My Ex Is My Husband [ Complet...

By _AgathaChan

985K 76.4K 2.7K

တစ္ခ်ိန္က အခ်ိဴးမေျပလို႔ လမ္းခြဲခဲ့တဲ့ ကိုယ့္ Ex အစုတ္ပလုတ္ေလးဟာလည္း ကိုယ့္ေယာက္်ားျဖစ္လာႏိုင္ပါတယ္ ။ တစ်ချိန... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
FINAL
Extra- New year
Attention Please
📣 Announcement 📣
Book Order !!!!!

Chapter (4)

46K 3.9K 77
By _AgathaChan

ရိေပၚ နဲ႔ ေ႐ွာင္းက်န္႔ ဧည့္ခန္းထဲမွာ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနေလသည္ ။

"မင္း နဲ႔ ငါ သေဘာတူညီမႈတစ္ခုလုပ္မယ္"

ေ႐ွာင္းက်န္႔ က စေျပာလာသည္ ။

"သေဘာတူညီမႈ ?"

"အင္း"

"ဘယ္လိုမ်ိဳးလဲ "

"နံပါတ္ 1 မင္း ငါ့ကုိအႏိုင္မက်င့္ရဘူး"

"ဘယ္သူကအႏိုင္က်င့္ေနလဲ အသိသာႀကီး!"

ေ႐ွာင္းက်န္႔ က ရိေပၚ ကို မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္လိုက္ေလသည္ ။

"နံပါတ္ 2 မင္း ငါ့ကို ႐ို႐ိုေသေသ နဲ႔ ကိုကို လို႔ေခၚရမယ္"

တကယ္ေတာ့ ရိေပၚက သူ႔ကို ကိုကို လို႔ေခၚတာကို ေ႐ွာင္းက်န္႔ သေဘာက်လို႔ ။

"က်န္႔ေကာ လို႔ေခၚေတာ့ ဘာျဖစ္လို႔လဲ! "

"ေခၚဆိုေခၚေပါ့ကြာ စကားကိုမ်ားတယ္ ။ နံပါတ္ 3 က 5 ႏွစ္ၾကာတဲ့အခါ မင္းနဲ႔ငါ ကြာ႐ွင္းမယ္ ဒါပဲ ! "

ကြာ႐ွင္းမယ္ ! ။ ေ႐ွာင္းက်န္႔ ရဲ႕ ေနာက္ဆံုးအခ်က္ေၾကာင့္ ရိေပၚ ရင္ထဲဆစ္ကနဲ ပဲ ။

သူက ျပန္ပိုင္ဆိုင္ၿပီ မွတ္လို႔ေပ်ာ္ေနတာေလ ! ။ ကြာ႐ွင္းမယ္ တဲ့လား ။

ရိေပၚ အေတြးေတြနဲ႔ ေယာက္ယက္ခတ္ ေနေပမယ့္  သူ႔ရဲ႕ မူပိုင္
႐ုပ္တည္ႀကီးနဲ႔...

"ေကာင္းၿပီေလ ။ ကြၽန္ေတာ့္ ဘက္ကလည္း ေတာင္းဆိုစရာေတြ ႐ွိတယ္"

"ေျပာ"

"မိဘေတြေ႐ွ႕ေရာက္ရင္ ႏွစ္သက္သည္ျဖစ္ေစ ၊ မႏွစ္သက္သည္ျဖစ္ေစ ၊ ကြၽန္ေတာ္ တို႔ႏွစ္ေယာက္ ခ်စ္ခ်စ္ခင္ခင္ေနျပရမယ္ ။ ၿပီးရင္ က်န္႔ေကာ က ကြၽန္ေတာ့္ ရဲ႕ အိမ္႐ွင္မ လုပ္ရမယ္။ ဒါပဲ"

"အိမ္႐ွင္မ !! ၊ ေဟး..ငါကေယာက္်ားဆုိတာလည္း သတိရဦး"

"က်န္႔ေကာ မွာ ပန္းခ်ီဆြဲတဲ့ အလုပ္တစ္ခုပဲ ႐ွိတယ္ဆိုတာ သိၿပီးသား ။ ဒီေလာက္ေတာ့ လုပ္ေပးသင့္ပါတယ္ ခ်က္ျပဳတ္ေကြၽးရံုပဲဟာ"

အိမ္မွာ ဝမ္မားမား ပို႔ေပးထားတဲ့ ထမင္းခ်က္အေဒၚႀကီး ႐ွိသည္ ။ ရိေပၚ တမင္တကာ ေ႐ွာင္းက်န္႔ ကို ခိုင္းျခင္းပင္ ။

"ေကာင္းၿပီ ၊ ေကာင္းၿပီ ။ သေဘာတူတယ္"

"ဒါဆို ကြၽန္ေတာ္ အလုပ္သြားၿပီ ။ က်န္႔...အဲ..ကုိကို "

ရိေပၚ က်န္႔ေကာ လို႔ ေခၚမိေတာ့မလို႔ ေ႐ွာင္းက်န္႔ က
မ်က္ေစာင္းထိုး ၾကည့္လာတာေၾကာင့္ အျမန္ျပင္ေခၚလိုက္ရသည္ ။

ကြာ႐ွင္းခ်င္တဲ့စိတ္ေတြ ေျပာင္းလဲလာေအာင္ ကြၽန္ေတာ္ ႀကိဳးစားမယ္ က်န္႔ေကာ ။

...........

အိမ္ထဲမွာ ဟိုဖက္ဒီဖက္ ခါးေထာက္လမ္းေလ်ွာက္ရင္း ေဒါသထြက္ေနတဲ့ ရိေပၚ ။ ထမင္းခ်က္အေဒၚႀကီး နဲ႔ ျခံေစာင့္လူႀကီးကေတာ့ ရိေပၚ ေ႐ွ႕ေခါင္းေတာင္ မေဖာ္ရဲၾက ။

ဝမ္သခင္ေလး စိတ္တိုေနတာေၾကာက္ဖုိ႔ေကာင္းတယ္ ။
တစ္ေလာကလံုးကို အျမစ္ကလွန္ခ်င္ေနသလိုမ်ိဴး ။

"အဲ့တာဆို မနက္ကတည္းက သူထြက္သြားတာေပါ့"

"ဟုတ္ပါတယ္... သခင္ေလး"

ရိေပၚ အလုပ္ကျပန္လာေတာ့ ကိုကို ကမ႐ွိဘူး ။ ဖုန္းဆက္ေတာ့လည္း ဆက္သြယ္မႈဧရိယာျပင္ပ တဲ့ ။ အခ်ိန္ၾကည့္ေတာ့ ည 10 နာရီ ႐ွိေနျပီ ။ တစ္ခုခုဆို ရိေပၚ ရင္ကြဲရမွာ ။

ရိေပၚ ဖုန္းနံပါတ္ တစ္ခုကိုခ်က္ခ်င္းပဲ ေကာက္ဆက္လိုက္သည္ ။

"ဟယ္လို...ရီ႐ွင္း..၊ ငါ့ ကိုကို ေပ်ာက္ေနလို႔ တစ္ခုေလာက္ကူညီပါကြာ.."

"........."

"ေအး...ေက်းဇူးပဲ "

ရီ႐ွင္း က computer နဲ႔လက္ထပ္ထားတဲ့ေကာင္ ။ သူ႔စံုစမ္းခိုင္းရင္ FBI ေတြထက္ပုိျမန္တယ္ ။

မၾကာခင္​ ကိုကို႔ ကို ႐ွာေတြ႔မွာပါ ။

...........

ေ႐ွာင္းက်န္႔ စိတ္ေျပလက္ေပ်ာက္ ပန္းခ်ီဆြဲမယ္ဆိုၿပီး ထြက္လာတာျဖစ္သည္ ။ ယခုေတာ့ ယုန္လိုက္ဖမ္းရင္းကေန ေတာအုပ္ထဲမွာ လမ္းေပ်ာက္ေနေလၿပီ ။ ေျပးလႊားေနရင္း ေခ်ာ္လဲထားေသးတာေၾကာင့္ လမ္းလည္း ေကာင္းေကာင္းမြန္မြန္ မေလ်ွာက္ႏို္င္ေပ ။ ဒီၾကားထဲ ေန႔လည္တည္းက ဘာမွမစားရေသးတာေၾကာင့္ ဗိုက္ကလည္းဆာေနၿပီျဖစ္သည္ ။

ဖုန္းဆက္မယ္လုပ္ေတာ့လည္း ဖုန္းက ကားထဲမွာ က်န္ခဲ့ေသးသည္ ။ ကံဆိုးမႈေတြက သူ႔အေပၚပဲကြက္က်လာေလသလား ။

ရိေပၚ  ငါ့ကို ကယ္ပါဦး ။

...........

ရိေပၚ ရီ႐ွင္း ပုိ႔ေပးတဲ့ အခ်က္အလက္ေတြၾကည့္ၿပီး ေ႐ွာင္းက်န္႔ ႐ွိမယ့္ေနရာကို ရဲေတြေခၚၿပီး ေရာက္လာခဲ့သည္ ။

က်စ္! ေပက်င္းၿမိဳ႕ နဲ႔ ေဝးတဲ့ေတာအထိလာဖို႔လိုသလား ။

ေတာနဲ႔ မလွမ္းမကမ္း ေတာင္ကုန္းျမင့္ေလးမွာ ရပ္ထားတဲ့
ကားအျဖဴေလးေၾကာင့္ ေ႐ွာင္းက်န္႔ ဒီမွာ ႐ွိတယ္ဆိုတာ ရိေပၚ
အတြက္ပိုျပီးေသခ်ာသြားသည္ ။

ရိေပၚ အျပင္ ရီ႐ွင္း နဲ႔ အတူ ရဲေတြပါ ေတာထဲအထိ လို္က္႐ွာခဲ့ၾကသည္ ။ နာရီ ၾကည့္ေတာ့ ည12 နာရီ ႐ွိေနေလၿပီ ။ ရတယ္ ဘယ္အခ်ိန္ျဖစ္ျဖစ္ ရိေပၚ ဂ႐ုမစိုက္ပါ ။ ရိေပၚ ဂ႐ုစိုက္တာ
ကိုကို တစ္ေယာက္တည္းပဲ ။ အဓိကက ကိုကို႔ ကုိ အျမန္႐ွာေတြဖို႔ ။

"ကိုကို !!!"

ရိေပၚ ဓာတ္မီးတစ္လက္နဲ႔ ေတာထဲမွာေျပးလႊားေနသည္ ။ ေခြၽးေတြစီးက်ေနၿပီး ေမာဟိုက္လာေသာ္လည္း မိမိကိုယ္မိမိပင္ဂ႐ုမစိုက္ႏိုင္ ။

"က်န္႔ေကာ !!!"

ေ႐ွာင္းက်န္႔ သူ႔နားထဲမွာ ၾကားလိုက္ရတဲ့ ေခၚသံသဲ့သဲ့ေလးေၾကာင့္ ဒူးေပၚမ်က္ႏွာေမွာက္အိပ္ေနရာကေန ေခါင္းေထာင္ၾကည့္လိုက္ေလသည္ ။

"ရိေပၚ လား ။ ရိေပၚ !! ၊ မင္းလား!!!"

ရိေပၚ ေျပးလႊားေနရင္းကေန ေ႐ွာင္းက်န္႔ အသံၾကားလိုက္ရတာေၾကာင့္ အသံလာတဲ့ေနရာဆီသို႔ေျပးလာခဲ့သည္ ။

"က်န္႔ေကာ !!!"

ေ႐ွာင္းက်န္႔ မွာ ရိေပၚ အသံမွန္းသိရေတာ့ ဝမ္းသာသြားရသည္ ။

"ရိေပၚ ! ငါဒီဖက္မွာ !!!"

ရိေပၚ ျခံဳပုတ္အႀကီးႀကီးကို ျဖတ္ေလ်ွာက္လာေတာ့ ေက်ာက္တံုးေလး ေပၚမွာ ငိုမဲ့မဲ့နဲ႔ ထိုင္ေနတဲ့ ေ႐ွာင္းက်န္႔ ကိုေတြ႔လိုက္ရေတာ့သည္ ။

"ဘယ္ေလာက္စိတ္ပူသြားလဲဆိုတာ သိရဲ႕လားဟမ္ !!"

ေ႐ွာင္းက်န္႔ မွာ ရိေပၚ ေရာက္လာလို႔ မ်က္ႏွာေလးဝင္းလက္သြားေပမယ့္ ရိေပၚ က ဆူလုိက္တာေၾကာင့္ ခ်က္ခ်င္းမ်က္ႏွာငယ္သြားေလသည္ ။

ရီ႐ွင္း နဲ႔ ရဲေတြလည္း ရိေပၚ ေအာ္သံေၾကာင့္ ရိေပၚ နဲ႔ ေ႐ွာင္းက်န္႔ တို႔အနားေရာက္လာေလေတာ့သည္ ။

ေ႐ွာင္းက်န္႔ အသံတုိးတုိးေလးနဲ႔...

"ရိေပၚ... ငါကေလ..."

"မၾကားခ်င္ဘူး!! ၊ လာ!...ျပန္မယ္"

"အ!!!"

ရိေပၚ က ေ႐ွာင္းက်န္႔ လက္ကို ဆြဲကာထခိုင္းလိုက္ေပမယ့္ ေ႐ွာင္းက်န္႔ က ေျခေထာက္ဒဏ္ရာေၾကာင့္ ျပန္လဲက်သြားသည္ ။

ရိေပၚ ျပာျပာသလဲနဲ႔...

"ဘာျဖစ္တာလဲ!"

"ေျခေထာက္ေခါက္လဲထားတာ"

"က်စ္!...ကေလးမဟုတ္ ၊ လူႀကီးမဟုတ္နဲ႔ !!!"

"ဆူပဲဆူေနတာပဲ ။ ျပန္မလိုက္ဘူး...သြား ! ။ ေတာထဲမွာ ငါ့ကို
ပစ္ထားခဲ့ ။ ငါ ဘယ္ေလာက္ေၾကာက္ေနရလဲ သိလား ။
ငါ့ကို ႐ွာမယ့္သူမ႐ွိရင္ေရာလို႔ ေတြးရင္းဝမ္းနည္းေနရတာေရာ
သိလား...အဲ့တာကို..ဟင့္...အဲ့တာကို...မင္းက... ဆူပဲဆူေနတယ္ "

သူ႔မွာ ဘယ္ေလာက္ေတာင္ေၾကာက္ေနခဲ့ရသလဲ ။ ဒါကို ဒီလူဆိုးေကာင္က အလိုက္မသိပဲ လူကိုဆူပဲဆူေနသည္ ။

ေ႐ွာင္းက်န္႔ ငိုယုိၿပီး ေျပာလာေတာ့လည္း ရိေပၚ စိတ္မေကာင္းေပ ။

ရိေပၚ သက္ျပင္းသာ ခ်လုိက္ေတာ့သည္ ။

ကိုကို႔ ကို ဘယ္ေလာက္စိတ္ပူခဲ့ရသလဲဆိုတာ သူ႔ကိုယ္သူ အသိဆံုး ။ ေအာ္မိတာကလည္း စိတ္ပူၿပီး ျဖစ္သြားတာပင္ ။

"ေတာင္းပန္ပါတယ္ ။ ကြၽန္ေတာ္ စိတ္ပူလို႔ပါ ။ ျပန္ၾကမယ္ေလေနာ္...ကုိကို "

ရိေပၚ က ေ႐ွာင္းက်န္႔ ပါးျပင္က မ်က္ရည္ေတြကို သုတ္ေပးရင္း
ေခ်ာ့ေျပာေတာ့ ေ႐ွာင္းက်န္႔ က ေခါင္းၿငိမ့္ျပလာသည္ ။

"လာ...ေက်ာေပၚတက္ "

ရိေပၚ က ေ႐ွာင္းက်န္႔ ေ႐ွ႕ေက်ာေပးၿပီး ဒူးေထာက္ထိုင္ခ်လိုက္ငည္ ။ ေ႐ွာင္းက်န္႔ လည္း ရိေပၚ ေက်ာေပၚမီွတက္လိုက္သည္ ။

ရိေပၚ က ေ႐ွာင္းက်န္႔ ကို ေက်ာပိုးထားရက္နဲ႔ပဲ ရီ႐ွင္း ဖက္လွည့္ကာ...

"ေက်းဇူးပဲ ရီ႐ွင္း ။ မင္း သာမ႐ွိရင္ ငါ႐ွာေတြ႔မွာ မဟုတ္ဘူး "

"ရပါတယ္ကြာ ၊ သြားေတာ့ "

"အင္း"

ေ႐ွာင္းက်န္႔ ကို ေက်ာပိုးထြက္သြားတဲ့ ရိေပၚ ကို ၾကည့္ၿပီး
က်န္ခဲ့တဲ့ ရီ႐ွင္း နဲ႔ ရဲေတြ မနာလိုအားက် မ်က္လံုးေလးေတြ နဲ႔
ၾကည့္ရင္း က်န္ခဲ့ေလသည္ ။

ဘဝ ၊ ဘဝ ကြာလိုက္တာ ။ ငါတို႔မ်ား ေတာထဲလမ္းေပ်ာက္ေနရင္ လိုက္႐ွာမယ့္သူ မေျပာနဲ႔ လင္းတထိုးထိုး ၊ ေႁမြကိုက္ကိုက္
ပစ္ထားမယ့္ သူေတြခ်ည္း ။

___________________

[ UNICODE ]

ရိပေါ် နဲ့ ရှောင်းကျန့် ဧည့်ခန်းထဲမှာ မျက်နှာချင်းဆိုင် ထိုင်နေလေသည် ။

"မင်း နဲ့ ငါ သဘောတူညီမှုတစ်ခုလုပ်မယ်"

ရှောင်းကျန့် က စပြောလာသည် ။

"သဘောတူညီမှု ?"

"အင်း"

"ဘယ်လိုမျိုးလဲ "

"နံပါတ် 1 မင်း ငါ့ကိုအနိုင်မကျင့်ရဘူး"

"ဘယ်သူကအနိုင်ကျင့်နေလဲ အသိသာကြီး!"

ရှောင်းကျန့် က ရိပေါ် ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်လေသည် ။

"နံပါတ် 2 မင်း ငါ့ကို ရိုရိုသေသေ နဲ့ ကိုကို လို့ခေါ်ရမယ်"

တကယ်တော့ ရိပေါ်က သူ့ကို ကိုကို လို့ခေါ်တာကို ရှောင်းကျန့် သဘောကျလို့ ။

"ကျန့်ကော လို့ခေါ်တော့ ဘာဖြစ်လို့လဲ! "

"ခေါ်ဆိုခေါ်ပေါ့ကွာ စကားကိုများတယ် ။ နံပါတ် 3 က 5 နှစ်ကြာတဲ့အခါ မင်းနဲ့ငါ ကွာရှင်းမယ် ဒါပဲ ! "

ကွာရှင်းမယ် ! ။ ရှောင်းကျန့် ရဲ့ နောက်ဆုံးအချက်ကြောင့် ရိပေါ် ရင်ထဲဆစ်ကနဲ ပဲ ။

သူက ပြန်ပိုင်ဆိုင်ပြီ မှတ်လို့ပျော်နေတာလေ ! ။ ကွာရှင်းမယ် တဲ့လား ။

ရိပေါ် အတွေးတွေနဲ့ ယောက်ယက်ခတ် နေပေမယ့်  သူ့ရဲ့ မူပိုင်
ရုပ်တည်ကြီးနဲ့...

"ကောင်းပြီလေ ။ ကျွန်တော့် ဘက်ကလည်း တောင်းဆိုစရာတွေ ရှိတယ်"

"ပြော"

"မိဘတွေရှေ့ရောက်ရင် နှစ်သက်သည်ဖြစ်စေ ၊ မနှစ်သက်သည်ဖြစ်စေ ၊ ကျွန်တော် တို့နှစ်ယောက် ချစ်ချစ်ခင်ခင်နေပြရမယ် ။ ပြီးရင် ကျန့်ကော က ကျွန်တော့် ရဲ့ အိမ်ရှင်မ လုပ်ရမယ်။ ဒါပဲ"

"အိမ်ရှင်မ !! ၊ ဟေး..ငါကယောက်ျားဆိုတာလည်း သတိရဦး"

"ကျန့်ကော မှာ ပန်းချီဆွဲတဲ့ အလုပ်တစ်ခုပဲ ရှိတယ်ဆိုတာ သိပြီးသား ။ ဒီလောက်တော့ လုပ်ပေးသင့်ပါတယ် ချက်ပြုတ်ကျွေးရုံပဲဟာ"

အိမ်မှာ ဝမ်မားမား ပို့ပေးထားတဲ့ ထမင်းချက်အဒေါ်ကြီး ရှိသည် ။ ရိပေါ် တမင်တကာ ရှောင်းကျန့် ကို ခိုင်းခြင်းပင် ။

"ကောင်းပြီ ၊ ကောင်းပြီ ။ သဘောတူတယ်"

"ဒါဆို ကျွန်တော် အလုပ်သွားပြီ ။ ကျန့်...အဲ..ကိုကို "

ရိပေါ် ကျန့်ကော လို့ ခေါ်မိတော့မလို့ ရှောင်းကျန့် က
မျက်စောင်းထိုး ကြည့်လာတာကြောင့် အမြန်ပြင်ခေါ်လိုက်ရသည် ။

ကွာရှင်းချင်တဲ့စိတ်တွေ ပြောင်းလဲလာအောင် ကျွန်တော် ကြိုးစားမယ် ကျန့်ကော ။

...........

အိမ်ထဲမှာ ဟိုဖက်ဒီဖက် ခါးထောက်လမ်းလျှောက်ရင်း ဒေါသထွက်နေတဲ့ ရိပေါ် ။ ထမင်းချက်အဒေါ်ကြီး နဲ့ ခြံစောင့်လူကြီးကတော့ ရိပေါ် ရှေ့ခေါင်းတောင် မဖော်ရဲကြ ။

ဝမ်သခင်လေး စိတ်တိုနေတာကြောက်ဖို့ကောင်းတယ် ။
တစ်လောကလုံးကို အမြစ်ကလှန်ချင်နေသလိုမျိူး ။

"အဲ့တာဆို မနက်ကတည်းက သူထွက်သွားတာပေါ့"

"ဟုတ်ပါတယ်... သခင်လေး"

ရိပေါ် အလုပ်ကပြန်လာတော့ ကိုကို ကမရှိဘူး ။ ဖုန်းဆက်တော့လည်း ဆက်သွယ်မှုဧရိယာပြင်ပ တဲ့ ။ အချိန်ကြည့်တော့ ည 10 နာရီ ရှိနေပြီ ။ တစ်ခုခုဆို ရိပေါ် ရင်ကွဲရမှာ ။

ရိပေါ် ဖုန်းနံပါတ် တစ်ခုကိုချက်ချင်းပဲ ကောက်ဆက်လိုက်သည် ။

"ဟယ်လို...ရီရှင်း..၊ ငါ့ ကိုကို ပျောက်နေလို့ တစ်ခုလောက်ကူညီပါကွာ.."

"........."

"အေး...ကျေးဇူးပဲ "

ရီရှင်း က computer နဲ့လက်ထပ်ထားတဲ့ကောင် ။ သူ့စုံစမ်းခိုင်းရင် FBI တွေထက်ပိုမြန်တယ် ။

မကြာခင်​ ကိုကို့ ကို ရှာတွေ့မှာပါ ။

...........

ရှောင်းကျန့် စိတ်ပြေလက်ပျောက် ပန်းချီဆွဲမယ်ဆိုပြီး ထွက်လာတာဖြစ်သည် ။ ယခုတော့ ယုန်လိုက်ဖမ်းရင်းကနေ တောအုပ်ထဲမှာ လမ်းပျောက်နေလေပြီ ။ ပြေးလွှားနေရင်း ချော်လဲထားသေးတာကြောင့် လမ်းလည်း ကောင်းကောင်းမွန်မွန် မလျှောက်နို်င်ပေ ။ ဒီကြားထဲ နေ့လည်တည်းက ဘာမှမစားရသေးတာကြောင့် ဗိုက်ကလည်းဆာနေပြီဖြစ်သည် ။

ဖုန်းဆက်မယ်လုပ်တော့လည်း ဖုန်းက ကားထဲမှာ ကျန်ခဲ့သေးသည် ။ ကံဆိုးမှုတွေက သူ့အပေါ်ပဲကွက်ကျလာလေသလား ။

ရိပေါ်  ငါ့ကို ကယ်ပါဦး ။

...........

ရိပေါ် ရီရှင်း ပို့ပေးတဲ့ အချက်အလက်တွေကြည့်ပြီး ရှောင်းကျန့် ရှိမယ့်နေရာကို ရဲတွေခေါ်ပြီး ရောက်လာခဲ့သည် ။

ကျစ်! ပေကျင်းမြို့ နဲ့ ဝေးတဲ့တောအထိလာဖို့လိုသလား ။

တောနဲ့ မလှမ်းမကမ်း တောင်ကုန်းမြင့်လေးမှာ ရပ်ထားတဲ့
ကားအဖြူလေးကြောင့် ရှောင်းကျန့် ဒီမှာ ရှိတယ်ဆိုတာ ရိပေါ်
အတွက်ပိုပြီးသေချာသွားသည် ။

ရိပေါ် အပြင် ရီရှင်း နဲ့ အတူ ရဲတွေပါ တောထဲအထိ လို်က်ရှာခဲ့ကြသည် ။ နာရီ ကြည့်တော့ ည12 နာရီ ရှိနေလေပြီ ။ ရတယ် ဘယ်အချိန်ဖြစ်ဖြစ် ရိပေါ် ဂရုမစိုက်ပါ ။ ရိပေါ် ဂရုစိုက်တာ
ကိုကို တစ်ယောက်တည်းပဲ ။ အဓိကက ကိုကို့ ကို အမြန်ရှာတွေဖို့ ။

"ကိုကို !!!"

ရိပေါ် ဓာတ်မီးတစ်လက်နဲ့ တောထဲမှာပြေးလွှားနေသည် ။ ချွေးတွေစီးကျနေပြီး မောဟိုက်လာသော်လည်း မိမိကိုယ်မိမိပင်ဂရုမစိုက်နိုင် ။

"ကျန့်ကော !!!"

ရှောင်းကျန့် သူ့နားထဲမှာ ကြားလိုက်ရတဲ့ ခေါ်သံသဲ့သဲ့လေးကြောင့် ဒူးပေါ်မျက်နှာမှောက်အိပ်နေရာကနေ ခေါင်းထောင်ကြည့်လိုက်လေသည် ။

"ရိပေါ် လား ။ ရိပေါ် !! ၊ မင်းလား!!!"

ရိပေါ် ပြေးလွှားနေရင်းကနေ ရှောင်းကျန့် အသံကြားလိုက်ရတာကြောင့် အသံလာတဲ့နေရာဆီသို့ပြေးလာခဲ့သည် ။

"ကျန့်ကော !!!"

ရှောင်းကျန့် မှာ ရိပေါ် အသံမှန်းသိရတော့ ဝမ်းသာသွားရသည် ။

"ရိပေါ် ! ငါဒီဖက်မှာ !!!"

ရိပေါ် ခြုံပုတ်အကြီးကြီးကို ဖြတ်လျှောက်လာတော့ ကျောက်တုံးလေး ပေါ်မှာ ငိုမဲ့မဲ့နဲ့ ထိုင်နေတဲ့ ရှောင်းကျန့် ကိုတွေ့လိုက်ရတော့သည် ။

"ဘယ်လောက်စိတ်ပူသွားလဲဆိုတာ သိရဲ့လားဟမ် !!"

ရှောင်းကျန့် မှာ ရိပေါ် ရောက်လာလို့ မျက်နှာလေးဝင်းလက်သွားပေမယ့် ရိပေါ် က ဆူလိုက်တာကြောင့် ချက်ချင်းမျက်နှာငယ်သွားလေသည် ။

ရီရှင်း နဲ့ ရဲတွေလည်း ရိပေါ် အော်သံကြောင့် ရိပေါ် နဲ့ ရှောင်းကျန့် တို့အနားရောက်လာလေတော့သည် ။

ရှောင်းကျန့် အသံတိုးတိုးလေးနဲ့...

"ရိပေါ်... ငါကလေ..."

"မကြားချင်ဘူး!! ၊ လာ!...ပြန်မယ်"

"အ!!!"

ရိပေါ် က ရှောင်းကျန့် လက်ကို ဆွဲကာထခိုင်းလိုက်ပေမယ့် ရှောင်းကျန့် က ခြေထောက်ဒဏ်ရာကြောင့် ပြန်လဲကျသွားသည် ။

ရိပေါ် ပြာပြာသလဲနဲ့...

"ဘာဖြစ်တာလဲ!"

"ခြေထောက်ခေါက်လဲထားတာ"

"ကျစ်!...ကလေးမဟုတ် ၊ လူကြီးမဟုတ်နဲ့ !!!"

"ဆူပဲဆူနေတာပဲ ။ ပြန်မလိုက်ဘူး...သွား ! ။ တောထဲမှာ ငါ့ကို
ပစ်ထားခဲ့ ။ ငါ ဘယ်လောက်ကြောက်နေရလဲ သိလား ။
ငါ့ကို ရှာမယ့်သူမရှိရင်ရောလို့ တွေးရင်းဝမ်းနည်းနေရတာရော
သိလား...အဲ့တာကို..ဟင့်...အဲ့တာကို...မင်းက... ဆူပဲဆူနေတယ် "

သူ့မှာ ဘယ်လောက်တောင်ကြောက်နေခဲ့ရသလဲ ။ ဒါကို ဒီလူဆိုးကောင်က အလိုက်မသိပဲ လူကိုဆူပဲဆူနေသည် ။

ရှောင်းကျန့် ငိုယိုပြီး ပြောလာတော့လည်း ရိပေါ် စိတ်မကောင်းပေ ။

ရိပေါ် သက်ပြင်းသာ ချလိုက်တော့သည် ။

ကိုကို့ ကို ဘယ်လောက်စိတ်ပူခဲ့ရသလဲဆိုတာ သူ့ကိုယ်သူ အသိဆုံး ။ အော်မိတာကလည်း စိတ်ပူပြီး ဖြစ်သွားတာပင် ။

"တောင်းပန်ပါတယ် ။ ကျွန်တော် စိတ်ပူလို့ပါ ။ ပြန်ကြမယ်လေနော်...ကိုကို "

ရိပေါ် က ရှောင်းကျန့် ပါးပြင်က မျက်ရည်တွေကို သုတ်ပေးရင်း
ချော့ပြောတော့ ရှောင်းကျန့် က ခေါင်းငြိမ့်ပြလာသည် ။

"လာ...ကျောပေါ်တက် "

ရိပေါ် က ရှောင်းကျန့် ရှေ့ကျောပေးပြီး ဒူးထောက်ထိုင်ချလိုက်ငည် ။ ရှောင်းကျန့် လည်း ရိပေါ် ကျောပေါ်မှီတက်လိုက်သည် ။

ရိပေါ် က ရှောင်းကျန့် ကို ကျောပိုးထားရက်နဲ့ပဲ ရီရှင်း ဖက်လှည့်ကာ...

"ကျေးဇူးပဲ ရီရှင်း ။ မင်း သာမရှိရင် ငါရှာတွေ့မှာ မဟုတ်ဘူး "

"ရပါတယ်ကွာ ၊ သွားတော့ "

"အင်း"

ရှောင်းကျန့် ကို ကျောပိုးထွက်သွားတဲ့ ရိပေါ် ကို ကြည့်ပြီး
ကျန်ခဲ့တဲ့ ရီရှင်း နဲ့ ရဲတွေ မနာလိုအားကျ မျက်လုံးလေးတွေ နဲ့
ကြည့်ရင်း ကျန်ခဲ့လေသည် ။

ဘဝ ၊ ဘဝ ကွာလိုက်တာ ။ ငါတို့များ တောထဲလမ်းပျောက်နေရင် လိုက်ရှာမယ့်သူ မပြောနဲ့ လင်းတထိုးထိုး ၊ မြွေကိုက်ကိုက်
ပစ်ထားမယ့် သူတွေချည်း ။

___________________

Continue Reading

You'll Also Like

763K 62.7K 40
Yizhan စာခ်ဳပ္တစ္ခုေၾကာင့္ ဟန္ေဆာင္ခ်စ္သူေတြျဖစ္ခဲ့ရေပမယ့္ တစ္ဖက္က ဟန္ေဆာင္ရံုသက္သက္မဟုတ္ေတာ့တဲ့အခါ ထိုလူသားအေပၚ ပိုင္စိုးျခယ္လွယ္ခ်င္စိတ္ျဖစ္လာတဲ...
1.9M 156K 99
Uni & Zawgyi (owncreation) Starting - 21.9.2021 Ending-7.10.2021 တစ္စံုတစ္ရာ တိုက္ဆိုင္သြားရင္စားေရးသူရဲ့ အမွားပါ။ မေက်နပ္တာမ်ား႐ွိလာရင္စာေရးသူကို တိ...
231K 13.8K 75
မုန်းခဲ့ဖူးသည်...။ အမုန်းတွေ၊အငြိုးတွေပြည့်နေတဲ့ နှလုံးသားဟာ မုန်းဖို့နဲ့နာကျင်အောင်လုပ်ဖို့သာ အမြဲတွေးနေခဲ့ဖူးသည်....။ ကလဲ့စားချေချင်စိတ်တွေဖုံးနေခဲ...
126K 10.5K 10
အထက္​တန္​း​ေက်ာင္​းသား​....အတန္​း​ေခါင္​း​ေဆာင္​. Byun Baekhyun...သူ႔အတန္​းထဲကို​Park Chanyeol​ေျပာင္​းလာ​ေသာအခါ......