Again And Again ( အထပ္ထပ္အခါခ...

By Red_Hun94

11.8K 1.3K 206

အႀကိမ္ႀကိမ္အခါခါ အရံူွးေပးၿပီးသားမလို႔ အထပ္ထပ္အခါခါ အႏိုင္ယူပါ... မင္းကိုခ်စ္ခဲ့မိျခင္းက ဝဋ္ေႂကြးတစ္ခုသာဆို... More

Intro
1
2
3
4
5
6
8
9
10
11

7

667 97 21
By Red_Hun94

" Jongin အိမ္ျပန္လာတာလား "

ဆင္ဝင္ေအာက္မွာရပ္ထားတဲ့ ကားေၾကာင့္ အိမ္ထဲသို႔ အေလာတႀကီးေျပးဝင္ကာ အိမ္ေတာ္ထိန္းဦးေလးႀကီးကို Yifan ခရီးေရာက္မဆိုက္ေမးသည္။

Yifan မ်က္ႏွာက ဝင္းလက္ေနကာ ေတာ္ေတာ္ေလးေပ်ာ္ရႊင္ေနတဲ့ပံုေၾကာင့္ သူတို႔ႏွစ္ဦးၾကားက ဆက္ဆံေရးကို သိေန႐ွာတဲ့ အိမ္ေတာ္ထိန္းခမ်ာ Yifanမသိေအာင္ သက္ျပင္းအသာ႐ိူွက္လ်က္

"ေန႔လည္ေစာင္းေလာက္က ျပန္လာတာ... သူ့အခန္းထဲမွာပဲ႐ွိမယ္ထင္တယ္..."

အိမ္ေတာ္ထိန္းဆီက အေျဖရရခ်င္း Yifan ဝမ္းသာအားရ  ေလွကားေပၚကို ကေလးေလးလို ေျပးတက္သြားသည္။

အိမ္ေတာ္ထိန္းႀကီးကေတာ့ Yifan ေနာက္ေက်ာကို စိတ္မေကာင္းစြာၾကည့္ကာ

"ဝဋ္ႀကီးပါတယ္ ကေလးရယ္... စိတ္ပင္ပန္းခံဆြဲထားမယ့္အစား လႊတ္ခ်လိုက္ပါေတာ့လား..."

မိဘေတြရဲ႕ အလိုဆႏၵအရ လြန္ခဲ့တဲ ၈ႏွစ္ေလာက္က Jongin ႏွင့္ Yifanတို့ လက္ထပ္ခဲ့ၾကရသည္။ အဲဒီအခ်ိန္က Jonginအသက္ ၁၈ႏွစ္စြန္းရံုေလးသာ႐ွိေသးေပမယ့္ Yifanကေတာ့ အသက္၃၀ေလာက္႐ွိၿပီး စီးပြားေရး လုပ္ငန္းေတြဦးစီးလုပ္ကိုင္ေနတဲ့အရြယ္...။ ငယ္ငယ္တည္းက သူသေဘာမက်တဲ့ အရာဆို ဘယ္သူတိုက္တြန္းပါေစ ျပတ္ျပတ္သားသားျငင္းခဲ့တဲ့ Yifanဆိုတဲ့ ေကာင္ေလးက လက္ထပ္ဖို႔အလြယ္တကူေခါင္းညိတ္တည္းက သူခန္႔မွန္းမိပါတယ္ Fanေလး ဘယ္ေလာက္ထိ ဒီကေလးကို သံေယာဇဥ္႐ွိမလဲဆိုတာ...။ ဒါေပမဲ့ Jongin ဘက္ကေတာ့ ခ်စ္လို႔ယူထားသူမဟုတ္ေတာ့ သူ႔ေ႐ွ႕ ေရးအတြက္ Yifanကို အေႏွာင့္အယွက္လိုပဲ ျမင္ေနတယ္ တူပါရဲ႕ ...။ အလိုက္သိလြန္းတဲ့ Yifanကပဲ Jonginအတြက္ စဥ္းစားၿပီး အရာရာ ဖံုးကြယ္ေပးခဲ့တာ... ကိစၥတိုင္း Jongin အလိုက်ျဖစ္ေစခဲ့တာ... ဒါကိုေတာင္ Jonginက Yifanဆို ဘယ္တုန္းကမွ အေကာင္းျမင္ခဲ့တာ မ႐ွိသေလာက္ပါပဲ...။

❤❤❤❤❤❤❤❤❤❤❤❤❤

" Jongin... နာေနေသးလား "

မ်က္ႏွာကဒဏ္ရာေတြကို Yifan ထိဖို႔လုပ္ေတာ့ Jonginက အထိမခံခ်င္တဲ့ပံုစံနဲ႔ ေခါင္းေ႐ွာင္လိုက္တာေၾကာင့္ လက္ျပန္ရုတ္လိုက္ရသည္။

အရင္အတိုင္းပဲ... သူ႔အသားကို အထိမခံတာ...

ဒီလိုအခ်ိန္တိုင္း သူ႔ရင္ခြင္ထဲမွာ အျမဲႏွစ္ၿခိဳက္စြာ ျပံဳးၿပီး ၿငိမ္သက္ေနတတ္တဲ့ Sehunကို ဖ်တ္ခနဲ သတိရမိသြားျပန္သည္။

ဘာလို႔ မတူညီတဲ့ အရာႏွစ္ခုကို သြားသြားယွဥ္မိတယ္မသိ...။

တကယ္ေတာ့ Sehunကို စၿပီးေတြ႔တဲ့အခ်ိန္တည္းက မွတ္မွတ္ရရ Sehunကို Yifan သတိထားမိခဲ့ျခင္းက ကိုယ္တိုင္ေတာင္ သတိမထားမိပါပဲ Jongin ကို အမွတ္ရသြားေစမိတာပါပဲ...။ "Black Coffee တစ္ခြက္... Ready Made Sugar သံုးထုပ္ ထည့္ေဖ်ာ္ေပး..."ဆိုတဲ့ ေဘးနားကအသံေလးေၾကာင့္ သူ ဖ်တ္ခနဲ လွည့္ၾကည့္မိတဲ့ ေကာင္ေလးကို Coffee Barက Staff ကလည္း ထူးထူးဆန္းဆန္းျပန္ၾကည့္ခဲ့သည္မလား...။ 

အေတြးလြင့္ေနဆဲ

"က်ေနာ္ ေအးေအးေဆးေဆးနားခ်င္တယ္ Hyung..."

ဆိုၿပီး ေျပာလာတဲ့ Jongin ေၾကာင့္ Yifan ျပန္မ​ေျပာသာလို္႔သာ  ျပံဳးျပေခါင္းညိတ္ထြက္လာခဲ့ရေပမယ့္ သူ႔ေစတနာေတြကို Jongin မျမင္ႏိုင္တာေတာ့ တကယ္ရင္ထဲမေကာင္းပါ...။

"Hyung လက္ထပ္ဖို႔ရည္ရြယ္ထားသူ႐ွိလာတဲ့တစ္ေန႔ က်ေနာ္တို႔ လမ္းခြဲၾကရေအာင္ "ဆိုတဲ့ စကားေၾကာင့္ အခုခ်ိန္ထိ Sehunကိုေတာင္ လက္ထပ္ဖို႔ စကားမဟမိခဲ့...။

Sehunနဲ႔႐ွိေနရရင္ Yifan စိတ္သက္သာရၿပီး ေပ်ာ္ရႊင္ရတယ္... အဆံုးရံူွးမခံႏိုင္တဲ့အထိလည္း Sehunကို ခ်စ္ပါတယ္...။ ဒါေပမဲ့ Jongin ကို ေပးမထြက္သြားႏိုင္တဲ့ သူ႔ရဲ႕ အတၱေတြေၾကာင့္ Sehun အေပၚမတရားတာသိသိနဲ႔ အခ်ိန္ေတြဆြဲလာတာ ဒီေန႔အထိ... ။

အနည္းဆံုးေတာ့ လက္ထပ္ထားတယ္ဆိုတဲ့ အမည္ခံဆက္ဆံေရးႀကီးမွာ ဘာပတ္သက္မူွမွ မ႐ွိတဲ့အထိ သူတို႔ႏွစ္ေယာက္ရဲ႕ ေအးစက္စက္အေျခအေန...။ Jongin သတ္မွတ္ထားတဲ့ လက္ထပ္ျခင္းက နွစ္ဖက္မိဘေတြဆီက သူတို္႔အေမြေတြရဖို႔ သရုပ္ျပလက္ထပ္လိုက္ရံုနဲ႔ အရာရာၿပီးသြားမယ္ဆိုတဲ့ ခပ္ေပါ့ေပါ့ေလး... ။သူလက္ထပ္ခဲ့တာက ႏွစ္ေယာက္အတူတူ ဘဝတစ္ခုအေျခခိုင္လာတဲ့အထိ တည္ေဆာက္မယ္ဆိုတဲ့ ေမ်ွာ္လင့္ခ်က္ အျပည့္နဲ႔...။ေနာက္ဆံုးေတာ့  ဒီတစ္ေယာက္ နဲ႔ တည္ေဆာက္လို႔မရတဲ့ ဘဝတစ္ခုကို သူတျခားတစ္ေယာက္နဲ႔ ေျပာင္းလဲ တည္ေဆာက္ဖို႔ သူ႔ဘဝထဲကို ေနာက္တစ္ေယာက္ေခၚသြင္းခဲ့တယ္...။ ပထမတစ္ေယာက္ဆီက လြတ္ေျမာက္ဖို႔ ႐ုန္းကန္ႏိုင္အားမ႐ွိပဲနဲ႔ ဒုတိယတစ္ေယာက္ကို ဇြတ္သြင္းမိျခင္းဟာ သူ႔ရဲ႕ မဟာအမွားဆိုတာ အခ်ိန္လြန္မွ သိခြင့္ရခဲ့သည္ေလ...။

❤❤❤❤❤❤❤❤❤❤❤❤❤

ကိုကိုရံုးဆင္းသြားတည္းက ေနာက္ကေန Taxi ငွါးၿပီး ကပ္လိုက္လာသည့္ Sehun ကိုကို႔ကားဝင္သြားတဲ့ ျခံေ႐ွ႕မွာ အခ်ိန္အၾကာႀကီး တံု႕ဆိုင္းေနသည္။ အၿပီးသတ္ ဆံုးျဖတ္ခ်က္ခ်ၿပီး Bell ႏွိပ္ေတာ့ အသက္ႀကီးႀကီး လူတစ္ေယာက္ ျခံတံခါးဆီေရာက္လာသည္။

"ဘယ္သူနဲ႔ ေတြ႔ခ်င္လို႔လဲ..."

Sehun ပါးစပ္က ကိုကို႔နာမည္ေျပာလိုက္ေတာ့မလို႔ပဲ...။ တကယ့္လာရတဲ့ အေၾကာင္းရင္းက Kai ကို ေတာင္းပန္ဖို႔နဲ႔ သူ တကယ္ဒီအိမ္႐ွိမ႐ွိသိလိုတာေၾကာင့္

"Kai ဆီကိုလာတာပါ..."

ဒီတစ္ခါေတာ့ Sehunကို တအံ့တျသ ၾကည့္လာၿပီး မယံုသလိုနဲ႔

"ဘယ္သူလို႔ ေျပာေပးရမလဲ... သူ ေတြ႕မေတြ႔က သူ႔ဆီကအရင္ ခြင့္ျပဳခ်က္ေမးၿပီးမွ တံခါးဖြင့္ေပးရမွာမလို္႔..."

"Oh Sehun လို႔ေျပာလိုက္ပါ သူသိတယ္..."

ဒီအိမ္က ဘယ္သူ႔ဆီမွ လာေတြ႔သည့္ ဧည့္သည္မ႐ွိခဲ့ဖူးသလို ဘယ္သူမွလည္း ေခၚခဲ့ျခင္းမ႐ွိတာေၾကာင့္ ပထမဆံုးလာတဲ့ ဧည့္သည္ေကာင္ေလးက သူ႔အတြက္ေတာ့ ေတာ္ေတာ္ေလး အထူးအဆန္းသဖြယ္ျဖစ္လို႔ေနသည္။

❤❤❤❤❤❤❤❤❤❤❤❤❤❤

" ကေလး... ဧည့္သည္လာတယ္.... Sehunလို႔ေျပာတယ္... အဲဒါ ဝင္ခြင့္ေပးရမလား လာေမးတာပါ..."

ေပါင္ေပၚ Laptop တင္ၿပီး Game ႏွိပ္ေနရာက အိမ္ေတာ္ထိန္းဦးေလးႀကီးကို Jongin လွည့္ၾကည့္လိုက္သည္။

ပထမဆံုး Sehunက ဒီအိမ္ဘယ္လိုသိေနတာလဲဆိုတာထက္ သူ႔ဆီ ဘာလာလုပ္သလဲဆိုတဲ့အခ်က္ကို Jonginပို၍သိခ်င္သြားသည္။

အေရးႀကီးဆံုးအခ်က္က ဒီအိမ္ကိုေတာင္သိၿပီးေရာက္လာတဲ့ Sehunကို ဒီတိုင္းျပန္လႊတ္ရေအာင္ Jongin အ႐ူးမဟုတ္ပါ...။ ဒီအိမ္ကိုသိေနတည္းက သူနဲ႔ပတ္သက္ၿပီး ဘယ္ေလာက္ထိသိထားလဲပါ သူခန္႔မွန္းမိတာေၾကာင့္

"က်ေနာ့္အခန္းထဲ လႊတ္လိုက္..."

Jongin စကားေၾကာင့္ ပါးစပ္အေဟာင္းသား ျဖစ္သြားတဲ့ ဦးေလးႀကီးကေတာ့ ေခါင္းညိတ္ရံုသာညိတ္ျပႏိုင္ၿပီး အခန္းထဲက ထြက္သြားၿပီးေလၿပီ...။

ဧည့္ခန္းထဲမွာ ထြက္ေတြ႔ေနလ်ွင္ Hyung ေရာက္လာၿပီး ျပႆနာေတြ႐ူွပ္ကုန္မွာစိုးတာေၾကာင့္လည္းပါသည္။

အခန္းတံခါးပြင့္လာၿပီး Sehun ဝင္လာသည္။ Sehun မ်က္ႏွာက ပံုမွန္ သူ႔ကို ၾကည့္မရသလို အေနအထားမဟုတ္ပဲ တစ္ခုခုေၾကာင့္ စိတ္ထိခိုက္မူွေတြ ထင္ဟပ္ေနသလို မုန္းတီိးနာက်င္မူွေနမူွေတြက အထင္းသား...။

"မင္းႏွင့္ Wu Yi Fanက ဘယ္လိုပတ္သက္ေနတာလဲ..."

တိုးတိတ္ေပမဲ့ ႐ွင္းလင္းစြာ ၾကားလိုက္ရသည္။ထင္မွတ္မထားတဲ့ Sehunရဲ႕ ေမးခြန္းအတြက္ Jongin ခ်က္ခ်င္း ျပန္မေခ်ပႏိုင္ေသး...။ ထိုအခ်ိန္ အခန္းတံခါး ဝုန္းကနဲပြင့္သြားသလို မ်က္ႏွာပ်က္ယြင္းစြာ ဝင္လာသူက Wu Yi Fan.

"Hyung"

" ကိုကို "

Jongin ႏွင့္ Sehun တိုင္ပင္မထားပဲ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္မိၿပီးသား...။

Wu Yi Fanက ဘာစကားမွမေျပာပဲ Sehun လက္ကို ဆြဲကာ Jongin အခန္းထဲကထြက္သြားၿပီး သူ႔အခန္းထဲဆြဲေခၚလာသည္။

သူ႔အခန္းထဲဆြဲေခၚၿပီးမွ သူမွားသြားၿပီဆိုတာသိလိုက္ရသည္။ ဘယ္မွာမွ ခ်ိတ္ခြင့္မရေသာ သူႏွင့္Jongin wedding photoသည္ သူ႔အခန္းထဲက နံရံမွာ ခ်ိတ္ထားလ်က္႐ွိေနၿပီး Sehunကေတာ့ ထိုပံုကို ျမင္သြားကာ ခ်က္ခ်င္း ေသြးပ်က္ေျခာက္ျခားသြားတဲ့ပံုစံ ကူးေျပာင္းသြားသည္။

"Kaiက ​ေယာက္်ားတစ္ေယာက္နဲ့ လက္ထပ္ထားတယ္ဆိုတာ တစ္ေလာကလံုးကလူေတြမသိေအာင္ ပိပိရိရိ ဖံုးထားႏိုင္တာပဲ... ၿပီးေတာ့ အဲဒီေယာက္်ားကလည္း ကိုကိုတဲ့..."

တုန္ယင္ေနတဲ့ Sehun ႏူွတ္ခမ္းပါးေတြက ဒီအေျခအေနကို မယံုႏိုင္ေသးသလိုမ်ိဳး စကားလံုးတို႔ဖိတ္က်လာသည္။အျဖစ္မွန္ သိၿပီးတာေတာင္ ထိုလူကို လက္မလႊတ္ႏိုင္ေသးသည့္ သူ႔ကိုယ္သူေတာင္ Sehun မုန္းခ်င္လာသည္။

"ကိုကို... တကယ္ ေျပာမထြက္ခဲ့လို႔ပါ ...Hunnie..."

ဒီထက္ပိုၿပီး Sehun ကိုကို ကို မအံ့ျသမိေတာ့ပါ...။ အဆိုးဆံုးထိ ျဖစ္လာၿပီးၿပီဆိုေတာ့ ဘယ္လိုရင္ဆိုင္ရမလဲဆိုတာသာ Sehun ျပင္ဆင္ထားသည္။

"ဒီအေျခအေနမွာ ကိုကို ဘယ္လိုေျဖ႐ွင္းမယ္ ေတြးထားလဲ... "

"ဒါက..."

ဘာမွဆက္မေျပာပဲ ကိုကိုၿငိမ္သက္သြားသည္။

ကိုကို လူတစ္ေယာက္ကို ေလ်ာ့မတြက္ပါနဲ႔... ။ က်ေနာ္က ကိုကိုထင္ထားတာထက္ ပိုအဆိပ္ျပင္းတယ္...။

" ကိုကို မေျပာရင္ က်ေနာ္ေျပာမယ္... သူ႔ကို ကြာ႐ွင္းၿပီး က်ေနာ့္ကို လက္ထပ္ပါ... ကိုကို သိဖို႔က က်ေနာ္ အခုဒီစကားမ်ိဳး ေျပာထြက္ႏိုင္တာ အဲဒီလူက ကိုကိုျဖစ္ေနလို႔ပဲ..."

" ကိုယ္ ေတာင္းပန္ပါတယ္"

" ကိုကို..."

Sehun ေအာ္သံက အခန္းထဲဟိန္းသြားသည္။

"Hunnieကို ကိုယ္တစ္ကယ္ခ်စ္ပါတယ္... ဒါေပမဲ့ ကိုကို Hunnie ေျပာသလို မလုပ္ေပးႏိုင္ေလာက္ဘူး.... ကိုယ္ Jongin ကို လက္မလႊတ္ႏိုင္ဘူး... ဘယ္ေတာ့မွလည္း ကိုယ့္ဘက္ကစၿပီး လမ္းခြဲေပးဖို႔ ဆံုးျဖတ္မိမွာ မဟုတ္ဘူး..."

ေရြးခ်ယ္မခံရတာခ်င္းတူရင္ေတာင္ ခ်စ္တယ္ေျပာၿပီး အေရြးခ်ယ္မခံရတာေလာက္ ခံျပင္းဖို႔ေကာင္းတာ နာက်င္ေစတာ ႐ွိပါဦးမလား...။

"ဒါက ကိုကို႔အေျဖဆိုတာ ေသခ်ာလား..."

Yi Fan ေခါင္းညိတ္လိုက္သည္။

"ထပ္ၿပီး ျပင္ဆင္ဖို႔အေတြးမ႐ွိေတာ့ဘူးေပါ့ေနာ္..."

" အင္း..."

" ကိုကို တကယ္သူနဲ႔ လမ္းခြဲဖို႔စိတ္ကူးမ႐ွိဘူးေပါ့..."

"ေတာင္းပန္ပါတယ္ Hunnie..."

ေသခ်ာေအာင္ သံုးႀကိမ္တိတိေမးလည္း Yifan အေျဖက ေျပာင္းလဲမသြားပါ...။

Sehun ခပ္ေရးေရးေလး ျပံဳးလိုက္ကာ ကိုကိုနဲ႔ အၾကည့္ခ်င္းဆံုေစလိုက္သည္။

ၿပီးမွ

"ကိုကို ေသခ်ာေပါက္ကို သူႏွင့္လမ္းခြဲသြားရမွာပါ... ကိုကိုဘက္ကစၿပီးေပါ့... က်ေနာ္ေျပာရဲတယ္..."

Sehun အိမ္ထဲကေန ျပန္ထြက္လာသည္။

ၿပီးေတာ့ မ်က္ဝန္းပါးက မ်က္ရည္ေတြက်ခ်င္လာေသာ္လည္း သူ က်ခြင့္မေပးခဲ့ပါ။

ျခံထဲကထြက္ခါနီး ေနာက္မွာ က်န္ရစ္ခဲ့တဲ့အိမ္ကို ေငးၾကည့္ရင္း တိုးဖြစြာ ရြတ္လိုက္သည္။

"Waiting For me... See u again "

❤❤❤❤❤❤❤❤❤❤❤❤❤

Unicode

  Jongin အိမ်ပြန်လာတာလား "

ဆင်ဝင်အောက်မှာရပ်ထားတဲ့ ကားကြောင့် အိမ်ထဲသို့ အလောတကြီးပြေးဝင်ကာ အိမ်တော်ထိန်းဦးလေးကြီးကို Yifan ခရီးရောက်မဆိုက်မေးသည်။

Yifan မျက်နှာက ဝင်းလက်နေကာ တော်တော်လေးပျော်ရွှင်နေတဲ့ပုံကြောင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို သိနေရှာတဲ့ အိမ်တော်ထိန်းခမျာ Yifanမသိအောင် သက်ပြင်းအသာရိူှက်လျက်

"နေ့လည်စောင်းလောက်က ပြန်လာတာ... သူ့အခန်းထဲမှာပဲရှိမယ်ထင်တယ်..."

အိမ်တော်ထိန်းဆီက အဖြေရရချင်း Yifan ဝမ်းသာအားရ  လှေကားပေါ်ကို ကလေးလေးလို ပြေးတက်သွားသည်။

အိမ်တော်ထိန်းကြီးကတော့ Yifan နောက်ကျောကို စိတ်မကောင်းစွာကြည့်ကာ

"ဝဋ်ကြီးပါတယ် ကလေးရယ်... စိတ်ပင်ပန်းခံဆွဲထားမယ့်အစား လွှတ်ချလိုက်ပါတော့လား..."

မိဘတွေရဲ့ အလိုဆန္ဒအရ လွန်ခဲ့တဲ ၈နှစ်လောက်က Jongin နှင့် Yifanတို့ လက်ထပ်ခဲ့ကြရသည်။ အဲဒီအချိန်က Jonginအသက် ၁၈နှစ်စွန်းရုံလေးသာရှိသေးပေမယ့် Yifanကတော့ အသက်၃၀လောက်ရှိပြီး စီးပွားရေး လုပ်ငန်းတွေဦးစီးလုပ်ကိုင်နေတဲ့အရွယ်...။ ငယ်ငယ်တည်းက သူသဘောမကျတဲ့ အရာဆို ဘယ်သူတိုက်တွန်းပါစေ ပြတ်ပြတ်သားသားငြင်းခဲ့တဲ့ Yifanဆိုတဲ့ ကောင်လေးက လက်ထပ်ဖို့အလွယ်တကူခေါင်းညိတ်တည်းက သူခန့်မှန်းမိပါတယ် Fanလေး ဘယ်လောက်ထိ ဒီကလေးကို သံယောဇဉ်ရှိမလဲဆိုတာ...။ ဒါပေမဲ့ Jongin ဘက်ကတော့ ချစ်လို့ယူထားသူမဟုတ်တော့ သူ့ရှေ့ ရေးအတွက် Yifanကို အနှောင့်အယှက်လိုပဲ မြင်နေတယ် တူပါရဲ့ ...။ အလိုက်သိလွန်းတဲ့ Yifanကပဲ Jonginအတွက် စဉ်းစားပြီး အရာရာ ဖုံးကွယ်ပေးခဲ့တာ... ကိစ္စတိုင်း Jongin အလိုကျဖြစ်စေခဲ့တာ... ဒါကိုတောင် Jonginက Yifanဆို ဘယ်တုန်းကမှ အကောင်းမြင်ခဲ့တာ မရှိသလောက်ပါပဲ...။

❤❤❤❤❤❤❤❤❤❤❤❤

" Jongin... နာနေသေးလား "

မျက်နှာကဒဏ်ရာတွေကို Yifan ထိဖို့လုပ်တော့ Jonginက အထိမခံချင်တဲ့ပုံစံနဲ့ ခေါင်းရှောင်လိုက်တာကြောင့် လက်ပြန်ရုတ်လိုက်ရသည်။

အရင်အတိုင်းပဲ... သူ့အသားကို အထိမခံတာ...

ဒီလိုအချိန်တိုင်း သူ့ရင်ခွင်ထဲမှာ အမြဲနှစ်ခြိုက်စွာ ပြုံးပြီး ငြိမ်သက်နေတတ်တဲ့ Sehunကို ဖျတ်ခနဲ သတိရမိသွားပြန်သည်။

ဘာလို့ မတူညီတဲ့ အရာနှစ်ခုကို သွားသွားယှဉ်မိတယ်မသိ...။

တကယ်တော့ Sehunကို စပြီးတွေ့တဲ့အချိန်တည်းက မှတ်မှတ်ရရ Sehunကို Yifan သတိထားမိခဲ့ခြင်းက ကိုယ်တိုင်တောင် သတိမထားမိပါပဲ Jongin ကို အမှတ်ရသွားစေမိတာပါပဲ...။ "Black Coffee တစ်ခွက်... Ready Made Sugar သုံးထုပ် ထည့်ဖျော်ပေး..."ဆိုတဲ့ ဘေးနားကအသံလေးကြောင့် သူ ဖျတ်ခနဲ လှည့်ကြည့်မိတဲ့ ကောင်လေးကို Coffee Barက Staff ကလည်း ထူးထူးဆန်းဆန်းပြန်ကြည့်ခဲ့သည်မလား...။ 

အတွေးလွင့်နေဆဲ

"ကျနော် အေးအေးဆေးဆေးနားချင်တယ် Hyung..."

ဆိုပြီး ပြောလာတဲ့ Jongin ကြောင့် Yifan ပြန်မ​ပြောသာလို့်သာ  ပြုံးပြခေါင်းညိတ်ထွက်လာခဲ့ရပေမယ့် သူ့စေတနာတွေကို Jongin မမြင်နိုင်တာတော့ တကယ်ရင်ထဲမကောင်းပါ...။

"Hyung လက်ထပ်ဖို့ရည်ရွယ်ထားသူရှိလာတဲ့တစ်နေ့ ကျနော်တို့ လမ်းခွဲကြရအောင် "ဆိုတဲ့ စကားကြောင့် အခုချိန်ထိ Sehunကိုတောင် လက်ထပ်ဖို့ စကားမဟမိခဲ့...။

Sehunနဲ့ရှိနေရရင် Yifan စိတ်သက်သာရပြီး ပျော်ရွှင်ရတယ်... အဆုံးရူံှးမခံနိုင်တဲ့အထိလည်း Sehunကို ချစ်ပါတယ်...။ ဒါပေမဲ့ Jongin ကို ပေးမထွက်သွားနိုင်တဲ့ သူ့ရဲ့ အတ္တတွေကြောင့် Sehun အပေါ်မတရားတာသိသိနဲ့ အချိန်တွေဆွဲလာတာ ဒီနေ့အထိ... ။

အနည်းဆုံးတော့ လက်ထပ်ထားတယ်ဆိုတဲ့ အမည်ခံဆက်ဆံရေးကြီးမှာ ဘာပတ်သက်မူှမှ မရှိတဲ့အထိ သူတို့နှစ်ယောက်ရဲ့ အေးစက်စက်အခြေအနေ...။ Jongin သတ်မှတ်ထားတဲ့ လက်ထပ်ခြင်းက နှစ်ဖက်မိဘတွေဆီက သူတို့်အမွေတွေရဖို့ သရုပ်ပြလက်ထပ်လိုက်ရုံနဲ့ အရာရာပြီးသွားမယ်ဆိုတဲ့ ခပ်ပေါ့ပေါ့လေး... ။သူလက်ထပ်ခဲ့တာက နှစ်ယောက်အတူတူ ဘဝတစ်ခုအခြေခိုင်လာတဲ့အထိ တည်ဆောက်မယ်ဆိုတဲ့ မျှော်လင့်ချက် အပြည့်နဲ့...။နောက်ဆုံးတော့  ဒီတစ်ယောက် နဲ့ တည်ဆောက်လို့မရတဲ့ ဘဝတစ်ခုကို သူတခြားတစ်ယောက်နဲ့ ပြောင်းလဲ တည်ဆောက်ဖို့ သူ့ဘဝထဲကို နောက်တစ်ယောက်ခေါ်သွင်းခဲ့တယ်...။ ပထမတစ်ယောက်ဆီက လွတ်မြောက်ဖို့ ရုန်းကန်နိုင်အားမရှိပဲနဲ့ ဒုတိယတစ်ယောက်ကို ဇွတ်သွင်းမိခြင်းဟာ သူ့ရဲ့ မဟာအမှားဆိုတာ အချိန်လွန်မှ သိခွင့်ရခဲ့သည်လေ...။

❤❤❤❤❤❤❤❤❤❤❤❤❤

ကိုကိုရုံးဆင်းသွားတည်းက နောက်ကနေ Taxi ငှါးပြီး ကပ်လိုက်လာသည့် Sehun ကိုကို့ကားဝင်သွားတဲ့ ခြံရှေ့မှာ အချိန်အကြာကြီး တုံ့ဆိုင်းနေသည်။ အပြီးသတ် ဆုံးဖြတ်ချက်ချပြီး Bell နှိပ်တော့ အသက်ကြီးကြီး လူတစ်ယောက် ခြံတံခါးဆီရောက်လာသည်။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ..."

Sehun ပါးစပ်က ကိုကို့နာမည်ပြောလိုက်တော့မလို့ပဲ...။ တကယ့်လာရတဲ့ အကြောင်းရင်းက Kai ကို တောင်းပန်ဖို့နဲ့ သူ တကယ်ဒီအိမ်ရှိမရှိသိလိုတာကြောင့်

"Kai ဆီကိုလာတာပါ..."

ဒီတစ်ခါတော့ Sehunကို တအံ့တသြ ကြည့်လာပြီး မယုံသလိုနဲ့

"ဘယ်သူလို့ ပြောပေးရမလဲ... သူ တွေ့မတွေ့က သူ့ဆီကအရင် ခွင့်ပြုချက်မေးပြီးမှ တံခါးဖွင့်ပေးရမှာမလို့်..."

"Oh Sehun လို့ပြောလိုက်ပါ သူသိတယ်..."

ဒီအိမ်က ဘယ်သူ့ဆီမှ လာတွေ့သည့် ဧည့်သည်မရှိခဲ့ဖူးသလို ဘယ်သူမှလည်း ခေါ်ခဲ့ခြင်းမရှိတာကြောင့် ပထမဆုံးလာတဲ့ ဧည့်သည်ကောင်လေးက သူ့အတွက်တော့ တော်တော်လေး အထူးအဆန်းသဖွယ်ဖြစ်လို့နေသည်။

❤❤❤❤❤❤❤❤❤❤❤❤❤

" ကလေး... ဧည့်သည်လာတယ်.... Sehunလို့ပြောတယ်... အဲဒါ ဝင်ခွင့်ပေးရမလား လာမေးတာပါ..."

ပေါင်ပေါ် Laptop တင်ပြီး Game နှိပ်နေရာက အိမ်တော်ထိန်းဦးလေးကြီးကို Jongin လှည့်ကြည့်လိုက်သည်။

ပထမဆုံး Sehunက ဒီအိမ်ဘယ်လိုသိနေတာလဲဆိုတာထက် သူ့ဆီ ဘာလာလုပ်သလဲဆိုတဲ့အချက်ကို Jonginပို၍သိချင်သွားသည်။

အရေးကြီးဆုံးအချက်က ဒီအိမ်ကိုတောင်သိပြီးရောက်လာတဲ့ Sehunကို ဒီတိုင်းပြန်လွှတ်ရအောင် Jongin အရူးမဟုတ်ပါ...။ ဒီအိမ်ကိုသိနေတည်းက သူနဲ့ပတ်သက်ပြီး ဘယ်လောက်ထိသိထားလဲပါ သူခန့်မှန်းမိတာကြောင့်

"ကျနော့်အခန်းထဲ လွှတ်လိုက်..."

Jongin စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားတဲ့ ဦးလေးကြီးကတော့ ခေါင်းညိတ်ရုံသာညိတ်ပြနိုင်ပြီး အခန်းထဲက ထွက်သွားပြီးလေပြီ...။

ဧည့်ခန်းထဲမှာ ထွက်တွေ့နေလျှင် Hyung ရောက်လာပြီး ပြဿနာတွေရူှပ်ကုန်မှာစိုးတာကြောင့်လည်းပါသည်။

အခန်းတံခါးပွင့်လာပြီး Sehun ဝင်လာသည်။ Sehun မျက်နှာက ပုံမှန် သူ့ကို ကြည့်မရသလို အနေအထားမဟုတ်ပဲ တစ်ခုခုကြောင့် စိတ်ထိခိုက်မူှတွေ ထင်ဟပ်နေသလို မုန်းတီိးနာကျင်မူှနေမူှတွေက အထင်းသား...။

"မင်းနှင့် Wu Yi Fanက ဘယ်လိုပတ်သက်နေတာလဲ..."

တိုးတိတ်ပေမဲ့ ရှင်းလင်းစွာ ကြားလိုက်ရသည်။ထင်မှတ်မထားတဲ့ Sehunရဲ့ မေးခွန်းအတွက် Jongin ချက်ချင်း ပြန်မချေပနိုင်သေး...။ ထိုအချိန် အခန်းတံခါး ဝုန်းကနဲပွင့်သွားသလို မျက်နှာပျက်ယွင်းစွာ ဝင်လာသူက Wu Yi Fan.

"Hyung"

" ကိုကို "

Jongin နှင့် Sehun တိုင်ပင်မထားပဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိပြီးသား...။

Wu Yi Fanက ဘာစကားမှမပြောပဲ Sehun လက်ကို ဆွဲကာ Jongin အခန်းထဲကထွက်သွားပြီး သူ့အခန်းထဲဆွဲခေါ်လာသည်။

သူ့အခန်းထဲဆွဲခေါ်ပြီးမှ သူမှားသွားပြီဆိုတာသိလိုက်ရသည်။ ဘယ်မှာမှ ချိတ်ခွင့်မရသော သူနှင့်Jongin wedding photoသည် သူ့အခန်းထဲက နံရံမှာ ချိတ်ထားလျက်ရှိနေပြီး Sehunကတော့ ထိုပုံကို မြင်သွားကာ ချက်ချင်း သွေးပျက်ခြောက်ခြားသွားတဲ့ပုံစံ ကူးပြောင်းသွားသည်။

"Kaiက ​ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ထားတယ်ဆိုတာ တစ်လောကလုံးကလူတွေမသိအောင် ပိပိရိရိ ဖုံးထားနိုင်တာပဲ... ပြီးတော့ အဲဒီယောက်ျားကလည်း ကိုကိုတဲ့..."

တုန်ယင်နေတဲ့ Sehun နူှတ်ခမ်းပါးတွေက ဒီအခြေအနေကို မယုံနိုင်သေးသလိုမျိုး စကားလုံးတို့ဖိတ်ကျလာသည်။အဖြစ်မှန် သိပြီးတာတောင် ထိုလူကို လက်မလွှတ်နိုင်သေးသည့် သူ့ကိုယ်သူတောင် Sehun မုန်းချင်လာသည်။

"ကိုကို... တကယ် ပြောမထွက်ခဲ့လို့ပါ ...Hunnie..."

ဒီထက်ပိုပြီး Sehun ကိုကို ကို မအံ့သြမိတော့ပါ...။ အဆိုးဆုံးထိ ဖြစ်လာပြီးပြီဆိုတော့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာသာ Sehun ပြင်ဆင်ထားသည်။

"ဒီအခြေအနေမှာ ကိုကို ဘယ်လိုဖြေရှင်းမယ် တွေးထားလဲ... "

"ဒါက..."

ဘာမှဆက်မပြောပဲ ကိုကိုငြိမ်သက်သွားသည်။

ကိုကို လူတစ်ယောက်ကို လျော့မတွက်ပါနဲ့... ။ ကျနော်က ကိုကိုထင်ထားတာထက် ပိုအဆိပ်ပြင်းတယ်...။

" ကိုကို မပြောရင် ကျနော်ပြောမယ်... သူ့ကို ကွာရှင်းပြီး ကျနော့်ကို လက်ထပ်ပါ... ကိုကို သိဖို့က ကျနော် အခုဒီစကားမျိုး ပြောထွက်နိုင်တာ အဲဒီလူက ကိုကိုဖြစ်နေလို့ပဲ..."

" ကိုယ် တောင်းပန်ပါတယ်"

" ကိုကို..."

Sehun အော်သံက အခန်းထဲဟိန်းသွားသည်။

"Hunnieကို ကိုယ်တစ်ကယ်ချစ်ပါတယ်... ဒါပေမဲ့ ကိုကို Hunnie ပြောသလို မလုပ်ပေးနိုင်လောက်ဘူး.... ကိုယ် Jongin ကို လက်မလွှတ်နိုင်ဘူး... ဘယ်တော့မှလည်း ကိုယ့်ဘက်ကစပြီး လမ်းခွဲပေးဖို့ ဆုံးဖြတ်မိမှာ မဟုတ်ဘူး..."

ရွေးချယ်မခံရတာချင်းတူရင်တောင် ချစ်တယ်ပြောပြီး အရွေးချယ်မခံရတာလောက် ခံပြင်းဖို့ကောင်းတာ နာကျင်စေတာ ရှိပါဦးမလား...။

"ဒါက ကိုကို့အဖြေဆိုတာ သေချာလား..."

Yi Fan ခေါင်းညိတ်လိုက်သည်။

"ထပ်ပြီး ပြင်ဆင်ဖို့အတွေးမရှိတော့ဘူးပေါ့နော်..."

" အင်း..."

" ကိုကို တကယ်သူနဲ့ လမ်းခွဲဖို့စိတ်ကူးမရှိဘူးပေါ့..."

"တောင်းပန်ပါတယ် Hunnie..."

သေချာအောင် သုံးကြိမ်တိတိမေးလည်း Yifan အဖြေက ပြောင်းလဲမသွားပါ...။

Sehun ခပ်ရေးရေးလေး ပြုံးလိုက်ကာ ကိုကိုနဲ့ အကြည့်ချင်းဆုံစေလိုက်သည်။

ပြီးမှ

"ကိုကို သေချာပေါက်ကို သူနှင့်လမ်းခွဲသွားရမှာပါ... ကိုကိုဘက်ကစပြီးပေါ့... ကျနော်ပြောရဲတယ်..."

Sehun အိမ်ထဲကနေ ပြန်ထွက်လာသည်။

ပြီးတော့ မျက်ဝန်းပါးက မျက်ရည်တွေကျချင်လာသော်လည်း သူ ကျခွင့်မပေးခဲ့ပါ။

ခြံထဲကထွက်ခါနီး နောက်မှာ ကျန်ရစ်ခဲ့တဲ့အိမ်ကို ငေးကြည့်ရင်း တိုးဖွစွာ ရွတ်လိုက်သည်။

"Waiting For me... See u again...."

❤❤❤❤❤❤❤❤❤❤❤❤❤

Coming...

Continue Reading

You'll Also Like

514K 14.7K 107
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc
693K 25.4K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
444K 30.2K 45
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
429K 10.8K 60
Lady Florence Huntingdon, daughter of the well-known and more importantly, well-respected Earl and Countess Huntingdon is stepping into the 1813 marr...