love create u and me

By ChitChit936

1M 82.2K 3.6K

အမုန္းေတြရဲ႕အဆံုးသတ္မွာ လွပတဲ့ ခ်စ္ျခင္းတရားကုိေတြ႔႐ွိႏိုင္တယ္ More

love create u and me(1)
Love create u and me (2)
Love create u and me(3)
Love create u and me(4)
Love create u and me(5)
Love create u and me(6)
Love create u and me(7)
Love create u and me(8)
Love create u and me(9)
Love create u and me(10)
Love create u and me(12)
Love create u and me(13)
Love create u and me(14)
Love create u and me(15)
Love create u and me(16)
Love create u and me(17)
Love create u and me(18)
Love create u and me (19)
Love create u and me(20)
Love create u and me(21)
Love create u and me(22)
Love create u and me(23)
Love create u and me(24)
Love create u and me(25)
Love create u and me(26)
Love create u and me(27)
Love create u and me(28)
Love create u and me(29)
Love create u and me(30)
Love create u and me (31)
Love create u and me(32)
Love create u and me(33)
Love create u and me(34)
Love create u and me(35)
Love create u and me(36)
Love create u and me(37)
Love create u and me(38)
Love create u and me(39)
Love create u and me (40)
Love create u and me(41)
Love create u and me(42)
Love create u and me(43)
Love create u and me(44)
Love create u and me(45)
Love create u and me(46)
Love create u and me(47)
Love create u and me(48)
Love create u and me(49)
Love create u and me(50)
Love create u and me (51)
Love create u and me (52)
Love create u and me(53)
Love create u and me(54)
Love create u and me(55)
Love create u and me(56)
Love create u and me (57)
Love create u and me(58)
Love create u and me (59)
Love create u and me(60)
Love create u and me(61)
Love create u and me(62)
Love create u and me(63)
Love create u and me(64)
Love create u and me (65)
Love create u and me(66)
Love create u and me(67)
Love create u and me (68)
Love create u and me (69)
Good Bye
Bonus chapter 💗
Love create u and me(72)
Love create u and me (73) final extra
Book cover

Love create u and me(11)

15.7K 1.1K 26
By ChitChit936

Zawgyi

"အ...."

နာက်င္မႈနဲ႕ အတူ ရီေပၚ့လက္ထဲကဓားေလးတြင္ ေသြးမ်ားစြန္းထင္းၿပီး ၾကမ္းျပင္ေပၚသို႔ျပဳတ္က်သြားေတာ့သည္.....။

ဗိုက္ကိုထိုးဖို႔ ခ်ိန္႐ြယ္ထားသည့္လက္ေကာက္ဝတ္ကို တင္းက်ပ္စြာဆုပ္ကိုင္ခံလိုက္ရတဲ့နာက်င္မႈနဲ႕အတူ ဓားသြားထက္ထက္ကိုလက္နဲ႕ဆြဲလြႊင့္ပစ္လိုက္တဲ့ ထိုလူ႕လက္ကေသြးေတြထြက္လာသည္။

ရီေပၚ မိမိေ႐ွ႕ကလူကိုၾကည့္လိုက္ေတာ့......မ်က္ရည္မ်ားၾကားက ဝိုးတဝါးျမင္ေနရတဲ့သူ....ေ႐ွာင္က်န႔္.....။

ခင္မ်ားကုိဘာလို႔ က်ေနာ့္မ်က္လံုးထဲအျမဲျမင္ေနရတာလဲ...။ဘယ္ေလာက္ေတာင္ေၾကာင္ေတာင္ေတာင္ႏိုင္မႈမ်ိဳးလဲ....hak...ဝမ္ရိေပၚမင္း႐ူးသြားၿပီပဲ....။မင္းကုိမုန္းလို႔ မင္းဘဝကုိဖ်က္ဆီးၿပီး ႏိုင္ငံျခားကုိထြက္သြားတဲ့လူက ဘယ္လိုလို႔မင္းေ႐ွ႕ေရာက္လာႏိုင္မွာလဲ....။ဘာေတြျမင္ေယာင္ေနတာလဲ...။

ရီေပၚ သူ႔ေ႐ွ႕ကအစစ္ကဲ့သုိ႔ထင္႐ွားလြန္းတဲ့ ေ႐ွာင္က်န္႔ပံုရိပ္ကုိၾကည့္ရင္း ရင္ဘတ္ထဲေအာင့္လာကာ မ်က္ရည္မ်ားစီးက်လာသည္ ။က်ေနာ္မသိဘူး.....က်ေနာ္ဘာလို႔ မ်က္ရည္က်မိမွန္း....။သူ႔ကုိျမင္လိုက္တိုင္း...မုန္းတီးေနေပမဲ့ အမ်ိဳးမည္မသိတဲ့ခံစားခ်က္ေတြအျမဲခံစားရတယ္...။ခင္မ်ားကုိမုန္းလိုက္တာ ေ႐ွာင္က်န္႔ရာ....။

ရီေပၚတင္းထားသမ်ွစိတ္ေတြအကုန္ေလ်ွာ့ခ်လိုက္သည္။က်ေနာ္....ေ႐ွ႕ဆက္ဖို႔ဘယ္လိုမွအင္အားမ႐ွိေတာ့ဘူး.....က်ေနာ္အရာအားလံုးကုိလက္ေလ်ွာ့လိုက္ခ်င္ၿပီ...က်ေနာ္....တကယ္ပင္ပန္းေနၿပီ....။မ်က္ဝန္းမ်ားမွိတ္က်သြားသည္ႏွင့္ ေမွာင္မိုက္ေသာေလာကႀကီးကရီေပၚ့ကုိဆီးႀကိဳေနေတာ့သည္...။အရာအားလံုးကအိမ္မက္တခုျဖစ္ေနရင္...သိပ္ေကာင္းမွာပဲ....။

ေ႐ွာင္က်န္႔ ရင္ခြင္ထဲ ၿပိဳဆင္းလာတဲ့ခႏၶာကုိယ္ေလးက အရင္ကထက္ပိန္က်သြားသည္... ။ကုိယ္ေတာင္းပန္ပါတယ္...ရီေပၚ....။ၾကမ္းျပင္ေပၚကုိၾကည့္လိုက္ေတာ့....ေ႐ွာင္က်န္႔လႊင့္ပစ္လိုက္တဲ့ဓားရယ္ အနီတန္းေလးထင္းေနတဲ့ဆီးစစ္တံေလးရယ္။

ေ႐ွာင္က်န္႔..လက္ကဓားျပတ္႐ွရာကေသြးမ်ားစီးက်ေနေသာ္လည္းဂ႐ုမျပဳမိပဲ....ရီေပၚကုိယ္ေလးကုိေပြ႕ခ်ီကာ ေဘးနားကဆိုဖာေပၚဂ႐ုတစိုက္တင္ေပးလိုက္သည္....။ကုိယ္မင္းကုိပင္ပန္းေစခဲ့ၿပီ.....။မင္းမလိုခ်င္တဲ့ဘဝမ်ိဳးကုိ ကုိယ္ဖန္တီးမိခဲ့ၿပီ....။

ေခြၽးမ်ား မ်က္ရည္မ်ားစိုရြဲၿပီး..ေမ့ေျမာေနတဲ့ေကာင္ေလး..။.. ႏုံးခ်ိေနတဲ့မ်က္ႏွာေလးက.... ဘယ္ေလာက္ေတာင္စိတ္ပင္ပန္းေနခဲ့ရလဲဆိုတာ မွန္းဆႏိုင္သည္...။ေ႐ွာင္က်န္႔နားထဲမွာ...ယြီပင္းေျပာေသာစကားမ်ားကုိၾကားေယာင္ေနရင္း အလိုလိုဝမ္းနည္းမိလာသည္...။

ရီေပၚ့အေမက ေဝ့ယြီေဝ....ခရစ္ယာန္ေက်ာင္းရဲ႕သီလရွင္(sister)တဦး.... ယြီေဝကအပ်ိဳဘဝကတည္းကအရမ္းစိတ္ထားျဖဴစင္တယ္ ဘုရားသခင္ေပၚလဲအႂကြင္းမဲ့ယုံၾကည္တယ္။

ယြီေဝကေထာင္က်ေနတဲ့ေသမိန႔္က်အက်ဥ္းသားေတြကို သူတို႔မေသခင္ တရက္အလိုမွာ တရားဓမၼေတြ သြား႐ြတ္ျပေလ့ရွိတယ္။ေသျခင္းတရားကေန လြတ္ေျမာက္ေစလိုတဲ့ရည္႐ြယ္ခ်က္နဲ႕ ။

အဲ့အက်ဥ္းသားေတြထဲကတေယာက္ကေတာ့ ရီေပၚရဲ႕အေဖပဲ။သူ႕နာမည္က ဝမ္ေကာဟန္ ။သူဟာႀကီးႀကီးတက္ခ်မ္းသာတဲ့မ်ိဳးရိုးကဆင္းသက္လာတဲ့လူတေယာက္။စီးပြားေရးကိစၥနဲ႕ရန္ျဖစ္ရာကေန လူတေယာက္ကိုမေတာ္တဆဓားနဲ႕ထိုးသတ္မိၿပီး ေသမိန႔္ခ်ထားခံရတဲ့လူ။

ဝမ္ေကာဟန္ေသဒဏ္မေပးခံရခင္တရက္အလိုမွာ ယြီေဝကတရားဓမၼေတြသြား႐ြတ္ျပတယ္။ဝမ္ေကာဟန္က ယြီေဝ႐ြတ္ျပသမွ် တရားဓမၼေတြကို အဆုံးထိစိတ္ဝင္တစားနားေထာင္ေပးတယ္။သူဟာ ဘာသာမဲ့တေယာက္ သို႔ေပမဲ့တျခားလူေတြရဲ႕ဘာသာကိုလဲမေစာ္ကားဘူး.မရိုင္းပ်ဘဴး....။

ယြီေဝဖတ္ျပတဲ့တရားဓမၼစာေတြေၾကာင့္ သူကေသျခင္းကိုမလြန္ဆန္နိုင္မွန္းေတာ့နားလည္မိသြားတယ္။သူျဖစ္ခ်င္တဲ့ေနာက္ဆုံးဆႏၵတခုပဲရွိေတာ့တယ္။အဲ့တာက ကမၻာေျမေပၚမွာ သူ႕ေသြးသားကိုေနာက္ဆုံးခ်န္ထားခဲ့ခ်င္တာပဲ။

သူေသသြားေပမဲ့ သူ႕ေသြးသားကေလာကမွာရွင္သန္ရင္းသူ႕အေမြေတြကိုဆက္ခံၿပီးေတာ့ ေလာကကိုအက်ိဳးျပဳေနဦးမယ္ဆိုတဲ့ ပီတိကိုသူခံစားဖူးခ်င္တယ္။ဒါေၾကာင့္ သူကေဝ့ယြီေဝကို သူကသူ႕ရဲ႕ေနာက္ဆုံးဆႏၵကိုေျပာျပတယ္။

ယြီေဝက လုံးဝစိတ္ထားသန႔္စင္တဲ့မိန္းကေလးတေယာက္ ျဖစ္သမွ်အရာတိုင္းကကံၾကမၼာကသတ္မွတ္ေပးထားတာလို႔ယုံၾကည္ထားတယ္။။မနက္ျဖန္ေသရေတာ့မဲ့လူတေယာက္ရဲ႕ေနာက္ဆုံးဆႏၵကိုသူမအေနနဲ႕အတတ္နိုင္ဆုံးျဖည့္ဆည္းေပးခ်င္တယ္။

သူမအတြက္ အက်ဥ္းသားလဲလူပဲ...ဘယ္အရာမွကြာျခားမႈမရွိဘူး။လူတေယာက္ရဲ႕ေနာက္ဆုံးဆႏၵကိုျဖည့္ဆည္းေပးရတာ မြန္ျမတ္တဲ့အလုပ္တခုလို႔သတ္မွတ္ထားတယ္။ဒီကိစၥဟာ မေသခ်ာမတိက်ေပမဲ့ ေသခါနီးလူတေယာက္ရဲ႕ဆႏၵကိုျဖည့္ဆည္းေပးခ်င္တယ္။

ဒါေၾကာင့္ ယြီေဝကဝမ္ေကာဟန္ရဲ႕ေနာက္ဆုံးဆႏၵကို သူ႕ရဲ႕အပ်ိဳစင္ဘဝကိုေပးဆပ္ၿပီးေတာ့ ျဖည့္ဆည္းေပးခဲ့တယ္။သူ႕ေပးဆပ္မႈမွာ ဘာအက်ိဳးေမွ်ာ္ကိုးမႈ တဏွာရာဂေတြတခုမွမပါဝင္ခဲ့ဘူး။ဝမ္ေကာဟန္က သူမေသခင္မွာ သူ႕အေမြေတြအကုန္ ယြီေဝနာမည္နဲ႕လႊဲေပးခဲ့တယ္။

ေနာက္ေန႕မွာေတာ့ သူကသူ႕အျပစ္ဒဏ္အတိုင္းေသမိန႔္ခ်ခံခဲ့ရတယ္။ယြီေဝက ဝမ္ေကာဟန္ေသသြားေတာ့ ပူေဆြးဝမ္းနည္းျခင္းမရွိ ေကာင္းရာေရာက္ဖို႔ပဲဆုေတာင္းေပးခဲ့တယ္။သူ႕နာမည္နဲ႕လႊဲထားတဲ့အေမြေတြကိုလဲ ဝမ္ေကာဟန္ရဲ႕အကိုလင္မယားကိုျပန္ေပးခဲ့တယ္။သူမမွာဘာေလာဘမွမရွိဘူး။

ကံၾကမၼာကယြီေဝကိုေကာင္းခ်ီးေပးတာလား ဆိုးက်ိဳးေပးတာလားေတာ့မသိဘူး။ေကာဟန္ေသၿပီးငါးလအၾကာမွာ ယြီေဝကသူမမွာကိုယ္ဝန္ရွိေနၿပီမွန္းသိခဲ့တယ္။

ဘုရားေက်ာင္းက sisterေတြကသူမကိစၥရဲ႕အေၾကာင္းရင္းမွန္ကိုသိတာေၾကာင့္ သူတို႔ဘုရားေက်ာင္းမွာပဲဆက္ေနေစၿပီးေစာင့္ေရွာက္ေပးၾကေပမဲ့ ပတ္ဝန္းက်င္ဆိုတဲ့အသိုင္းအဝိုင္းကေတာ့ သူမကိုအျပစ္တင္ရႈံ႕ခ်ၾကတယ္။

ခရစ္ယာန္သီလရွင္တဦးျဖစ္ၿပီး ဘယ္သူနဲ႕မွန္းမသိတဲ့ကိုယ္ဝန္ရလာတယ္ဆိုၿပီး ရွက္႐ြ႕ံဖြယ္စကားေတြေျပာဆိုၿပီး မုန္းတီးၾကတယ္။ခင္ပြန္းအမည္ခံစရာမရွိတဲ့ယြီေဝက လူတိုင္းတံေတြးပင္လယ္မွာနစ္မြန္းခံၿပီး သူ႕ကိုယ္ဝန္ကိုရေအာင္ေစာင့္ေရွာက္ခဲ့တယ္။သူကအရမ္းမြန္ျမတ္တဲ့မိခင္ေကာင္းတေယာက္။ သူလိုခ်င္တာတခုတည္းပဲ ဝမ္ေကာဟန္ရဲ႕ေနာက္ဆုံးဆႏၵအမွန္တကယ္ျပည့္ေျမာက္လာဖို႔...။

ယြီေဝက ဘုရားေက်ာင္းကသီလရွင္အုပ္ႀကီးေတြရဲ႕ဝိုင္းဝန္းေစာင့္ေရွာက္ေပးမႈနဲ႕ပဲ ကိုယ္ဝန္ကိုက်န္းက်န္းမာမာေမြးဖြားနိုင္ခဲ့တယ္။ကံၾကမၼာကသူမကိုခ်စ္စဖြယ္ေကာင္းတဲ့အမႊာ ကေလးႏွစ္ေယာက္ကိုလက္ေဆာင္ေပးခဲ့တယ္ ။ေယာက္်ားေလးတေယာက္ မိန္းကေလးတေယာက္။

သူမက ဝမ္ေကာဟန္ရဲ႕ဆႏၵအတိုင္း သူ႕ရဲ႕ေသြးသားမ်ိဳးဆက္ခေလးႏွစ္ေယာက္ကို ဝမ္မိ်ဳးရိုးအမည္ခံေစခဲ့တယ္။သမီးႀကီးကို ဝမ္ဝူလင္းလို႔နာမည္ေပးၿပီးေတာ့ သားငယ္ေလးကိုဝမ္ရိေပၚလို႔နာမည္ေပးခဲ့တယ္။ယြီေဝကသူမရဲ႕သားသမီးႏွစ္ေယာက္ကိုအရမ္းခ်စ္ၿပီး မိခင္စိတ္ျပည့္ဝတဲ့မိခင္တေယာက္ျဖစ္ေပးခဲ့တယ္။

သို႔ေပမဲ့ ကံၾကမၼာကကေလးႏွစ္ေယာက္ေပၚမွာငဲ့ညွာမေပးခဲ့ဘူး ။ ဝူလင္းနဲ႕ရီေပၚက႐ုပ္ခ်င္းလဲမဆင္ဘူး။ဒါကျပသနာတခုမဟုတ္ေသးဘူး။တကယ့္ျပသနာက ဝူလင္းကမိန္းကေလးျဖစ္ေနေပမဲ့ ႐ုပ္ရည္ အသားအရည္ကအစ သူ႕အေဖေကာဟန္လိုေယာက္်ားေလးတေယာက္နဲ႕တူတယ္။

ရီေပၚတို႔ေမာင္ႏွမႏွစ္ေယာက္ကတေယာက္နဲ႕တေယာက္အရမ္းခ်စ္ၾကတယ္။တျဖည္းျဖည္းအ႐ြယ္ေရာက္လာနဲ႕ပတ္ဝန္းက်င္က ေမာင္ႏွမႏွစ္ေယာက္ကိုကဲ့ရဲ႕ၾကတယ္။ရီေပၚကေယာက္်ားေလးဆိုေပမဲ့ အသားအရည္ကမိန္းကေလးရႈံးေအာင္လွတယ္။လွတယ္ဆိုတဲ့စကားလုံးကရီေပၚအတြက္သီးသန႔္ျဖစ္တည္ေနသလိုမ်ိဳးပဲ။

ဝူလင္းက်ေတာ့ အသံအေျပာအဆိုအေနအထိုင္အကုန္လုံးကေယာက္်ားတေယာက္လိုမ်ိဳးပဲ။ေက်ာင္းသြားရင္ ရီေပၚ့ကိုမိန္းမေယာက္်ားအကုန္လိုက္ၾကည့္ေငးတတ္ၾကတယ္။အတန္းထဲမွာလဲေယာက္်ားေလးခ်င္း ခဏခဏရည္းစားစာေပးခံရတိုင္း ဝူလင္းကပဲရီေပၚကိုကာကြယ္ေျပာဆိုေပးခဲ့တယ္။

ဝူလင္းကရီေပၚကိုအရမ္းခ်စ္ေပမဲ့ မိန္းကေလးတေယာက္ျဖစ္ၿပီး ေယာက္်ားခႏၶာကိုယ္လိုျဖစ္ေနတဲ့သူမကိုယ္ကိုေတာ့ အရမ္းစိတ္ပ်က္ေနေလ့ရွိတယ္။ဒါေပမဲ့ ဝူလင္းကသူ႕ဘဝမွာ သူ႕ေမာင္ေလးရီေပၚနဲ႕အေမရွိရင္ အဲ့မိန္းမဆန္တဲ့အလွအပေတြမလိုအပ္ေတာ့ဘူးလို႔ေတြးခဲ့တယ္ တစုံတေယာက္ကိုမေတြ႕ခင္အထိေပါ့....။

ဝူလင္းတို႔အေမက ႏွလုံးေရာဂါရွိတယ္။တေန႕ဝူလင္း သူမအေမကိုေဆး႐ုံသြားျပတဲ့ေန႕မွာ ဂ်ဴ တီကုတ္အျဖဴ ေလးဝတ္ထားၿပီး လုပ္အားေပးေနတဲ့ေဆးေက်ာင္းသားေပါက္စနဲ႕ေတြ႕ဆုံခဲ့တယ္။အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ ရယ္လိုက္ရင္ေပၚလာတဲ့ယုန္သြားေလးႏွစ္ေခ်ာင္းရယ္က သူမအတြက္ရင္ခုန္ေစတဲ့အရာေတြပဲ။

ထိုလူက သူမကိုသတိမထားမိခဲ့ေပမဲ့ သူမကေတာ့စတင္ခ်စ္ခဲ့မိတယ္။ဝူလင္းက ဆရာဝန္ေပါက္စရဲ႕ လည္ပင္းမွာဆြဲထားတဲ့ေက်ာင္းသားကဒ္ကနာမည္ေလးကိုမွတ္ထားလိုက္တယ္။ေရွာင္က်န႔္...။

ဝူလင္းကဆရာဝန္ေပါက္စရဲ႕ေက်ာင္းကိုစုံစမ္းၿပီးေတာ့ ေန႕တိုင္း ႏွင္းဆီပန္းအျဖဴ ေလးတပြင့္လက္ေဆာင္ေပးတယ္။သူမေပးတဲ့ပန္းေလးေတြကိုေန႕တိုင္းခ်ိဳခ်ိဳသာသာၿပဳံးျပၿပီးလက္ခံေပးတဲ့ေရွာင္က်န႔္ေၾကာင့္ ေရွာင္က်န႔္အေပၚသူမရဲ႕ေမွ်ာ္လင့္ခ်က္ေတြကပိုတိုးလာခဲ့တယ္။သူမေပးသမွ်ႏွင္းဆီပန္းေလးေတြအမွိုက္ပုံးထဲေရာက္ေနရတာကိုေတာ့ သူမမသိခဲ့ရွာဘူးေပါ့။

အဲ့လိုနဲ႕တလျပည့္လာေတာ့ ဝူလင္းကေရွာင္က်န႔္ကိုမိုးျပာေရာင္ပုဝါေလးတခုလက္ေဆာင္ေပးရင္း ရင္ထဲကအခ်စ္ေတြကုိဖြင့္ေျပာခဲ့တယ္။သို႔ေပမဲ့ ေရွာင္က်န႔္ရဲ႕အေျဖကသူမဘဝကိုစိတ္အားငယ္မႈ အလိုမက်မႈေတြကိုေပးခဲ့တယ္။

"ကိုယ္ မင္းကိုမခ်စ္ဘူး....ကိုယ္ကေယာက္်ားေလးခ်င္းသေဘာမက်ဘူး...."

ပထမဆုံးခ်စ္မိတဲ့အခ်စ္မွာအျငင္းခံရ႐ုံတင္မဟုတ္ပဲ ခံစားခ်က္မွန္သမွ်ကလ်စ္လ်ဴရႈခံခဲ့ရတဲ့ဝူလင္း...။ငယ္ငယ္တည္းကမိန္းကေလးသူငယ္ခ်င္းေတြၾကားမွာ အေျခာက္မ ဘဲကြဲမဆိုတဲ့အေခၚအေဝၚႀကီးနဲ႕ေဝဖန္ခံခဲ့ရတဲ့နာက်င္မႈေတြက သူမကိုဆုံးျဖတ္ခ်က္မွားေစခဲ့တယ္။သူမဘဝကိုပထမဆုံးအေနနဲ႕စိတ္ဓာတ္က်အားငယ္ေစခဲ့တယ္။

ဝူလင္း သူမေဘးမွာထိုင္ရင္းစာလုပ္ေနတဲ့ ရီေပၚကိုၾကည့္မိတယ္။ မ်က္ႏွာအစိတ္အပိုင္းတခုခ်င္းစီကမိန္းကေလးေတြယွဥ္လို႔မရေအာင္လွပလြန္းတယ္။အသားအရည္ဆိုတာလဲ အေမႊးအမွ်င္ေတာင္မရွိဘဲႏုဖတ္ေနတဲ့ေမာင္ျဖစ္သူကိုၾကည့္ၿပီး စိတ္အလိုမက်သိမ္ငယ္မႈေတြျဖစ္လာတယ္။

"ဝမ္ေလး....ငါနင့္ကိုအရမ္းမုန္းတာပဲ..ငါ့ဘဝကိုလဲမုန္းတယ္..ဟိုလူ႕ကိုလည္းမုန္းတယ္..."

ဝူလင္းကနာက်င္စြာေျပာရင္း ႐ုတ္တရက္အခန္းထဲေျပးဝင္ၿပီးတံခါးပိတ္လိုက္တယ္။သူမအခုခ်ိန္မွာ သိတာက သူမေပ်ာက္ကြယ္သြားခ်င္တယ္။ေပးခဲ့တဲ့အခ်စ္ေတြကမ်ားသေလာက္ ျမဴတမႈန္စာေလာက္ေတာင္အေရးစိုက္မခံခဲ့ရဘူး။နာက်င္စြာငိုေနရင္း ပန္ကာမွာႀကိဳးတေခ်ာင္းကိုခ်ည္ၿပီး သူမရဲ႕က်ိန္စာသင့္ခံေနရတဲ့ခႏၶာကိုယ္ႀကီးကို အဆုံးသတ္ခဲ့တယ္။

ျပတင္းေပါက္မွန္ကေန ေအာ္ဟစ္ထုရိုက္ၿပီး ငိုယိုေတာင္းပန္ေနခဲ့တဲ့ ရီေပၚရဲ႕အသံေတြကိုလ်စ္လ်ဴရႈၿပီးေတာ့။

အျပင္သြားရာကေနျပန္လာတဲ့ ယြီေဝဟာ သမီးျဖစ္သူရဲ႕အျဖစ္ဆိုးကိုျမင္ၿပီးေတာ့ ႏွလုံးေရွာ့ခ္ရၿပီး ရီေပၚလက္ထဲမွာတင္အသက္ဆုံးသြားခဲ့သည္။ သူမ်ားအေပၚသနားတတ္တဲ့ရီေပၚရဲ႕ျဖဴစင္တဲ့ႏွလုံးသားေလးထဲ မုန္းတီးမႈေတြကအတိုင္းမသိဝင္ေရာက္သြားတယ္။သူသိတာက တခုတည္းပဲ ဝူလင္းက်ဲနာက်င္ခဲ့ရသလိုမ်ိဳး အဲ့လူကိုလဲနာက်င္ေစခ်င္တယ္။

အေမေရာ မမေရာတၿပိဳင္နက္တည္းဆုံးရႈံးလိုက္ရတဲ့ရီေပၚက ေရွာင္က်န႔္ကိုအမုန္းႀကီးမုန္းခဲ့တယ္။သူ႕မွာ အမွားအမွန္ေဝဖန္ပိုင္းျခားလိုစိတ္မရွိခဲ့ဘူး။ဝူလင္း ခံစားခဲ့ရသလိုမ်ိဳး ေရွာင္က်န႔္ကိုခံစားေစခ်င္တယ္။

ၿပီးေတာ့ ရီေပၚ့မွာစိတ္ဒဏ္ရာတခုရွိတယ္။ ငယ္ငယ္တည္းက ပတ္ဝန္းက်င္ရဲ႕ရႈံ႕ခ်မႈၾကားထဲမွာ ေခါင္းမေဖာ္နိုင္ေအာင္ ေျပာဆိုဆက္ဆံခံခဲ့ရတဲ့ ရီေပၚက သူ႕ကိုအားႏြဲ႕သူတေယာက္လို ဆက္ဆံတာလုံးဝမႀကိဳက္ဘူး...။

စာအရမ္းထူးခြၽန္တဲ့ရီေပၚက ဆရာဝန္သိပ္ျဖစ္ခ်င္ေပမဲ့.... ခက္ခဲပင္ပန္းတဲ့အားကစားေမဂ်ာကိုေ႐ြးခ်ယ္ခဲ့တယ္...။19ႏွစ္အ႐ြယ္ငယ္႐ြယ္မႈေတြအကုန္လုံးကို ၾကမ္းတမ္းမႈေတြထဲနစ္မြန္းေအာင္အၿမဲျပဳလုပ္ခဲ့တယ္...။

ေရွာင္က်န႔္ ဆိုဖာေပၚကရီေပၚကိုၾကည့္ရင္း စိတ္ထဲကေနအႀကိမ္ႀကိမ္ေတာင္းပန္ေနမိသည္။က်ေနာ့္ရဲ႕သူတပါးခံစားခ်က္ေတြကိုဂ႐ုမစိုက္တဲ့အျပဳအမူေတြက မိန္းကေလးတေယာက္ရဲ႕အသက္ကုိေသေစခဲ့တယ္...။ရီေပၚရဲ႕ခ်စ္ရတဲ့သူႏွစ္ေယာက္လံုးကုိဆံုး႐ွံုးေစခဲ့တယ္...။အရာရာတိုင္းအတြက္ ကုိယ္ေတာင္းပန္ပါတယ္ ရီေပၚ....။

ေ႐ွာင္က်န္႔ chinaကုိျပန္ေရာက္တာ တပတ္ေက်ာ္ေနၿပီျဖစ္ေသာ္လည္း...ဘယ္သူ႔ကုိမွအသိမေပးပဲ...ရီေပၚကုိသာအရိပ္တၾကည့္ၾကည့္လိုက္ၾကည့္ေနခဲ့ျခင္းျဖစ္သည္။မူမမွန္တဲ့ ရီေပၚက်န္းမာေရး အေလ့အထေတြေၾကာင့္ စိတ္ထဲသကၤာမကင္းျဖစ္မိေသာ္လည္း...ရီေပၚကေယာက္်ားေလးတေယာက္ဆိုတဲ့အသိကတားဆီးခဲ့သည္...။

ၾကမ္းျပင္ေပၚကဆီးစစ္တံေလးကုိ ေကာက္ၾကည့္ရင္း ေ႐ွာင္က်န္႔သံသယေတြကမွန္ကန္ေနေၾကာင္းသိသြားရသည္...။ပုံမွန္ဆို....ေယာက္်ားေလးကုိယ္ဝန္ေဆာင္တာ မျဖစ္ႏိုင္ေပမဲ့....ရီေပၚ့မွာကအမႊာအစ္မ႐ွိေနတဲ့အတြက္အခုလိုထူးဆန္းမႈျဖစ္ေပၚလာျခင္းျဖစ္သည္...။အေယာက္တသန္းမွာတေယာက္ေတာင္ျဖစ္ခဲတဲ့ကိစၥမ်ိဳးေပါ့...။

Koreaမွာေနတဲ့တေလ်ွာက္လံုး...ရီေပၚကုိေမ့ႏိုင္ေအာင္ႀကိဳးစားခဲ့ေပမဲ့...ေမ့ဖို႔ႀကိဳးစားေလ....ႏွလံုးသားထဲနက္နက္႐ိႈင္း႐ိႈင္းလြမ္းေဆြးမိေလပဲ....။ဘယ္အခ်ိန္တည္းက အဲ့ေလာက္ထိခ်စ္မိသြားခဲ့မွန္းမသိပါဘူး...ေကာင္ေလးရာ.....။ အခု...က်ေနာ္ခ်စ္ရသူမွာ....က်ေနာ့္ေသြးသား႐ွိေနၿပီ...။က်ေနာ့္ၾကည္ႏူးေပ်ာ္ရႊင္မႈကအတိုင္းအဆမသိေအာင္ပဲ....။

ေ႐ွာင္က်န္႔ခဏတာဝမ္းသာမိသြားေပမဲ့....ကုိယ့္ကုိကုိယ္အဆံုးစီရင္ဖို႔လုပ္ေနတဲ့ ရီေပၚကုိျပန္ျမင္ေယာင္မိေသာအခါ...ၾကည္ႏူးမႈေလးေတြက...ျပန္လည္ေမွးမွိန္သြားေတာ့သည္...။

ရီေပၚကက်ေနာ့္ကုိမုန္းေနတာပဲ....သူက်ေနာ့္ေသြးသားကုိဘယ္လိုခ်င္ပါ့မလဲ...။သူအရမ္းမုန္းတဲ့အားႏြဲ႔တဲ့ဘဝမ်ိဳးကုိဖန္တီးခဲ့တဲ့က်ေနာ့္ကုိ အရင္ကထက္ပုိမုန္းေနမွာေပါ့....။

ဒါေပမဲ့...မင္းစိတ္ခ်ပါ......ရီေပၚ....ကုိယ့္ကုိမင္းလက္ခံလာေအာင္...ကုိယ္အတတ္ႏုိင္ဆံုးႀကိဳးစားမယ္....။မင္းေ႐ွ႕မွာမားမားရပ္ၿပီး....အျပစ္တင္ေဝဖန္မႈေတြမ်ားတဲ့ေလာကႀကီးရန္ကေနကာကြယ္ေပးမွာမို႔....ကုိယ့္ကုိလက္ခံေပးပါ...ကုိယ့္ကုိအေကာင္းဆံုးႀကိဳးစားခြင့္ေပးပါ... ရီေပၚ...။

ေ႐ွာင္က်န္႔ကုိင္ထားတဲ့လက္ေကာက္ဝတ္ေလးကေတာ့....ပင္မေသြးေၾကာႀကီးအျပင္....ေသးငယ္လွတဲ့ေသြးေၾကာမ်ွင္ပိစိေလးက တလႈပ္လႈပ္ခုန္လ်က္.....။

..............................................................................

Unicode

"အ...."

နာကျင်မှုနဲ့ အတူ ရီပေါ့်လက်ထဲကဓားလေးတွင် သွေးများစွန်းထင်းပြီး ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားတော့သည်.....။

ဗိုက်ကိုထိုးဖို့ ချိန်ရွယ်ထားသည့်လက်ကောက်ဝတ်ကို တင်းကျပ်စွာဆုပ်ကိုင်ခံလိုက်ရတဲ့နာကျင်မှုနဲ့အတူ ဓားသွားထက်ထက်ကိုလက်နဲ့ဆွဲလွွှင့်ပစ်လိုက်တဲ့ ထိုလူ့လက်ကသွေးတွေထွက်လာသည်။

ရီပေါ် မိမိရှေ့ကလူကိုကြည့်လိုက်တော့......မျက်ရည်များကြားက ဝိုးတဝါးမြင်နေရတဲ့သူ....ရှောင်ကျန့်.....။

ခင်များကိုဘာလို့ ကျနော့်မျက်လုံးထဲအမြဲမြင်နေရတာလဲ...။ဘယ်လောက်တောင်ကြောင်တောင်တောင်နိုင်မှုမျိုးလဲ....hak...ဝမ်ရိပေါ်မင်းရူးသွားပြီပဲ....။မင်းကိုမုန်းလို့ မင်းဘဝကိုဖျက်ဆီးပြီး နိုင်ငံခြားကိုထွက်သွားတဲ့လူက ဘယ်လိုလို့မင်းရှေ့ရောက်လာနိုင်မှာလဲ....။ဘာတွေမြင်ယောင်နေတာလဲ...။

ရီပေါ် သူ့ရှေ့ကအစစ်ကဲ့သို့ထင်ရှားလွန်းတဲ့ ရှောင်ကျန့်ပုံရိပ်ကိုကြည့်ရင်း ရင်ဘတ်ထဲအောင့်လာကာ မျက်ရည်များစီးကျလာသည် ။ကျနော်မသိဘူး.....ကျနော်ဘာလို့ မျက်ရည်ကျမိမှန်း....။သူ့ကိုမြင်လိုက်တိုင်း...မုန်းတီးနေပေမဲ့ အမျိုးမည်မသိတဲ့ခံစားချက်တွေအမြဲခံစားရတယ်...။ခင်များကိုမုန်းလိုက်တာ ရှောင်ကျန့်ရာ....။

ရီပေါ်တင်းထားသမျှစိတ်တွေအကုန်လျှော့ချလိုက်သည်။ကျနော်....ရှေ့ဆက်ဖို့ဘယ်လိုမှအင်အားမရှိတော့ဘူး.....ကျနော်အရာအားလုံးကိုလက်လျှော့လိုက်ချင်ပြီ...ကျနော်....တကယ်ပင်ပန်းနေပြီ....။မျက်ဝန်းများမှိတ်ကျသွားသည်နှင့် မှောင်မိုက်သောလောကကြီးကရီပေါ့်ကိုဆီးကြိုနေတော့သည်...။အရာအားလုံးကအိမ်မက်တခုဖြစ်နေရင်...သိပ်ကောင်းမှာပဲ....။

ရှောင်ကျန့် ရင်ခွင်ထဲ ပြိုဆင်းလာတဲ့ခန္ဓာကိုယ်လေးက အရင်ကထက်ပိန်ကျသွားသည်... ။ကိုယ်တောင်းပန်ပါတယ်...ရီပေါ်....။ကြမ်းပြင်ပေါ်ကိုကြည့်လိုက်တော့....ရှောင်ကျန့်လွှင့်ပစ်လိုက်တဲ့ဓားရယ် အနီတန်းလေးထင်းနေတဲ့ဆီးစစ်တံလေးရယ်။

ရှောင်ကျန့်..လက်ကဓားပြတ်ရှရာကသွေးများစီးကျနေသော်လည်းဂရုမပြုမိပဲ....ရီပေါ်ကိုယ်လေးကိုပွေ့ချီကာ ဘေးနားကဆိုဖာပေါ်ဂရုတစိုက်တင်ပေးလိုက်သည်....။ကိုယ်မင်းကိုပင်ပန်းစေခဲ့ပြီ.....။မင်းမလိုချင်တဲ့ဘဝမျိုးကို ကိုယ်ဖန်တီးမိခဲ့ပြီ....။

ချွေးများ မျက်ရည်များစိုရွဲပြီး..မေ့မြောနေတဲ့ကောင်လေး..။.. နုံးချိနေတဲ့မျက်နှာလေးက.... ဘယ်လောက်တောင်စိတ်ပင်ပန်းနေခဲ့ရလဲဆိုတာ မှန်းဆနိုင်သည်...။ရှောင်ကျန့်နားထဲမှာ...ယွီပင်းပြောသောစကားများကိုကြားယောင်နေရင်း အလိုလိုဝမ်းနည်းမိလာသည်...။

ရီပေါ့်အမေက ဝေ့ယွီဝေ....ခရစ်ယာန်ကျောင်းရဲ့သီလရှင်(sister)တဦး.... ယွီဝေကအပျိုဘဝကတည်းကအရမ်းစိတ်ထားဖြူစင်တယ် ဘုရားသခင်ပေါ်လဲအကြွင်းမဲ့ယုံကြည်တယ်။

ယွီဝေကထောင်ကျနေတဲ့သေမိန့်ကျအကျဉ်းသားတွေကို သူတို့မသေခင် တရက်အလိုမှာ တရားဓမ္မတွေ သွားရွတ်ပြလေ့ရှိတယ်။သေခြင်းတရားကနေ လွတ်မြောက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ။

အဲ့အကျဉ်းသားတွေထဲကတယောက်ကတော့ ရီပေါ်ရဲ့အဖေပဲ။သူ့နာမည်က ဝမ်ကောဟန် ။သူဟာကြီးကြီးတက်ချမ်းသာတဲ့မျိုးရိုးကဆင်းသက်လာတဲ့လူတယောက်။စီးပွားရေးကိစ္စနဲ့ရန်ဖြစ်ရာကနေ လူတယောက်ကိုမတော်တဆဓားနဲ့ထိုးသတ်မိပြီး သေမိန့်ချထားခံရတဲ့လူ။

ဝမ်ကောဟန်သေဒဏ်မပေးခံရခင်တရက်အလိုမှာ ယွီဝေကတရားဓမ္မတွေသွားရွတ်ပြတယ်။ဝမ်ကောဟန်က ယွီဝေရွတ်ပြသမျှ တရားဓမ္မတွေကို အဆုံးထိစိတ်ဝင်တစားနားထောင်ပေးတယ်။သူဟာ ဘာသာမဲ့တယောက် သို့ပေမဲ့တခြားလူတွေရဲ့ဘာသာကိုလဲမစော်ကားဘူး.မရိုင်းပျဘူး....။

ယွီဝေဖတ်ပြတဲ့တရားဓမ္မစာတွေကြောင့် သူကသေခြင်းကိုမလွန်ဆန်နိုင်မှန်းတော့နားလည်မိသွားတယ်။သူဖြစ်ချင်တဲ့နောက်ဆုံးဆန္ဒတခုပဲရှိတော့တယ်။အဲ့တာက ကမ်ဘာမြေပေါ်မှာ သူ့သွေးသားကိုနောက်ဆုံးချန်ထားခဲ့ချင်တာပဲ။

သူသေသွားပေမဲ့ သူ့သွေးသားကလောကမှာရှင်သန်ရင်းသူ့အမွေတွေကိုဆက်ခံပြီးတော့ လောကကိုအကျိုးပြုနေဦးမယ်ဆိုတဲ့ ပီတိကိုသူခံစားဖူးချင်တယ်။ဒါကြောင့် သူကဝေ့ယွီဝေကို သူကသူ့ရဲ့နောက်ဆုံးဆန္ဒကိုပြောပြတယ်။

ယွီဝေက လုံးဝစိတ်ထားသန့်စင်တဲ့မိန်းကလေးတယောက် ဖြစ်သမျှအရာတိုင်းကကံကြမ္မာကသတ်မှတ်ပေးထားတာလို့ယုံကြည်ထားတယ်။။မနက်ဖြန်သေရတော့မဲ့လူတယောက်ရဲ့နောက်ဆုံးဆန္ဒကိုသူမအနေနဲ့အတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်တယ်။

သူမအတွက် အကျဉ်းသားလဲလူပဲ...ဘယ်အရာမှကွာခြားမှုမရှိဘူး။လူတယောက်ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးရတာ မွန်မြတ်တဲ့အလုပ်တခုလို့သတ်မှတ်ထားတယ်။ဒီကိစ္စဟာ မသေချာမတိကျပေမဲ့ သေခါနီးလူတယောက်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးချင်တယ်။

ဒါကြောင့် ယွီဝေကဝမ်ကောဟန်ရဲ့နောက်ဆုံးဆန္ဒကို သူ့ရဲ့အပျိုစင်ဘဝကိုပေးဆပ်ပြီးတော့ ဖြည့်ဆည်းပေးခဲ့တယ်။သူ့ပေးဆပ်မှုမှာ ဘာအကျိုးမျှော်ကိုးမှု တဏှာရာဂတွေတခုမှမပါဝင်ခဲ့ဘူး။ဝမ်ကောဟန်က သူမသေခင်မှာ သူ့အမွေတွေအကုန် ယွီဝေနာမည်နဲ့လွှဲပေးခဲ့တယ်။

နောက်နေ့မှာတော့ သူကသူ့အပြစ်ဒဏ်အတိုင်းသေမိန့်ချခံခဲ့ရတယ်။ယွီဝေက ဝမ်ကောဟန်သေသွားတော့ ပူဆွေးဝမ်းနည်းခြင်းမရှိ ကောင်းရာရောက်ဖို့ပဲဆုတောင်းပေးခဲ့တယ်။သူ့နာမည်နဲ့လွှဲထားတဲ့အမွေတွေကိုလဲ ဝမ်ကောဟန်ရဲ့အကိုလင်မယားကိုပြန်ပေးခဲ့တယ်။သူမမှာဘာလောဘမှမရှိဘူး။

ကံကြမ္မာကယွီဝေကိုကောင်းချီးပေးတာလား ဆိုးကျိုးပေးတာလားတော့မသိဘူး။ကောဟန်သေပြီးငါးလအကြာမှာ ယွီဝေကသူမမှာကိုယ်ဝန်ရှိနေပြီမှန်းသိခဲ့တယ်။

ဘုရားကျောင်းက sisterတွေကသူမကိစ္စရဲ့အကြောင်းရင်းမှန်ကိုသိတာကြောင့် သူတို့ဘုရားကျောင်းမှာပဲဆက်နေစေပြီးစောင့်ရှောက်ပေးကြပေမဲ့ ပတ်ဝန်းကျင်ဆိုတဲ့အသိုင်းအဝိုင်းကတော့ သူမကိုအပြစ်တင်ရှုံ့ချကြတယ်။

ခရစ်ယာန်သီလရှင်တဦးဖြစ်ပြီး ဘယ်သူနဲ့မှန်းမသိတဲ့ကိုယ်ဝန်ရလာတယ်ဆိုပြီး ရှက်ရွ့ံဖွယ်စကားတွေပြောဆိုပြီး မုန်းတီးကြတယ်။ခင်ပွန်းအမည်ခံစရာမရှိတဲ့ယွီဝေက လူတိုင်းတံတွေးပင်လယ်မှာနစ်မွန်းခံပြီး သူ့ကိုယ်ဝန်ကိုရအောင်စောင့်ရှောက်ခဲ့တယ်။သူကအရမ်းမွန်မြတ်တဲ့မိခင်ကောင်းတယောက်။ သူလိုချင်တာတခုတည်းပဲ ဝမ်ကောဟန်ရဲ့နောက်ဆုံးဆန္ဒအမှန်တကယ်ပြည့်မြောက်လာဖို့...။

ယွီဝေက ဘုရားကျောင်းကသီလရှင်အုပ်ကြီးတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်ပေးမှုနဲ့ပဲ ကိုယ်ဝန်ကိုကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့တယ်။ကံကြမ္မာကသူမကိုချစ်စဖွယ်ကောင်းတဲ့အမွှာ ကလေးနှစ်ယောက်ကိုလက်ဆောင်ပေးခဲ့တယ် ။ယောက်ျားလေးတယောက် မိန်းကလေးတယောက်။

သူမက ဝမ်ကောဟန်ရဲ့ဆန္ဒအတိုင်း သူ့ရဲ့သွေးသားမျိုးဆက်ခလေးနှစ်ယောက်ကို ဝမ်မိျုးရိုးအမည်ခံစေခဲ့တယ်။သမီးကြီးကို ဝမ်ဝူလင်းလို့နာမည်ပေးပြီးတော့ သားငယ်လေးကိုဝမ်ရိပေါ်လို့နာမည်ပေးခဲ့တယ်။ယွီဝေကသူမရဲ့သားသမီးနှစ်ယောက်ကိုအရမ်းချစ်ပြီး မိခင်စိတ်ပြည့်ဝတဲ့မိခင်တယောက်ဖြစ်ပေးခဲ့တယ်။

သို့ပေမဲ့ ကံကြမ္မာကကလေးနှစ်ယောက်ပေါ်မှာငဲ့ညှာမပေးခဲ့ဘူး ။ ဝူလင်းနဲ့ရီပေါ်ကရုပ်ချင်းလဲမဆင်ဘူး။ဒါကပြသနာတခုမဟုတ်သေးဘူး။တကယ့်ပြသနာက ဝူလင်းကမိန်းကလေးဖြစ်နေပေမဲ့ ရုပ်ရည် အသားအရည်ကအစ သူ့အဖေကောဟန်လိုယောက်ျားလေးတယောက်နဲ့တူတယ်။

ရီပေါ်တို့မောင်နှမနှစ်ယောက်ကတယောက်နဲ့တယောက်အရမ်းချစ်ကြတယ်။တဖြည်းဖြည်းအရွယ်ရောက်လာနဲ့ပတ်ဝန်းကျင်က မောင်နှမနှစ်ယောက်ကိုကဲ့ရဲ့ကြတယ်။ရီပေါ်ကယောက်ျားလေးဆိုပေမဲ့ အသားအရည်ကမိန်းကလေးရှုံးအောင်လှတယ်။လှတယ်ဆိုတဲ့စကားလုံးကရီပေါ်အတွက်သီးသန့်ဖြစ်တည်နေသလိုမျိုးပဲ။

ဝူလင်းကျတော့ အသံအပြောအဆိုအနေအထိုင်အကုန်လုံးကယောက်ျားတယောက်လိုမျိုးပဲ။ကျောင်းသွားရင် ရီပေါ့်ကိုမိန်းမယောက်ျားအကုန်လိုက်ကြည့်ငေးတတ်ကြတယ်။အတန်းထဲမှာလဲယောက်ျားလေးချင်း ခဏခဏရည်းစားစာပေးခံရတိုင်း ဝူလင်းကပဲရီပေါ်ကိုကာကွယ်ပြောဆိုပေးခဲ့တယ်။

ဝူလင်းကရီပေါ်ကိုအရမ်းချစ်ပေမဲ့ မိန်းကလေးတယောက်ဖြစ်ပြီး ယောက်ျားခန္ဓာကိုယ်လိုဖြစ်နေတဲ့သူမကိုယ်ကိုတော့ အရမ်းစိတ်ပျက်နေလေ့ရှိတယ်။ဒါပေမဲ့ ဝူလင်းကသူ့ဘဝမှာ သူ့မောင်လေးရီပေါ်နဲ့အမေရှိရင် အဲ့မိန်းမဆန်တဲ့အလှအပတွေမလိုအပ်တော့ဘူးလို့တွေးခဲ့တယ် တစုံတယောက်ကိုမတွေ့ခင်အထိပေါ့....။

ဝူလင်းတို့အမေက နှလုံးရောဂါရှိတယ်။တနေ့ဝူလင်း သူမအမေကိုဆေးရုံသွားပြတဲ့နေ့မှာ ဂျူ တီကုတ်အဖြူ လေးဝတ်ထားပြီး လုပ်အားပေးနေတဲ့ဆေးကျောင်းသားပေါက်စနဲ့တွေ့ဆုံခဲ့တယ်။အပြုံးချိုချိုလေးနဲ့ ရယ်လိုက်ရင်ပေါ်လာတဲ့ယုန်သွားလေးနှစ်ချောင်းရယ်က သူမအတွက်ရင်ခုန်စေတဲ့အရာတွေပဲ။

ထိုလူက သူမကိုသတိမထားမိခဲ့ပေမဲ့ သူမကတော့စတင်ချစ်ခဲ့မိတယ်။ဝူလင်းက ဆရာဝန်ပေါက်စရဲ့ လည်ပင်းမှာဆွဲထားတဲ့ကျောင်းသားကဒ်ကနာမည်လေးကိုမှတ်ထားလိုက်တယ်။ရှောင်ကျန့်...။

ဝူလင်းကဆရာဝန်ပေါက်စရဲ့ကျောင်းကိုစုံစမ်းပြီးတော့ နေ့တိုင်း နှင်းဆီပန်းအဖြူ လေးတပွင့်လက်ဆောင်ပေးတယ်။သူမပေးတဲ့ပန်းလေးတွေကိုနေ့တိုင်းချိုချိုသာသာပြုံးပြပြီးလက်ခံပေးတဲ့ရှောင်ကျန့်ကြောင့် ရှောင်ကျန့်အပေါ်သူမရဲ့မျှော်လင့်ချက်တွေကပိုတိုးလာခဲ့တယ်။သူမပေးသမျှနှင်းဆီပန်းလေးတွေအမှိုက်ပုံးထဲရောက်နေရတာကိုတော့ သူမမသိခဲ့ရှာဘူးပေါ့။

အဲ့လိုနဲ့တလပြည့်လာတော့ ဝူလင်းကရှောင်ကျန့်ကိုမိုးပြာရောင်ပုဝါလေးတခုလက်ဆောင်ပေးရင်း ရင်ထဲကအချစ်တွေကိုဖွင့်ပြောခဲ့တယ်။သို့ပေမဲ့ ရှောင်ကျန့်ရဲ့အဖြေကသူမဘဝကိုစိတ်အားငယ်မှု အလိုမကျမှုတွေကိုပေးခဲ့တယ်။

"ကိုယ် မင်းကိုမချစ်ဘူး....ကိုယ်ကယောက်ျားလေးချင်းသဘောမကျဘူး...."

ပထမဆုံးချစ်မိတဲ့အချစ်မှာအငြင်းခံရရုံတင်မဟုတ်ပဲ ခံစားချက်မှန်သမျှကလျစ်လျူရှုခံခဲ့ရတဲ့ဝူလင်း...။ငယ်ငယ်တည်းကမိန်းကလေးသူငယ်ချင်းတွေကြားမှာ အခြောက်မ ဘဲကွဲမဆိုတဲ့အခေါ်အဝေါ်ကြီးနဲ့ဝေဖန်ခံခဲ့ရတဲ့နာကျင်မှုတွေက သူမကိုဆုံးဖြတ်ချက်မှားစေခဲ့တယ်။သူမဘဝကိုပထမဆုံးအနေနဲ့စိတ်ဓာတ်ကျအားငယ်စေခဲ့တယ်။

ဝူလင်း သူမဘေးမှာထိုင်ရင်းစာလုပ်နေတဲ့ ရီပေါ်ကိုကြည့်မိတယ်။ မျက်နှာအစိတ်အပိုင်းတခုချင်းစီကမိန်းကလေးတွေယှဉ်လို့မရအောင်လှပလွန်းတယ်။အသားအရည်ဆိုတာလဲ အမွှေးအမျှင်တောင်မရှိဘဲနုဖတ်နေတဲ့မောင်ဖြစ်သူကိုကြည့်ပြီး စိတ်အလိုမကျသိမ်ငယ်မှုတွေဖြစ်လာတယ်။

"ဝမ်လေး....ငါနင့်ကိုအရမ်းမုန်းတာပဲ..ငါ့ဘဝကိုလဲမုန်းတယ်..ဟိုလူ့ကိုလည်းမုန်းတယ်..."

ဝူလင်းကနာကျင်စွာပြောရင်း ရုတ်တရက်အခန်းထဲပြေးဝင်ပြီးတံခါးပိတ်လိုက်တယ်။သူမအခုချိန်မှာ သိတာက သူမပျောက်ကွယ်သွားချင်တယ်။ပေးခဲ့တဲ့အချစ်တွေကများသလောက် မြူတမှုန်စာလောက်တောင်အရေးစိုက်မခံခဲ့ရဘူး။နာကျင်စွာငိုနေရင်း ပန်ကာမှာကြိုးတချောင်းကိုချည်ပြီး သူမရဲ့ကျိန်စာသင့်ခံနေရတဲ့ခန္ဓာကိုယ်ကြီးကို အဆုံးသတ်ခဲ့တယ်။

ပြတင်းပေါက်မှန်ကနေ အော်ဟစ်ထုရိုက်ပြီး ငိုယိုတောင်းပန်နေခဲ့တဲ့ ရီပေါ်ရဲ့အသံတွေကိုလျစ်လျူရှုပြီးတော့။

အပြင်သွားရာကနေပြန်လာတဲ့ ယွီဝေဟာ သမီးဖြစ်သူရဲ့အဖြစ်ဆိုးကိုမြင်ပြီးတော့ နှလုံးရှော့ခ်ရပြီး ရီပေါ်လက်ထဲမှာတင်အသက်ဆုံးသွားခဲ့သည်။ သူများအပေါ်သနားတတ်တဲ့ရီပေါ်ရဲ့ဖြူစင်တဲ့နှလုံးသားလေးထဲ မုန်းတီးမှုတွေကအတိုင်းမသိဝင်ရောက်သွားတယ်။သူသိတာက တခုတည်းပဲ ဝူလင်းကျဲနာကျင်ခဲ့ရသလိုမျိုး အဲ့လူကိုလဲနာကျင်စေချင်တယ်။

အမေရော မမရောတပြိုင်နက်တည်းဆုံးရှုံးလိုက်ရတဲ့ရီပေါ်က ရှောင်ကျန့်ကိုအမုန်းကြီးမုန်းခဲ့တယ်။သူ့မှာ အမှားအမှန်ဝေဖန်ပိုင်းခြားလိုစိတ်မရှိခဲ့ဘူး။ဝူလင်း ခံစားခဲ့ရသလိုမျိုး ရှောင်ကျန့်ကိုခံစားစေချင်တယ်။

ပြီးတော့ ရီပေါ့်မှာစိတ်ဒဏ်ရာတခုရှိတယ်။ ငယ်ငယ်တည်းက ပတ်ဝန်းကျင်ရဲ့ရှုံ့ချမှုကြားထဲမှာ ခေါင်းမဖော်နိုင်အောင် ပြောဆိုဆက်ဆံခံခဲ့ရတဲ့ ရီပေါ်က သူ့ကိုအားနွဲ့သူတယောက်လို ဆက်ဆံတာလုံးဝမကြိုက်ဘူး...။

စာအရမ်းထူးချွန်တဲ့ရီပေါ်က ဆရာဝန်သိပ်ဖြစ်ချင်ပေမဲ့.... ခက်ခဲပင်ပန်းတဲ့အားကစားမေဂျာကိုရွေးချယ်ခဲ့တယ်...။19နှစ်အရွယ်ငယ်ရွယ်မှုတွေအကုန်လုံးကို ကြမ်းတမ်းမှုတွေထဲနစ်မွန်းအောင်အမြဲပြုလုပ်ခဲ့တယ်...။

ရှောင်ကျန့် ဆိုဖာပေါ်ကရီပေါ်ကိုကြည့်ရင်း စိတ်ထဲကနေအကြိမ်ကြိမ်တောင်းပန်နေမိသည်။ကျနော့်ရဲ့သူတပါးခံစားချက်တွေကိုဂရုမစိုက်တဲ့အပြုအမူတွေက မိန်းကလေးတယောက်ရဲ့အသက်ကိုသေစေခဲ့တယ်...။ရီပေါ်ရဲ့ချစ်ရတဲ့သူနှစ်ယောက်လုံးကိုဆုံးရှုံးစေခဲ့တယ်...။အရာရာတိုင်းအတွက် ကိုယ်တောင်းပန်ပါတယ် ရီပေါ်....။

ရှောင်ကျန့် chinaကိုပြန်ရောက်တာ တပတ်ကျော်နေပြီဖြစ်သော်လည်း...ဘယ်သူ့ကိုမှအသိမပေးပဲ...ရီပေါ်ကိုသာအရိပ်တကြည့်ကြည့်လိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။မူမမှန်တဲ့ ရီပေါ်ကျန်းမာရေး အလေ့အထတွေကြောင့် စိတ်ထဲသင်္ကာမကင်းဖြစ်မိသော်လည်း...ရီပေါ်ကယောက်ျားလေးတယောက်ဆိုတဲ့အသိကတားဆီးခဲ့သည်...။

ကြမ်းပြင်ပေါ်ကဆီးစစ်တံလေးကို ကောက်ကြည့်ရင်း ရှောင်ကျန့်သံသယတွေကမှန်ကန်နေကြောင်းသိသွားရသည်...။ပုံမှန်ဆို....ယောက်ျားလေးကိုယ်ဝန်ဆောင်တာ မဖြစ်နိုင်ပေမဲ့....ရီပေါ့်မှာကအမွှာအစ်မရှိနေတဲ့အတွက်အခုလိုထူးဆန်းမှုဖြစ်ပေါ်လာခြင်းဖြစ်သည်...။အယောက်တသန်းမှာတယောက်တောင်ဖြစ်ခဲတဲ့ကိစ္စမျိုးပေါ့...။

Koreaမှာနေတဲ့တလျှောက်လုံး...ရီပေါ်ကိုမေ့နိုင်အောင်ကြိုးစားခဲ့ပေမဲ့...မေ့ဖို့ကြိုးစားလေ....နှလုံးသားထဲနက်နက်ရှိုင်းရှိုင်းလွမ်းဆွေးမိလေပဲ....။ဘယ်အချိန်တည်းက အဲ့လောက်ထိချစ်မိသွားခဲ့မှန်းမသိပါဘူး...ကောင်လေးရာ.....။ အခု...ကျနော်ချစ်ရသူမှာ....ကျနော့်သွေးသားရှိနေပြီ...။ကျနော့်ကြည်နူးပျော်ရွှင်မှုကအတိုင်းအဆမသိအောင်ပဲ....။

ရှောင်ကျန့်ခဏတာဝမ်းသာမိသွားပေမဲ့....ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့လုပ်နေတဲ့ ရီပေါ်ကိုပြန်မြင်ယောင်မိသောအခါ...ကြည်နူးမှုလေးတွေက...ပြန်လည်မှေးမှိန်သွားတော့သည်...။

ရီပေါ်ကကျနော့်ကိုမုန်းနေတာပဲ....သူကျနော့်သွေးသားကိုဘယ်လိုချင်ပါ့မလဲ...။သူအရမ်းမုန်းတဲ့အားနွဲ့တဲ့ဘဝမျိုးကိုဖန်တီးခဲ့တဲ့ကျနော့်ကို အရင်ကထက်ပိုမုန်းနေမှာပေါ့....။

ဒါပေမဲ့...မင်းစိတ်ချပါ......ရီပေါ်....ကိုယ့်ကိုမင်းလက်ခံလာအောင်...ကိုယ်အတတ်နိုင်ဆုံးကြိုးစားမယ်....။မင်းရှေ့မှာမားမားရပ်ပြီး....အပြစ်တင်ဝေဖန်မှုတွေများတဲ့လောကကြီးရန်ကနေကာကွယ်ပေးမှာမို့....ကိုယ့်ကိုလက်ခံပေးပါ...ကိုယ့်ကိုအကောင်းဆုံးကြိုးစားခွင့်ပေးပါ... ရီပေါ်...။

ရှောင်ကျန့်ကိုင်ထားတဲ့လက်ကောက်ဝတ်လေးကတော့....ပင်မသွေးကြောကြီးအပြင်....သေးငယ်လှတဲ့သွေးကြောမျှင်ပိစိလေးက တလှုပ်လှုပ်ခုန်လျက်.....။

Continue Reading

You'll Also Like

72.6K 5.3K 34
ဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ပေါင်းစည်းခြင်းတံတားပေါ်မှာမောင်မရှိသေးဘူးလေ မောင်နဲ့အတူသွားဖို့နိုးလာ...
196K 13.8K 43
YiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖို့လုပ်ထားပါတယ် အားလုံးပဲအားပေးကြပါအုံးန...
5.5K 603 8
You are the most precious thing from God. I wish you could be here in my arms. Merry Christmas Babe! KimZhangEXOL x ChocoBubbleSYH #25122020
292K 21.7K 38
Started date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွ...