"ကိုကို !! ၊ အခုဘယ္မွာလဲ !!!!"
"........."
"ေတာက္ !!"
ရိေပၚ ခ်က္ခ်င္းဖုန္းခ်ၿပီး ေ႐ွာင္းက်န္႔ ႐ွိတဲ့ ကလပ္ဆီကို ကားနဲ႔လာခဲ့သည္ ။
အလုပ္ကျပန္လာေတာ့ အိမ္မွာမ႐ွိ ၊ ေျခေထာက္က ဒဏ္ရာနဲ႔မို႔
ဘယ္မွမသြားပါနဲ႔ လု႔ိ ေသေသခ်ာခ်ာမွာထားခဲ့တာကုိ အခုထိ
ေျပာမရ ဆိုမရနဲ႔ ကေလးဆိုးႀကီး လို လုပ္ေနတုန္း ! ။
ေရာင္စံုမီးေတြ ၾကား ကေနၾကတဲ့ လူေတြကို ရိေပၚ စိတ္ညစ္ညစ္နဲ႔ ေက်ာ္ျဖတ္ၿပီး ေ႐ွာင္းက်န္႔ ႐ွိတဲ့ ဝိုင္းဆီေလ်ွာက္လာခဲ့သည္ ။
အမူးသမားေလးက ခံုေပၚမွာေမွာက္ေနၿပီ ။
ရိေပၚ က ေ႐ွာင္းက်န္႔ ကို ေပြ႔ခ်ီကာ ခံုတြင္ထို္င္ေနဆဲျဖစ္သည့္ က်ိဴးခ်န္ ကုိ ဘုၾကည့္ၾကည့္လိုက္သည္ ။
တကယ္ပဲ သူမ်ားေယာက္်ားကို ဖ်က္ဆီးေနတာ ! ။
ေ႐ွာင္းက်န္႔ မ်က္လံုးမပြင့္တပြင့္နဲ႔...
"ရိ..ေပၚ..လား"
"အင္း"
..........
"ဝမ္ရိေပၚ !! ဝမ္ရိေပၚ အေခ်ေကာင္ ထြက္ခဲ့စမ္း!"
ရိေပၚ suit လဲေနတာကို ေ႐ွာင္းက်န္႔ က ကုတင္ေပၚမွာ ထိုင္ၿပီး ေအာ္ေနျခင္းပင္ ။
ရိေပၚ ေ႐ွာင္းက်န္႔ ရဲ႕ အက်ႌၾကယ္သီးေတြကို ျဖဳတ္လိုက္ေပမယ့္ ပုတ္ထုတ္ခံလိုက္ရသည္ ။
"ငါ့ကို မေကာင္းၾကံမလို႔လား! ၊ ဟမ္!! လူယုတ္မာေကာင္"
ရိေပၚ စိတ္မ႐ွည္ေတာ့...။
"က်စ္!! ၊ ၿငိမ္ၿငိမ္ေနပါဗ် ။ အက်ႌလဲေပးမလို႔"
"မင္း ငါ့ကို မေကာင္းၾကံမလို႔လုပ္ေနတာ ငါသိတယ္ "
"တကယ္လုပ္လုိက္ရ!! "
ဟူး..ရိေပၚ စိတ္ထိန္း ၊ စိတ္ထိန္း ။
"လႊတ္လို႔ဆိုေန !! ၊ မားမားေရ !!!"
"ဟာ!! မလဲေပးေတာ့ဘူး ။ အဲ့အတိုင္းေနေတာ့ အိပ္ၿပီ"
ရိေပၚ စိတ္တိုတိုနဲ႔ ကုတင္ေပၚမွာ ပက္လက္ႀကီး အိပ္ေနလိုက္ေတာ့သည္ ။
"အင့္!!"
ရိေပၚ ဗိုက္ေပၚကို ခြထုိင္လာတဲ့ ေ႐ွာင္းက်န္႔ ။
"ေယး!! အိက်ိအိက်ိ နဲ႔ "
"အင့္!...အင့္!..အဟြတ္ ၊ မခုန္...နဲ႔..ေလ ကိုကို "
"ဘာလို႔လဲ"
ေ႐ွာင္းက်န္႔ မ်က္ႏွာကအလိုမက်မႈေၾကာင့္ စူပုတ္လာသည္ ။
ဘာလို႔လဲ ဟုတ္လား ! ။ ဗိုက္ေပၚတက္ခုန္ေနတာ ေသေတာ့မယ္ဗ် !
ရိေပၚ စိတ္ထဲမွာ ေအာ္ဟစ္ေနေပမယ့္ အျပင္မွာေတာ့ အသက္ဝေအာင္ ႐ွဴေနရတာေၾကာင့္ စကားေတာင္ မေျပာႏိုင္႐ွာေပ ။
"ေျဖေလ !!"
"အိပ္ပါေတာ့ဗ်ာ..ကိုကိုရာ"
"ေမာင္~...အဟိ"
သူ႔ဘာသူေခၚၿပီး သေဘာက်ေနေသာ ေ႐ွာင္းက်န္႔ ပင္ ။ အူယားစရာရယ္သံေလးက အဆစ္ပါေသးသည္ ။
ရိေပၚ မွာေတာ့ ပါးစပ္အေဟာင္းသားနဲ႔ ။
"ဘယ္...ဘယ္လိုေခၚလိုက္တယ္"
"ေမာင္..ငါ့ကိုခ်စ္ေသးလား"
"ခ်စ္တယ္ ။ အျမဲတမ္း ခ်စ္ခဲ့တာ "
ရိေပၚ က သူ႔ ေပၚမွာ ထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ ပါးကို ခပ္ဖြဖြလိမ္ဆြဲရင္းေျပာေတာ့ ေ႐ွာင္းက်န္႔ ကရယ္ေလသည္ ။
"ငါလည္း ခ်စ္တယ္ ။ ဒါေပမယ့္ မင္း ငါ့ကို သည္းမခံဘူး ။ ငါ သဝန္တိုတာကို ဆိုးတယ္လို႔ျမင္တယ္ ။ ငါ့ကုိ ထားသြားတယ္ ။
ဟင့္....ဟင့္"
"ဟာ!...ဘာလို႔ငိုတာတုန္း "
"ငုိရင္ေခ်ာ့ေလ ငတံုးရဲ႕!!"
စူပုပ္ပုပ္ ၊ မ်က္ရည္လည္ရႊဲေလးျဖင့္ မေက်မနပ္ေအာ္လာေသးသည္ ။ ဒီပံုစံေလးကို ရိေပၚမွာ အူယားလြန္းလို႔ဖန္ပုလင္းေလးထဲထည့္သိမ္းထားပစ္ခ်င္တဲ့အထိပင္ ။
"လာ..!"
ရိေပၚ က လက္ႏွစ္ဖက္ဆန္႔ၿပီး ေခၚေတာ့ ေ႐ွာင္းက်န္႔ က ရိေပၚ
ရင္ဘတ္ေပၚ မွီခ်လာသည္ ။
"ကိုကို႔ ကုိ ကြၽန္ေတာ္ ျပန္ပိုင္ဆိုင္ရလို႔ ဘယ္ေလာက္ေတာင္ ေပ်ာ္ရလဲ သိလား ။ ကိုကို နဲ႔ ကြၽန္ေတာ္ မထားသင့္တဲ့ မာနေတြ ထားမိလုိ႔သာ ေဝးခဲ့ၾကတာ ။ ကြၽန္ေတာ္ ကိုကို႔ ကို အရင္ထက္
ပိုခ်စ္ေပးမယ္ "
ရိေပၚ ေျပာေနေပမယ့္ အမူးသမားေလးက ရိေပၚ ရင္ဘတ္ေပၚမွာ
ေမွာက္လ်က္သားပင္ အိပ္ေပ်ာ္သြားေခ်ၿပီ ။
ရိေပၚ က ျပံဳးလိုက္ကာ ေ႐ွာင္းက်န္႔ နဖူးကုိ ငံု႔နမ္းၿပီးအိပ္စက္ျခင္းဆီသို႔...။
............
ေ႐ွာင္းက်န္႔ ႏိုးလာေတာ့ ရိေပၚ ရင္ခြင္ထဲမွာျဖစ္သည္ ။
ငါမေန႔ညက ကလပ္မွာပါ...။ ဘယ္လိုျဖစ္ၿပီး ။
ေ႐ွာင္းက်န္႔ သူ႔ကုိယ္သူ ျပန္ငံု႔ၾကည့္လုိက္သည္ ။ အက်ႌက
ၾကယ္သီးေတြျပဳတ္ၿပီး ဖ႐ိုဖရဲ ။
ေ႐ွာင္းက်န္႔ ရိေပၚ ကို ဘုၾကည့္ၾကည့္လိုက္သည္ ။
ဒင္း..ငါ့ကို အသားယူတယ္ ။
"ဝုန္း!!! "
"မားမားေရ!!!"
ရိေပၚမွာ ကုတင္ေပၚကေန ကန္ခ်ခံလိုက္ရျပန္သည္ ။
"အား ! ေသပါၿပီ ကိုကိုရာ..ဘာလုပ္တာတုန္း"
"မင္း..ငါ့ကို အသားယူတယ္ "
"ကိုယ့္ေယာက္်ားကို ဖက္အိပ္တာပဲဟာ"
"အက်ႌေတြ ဖ႐ိုဖရဲ ျဖစ္ေနတယ္ေလ ၊ ဒီမွာ"
ေ႐ွာင္းက်န္႔ ၾကယ္သီးေတြျပဳတ္ေနသည့္ သူ႔အက်ႌကိုသူ လက္ညိွဳးထိုးျပလိုက္သည္ ။
"ဟက္!..ဘာလဲ မေကာင္းၾကံထားတယ္ ထင္လို႔လား ။ ကြၽန္ေတာ္ သာ ညက ကိုကို႔ ကို အသားယူမယ္ ဆုိရင္ ဒီေန႔မနက္
ကုိကို႔ ကိုယ္ေပၚမွာ အဝတ္တစ္ထည္မွ ႐ွိေနမွာ မဟုတ္သလုိ
အိပ္ယာက ထ,ႏိုင္မွာေတာင္ မဟုတ္ဘူး "
"ဒါဆို..."
"အက်ႌလဲေပးမလို႔ လုပ္တာ ။ ေသာင္းက်န္း ေနလို႔ ၊ အဲ့အတိုင္းပဲ ပစ္ထားလုိက္တာ"
ဒီလိုဆိုေတာ့လည္း ေ႐ွာင္းက်န္႔ ၊ ရိေပၚ ကို အားနာစိတ္ေလး
နည္းနည္းဝင္သြားပါသည္ ။
နည္းနည္းပဲေနာ္ !! ။
ေ႐ွာင္းက်န္႔ မ်က္ႏွာငယ္ေလးနဲ႔ ကုတင္ေအာက္ျပဳတ္က်လ်က္သား အတိုင္းထိုင္ေနတဲ့ ရိေပၚ အနားသြားၿပီး...
"ေတာင္းပန္ပါတယ္ ရိေပၚ ၊ ငါ..."
"ရပါတယ္ ။ အဲ့အစား ေမာင္ လို႔ေခၚပါ့လား..."
"ဘာ !!!!!"
အနားနားကပ္ကာေအာ္လိုက္ျခင္းေၾကာင့္ ရိေပၚမွာ နားေတြပင္အူထြက္သြားရသည္အထိ ။
ေမာင္ လို႔ေခၚခိုင္းတာ အဲ့ေလာက္အထိဝမ္းသာဖို႔လိုလို႔လား !
"ဘာလုိ႔ေခၚရမွာလဲ !"
"ညတုန္းကက် ေခၚၿပီး"
"ဟမ္!...တကယ္လား"
ေ႐ွာင္းက်န္႔ အူေၾကာင္ေၾကာင္ေလး ျဖစ္သြားရသည္ ။
သူ တကယ္ပဲ ေခၚခဲ့တာလား ။ ဒါေပမယ့္ တစ္ခုမွ မွတ္မိမေနဘူး ။
"မမွတ္မိဘူးေပါ့"
"အင္း"
"ဒါဆို ညက ေျပာခဲ့တာေတြတစ္ခုမွ မမွတ္မိဘူးေပါ့ "
"အင္း"
"ေသလိုက္ပါေတာ့ဗ်ာ"
ရိေပၚ စိတ္ညစ္စြာၿငီးညဴလိုက္မိေတာ့သည္ ။
ညက ခ်စ္တယ္ လို႔ေျပာတာ ေတြပါ မမွတ္မိေတာ့ဘူးေပါ့ ! ။
ေသသာေသလိုက္ခ်င္တယ္ ။
"ဘာျဖစ္လို႔လဲဟင္..."
"ဘာမွမဟုတ္ေတာ့ဘူး ! ။ ေမာင္ လို႔ေတာ့ ေျပာင္းေခၚရမယ္ ဒါပဲ!! ။
ေအာ္ဟစ္ၿပီး ေရခ်ိဴးခန္းထဲ ဝုန္းဒိုင္းႀကဲဝင္သြားေသာ ရိေပၚ ပင္ ။
ေ႐ွာင္းက်န္႔ အူေၾကာင္ေၾကာင္ေလးနဲ႔ ထိုင္လ်က္သား ။
ဘာျဖစ္သြားတာတုန္း ? ။ ငါလဲ ဘာမွမလုပ္ရပဲနဲ႔ ! ။
________________
[ UNICODE ]
"ကိုကို !! ၊ အခုဘယ်မှာလဲ !!!!"
"........."
"တောက် !!"
ရိပေါ် ချက်ချင်းဖုန်းချပြီး ရှောင်းကျန့် ရှိတဲ့ ကလပ်ဆီကို ကားနဲ့လာခဲ့သည် ။
အလုပ်ကပြန်လာတော့ အိမ်မှာမရှိ ၊ ခြေထောက်က ဒဏ်ရာနဲ့မို့
ဘယ်မှမသွားပါနဲ့ လု့ိ သေသေချာချာမှာထားခဲ့တာကို အခုထိ
ပြောမရ ဆိုမရနဲ့ ကလေးဆိုးကြီး လို လုပ်နေတုန်း ! ။
ရောင်စုံမီးတွေ ကြား ကနေကြတဲ့ လူတွေကို ရိပေါ် စိတ်ညစ်ညစ်နဲ့ ကျော်ဖြတ်ပြီး ရှောင်းကျန့် ရှိတဲ့ ဝိုင်းဆီလျှောက်လာခဲ့သည် ။
အမူးသမားလေးက ခုံပေါ်မှာမှောက်နေပြီ ။
ရိပေါ် က ရှောင်းကျန့် ကို ပွေ့ချီကာ ခုံတွင်ထို်င်နေဆဲဖြစ်သည့် ကျိူးချန် ကို ဘုကြည့်ကြည့်လိုက်သည် ။
တကယ်ပဲ သူများယောက်ျားကို ဖျက်ဆီးနေတာ ! ။
ရှောင်းကျန့် မျက်လုံးမပွင့်တပွင့်နဲ့...
"ရိ..ပေါ်..လား"
"အင်း"
..........
"ဝမ်ရိပေါ် !! ဝမ်ရိပေါ် အချေကောင် ထွက်ခဲ့စမ်း!"
ရိပေါ် suit လဲနေတာကို ရှောင်းကျန့် က ကုတင်ပေါ်မှာ ထိုင်ပြီး အော်နေခြင်းပင် ။
ရိပေါ် ရှောင်းကျန့် ရဲ့ အကျႌကြယ်သီးတွေကို ဖြုတ်လိုက်ပေမယ့် ပုတ်ထုတ်ခံလိုက်ရသည် ။
"ငါ့ကို မကောင်းကြံမလို့လား! ၊ ဟမ်!! လူယုတ်မာကောင်"
ရိပေါ် စိတ်မရှည်တော့...။
"ကျစ်!! ၊ ငြိမ်ငြိမ်နေပါဗျ ။ အကျႌလဲပေးမလို့"
"မင်း ငါ့ကို မကောင်းကြံမလို့လုပ်နေတာ ငါသိတယ် "
"တကယ်လုပ်လိုက်ရ!! "
ဟူး..ရိပေါ် စိတ်ထိန်း ၊ စိတ်ထိန်း ။
"လွှတ်လို့ဆိုနေ !! ၊ မားမားရေ !!!"
"ဟာ!! မလဲပေးတော့ဘူး ။ အဲ့အတိုင်းနေတော့ အိပ်ပြီ"
ရိပေါ် စိတ်တိုတိုနဲ့ ကုတင်ပေါ်မှာ ပက်လက်ကြီး အိပ်နေလိုက်တော့သည် ။
"အင့်!!"
ရိပေါ် ဗိုက်ပေါ်ကို ခွထိုင်လာတဲ့ ရှောင်းကျန့် ။
"ယေး!! အိကျိအိကျိ နဲ့ "
"အင့်!...အင့်!..အဟွတ် ၊ မခုန်...နဲ့..လေ ကိုကို "
"ဘာလို့လဲ"
ရှောင်းကျန့် မျက်နှာကအလိုမကျမှုကြောင့် စူပုတ်လာသည် ။
ဘာလို့လဲ ဟုတ်လား ! ။ ဗိုက်ပေါ်တက်ခုန်နေတာ သေတော့မယ်ဗျ !
ရိပေါ် စိတ်ထဲမှာ အော်ဟစ်နေပေမယ့် အပြင်မှာတော့ အသက်ဝအောင် ရှူနေရတာကြောင့် စကားတောင် မပြောနိုင်ရှာပေ ။
"ဖြေလေ !!"
"အိပ်ပါတော့ဗျာ..ကိုကိုရာ"
"မောင်~...အဟိ"
သူ့ဘာသူခေါ်ပြီး သဘောကျနေသော ရှောင်းကျန့် ပင် ။ အူယားစရာရယ်သံလေးက အဆစ်ပါသေးသည် ။
ရိပေါ် မှာတော့ ပါးစပ်အဟောင်းသားနဲ့ ။
"ဘယ်...ဘယ်လိုခေါ်လိုက်တယ်"
"မောင်..ငါ့ကိုချစ်သေးလား"
"ချစ်တယ် ။ အမြဲတမ်း ချစ်ခဲ့တာ "
ရိပေါ် က သူ့ ပေါ်မှာ ထိုင်နေတဲ့ ရှောင်းကျန့် ပါးကို ခပ်ဖွဖွလိမ်ဆွဲရင်းပြောတော့ ရှောင်းကျန့် ကရယ်လေသည် ။
"ငါလည်း ချစ်တယ် ။ ဒါပေမယ့် မင်း ငါ့ကို သည်းမခံဘူး ။ ငါ သဝန်တိုတာကို ဆိုးတယ်လို့မြင်တယ် ။ ငါ့ကို ထားသွားတယ် ။
ဟင့်....ဟင့်"
"ဟာ!...ဘာလို့ငိုတာတုန်း "
"ငိုရင်ချော့လေ ငတုံးရဲ့!!"
စူပုပ်ပုပ် ၊ မျက်ရည်လည်ရွှဲလေးဖြင့် မကျေမနပ်အော်လာသေးသည် ။ ဒီပုံစံလေးကို ရိပေါ်မှာ အူယားလွန်းလို့ဖန်ပုလင်းလေးထဲထည့်သိမ်းထားပစ်ချင်တဲ့အထိပင် ။
"လာ..!"
ရိပေါ် က လက်နှစ်ဖက်ဆန့်ပြီး ခေါ်တော့ ရှောင်းကျန့် က ရိပေါ်
ရင်ဘတ်ပေါ် မှီချလာသည် ။
"ကိုကို့ ကို ကျွန်တော် ပြန်ပိုင်ဆိုင်ရလို့ ဘယ်လောက်တောင် ပျော်ရလဲ သိလား ။ ကိုကို နဲ့ ကျွန်တော် မထားသင့်တဲ့ မာနတွေ ထားမိလို့သာ ဝေးခဲ့ကြတာ ။ ကျွန်တော် ကိုကို့ ကို အရင်ထက်
ပိုချစ်ပေးမယ် "
ရိပေါ် ပြောနေပေမယ့် အမူးသမားလေးက ရိပေါ် ရင်ဘတ်ပေါ်မှာ
မှောက်လျက်သားပင် အိပ်ပျော်သွားချေပြီ ။
ရိပေါ် က ပြုံးလိုက်ကာ ရှောင်းကျန့် နဖူးကို ငုံ့နမ်းပြီးအိပ်စက်ခြင်းဆီသို့...။
............
ရှောင်းကျန့် နိုးလာတော့ ရိပေါ် ရင်ခွင်ထဲမှာဖြစ်သည် ။
ငါမနေ့ညက ကလပ်မှာပါ...။ ဘယ်လိုဖြစ်ပြီး ။
ရှောင်းကျန့် သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သည် ။ အကျႌက
ကြယ်သီးတွေပြုတ်ပြီး ဖရိုဖရဲ ။
ရှောင်းကျန့် ရိပေါ် ကို ဘုကြည့်ကြည့်လိုက်သည် ။
ဒင်း..ငါ့ကို အသားယူတယ် ။
"ဝုန်း!!! "
"မားမားရေ!!!"
ရိပေါ်မှာ ကုတင်ပေါ်ကနေ ကန်ချခံလိုက်ရပြန်သည် ။
"အား ! သေပါပြီ ကိုကိုရာ..ဘာလုပ်တာတုန်း"
"မင်း..ငါ့ကို အသားယူတယ် "
"ကိုယ့်ယောက်ျားကို ဖက်အိပ်တာပဲဟာ"
"အကျႌတွေ ဖရိုဖရဲ ဖြစ်နေတယ်လေ ၊ ဒီမှာ"
ရှောင်းကျန့် ကြယ်သီးတွေပြုတ်နေသည့် သူ့အကျႌကိုသူ လက်ညှိုးထိုးပြလိုက်သည် ။
"ဟက်!..ဘာလဲ မကောင်းကြံထားတယ် ထင်လို့လား ။ ကျွန်တော် သာ ညက ကိုကို့ ကို အသားယူမယ် ဆိုရင် ဒီနေ့မနက်
ကိုကို့ ကိုယ်ပေါ်မှာ အဝတ်တစ်ထည်မှ ရှိနေမှာ မဟုတ်သလို
အိပ်ယာက ထ,နိုင်မှာတောင် မဟုတ်ဘူး "
"ဒါဆို..."
"အကျႌလဲပေးမလို့ လုပ်တာ ။ သောင်းကျန်း နေလို့ ၊ အဲ့အတိုင်းပဲ ပစ်ထားလိုက်တာ"
ဒီလိုဆိုတော့လည်း ရှောင်းကျန့် ၊ ရိပေါ် ကို အားနာစိတ်လေး
နည်းနည်းဝင်သွားပါသည် ။
နည်းနည်းပဲနော် !! ။
ရှောင်းကျန့် မျက်နှာငယ်လေးနဲ့ ကုတင်အောက်ပြုတ်ကျလျက်သား အတိုင်းထိုင်နေတဲ့ ရိပေါ် အနားသွားပြီး...
"တောင်းပန်ပါတယ် ရိပေါ် ၊ ငါ..."
"ရပါတယ် ။ အဲ့အစား မောင် လို့ခေါ်ပါ့လား..."
"ဘာ !!!!!"
အနားနားကပ်ကာအော်လိုက်ခြင်းကြောင့် ရိပေါ်မှာ နားတွေပင်အူထွက်သွားရသည်အထိ ။
မောင် လို့ခေါ်ခိုင်းတာ အဲ့လောက်အထိဝမ်းသာဖို့လိုလို့လား !
"ဘာလို့ခေါ်ရမှာလဲ !"
"ညတုန်းကကျ ခေါ်ပြီး"
"ဟမ်!...တကယ်လား"
ရှောင်းကျန့် အူကြောင်ကြောင်လေး ဖြစ်သွားရသည် ။
သူ တကယ်ပဲ ခေါ်ခဲ့တာလား ။ ဒါပေမယ့် တစ်ခုမှ မှတ်မိမနေဘူး ။
"မမှတ်မိဘူးပေါ့"
"အင်း"
"ဒါဆို ညက ပြောခဲ့တာတွေတစ်ခုမှ မမှတ်မိဘူးပေါ့ "
"အင်း"
"သေလိုက်ပါတော့ဗျာ"
ရိပေါ် စိတ်ညစ်စွာငြီးညူလိုက်မိတော့သည် ။
ညက ချစ်တယ် လို့ပြောတာ တွေပါ မမှတ်မိတော့ဘူးပေါ့ ! ။
သေသာသေလိုက်ချင်တယ် ။
"ဘာဖြစ်လို့လဲဟင်..."
"ဘာမှမဟုတ်တော့ဘူး ! ။ မောင် လို့တော့ ပြောင်းခေါ်ရမယ် ဒါပဲ!! ။
အော်ဟစ်ပြီး ရေချိူးခန်းထဲ ဝုန်းဒိုင်းကြဲဝင်သွားသော ရိပေါ် ပင် ။
ရှောင်းကျန့် အူကြောင်ကြောင်လေးနဲ့ ထိုင်လျက်သား ။
ဘာဖြစ်သွားတာတုန်း ? ။ ငါလဲ ဘာမှမလုပ်ရပဲနဲ့ ! ။
________________