္ထဲထဲ ျငိမ္ျငိမ္ေလးေန ေနသည္။ဒါသည္လည္း ခ်န္းေယာလ္ အမအိမ္မွာထားသည့္ toben ႏွင့္တျခားစီ.။toben ကေတာ့ ေမ်ာက္ကအရံႈးေပးရေအာင္ခုန္ေပါက္ေျပးလႊား ေနသည့္အမ်ိဴး။

“ခ်န္းေယာလ္ ဘယ္သြားလဲ. ဖုန္းက လံုးဝမကိုင္ဘူး။ ”

“ဆြန္ဟီး ေမြးေန႕ လို႕ေျပာတယ္ေလ.။မေန႕က ငါတုိ႕ေမဂ်ာထဲက သူ႕သူငယ္ခ်င္းေတြကိုလာဖိတ္ထားတယ္ေလ.။ငါတုိ႕လည္းပါတာပဲကိုး။ ေမ့သြားတာလား။”

“သိပါတယ္။အဲ့ဒါနဲ႕ဘာဆိုင္လို႕လဲ”

“ေႀသာ္ ဘတ္ဟြ်န္းနီးကေလး ကေမ့တတ္ရန္ေကာ--ခ်ိဴဆြန္ဟီးက ခ်န္းေယာလ္ရည္းစားပဲကုိ”

“ဟင့္အင္း ဆြန္ဟီးက ခ်န္းေယာလ္ရည္းစားမဟုတ္ပါဘူး။ ခ်န္းေယာလ္က ငါ့ကို  ခ်စ္ခြင့္ေတာင္းထားတာ.”

အသံတိုးတိုးေပမယ့္ ဆယ္ဟြန္းႀကားျဖစ္ေအာင္ႀကားလိုက္ေသးသည္။ ဟက္ခနဲရယ္မိသည္။

“မင္းက အေျဖေပးလိုက္လို႕လား။ မင္း ခ်န္းေယာလ္ ကို မခ်စ္ဘူးမလား။ သူလည္း ဆြန္ဟီးနဲ႕ပဲတြဲတာေနမွာေပါ့”

“ဒါေပမယ့္-”

ဘတ္ဟြ်န္း ႀကံရာမရျဖင့္ မ်က္ႏွာငယ္ေနခ်ိန္ ဆယ္ဟြန္းက တစ္ဖက္လွည့္လ်က္ ရယ္ေနမိသည္။အိမ္က မိဘေတြကလည္း မနက္ကတည္းက ဘူဆန္ဘက္သြားသည္မုိ႕ ဒီေန႕ေတာ့ အိမ္မွာ ဆယ္ဟြန္းႏွင့္ vivi သာ.။ခုေတာ့ ဘတ္ဟြ်န္းတုိးလာ၏။တစ္ေန႕ခင္းလံုး ဆယ္ဟြန္းအိမ္မွာ ေနလ်က္ ဖုန္းႀကည့္လိုက္.. ျပန္လွဲအိပ္လိုက္ႏွင့္ ဘတ္ခြန္းနီးေလး အလုပ္မ်ားေနသည္။

မတတ္ႏိုင္ဘူးေပါ့ ဘတ္ဟြ်န္းနီးရယ္. ခ်စ္ရင္ခ်စ္တယ္ေျပာရတာမ်ိဴးကြဲ႕။

“သြားမယ္ ထစမ္းပါ. ပြဲခ်ိန္နီးေနျပီကုိ။ခ်န္းေယာလ္လည္းအဲ့မွာရွိတန္ေကာင္းရဲ႕”

ခ်န္းေယာလ္ အသံႀကားတာႏွင့္ ဘတ္ဟြ်န္းက ဆတ္ခနဲထသည္။ဆယ္ဟြန္းက အဝတ္အစားလဲျပီး ဘတ္ဟြ်န္း အိမ္ကို ကားျဖင့္ ေမာင္းလာသည္။  ဘတ္ဟြ်န္း အဝတ္အစားလဲတာကို ေစာင့္ေပးျပီးမွ ႏွစ္ေယာက္သား ျပန္ထြက္လာခဲ့ႀက၏။ အဝတ္အစားလဲ၏။ေပါ့ေပါ့ပါးပါး ရွပ္အစင္းရယ္ ေဘာင္းဘီဒူးျပဲေလး ရယ္ႏွင့္ ဘတ္ဟြ်န္းက လူငယ္ဆန္ဆန္ေလး တက္ႀကြေနသည္။ ရုပ္ကေလးမိႈင္ေနတာကျခြင္းခ်က္။ ဆယ္ဟြန္းက ျပံဳးစိစိျဖစ္ေနတာကလည္း ျခြင္းခ်က္ေပါ့။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“လာတာေတာင္မႀကာေသးဘူးျပန္ခ်င္ေနျပီလား ခ်န္းေယာလ္ရဲ႕”

“မဟုတ္ပါဘူး. ငါ က ဒီတိုင္း.”

ဖုန္းတြင္ရဲရဲနီေနသည့္ Missed call ေတြကိုႀကည့္ကာ မကိုင္မိေအာင္ ဘယ္ေလာက္ေတာင္ထိန္းခ်ဴပ္ရသလဲဆုိတာ ဒါရိုက္တာႀကီးအုိဆယ္ဟြန္း မသိဘူး။သူလုပ္ခိုင္းလို႕သာ လုပ္ရတာ။ ဘတ္ခြန္းနီး စိ္တ္ရႈပ္ျပီးပစ္ထားသြားမွာလည္း ေတာ့ အစုိးသား။

“ငါ့ကို propose လုပ္ေနရင္းကေန ဘတ္ဟြ်န္းနဲ႕ရည္းစားေတြျဖစ္ေနျပီလို႕ႀကားရတာေတာ့ ေကာလဟာလမဟုတ္ဘူးထင္တယ္ေနာ္.”

သူ သက္ျပင္းဖြဖြခ်လ်က္ ဆြန္ဟီးကိုလွည့္ႀကည့္လိုက္မိသည္။ ေမြးေန႕ရွင္ ဆြန္ဟီးက အျဖဴေရာင္ ဂါဝန္တုိရိုးရိုးႏွင့္ပင္ လွပေန သည္။ သူတုိ႕ႏွစ္ေယာက္မတ္တပ္ရပ္စကားေျပာေနသည့္ေနရာက ပြဲျပဳလုပ္သည့္ ခန္းမရဲ႕အျပင္ဘက္ လွမ္းျမင္ေနရသည့္ ေရကူးကန္ေဘး။

“ေတာင္းပန္ပါတယ္။ငါ ဘတ္ဟြ်န္းကို တကယ္ခ်စ္ေနမိတာ .မသိဘဲနဲ႕ နင့္ကို ဒုကၡေပးသလုိျဖစ္သြားတယ္.”

“အဟင္း  ဘာဒုကၡလဲဟယ္. တကၠသိုလ္ဘဝမွာ တြဲတဲ့သူ၇ွိမယ္ တကယ္ခ်စ္ျပီးလက္ထပ္သြားတဲ့သူေတြရွိမယ္.။ငါ့ကိုေတာင္းပန္စရာမလိုပါဘူး။ျပီးေတာ့ ငါကလည္းနင့္ကို အေျဖေပးရေသးတာမဟုတ္တာ။”

“ေက်းဇူးပါ။ ငါ့ကိုနားလည္ေပးလို႕နင့္ကုိေက်းဇူးတင္ပါတယ္.။နင္က ငါ့အတြက္အျမဲတမ္းသူငယ္ခ်င္းေကာင္းပါပဲ”

“ဒါဆို ငါ နင့္ကို တစ္ခါေလာက္ေတာ့ဖက္လုိ႕ရမလား.”

ေမွ်ာ္လင့္တႀကီးျဖင့္ႀကည့္မိေတာ့ ခ်န္းေယာလ္ကျပံဳးလ်က္ေခါင္းညိတ္ျပသည္။ ခ်န္းေယာလ္ ခါးကုိဖက္တြယ္လိုက္ရင္း က်လာသည့္မ်က္ရည္စတုိ႕ကုိ ဆြန္ဟီးပြတ္သုတ္လိုက္မိသည္။ အေျဖမေပးေသးဘဲ ထားတာ ဒီလိုေတြျဖစ္လာမုိ႕ဆုိတာ သူမ ႀကိဳနားလည္ေနခဲ့လို႕ပဲ။သူမကို ဘယ္လိုပဲ တြဲခ်င္တယ္ေျပာေျပာ.ခ်န္းေယာလ္ အတြက္ ဘတ္ဟြ်န္းသည္သာ ဦးဆံုးသူ။ဦးဆံုးႀကင္နာေပးခ်င္သည့္သူ.။အိုဆယ္ဟြနး္ကုိေတာင္ ဒီေလာက္မဟုတ္တာမုိ႕ ခ်န္းေယာလ္ ဘတ္ဟြ်န္းအေပၚ မရုိးသားဘူးဆုိတာ သူမ ျမင္ေနခဲ့သည္။ဒါဆုိ ဘာလို႕ အေျဖေပးျပီးဆြဲမထားတာလဲဟု ေမးစရာရွိသည္ေပါ့ ။သူမ ဘယ္ေတာ့မွ မလုပ္ပါ။သူမ ခ်န္းေယာလ္ကို ခ်စ္တာ အမွန္မုိ႕ သူ စိတ္မခ်မ္းသာဘဲ ညစ္ညဴးေနရတာမ်ိဴးကုိအလိုမရွိ။ခ်စ္ရတဲ့ ခ်န္းေယာလ္ သာ ဘဝတစ္ေလွ်ာက္လံုးေပ်ာ္ရႊင္ပါေစ။

“အဟက္--ငါ့ဖုန္းကုိတစ္ေန႕လံုးမကိုင္ႏိုင္ရေအာင္ မငး္ က ေတာ္ေတာ္အလုပ္မ်ားေနတာပဲ ပတ္ခ်န္းေယာလ္.။မင္း က သူနဲ႕မျပီးျပတ္ေသးဘူးပဲ”

ခပ္အက္အက္ထြက္ေပၚလာသည့္ အသံေႀကာင့္ ႏွစ္ေယာက္သားလူခ်င္းခြါလိုက္သည္။ စူးစူးရဲရဲႀကည့္ေနသည့္ ဘတ္ဟြ်န္း၏ ေနာက္တြင္ေတာ့ ဆယ္ဟြန္းက ပုခံုးႏွစ္ဖက္တြန္႕ျပလာသည္။

“အာ--ေတာင္းပန္ပါတယ္. ဘတ္ဟြ်န္း.ငါက.”

“အဲ့ဒီေတာ့-”

ကမန္းကတန္းျငင္းမည္ႀကံသည့္ ဆြန္ဟီးသည္ပင္ ခ်န္းေယာလ္ စကားေႀကာင့္ ပါးစပ္ဟသြားရသည္။ လုပ္ျပန္ပါျပီ။ပတ္ခ်န္းေယာလ္တို႕.။

“ဘာ !”

“ငါ သူနဲ႕မျပီးျပတ္ေသးေတာ့ မင္းနဲ႕ဘာဆိုင္လို႕လဲ ဘတ္ခြန္းနီးရဲ႕။ငါတုိ႕က ဘာပတ္သက္လို႕လဲ”

“ဘာေျပာလုိက္တယ္.။ငါ တစ္ေန႕လံုးဘယ္ေလာက္ဗ်ာမ်ားေနခဲ့သလဲသိလား မေကာင္းတဲ့အေကာင္ရဲ႕။ဖုန္းေခၚထားတာေတြမေတြ႕ဘူးလား.။ဟမ္--မင္းပဲငါ့ကိုခ်စ္တယ္ဆို. ခု ဘာအခ်ိဴးခ်ိဴးတာလဲ.”

ဘတ္ဟြ်န္းက ေျပာရင္း တစ္လွမ္းခ်င္းတိုးလာေတာ့ ခ်န္းေယာလ္ျဖည္းျဖည္းခ်င္းေနာက္ဆုတ္သြားရသည္။က်န္ႏွစ္ေယာက္က ပြဲႀကည့္ပရိတ္သတ္။

“မင္းက ငါ့ကိုမွ မခ်စ္တာ.။ဒီေတာ့ငါ့ကိုခ်စ္တယ္လူကိုငါေရြးခ်ယ္မွာ..မွားလို႕လား.။”

ဘတ္ဟြ်န္း ေဒါသေတြတရိပ္ရိပ္တုိးလာရသလို ရွက္လည္းရွက္သည္။ဝမ္းလည္းနည္းသည္။ သူငယ္ခ်င္းေတြကေန ခ်စ္သူ ရည္းစားအျဖစ္ ကူးေျပာင္းဖို႕သူ ရွက္ေနခဲ့တာက ခ်န္းေယာလ္ကို မခ်စ္လို႕မဟုတ္ဘူးမလား။ သူ ယံုႀကည္ေနခဲ့တာ.။သူ ဘယ္ေလာက္ဆုိးဆုိး--ခ်န္းေယာလ္ နားလည္ေစာင့္ဆိုင္းေနမယ္လို႕ထင္ခ့ဲတာ.။ခုေတာ့ ခ်န္းေယာလ္က သူ အထက္တန္း တုန္းက တြဲခဲ့တဲ့ရည္းစားေတြအတိုင္း ဘတ္ဟြ်န္းကိုျပဳမူလုိက္တာပဲ။ မရရင္ မႀကိဳးစားဘူးဆုိသည့္သေဘာ။

“ေအး မင္းမမွားဘူး။ ျပန္ခ်စ္ေနတဲ့ငါက မွားတာ. ငါ့ကိုလာကစားတဲ့အေကာင္.မင္းနဲ႕ငါနဲ႕ သူငယ္ခ်င္းအျဖစ္ကေရာ ျပတ္ျပီ.”

“အ-”

လက္ကျမန္ပါ၏။ေမးဖ်ားကိုပင့္ထုိးလုိက္သည္က တိုက္ကြမ္ဒို လက္ေရြးစင္ ဘတ္ဟြ်န္းေပမုိ႕ ခ်န္းေယာလ္သည္ ေျခယိုင္ကာ ေဘးက ေရကူးကန္ထဲသို႕ျပဳတ္က်သြားပါေတာ့သည္။

“ေန-- ေအးျပီး အဲ့ဒီမွာပဲေနလိုက္ေတာ့ ပတ္ခ်န္းေယာလ္ရဲ႕.။ငါမင္းကုိခ်စ္မိတဲ့စိတ္ကို vivi ကိုေကြ်းပစ္လိုက္မယ္။”

ထြက္လာသည့္ ဝမ္းနည္းေဒါသေတြကုိျပန္လည္မ်ိဴခ်ရင္းမ်က္ရည္လည္တည္တည္ျဖင့္ ဘတ္ဟြ်န္းသည္ ေရကူးကန္ထဲတြင္ ရုန္းကန္ေနရင္းျငိမ္သက္သြားသည့္ ခ်န္းေယာလ္ကိုႀကည့္ကာေႀကာင္သြားရသည္။

“ခ်န္း--ခ်န္းေယာလ္လီ။”

ဆြန္ဟီးနွင့္ ဆယ္ဟြန္းကပါ အနားကိုခ်က္ခ်င္းေျပးလာႀကသည္။သူတုိ႕ျဖစ္ေနတာကို ဧည့္ခံပြဲထဲက ဘယ္သူမွေတာ့ လွမ္းမျမင္ေန.။

“ဆယ္ဟြန္း-- ခ်န္းေယာလ္ ဘာျဖစ္တာလဲ”

“ေရ-ေရနစ္တာထင္တယ္. အိုး ဘယ္လိုလုပ္ရမလဲ.”

ဆြန္ဟီးသည္ ျပာျပာသလဲျဖင့္ ခန္းမဘက္ကိုျပန္ေျပးမလိုလုပ္ေတာ့ ဆယ္ဟြန္း က လွမ္းတားထားလိုက္သည္။ ဘတ္ဟြ်န္း ေခါင္းထဲ ဒိန္းခနဲျမည္ကာ ဘာကိုမွမစဥ္းစားႏိုင္ေတာ့.။ ဝတ္လာသည့္ ဖိနပ္ကိုဆြဲခြ်တ္ပစ္လိုက္ကာ ေရကူးကန္ထဲ ခုန္ဆင္းလိုက္ေတာ့သည္။ ျမွဳပ္ေနသည့္ ခ်န္းေယာလ္ကုိယ္ကို ကူတြဲရတာ မလြယ္။ ေခါင္းထဲမွာေရာ.နွလံုးသားထဲမွာပါ တုန္လႈပ္စိတ္ေတြျပည့္ႏွက္ေန၏။ခ်န္းေယာလ္ကို သူ တကယ္ကို လံုးဝမလက္မလႊတ္ႏိုင္ဘူးပဲ။

ကန္ေဘာင္ေပၚေရာက္ေအာင္ေတာ့ ဆယ္ဟြန္းက ကူတင္ေပးသည္။ ခ်နး္ေယာလ္ရင္ဘတ္ကိုဖိကာ ဘတ္ဟြ်န္း အရူးတစ္ေယာက္လုိ မ်က္ရည္ေတြက်လာမိသည္။

“ခ်န္းေယာလ္ လီ.. ခ်န္းေယာလ္ ထစမ္းပါ.. ငါ့ကိုမေျခာက္ပါနဲ႕.။ခ်န္းေယာလ္.”

ရင္ဘတ္ကုိလည္းဖိသည္။ႏႈတ္ခမ္းခ်င္းထိကပ္လ်က္ ေလမႈတ္သြင္းဖို႕လည္းလုပ္သည္။ေခ်ာင္းသံေပးလ်က္ ခ်န္းေယာလ္က မ်က္လံုးေတြပြင့္လာ၏။

“ဘတ္ခြန္းနီး.”

“ေတာင္းပန္တယ္. ေတာင္းပန္ပါတယ္ ခ်န္းေယာလ္.. ငါမင္းကို တမင္လုပ္တာမဟုတ္ပါဘူး။ငါ ငါကစတာ ..။ငါ့မင္းကုိ တကယ္ခ်စ္တာ ။ငါက ငါက”

ခ်န္းေယာလ္ကို ရင္ခြင္ထဲမွာေပြ႕ပိုက္လ်က္ ဘတ္ဟြ်န္းကငိုသည္။ခ်န္းေယာလ္သည္လည္း ဘတ္ဟြ်န္းရင္ခြင္ထဲပိုမို တိုးဝင္လ်က္ ေရေတြစိုရႊဲေနသည့္ ဘတ္ဟြ်န္းခါးကေလးကို ခပ္တင္းတင္းဖက္သည္။ျမင္ကြင္းသည္ သနားခ်စ္စရာေကာင္း သည္မွာအမွန္ပင္ျဖစ္သည္။ေဘးက ဆြန္ဟီးကုိငဲ့ႀကည့္လိုက္ေတာ့လည္း သူမသည္ပင္မ်က္ရည္အဝဲသား.။

ဆယ္ဟြန္းရယ္ခ်င္မိေနရံုသာ။

ေနစမ္းပါဦး.။  
                                                                                                                                      ပတ္ခ်န္းေယာလ္က တစ္ေက်ာင္းလံုးရဲ႕ေရကူးလက္ေရြးစင္အသင္းခ်န္ပီယံ ဆုိတာ ေမ့ေနႀကတာလား။

***************
#With Heart
Just A Dreamer.

(Next Part is final)

UNICODE

Part-7

ဆက်လို့မရသည့်ဖုန်းကလေးကို ကုတင်ပေါ်ပစ်တင်လိုက်ရင်း ဘတ်ဟျွန်း မျက်ခုံးတွေတွန့်ကြုံ့နေပြီဖြစ်သည်။ မနက်လင်း ကတည်းဆက်လိုက်ရသည့်ချန်းယောလ် ဖုန်းက ခုထိကိုမရ။ မဝင်တာမဟုတ် မကိုင်တာ။ခါတိုင်းပိတ်ရက်များဆိုလျှင် ချန်းယောလ်တို့ ဘတ်ဟျွန်းဆီလာကာ ဘယ်သွားမလဲ ဘာစားမလဲဆိုတာက အမြဲ။

“ဘတ်ခွန်းနီးရေ--မနက်စာ စားကြရအောင်.”

တွေ့လား။အိမ်က Omma တို့ကအစ ချန်းယောလ် ခေါ်သလို လိုက်ခေါ်နေကြတာ။မမြင်နိုင်မှန်းသိပေမယ့် ဘတ်ဟျွန်း စူပုတ်နေသမျှကို ပိုလို့သာတိုးလိုက်တော့သည်။အောက်ထပ်ကနေ လှမ်းအော်နေသည့် Omma ဆီသို့ဆင်းလာခဲ့လိုက်သည်။

“Omma သား-ဗိုက်မဆာဘူး”

“ဘာလို့လဲဒီမှာ သားကြိုက်တာလေးတွေချည်းပဲ”

“မစားချင်ဘူး။ ချန်းယောလ် အိမ်ဘက်သွားလိုက်ဦးမယ်.”

“အေး--အေး  ချန်းယောလ်လီကိုပါ ခေါ်လာခဲ့လေ သား.”

“မခေါ်ချင်ပါဘူး။”

“အံမယ် မခေါ်ချင်ပါဘူးဆိုတဲ့လူက အိမ်ကိုကျ လိုက်သွားတယ်တဲ့”

Omma က ရယ်စစဖြင့် လှမ်းနောက်နေသေးသည်ကို ဘတ်ဟျွန်း ဆူဆူပုတ်ပုတ်ဖြင့်သာ ထွက်လာခဲ့လိုက်တော့သည်။ ခြံချင်းကပ်ရပ်မို့ သူ ဘဲလ်တီးလိုက်တော့ ချန်းယောလ်အိမ်က အကူ Arjima က လာဖွင့်ပေးသည်။

“လာ လာ ဘတ်ဟျွန်းလေး.. ချန်းယောလ်ကတော့မရှိဘူးကွယ်.”

“ဟင် သူက ဘယ်သွားတာလဲ”

“မသိဘူးကွဲ့ လာ-”

“မဝင်တော့ဘူး Arjima . ကျွန်တာ် ဖုန်းပဲဆက်လိုက်တော့မယ်”

ချန်းယောလ်အိမ်ကထွက်လာချိန်တွင် ဘတ်ဟျွန်းအတော်လေးစိတ်ဆိုးနေပြီဖြစ်သည်။ချစ်တယ်လို့ပြောထားတာဘယ်သူလဲ။ ခု ပစ်ထားတာကရော ဘယ်သူလဲ။

အပြောနှင့်အလုပ်မတည်သူကြီးကို သူ လက်သီးတွေပစ်ကျွေးချင်မိသည်။ နောက်ဆုံးတော့လည်း ဆယ်ဟွန်းဆီသာ ကားမောင်းရင်းထွက်လာခဲ့လိုက်သည်။ဆယ်ဟွန်းအိမ်ရောက်တော့ ဦးဆုံး Vi Vi လေးကထွက်လာပြေးကြိုသည်။ ချစ်စရာ့ဖြူလုံးလေးကိုပြေးပွေ့လိုက်တော့ ဘတ်ဟျွန်းစိတ်တွေအနည်းငယ်ကြည်လင်သွားရ၏။

“Aigoo ငါတို့ Vivi လေး  .. တော်တော်လေးချစ်စရာကောင်းလာတာပဲ။သခင်နဲ့တခြားစီ.”

ရှေ့ကနေ ဧည့်ခန်းထဲ ဦးတည်သွားနေသည့် ဆယ်ဟွန်း ရယ်ရင်းလှမ်းကြည့်လာသည်။ဆိုဖာပေါ် ခြေချိတ်လျက် အိမ်ကြီးရှင်သခင်ဆယ်ဟွန်းက ဆူပုတ်ပုတ်ဘတ်ဟျွန်းကို ကြည့်ကာ-

“ချန်းယောလ် နဲ့ရန်ဖြစ်လာတာလား ဒါမှမဟုတ်. သူမင်းကို အရေးမလုပ်ဘဲနေပြန်တာလား။”

“အံမာ ဘာဆိုင်လို့လဲ”

“ငယ်ကတည်းကပေါင်းလာတာပါ ဘတ်ဟျွန်းနီးရယ်။ မင်း ချန်းယောလ်ကို မကြည်တာပဲဖြစ်ဖြစ်.၊ရန်ဖြစ်လာတာပဲဖြစ်ဖြစ်. ငါ့ဆီလာတယ်။vivi ကိုချီမယ်။ သခင်နဲ့တခြားစီလို့ပြောမယ်။ဒါ ဖြစ်နေကျပုံစံဟောင်းပဲကို. ”

ဒီလိုဆိုတော့ ဘတ်ဟျွန်း နှုတ်ဆိတ်သွားသည်။ ဆယ်ဟွန်းပြောတာလည်း မှန်နေတာပဲကို။ ပွေ့ထားသည့် vivi ကို ခေါင်းလေးပွတ်သပ်ပေးနေတော့ ဒင်းကလေး က ဘတ်ဟျွန်း ရင်ခွင်ထဲထဲ ငြိမ်ငြိမ်လေးနေ နေသည်။ဒါသည်လည်း ချန်းယောလ် အမအိမ်မှာထားသည့် toben နှင့်တခြားစီ.။toben ကတော့ မျောက်ကအရှုံးပေးရအောင်ခုန်ပေါက်ပြေးလွှား နေသည့်အမျိူး။

“ချန်းယောလ် ဘယ်သွားလဲ. ဖုန်းက လုံးဝမကိုင်ဘူး။ ”

“ဆွန်ဟီး မွေးနေ့ လို့ပြောတယ်လေ.။မနေ့က ငါတို့မေဂျာထဲက သူ့သူငယ်ချင်းတွေကိုလာဖိတ်ထားတယ်လေ.။ငါတို့လည်းပါတာပဲကိုး။ မေ့သွားတာလား။”

“သိပါတယ်။အဲ့ဒါနဲ့ဘာဆိုင်လို့လဲ”

“သြော် ဘတ်ဟျွန်းနီးကလေး ကမေ့တတ်ရန်ကော--ချိူဆွန်ဟီးက ချန်းယောလ်ရည်းစားပဲကို”

“ဟင့်အင်း ဆွန်ဟီးက ချန်းယောလ်ရည်းစားမဟုတ်ပါဘူး။ ချန်းယောလ်က ငါ့ကို  ချစ်ခွင့်တောင်းထားတာ.”

အသံတိုးတိုးပေမယ့် ဆယ်ဟွန်းကြားဖြစ်အောင်ကြားလိုက်သေးသည်။ ဟက်ခနဲရယ်မိသည်။

“မင်းက အဖြေပေးလိုက်လို့လား။ မင်း ချန်းယောလ် ကို မချစ်ဘူးမလား။ သူလည်း ဆွန်ဟီးနဲ့ပဲတွဲတာနေမှာပေါ့”

“ဒါပေမယ့်-”

ဘတ်ဟျွန်း ကြံရာမရဖြင့် မျက်နှာငယ်နေချိန် ဆယ်ဟွန်းက တစ်ဖက်လှည့်လျက် ရယ်နေမိသည်။အိမ်က မိဘတွေကလည်း မနက်ကတည်းက ဘူဆန်ဘက်သွားသည်မို့ ဒီနေ့တော့ အိမ်မှာ ဆယ်ဟွန်းနှင့် vivi သာ.။ခုတော့ ဘတ်ဟျွန်းတိုးလာ၏။တစ်နေ့ခင်းလုံး ဆယ်ဟွန်းအိမ်မှာ နေလျက် ဖုန်းကြည့်လိုက်.. ပြန်လှဲအိပ်လိုက်နှင့် ဘတ်ခွန်းနီးလေး အလုပ်များနေသည်။

မတတ်နိုင်ဘူးပေါ့ ဘတ်ဟျွန်းနီးရယ်. ချစ်ရင်ချစ်တယ်ပြောရတာမျိူးကွဲ့။

“သွားမယ် ထစမ်းပါ. ပွဲချိန်နီးနေပြီကို။ချန်းယောလ်လည်းအဲ့မှာရှိတန်ကောင်းရဲ့”

ချန်းယောလ် အသံကြားတာနှင့် ဘတ်ဟျွန်းက ဆတ်ခနဲထသည်။ဆယ်ဟွန်းက အဝတ်အစားလဲပြီး ဘတ်ဟျွန်း အိမ်ကို ကားဖြင့် မောင်းလာသည်။  ဘတ်ဟျွန်း အဝတ်အစားလဲတာကို စောင့်ပေးပြီးမှ နှစ်ယောက်သား ပြန်ထွက်လာခဲ့ကြ၏။ အဝတ်အစားလဲ၏။ပေါ့ပေါ့ပါးပါး ရှပ်အစင်းရယ် ဘောင်းဘီဒူးပြဲလေး ရယ်နှင့် ဘတ်ဟျွန်းက လူငယ်ဆန်ဆန်လေး တက်ကြွနေသည်။ ရုပ်ကလေးမှိုင်နေတာကခြွင်းချက်။ ဆယ်ဟွန်းက ပြုံးစိစိဖြစ်နေတာကလည်း ခြွင်းချက်ပေါ့။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

“လာတာတောင်မကြာသေးဘူးပြန်ချင်နေပြီလား ချန်းယောလ်ရဲ့”

“မဟုတ်ပါဘူး. ငါ က ဒီတိုင်း.”

ဖုန်းတွင်ရဲရဲနီနေသည့် Missed call တွေကိုကြည့်ကာ မကိုင်မိအောင် ဘယ်လောက်တောင်ထိန်းချူပ်ရသလဲဆိုတာ ဒါရိုက်တာကြီးအိုဆယ်ဟွန်း မသိဘူး။သူလုပ်ခိုင်းလို့သာ လုပ်ရတာ။ ဘတ်ခွန်းနီး စ်ိတ်ရှုပ်ပြီးပစ်ထားသွားမှာလည်း တော့ အစိုးသား။

“ငါ့ကို propose လုပ်နေရင်းကနေ ဘတ်ဟျွန်းနဲ့ရည်းစားတွေဖြစ်နေပြီလို့ကြားရတာတော့ ကောလဟာလမဟုတ်ဘူးထင်တယ်နော်.”

သူ သက်ပြင်းဖွဖွချလျက် ဆွန်ဟီးကိုလှည့်ကြည့်လိုက်မိသည်။ မွေးနေ့ရှင် ဆွန်ဟီးက အဖြူရောင် ဂါဝန်တိုရိုးရိုးနှင့်ပင် လှပနေ သည်။ သူတို့နှစ်ယောက်မတ်တပ်ရပ်စကားပြောနေသည့်နေရာက ပွဲပြုလုပ်သည့် ခန်းမရဲ့အပြင်ဘက် လှမ်းမြင်နေရသည့် ရေကူးကန်ဘေး။

“တောင်းပန်ပါတယ်။ငါ ဘတ်ဟျွန်းကို တကယ်ချစ်နေမိတာ .မသိဘဲနဲ့ နင့်ကို ဒုက္ခပေးသလိုဖြစ်သွားတယ်.”

“အဟင်း  ဘာဒုက္ခလဲဟယ်. တက္ကသိုလ်ဘဝမှာ တွဲတဲ့သူ၇ှိမယ် တကယ်ချစ်ပြီးလက်ထပ်သွားတဲ့သူတွေရှိမယ်.။ငါ့ကိုတောင်းပန်စရာမလိုပါဘူး။ပြီးတော့ ငါကလည်းနင့်ကို အဖြေပေးရသေးတာမဟုတ်တာ။”

“ကျေးဇူးပါ။ ငါ့ကိုနားလည်ပေးလို့နင့်ကိုကျေးဇူးတင်ပါတယ်.။နင်က ငါ့အတွက်အမြဲတမ်းသူငယ်ချင်းကောင်းပါပဲ”

“ဒါဆို ငါ နင့်ကို တစ်ခါလောက်တော့ဖက်လို့ရမလား.”

မျှော်လင့်တကြီးဖြင့်ကြည့်မိတော့ ချန်းယောလ်ကပြုံးလျက်ခေါင်းညိတ်ပြသည်။ ချန်းယောလ် ခါးကိုဖက်တွယ်လိုက်ရင်း ကျလာသည့်မျက်ရည်စတို့ကို ဆွန်ဟီးပွတ်သုတ်လိုက်မိသည်။ အဖြေမပေးသေးဘဲ ထားတာ ဒီလိုတွေဖြစ်လာမို့ဆိုတာ သူမ ကြိုနားလည်နေခဲ့လို့ပဲ။သူမကို ဘယ်လိုပဲ တွဲချင်တယ်ပြောပြော.ချန်းယောလ် အတွက် ဘတ်ဟျွန်းသည်သာ ဦးဆုံးသူ။ဦးဆုံးကြင်နာပေးချင်သည့်သူ.။အိုဆယ်ဟွန်းကိုတောင် ဒီလောက်မဟုတ်တာမို့ ချန်းယောလ် ဘတ်ဟျွန်းအပေါ် မရိုးသားဘူးဆိုတာ သူမ မြင်နေခဲ့သည်။ဒါဆို ဘာလို့ အဖြေပေးပြီးဆွဲမထားတာလဲဟု မေးစရာရှိသည်ပေါ့ ။သူမ ဘယ်တော့မှ မလုပ်ပါ။သူမ ချန်းယောလ်ကို ချစ်တာ အမှန်မို့ သူ စိတ်မချမ်းသာဘဲ ညစ်ညူးနေရတာမျိူးကိုအလိုမရှိ။ချစ်ရတဲ့ ချန်းယောလ် သာ ဘဝတစ်လျှောက်လုံးပျော်ရွှင်ပါစေ။

“အဟက်--ငါ့ဖုန်းကိုတစ်နေ့လုံးမကိုင်နိုင်ရအောင် မင်း က တော်တော်အလုပ်များနေတာပဲ ပတ်ချန်းယောလ်.။မင်း က သူနဲ့မပြီးပြတ်သေးဘူးပဲ”

ခပ်အက်အက်ထွက်ပေါ်လာသည့် အသံကြောင့် နှစ်ယောက်သားလူချင်းခွါလိုက်သည်။ စူးစူးရဲရဲကြည့်နေသည့် ဘတ်ဟျွန်း၏ နောက်တွင်တော့ ဆယ်ဟွန်းက ပုခုံးနှစ်ဖက်တွန့်ပြလာသည်။

“အာ--တောင်းပန်ပါတယ်. ဘတ်ဟျွန်း.ငါက.”

“အဲ့ဒီတော့-”

ကမန်းကတန်းငြင်းမည်ကြံသည့် ဆွန်ဟီးသည်ပင် ချန်းယောလ် စကားကြောင့် ပါးစပ်ဟသွားရသည်။ လုပ်ပြန်ပါပြီ။ပတ်ချန်းယောလ်တို့.။

“ဘာ !”

“ငါ သူနဲ့မပြီးပြတ်သေးတော့ မင်းနဲ့ဘာဆိုင်လို့လဲ ဘတ်ခွန်းနီးရဲ့။ငါတို့က ဘာပတ်သက်လို့လဲ”

“ဘာပြောလိုက်တယ်.။ငါ တစ်နေ့လုံးဘယ်လောက်ဗျာများနေခဲ့သလဲသိလား မကောင်းတဲ့အကောင်ရဲ့။ဖုန်းခေါ်ထားတာတွေမတွေ့ဘူးလား.။ဟမ်--မင်းပဲငါ့ကိုချစ်တယ်ဆို. ခု ဘာအချိူးချိူးတာလဲ.”

ဘတ်ဟျွန်းက ပြောရင်း တစ်လှမ်းချင်းတိုးလာတော့ ချန်းယောလ်ဖြည်းဖြည်းချင်းနောက်ဆုတ်သွားရသည်။ကျန်နှစ်ယောက်က ပွဲကြည့်ပရိတ်သတ်။

“မင်းက ငါ့ကိုမှ မချစ်တာ.။ဒီတော့ငါ့ကိုချစ်တယ်လူကိုငါရွေးချယ်မှာ..မှားလို့လား.။”

ဘတ်ဟျွန်း ဒေါသတွေတရိပ်ရိပ်တိုးလာရသလို ရှက်လည်းရှက်သည်။ဝမ်းလည်းနည်းသည်။ သူငယ်ချင်းတွေကနေ ချစ်သူ ရည်းစားအဖြစ် ကူးပြောင်းဖို့သူ ရှက်နေခဲ့တာက ချန်းယောလ်ကို မချစ်လို့မဟုတ်ဘူးမလား။ သူ ယုံကြည်နေခဲ့တာ.။သူ ဘယ်လောက်ဆိုးဆိုး--ချန်းယောလ် နားလည်စောင့်ဆိုင်းနေမယ်လို့ထင်ခဲ့တာ.။ခုတော့ ချန်းယောလ်က သူ အထက်တန်း တုန်းက တွဲခဲ့တဲ့ရည်းစားတွေအတိုင်း ဘတ်ဟျွန်းကိုပြုမူလိုက်တာပဲ။ မရရင် မကြိုးစားဘူးဆိုသည့်သဘော။

“အေး မင်းမမှားဘူး။ ပြန်ချစ်နေတဲ့ငါက မှားတာ. ငါ့ကိုလာကစားတဲ့အကောင်.မင်းနဲ့ငါနဲ့ သူငယ်ချင်းအဖြစ်ကရော ပြတ်ပြီ.”

“အ-”

လက်ကမြန်ပါ၏။မေးဖျားကိုပင့်ထိုးလိုက်သည်က တိုက်ကွမ်ဒို လက်ရွေးစင် ဘတ်ဟျွန်းပေမို့ ချန်းယောလ်သည် ခြေယိုင်ကာ ဘေးက ရေကူးကန်ထဲသို့ပြုတ်ကျသွားပါတော့သည်။

“နေ-- အေးပြီး အဲ့ဒီမှာပဲနေလိုက်တော့ ပတ်ချန်းယောလ်ရဲ့.။ငါမင်းကိုချစ်မိတဲ့စိတ်ကို vivi ကိုကျွေးပစ်လိုက်မယ်။”

ထွက်လာသည့် ဝမ်းနည်းဒေါသတွေကိုပြန်လည်မျိူချရင်းမျက်ရည်လည်တည်တည်ဖြင့် ဘတ်ဟျွန်းသည် ရေကူးကန်ထဲတွင် ရုန်းကန်နေရင်းငြိမ်သက်သွားသည့် ချန်းယောလ်ကိုကြည့်ကာကြောင်သွားရသည်။

“ချန်း--ချန်းယောလ်လီ။”

ဆွန်ဟီးနှင့် ဆယ်ဟွန်းကပါ အနားကိုချက်ချင်းပြေးလာကြသည်။သူတို့ဖြစ်နေတာကို ဧည့်ခံပွဲထဲက ဘယ်သူမှတော့ လှမ်းမမြင်နေ.။

“ဆယ်ဟွန်း-- ချန်းယောလ် ဘာဖြစ်တာလဲ”

“ရေ-ရေနစ်တာထင်တယ်. အိုး ဘယ်လိုလုပ်ရမလဲ.”

ဆွန်ဟီးသည် ပြာပြာသလဲဖြင့် ခန်းမဘက်ကိုပြန်ပြေးမလိုလုပ်တော့ ဆယ်ဟွန်း က လှမ်းတားထားလိုက်သည်။ ဘတ်ဟျွန်း ခေါင်းထဲ ဒိန်းခနဲမြည်ကာ ဘာကိုမှမစဉ်းစားနိုင်တော့.။ ဝတ်လာသည့် ဖိနပ်ကိုဆွဲချွတ်ပစ်လိုက်ကာ ရေကူးကန်ထဲ ခုန်ဆင်းလိုက်တော့သည်။ မြှုပ်နေသည့် ချန်းယောလ်ကိုယ်ကို ကူတွဲရတာ မလွယ်။ ခေါင်းထဲမှာရော.နှလုံးသားထဲမှာပါ တုန်လှုပ်စိတ်တွေပြည့်နှက်နေ၏။ချန်းယောလ်ကို သူ တကယ်ကို လုံးဝမလက်မလွှတ်နိုင်ဘူးပဲ။

ကန်ဘောင်ပေါ်ရောက်အောင်တော့ ဆယ်ဟွန်းက ကူတင်ပေးသည်။ ချန်းယောလ်ရင်ဘတ်ကိုဖိကာ ဘတ်ဟျွန်း အရူးတစ်ယောက်လို မျက်ရည်တွေကျလာမိသည်။

“ချန်းယောလ် လီ.. ချန်းယောလ် ထစမ်းပါ.. ငါ့ကိုမခြောက်ပါနဲ့.။ချန်းယောလ်.”

ရင်ဘတ်ကိုလည်းဖိသည်။နှုတ်ခမ်းချင်းထိကပ်လျက် လေမှုတ်သွင်းဖို့လည်းလုပ်သည်။ချောင်းသံပေးလျက် ချန်းယောလ်က မျက်လုံးတွေပွင့်လာ၏။

“ဘတ်ခွန်းနီး.”

“တောင်းပန်တယ်. တောင်းပန်ပါတယ် ချန်းယောလ်.. ငါမင်းကို တမင်လုပ်တာမဟုတ်ပါဘူး။ငါ ငါကစတာ ..။ငါ့မင်းကို တကယ်ချစ်တာ ။ငါက ငါက”

ချန်းယောလ်ကို ရင်ခွင်ထဲမှာပွေ့ပိုက်လျက် ဘတ်ဟျွန်းကငိုသည်။ချန်းယောလ်သည်လည်း ဘတ်ဟျွန်းရင်ခွင်ထဲပိုမို တိုးဝင်လျက် ရေတွေစိုရွှဲနေသည့် ဘတ်ဟျွန်းခါးကလေးကို ခပ်တင်းတင်းဖက်သည်။မြင်ကွင်းသည် သနားချစ်စရာကောင်း သည်မှာအမှန်ပင်ဖြစ်သည်။ဘေးက ဆွန်ဟီးကိုငဲ့ကြည့်လိုက်တော့လည်း သူမသည်ပင်မျက်ရည်အဝဲသား.။

ဆယ်ဟွန်းရယ်ချင်မိနေရုံသာ။

နေစမ်းပါဦး.။  
                                                                                                                                      ပတ်ချန်းယောလ်က တစ်ကျောင်းလုံးရဲ့ရေကူးလက်ရွေးစင်အသင်းချန်ပီယံ ဆိုတာ မေ့နေကြတာလား။

***************
#With Heart
Just A Dreamer.








































Continue Reading

You'll Also Like

587K 101K 91
මා දන්නා ප්‍රේමනීයම යක්ශපරානය අග්නි!!
27.9K 2K 12
ဟံသာဝတီအရှင်သခင်၏ အမျက်တော်တို့ကား ဤစာသဝဏ်အားဖြင့်ပြေစေ... ဟံသာဝတီအရွင္သခင္၏ အမ်က္ေတာ္တို႔ကား ဤစာသဝဏ္အားျဖင့္ေျပေစ... #This is just a work of fiction...
713K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
423K 88.6K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...