ေဆးရံုကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ ဝမ္ရိေပၚ ကိုၾကည့္ကာ ေ႐ွာင္းက်န္႔ သက္ျပင္း႐ွည္ႀကီးတစ္ခုကိုသာခ်လုိက္သည္ ။
ေ႐ွာင္းက်န္႔ နဲ႔ ေဟာက္ရႊမ္း အိမ္ျပန္သြားေတာ့ ရိေပၚ ကေခြၽးေစးေတြစီးက်ေနၿပီး ဗိုက္ကိုဖိထားရင္း လဲက်ေနတာေၾကာင့္ ေဆးရံုကိုအျမန္ပုိ႔ရသည္ ။ ထို႔ေနာက္ အူအတက္ေပါက္၍ ခြဲစိတ္ရမည္ဆိုလာတာေၾကာင့္ ခြဲစိတ္ထားရသည္ ။
ပါပါး နဲ႔ မာမား တုိ႔အကုန္လံုးေရာက္လာၾကေပမယ့္ ပင္ပန္းမွာစိုးတာေၾကာင့္ ေ႐ွာင္းက်န္႔ ကိုယ္တိုင္ေစာင့္ေပးမယ္ဆိုၿပီး ျပန္လႊတ္လုိက္ရသည္ ။
ေဖ်ာ့ေတာ့သြားတဲ့ မ်က္ႏွာေလးကိုၾကည့္ၿပီး ေ႐ွာင္းက်န္႔ သနားမိေပမယ့္ တစ္ဆက္တည္းမွာပဲ စိတ္လည္းဆိုးရျပန္သည္ ။
ကိုယ့္မွာ ဘာေရာဂါျဖစ္မွန္းေတာင္ မသိဘူးလား ။ ျပီးေတာ့ တကယ္ပဲ အစာအိမ္ကင္ဆာ ျဖစ္တယ္ထားဦး အတူတူရင္မဆိုင္ပဲ အခုလို ႏွစ္ေယာက္လံုး ရင္နာရေအာင္လုပ္ဖို႔လိုလို႔လား! ။
"ကို..ကို.."
"သတိရလာၿပီလား"
ရိေပၚ က သူ႔ကိုၾကည့္၍ ခပ္ေဖ်ာ့ေဖ်ာ့ျပံဳးကာေခါင္းညိမ့္ျပလာသည္ ။
"နားလုိက္ဦး"
ျပန္အိပ္ေပ်ာ္သြားတဲ့ ရိေပၚ ကို ၾကည့္ၿပီး ေ႐ွာင္းက်န္႔ သက္ျပင္းထပ္ခ်မိျပန္သည္ ။
မင္း တကယ္ လူဆိုးပဲ ဝမ္ရိေပၚ ။
.............
ရိေပၚ ကုတင္ေပၚမွာ ေက်ာမွီထိုင္ရင္း ေ႐ွာင္းက်န္႔ မ်က္ႏွာကို
တစိမ့္စိမ့္ လိုက္ၾကည့္ေနမိသည္ ။
ကိုကို႔ မ်က္ႏွာႀကီးက တည္တင္းေနတာပဲ ေၾကာက္လာၿပီ ။
"ကုိကို...ေရဆာတယ္"
ေ႐ွာင္းက်န္႔ ဖန္ခြက္ထဲေရထည့္ၿပီး လွမ္းေပးလိုက္သည္ ။
ရိေပၚ က ေ႐ွာင္းက်န္႔ လွမ္းေပးတဲ့ ဖန္ခြက္ကုိယူလိုက္ၿပီး...
"ကြၽန္ေတာ္ ဒီကိုဘယ္လိုေရာက္လာတာလဲဟင္"
ေ႐ွာင္းက်န္႔ စာအုပ္ဖတ္ေနရင္းကေန...
"ငါနဲ႔ေဟာက္ရႊမ္း ေခၚလာတာ"
"ဒါနဲ႔ ကြၽန္ေတာ့္ ေရာဂါက"
"အူအတက္ေယာင္တာ ။ အခုေတာ့ ေပါက္သြားလို႔ ခြဲေပးထားတာ ။ အစာအိမ္ကင္ဆာ ျဖစ္ေနတာမဟုတ္ဘူး ။ ေဆးစစ္ခ်က္စာရြက္မွားတာ"
"ဗ်ာ!!!"
ဪ...ငါ့မွာေတာ့ ေသေလာက္တဲ့ေရာဂါႀကီးဆိုၿပီး ကိုကို မုန္းေအာင္ ဉာဏ္နီဉာဏ္နက္ ေတြဆင္လိုက္တာ ။ ေသာက္က်ိဴးနဲ ေဆးစစ္ခ်က္စာရြက္ မွားတာတဲ့လား!!!
ငါ့ကိုကို နဲ႔ တကယ္ေဝးေတာ့မလုိ႔ ။
ေဒါက္တာ! ၊ ေဒါက္တာ ခင္ဗ်ားလြတ္ေအာင္ေျပးထား!!!
"ဒါနဲ႔ ကိုကို က ကြၽန္ေတာ္ အစာအိမ္ကင္ဆာ မျဖစ္ဘူးဆိုတာ
ဘယ္လိုသိတာလဲဟင္ "
ရိေပၚ မ်က္ႏွာငယ္ေလးနဲ႔ ေမးလိုက္သည္ ။
"ငါက မင္းလို ေစာက္တံုးမွမဟုတ္ပဲ!"
ဒီလိုေျပာပံုအရဆို ကိုကို စိတ္ဆိုးေနတာ ေသခ်ာသေလာက္
႐ွိေနၿပီ! ။ ေသစမ္း ဝမ္ရိေပၚ ။
ရိေပၚ တစ္ခုခုေျပာဖို႔ၾကံလိုက္ေပမယ့္ ေဟာက္ရႊမ္း ဝင္လာတာေၾကာင့္ ၿငိမ္ေနလိုက္ေတာ့သည္ ။
"ရိေပၚ ဒါမင္းကို စစ္ေဆးခ်က္ မွားေပးတဲ့ ဆရာဝန္!"
ရိေပၚ မ်က္ေမွာင္ၾကဳတ္ၿပီးၾကည့္ေတာ့ ထုိဆရာဝန္ေလးက
ခါးက်ိဴးမတတ္ေတာင္းပန္႐ွာသည္ ။
"ေတာင္းပန္ပါတယ္ ။ တကယ္ေတာင္းပန္ပါတယ္ ။ ကြၽန္..ကြၽန္ေတာ္ က အလုပ္သင္ဆရာဝန္ပါ ။ အခုလို အမွားမ်ိဴးျဖစ္ေစခဲ့လို႔ တကယ္ပဲေတာင္းပန္ပါတယ္"
"မင္း လုပ္လို႔ ငါနဲ႔ငါ့ကိုကို ကြဲေတာ့မလို႔ကြ!!!"
"ေတာင္းပန္ပါတယ္ "
"ဒီမွာ ေတာင္းပန္တုိင္း ေက်ေအးေပးရမယ္ဆိုရင္ ဥပေဒ ဆိုတာ ဘယ္ထားေတာ့မလဲ! ။ မင္း အမွားလုပ္လိုက္တာကေလ
လူတစ္ေယာက္အတြက္ ဘယ္ေလာက္ေတာင္ ထိခိုက္နစ္နာရသလဲ"
ေ႐ွာင္းက်န္႔ ၾကားကေနအျမင္ကတ္လာေခ်ၿပီ ။
လူက ေခြးပစ္တုတ္ေလာက္အသက္နဲ႔ ေလႀကီးေလက်ယ္ေတြ
ေျပာေနျပန္ၿပီ!!!
"မင္း မွားတာက သိပ္ကိစၥမ႐ွိဘူး ။ ငါ့ကိုကို စိတ္ဆိုးေနတာက
ကိစၥႀကီးပဲ"
ဆရာဝန္ေလး အူေၾကာင္ေၾကာင္ ျဖစ္သြားတယ္ ။
ဘာလား ?? ။ သူ႔ေဆးစာရြက္မွားတာနဲ႔ သူ႔ကိုကို စိတ္ဆိုးတာနဲ႔ ဘာဆိုင္လို႔တုန္း!!!
ငါ့ကိုလည္း ေရာက္လာတည္းက ပိတ္ေဟာက္ေနတာပဲ!
ငါ့အထက္လူႀကီးေတာင္ သူ႔ေလာက္မေဟာက္ဘူး! ။
ဆရာဝန္ေလး စိတ္ထဲမွာေတာ့ ျပစ္ျပစ္ႏွစ္ႏွစ္ေျပာေနေပမယ့္ ရိေပၚ ေ႐ွ႕မွာေတာ့ ေခါင္းငံု႔ၿပီး ေျပာသမ်ွနားေထာင္ေနေလသည္ ။
ကိုယ္က အမွားလုပ္မိထားသည္ပဲေလ ။
"ငါ့ကိုကို စိတ္ဆိုးမေျပရင္ေလ..."
"ဝမ္ရိေပၚ!!!"
"ဂ်ာ..."
ခ်က္ခ်င္း စကားမပီသလို ျဖစ္သြားတဲ့ ရိေပၚ အသံေၾကာင့္
ဆရာဝန္ေလး က ေမာ့ၾကည့္လာသည္ ။
ဘာလဲ!ခ်က္ခ်င္း သူငယ္ျပန္သြားတာလား ။
"နားျငီးတယ္ "
"ဟုတ္"
အမယ္ သူ႔လင္ေျပာေတာ့ တစ္ခြန္းပဲဟ!!!
"ဒီက ေဒါက္တာလည္း သြားလို႔ရပါၿပီ ။ ေနာက္က်ရင္ေတာ့
ေသခ်ာသတိထားေပါ့ ။ သူေျပာတာေတြလည္း စိတ္ထဲမထားပါနဲ႔ "
"ေက်းဇူးတင္ပါတယ္ ။ ေက်းဇူးတင္ပါတယ္ ။ သြားခြင့္ျပဳပါဦး"
ေ႐ွာင္းက်န္႔ က ေခါင္းညိမ့္ျပေတာ့ ထိုဆရာဝန္ေလးက တစ္ခ်ိဴးတည္းလစ္ေျပးသြားသည္ ။
"ကိုကို...ကြၽန္ေတာ္ေလ"
"တိတ္စမ္း! ၊ မင္း မေမာဘူးလားဟမ္! ။ တရစပ္ကို ေျပာေနေတာ့တာပဲ ။ မင္းဗိုက္က ခ်ဴပ္႐ိုးျပန္မေျပတာ ကံေကာင္း"
"ကိုကို... "
"အိပ္ေတာ့ ဝမ္ရိေပၚ! "
ရိေပၚ စူပုပ္ပုပ္နဲ႔ အိပ္ေနလိုက္ေတာ့သည္ ။
ထိုအျဖစ္အပ်က္ေတြကို အစအဆံုးလိုက္ၾကည့္ေနတဲ့ ေဟာက္ရႊမ္း ကေတာ့ ေခါင္းတခါခါနဲ႔ ရယ္ၿပီး ထြက္သြားေလရဲ႕ ။
ဝမ္ရိေပၚ လည္း ေ႐ွာင္းက်န္႔ေကာ နဲ႔ ကေလးလိုကို ျဖစ္ေနေရာ။
______________
[UNICODE]
ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ဝမ်ရိပေါ် ကိုကြည့်ကာ ရှောင်းကျန့် သက်ပြင်းရှည်ကြီးတစ်ခုကိုသာချလိုက်သည် ။
ရှောင်းကျန့် နဲ့ ဟောက်ရွှမ်း အိမ်ပြန်သွားတော့ ရိပေါ် ကချွေးစေးတွေစီးကျနေပြီး ဗိုက်ကိုဖိထားရင်း လဲကျနေတာကြောင့် ဆေးရုံကိုအမြန်ပို့ရသည် ။ ထို့နောက် အူအတက်ပေါက်၍ ခွဲစိတ်ရမည်ဆိုလာတာကြောင့် ခွဲစိတ်ထားရသည် ။
ပါပါး နဲ့ မာမား တို့အကုန်လုံးရောက်လာကြပေမယ့် ပင်ပန်းမှာစိုးတာကြောင့် ရှောင်းကျန့် ကိုယ်တိုင်စောင့်ပေးမယ်ဆိုပြီး ပြန်လွှတ်လိုက်ရသည် ။
ဖျော့တော့သွားတဲ့ မျက်နှာလေးကိုကြည့်ပြီး ရှောင်းကျန့် သနားမိပေမယ့် တစ်ဆက်တည်းမှာပဲ စိတ်လည်းဆိုးရပြန်သည် ။
ကိုယ့်မှာ ဘာရောဂါဖြစ်မှန်းတောင် မသိဘူးလား ။ ပြီးတော့ တကယ်ပဲ အစာအိမ်ကင်ဆာ ဖြစ်တယ်ထားဦး အတူတူရင်မဆိုင်ပဲ အခုလို နှစ်ယောက်လုံး ရင်နာရအောင်လုပ်ဖို့လိုလို့လား! ။
"ကို..ကို.."
"သတိရလာပြီလား"
ရိပေါ် က သူ့ကိုကြည့်၍ ခပ်ဖျော့ဖျော့ပြုံးကာခေါင်းညိမ့်ပြလာသည် ။
"နားလိုက်ဦး"
ပြန်အိပ်ပျော်သွားတဲ့ ရိပေါ် ကို ကြည့်ပြီး ရှောင်းကျန့် သက်ပြင်းထပ်ချမိပြန်သည် ။
မင်း တကယ် လူဆိုးပဲ ဝမ်ရိပေါ် ။
.............
ရိပေါ် ကုတင်ပေါ်မှာ ကျောမှီထိုင်ရင်း ရှောင်းကျန့် မျက်နှာကို
တစိမ့်စိမ့် လိုက်ကြည့်နေမိသည် ။
ကိုကို့ မျက်နှာကြီးက တည်တင်းနေတာပဲ ကြောက်လာပြီ ။
"ကိုကို...ရေဆာတယ်"
ရှောင်းကျန့် ဖန်ခွက်ထဲရေထည့်ပြီး လှမ်းပေးလိုက်သည် ။
ရိပေါ် က ရှောင်းကျန့် လှမ်းပေးတဲ့ ဖန်ခွက်ကိုယူလိုက်ပြီး...
"ကျွန်တော် ဒီကိုဘယ်လိုရောက်လာတာလဲဟင်"
ရှောင်းကျန့် စာအုပ်ဖတ်နေရင်းကနေ...
"ငါနဲ့ဟောက်ရွှမ်း ခေါ်လာတာ"
"ဒါနဲ့ ကျွန်တော့် ရောဂါက"
"အူအတက်ယောင်တာ ။ အခုတော့ ပေါက်သွားလို့ ခွဲပေးထားတာ ။ အစာအိမ်ကင်ဆာ ဖြစ်နေတာမဟုတ်ဘူး ။ ဆေးစစ်ချက်စာရွက်မှားတာ"
"ဗျာ!!!"
ဪ...ငါ့မှာတော့ သေလောက်တဲ့ရောဂါကြီးဆိုပြီး ကိုကို မုန်းအောင် ဉာဏ်နီဉာဏ်နက် တွေဆင်လိုက်တာ ။ သောက်ကျိူးနဲ ဆေးစစ်ချက်စာရွက် မှားတာတဲ့လား!!!
ငါ့ကိုကို နဲ့ တကယ်ဝေးတော့မလို့ ။
ဒေါက်တာ! ၊ ဒေါက်တာ ခင်ဗျားလွတ်အောင်ပြေးထား!!!
"ဒါနဲ့ ကိုကို က ကျွန်တော် အစာအိမ်ကင်ဆာ မဖြစ်ဘူးဆိုတာ
ဘယ်လိုသိတာလဲဟင် "
ရိပေါ် မျက်နှာငယ်လေးနဲ့ မေးလိုက်သည် ။
"ငါက မင်းလို စောက်တုံးမှမဟုတ်ပဲ!"
ဒီလိုပြောပုံအရဆို ကိုကို စိတ်ဆိုးနေတာ သေချာသလောက်
ရှိနေပြီ! ။ သေစမ်း ဝမ်ရိပေါ် ။
ရိပေါ် တစ်ခုခုပြောဖို့ကြံလိုက်ပေမယ့် ဟောက်ရွှမ်း ဝင်လာတာကြောင့် ငြိမ်နေလိုက်တော့သည် ။
"ရိပေါ် ဒါမင်းကို စစ်ဆေးချက် မှားပေးတဲ့ ဆရာဝန်!"
ရိပေါ် မျက်မှောင်ကြုတ်ပြီးကြည့်တော့ ထိုဆရာဝန်လေးက
ခါးကျိူးမတတ်တောင်းပန်ရှာသည် ။
"တောင်းပန်ပါတယ် ။ တကယ်တောင်းပန်ပါတယ် ။ ကျွန်..ကျွန်တော် က အလုပ်သင်ဆရာဝန်ပါ ။ အခုလို အမှားမျိူးဖြစ်စေခဲ့လို့ တကယ်ပဲတောင်းပန်ပါတယ်"
"မင်း လုပ်လို့ ငါနဲ့ငါ့ကိုကို ကွဲတော့မလို့ကွ!!!"
"တောင်းပန်ပါတယ် "
"ဒီမှာ တောင်းပန်တိုင်း ကျေအေးပေးရမယ်ဆိုရင် ဥပဒေ ဆိုတာ ဘယ်ထားတော့မလဲ! ။ မင်း အမှားလုပ်လိုက်တာကလေ
လူတစ်ယောက်အတွက် ဘယ်လောက်တောင် ထိခိုက်နစ်နာရသလဲ"
ရှောင်းကျန့် ကြားကနေအမြင်ကတ်လာချေပြီ ။
လူက ခွေးပစ်တုတ်လောက်အသက်နဲ့ လေကြီးလေကျယ်တွေ
ပြောနေပြန်ပြီ!!!
"မင်း မှားတာက သိပ်ကိစ္စမရှိဘူး ။ ငါ့ကိုကို စိတ်ဆိုးနေတာက
ကိစ္စကြီးပဲ"
ဆရာဝန်လေး အူကြောင်ကြောင် ဖြစ်သွားတယ် ။
ဘာလား ?? ။ သူ့ဆေးစာရွက်မှားတာနဲ့ သူ့ကိုကို စိတ်ဆိုးတာနဲ့ ဘာဆိုင်လို့တုန်း!!!
ငါ့ကိုလည်း ရောက်လာတည်းက ပိတ်ဟောက်နေတာပဲ!
ငါ့အထက်လူကြီးတောင် သူ့လောက်မဟောက်ဘူး! ။
ဆရာဝန်လေး စိတ်ထဲမှာတော့ ပြစ်ပြစ်နှစ်နှစ်ပြောနေပေမယ့် ရိပေါ် ရှေ့မှာတော့ ခေါင်းငုံ့ပြီး ပြောသမျှနားထောင်နေလေသည် ။
ကိုယ်က အမှားလုပ်မိထားသည်ပဲလေ ။
"ငါ့ကိုကို စိတ်ဆိုးမပြေရင်လေ..."
"ဝမ်ရိပေါ်!!!"
"ဂျာ..."
ချက်ချင်း စကားမပီသလို ဖြစ်သွားတဲ့ ရိပေါ် အသံကြောင့်
ဆရာဝန်လေး က မော့ကြည့်လာသည် ။
ဘာလဲ!ချက်ချင်း သူငယ်ပြန်သွားတာလား ။
"နားငြီးတယ် "
"ဟုတ်"
အမယ် သူ့လင်ပြောတော့ တစ်ခွန်းပဲဟ!!!
"ဒီက ဒေါက်တာလည်း သွားလို့ရပါပြီ ။ နောက်ကျရင်တော့
သေချာသတိထားပေါ့ ။ သူပြောတာတွေလည်း စိတ်ထဲမထားပါနဲ့ "
"ကျေးဇူးတင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။ သွားခွင့်ပြုပါဦး"
ရှောင်းကျန့် က ခေါင်းညိမ့်ပြတော့ ထိုဆရာဝန်လေးက တစ်ချိူးတည်းလစ်ပြေးသွားသည် ။
"ကိုကို...ကျွန်တော်လေ"
"တိတ်စမ်း! ၊ မင်း မမောဘူးလားဟမ်! ။ တရစပ်ကို ပြောနေတော့တာပဲ ။ မင်းဗိုက်က ချူပ်ရိုးပြန်မပြေတာ ကံကောင်း"
"ကိုကို... "
"အိပ်တော့ ဝမ်ရိပေါ်! "
ရိပေါ် စူပုပ်ပုပ်နဲ့ အိပ်နေလိုက်တော့သည် ။
ထိုအဖြစ်အပျက်တွေကို အစအဆုံးလိုက်ကြည့်နေတဲ့ ဟောက်ရွှမ်း ကတော့ ခေါင်းတခါခါနဲ့ ရယ်ပြီး ထွက်သွားလေရဲ့ ။
ဝမ်ရိပေါ် လည်း ရှောင်းကျန့်ကော နဲ့ ကလေးလိုကို ဖြစ်နေရော။
______________