Z.C - U.C ©
၀ွီး.......၀ွီး.....႐ွီး....႐ွီး.....(ေလယာဥ္အင္ဂ်င္သံ)
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္အတြင္းမွာေတာ့ ျပည္တြင္းမွ ျပည္ပကိုထြက္ခြာမည့္သူမ်ားႏွင့္ ျပည္ပမွျပည္တြင္းကို၀င္ေရာက္လာသူ အေျမာက္အမ်ားျဖင့္သာ။
ထိုထဲ၌ luggage တစ္လံုးစီ မာန္ပါပါႏွင့္ဆြဲကိုင္ကာ ေျခလွမ္းညီညီျဖင့္ ေလယာဥ္မယ္၀တ္စံုကိုစတိုင္အျပည့္ျဖင့္၀တ္ဆင္ထားသူေကာင္မေလး၃ဦးႏွင့္ေလယာဥ္ေမာင္ေကာင္ေလးတစ္ဦးအပါအ၀င္ ပုခံုးထပ္၌ ေလယာဥ္မူးအဆင့္႐ွိေကာင္ေလးတစ္ဦးမွာ ဆိုက္ေရာက္အ၀မွထြက္လာပါသည္။
ထိုေလယာဥ္မယ္ေကာင္မေလးသံုးဦးကေတာ့ အသားကလဲဗမာအသားအေရလို၀င္း၀ါတာမ်ိဳးမဟုတ္ပဲ ျဖဴျဖဴအုအုေလးျဖင့္ ၀တ္ထားသည့္၀တ္စံုကလဲအျပာအရင့္ႏွင့္ ႏိုင္ငံျခားေလယာဥ္မယ္မ်ားမလား အရပ္မ်ားမွာလဲေမာ္ဒယ္မင္းသမီးမ်ားႏွင့္အလားတူျဖစ္ေနခဲ့သည္။
ထိုထဲမွာမူ ေကာင္မေလးႏွစ္ဦးမွာမ်က္ႏွာထက္အျပံဳးမ်ားဆင္ျမန္းထားေပမဲ့လို႔ ေကာင္မေလးတစ္ဦးကေတာ့ တစ္ေလာကလံုးသူမလုပ္စာထိုင္စားေနသည့္အလား မ်က္ႏွာမွာ မာထန္ေနခဲ့သည္။
ထို႔ေၾကာင့္ ေဘးကႏွစ္ေယာက္မွာ ထိုေကာင္မေဘးကိုတစ္ေထာင္ျဖင့္အသာတို႔ကာ မ်က္ႏွာေၾကာျပင္ရန္အရိပ္အေျချပရျပန္သည္။
"ကဲ...ငါကေတာ့ဒီကေနပဲသြားေတာ့မယ္ ေနာက္တစ္ပတ္ flight မွျပန္ဆံုမယ္ တာ့တာ.."
"အိုေက ကိုစစ္ see you...bye"
သူမတို႔ငါးေယာက္ထဲမွ ေလယာဥ္မူး ကိုစစ္ဟုအမည္ရသူကေတာ့ သူမတို႔ထဲမွာဦးစြာခြဲထြက္သြားသည္...ထို႔ျပင္ ေလယာဥ္ေမာင္ေလးကလဲ လည္းထိုနည္း၎ပင္။
"ကိုစစ္လဲ သြားၿပီဆိုေတာ့ ကြၽန္ေတာ္လဲ သြားေတာ့မယ္ မမတို႔ ကြၽန္ေတာ္က အိမ္ေစာေစာျပန္ႁပီး မားမားတို႔နဲ႔ေနလိုက္အုန္းမယ္ သဘက္ခါက် ကြၽန္ေတာ္ ဘန္ေကာက္ကိုဂ်ဴတီ႐ွိတယ္..."
"ဟုတ္ပါၿပီ သြားပါ႐ွင္သြားပါ အမတို႔ကေတာ့ ဗိုက္နည္းနည္းဆာလို႔ ၾကက္ေၾကာ္၀င္စားလိုက္အုန္းမယ္..."
"ဟုတ္မမ ကြၽန္ေတာ္သြားၿပီေနာ္အဲ့တာဆုိ..."
သူမတို႔သံုးေယာက္ပဲက်န္ခဲ့ေလေတာ့ သူမတို႔ေနာက္က ၾကက္ေၾကာ္ဆိုင္အတြင္းသို႔ေခတၱ၀င္ကာ အစားအေသာက္ မွာစားက်ျပန္သည္။
"ဟဲ့...သံဇဥ္မ နင္ကလဲတစ္လမ္းလံုးဘာျဖစ္လာတာလဲ ေလယာဥ္ေပၚမွာလဲမ်က္ႏွာႀကီးကဆူပုတ္ေနေကာ ခရီးသည္ေတြေ႐ွ႕မွာလဲ နင့္အျပံဳးကအသက္မပါလိုက္တာ..."
ေသာက္လက္စ လိေမၼာ္ရည္ခြက္ကိုခ်ကာ သက္ျပင္းခ်ႁပီး သူမလက္ထဲမွ ph ကိုစိတ္မပါဟန္ျဖင့္ pw မ်ားဖြင့္ကာေနသည္။
"နင္တို႔မသိပါဘူး မာမီတို႔က ငါ့ကိုေဇထက္ပိုင္ဆိုတဲ့လူနဲ႔ေစ့စပ္ေပးေတာ့မွာ အဲ့ဒီ့လူဒီတစ္ေခါက္ သေဘာၤကျပန္လာရင္တဲ့..."
"ဘာလဲ သံဇဥ္ နင္အခုထိ ဘယ္ေယာက်္ားကိုမွစိတ္မ၀င္စားေသးဘူးလား..."
"သူကဘယ္ေယာက်္ားေလးတစ္ေယာက္ကိုမွစိတ္၀င္စားမလဲ အခ်ိန္ျပည့္သူ႔အေတြးထဲမွာ ဟိုးပေ၀သနီက ခေလးတစ္ေယာက္ကိုစိတ္ထဲေတြးေနတာကို..."
သူငယ္ခ်င္းျဖစ္သူႏွစ္ေယာက္ရဲ႕ ေျပာစကားေၾကာင့္ Facebook ထဲမွာ newfeed ၾကည့္ေနသည့္ သံေယာဇဥ္၏ လက္မ်ားမွာ ေခတၱရပ္တန္႔သြားသည္ ၿပီးေနာက္ မ်က္ေမွာင္အနည္းငယ္က်ံဳကာ ေ႐ွ႕မွသူငယ္ခ်င္းျဖစ္သူႏွစ္ေယာက္ကိုၾကည့္ကာျဖင့္။
"ငါအေတြးထဲမွာ သူ႐ွိတာကသက္သက္ ငါေယာက်္ားေတြကိုစိတ္မ၀င္စားတာကသက္သက္ ဘားမွမဆိုင္ဘူး ႏိုးႏိုး နဲ႔ ကဗ်ာ မာမီတို႔ အဲ့လို တဇြတ္ထိုးလုပ္တာႀကီးကို ငါမႀကိဳက္ယံုေလးတင္..."
"သံဇဥ္ နင္သိပါတယ္ နင့္မာမီက လုပ္ရင္လဲျဖစ္ေအာင္လုပ္တယ္ဆိုတာ အရင္ထဲက နင့္မာမီနင့္ကိုေျပာထားသားပဲ နင္မွဂ႐ုမစိုက္တာ အခုနင့္မာမီေျပာတာေတြကတကယ္ျဖစ္လာေတာ့မယ္ အဲ့တာနင္ဘယ္လိုလုပ္မလဲ..."
"ငါလဲမသိေတာ့ဘူးဟာ အစကထဲက ငါက ဒီအသိုင္းအ၀ိုင္းထဲမွာ ေမြးမလာသင့္တာ..."
ထိုစကားေျပာၿပီးေနာက္ သူမတို႔သံုးေယာက္၏ စကား၀ိုင္းက အနည္းငယ္ တိတ္ဆိတ္သြားခဲ့ရသည္။
သူမတို႔စားေသာက္ၿပီးျပန္ရမဲ့အခ်ိန္ေရာက္လာေတာ့ Taxi ငွါး၍သာ အဆင္ေျပသလိုျပန္ခဲ့က်သည္။
သံေယာဇဥ္ ၏ အိမ္က ေလဆိပ္ႏွင့္နီးေသာေၾကာင့္သူမအိမ္ကိုအရင္ေရာက္သျဖင့္ က်န္သူငယ္ခ်င္းႏွစ္ေယာက္မွာတာ့တာျပ၍က်န္ခဲ့သည္။
"တာ့တာ သံဇဥ္မ ငါတို႔လာမဲ့အပတ္ flight ႐ွိတယ္ေနာ္ ကဗ်ာေတာ့မပါဘူးဆိုေတာ့ နင္ရယ္ငါရယ္ပဲ.."
"အင္းပါငါသိပါတယ္...ငါသြားၿပီ နင္တို႔လဲေကာင္းေကာင္းသြား..."
"ေအးပါ..တာ့တာ..တာ့တာ..."
သူမ၏သူငယ္ခ်င္းႏွစ္ေယာက္စီးသြားသည့္ Taxi ကိုၾကည့္ၿပီး သံေယာဇဥ္ သူမတစ္ေယာက္ထဲ သက္ျပင္းခ်မိသည္ ၿပီးေနာက္ သူမေနာက္ေက်ာကပ္ရပ္မွတံခါး၏တစ္ဖတ္ျခမ္း အေျခခံလူတန္းစားမ်ားစိတ္ထဲ ခမ္းနားလိုက္တာဟုေရရြတ္ႏိုင္ေလာက္သည့္ သံုထပ္တိုက္ကိုၾကည့္မိေတာ့ သူမစိတ္ထဲမသက္သာလွ။
ျခံတံခါးမွ bell ကိုႏိုတ္လိုက္ေတာ့ ျခံထဲမွ ျခံေစာင့္ဟုထင္ရသည့္လူတစ္ေယာက္တံခါးလာဖြင့္ၿပီး သူမကိုျမင္ေတာ့ အနည္းငယ္အံႁသ သြားဟန္ ထို႔အျပင္ သူမလက္ထဲမွ luggage ကိုအလ်ွင္အျမန္ယူကာ အိမ္တံခါး၀သို႔လိုက္ပို႔ေပးေလသည္။
"မမေလး ျပန္လာမွာဘာလို႔ဖုန္းႀကိဳမဆက္တာလဲ မမေလးရယ္ သူေ႒းမ သိရင္ ကြၽန္ေတာ္တို႔အဆူခံရေတာ့မွာ..."
"ဟင္း...အဲ့တာေတြေၾကာင့္ သံေလးအိမ္ျပန္မလာခ်င္တာ အခုေကာ မာမီ႐ွိေနတာလား..."
"ဟုတ္တယ္ မမေလးရဲ႕ ၿပီးေတာ့ မမေလးရဲ႕အေဖလဲ႐ွိတယ္..."
ထိုစကားသံၾကားေတာ့ သံေယာဇဥ္ မွာ မဲ့ျပံဳးေလးျဖင့္ျပံဳးျဖစ္သြားေသးသည္။
"စိတ္မပူပါနဲ႔ ဒါက သံေလးဘာသာျပန္လာတာေလ ဦးေလးတို႔နဲ႔ဘားမွမဆိုင္ဘူး ဦးတို႔ဘာသာလုပ္စရာ႐ွိတာလုပ္ မာမီ ဦးေလးတို႔ကိုဘားမွမေျပာေစရဘူး..."
အိမ္တံခါး၀ေရာက္ေတာ့ အိမ္ေဖာ္ေကာင္မေလးတစ္ေယာက္မွာ အလ်ွင္အျမန္ပင္ သံေယာဇဥ္ ၏ luggage ကိုဆြဲကာ အိမ္အေပၚထပ္သို႔တက္သြားခဲ့သည္။
ဧည့္ခန္းမွာထိုင္ေနသည့္ လူႀကီးႏွစ္ေယာက္မွာ ပစၥည္းဥစၥာ၏အ႐ိုန္အ၀ါေၾကာင့္မဟုတ္ပါပဲ အလိုလိုေနရင္း ဟိတ္ဟန္႐ွိေနသေယာင္ ထိုလူႏွစ္ေယာက္ထဲမွ အမ်ိဳးသားတစ္ဦးကေတာ့ျဖင့္။
"ဟာ...သမီးေလး...ျပန္လာတာ ဒယ္ဒီတို႔ကိုေတာင္အေၾကာင္းမၾကားပါလား ျဗဳန္းစားႀကီး..."
"ဟင္း...ဒယ္ဒီရယ္ ကိုယ့္အိမ္ကိုယ္ျပန္လာတာပဲ တကူးတကႀကီး အေၾကာင္းၾကားဖို႔လိုေသးလို႔လား...သမီးလဲ တစ္ခါတစ္ေလ ေပါ့ေပါ့ပါးပါးေလးျပန္လာခ်င္တာေပါ့..."
သူမ ဧည့္ခန္းမွ ထိုင္ခံု၌မထိုင္ပါပဲ မတ္တပ္ရပ္ရင္းနဲ႔သာ သူမမိဘမ်ားကိုစကားေျပာေနမိသည္။
"မာမီ ကေကာ တစ္ခုခုမ်ား သမီးကိုမေျပာခ်င္ေတာ့ဘူးလား..."
သံေယာဇဥ္ အေျပာေၾကာင့္ အေမျဖစ္သူမွာ လက္ထဲမွ Tablet ကိုခ်ကာ သမီးျဖစ္သူသံေယာဇဥ္ကို မ်က္လံုးပင့္ၾကည့္လိုက္သည္။
"တစ္ခုခုေျပာပါဆိုရင္ ေနာက္တစ္ခါဒီလိုအျဖစ္မ်ိဳးထပ္မလုပ္ဖို႔ပဲေျပာခ်င္တယ္သမီး သမီးရဲ႕အေျခအေနနဲ႔ အခုလိုေတြလုပ္ေနတာ မသင့္ေတာ္မွန္းသမီးသိပါတယ္ မာမီေထြေထြထူးထူးေျပာမေနခ်င္ဘူး သမီးကဥာဏ္ေကာင္းပါတယ္ မာမီေျပာထားတဲ့ ခ်မွတ္ထားတဲ့စည္းကမ္းေတြ သမီးမွတ္မိမွာပါ..."
ထိုစကားေျပာၿပီး အခုနကခ်ထားသည့္ Tablet ကိုျပန္ကိုင္ကာ စီးပြားေရးသတင္းမ်ားထိုင္ၾကည့္ေနသည့္ သူမ အေမကို သံေယာဇဥ္ ၾကည့္မိသည္။
သူမ အေမက ငယ္ငယ္ရြယ္ရြယ္ႏွင့္ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္း႐ွင္ျဖစ္လာသည့္အတြက္ အလိုလိုေနရင္း ဂုဏ္ေတြအ႐ိုန္အ၀ါေတြေတာက္ပေနသေယာင္ သို႔ေသာ္ ေဘးနားမွာထိုင္ကာ သူမကို အျပံဳးႏွင့္သာၾကည့္ေနေသာ သူမအေဖကေတာ့ အေမျဖစ္သူႏွင့္မတူ အေနေအးသည္ ထို႔ျပင္ မိခင္ျဖစ္သူကဲ့သို႔ စီးပြားေရးလုပ္ငန္း႐ွင္မဟုတ္ ဓာက္ပံုပညာ႐ွင္တစ္ဦး ထိုသို႔ အေနေအးသူနဲ႔ မိခင္ျဖစ္သူတုိ႔မည္သို႔ဖူးစာဆံုသည္မသိ သူမသိတာ မာမီက အေျပာႏွင့္အလုပ္ လက္ေတြ႔က်ေအာင္လုပ္သူျဖစ္ေၾကာင္း။
သူမ ထိုေနရာမွ သူမအခန္းထဲသို႔သြားမည္အလုပ္ သူမအေမ၏ စကားသံသဲ့သဲ့ကိုထပ္မံၾကားလိုက္ရေသးသည္။
"ေနာက္လ လဆန္းပိုင္းက်ရင္ ေဇထက္ပိုင္ ျပန္လာေတာ့မယ္ အဲ့အခ်ိန္က်ရင္ သမီးအဆင္သင့္ျဖစ္ေနပါေစေနာ္ လက္ခံမယ္ ဒါမွမဟုတ္ ျငင္းမယ္ ဆိုတဲ့အေျဖ ျငင္းမယ္ဆိုရင္ေတာ့ အေၾကာင္းျပခ်က္ေကာင္းေကာင္းမာမီ့ကိုေပးႏိုင္ဖို႔သမီးဘက္ကအဆင္သင့္႐ွိေနပါေစ..."
"မိန္းမကလဲ သမီးေလးက အခုမွျပန္ေရာက္တာကို နားပါေစအုန္း...သြားသြား သမီးေလး...နားေတာ့..."
သံေယာဇဥ္ ဘားမွမေျပာႏိုင္ပါပဲ ထိုေနရာမွ သူမအခန္းသို႔သာလာခဲ့သည္ ထို႔ေနာက္ အခန္းထဲေရာက္ေတာ့ စားပြဲေပၚက ေသာက္စရာအဆင္သင့္ သံပုရာရည္ခြက္ထဲမွ သံပုရာရည္ အနည္းငယ္ေသာက္ကာ သူမ ကိုယ္ခႏၶာမွ အ၀တ္အစား တစ္ခုျခင္းေျဖေလ်ာ့ကာ ေရခ်ိဳးခန္းထဲသို႔တန္း၀င္သြားခဲ့သည္။
မိနစ္အနည္းငယ္ၾကာမွ ျပန္ထြက္လာေတာ့ မိတ္ကပ္မ်ားကင္းစင္ကာ ယခင္ေဖြးပါသည္ဆိုမွ ေရခ်ိဳးၿပီးခ်ိန္ျဖစ္ေသာေၾကာင့္ မ်က္ႏွာထပ္၌ ေရသီးေလးမ်ားကကပ္ေနကာ ေခါင္းေလ်ွာ္ထားသည္ေၾကာင့္ ေရစက္မ်ားကလဲ ထဘက္ႏွင့္သုပ္ေနမႈေၾကာင့္ ၾကမ္းျပင္ေပၚတစ္စက္စက္။
ထို ေရသုပ္လက္စႏွင့္ မွန္တင္ခံုေပၚထိုင္ေတာ့ မွန္ထဲမွာျမင္ေနရသည့္ သူမ၏ ပံုရိပ္ကိုေခတၱာစူးစိုက္ၾကည့္ေနမိသည္။
သူမ သံေယာဇဥ္ ဆိုသည့္သူမက သာမာန္မိသားစုက ဆင္းသက္လာတာမဟုတ္ဘူးဆိုသည့္အသိႀကီးက သူမ၏စိတ္ကိုအနည္းငယ္အနည္ထိုင္ေစသည္။
သူမ်ားေတြလိုလြတ္လပ္ေပါ့ပါးစြာေနျခင္သည္ ဘ၀ကိုအဓိပၸါယ္႐ွိ႐ွိျဖင့္ ကိုယ္ပိုင္ဘ၀ပိုင္ဆိုင္ျခင္သည္ သို႔ေသာ္ သူမေမြးဖြားလာကထဲက ၿပိဳင္ဆိုင္ေနမႈမ်ားျဖင့္ႀကီးျပင္းလာရသည့္အတြက္ သူမဘ၀က ထင္သေလာက္ ေပ်ာ္ရႊင္ေနသည့္အထဲမွာမပါ။
ထို႔အျပင္သူမဘ၀က သူမ မာမီ၏ႀကီးစိုးမႈ ခ်ယ္လွယ္မႈကိုခံေနရသည့္ စာေျခာက္႐ုပ္သဖြယ္။
မိဘႏွစ္ပါး၌ အေဖျဖစ္သူက အေနေအးသေလာက္ အေမျဖစ္သူက ရည္မွန္းခ်က္ႀကီးသည္ မာနႏွင့္အ႐ွက္ကို အသက္လိုျမတ္ႏိုးသည္ ထို္အျပင္ စည္းကမ္းထင္းက်ပ္သည္။
ထိုအေၾကာင္းအရာမ်ားကိုအႀကိမ္ႀကိမ္အခါခါျပန္စဥ္းစားတိုင္း သူမဒီလိုအေျခအေနႀကီးမွေန ႐ႈန္းထြက္လႊတ္ေျမာက္ခ်င္သည္ သို႔ေသာ္ သူမမစြမ္းေဆာင္ႏိုင္ေသးေပ။
မွန္တင္ခံုေပၚမွာေထာင္ထားသည့္ ဓာက္ပံုထဲမွ ေကာင္မေလးႏွစ္ေယာက္ကိုၾကည့္ကာ သူမ မ်က္ရည္၀ဲမိသည္။
"မမ သံေလး အခု မမလိုပဲ စိတ္အရမ္းမြန္းက်ပ္ေနၿပီမမရယ္ သံေလး မမေနာက္လိုက္လာပစ္ခ်င္တယ္ ဒါေပမဲ့ ဒယ္ဒီနဲ႔မာမီမွာ သံေလးတစ္ေယာက္ပဲ႐ွိေတာ့တာဆိုတာႀကီးေၾကာင့္ သံေလး အခုခ်ိန္ထိ ဒီႏြံထဲမွာ ႐ႈန္းကန္ေနရတာ တကယ္ဆို သံေလးအရမ္း႐ႈန္းထြက္ခ်င္ေနႁပီ..."
ထိုသို႔ေျပာကာ စားပြဲေပၚေမွာက္ခ်ငိုမိသည္အထိ သူမ၀မ္းနည္းခဲ့ရသည္။
သူမ၏အခန္းထဲမွ နံရံထပ္မွာေတာ့ မိသားစုဓာက္ပံုႀကီးမွလူေတြကေတာ့အျပံဳးမ်ားပန္ဆင္ထား၍ သူမႏွင့္သူမမိဘအျပင္ သူမႏွင့္႐ုပ္ခ်င္းအနည္းငယ္ဆင္ေသာ္လဲ သူမကဲ့သို႔ေခတ္ဆန္ဆန္မဟုတ္သည့္ ျမန္မာဆန္ဆန္ေကာင္မေလးတစ္ဦးႏွင့္ ကေလးငယ္ေလးတစ္ဦးကိုခ်ီထားေသာ ေယာက်္ားေလးတစ္ဦးႏွင့္ ထိုကေလး၏မိခင္ျဖစ္သည့္မိန္းခေလးတစ္ဦး။
✈✈✈
ခ်လပ္...ခ်လပ္...ခ်လပ္(ဓာက္ပံု႐ိုက္သံ)
ဓာက္ပံု စတူဒီယိုတစ္ခုမွာ မ်ားေသာအားျဖင့္ ဓာက္ပံု႐ိုက္သူေတြက ေယာက်္ားေလးမ်ားဆိုေပမဲ့ Hope ဆိုသည့္ ဓာက္ပံုဆိုင္ေလးအတြင္းမွာေတာ့ တစ္ျခားဆိုင္မ်ားကဲ့သို႔ ဓာက္ပံု႐ိုက္ေပးသူမွာ ေယာက်ာ္းေလးတစ္ေယာက္မဟုတ္ခဲ့ပါ။
"အင္း...ေကာင္းေနၿပီ မ်က္ႏွာေလးကို ဘယ္ဘက္နဲနဲေစာင္းၿပီး ေမာ့လိုက္...(ခ်လပ္)...အိုေက...အဲ့အေနအထားတိုင္းကိုပဲ မ်က္လံုးက တို႔ကိုၾကည့္မယ္...(ခ်လပ္)...ၿပီးရင္ မတ္တပ္ရပ္အေနအထားတိုင္းေလးပဲ ခတ္မိုက္မိုက္စတိုင္ေလးနဲ႔ တို႔ကိုႏႈတ္ခမ္းကိုက္ၿပီးမ်က္ေမွာင္က်ဳပ္ၿပီးၾကည့္မယ္...(ခ်လပ္)..."
"ဟို...ခဏ...ခဏေလး မမ မီးငယ္ ေမာလို႔ခဏနားလို႔ရလား...ဟီး..."
ထိုဓာက္ပံု႐ိုက္ေပးေနသည့္ေကာင္မေလးမွာ ထိုေမာ္ဒယ္မေလး၏ ႐ုပ္တရက္ျဖတ္ေျပာသည့္စကားကို မ်က္ႏွာမဲ့ကာ ေပေစာင္းေစာင္းႏွင့္ ၾကည့္ၿပီး သေဘာတူလိုက္ပါသည္။
"သြား..နားေခ်...၁၀ မိနစ္ေနာ္ ၿပီးရင္ျပန္႐ိုက္မယ္ ညည္းရဲ႕ ထုပ္လုပ္သူကဓာက္ပံုကိုဒီေန႔အၿပီးျပင္ဆင္ၿပီးမနတ္ျဖန္ပို႔ေပးဆိုလို႔ ငါ့မွာျမန္ျမန္လုပ္ေနတာ သူ႔ရဲ႕သမီးေတာ္ကအခုလို အီးေညႇာင္အီေညႇာင္လုပ္ေနတာက်မသိဘူး..."
"ေအာ္...မမရယ္ လူငယ္ပဲအဲ့ေလာက္ေတာ့႐ွိမွာေပါ့ ဟဲဟဲ...လာပါ မမလဲခဏနားလိုက္ တစ္ေနကုန္နီးပါး မမလဲနားရေသးတာမွမဟုတ္တာ...လာလာ ကြၽန္ေတာ္ဒီမွာ မမအတြက္ သံပရာရည္ေလးေဖ်ာ္ေပးထားတယ္..."
သစ္ခတ္၏ ေဘး၌ သစ္ခတ္၏ အရိပ္အေျခကိုအျမဲၾကည့္ေနသည့္ ေကာင္ေလးမွေန၍ ထိုသို႔ေျပာေတာ့ သစ္ခတ္မွာ တစ္ဖန္စိတ္ေလ်ာ့ရျပန္သည္။
"ေအာ္...ဒါနဲ႔ မမေတာင္ ေနာက္လဆိုရင္ ၂၇ ျဖစ္ေတာ့မွာပဲ ဟဲဟဲ စားရေတာ့မယ္..."
"အခုလဲ ငါ့ကိုတစ္နည္းမဟုတ္တစ္နည္းနဲ႔၀ယ္ေကြၽးခိုင္းေနတာမ်ားအပိုလုပ္လို႔ အလကား အပိုေတြလာေျပာေနတယ္..."
"ဒါကဒါေပါ့ မမကလဲ ဒါေပမဲ့ မတူဘူးေလ ဟိုဟာကဟိုဟာ ဒီဟာကဒီဟာ ဟီး..."
သူမရယ္ ဇြဲေနာင္ရယ္ ခုနမွ ေလာေလာလက္လက္႐ိုက္ထားသည့္ ဓာက္ပံုမ်ားကိုျပန္စစ္ေဆးေနခ်ိန္ သစ္ခတ္၏ စတူဒီယိုထဲသို႔ ေကာင္မေလးတစ္ေယာက္ေရာက္လာခဲ့သည္။
ထိုကာင္မေလးကို ခုနက ေမာ္ဒယ္မေလးကျမင္ေတာ့ ႏႈတ္ဆက္မလိုၾကံရြယ္တုန္း ထိုေကာင္မေလးမွ အသံတိတ္ထားရန္လက္ဟန္ျပေသာေၾကာင့္ မ်က္လံုးတစ္ဖတ္မိွတ္ကာ အခ်င္းခ်င္း အခ်ိတ္အဆက္လုပ္က်သည္။
"အဟင္း အဟင္း ဓာက္ပံုဆရာမေလး ေဒၚ သစ္ခတ္ငယ္ ႐ွင့္..."
"အမေလး!..."
အနားနားကပ္ကာေလသံျမင့္ျမင့္ေျပာလိုက္ေသာေၾကာင့္ သစ္ခတ္မွာမူ ေသာက္လက္စ သံပုရည္ေတာင္သီးသြားရသည္ ထိုအခ်င္းအရာကိုၾကည့္ကာ ထိုအမည္မသိေကာင္မေလးမွာ သေဘာက်စြာျဖင့္အားရပါးရရီေနမိသည္။
"ဟာ...ေမ...နင္ဟာ အသံလးဘာေလးေပးပါအုန္းလား လန္႔လိုက္တာ..."
"အမေလး ျဖစ္ပ်က္ေနလိုက္တာ နင့္ဘာသာနင္ အလုပ္ထဲ စိတ္ေရာက္ေနၿပီးေတာ့မ်ား ၿပီးေတာ့ ငါနင့္ကိုစိတ္ဆိုးေနတာေနာ္ ငါကိုဘားမွလာအထြန္႔မတက္နဲ႔..."
သူမတို႔သူငယ္ခ်င္းႏွစ္ေယာက္စကားေျပာေနတုန္း ဇြဲေနာင္မွာ အလိုက္တသိေ႐ွာင္ကာေနေပးသည္။
"ဘာလဲ ဘာလာလုပ္တာလဲ စိတ္ဆိုးေနတယ္ဆိုလဲ ေစာင့္အုန္း ငါမေခ်ာ့ႏိုင္ေသးဘူး ဒီမွာ အလုပ္က်န္ေသးတယ္ တစ္ခ်ိဳ႕အက်င့္မေကာင္းတဲ့ထုပ္လုပ္ေလးမႈးက ဒီေန႔ဓာက္ပံုေတြအၿပီးအပ္ရမယ္ေျပာလို႔လုပ္ေနတယ္..."
ထို႔အေျပာကို မို႔သက္ေမ ဆိုသည့္ေကာင္မေလးကျဖင့္ ႏွာေခါင္း႐ႈပ့္ကာ မ်က္ေစာင္းျဖင့္ သစ္ခတ္ကိုၾကည့္ေလသည္။
"ေအာ္...႐ွင္ကပဲေျပာရတယ္႐ွိေသးတယ္ အဆက္အသြယ္မရနိုင္ေလာက္ေအာင္ ေပ်ာက္ေနတာဘယ္သူလဲ အခုမွ အျပစ္လာတင္မေနနဲ႔ ႐ွင့္အျပစ္နဲ႔႐ွင္ခံ..."
"ဟုတ္ကဲ့ပါ႐ွင့္ ဟုတ္ကဲ့ပါ အကုန္လံုး ကြၽန္ေတာ္မ်ိဳးမရဲ႕ အျပစ္ေတြပဲထားလိုက္ပါေတာ့..."
သူမတို႔ႏွစ္ေယာက္စကားေျပာလက္စႏွင့္ပဲ ေမာ္ဒယ္ေကာင္မေလးကို မို႔သက္ေမက ကိုယ္ေနကိုယ္ထားသူမလိုခ်င္သည့္အေနအထားကုိျပင္ခိုင္းၿပီး သစ္ခတ္ကျဖင့္ ဓာက္ပံု႐ိုက္လို႔ရယ္။
သူမတို႔အကုန္နီးပါးအႁပီးသက္ၿပီးေတာ့ အခ်ိန္သည္ကား ညေနေစာင္းကာ ၆ နာရီေက်ာ္ကာေနသည္။
"ဟင္း...ပင္ပန္းေနၿပီ မမေမ သမီးမနတ္ျဖန္ ႐ႈတင္ဖ်တ္လို႔ရလားဟင္ တစ္ရက္ထဲပါ ဒီေန႔တေနကုန္ပင္ပန္းထားရတာ ေနာ္ေနာ္ေနာ္..."
"မိဟန္သာ...ေနာ္ေနာ္ ေတြ ေလးျဖဴေတြ အငဲ ေတြလာလုပ္မေနနဲ႔ မနတ္ျဖန္ ညည္း ႐ူတင္က ေန႔လည္မွ အခုအိမ္ျပန္ေရာက္တာနဲ႔ အိပ္ပါလိမ့္ ငါကဒါဆိုဒါမွႀကိဳက္တာေနာ္ ဘာလဲ လစာအဖ်တ္ခံခ်င္လို႔လား.."
"ဟင့္...မမေမကလဲ တစ္စိတ္႐ွိအဲ့တာႀကီးနဲ႔ပဲကိုင္ေပါက္ေနတယ္ ၿပီးေရာၿပီးေရာ...ဒါပဲ သြားၿပီ...ဟြန္႔..."
ဟန္သာ ဆိုသည့္ေကာင္မေလးက ေ႐ွ႕ကေန ေဘာက္ဆက္ေဘာက္ဆက္လမ္းေလ်ာက္ကာ သူမကားထဲ၀င္ထိုင္ေနၿပီး သစ္ခတ္တို႔ႏွင့္က်န္ခဲ့သည့္မန္ေနဂ်ာကေတာ့ ဟန္သာ့ကိုမႏိုင္သည့္ဟန္။
"ကဲ ဂ်ာႀကီး သူ႔ကိုအိမ္ေရာက္ေအာင္ပို႔ေပးလိုက္ ႁပီးေတာ့ သူကဒီေန႔ပင္ပန္းထားတာဆိုေတာ့ အိပ္ခါနီးအားေဆးေလးဘယေလးတိုက္လိုက္အုန္း မနတ္က်ရင္လန္းသြားေအာင္ ၿပီးေတာ့ မနတ္ျဖန္႐ူတင္က Beauty Blog အပိုင္းဆိုေတာ့ အိပ္ခါနီးမ်က္ႏွာကိုဂ႐ုစိုက္ေပးလိုက္အုန္း..."
"ဟုတ္ကဲ့ပါ ေမေလးရဲ႕ ဒီကဂ်ာႀကီးကသိၿပီးသား ကဲ ေမေလးနဲ႔ ဓာက္ပံုဆရာမေရသြားလိုက္အုန္းမယ္..."
"ဟုတ္ကဲ့ပါ ဂ်ာႀကီး ကားကိုဂ႐ုစိုက္ေမာင္းအုန္း..."
ထို ဟန္သာ့၏ ကားေလးထြက္သြာေတာ့ မို႔သက္ေမ၏ မ်က္၀န္းမ်ားက သစ္ခတ္ထံသို႔တစ္ဖန္ေရာက္လာျပန္သည္။
"ဘာလဲ...ဘာလဲ..ဘာလဲ...ဒီမွာ ငါလဲပင္ပန္းေနတာေနာ္...မဟုတ္ကဟုတ္ကေတြေတာ့မၾကံနဲ႔..."
"အံမယ္ သူကပဲေျပာရတယ္႐ွိေသး...မရဘူး ဒီည နင္ငါ့ကိုဆိုင္တစ္ဆိုင္ဆိုင္မွာလိုက္ေကြၽးရမယ္ နင္သိပါတယ္ ငါကဒါဆိုဒါမွႀကိဳက္တယ္ဆိုတာ...လာ သြားမယ္ နင့္စတူဒီယိုကို ဟိုတစ္ေယာက္ ငဇြဲကို ပိတ္ခိုင္းလိုက္ေတာ့ အခုငါနဲ႔လိုက္ခဲ့ ဗိုက္ဆာေနၿပီ သြားမယ္ သြားမယ္ လာလာ..."
မလိုက္ခ်င္ လိုက္ခ်င္နဲ႔ မို႔သက္ ကားေပၚပါသြားေသာ သစ္ခတ္ရယ္ပါ ကားေပၚေရာက္မွ ဇြဲေနာင္ဆီဖုန္းဆက္ကာ စတူဒီယိုကိုပိတ္ခိုင္းရျပန္သည္။
သစ္ခတ္မွာ သူမ၏ ပိုက္ဆံအိတ္ထဲမွာ ပိုက္ဆံေလးမ်ား အေတာင္ပံေပါက္ကာ ပ်ံသန္းေတာ့မည္ကိုေတြးရင္း ဘယ္ဆိုင္ကိုေမာင္းေနမွန္းမသိသည့္ မို႔စက္ကို ခိုးၾကည့္ရေသးသည္။
ကားေမာင္းေနသည့္မို႔သက္မွာေတာ့ သစ္ခတ္မသိေအာင္ ခိုးျပံဳးေနေတာ့သည္။
✈✈✈
#trollz
#တိုလဲဒါပဲဖတ္ ဒါပဲ😆😆
#i'm coming back
✈✈✈(unicode👌)
ဝှီး.......ဝှီး.....ရှီး....ရှီး.....(လေယာဉ်အင်ဂျင်သံ)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းမှာတော့ ပြည်တွင်းမှ ပြည်ပကိုထွက်ခွာမည့်သူများနှင့် ပြည်ပမှပြည်တွင်းကိုဝင်ရောက်လာသူ အမြောက်အများဖြင့်သာ။
ထိုထဲ၌ luggage တစ်လုံးစီ မာန်ပါပါနှင့်ဆွဲကိုင်ကာ ခြေလှမ်းညီညီဖြင့် လေယာဉ်မယ်ဝတ်စုံကိုစတိုင်အပြည့်ဖြင့်ဝတ်ဆင်ထားသူကောင်မလေး၃ဦးနှင့်လေယာဉ်မောင်ကောင်လေးတစ်ဦးအပါအဝင် ပုခုံးထပ်၌ လေယာဉ်မူးအဆင့်ရှိကောင်လေးတစ်ဦးမှာ ဆိုက်ရောက်အဝမှထွက်လာပါသည်။
ထိုလေယာဉ်မယ်ကောင်မလေးသုံးဦးကတော့ အသားကလဲဗမာအသားအရေလိုဝင်းဝါတာမျိုးမဟုတ်ပဲ ဖြူဖြူအုအုလေးဖြင့် ဝတ်ထားသည့်ဝတ်စုံကလဲအပြာအရင့်နှင့် နိုင်ငံခြားလေယာဉ်မယ်များမလား အရပ်များမှာလဲမော်ဒယ်မင်းသမီးများနှင့်အလားတူဖြစ်နေခဲ့သည်။
ထိုထဲမှာမူ ကောင်မလေးနှစ်ဦးမှာမျက်နှာထက်အပြုံးများဆင်မြန်းထားပေမဲ့လို့ ကောင်မလေးတစ်ဦးကတော့ တစ်လောကလုံးသူမလုပ်စာထိုင်စားနေသည့်အလား မျက်နှာမှာ မာထန်နေခဲ့သည်။
ထို့ကြောင့် ဘေးကနှစ်ယောက်မှာ ထိုကောင်မဘေးကိုတစ်ထောင်ဖြင့်အသာတို့ကာ မျက်နှာကြောပြင်ရန်အရိပ်အခြေပြရပြန်သည်။
"ကဲ...ငါကတော့ဒီကနေပဲသွားတော့မယ် နောက်တစ်ပတ် flight မှပြန်ဆုံမယ် တာ့တာ.."
"အိုကေ ကိုစစ် see you...bye"
သူမတို့ငါးယောက်ထဲမှ လေယာဉ်မူး ကိုစစ်ဟုအမည်ရသူကတော့ သူမတို့ထဲမှာဦးစွာခွဲထွက်သွားသည်...ထို့ပြင် လေယာဉ်မောင်လေးကလဲ လည်းထိုနည်း၎င်းပင်။
"ကိုစစ်လဲ သွားပြီဆိုတော့ ကျွန်တော်လဲ သွားတော့မယ် မမတို့ ကျွန်တော်က အိမ်စောစောပြန်ပြီး မားမားတို့နဲ့နေလိုက်အုန်းမယ် သဘက်ခါကျ ကျွန်တော် ဘန်ကောက်ကိုဂျူတီရှိတယ်..."
"ဟုတ်ပါပြီ သွားပါရှင်သွားပါ အမတို့ကတော့ ဗိုက်နည်းနည်းဆာလို့ ကြက်ကြော်ဝင်စားလိုက်အုန်းမယ်..."
"ဟုတ်မမ ကျွန်တော်သွားပြီနော်အဲ့တာဆို..."
သူမတို့သုံးယောက်ပဲကျန်ခဲ့လေတော့ သူမတို့နောက်က ကြက်ကြော်ဆိုင်အတွင်းသို့ခေတ္တဝင်ကာ အစားအသောက် မှာစားကျပြန်သည်။
"ဟဲ့...သံဇဉ်မ နင်ကလဲတစ်လမ်းလုံးဘာဖြစ်လာတာလဲ လေယာဉ်ပေါ်မှာလဲမျက်နှာကြီးကဆူပုတ်နေကော ခရီးသည်တွေရှေ့မှာလဲ နင့်အပြုံးကအသက်မပါလိုက်တာ..."
သောက်လက်စ လိမ္မော်ရည်ခွက်ကိုချကာ သက်ပြင်းချပြီး သူမလက်ထဲမှ ph ကိုစိတ်မပါဟန်ဖြင့် pw များဖွင့်ကာနေသည်။
"နင်တို့မသိပါဘူး မာမီတို့က ငါ့ကိုဇေထက်ပိုင်ဆိုတဲ့လူနဲ့စေ့စပ်ပေးတော့မှာ အဲ့ဒီ့လူဒီတစ်ခေါက် သဘောၤကပြန်လာရင်တဲ့..."
"ဘာလဲ သံဇဉ် နင်အခုထိ ဘယ်ယောကျ်ားကိုမှစိတ်မဝင်စားသေးဘူးလား..."
"သူကဘယ်ယောကျ်ားလေးတစ်ယောက်ကိုမှစိတ်ဝင်စားမလဲ အချိန်ပြည့်သူ့အတွေးထဲမှာ ဟိုးပဝေသနီက ခလေးတစ်ယောက်ကိုစိတ်ထဲတွေးနေတာကို..."
သူငယ်ချင်းဖြစ်သူနှစ်ယောက်ရဲ့ ပြောစကားကြောင့် Facebook ထဲမှာ newfeed ကြည့်နေသည့် သံယောဇဉ်၏ လက်များမှာ ခေတ္တရပ်တန့်သွားသည် ပြီးနောက် မျက်မှောင်အနည်းငယ်ကျုံကာ ရှေ့မှသူငယ်ချင်းဖြစ်သူနှစ်ယောက်ကိုကြည့်ကာဖြင့်။
"ငါအတွေးထဲမှာ သူရှိတာကသက်သက် ငါယောကျ်ားတွေကိုစိတ်မဝင်စားတာကသက်သက် ဘားမှမဆိုင်ဘူး နိုးနိုး နဲ့ ကဗျာ မာမီတို့ အဲ့လို တဇွတ်ထိုးလုပ်တာကြီးကို ငါမကြိုက်ယုံလေးတင်..."
"သံဇဉ် နင်သိပါတယ် နင့်မာမီက လုပ်ရင်လဲဖြစ်အောင်လုပ်တယ်ဆိုတာ အရင်ထဲက နင့်မာမီနင့်ကိုပြောထားသားပဲ နင်မှဂရုမစိုက်တာ အခုနင့်မာမီပြောတာတွေကတကယ်ဖြစ်လာတော့မယ် အဲ့တာနင်ဘယ်လိုလုပ်မလဲ..."
"ငါလဲမသိတော့ဘူးဟာ အစကထဲက ငါက ဒီအသိုင်းအဝိုင်းထဲမှာ မွေးမလာသင့်တာ..."
ထိုစကားပြောပြီးနောက် သူမတို့သုံးယောက်၏ စကားဝိုင်းက အနည်းငယ် တိတ်ဆိတ်သွားခဲ့ရသည်။
သူမတို့စားသောက်ပြီးပြန်ရမဲ့အချိန်ရောက်လာတော့ Taxi ငှါး၍သာ အဆင်ပြေသလိုပြန်ခဲ့ကျသည်။
သံယောဇဉ် ၏ အိမ်က လေဆိပ်နှင့်နီးသောကြောင့်သူမအိမ်ကိုအရင်ရောက်သဖြင့် ကျန်သူငယ်ချင်းနှစ်ယောက်မှာတာ့တာပြ၍ကျန်ခဲ့သည်။
"တာ့တာ သံဇဉ်မ ငါတို့လာမဲ့အပတ် flight ရှိတယ်နော် ကဗျာတော့မပါဘူးဆိုတော့ နင်ရယ်ငါရယ်ပဲ.."
"အင်းပါငါသိပါတယ်...ငါသွားပြီ နင်တို့လဲကောင်းကောင်းသွား..."
"အေးပါ..တာ့တာ..တာ့တာ..."
သူမ၏သူငယ်ချင်းနှစ်ယောက်စီးသွားသည့် Taxi ကိုကြည့်ပြီး သံယောဇဉ် သူမတစ်ယောက်ထဲ သက်ပြင်းချမိသည် ပြီးနောက် သူမနောက်ကျောကပ်ရပ်မှတံခါး၏တစ်ဖတ်ခြမ်း အခြေခံလူတန်းစားများစိတ်ထဲ ခမ်းနားလိုက်တာဟုရေရွတ်နိုင်လောက်သည့် သုံထပ်တိုက်ကိုကြည့်မိတော့ သူမစိတ်ထဲမသက်သာလှ။
ခြံတံခါးမှ bell ကိုနိုတ်လိုက်တော့ ခြံထဲမှ ခြံစောင့်ဟုထင်ရသည့်လူတစ်ယောက်တံခါးလာဖွင့်ပြီး သူမကိုမြင်တော့ အနည်းငယ်အံသြ သွားဟန် ထို့အပြင် သူမလက်ထဲမှ luggage ကိုအလျှင်အမြန်ယူကာ အိမ်တံခါးဝသို့လိုက်ပို့ပေးလေသည်။
"မမလေး ပြန်လာမှာဘာလို့ဖုန်းကြိုမဆက်တာလဲ မမလေးရယ် သူေဋ္ဌးမ သိရင် ကျွန်တော်တို့အဆူခံရတော့မှာ..."
"ဟင်း...အဲ့တာတွေကြောင့် သံလေးအိမ်ပြန်မလာချင်တာ အခုကော မာမီရှိနေတာလား..."
"ဟုတ်တယ် မမလေးရဲ့ ပြီးတော့ မမလေးရဲ့အဖေလဲရှိတယ်..."
ထိုစကားသံကြားတော့ သံယောဇဉ် မှာ မဲ့ပြုံးလေးဖြင့်ပြုံးဖြစ်သွားသေးသည်။
"စိတ်မပူပါနဲ့ ဒါက သံလေးဘာသာပြန်လာတာလေ ဦးလေးတို့နဲ့ဘားမှမဆိုင်ဘူး ဦးတို့ဘာသာလုပ်စရာရှိတာလုပ် မာမီ ဦးလေးတို့ကိုဘားမှမပြောစေရဘူး..."
အိမ်တံခါးဝရောက်တော့ အိမ်ဖော်ကောင်မလေးတစ်ယောက်မှာ အလျှင်အမြန်ပင် သံယောဇဉ် ၏ luggage ကိုဆွဲကာ အိမ်အပေါ်ထပ်သို့တက်သွားခဲ့သည်။
ဧည့်ခန်းမှာထိုင်နေသည့် လူကြီးနှစ်ယောက်မှာ ပစ္စည်းဥစ္စာ၏အရိုန်အဝါကြောင့်မဟုတ်ပါပဲ အလိုလိုနေရင်း ဟိတ်ဟန်ရှိနေသယောင် ထိုလူနှစ်ယောက်ထဲမှ အမျိုးသားတစ်ဦးကတော့ဖြင့်။
"ဟာ...သမီးလေး...ပြန်လာတာ ဒယ်ဒီတို့ကိုတောင်အကြောင်းမကြားပါလား ဗြုန်းစားကြီး..."
"ဟင်း...ဒယ်ဒီရယ် ကိုယ့်အိမ်ကိုယ်ပြန်လာတာပဲ တကူးတကကြီး အကြောင်းကြားဖို့လိုသေးလို့လား...သမီးလဲ တစ်ခါတစ်လေ ပေါ့ပေါ့ပါးပါးလေးပြန်လာချင်တာပေါ့..."
သူမ ဧည့်ခန်းမှ ထိုင်ခုံ၌မထိုင်ပါပဲ မတ်တပ်ရပ်ရင်းနဲ့သာ သူမမိဘများကိုစကားပြောနေမိသည်။
"မာမီ ကကော တစ်ခုခုများ သမီးကိုမပြောချင်တော့ဘူးလား..."
သံယောဇဉ် အပြောကြောင့် အမေဖြစ်သူမှာ လက်ထဲမှ Tablet ကိုချကာ သမီးဖြစ်သူသံယောဇဉ်ကို မျက်လုံးပင့်ကြည့်လိုက်သည်။
"တစ်ခုခုပြောပါဆိုရင် နောက်တစ်ခါဒီလိုအဖြစ်မျိုးထပ်မလုပ်ဖို့ပဲပြောချင်တယ်သမီး သမီးရဲ့အခြေအနေနဲ့ အခုလိုတွေလုပ်နေတာ မသင့်တော်မှန်းသမီးသိပါတယ် မာမီထွေထွေထူးထူးပြောမနေချင်ဘူး သမီးကဉာဏ်ကောင်းပါတယ် မာမီပြောထားတဲ့ ချမှတ်ထားတဲ့စည်းကမ်းတွေ သမီးမှတ်မိမှာပါ..."
ထိုစကားပြောပြီး အခုနကချထားသည့် Tablet ကိုပြန်ကိုင်ကာ စီးပွားရေးသတင်းများထိုင်ကြည့်နေသည့် သူမ အမေကို သံယောဇဉ် ကြည့်မိသည်။
သူမ အမေက ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာသည့်အတွက် အလိုလိုနေရင်း ဂုဏ်တွေအရိုန်အဝါတွေတောက်ပနေသယောင် သို့သော် ဘေးနားမှာထိုင်ကာ သူမကို အပြုံးနှင့်သာကြည့်နေသော သူမအဖေကတော့ အမေဖြစ်သူနှင့်မတူ အနေအေးသည် ထို့ပြင် မိခင်ဖြစ်သူကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်မဟုတ် ဓာက်ပုံပညာရှင်တစ်ဦး ထိုသို့ အနေအေးသူနဲ့ မိခင်ဖြစ်သူတို့မည်သို့ဖူးစာဆုံသည်မသိ သူမသိတာ မာမီက အပြောနှင့်အလုပ် လက်တွေ့ကျအောင်လုပ်သူဖြစ်ကြောင်း။
သူမ ထိုနေရာမှ သူမအခန်းထဲသို့သွားမည်အလုပ် သူမအမေ၏ စကားသံသဲ့သဲ့ကိုထပ်မံကြားလိုက်ရသေးသည်။
"နောက်လ လဆန်းပိုင်းကျရင် ဇေထက်ပိုင် ပြန်လာတော့မယ် အဲ့အချိန်ကျရင် သမီးအဆင်သင့်ဖြစ်နေပါစေနော် လက်ခံမယ် ဒါမှမဟုတ် ငြင်းမယ် ဆိုတဲ့အဖြေ ငြင်းမယ်ဆိုရင်တော့ အကြောင်းပြချက်ကောင်းကောင်းမာမီ့ကိုပေးနိုင်ဖို့သမီးဘက်ကအဆင်သင့်ရှိနေပါစေ..."
"မိန်းမကလဲ သမီးလေးက အခုမှပြန်ရောက်တာကို နားပါစေအုန်း...သွားသွား သမီးလေး...နားတော့..."
သံယောဇဉ် ဘားမှမပြောနိုင်ပါပဲ ထိုနေရာမှ သူမအခန်းသို့သာလာခဲ့သည် ထို့နောက် အခန်းထဲရောက်တော့ စားပွဲပေါ်က သောက်စရာအဆင်သင့် သံပုရာရည်ခွက်ထဲမှ သံပုရာရည် အနည်းငယ်သောက်ကာ သူမ ကိုယ်ခန္ဓာမှ အဝတ်အစား တစ်ခုခြင်းဖြေလျော့ကာ ရေချိုးခန်းထဲသို့တန်းဝင်သွားခဲ့သည်။
မိနစ်အနည်းငယ်ကြာမှ ပြန်ထွက်လာတော့ မိတ်ကပ်များကင်းစင်ကာ ယခင်ဖွေးပါသည်ဆိုမှ ရေချိုးပြီးချိန်ဖြစ်သောကြောင့် မျက်နှာထပ်၌ ရေသီးလေးများကကပ်နေကာ ခေါင်းလျှော်ထားသည်ကြောင့် ရေစက်များကလဲ ထဘက်နှင့်သုပ်နေမှုကြောင့် ကြမ်းပြင်ပေါ်တစ်စက်စက်။
ထို ရေသုပ်လက်စနှင့် မှန်တင်ခုံပေါ်ထိုင်တော့ မှန်ထဲမှာမြင်နေရသည့် သူမ၏ ပုံရိပ်ကိုခေတ္တာစူးစိုက်ကြည့်နေမိသည်။
သူမ သံယောဇဉ် ဆိုသည့်သူမက သာမာန်မိသားစုက ဆင်းသက်လာတာမဟုတ်ဘူးဆိုသည့်အသိကြီးက သူမ၏စိတ်ကိုအနည်းငယ်အနည်ထိုင်စေသည်။
သူများတွေလိုလွတ်လပ်ပေါ့ပါးစွာနေခြင်သည် ဘဝကိုအဓိပ္ပါယ်ရှိရှိဖြင့် ကိုယ်ပိုင်ဘဝပိုင်ဆိုင်ခြင်သည် သို့သော် သူမမွေးဖွားလာကထဲက ပြိုင်ဆိုင်နေမှုများဖြင့်ကြီးပြင်းလာရသည့်အတွက် သူမဘဝက ထင်သလောက် ပျော်ရွှင်နေသည့်အထဲမှာမပါ။
ထို့အပြင်သူမဘဝက သူမ မာမီ၏ကြီးစိုးမှု ချယ်လှယ်မှုကိုခံနေရသည့် စာခြောက်ရုပ်သဖွယ်။
မိဘနှစ်ပါး၌ အဖေဖြစ်သူက အနေအေးသလောက် အမေဖြစ်သူက ရည်မှန်းချက်ကြီးသည် မာနနှင့်အရှက်ကို အသက်လိုမြတ်နိုးသည် ထိုအပြင် စည်းကမ်းထင်းကျပ်သည်။
ထိုအကြောင်းအရာများကိုအကြိမ်ကြိမ်အခါခါပြန်စဉ်းစားတိုင်း သူမဒီလိုအခြေအနေကြီးမှနေ ရှုန်းထွက်လွှတ်မြောက်ချင်သည် သို့သော် သူမမစွမ်းဆောင်နိုင်သေးပေ။
မှန်တင်ခုံပေါ်မှာထောင်ထားသည့် ဓာက်ပုံထဲမှ ကောင်မလေးနှစ်ယောက်ကိုကြည့်ကာ သူမ မျက်ရည်ဝဲမိသည်။
"မမ သံလေး အခု မမလိုပဲ စိတ်အရမ်းမွန်းကျပ်နေပြီမမရယ် သံလေး မမနောက်လိုက်လာပစ်ချင်တယ် ဒါပေမဲ့ ဒယ်ဒီနဲ့မာမီမှာ သံလေးတစ်ယောက်ပဲရှိတော့တာဆိုတာကြီးကြောင့် သံလေး အခုချိန်ထိ ဒီနွံထဲမှာ ရှုန်းကန်နေရတာ တကယ်ဆို သံလေးအရမ်းရှုန်းထွက်ချင်နေပြီ..."
ထိုသို့ပြောကာ စားပွဲပေါ်မှောက်ချငိုမိသည်အထိ သူမဝမ်းနည်းခဲ့ရသည်။
သူမ၏အခန်းထဲမှ နံရံထပ်မှာတော့ မိသားစုဓာက်ပုံကြီးမှလူတွေကတော့အပြုံးများပန်ဆင်ထား၍ သူမနှင့်သူမမိဘအပြင် သူမနှင့်ရုပ်ချင်းအနည်းငယ်ဆင်သော်လဲ သူမကဲ့သို့ခေတ်ဆန်ဆန်မဟုတ်သည့် မြန်မာဆန်ဆန်ကောင်မလေးတစ်ဦးနှင့် ကလေးငယ်လေးတစ်ဦးကိုချီထားသော ယောကျ်ားလေးတစ်ဦးနှင့် ထိုကလေး၏မိခင်ဖြစ်သည့်မိန်းခလေးတစ်ဦး။
✈✈✈
ချလပ်...ချလပ်...ချလပ်(ဓာက်ပုံရိုက်သံ)
ဓာက်ပုံ စတူဒီယိုတစ်ခုမှာ များသောအားဖြင့် ဓာက်ပုံရိုက်သူတွေက ယောကျ်ားလေးများဆိုပေမဲ့ Hope ဆိုသည့် ဓာက်ပုံဆိုင်လေးအတွင်းမှာတော့ တစ်ခြားဆိုင်များကဲ့သို့ ဓာက်ပုံရိုက်ပေးသူမှာ ယောကျာ်းလေးတစ်ယောက်မဟုတ်ခဲ့ပါ။
"အင်း...ကောင်းနေပြီ မျက်နှာလေးကို ဘယ်ဘက်နဲနဲစောင်းပြီး မော့လိုက်...(ချလပ်)...အိုကေ...အဲ့အနေအထားတိုင်းကိုပဲ မျက်လုံးက တို့ကိုကြည့်မယ်...(ချလပ်)...ပြီးရင် မတ်တပ်ရပ်အနေအထားတိုင်းလေးပဲ ခတ်မိုက်မိုက်စတိုင်လေးနဲ့ တို့ကိုနှုတ်ခမ်းကိုက်ပြီးမျက်မှောင်ကျုပ်ပြီးကြည့်မယ်...(ချလပ်)..."
"ဟို...ခဏ...ခဏလေး မမ မီးငယ် မောလို့ခဏနားလို့ရလား...ဟီး..."
ထိုဓာက်ပုံရိုက်ပေးနေသည့်ကောင်မလေးမှာ ထိုမော်ဒယ်မလေး၏ ရုပ်တရက်ဖြတ်ပြောသည့်စကားကို မျက်နှာမဲ့ကာ ပေစောင်းစောင်းနှင့် ကြည့်ပြီး သဘောတူလိုက်ပါသည်။
"သွား..နားချေ...၁၀ မိနစ်နော် ပြီးရင်ပြန်ရိုက်မယ် ညည်းရဲ့ ထုပ်လုပ်သူကဓာက်ပုံကိုဒီနေ့အပြီးပြင်ဆင်ပြီးမနတ်ဖြန်ပို့ပေးဆိုလို့ ငါ့မှာမြန်မြန်လုပ်နေတာ သူ့ရဲ့သမီးတော်ကအခုလို အီးညှောင်အီညှောင်လုပ်နေတာကျမသိဘူး..."
"အော်...မမရယ် လူငယ်ပဲအဲ့လောက်တော့ရှိမှာပေါ့ ဟဲဟဲ...လာပါ မမလဲခဏနားလိုက် တစ်နေကုန်နီးပါး မမလဲနားရသေးတာမှမဟုတ်တာ...လာလာ ကျွန်တော်ဒီမှာ မမအတွက် သံပရာရည်လေးဖျော်ပေးထားတယ်..."
သစ်ခတ်၏ ဘေး၌ သစ်ခတ်၏ အရိပ်အခြေကိုအမြဲကြည့်နေသည့် ကောင်လေးမှနေ၍ ထိုသို့ပြောတော့ သစ်ခတ်မှာ တစ်ဖန်စိတ်လျော့ရပြန်သည်။
"အော်...ဒါနဲ့ မမတောင် နောက်လဆိုရင် ၂၇ ဖြစ်တော့မှာပဲ ဟဲဟဲ စားရတော့မယ်..."
"အခုလဲ ငါ့ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့ဝယ်ကျွေးခိုင်းနေတာများအပိုလုပ်လို့ အလကား အပိုတွေလာပြောနေတယ်..."
"ဒါကဒါပေါ့ မမကလဲ ဒါပေမဲ့ မတူဘူးလေ ဟိုဟာကဟိုဟာ ဒီဟာကဒီဟာ ဟီး..."
သူမရယ် ဇွဲနောင်ရယ် ခုနမှ လောလောလက်လက်ရိုက်ထားသည့် ဓာက်ပုံများကိုပြန်စစ်ဆေးနေချိန် သစ်ခတ်၏ စတူဒီယိုထဲသို့ ကောင်မလေးတစ်ယောက်ရောက်လာခဲ့သည်။
ထိုကာင်မလေးကို ခုနက မော်ဒယ်မလေးကမြင်တော့ နှုတ်ဆက်မလိုကြံရွယ်တုန်း ထိုကောင်မလေးမှ အသံတိတ်ထားရန်လက်ဟန်ပြသောကြောင့် မျက်လုံးတစ်ဖတ်မှိတ်ကာ အချင်းချင်း အချိတ်အဆက်လုပ်ကျသည်။
"အဟင်း အဟင်း ဓာက်ပုံဆရာမလေး ဒေါ် သစ်ခတ်ငယ် ရှင့်..."
"အမလေး!..."
အနားနားကပ်ကာလေသံမြင့်မြင့်ပြောလိုက်သောကြောင့် သစ်ခတ်မှာမူ သောက်လက်စ သံပုရည်တောင်သီးသွားရသည် ထိုအချင်းအရာကိုကြည့်ကာ ထိုအမည်မသိကောင်မလေးမှာ သဘောကျစွာဖြင့်အားရပါးရရီနေမိသည်။
"ဟာ...မေ...နင်ဟာ အသံလးဘာလေးပေးပါအုန်းလား လန့်လိုက်တာ..."
"အမလေး ဖြစ်ပျက်နေလိုက်တာ နင့်ဘာသာနင် အလုပ်ထဲ စိတ်ရောက်နေပြီးတော့များ ပြီးတော့ ငါနင့်ကိုစိတ်ဆိုးနေတာနော် ငါကိုဘားမှလာအထွန့်မတက်နဲ့..."
သူမတို့သူငယ်ချင်းနှစ်ယောက်စကားပြောနေတုန်း ဇွဲနောင်မှာ အလိုက်တသိရှောင်ကာနေပေးသည်။
"ဘာလဲ ဘာလာလုပ်တာလဲ စိတ်ဆိုးနေတယ်ဆိုလဲ စောင့်အုန်း ငါမချော့နိုင်သေးဘူး ဒီမှာ အလုပ်ကျန်သေးတယ် တစ်ချို့အကျင့်မကောင်းတဲ့ထုပ်လုပ်လေးမှုးက ဒီနေ့ဓာက်ပုံတွေအပြီးအပ်ရမယ်ပြောလို့လုပ်နေတယ်..."
ထို့အပြောကို မို့သက်မေ ဆိုသည့်ကောင်မလေးကဖြင့် နှာခေါင်းရှုပ့်ကာ မျက်စောင်းဖြင့် သစ်ခတ်ကိုကြည့်လေသည်။
"အော်...ရှင်ကပဲပြောရတယ်ရှိသေးတယ် အဆက်အသွယ်မရနိုင်လောက်အောင် ပျောက်နေတာဘယ်သူလဲ အခုမှ အပြစ်လာတင်မနေနဲ့ ရှင့်အပြစ်နဲ့ရှင်ခံ..."
"ဟုတ်ကဲ့ပါရှင့် ဟုတ်ကဲ့ပါ အကုန်လုံး ကျွန်တော်မျိုးမရဲ့ အပြစ်တွေပဲထားလိုက်ပါတော့..."
သူမတို့နှစ်ယောက်စကားပြောလက်စနှင့်ပဲ မော်ဒယ်ကောင်မလေးကို မို့သက်မေက ကိုယ်နေကိုယ်ထားသူမလိုချင်သည့်အနေအထားကိုပြင်ခိုင်းပြီး သစ်ခတ်ကဖြင့် ဓာက်ပုံရိုက်လို့ရယ်။
သူမတို့အကုန်နီးပါးအပြီးသက်ပြီးတော့ အချိန်သည်ကား ညနေစောင်းကာ ၆ နာရီကျော်ကာနေသည်။
"ဟင်း...ပင်ပန်းနေပြီ မမမေ သမီးမနတ်ဖြန် ရှုတင်ဖျတ်လို့ရလားဟင် တစ်ရက်ထဲပါ ဒီနေ့တနေကုန်ပင်ပန်းထားရတာ နော်နော်နော်..."
"မိဟန်သာ...နော်နော် တွေ လေးဖြူတွေ အငဲ တွေလာလုပ်မနေနဲ့ မနတ်ဖြန် ညည်း ရူတင်က နေ့လည်မှ အခုအိမ်ပြန်ရောက်တာနဲ့ အိပ်ပါလိမ့် ငါကဒါဆိုဒါမှကြိုက်တာနော် ဘာလဲ လစာအဖျတ်ခံချင်လို့လား.."
"ဟင့်...မမမေကလဲ တစ်စိတ်ရှိအဲ့တာကြီးနဲ့ပဲကိုင်ပေါက်နေတယ် ပြီးရောပြီးရော...ဒါပဲ သွားပြီ...ဟွန့်..."
ဟန်သာ ဆိုသည့်ကောင်မလေးက ရှေ့ကနေ ဘောက်ဆက်ဘောက်ဆက်လမ်းလျောက်ကာ သူမကားထဲဝင်ထိုင်နေပြီး သစ်ခတ်တို့နှင့်ကျန်ခဲ့သည့်မန်နေဂျာကတော့ ဟန်သာ့ကိုမနိုင်သည့်ဟန်။
"ကဲ ဂျာကြီး သူ့ကိုအိမ်ရောက်အောင်ပို့ပေးလိုက် ပြီးတော့ သူကဒီနေ့ပင်ပန်းထားတာဆိုတော့ အိပ်ခါနီးအားဆေးလေးဘယလေးတိုက်လိုက်အုန်း မနတ်ကျရင်လန်းသွားအောင် ပြီးတော့ မနတ်ဖြန်ရူတင်က Beauty Blog အပိုင်းဆိုတော့ အိပ်ခါနီးမျက်နှာကိုဂရုစိုက်ပေးလိုက်အုန်း..."
"ဟုတ်ကဲ့ပါ မေလေးရဲ့ ဒီကဂျာကြီးကသိပြီးသား ကဲ မေလေးနဲ့ ဓာက်ပုံဆရာမရေသွားလိုက်အုန်းမယ်..."
"ဟုတ်ကဲ့ပါ ဂျာကြီး ကားကိုဂရုစိုက်မောင်းအုန်း..."
ထို ဟန်သာ့၏ ကားလေးထွက်သွာတော့ မို့သက်မေ၏ မျက်ဝန်းများက သစ်ခတ်ထံသို့တစ်ဖန်ရောက်လာပြန်သည်။
"ဘာလဲ...ဘာလဲ..ဘာလဲ...ဒီမှာ ငါလဲပင်ပန်းနေတာနော်...မဟုတ်ကဟုတ်ကတွေတော့မကြံနဲ့..."
"အံမယ် သူကပဲပြောရတယ်ရှိသေး...မရဘူး ဒီည နင်ငါ့ကိုဆိုင်တစ်ဆိုင်ဆိုင်မှာလိုက်ကျွေးရမယ် နင်သိပါတယ် ငါကဒါဆိုဒါမှကြိုက်တယ်ဆိုတာ...လာ သွားမယ် နင့်စတူဒီယိုကို ဟိုတစ်ယောက် ငဇွဲကို ပိတ်ခိုင်းလိုက်တော့ အခုငါနဲ့လိုက်ခဲ့ ဗိုက်ဆာနေပြီ သွားမယ် သွားမယ် လာလာ..."
မလိုက်ချင် လိုက်ချင်နဲ့ မို့သက် ကားပေါ်ပါသွားသော သစ်ခတ်ရယ်ပါ ကားပေါ်ရောက်မှ ဇွဲနောင်ဆီဖုန်းဆက်ကာ စတူဒီယိုကိုပိတ်ခိုင်းရပြန်သည်။
သစ်ခတ်မှာ သူမ၏ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံလေးများ အတောင်ပံပေါက်ကာ ပျံသန်းတော့မည်ကိုတွေးရင်း ဘယ်ဆိုင်ကိုမောင်းနေမှန်းမသိသည့် မို့စက်ကို ခိုးကြည့်ရသေးသည်။
ကားမောင်းနေသည့်မို့သက်မှာတော့ သစ်ခတ်မသိအောင် ခိုးပြုံးနေတော့သည်။
✈✈✈
#trollZ