"ငါ့ကောင်လေး နဲ့ နင့်ကို တစ်ရက်တော့ မိတ်ဆက်
ပေးအုန်းမယ်"
"သူက ငါ့လောက်တော့ ချောမှာမဟုတ်ပါဘူး
ငါပြောတာ ဟုတ်တယ်မလား"
"အမလေးဟယ် ကိုယ့်ကိုကိုယ်လဲ အဲ့လောက်ထိ
အမွှန်းတင်မနေစမ်းပါနဲ့
ဒါနဲ့ နင်ကော ရည်းစားတွေဘာတွေ ရနေပြီလား
ဟဲ့! ငါ့လဲ မိတ်ဆက်ပေးနော်
လိျုှမထားနဲ့ ငါတောင်နင့်ကိုအကုန်ပြောပြတာ ဟွန်း"
"မရှိသေးပါဘူးဟာ ကို့အလုပ်နဲ့ကိုယ်တောင် ရှုပ်နေ
တာ ဆေးကျောင်းကစာတွေက များပါတယ်ဆိုမှ
Guide ကလဲသွားသင်ပေးနေရသေးတယ်လေ"
"နင် Guide သင်နေတာလား"
"အင်းလေ တစ်ပတ်တောင်ပြည့်တော့မယ် နောက်မို့
ဆိုလဲ မသင်ပါဘူး
အခုဟာက ဒေါ်လေးမေနဲ့အရမ်းရင်းနှီးတဲ့ လူတစ်
ယောက်က လာသင်ပေးပါဆိုလို့ ငါလဲ သွားသင်ပေးနေရတာ
Guide သင်တာသာပြောတယ် တခါတလေကြရင် ကလေးသွားထိန်းနေရသလိုပဲ
အဲ့ကောင်လေးက ဆယ်တန်းသာပြောတယ် အခုထိ ကလေးစိတ်မပျောက်သေးဘူး အရပ်ကလဲပုတုတုနဲ့ တကယ့်ကလေးပုံစံ"
ရှင်းသန့်ပြောရင်း ကို့ဟာကိုယ် ပြုံးမိသည်~~~
"နင့်ကိုကော သူကကြောက်လားဟ"
"ကြောက်တယ်လို့ထင်တာပဲ ငါကသူ့ရှေ့မှာဆို
ပုံမှန်ထက် ပိုပြီး ခပ်တည်တည်နေတာ"
"မလုပ်ပါနဲ့ဟယ် နင်ကပုံမှန်တောင် ခပ်တည်တည်နဲ့
ကြောက်ဖို့ကောင်းတာ ပိုပြီးတည်လိုက်ရင် ကလေးလန့်နေပါဦးမယ်ဟ"
လ၀န်းပြောမှ သူသတိရသည် တခါတလေ
အဲ့ကောင်လေး ပုံစံကြောင့် သူရယ်ချင်သော်လည်း
မနည်းထိန်းထားခဲ့ရသည်
လ၀န်းသော်တာ ဆိုသည်မှာ ရှင်းသန့်ရဲ့ တစ်ဦး
တည်းသော သူငယ်ချင်း~~~
ငယ်ငယ်တည်းက ခပ်တည်တည်နေတတ်သော အေးအေးဆေးဆေးမားတစ်ယောက်မို့ သူငယ်ချင်းရှားသည်မှာလည်းမဆန်း~~~
သို့သော် လ၀န်းသော်တာဆ်ိုသော ကောင်မလေး
တစ်ယောက်နဲ့တော့ သူခင်ခဲ့သည်~~~
ကိစ္စတစ်ခုခုရှိလျှင်လည်း လ၀န်းက သူ့ဆီမှာ
တိုင်ပင်မြဲ~~~
အဲ့အကျင့်က အခု Uni တက်နေသည့်တိုင် ပါလာ
လေသည်~~
သွေးသားအရင်းမဟုတ်သော်လည်း တကယ့်
အကိုကြီးနှင့် ညီမလေးဆက်ဆံရေးပင်~~
လ၀န်းသော်တာက YUFL Japanese major ပထမ
နှစ်တက်နေသူတစ်ဦးလည်း ဖြစ်သည်
ဒီနေ့လဲ Sunday ဖြစ်သည့်အတွက် အပြင်သွား
ရအောင်ဟု လ၀န်းက phဆက် ပြောသည့်အတွက် မတွေ့တာလဲကြာပြီမို့ နှစ်ယောက်သား
Junction Square လာကာ ဗိုက်ဆာသည်ဆိုသောကြောင့် Loteria တွင် ကြက်ကြော်၀င်စား
ကြခြင်းဖြစ်သည်
*****************
"မင်း နေမကောင်းဘူးလား ဘာဖြစ်နေတာလဲ"
"ကောင်းပါတရ် ဘာမှမဖြစ်ပါဘူး"
"ဒါဆို မင်းမျက်နှာကြီးက ဘာဖစ်နေတာလဲ ပုတ်သိုးနေတာပဲ"
"ကျွန်တော့ကို ဂရုမစိုက်ပါနဲ့
ကိုရှင်းသန့် သင်စရာရှိတာသာ သင်ပါ"
ကိုရှင်းသန့်က ~~ပြီးတာပဲလေ~~ ဆိုသော
မျက်နှာနှင့် စာဆက်သင်နေလိုက်သည်
သူ့စိတ်ထဲမှာတော့ ဟိုတစ်နေ့က ကိစ္စကို အခဲမ
ကြေ~~
ကိုရှင်းသန့်ကို မေးကြည့်ချင်သော်လည်း
မမေးရဲ~~~
သူနဲ့လဲ ဘာမှမဆိုင်သော ကိစ္စကို သူဘာ
ကြောင့် အလေးအနက်ထားနေမှန်းလဲ သူမသိ~
"ဒီနေ့တော့ ဒီမှာပဲ ရပ်ထားမယ် မနက်ဖန်ကျမှ
ဆက်မယ် ပေးထားတဲ့ အိမ်စာတွေသာ ပြီးအောင်
လုပ်ခဲ့"
သူ့စိတ်ထဲ မရိုးမယွ ဖြစ်နေသည် ဟိုတနေ့က ကိစ္စ
ကိုမေးရမလား မမေးရမလားကို စိတ်ထဲလွန်ဆွဲနေသည်
"ဟို~~ဟိုလေ~ကိုရှင်းသန့် မနေ့တုန်းက JS သွား
သေးလား"
"အင်း သွားတယ်လေ မင်းက ဘယ်လို သိတာလဲ"
"ကျွန်တော်လဲ သူငယ်ချင်းတွေနဲ့ သွားလို့ပါ ဒါနဲ့
ကိုရှင်းသန့် ဘေးမှာ အမတစ်ယောက် တွေ့လိုက်တယ် သူက ကိုရှင်းသန့် girlfriend လား"
~~မထူးတော့ မေးမှတော့လဲ အဆုံးထိ
သေချာအောင်ပဲမေးလိုက်တော့မယ်~~
ကိုရှင်းသန့် သူ့ကိုမျက်မှောင်ကျုံ့ကာ တစ်ချက်ကြည့်လိုက်သည်~~~
ထူထဲနက်မှောင်လှသော မျက်ခုံးများကသေသပ်လှပစွာ မျက်နှာပေါ်တွင် နေရာယူထားကြသည်~~
သူ့ကိုဆူတော့မှာ သူသိသည် ဆူလဲမတတ်
နိုင် အဆူခံလိုက်တော့မည်~~
အခြေအနေက သူထင်ထားသလို မဟုတ်~~
ကိုရှင်းသန့် ပြုံးလိုက်တာကို သူတွေ့လိုက်သည်
ပြီးမှ စာအုပ်များကို ကောက်သိမ်းကာ
"သူ့ကောင်လေး ငါ့ကို လာဆွဲထိုးတာ မြင်ချင်လို့လား"ဟု ပြောကာ ထွက်သွားတော့သည်
~ဟင် ဘာစကားကြီးလဲဟ~~သူခန ကြောင်သွားသည်~~
"သူ့ကောင်လေးဆိုတော့....ဟာ အဲ့အမကြီးက
ကိုရှင်းသန့် ရည်းစားမဟုတ်ဘူးပေါ့ ဟား ဟာား"
သူအပျော်လွန်၍ ထခုန်မိသည်~~~
နောက်မှပြန်စဉ်းစားမိသည်~~
ကိုရှင်းသန့် ရည်းစားမရှိသေးတာ သူနဲ့လဲ
ဘာမှမဆိုင်~~
မဟုတ်ဘူး ရည်းစားမရှိဘူးလို့လဲပြော
လို့မရ~~
အဲ့အမကြီး မဟုတ်ပေမဲ့ ကျန်တဲ့ကောင်မလေးတွေလည်း ရှိနေနိုင်တာပဲ~~
အာ!! ငါဘာတွေဖြစ်နေတာလဲ မဟုတ်ဘူး မဟုတ်ဘူး သူ့ကိုငါ စိုးရိမ်တယ် ဆိုတာက သူကငါ့ဆရာ ငါကသူ့တပည့်~~
ပြီးတော့သူက ဆေးကျောင်းတက်နေတာဆိုတော့
စာတွေကလည်းများတယ် အာ့ကြောင့် သူမဖြစ်သင့်
တာမဖြစ်အောင်လို့ ငါက တပည့် တစ်ယောက်အနေနဲ့ စိတ်ပူနေတာ ဒါပဲ ဒီ့ပြင် ဘာရည်ရွယ်ချက်မှ မရှိဘူး~~သူ့ဟာသူ စိတ်ထဲ ဆင်ခြေတွေပေးပြီး
ုပြုံးနေလိုက်သည်
ဘာပဲဖြစ်ဖြစ် အဲ့အမကြီးက ကိုရှင်းသန့် ရည်းစား
မဟုတ်ဘူးဆိုတော့ သူပျော်မိတာ အမှန်ပင်
***********
သူမုန့်စားဆင်းချိန် ထမင်းမြန်မြန်စားပြီး မနေ့က ကို
ရှင်းသန့်ပေးလိုက်သော မပြီးသေးသည့် အိမ်စာများကို ထိုင်လုပ်နေလိုက်သည်~~
ထိုစဉ် သူ့အရှေ့သို့ ခြေတစ်စုံ လာရပ်သည်ကို တွေ့လိုက်ရသည်~~
စာကုန်းရေးနေသောကြောင့် ခြေမျက်စိ၀ဲ ၀တ်ထားသော ကျောင်းစိမ်းထဘီလေးအောက်မှ ဖြူဖွေးလှသော ခြေချောင်းသွယ်သွယ်လေးတွေကို တွေ့လိုက်
ရသည်~~
"ငါ့ နာမည်က ဆူးခက်နွယ် ပါ ဒီနှစ်မှ ကျောင်း
ပြောင်းလာတာ နင်နဲ့ ခင်လို့ရတယ်မလား ငါက
သူငယ်ချင်းသိပ်မရှိလို့ဟ"
သူမော့ကြည့်လိုက်တော့ ဆံပင်ဂုတ်၀ဲနဲ့ အသားဖြူဖြူ
ကောင်မလေးတစ်ယောက်~~
မျက်နှာမှာ သွယ်သွယ် နှာတံချွန်ချွန် ကွေးညွတ်နေသော နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းနီက မရဲတရဲလေး ဆိုးထားသေးသည်~~
ကျောင်းသူတစ်ယောက် ဖြစ်သော်လည်းပြင်ထားပုံမှာ မင်းသမီးရံှုးလောက်သည်~~~
"အော် ရပါတယ်ဟ ငါ့နာမည်က....."
"လင်းရဲမာန် မလား"
သူတစ်ချက်တော့ အံသြသွားသည်
"အော် အံသြသွားတာလား ငါ့သူငယ်ချင်းတွေက
ပြောပြထားလို့ပါဟ
နင်ကသဘောကောင်းတယ်!
ကြင်နာတတ်တယ်!
စာလည်းတော်တယ်!
ခင်ဖို့လဲကောင်းတယ်!လို့ သူတို့ကပြောတယ်
ပြီးတော့လေ နင်က ချစ်ဖို့လဲကောင်းတယ်သိလား ဟီးဟီး"
"တောင် တောင် တောင်" ကျောင်းတက်ခေါင်း
လောင်း ထိုးပြီဖြစ်သောကြောင့် ဆူးခက်နွယ်ဆိုသော ကောင်မလေးလဲ သူ့အတန်း သူသွားပြန်ထိုင်
နေလိုက်သည်~~~
ရဲမာန် သူ့ကိုကြည့်လိုက်တော့ မျက်လုံးချင်းဆုံသွားကာ သူ့ကိုပြုံးပြနေသည်ကို တွေ့လိုက်သည်~~
ရဲမာန်လဲ အလိုက်သင့် ပြန်ပြုံးပြကာ တစ်ဖက်သို့
ပြန်လှည့်လိုက်ပြီး သက်ပြင်းတွေပဲ ချနေလိုက်
တော့သည်
****************