My Ex Is My Husband [ Complet...

De _AgathaChan

985K 76.4K 2.7K

တစ္ခ်ိန္က အခ်ိဴးမေျပလို႔ လမ္းခြဲခဲ့တဲ့ ကိုယ့္ Ex အစုတ္ပလုတ္ေလးဟာလည္း ကိုယ့္ေယာက္်ားျဖစ္လာႏိုင္ပါတယ္ ။ တစ်ချိန... Mai multe

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
FINAL
Extra- New year
Attention Please
📣 Announcement 📣
Book Order !!!!!

Chapter (8)

40.1K 3.5K 135
De _AgathaChan

ေ႐ွာင္းက်န္႔ မ်က္ႏွာဟာ ေနပူမိတဲ့ ဖရံုသီးပုပ္လို စူပုပ္ေနေလသည္ ။

ဘာလို႔လဲ လာမေမးပါနဲ႔!! ေဘးနားမွာ ႐ုပ္တည္ႀကီးနဲ႔
ထို္င္ေနတဲ့ လင္ေတာ္ေမာင္ႀကီးေၾကာင့္ပါပဲ! ။

ေအာက္ဆီဂ်င္ mask တပ္ရလု နီးနီး အနမ္းခံရၿပီးေနာက္မွာ
ရလာတဲ့ ခြင့္ျပဳခ်က္ကေတာ့ သူပါမွ သြားရမယ္ ဆိုတာပဲ !

အဲ့ေတာ့ ေ႐ွာင္းက်န္႔ ေလးခင္ဗ်ာ ျငင္းျပန္ရင္လည္း အနမ္းခံရတာ အလကားျဖစ္သြားမယ္ ။ ဒီေတာ့ မေခၚခ်င္ေခၚခ်င္နဲ႔ ေခၚလာရတာပဲ ။

ရိေပၚ သူ႔ေဘးမွာ စူပုပ္ပုပ္နဲ႔ ထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ ကို ၾကည့္ၿပီးျပံဳးလိုက္မိသည္ ။

သူ႔ကို မေက်မနပ္ျဖစ္ေနတာ သူသိသားပဲ ။

ကိုယ့္ေယာက္်ားကို တျခားေယာက္်ားေတြနဲ႔ စိတ္ခ်လက္ခ် လႊတ္ေပးလိုက္ရေအာင္ ရိေပၚသည္ အ႐ူးမဟုတ္! ။

ဟိုက်ိဴးခ်န္ ကို ပိုစိတ္မခ်ဘူး!! ။ သူမ်ားေယာက္်ားကို အတတ္ေကာင္းေတြ သင္ခ်င္သင္ေပးေနမွာ ။ ကိုယ့္ေယာက္်ားက ယုန္ျဖဴေလး လို ျဖဴစင္ပါဘိနဲ႔..။

ေ႐ွာင္းက်န္႔ တို႔ရဲ႕ ဘတ္စ္ကားေလး ကမ္းေျခကိုေရာက္လာခဲ့သည္ ။ ဟိုတယ္အခန္းေတြကေတာ့ ရိေပၚ ႀကိဳတင္စီစဥ္ေပးၿပီးသား ျဖစ္သလို အခန္းခလဲ ရိေပၚ ပဲႀကိဳ႐ွင္းထားတာျဖစ္သည္ ။

အကုန္အဆင္သင့္ျပင္ေပးထားတဲ့ ရိေပၚ ကို ၾကည့္ၿပီး ေ႐ွာင္းက်န္႔ ဂုဏ္ဆာသြားသည္ ။

အိုကြယ္...ငါ့ေယာက္်ားေလးက ဟက္စဘန္းမက္တီးရီးရဲႀကီး (husband material) ။
႐ုပ္ကလည္းေခ်ာ ၊ ပုိက္ဆံကလည္း႐ွိ ၊ ကုိယ္ကလြဲ တစ္ေလာကလံုး ကို မ်က္လံုးေလးေတာင္ ေစြမၾကည့္ေတာ့ ေရွာင္းက်န့္ေလး အရမ္းကို မာန္တက္ေနပါၿပီေနာ္ ။

ဒီလုိနဲ႔ က်ိဴးခ်န္က တစ္ခန္း ၊ ဟိုင္ခြမ္းေကာ က တစ္ခန္း ၊ က်ိရန္ နဲ႔ ေဟာက္ရႊမ္း တို႔က တစ္ခန္းစီ အသီးသီးရခဲ့ၾကသည္ ။

.............

ရိေပၚ နဲ႔ ေ႐ွာင္းက်န္႔ ညေနပိုင္း ကမ္းေျခကို လမ္းေလ်ွာက္ထြက္လာစဥ္....

"ေဟး!! ေဘဘီ "

"အယ္...မ!"

ေ႐ွာင္းက်န္႔ အံၾသသြားေပမယ့္ အျမန္ျပန္ထိန္းလိုက္ၿပီး ႏႈတ္ဆက္လိုက္သည္ ။

ေဘးနားမွာ ကိုယ့္လင္က ကန္႔လန္႔ ၊ ကန္႔လန္႔ နဲ႔ ပါေနတယ္မလား ။

"ေဘဘီ နဲ႔ မ မေတြ႔ျဖစ္တာေတာင္ၾကာၿပီ"

"အဟင္း!..ဟုတ္တယ္ေနာ္"

"ဒါနဲ႔ သူက.."

"ကြၽန္ေတာ္ က သူ႔ေယာက္်ား"

ေကာင္မေလး က ရိေပၚ ကို လက္ညိွဳးထိုးၿပီး ေမးလာတာေၾကာင့္ ေ႐ွာင္းက်န္႔ ေျဖမလို႔ၾကံေသး ရိေပၚ က ဝင္ေျဖလိုက္သည္ ။

"အို႔..ေဘဘီ က မထင္ရဘူး ။ ဘိုင့္"

ေ႐ွာင္းက်န္႔ သူ႔ကိုႏႈတ္ဆက္သြားတဲ့ ေကာင္မေလး ကို လုိက္ၾကည့္ေနမိသည္ ။

ငါနဲ႔တြဲတုန္းကထက္ ပိုကိတ္လာတာ ။ ႏွေျမာစရာႀကီး!! ။

ေ႐ွာင္းက်န္႔ က ထြက္သြားတဲ့ မိန္းမကို လိုက္ၾကည့္ေနတာေၾကာင့္ ရိေပၚ စိတ္တိုလာသည္ ။

"မ်က္လံုးႀကီး အဲ့မိန္းမ ဖင္မွာကပ္ပါသြားဦးမယ္!"

ေျပာၿပီးတာနဲ႔ ရိေပၚ ေ႐ွာင္းက်န္႔ ေဘးကေနထြက္သြားေတာ့သည္ ။

ဘာလဲ ! စိတ္ဆိုးသြားတာလား ? ။

ေ႐ွာင္းက်န္႔ ရိေပၚ ေနာက္ေျပးလိုက္ၿပီး...

"ေမာင္ စိတ္ဆိုးသြားတာလား "

"မဆိုးပါဘူး "

"စိတ္ဆိုးေနတဲ့႐ုပ္ႀကီးပါ"

ရိေပၚ သက္ျပင္းခ်လုိက္သည္ ။ ၿပီးေနာက္ ေ႐ွာင္းက်န္႔ ပခံုးကုိလက္ႏွစ္ဖက္ဆုပ္ကိုင္ကာ ေ႐ွာင္းက်န္႔ မ်က္လံုးေတြ ကုိ ရိေပၚ ေသခ်ာစိုက္ၾကည့္လိုက္သည္ ။

"ကြၽန္ေတာ္ ကိုကို႔ ကုိ ခ်စ္တယ္ ။ ကိုကို မူးေနတဲ့ညက ကြၽန္ေတာ္ ေျပာၿပီးသား ျဖစ္ေပမယ့္ ထပ္ေျပာမယ္ ကြၽန္ေတာ္ ကိုကို႔ ကို ခ်စ္တယ္ ။ အရင္တုန္းကလို မာနေတြမပါဘူး ။ ကိုကို႔ ကို ကြၽန္ေတာ္ ထပ္ၿပီးဆံုးရံႈးရမွာကိုလည္း ေၾကာက္တယ္ ။ တျခားမိန္းမ မေျပာနဲ႔ လမ္းမွာျဖတ္သြားတဲ့ ေခြးကိုေတာင္ ကိုကို ၾကည့္မွာ ကြၽန္ေတာ္ မၾကဳိက္ဘူး"

"မင္း..ငါ့ကို ရည္းစားစကားေျပာေနတာလား "

"ဟုတ္တယ္ ။ သံုးစကၠန္႔ စဥ္းစားခ်ိန္ေပးမယ္ ။ အေျဖေပး! ၊ မခ်စ္ဘူး ေျပာရင္ ဖက္နမ္းပစ္မယ္"

ေသာက္က်ိဴးနည္း စဥ္းစားဖို႔ အခ်ိန္ႀကီး!!! ။ မင္းငါ့ကို ခ်စ္ခြင့္ပန္ေနတာလား ၊ ဓားျပလာတုိက္ေနတာလား ဟမ္!!!

"1..,2..,3...၊ မေျဖဘူးလား! "

ရိေပၚ က မ်က္ႏွာအနားကို တျဖည္းျဖည္း တိုးကပ္လာတာေၾကာင့္...

"ခ်စ္တယ္!! "

"တကယ္လား."

"အင္း"

"မြ"

ရိေပၚ ၊ ေ႐ွာင္းက်န္႔ ေမးဖ်ားကေန ဆြဲေမာ့ၿပီး ေ႐ွာင္းက်န္႔ ႏႈတ္ခမ္းေလး ကို ဆြဲမြလိုက္သည္ ။

"အေျဖမေပးမွ နမ္းမွာဆို!"

"အေျဖေပးလို႔ ဆုခ်တာ"

ေျပာခ်င္တဲ့ သေဘာကေတာ့ အေျဖေပးေပး ၊ မေပးေပး နမ္းမွာပဲ ။ ကိုကို သိဘို႔!!

ေ႐ွာင္းက်န္႔ ျပံဳးၿပီး ရိေပၚ ရင္ခြင္ထဲ တိုးဝင္လိုက္သည္ ။ ရိေပၚ ကလည္း ေ႐ွာင္းက်န္႔ ကိုယ္လံုးေလးကို အလိုက္သင့္ျပန္ဖက္ထားလိုက္သည္ ။

"ခ်စ္တယ္ ကိုကို "

"အင္း ငါေရာပဲ ။ ငါဘယ္ေလာက္ဆိုးဆိုး သည္းခံေပးပါ ေမာင္"

"စိတ္ခ် ၊ လာ! သြားအိပ္ၾကမယ္ "

"အေစာႀကီး ႐ွိေသးတယ္ "

"ေစာလည္း ၊ ဟိုဟာလုပ္ ၊ ဒီဟာလုပ္ နဲ႔ အိပ္ေပ်ာ္သြားလိမ့္မယ္"

ေ႐ွာင္းက်န္႔ မ်က္ႏွာေရာ ၊ နားရြက္ေတြပါ ရဲတက္လာၿပီး...

"ဘယ္..ဘယ္ဟာလုပ္မွာလဲ "

"ဘာေတြေတြးေနတာလဲ! ။ ပစၥည္းေတြေနရာ ခ်ရမယ္ေလ ။ အျမဲတမ္းလမိုက္ညလို အေတြးေတြက ေမွာင္မိုက္ေနတာပဲ!"

"ဝမ္ရိေပၚ!!!"

ေ႐ွာင္းက်န္႔ က ရိေပၚ နာမည္ကို ေအာ္ေခၚရင္း လိုက္႐ိုက္ေတာ့ ရိေပၚ က တဟားဟား ရယ္ရင္း ပတ္ေျပးေနေလသည္ ။

ျပာလဲ့ေနတဲ့ ပင္လယ္ကမ္းေျခႀကီးမွာေတာ့ ေကာင္ေလးႏွစ္ေယာက္ရဲ႕ ရယ္သံမ်ား လႊမ္းျခံဳလ်က္...။

__________________

[ UNICODE ]

ရှောင်းကျန့် မျက်နှာဟာ နေပူမိတဲ့ ဖရုံသီးပုပ်လို စူပုပ်နေလေသည် ။

ဘာလို့လဲ လာမမေးပါနဲ့!! ဘေးနားမှာ ရုပ်တည်ကြီးနဲ့
ထို်င်နေတဲ့ လင်တော်မောင်ကြီးကြောင့်ပါပဲ! ။

အောက်ဆီဂျင် mask တပ်ရလု နီးနီး အနမ်းခံရပြီးနောက်မှာ
ရလာတဲ့ ခွင့်ပြုချက်ကတော့ သူပါမှ သွားရမယ် ဆိုတာပဲ !

အဲ့တော့ ရှောင်းကျန့် လေးခင်ဗျာ ငြင်းပြန်ရင်လည်း အနမ်းခံရတာ အလကားဖြစ်သွားမယ် ။ ဒီတော့ မခေါ်ချင်ခေါ်ချင်နဲ့ ခေါ်လာရတာပဲ ။

ရိပေါ် သူ့ဘေးမှာ စူပုပ်ပုပ်နဲ့ ထိုင်နေတဲ့ ရှောင်းကျန့် ကို ကြည့်ပြီးပြုံးလိုက်မိသည် ။

သူ့ကို မကျေမနပ်ဖြစ်နေတာ သူသိသားပဲ ။

ကိုယ့်ယောက်ျားကို တခြားယောက်ျားတွေနဲ့ စိတ်ချလက်ချ လွှတ်ပေးလိုက်ရအောင် ရိပေါ်သည် အရူးမဟုတ်! ။

ဟိုကျိူးချန် ကို ပိုစိတ်မချဘူး!! ။ သူများယောက်ျားကို အတတ်ကောင်းတွေ သင်ချင်သင်ပေးနေမှာ ။ ကိုယ့်ယောက်ျားက ယုန်ဖြူလေး လို ဖြူစင်ပါဘိနဲ့..။

ရှောင်းကျန့် တို့ရဲ့ ဘတ်စ်ကားလေး ကမ်းခြေကိုရောက်လာခဲ့သည် ။ ဟိုတယ်အခန်းတွေကတော့ ရိပေါ် ကြိုတင်စီစဉ်ပေးပြီးသား ဖြစ်သလို အခန်းခလဲ ရိပေါ် ပဲကြိုရှင်းထားတာဖြစ်သည် ။

အကုန်အဆင်သင့်ပြင်ပေးထားတဲ့ ရိပေါ် ကို ကြည့်ပြီး ရှောင်းကျန့် ဂုဏ်ဆာသွားသည် ။

အိုကွယ်...ငါ့ယောက်ျားလေးက ဟက်စဘန်းမက်တီးရီးရဲကြီး (husband material) ။
ရုပ်ကလည်းချော ၊ ပိုက်ဆံကလည်းရှိ ၊ ကိုယ်ကလွဲ တစ်လောကလုံး ကို မျက်လုံးလေးတောင် စွေမကြည့်တော့ ရှောင်းကျန့်လေး အရမ်းကို မာန်တက်နေပါပြီနော် ။

ဒီလိုနဲ့ ကျိူးချန်က တစ်ခန်း ၊ ဟိုင်ခွမ်းကော က တစ်ခန်း ၊ ကျိရန် နဲ့ ဟောက်ရွှမ်း တို့က တစ်ခန်းစီ အသီးသီးရခဲ့ကြသည် ။

.............

ရိပေါ် နဲ့ ရှောင်းကျန့် ညနေပိုင်း ကမ်းခြေကို လမ်းလျှောက်ထွက်လာစဉ်....

"ဟေး!! ဘေဘီ "

"အယ်...မ!"

ရှောင်းကျန့် အံသြသွားပေမယ့် အမြန်ပြန်ထိန်းလိုက်ပြီး နှုတ်ဆက်လိုက်သည် ။

ဘေးနားမှာ ကိုယ့်လင်က ကန့်လန့် ၊ ကန့်လန့် နဲ့ ပါနေတယ်မလား ။

"ဘေဘီ နဲ့ မ မတွေ့ဖြစ်တာတောင်ကြာပြီ"

"အဟင်း!..ဟုတ်တယ်နော်"

"ဒါနဲ့ သူက.."

"ကျွန်တော် က သူ့ယောက်ျား"

ကောင်မလေး က ရိပေါ် ကို လက်ညှိုးထိုးပြီး မေးလာတာကြောင့် ရှောင်းကျန့် ဖြေမလို့ကြံသေး ရိပေါ် က ဝင်ဖြေလိုက်သည် ။

"အို့..ဘေဘီ က မထင်ရဘူး ။ ဘိုင့်"

ရှောင်းကျန့် သူ့ကိုနှုတ်ဆက်သွားတဲ့ ကောင်မလေး ကို လိုက်ကြည့်နေမိသည် ။

ငါနဲ့တွဲတုန်းကထက် ပိုကိတ်လာတာ ။ နှမြောစရာကြီး!! ။

ရှောင်းကျန့် က ထွက်သွားတဲ့ မိန်းမကို လိုက်ကြည့်နေတာကြောင့် ရိပေါ် စိတ်တိုလာသည် ။

"မျက်လုံးကြီး အဲ့မိန်းမ ဖင်မှာကပ်ပါသွားဦးမယ်!"

ပြောပြီးတာနဲ့ ရိပေါ် ရှောင်းကျန့် ဘေးကနေထွက်သွားတော့သည် ။

ဘာလဲ ! စိတ်ဆိုးသွားတာလား ? ။

ရှောင်းကျန့် ရိပေါ် နောက်ပြေးလိုက်ပြီး...

"မောင် စိတ်ဆိုးသွားတာလား "

"မဆိုးပါဘူး "

"စိတ်ဆိုးနေတဲ့ရုပ်ကြီးပါ"

ရိပေါ် သက်ပြင်းချလိုက်သည် ။ ပြီးနောက် ရှောင်းကျန့် ပခုံးကိုလက်နှစ်ဖက်ဆုပ်ကိုင်ကာ ရှောင်းကျန့် မျက်လုံးတွေ ကို ရိပေါ် သေချာစိုက်ကြည့်လိုက်သည် ။

"ကျွန်တော် ကိုကို့ ကို ချစ်တယ် ။ ကိုကို မူးနေတဲ့ညက ကျွန်တော် ပြောပြီးသား ဖြစ်ပေမယ့် ထပ်ပြောမယ် ကျွန်တော် ကိုကို့ ကို ချစ်တယ် ။ အရင်တုန်းကလို မာနတွေမပါဘူး ။ ကိုကို့ ကို ကျွန်တော် ထပ်ပြီးဆုံးရံှုးရမှာကိုလည်း ကြောက်တယ် ။ တခြားမိန်းမ မပြောနဲ့ လမ်းမှာဖြတ်သွားတဲ့ ခွေးကိုတောင် ကိုကို ကြည့်မှာ ကျွန်တော် မကြိုက်ဘူး"

"မင်း..ငါ့ကို ရည်းစားစကားပြောနေတာလား "

"ဟုတ်တယ် ။ သုံးစက္ကန့် စဉ်းစားချိန်ပေးမယ် ။ အဖြေပေး! ၊ မချစ်ဘူး ပြောရင် ဖက်နမ်းပစ်မယ်"

သောက်ကျိူးနည်း စဉ်းစားဖို့ အချိန်ကြီး!!! ။ မင်းငါ့ကို ချစ်ခွင့်ပန်နေတာလား ၊ ဓားပြလာတိုက်နေတာလား ဟမ်!!!

"1..,2..,3...၊ မဖြေဘူးလား! "

ရိပေါ် က မျက်နှာအနားကို တဖြည်းဖြည်း တိုးကပ်လာတာကြောင့်...

"ချစ်တယ်!! "

"တကယ်လား."

"အင်း"

"မွ"

ရိပေါ် ၊ ရှောင်းကျန့် မေးဖျားကနေ ဆွဲမော့ပြီး ရှောင်းကျန့် နှုတ်ခမ်းလေး ကို ဆွဲမွလိုက်သည် ။

"အဖြေမပေးမှ နမ်းမှာဆို!"

"အဖြေပေးလို့ ဆုချတာ"

ပြောချင်တဲ့ သဘောကတော့ အဖြေပေးပေး ၊ မပေးပေး နမ်းမှာပဲ ။ ကိုကို သိဘို့!!

ရှောင်းကျန့် ပြုံးပြီး ရိပေါ် ရင်ခွင်ထဲ တိုးဝင်လိုက်သည် ။ ရိပေါ် ကလည်း ရှောင်းကျန့် ကိုယ်လုံးလေးကို အလိုက်သင့်ပြန်ဖက်ထားလိုက်သည် ။

"ချစ်တယ် ကိုကို "

"အင်း ငါရောပဲ ။ ငါဘယ်လောက်ဆိုးဆိုး သည်းခံပေးပါ မောင်"

"စိတ်ချ ၊ လာ! သွားအိပ်ကြမယ် "

"အစောကြီး ရှိသေးတယ် "

"စောလည်း ၊ ဟိုဟာလုပ် ၊ ဒီဟာလုပ် နဲ့ အိပ်ပျော်သွားလိမ့်မယ်"

ရှောင်းကျန့် မျက်နှာရော ၊ နားရွက်တွေပါ ရဲတက်လာပြီး...

"ဘယ်..ဘယ်ဟာလုပ်မှာလဲ "

"ဘာတွေတွေးနေတာလဲ! ။ ပစ္စည်းတွေနေရာ ချရမယ်လေ ။ အမြဲတမ်းလမိုက်ညလို အတွေးတွေက မှောင်မိုက်နေတာပဲ!"

"ဝမ်ရိပေါ်!!!"

ရှောင်းကျန့် က ရိပေါ် နာမည်ကို အော်ခေါ်ရင်း လိုက်ရိုက်တော့ ရိပေါ် က တဟားဟား ရယ်ရင်း ပတ်ပြေးနေလေသည် ။

ပြာလဲ့နေတဲ့ ပင်လယ်ကမ်းခြေကြီးမှာတော့ ကောင်လေးနှစ်ယောက်ရဲ့ ရယ်သံများ လွှမ်းခြုံလျက်...။

__________________

Continuă lectura

O să-ți placă și

232K 13.9K 75
မုန်းခဲ့ဖူးသည်...။ အမုန်းတွေ၊အငြိုးတွေပြည့်နေတဲ့ နှလုံးသားဟာ မုန်းဖို့နဲ့နာကျင်အောင်လုပ်ဖို့သာ အမြဲတွေးနေခဲ့ဖူးသည်....။ ကလဲ့စားချေချင်စိတ်တွေဖုံးနေခဲ...
71.7K 4.4K 41
ငါ့ အ​ေဖက မင္​း​ေၾကာင္​့ ​ေသခဲ့ရလို႔ မုန္​း​ေပမဲ့ ငါ့ႏွလံုးသားက မင္​းကို ခ်စ္​တယ္​ xiao luhan ငါ့ သား​ေလးကို ​ေမြး​ေပးခဲ့တဲ့ မင္​းကို အရမ္​းခ်စ္​တယ္...
4.3K 226 14
Yizhan Fanfiction ပထမ ဆုံး ရေးတဲ့ Fanfic လေးပါ အတတ်နိုင်ဆုံးကြိုးစားပီး ထားပါတယ် ဖတ်ပီးတော့အရေးအသားတွေ စိတ်ကြိုက်ဝေဖန်ပေးကြပါဦးရှင့် 💕 Complete ဖြစ...
176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."