Dear, Relationship
By Minileilei69
183K 16K 2.2K
" Relationship " means the way in which two or more people or things are connected, or the state of being co... More
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
17.5K 824 167
By Minileilei69
ကျွန်တော်အနေနဲ့ ပျော့တဲ့အရာတွေဘယ်အရာမှမကြိုက်ခဲ့ဖူးဘူးဆိုတာ လက်ရှိအခြေအနေက ကောင်းကောင်းမွန်မွန်သက်သေပြနေသည်။ ကျွန်တော်သိပ်ကြိုက်တဲ့အရာဟာ ပါးတွေညောင်းကိုက်လာလောက်အောင်ကို မာကျောလာသည်။
" အာ့! Cyril သွားနဲ့မထိစေနဲ့ "
" အင်း! ဟုတ်တယ်…ကောင်းတယ် "
ခံတွင်းတစ်ခုလုံးရွှဲရွှဲစိုသွားတဲ့အခါမှ ကျွန်တော်လွှတ်ပေးလိုက်သည်။ Merv က ကျွန်တော့်နှုတ်ခမ်းတွေကို လက်ဖမိုးနဲ့ဖိသုတ်ပေးတော့ ကျွန်တော် သူ့လက်ချောင်းထိပ်တွေကိုဖွဖွလေးနမ်းလိုက်သည်။
" ဒီနေ့တော့ ဒီလောက်ပဲ ဒိုဘီကောင်လေး "
အောက်မှာထိုင်နေတဲ့ ကျွန်တော့်အပေါ် ကိုယ်ကိုကိုင်းညွှတ်မှီးငြမ်းရင်း Merv ကတိုးတိုးလေးကပ်ပြောသည်။
" ငါ မပြီးသေးဘူးလေ "
မှီထားတဲ့ Merv ကိုယ်လုံးကိုခါးကနေလက်လျှိုကာ ကြမ်းပြင်ပေါ်တသားတည်းဖြစ်အောင် ဆွဲလှဲလိုက်ပြီး အပေါ်ကနေအုပ်မိုးလိုက်သည်။ သူ့ကိုယ်လုံးပေါ်တက်ခွထားတဲ့ ကျွန်တော့်ခြေထောက်ကို သူခြေထောက်နဲ့ ပြန်ချိတ်ပြီး လှိမ့်ချပစ်လိုက်တာ အနေအထားကပြောင်းပြန်ဆန်သွားသည်။ လက်ဖျံကြောတစ်လျှောက် ခင်းထားတဲ့အမွေးပွကော်ဇောသားပွတ်တိုက်မှုကိုခံစားရပြီး Merv ကပြန်လုပ်ဦးလေးဆိုတဲ့သဘောနဲ့ ရယ်ကျဲကျဲလုပ်ပြနေသည်။
" မင်းက တကယ်စုန်းထီးလေးပဲ "
သဘာဝအရမိန်းကလေးတွေဟာအရုပ်လေးတွေနဲ့အမေလုပ်တမ်းကစားကြရင် ယောကျာ်းလေးတွေကနပန်းလုံးတမ်းကစားကြသည်။ Niel နဲ့ဆိုရင်တော့ 'လာမစမ်းနဲ့မျိုးကန်းသွားမယ်' ဆိုသဲသဲမဲမဲနပန်းသတ်ခဲ့ဖူးပေမဲ့ ရည်းစားနဲ့ကြတော့ လူကြီးဆန်ဆန်နပန်းလုံးရမည်။
ကျွန်တော် Merv ရဲ့ခါးပေါ်ခြေတွေသိုင်းချိတ်လိုက်တဲ့အခါ ပြန်လည်မသိမ်းဆည်းရသေးသော ကိုယ်ပိုင်ပစ္စည်းများဟာ မုန်တိုင်းအဖျားခတ်သလို ဟိုဟိုတိုက်ဒီတိုက်ဖြစ်ကုန်သည်။ Merv ကနောက်ဆုတ်ပြီးချိတ်ထားတဲ့ခြေထောက်ကိုရုန်းဖို့လုပ်တဲ့အခါ လက်နှစ်ဖက်ကပါသူ့တစ်ကိုယ်လုံးကို သိုင်းဖက်လိုက်ပြီး နှစ်လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့ တစ်ရှူးစက္ကူရွက်လေးကို ပူးကပ်သွားသည်။ နောက်တခေါက် Merv အောက်ရောက်သွားသည်။
ဒီတစ်ခါတော့ ဂျပိန်လေး Merv ပြန်မခုခံနိုင်အောင် မိဘမွေးမြူထားတာအပြင်ကိုယ့်ဘာသာကိုယ်ပါကျွေးမွေးထားတဲ့ ခန္ဓာဝိတ်ကိုအားကိုးကာ ကျွန်တော်အတင်းအကျပ်ဖိထားပြီး မြင်မြင်သမျှနေရာတိုင်းကို လိုက်နမ်းသည်။
" အား! ဟား!  ယားတယ် ယားတယ် Cyril တော်ပြီ ငါအရှုံးပေးပြီ "
တဟားဟားရယ်ရင်းတွန့်လိမ်နေတဲ့ Merv ကိုအဆက်မပြတ်အဝနမ်းပြီးမှအလွှတ်ပေးသည်။ ကျွန်တော်လွှတ်ပေးတော့ သူကဆဲရေးတိုင်းထွာသည်။ စကားလုံးကြမ်းကြမ်းတွေပြောတဲ့ ဒီနှုတ်ခမ်းလေးကပဲ ကျွန်တော့်အောက်ပိုင်းမှာနုနုယွယွနဲ့ ယဉ်ကျေးနေပြန်သည်။
.
.
.
.
.
" ညကအိမ်မှာမအိပ်ဘူးပေါ့? "
Merv နဲ့ဖြစ်ချင်တာတွေဖြစ်ပြီးအိမ်ပြန်လာတဲ့အခါ မနက်စာပြင်ဆင်နေတဲ့ အမေနဲ့ပက်ပင်းတိုးသည်။
" ကိစ္စလေးနဲနဲရှိတာနဲ့ အပြင်ရောက်နေတာ "
" အရင်တစ်ခေါက်အိမ်ပြန်မလာတုန်းကလည်း အဲလိုပဲအမေ့ကိုပြောတယ်နော်။ မင်းမှာကောင်မလေးရှိနေရင် ဖုံးကွယ်ဖို့မလိုဘူး။ အိမ်ကိုလည်းဖိတ်လို့ရတယ်နော် "
" သိပါတယ် "
အမေဟာ ကျွန်တော့်ကိုမယုံသင်္ကာတဲ့မျက်နှာပေးနဲ့အဆက်မပြတ်ကြည့်နေသည်။
" ကျွန်တော် သိပါတယ်လို့ "
" အဲဒါ ဖြေပြီးပြီလေ "
" ဒါဆို အမေကဘာလို့ ကျွန်တော်ကိုကြည့်နေတာလဲ "
" ဘာလဲ ! ကိုယ့်သားလေး ကိုယ်ကြည့်ခွင့်မရဘူးလား ? "
ကျွန်တော်ကိုယ့်အခန်းထဲကိုယ်မဝင်ခင်ထိ အမေ့ရဲ့အကြည့်စူးစူးကြီးဟာကျောမှာကပ်ပါလာတယ်လို့ခံစားရတယ်။ အမေကဒိတ်အောက်တဲ့မိခင်အမျိုးအစားထဲမှာမပါတဲ့အတွက် ကျွန်တော်ပူစီတွေထက် ဒစ်တွေကြိုက်တဲ့အကြောင်းကို အထိတ်တလန့်မရှိဘဲ ဖြစ်နေကြကိစ္စရပ်လိုလက်ခံပေးမယ်ဆိုတာ မသိစိတ်ကသိနေပေမဲ့ အခုကအချိန်မကျသေးဘူးလို့ထင်တဲ့အတွက် နှုတ်ဆိတ်ေ
နမိတယ်။ အဖေကတော့ ကျွန်တော်မခန့်မှန်းတတ်ဘူး။ သူကျွန်တော့်ကို တနည်းနည်းနဲ့ချစ်နေကြောင်းသိထားပေမဲ့ တခုခုကြောင့်ဝေးနေသလိုခံစားရတယ်။
မနက်ပိုင်းဟာ အမေပြင်ထားတဲ့ခြောက်တီးခြောက်ဖက် ကြွပ်ကြွပ်ကပ်ကပ်မနက်စာကိုမနည်းဝါးရတာနဲ့အားအင်ကုန်ခမ်းသွားသည်။ အမေရဲ့ရေးလတ်စ သတင်းအချက်အလက် စာတမ်းတွေကိုမျက်စိဝှေ့ကြည့်တဲ့အခါ ကြောင်တွေသတ်တဲ့အကြောင်းကို ဓာတ်ပုံတွေနဲ့တကွတွဲပြီး သူမဂျာနယ်အသစ်ရေးနေပုံရသည်။
" အမေကြောင်တွေသတင်းရေးနေတာလား ? "
" အင်း။ မနေ့က ညလုံးပေါက် နီးစပ်ရာရဲစခန်းတွေမှာ အချက်အလက်စုဆောင်းထားတာ "
" တရားခံကမိတော့မှာလား? "
" တနေ့တနေ့လူတွေပြစ်မှုကပိုများနေတော့ လမ်းဘေးကြောင်တွေသတ်ခံနေရတာကို ဂရုမစိုက်နိုင်ကြဘူးလေ။ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တွေကိုဆက်သွယ်ထားတဲ့အတွက် အနှေးနဲ့အမြန်ပေါ်လာမှာပဲ "
ကျွန်တော်ဓာတ်ပုံအချို့ကိုယူကြည့်ရင်း Merv နဲ့ ကျွန်တော် ပထမဆုံးအနမ်းတွေခြွေခဲ့တဲ့ ခွေးများဝင်မလာပါနှင့်ဆိုင်းဘုတ်တင်ထားတဲ့ ကုန်စုံဆိုင်လေးမြင်တော့ သူခိုးလူမိသလိုခံစားချက်နဲ့ အမေကိုမသိမသာခိုးကြည့်မိသည်။ နောက်တစ်ပုံမှာ လမ်းမကြီးကိုဖြတ်ကူးရတဲ့ အတွင်းခံဘောင်းဘီဝယ်နေကြဆိုင်ကိုမြင်ရသည်။
မှတ်ဉာဏ်တစ်ချို့ပြန်ခေါ်ကြည့်တဲ့အခါ ကတုန်ကယင်နဲ့ Merv ကိုဒုတိယအကြိမ်ပြန်မြင်ခဲ့တာပေါ်လာသည်။ အခင်းဖြစ်တာမြင်မြင်ချင်း ရဲကိုဆက်သွယ်ဖို့အတွက် Merv ကအန်တီဆယ်ရာဆိုင်ကိုလာပြီးတဲ့နောက် ရုတ်တရက်လာရင်းကိစ္စကိုမေ့သွားတဲ့အတွက် ကျွန်တော်နဲ့စကားပြောပြီး ပြန်လှည့်ထွက်သွားတယ်လို့ ကျွန်တော်သိရတယ်။
နောက်တော့ လစ်ဇာရဲ့ခံစားချက်ရွတ်ဖတ်တာကို နားဆင်ဖို့အတွက် Niel နဲ့ ကျွန်တော် အိမ်ကထွက်လာတယ်။ များတာက Niel တိုက်ခန်းကိုကျွန်တော်သွားခေါ်နေကြဖြစ်ပေမဲ့ အဲနေ့ကကျွန်တော်တို့အိမ်ကိုပို့စရာပစ္စည်းတွေလာပို့ဖို့ ရောက်လာသည်။ ကျောင်းကိုလာနေတဲ့တစ်လျှောက်လုံး ခေါင်းထဲမှာ အဲမနက်ကတွေ့ခဲ့တဲ့သူတွေအကြောင်း တန်းစီစဉ်းစားနေပေမဲ့ ကျွန်တော့်စာမျက်နှာတွေကရှင်းလင်းနေသည်။
" ငါတို့မေဂျာမှာစာသင်ချိန် ဘယ်သူများဒီကြောင်ပေါက်လေးခေါ်လာပြီး ထားခဲ့လဲမသိဘူး။ နှစ်ရက်ရှိပြီ။ သူအခန်းမှာတလည်လည်နဲ့ သနားပါတယ် "
လစ်ဇာက ပိန်းကျစ်ကျစ်ဖြစ်နေတဲ့ ကြောင်မည်းပေါက်လေးကိုနွားနို့ဘူးလေးဖွင့်တိုက်ရင်း အဆက်မပြတ်နှာချေနေတဲ့အတွက် ကျွန်တော်က ကူလုပ်ပေးလိုက်သည်။ လစ်ဇာက ကြောင်မွှေးတွေခွေးမွှေးတွေနဲ့ ဓာတ်မတည့်တာကြောင့် အနားကပ်တိုင်းနှာချေတတ်သည်။
" Niel နင်ခေါ်သွားပါလား။ တိရစ္ဆာန်ချစ်တာပဲ "
" ငါကခွေးပဲချစ်တာ တခြားဟာမချစ်ပါဘူး "
" Cyril နင်ရော ? "
" ငါခေါ်သွားလိုက်ပါမယ် "
" နေပါဦး မင်းကကြောင်ချစ်တာလား Cyril? "
" ကြောင်ချစ်တဲ့သူတစ်ယောက်ကိုသိလို့ပါ "
Niel နဲ့လစ်ဇာက ကျွန်တော့်ကိုလက်ပိုက်ပြီး တရားခံစစ်တဲ့မျက်လုံးမျိုးနဲ့ကြည့်နေသည်။
" ဟုတ်ပါပြီ ငါ ကောင်လေးရနေပြီ "
Niel နဲ့ လစ်ဇာကျွန်တော်ရဲ့တစ်ဖက်တစ်ချပ်စီမှာ ဝန်းရွလိုက်ပြီး မေးခွန်းတွေဆက်တိုက်လွှတ်ကြသည်။
" သူကဘာလုပ်တာလဲ? ဘယ်ကလဲ? ငါနဲ့သိလား? "
" မင်းတို့လုပ်ပြီးပြီလား? ကွန်ဒုံးရောသုံးရဲ့လား? မင်းသုံးရတာလား? သူသုံးရတာလား ? "
" နေပါဦး။ ဖြေးဖြေးချင်းမေးကြပါ "
ကျွန်တောတို့သုံးယောက်အတန်းဖျက်ပြီး Merv အလုပ်လုပ်တဲ့အအေးဆိုင်မှာသွားထိုင်ဖြစ်ကြသည်။ Niel နဲ့ လစ်ဇာက Merv ကိုမြင်တော့ သူတို့သဘောနဲ့ သူတို့အမှတ်တွေပေးနေသည်။ Merv က ကျွန်တော့်ကိုမြင်တော့ အူကြောင်ကြောင်နဲ့ကြည့်ပြီးရောက်လာသည်။ သူ့မှတ်ဉာဏ်ထဲမှာဝေဝေဝါးဝါးတွေဖြစ်နေပြန်ပြီလားတော့မသိ ဘေးနားလာထိုင်ဖို့ သူ့လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်သည်။
" ဟိုင်း! ငါက Cyril အမေပါ "
" ဘာ! မင်းအမေကတော်တော်ငယ်တာပဲ "
" ဟိုင်း! ငါက Cyril အဖေပါ "
ဗရုတ်ကျပြီး Merv ကိုလှည့်စားနေတဲ့ လစ်ဇာနဲ့ Niel ကို Merv လက်ထဲမှာကိုင်လာတဲ့ မီနူးကဒ်ကိုယူကာ တစ်ယောက်တစ်ချက်စီခေါက်ပစ်လိုက်သည်။ Merv ကအလုပ်ရှိနေတာနဲ့ အကြာကြီးစကားမပြောဖြစ်ပါ။ လစ်ဇာနဲ့ Niel ကို လူမြင်ဖူးရုံခေါ်ပြတာမို့ သူတို့လည်းစားစရာရှိတာစားပြီးတာနဲ့ပြန်သွားကြသည်။ ကျွန်တော်က ပါလာတဲ့စာအုပ်တွေ ဟိုလှန်ဒီလှန်လုပ်လိုက်၊ ရင်ဘတ်ထဲမှာဝှက်သယ်လာတဲ့ကြောင်လေးကို အပြင်ထုတ်လိုက်ပြန်ထည့်လိုက်၊ အစားကျွေးလိုက်နဲ့ Merv ကိုအလုပ်ပြီးတဲ့ထိစောင့်ပြီး တူတူလမ်းလျှောက်ပြန်ဖြစ်အောင်ကြံဖန်သည်။
" မနေ့ကငါတို့ဘာတွေဖြစ်ခဲ့လဲမှတ်မိလား? "
Merv ကမဖြေသေးဘဲ တော်တော်ကြာအောင် ဆိတ်ဆိတ်ငြိမ်စွာလမ်းလျှောက်နေသည်။ ကျွန်တော်ကတော့ သူ့ကိုသာတစိုက်မတ်မတ် ခိုးခိုးကြည့်နေမိသည်။
" ငါ တို့ ငါး တွေ ကြည့် တယ်။ နမ်း တယ် "
ဝိုးတဝါးဖြစ်နေတာတခုခုကိုကြိုးစားပြီး ပြောနေပုံရသည်။ ထုံးစံအတိုင်းနှေးနှေးလေးပါ။
" ကောင်းကောင်းမှတ်မိတာပဲ Merv "
" တကယ်လား ? "
" ဒါမဲ့ နောက်တစ်ခုခုလုပ်သေးသလိုပဲ "
ကျွန်တော်မျက်မှောက်ကြုတ်ကြုတ်လေးလုပ်ပြကာ သူ့ကိုမေးခွန်းဝှက်သည်။
" ငါတို့ရည်းစားတွေလုပ်တာ လုပ်ကြတယ်လေ "
ကျွန်တော့်အဖြေကို သူဟာပြန်စဉ်းစားသုံးသပ်ဟန်ဖြင့် မေးဖျားလေးကိုပွတ်ပြီးဆက်ပြောသည်။
" ဟုတ်ရဲ့လား? မမှတ်မိတော့ဘူး။ မှတ်မိသွားအောင် ထပ်လုပ်မယ်လေ "
ကျွန်တော်တို့နှစ်ယောက်လုံး အပူပင်ကင်းစွာရယ်မောခဲ့သည်။ ကျွန်တော့်ကို မိသားစုက လက်ခံမှာလား? လက်မခံလား? ဒီလိုအပူအပင်တွေ တစ်ခုမှမစဉ်းစားနေတော့ပဲ မျက်စိရှေ့မှာရှိနေတဲ့ Merv ရဲ့မျက်တောင်လေးတွေနဲ့ မှဲ့ခြောက်လေးတွေမှာ ကျွန်တော့်ဖြစ်တည်မှုကိုပုံအပ်လိုက်သည်။
" မင်းကိုပြစရာရှိတယ် "
ကျွန်တော်နဲ့လက်ဝါးရိုက်ထားသလို အသံမထွက်ဘဲငြိမ်သက်နေတဲ့ကြောင်မည်းလေးဟာ Merv ကိုဖွင့်ပြတဲ့အခါမှ တဆာဆာအော်ရင်းထွက်လာသည်။ Merv က လက်ခုပ်အပြည့် ကြောင်လေးကိုသယ်ယူရင်း နှာခေါင်းနဲ့ဖွဖွလေးနမ်းသည်။
" သူက အမ,လေးပဲ ငါတို့နာမည်ပေးရအောင် "
ကြောင်လေးနာမည်အတွက် ကျွန်တော်တို့အနီးနားမှာရှိတဲ့မိန်းကလေးတွေ နာမည်တွေလျှောက်ပြောရင်းရယ်မောရသည်။ လူများတဲ့လမ်းကြားရောက်ရင် ကျွန်တော်တို့လက်ဖျားတွေမထိတထိလုပ်ရင်း လမ်းလျှောက်ကြပြီး လူသိပ်မရှိတဲ့လမ်းရောက်ရင်တော့ လက်တွေတွဲထားလိုက်သည်။ ကျွန်တော်တို့နှစ်ယောက်စကားဝိုင်းမှာ ကြောင်လေးကလည်း တဆာဆာအော်ရင်း လိုက်ပြောသည်။ နောက်ဆုံးမှာ ကလိုဝီဆိုတဲ့နာမည်လေး သူမရသွားသည်။
.
.
.
.
နောက်တော့ ကျွန်တော်တို့ ရည်းစားတွေလုပ်တာ ဆက်လုပ်ကြတယ်။ Merv ကမမှတ်မိဘူးပြောတိုင်းလုပ်ဖြစ်တယ်။ ထပ်မမှတ်မိဘူးပြောတယ်။ ထပ်လုပ်ဖြစ်တယ်။ကျွန်တော်ရော သူရော နှစ်ယောက်လုံး ပါးစပ်နဲ့လုပ်ရတာတွေကြိုက်တယ်။ စကားပြောတာတို့ဘာတို့မဟုတ်ပါဘူး။
အတူနေတာနည်းနည်းကြာတဲ့အခါ Merv နဲ့ပတ်သတ်ပြီးနားမလည်လေးတွေတော့ရှိတယ်။
(၁) ပါးစပ်နဲ့လုပ်ဖြစ်တာများတဲ့အတွက် ခြောက်ဆယ့်ကိုးက ကျွန်တော်တို့ကိုအရှိန်အတက်စေဆုံးပဲ။ သူ့ဘက်ကအရမ်းကောင်းနေတဲ့အချိန် ကျွန်တော် လက်ချောင်းတွေနဲ့စမ်းကြည့်တဲ့အခါ ချက်ချင်းရပ်ပစ်ပြီး လမ်းလွှဲတယ်။
(၂) လက်ချောင်းတွေနဲ့သူကအလုပ်မခံချင်လို့ ကျွန်တော့်ကိုလုပ်ချင်တာလားဆိုတော့ သူလက်တွေဟာဘယ်တော့မှအဲနေရာကို မျက်စိလည်လမ်းမှားပြီးတောင်ရောက်မလာဘူး။
(၃) လက်ဆိုတာကနေရာတကာထိနေကိုင်နေတာဖြစ်တာကြောင့် အထဲကိုထည့်ကြည့်ဖို့စိတ်မပါဘူးဆို ကောက်ချက်ချပြီး ကျွန်တော်တို့မွေးရာပါတူညီတဲ့အရာချင်း ပွတ်သီးပွတ်သပ်လုပ်တဲ့အခါ သူ့နောက်ပိုင်းနားရောက်ပြီဆိုတာနဲ့ အရောက်မခံဘဲ လမ်းလွှဲပြန်တယ်။
(၄) ဒီဟာကြီးနဲ့လည်းသူကအလုပ်မခံချင်လို့ ကျွန်တော့်ကိုလုပ်ချင်တာလားဆိုတော့ သူ့ဟာကြီးကဘယ်တော့မှအဲနေရာကို မျက်စိလည်လမ်းမှားပြီးတောင် ရောက်မလာပြန်ဘူး။
(၅) Merv ကသူ့နောက်ပိုင်းကိုထိတာမျိုးလုံးဝမကြိုက်တာမျိုးလားဆို မသိမသာစမ်းသပ်ကြည့်လိုက်တဲ့အခါ အဝတ်ပေါ်ကကိုင်တာမျိုးကိုကောင်းကောင်းလက်ခံတယ်။ ကျွန်တော်တို့ ခပ်ကြမ်းကြမ်းနမ်းတဲ့အခါမျိုးတွေမှာ လက်က Merv ရဲ့အောက်ပိုင်းကိုပဲ တန်းတန်းမတ်မတ်ရောက်သွားတတ်ပြီး အားနဲ့ဆုပ်နယ်ပစ်တဲ့အခါ လိုလိုလားလားနဲ့ကိုညည်းညူသည်။ ဒီ့အပြင်အဝတ်တွေရှိနေတဲ့အခါ ကျွန်တော့်ကိုလည်း ခပ်ကြမ်းကြမ်း ပြန်လုပ်သည်။
Merv ဘာဖြစ်ချင်နေတာလဲ ရှင်းလင်းအောင်လုပ်ဖို့ကျွန်တော်ဆုံးဖြတ်ထားသည်။ ပြီးခဲ့တဲ့အားလပ်ရက်တွေမှာ တနေကုန်လျှောက်လည် ညကြတော့ ရည်းစားတွေလုပ်တာလုပ်တယ်။ ဒီအားလပ်ရက်မှာတော့ ကျွန်တော်ဝယ်ပေးတဲ့ဂိမ်းခွေအသစ်ကိုသူစမ်းဆော့ရင်း ကြမ်းပြင်ပေါ်မှာ Laptop တစ်လုံးနဲ့မထနိုင်ဖြစ်နေသည်။
အန္တရာယ်ရှိတဲ့လမ်းကြောင်းတွေကို ရှောင်တိမ်းရရင်း ဇာတ်လိုက်ခရီးလမ်းကိုစာတွေဖတ်လိုက် ရွေးလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ Merv ကိုနောက်ကျောကနေသိုင်းဖက်လိုက်ပြီး ထုံးစံအတိုင်းလက်ကဘောင်းဘီထဲကိုဝင်အောင်းလိုက်သည်။ သူ ကျွန်တော့်ကိုတစ်ချက်လှည့်ကြည့်ပြီး ဂိမ့်ဆက်ဆော့သည်။
သူ့လည်တိုင်တစ်လျှောက်စုပ်စုပ်နမ်းရင်း ဘောင်းဘီအထဲမှာခပ်တင်းတင်းဆုပ်ကိုင်လိုက်တော့ Merv သက်ပြင်းလေးမှုတ်ထုတ်သည်။ လက်ချောင်းတွေက ထိပ်ဖျားကနေအောက်ကိုဖောက်လုပ်ပြီးသား ကုန်းဆင်းလမ်းလေးလို လျှောလျှောရှူရှူဆင်းပြီး ဘောတွေကိုပါကျော်လွန်ကာ Merv အထိမခံတဲ့အဝင်ဝကို လက်မထိပ်နဲ့ဖိပွတ်လိုက်သည်။
ထိုင်နေရက်ဆက်ခနဲခါးကိုကော့လိုက်ပြီး ကီးဘုတ်မကိုင်ထားတဲ့ သူ့တခြားလက်တစ်ဖက်က ကျွန်တော့လက်ကိုဘောင်းဘီထဲက ဆွဲထုတ်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အချိန် နောက်လက်တစ်ဖက်ကလည်တိုင်ကိုသာထိန်းကိုင်ပြီး အာရုံထားစုပ်ယူငုံခဲသည်။
ဘောင်းဘီထဲမှာရှိတဲ့ကျွန်တော့်လက်က ထပ်ပြီးဖိပွတ်တဲ့အခါ Merv ကအတင်းရုန်းသည်။
" ခဏ ... ခဏ  Cyril "
..........................................................
" ငါ မပြီးသေးဘူးလေ "
.
.
.
.
.
" သိပါတယ် "
" အဲဒါ ဖြေပြီးပြီလေ "
" တရားခံကမိတော့မှာလား? "
" Cyril နင်ရော ? "
" ဟိုင်း! ငါက Cyril အမေပါ "
" ဟိုင်း! ငါက Cyril အဖေပါ "
" တကယ်လား ? "
" မင်းကိုပြစရာရှိတယ် "
.
.
.
.
" ခဏ ... ခဏ  Cyril "
...........................................................
Continue Reading
You'll Also Like
2.7M 60K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
1.4M 79.4K 81
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
881K 57.3K 31
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
162K 21K 13
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...