Zawgyi
Love create u and me(7)
ဘာလိုလိုနဲ႕ ေက်ာင္းတက္လာတာ တလေတာင္ျပည့္သြားၿပီ။အဲ့လိုပဲ ရီေပၚနဲ႕ေတြ႕ခဲ့တာလဲတလျပည့္သြားၿပီ။က်ေနာ့္ရဲ႕ရင္ဘတ္ထဲကို သူ႕သေဘာက်တံခါးေခါက္ၿပီး ဝင္လာခဲ့တဲ့ေကာင္ေလးကို က်ေနာ္ျပန္လႊတ္ေပးခ်င္စိတ္မရွိေတာ့ဘူး။သူဘယ္လိုပုံစံပဲျဖစ္ေနျဖစ္ေန က်ေနာ့္ႏွလုံးသားကသူ႕ကိုခ်စ္မိေနတာ ေသခ်ာသြားၿပီမို႔ က်ေနာ္သူ႕ကိုဖြင့္ေျပာေတာ့မယ္။
ရီေပၚမင္းသိလား ဒီေန႕မင္းေၾကာင့္ ငါမလုပ္ဖူးတဲ့အရာေတြမွန္သမွ်ကို ငါလုပ္ရေတာ့မယ္။ပထမဆုံးအေနနဲ႕ခ်စ္မိခဲ့သလို တခါမွမေျပာဖူးတဲ့ခ်စ္စကားကိုလဲေျပာရေတာ့မယ္။ငါ့ရင္ထဲကအခ်စ္ကမင္းတေယာက္တည္းအတြက္သီးသန႔္ျဖစ္ေပၚေနသလားမသိပါဘူး။မင္းနဲ႕မွခ်စ္တတ္ခဲ့တယ္။
မွန္ထဲပုံရိပ္ကိုၾကည့္လိုက္သည္။ နက္ျပာေရာင္suit ေလးဝတ္ထားတဲ့ ပိန္ပါးပါးခႏၶာကိုယ္ဟာ ေယာက္်ားပီသမႈအျပည့္နဲ႕ခန႔္ညားေသာအသြင္ကိုေဆာင္ေနသည္။အရင္ကလဲဝတ္ေနက်ေပမဲ့ ဒီေန႕ေတာ့ပိုသပ္ရပ္ေအာင္ဝတ္စားမိသည္။က်ေနာ့္ေကာင္ေလးနဲ႕ေတြ႕ရမွာေလ...။
ကားေမာင္းလာရင္းနဲ႕ ေဘာင္းဘီအိပ္ကပ္ထဲကိုၾကည့္ၿပီး ၿပဳံးလိုက္မိသည္။ဘာရယ္မဟုတ္ ေန႕တိုင္းေက်ာင္းသြားေနရေပမဲ့ ဒီေန႕မွပိုစိတ္လႈပ္ရွားေနသလို...။တုန္ေနေသာ ရင္ဘတ္အား လက္ကေလးနဲ႕ပုတ္ကာ ကိုယ့္ကိုကိုယ္အားေပးလိုက္သည္။မင္းလုပ္နိုင္မွာပါ...ေရွာင္က်န႔္....။
ကားအနက္ေရာင္ေလးဟာ ေက်ာင္းထဲဝင္လာတာနဲ႕ လူေတြကေအာ္ဟစ္ဆူညံသြားၾကတယ္။ေအာ္ေနတဲ့လူအုပ္ႀကီးဘက္ကို လွည့္ၿပီးလက္ကေလးျပလိုက္တယ္။အရင္ဆို ေအာ္ဟစ္သံေတြကိုနားၾကားျမင့္ကတ္ေပမဲ့ ဒီေန႕မွအဲ့အသံေတြက က်ေနာ့္ရင္ထဲကေပ်ာ္႐ႊင္မႈေတြကို ေထာက္ခံေပးေနသလို။
ကားကို VIP ကားပါကင္ထဲထိုးလိုက္တာနဲ႕ ေစာင့္ေမွ်ာ္ေနၾကတဲ့ က်ိဳးခ်န္နဲ႕ဟြိဳက္ခြမ္းကိုေတြ႕ရသည္။ကားေပၚကဆင္းၿပီး လမ္းေလွ်ာက္လာတဲ့ ေရွာင္က်န႔္ဟာ ၿပဳံးၿဖီးၿပီး ေျမာက္ႂကြေျမာက္ႂကြျဖစ္ေနတယ္။ဒီေကာင္ တေန႕တမ်ိဳးမရိုးရေအာင္ ပုံစံေတြေျပာင္းေနေတာ့တာပဲ။႐ူးမ်ားသြားတာလား။
"က်ိဳးခ်န္.....ဟြိဳက္ခြမ္း...အား....မင္းတို႔ကိုအရမ္းခ်စ္တာပဲ...."
အနားေရာက္တာနဲ႕ဆြဲဖက္ၿပီးေျပာလိုက္တဲ့ ေရွာင္က်န႔္ေၾကာင့္ ႏွစ္ေယာက္သားေၾကာင္အသြားရသည္။ဒီေကာင္ႀကီးေဆးမွားေသာက္လာတာလား။သူ႕အသားကိုထိတာ လုံးဝမႀကိဳက္တဲ့ ေရွာင္က်န႔္ကငါတို႔ကိုဖက္ေနတယ္။ေသာက္ဆန္းႀကီး။
"မင္းတို႔ကလဲ ငါ့ကိုဘာေၾကာင္ၾကည့္ေနတာလဲ.... "
လႊတ္ေပးလိုက္တာေတာင္ ေၾကာင္ၾကည့္ေနတဲ့ေရွ႕ကသေကာင့္သားႏွစ္ေကာင္အား အူလည္လည္ပုံစံေလးနဲ႕ေမးမိသည္။
"အားးးးးးး...... "
ကားပါကင္အတြင္း က်ယ္ေလာင္ျမည္ဟိန္းသြားတဲ့ ဟြိဳက္ခြမ္းအသံ။
မ်က္ႏွာႀကီးက ရႈ႕ံမဲ့နီရဲကာ ပန္းသီးအေရညွစ္ ထားသလိုျဖစ္ေနသည္။
ေအာက္ဘက္ကို ငု႔ံၾကည့္လိုက္ေတာ့ က်ိဳးခ်န္ရဲ႕လက္ကဟြိဳက္ခြမ္းကို အားနဲ႕လိမ္ဆြဲထားသည္။
(A/N..ဗိုက္ေခါက္)
ဗိုက္ေခါက္လိမ္ဆြဲခံေနရတဲ့ ဟြိဳက္ခြမ္းက က်ိဳးခ်န္ကိုမေက်မနပ္နားမလည္နိုင္တဲ့ပုံစံနဲ႕ၾကည့္ေနေသာ္လည္း ဘာဆိုဘာမွေတာ့ျပန္မလုပ္။ငါသာဆို ဖင္ကုန္းခိုင္းၿပီး ေနာက္ကေနေဆာင့္ကန္ပစ္မွာ ေနာက္တခါဆြဲဦးမလားဆိုၿပီး။အလကား မယက။
"အားခ်န္ ဘာလုပ္တာလဲ.... ကိုယ္နာေနၿပီ..."
"နာတယ္ နာတယ္ဟုတ္လား...."
ဟြိဳက္ခြမ္းကိုလႊတ္လိုက္ကာ ေမးလာတဲ့က်ိဳးခ်န္....
"ငါက အိမ္မက္မက္ေနတယ္မွတ္လို႔ကြ...."
ဟြိဳက္ခြမ္းမ်က္ႏွာႀကီး သုန္မႈန္သြားေတာ့သည္။လခြမ္း။ေသာက္က်ိဳးနဲဆန္းသစ္မႈႀကီး။အိမ္မက္ထင္ေနရင္လဲ ကိုယ့္ေခါင္းကိုတူနဲ႕ထုၾကည့္ပါလား။ငါ့က်မွ ဗိုက္ေခါက္လာလိမ္ဆြဲရတယ္လို႔။သူ႕ကိုရည္းစားေတာ္ရတာလဲ ငါ့အနာႀကီးပဲ။ၾကည့္ေန သူနာလွည့္ေရာက္မွ အေသၾကမ္းပစ္ဦးမယ္။
"မင္းတို႔ကကြာ ငါ့သူငယ္ခ်င္းေတြမို႔ငါႏႈတ္ဆက္တာကို ဘာျဖစ္ေနၾကတာလဲ...."
"အရင္ကမင္းက သူမ်ားအသားနဲ႕ထိရမွာအရမ္းမုန္းတာေလ..."
"အာ...အဲ့တာက...ငါက...ဟို..."
"မင္း မွာကိစၥထူးတခုရွိေနတယ္မလား.."
ေခါင္းကိုကုတ္ကာ စကားကိုဆုံးေအာင္မေျပာနိုင္ရွာတဲ့ ေရွာင္က်န႔္ကိုၾကည့္ၿပီး ဟြိုက္ခြမ္းကပင္ စကားစျဖတ္ေပးလိုက္ရသည္။
"အင္း...."
ေခါင္းၿငိမ့္ျပကာ ၿပဳံးရင္းေျဖလာပုံအရ ဒါဟာဝမ္ရိေပၚနဲ႕ပတ္သက္ေနတဲ့ကိစၥပဲျဖစ္မည္လို႔ ဟြိဳက္ခြမ္းခန႔္မွန္းလိုက္သည္။
"ဘာကိစၥလဲ...."
က်ေနာ့္ေမးလိုက္ေတာ့ နား႐ြက္ဖ်ားေတြရဲတက္လာကာ ေခါင္းႀကီးငု႔ံရင္း လက္အခ်င္းခ်င္းပြတ္တိုက္ေနတဲ့ေရွာင္က်န႔္ေၾကာင့္ ဝမ္ရိေပၚအၾကာင္းဆိုတာပိုလို႔ပင္ေသခ်ာသြားရသည္။ေအာ္ ေရွာင္က်န႔္ဆိုသည္မွာလဲ ရွက္တတ္ေသးသကိုး...။
"အူမႀကီးကင္ဆာေကာင္ရဲ႕ ေမးေနတာမၾကားဘူးလား ေအာက္မွာေႁမြေတြ႕လို႔လား ျပဴ းၿပဲၾကည့္ေနရေအာင္...."
ေရွ႕က အုမလုပ္အဲမလုပ္တဲ့ ေရွာင္က်န႔္အား က်ိးခ်န္ေသာက္ျမင့္ကတ္လာ၍ ေအာ္ေျပာလိုက္သည္။
"ငါ့ကိုမဆဲနဲ႕ က်ိဳးခ်န္ ငါမႀကိဳက္ဘူး "
မ်က္လုံးမွာေဒါသရိပ္သန္းသြားကာ ေျပာလာတဲ့ေရွာင္က်န႔္ေၾကာင့္ က်ိဳးခ်န္ပါးစပ္ပိတ္လိုက္ရသည္။ဟုတ္သည္။ေရွာင္က်န႔္ဆိုတာ ဆဲတာ စကားအေျပာအဆိုရိုင္းတာလုံးဝမႀကိဳက္။က်ိဳးခ်န္ကိုေတာင္ သူငယ္ခ်င္းအရင္းႀကီးျဖစ္ေနလို႔ သည္းခံေပးေနျခင္းျဖစ္သည္။
"ေအးပါ ငါမဆဲေတာ့ပါဘူး မင္းမွာဘာကိစၥရွိေနလို႔ေပ်ာ္ေနတာလဲ ေမးေနတာေျဖဦးေလ...."
"ငါေပ်ာ္ေနတာက ငါဒီေန႕ဖြင့္ေျပာေတာ့မယ္....ငါသူ႕ကိုခ်စ္ေနတယ္ဆိုတာကို.."
"Wow ေရွာင္က်န႔္ wow မင္းတကယ္ႀကီးေျပာေတာ့မယ္ေပါ့ မင္းေျပာေတာ့မင္းခ်စ္တဲ့သူကမင္းကိုခ်စ္တယ္လို႔ေျပာလာမွ ျပန္ခ်စ္မွာဆို...ဟိုအေခ်ေကာင္က မင္းကိုခ်စ္တယ္လို႔မွမေျပာေသးတာ...."
တအ့ံတၾသေမးလာတဲ့က်ိဳးခ်န္စကားကို ေရွာင္က်န႔္ၿပဳံးလိုက္ရင္း....
"အဲ့ခံယူခ်က္ေတြလဲ ရီေပၚနဲ႕ေတြ႕မွေျပာင္းလဲသြားတာပဲ....ငါအခုသူ႕ကိုခ်စ္တယ္ဆိုတာပဲသိတယ္..."
ႏႈတ္ဆက္အၿပဳံးလွလွေလးၿပဳံးျပကာ အတန္းဘက္ကိုလမ္းေလွ်ာက္လာလိုက္သည္။အတန္းထဲမွာေတြ႕ရမဲ့ ႏွင္းဆီပန္းအနီေလးကိုျမင္ခ်င္လွၿပီ....။
...........................
အတန္းထဲလာတဲ့ ေလွ်ာက္လမ္းတေလွ်ာက္မွာ ႏွင္းဆီပန္းအနီေတြထိုးထားတဲ့ပန္းအိုးႀကီးေတြက ဝင့္ႂကြားထည္ဝါစြာအစီအရီရွိေနတယ္။အရင္ကမရွိပါဘူး။ဒီေန႕ဘာေန႕မို႔လို႔လဲ။အာ ဒီေန႕က april ၁ရက္ေန႕ေလ ဘာေန႕ထူးေန႕ျမတ္မွမရွိတာ....။ပြဲအခမ္းအနားေတြရွိတယ္လို႔လဲမၾကားမိပါဘူး။ေရွာင္က်န႔္ အူလည္လည္ေလးျဖစ္ကာ ဆက္ေလွ်ာက္လာလိုက္သည္။
လမ္းေကြ႕တခုေရာက္ေတာ့ အနီေရာင္ဝတ္စုံေတြဝတ္ဆင္ထားၾကတဲ့လူအုပ္ႀကီး တအုပ္က ေရွာင္က်န႔္ကိုမ်က္ႏွာမူၿပီး ရပ္ေနၾကတယ္။လက္ထဲမွာက မိုးျပာေရာင္ပုဝါေလးေတြကိုယ္စီကိုင္ထားၾကတယ္။ထိုပုဝါစေလးေတြကို ျမင္ေတာ့ ေရွာင္က်န႔္မွတ္ဉာဏ္ထဲ တစုံတေယာက္ကိုေတာင္ သတိရမိသြားတယ္။သူ႕ကိုေတာင္မေတြ႕ျဖစ္တာၾကာေနၿပီပဲ....။
ထိုလူအုပ္ထဲကလူတေယာက္က ထြက္လာတယ္။လက္ထဲကပုဝါေလးကိုျဖန႔္ျပေတာ့ ဖြာခနဲျဖာထြက္က်လာတဲ့ အနီေရာင္ပြင့္ဖတ္ေလးေတြ။ပုဝါေပၚမွာကေတာ့ "ကိုယ့္ရင္ခြင္ထဲကိုယုံယုံၾကည္ၾကည္ဝင္လာခဲ့ပါ"ဆိုတဲ့စာတန္းေလး....။
ထိုစာသားကိုျမင္တာနဲ႕ ေရွာင္က်န႔္ႏႈတ္ခမ္းပါးေလးက လျခမ္းေကြးေလးလိုေကြးၫြတ္သြားတယ္။ေအာက္နားမွာက မဟူရာၾကယ္နက္ေလးတလုံးက လျခမ္းေကြးႏႈတ္ခမ္းေလးကိုအလွတိုးေစၿပီး ထြန္းေတာက္ေနတယ္။ဒီခ်ာတိတ္ကေတာ့ေလ ဘာေတြအဆန္းထြင္ျပန္ၿပီလဲမသိဘူး။
ေရွာင္က်န႔္ပုဝါစေလးကိုယူၿပီးေရွ႕ဆက္ေလွ်ာက္မိေတာ့ ခုနကလူေတြက ေရွာင္က်န႔္အတြက္လမ္းဖယ္ေပးၾကတယ္။တခါတေလ ရီေပၚကအရမ္းနားလည္ရခက္တာပဲ။သူ႕ရဲ႕ပုံစံအစစ္အမွန္က ဘယ္လိုမ်ိဳးလဲဆိုတာ က်ေနာ္မခန႔္မွန္းနိုင္ဘူး။ဘယ္လိုပုံစံပဲျဖစ္ေနျဖစ္ေန က်ေနာ္သူ႕ကိုခ်စ္တာကေတာ့ ေျပာင္းလဲသြားမွာမဟုတ္ဘူး။
ေျခတလွမ္းလွမ္းလိုက္တိုင္း...ႏွာေခါင္းဖ်ားဆီတိုးဝင္ေနတဲ့ ႏွင္းဆီပန္းအန႕ံေတြက တကယ္ပဲေရွာင္က်န႔္ရင္ကိုက်ီဆယ္ေနၾကတယ္။ရင္ဘတ္ထဲမွာ လုံးဝေႏြးေႏြးေလးခံစားေနမိတယ္။
ခႏၶာကိုယ္တေလွ်ာက္ကစီးဆင္းေနတဲ့ေသြးေၾကာမွ်င္ေလးေတြမွာ ၾကည္ႏူးပီတိရိပ္ေလးေတြတရစ္ရစ္တက္ေနတယ္။ခုန္လႈပ္ေနတဲ့ႏွလုံးသားကလဲ ရီေပၚဆိုတဲ့အမည္နာမတခုတည္းကိုပဲ ကိုယ္စားျပဳ ၿပီး အဆက္မျပတ္ေအာ္ျမည္ေနခဲ့တယ္။က်ေနာ္ေတာ့ အခ်စ္ဆိပ္မိေနၿပီထင္ပါရဲ႕ဗ်ာ...။
ဓာတ္ေလွကားတခုရဲ႕ေရွ႕မွာရပ္ရင္း ပုဝါစေလးကိုၾကည့္လိုက္တယ္။က်ေနာ္တို႔အခန္းက အေပၚဆုံးအထပ္မို႔ ဓာတ္ေလွကားကိုအသုံးျပဳတာမ်ားတယ္။ေလးထပ္ပဲဆိုေပမဲ့လဲ ဓာတ္ေလွကားရွိေနတာကို ေျခေထာက္အေညာင္းခံၿပီး အတန္းတက္ရတဲ့အထိ က်ေနာ္ကမိုက္႐ူးရဲမဆန္ဘူးေလ။
ပြင့္ဟလာတဲ့ ဓာတ္ေလွကားထဲမွာ ရပ္ေနတဲ့လူတေယာက္ရွိေနတယ္။ သူကမ်က္ႏွာမွာ ေငြေရာင္မ်က္ႏွာဖုံးေလးကိုဆင္ျမန္းထားတယ္။မ်က္ႏွာဖုံးၾကားက ျမင္ေနရတဲ့ မ်က္ဝန္းေတြကစူးရွၿပီးဆြဲေဆာင္မႈနဲ႕ညို႔ဓာတ္ေတြကိန္းေအာင္းေနတယ္။ဒါဟာ က်ေနာ္ခ်စ္ရတဲ့ေကာင္ေလးဆိုတာ အေသအခ်ာပါပဲ။
မေန႕ကေတြ႕ခဲ့ရတဲ့ ရိုးသားတဲ့မ်က္ဝန္းေလးေတြေတာ့မဟုတ္ခဲ့ဘူး။ဒါေပမဲ့ က်ေနာ္သူ႕ကိုခ်စ္ေနတုန္းပဲ။
သူကက်ေနာ့္ကိုအထဲကိုဝင္လာဖို႔ အမူအရာျပေတာ့ က်ေနာ္လဲမဆိုင္းမတြဘဲဝင္သြားမိတယ္။က်ေနာ္ သူ႕ကိုဖြင့္ေျပာခ်င္ေနၿပီေလ။
သူကအထဲေရာက္တာနဲ႕ ခလုတ္ကိုႏွိပ္လိုက္ေတာ့ ဓာတ္ေလွကားတံခါးကပိတ္သြားေတာ့တယ္။ ဓာတ္ေလွကားထဲမွာရပ္ေနရင္း က်ေနာ့္စိတ္ထဲအမည္မေဖာ္နိုင္တဲ့ေၾကာက္႐ြံ႕မႈတခုကို ခံစားမိလာတယ္။မတုန္မလႈပ္ေအးစက္စက္စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းေၾကာင့္။
က်ေနာ္စိတ္လႈပ္ရွားလာတဲ့အဆုံး သူ႕ဘက္ကိုေက်ာေပးလွည့္လိုက္တယ္။ နီးကပ္လာတဲ့ ေျခလွမ္းတခ်က္နဲ႕ ေက်ာျပင္ကအေႏြးလွိုင္းတခုရိုက္ခတ္လာတာကိုခံစားမိတယ္။စႏၵကူးန့ံသင္းသင္းေလးလဲရတယ္။က်ေနာ့္ရဲ႕ပုခုံးေနာက္ဘက္ကေန ဖေယာင္းလိုေခ်ာမြတ္တဲ့လက္သြယ္သြယ္ေလးေတြေပၚထြက္လာတယ္။
ဖေယာင္းလက္ေလးေတြက က်ေနာ့္လက္ထဲမွာရွိတဲ့ ပုဝါစေလးကိုဆြဲယူလိုက္ၿပီး အသက္ရႈသံခပ္တိုးတိုးေလးက လည္ပင္းသားနားထိလာထိေနတယ္။ေႏြဦးေလေျပလိုမ်ိဳး။ပုဝါစကိုဆြဲယူၿပီးတာနဲ႕ က်ေနာ့္မ်က္လုံးေတြကိုပုဝါစေလးနဲ႕စည္းလိုက္တယ္။လက္ေခ်ာင္းေလးေတြရဲ႕ႏူးည့ံတဲ့အထိအေတြ႕ေတြက က်ေနာ့္ပါးျပင္တေလွ်ာက္ ႏူးည့ံစြာေျပးဆင္းလာတယ္။
က်ေနာ္ စိတ္လႈပ္ရွားသြားေပမဲ့ ႐ုန္းထြက္ဖို႔ေတာ့မႀကိဳးစားမိ။သူ႕ကိုခ်စ္ေနၿပီဆိုတဲ့တခုတည္းေသာအေၾကာင္းရင္းေၾကာင့္...။
နားဖ်ားကိုကပ္ၿပီးေျပာလာတဲ့ၾသရွရွစကားသံအဆုံးမွာ ေရွာင္က်န႔္ကိုယ္တြင္းကရွိန္းခနဲျဖစ္သြားတယ္။မၾကားရတာ ႏွစ္ရက္ေလာက္ရွိေနၿပီျဖစ္တဲ့အသံေလး....Baby တဲ့..။က်ေနာ့္အတြက္ အဲ့ေဝါဟာရကႏွစ္လိုဖြယ္မရွိေပမဲ့ က်ေနာ္ေက်နပ္စြာလက္ခံေပးနိုင္တယ္..။ဒီေဝါဟာရရဲ႕တဦးတည္းေသာမူပိုင္ရွင္က ဝမ္ရိေပၚမို႔လို႔ပဲ...။
ဓာတ္ေလွကားတံခါးဖြင့္သံနဲ႕အတူ ေရွာင္က်န႔္လက္ကလဲ တစုံတေယာက္ရဲ႕လက္ကေလးနဲ႕ထပ္တူက်သြားတယ္။မ်က္စိမွာစည္းထားတဲ့ပုဝါစေၾကာင့္ ေရွ႕ကဘာျမင္ကြင္း ဘာအႏၱရာယ္ကိုမွမျမင္နိုင္ေပမဲ့ က်ေနာ့္လက္ဖဝါးမွာထပ္တူက်ေနတဲ့လက္ေႏြးေႏြးေတြက က်ေနာ့္ကိုလမ္းျပေပးနိုင္တယ္လို႔ ယုံၾကည္ေနမိတယ္။
မင္းတို႔သိလား။ခ်စ္မိရင္ လူတေယာက္ကိုအျပစ္မျမင္ေတာ့ဘူးဆိုတဲ့ စကားကိုငါလက္ခံသြားၿပီ။မင္းတို႔ဆိုရင္ ပုံစံႏွစ္မ်ိဳးနဲ႕ေနာက္ေၾကာင္းရာဇဝင္အတိအက်မသိရတဲ့လူတေယာက္ကိုခ်စ္ေပးနိုင္မလားမသိေပမဲ့ ငါကေတာ့မ်က္စိမွိတ္ၿပီးအ႐ူးအမူးခ်စ္ေနမိၿပီ။နဲနဲ႐ူးေၾကာင္ေၾကာင္နိုင္တယ္မလား။
ေ႐ွ႕ကေကာင္ေလးရဲ႕ေျခလွမ္းေတြရပ္တန္႔သြားတယ္။က်ေနာ္ရပ္ေနတာ ဘယ္ေနရာလဲက်ေနာ္မသိဘူး ။ နီးကပ္လာျပန္တဲ့ေျခသံေတြက က်ေနာ့္ေ႐ွ႕တည့္တည့္မွာ ရပ္တန္႔သြားသည္။မ်က္လႊာႏွစ္စုံကုိဖံုးအုပ္ထားတဲ့ပုဝါစေလးက လက္တစုံရဲ႕ဆြဲျဖဳတ္ခ်မႈေၾကာင့္ ေျပက်သြားတယ္။
လင္းထိန္ေနတဲ့ပတ္ဝန္းက်င္က အတန္ၾကာမွိတ္ထားခဲ့တဲ႔မ်က္ဝန္းႏွစ္စုံကုိ ခံႏိုင္ရည္စြမ္းအားက်ေစတာေၾကာင့္ မ်က္လံုးကုိလက္နဲ႔ပြတ္ၿပီးအားယူၾကည့္လိုက္ရတယ္။ ဒါေက်ာင္းရဲ႕ဘြဲ႔ႏွင္းသဘင္ခန္းမႀကီးပဲ။က်ေနာ္ရပ္ေနတာ စတိတ္စင္ႀကီးေပၚမွာ က်ေနာ့္ေ႐ွ႕မွာက အမ်ားျမင္မွာအေခ်လူသားတျဖစ္လဲ က်ေနာ္ခ်စ္ရတဲ့သူ ဝမ္ရိေပၚ။
စင္ေအာက္မွာက လူေတြအမ်ားႀကီးပဲ ။႐ုတ္တရက္ဒူးေထာက္ထိုင္ခ်လိုက္တဲ့ ရိေပၚေၾကာင့္ခန္းမထဲကလူအုပ္ႀကီးဆီကေနwow ဆိုတဲ့အာေမဋိတ္သံႀကီးကထြက္လာတယ္။ဒီတခါေရာ ဘာေတြလုပ္ျပန္ၿပီလဲ ဝမ္ရိေပၚ။
လက္ထဲမွာကုိင္ထားတဲ့ႏွင္းဆီပန္းအနီကုိ ကမ္းေပးရင္း သူ႔ႏႈတ္ခမ္းဖူးဖူးက စကားသံတခ်ိဳ႕ပ့်ံလြင့္လာတယ္။ခန္းမႀကီးကတိတ္ဆိတ္ေနတယ္။ေ႐ွာင္က်န္႔ရင္ဘတ္ထဲမွာေတာ့ ဝုန္းဒိုင္းၾကဲေနၿပီ။က်ေနာ္ သူ႔ကုိအခုပဲဖြင့္ေျပာလိုက္ခ်င္ၿပီ။
"က်ေနာ္ က်န္႔ေကာကုိခ်စ္တယ္....."
ေလးနက္မႈအျပည့္နဲ႔ ေျပာလာတဲ႔သူ႔စကား။သူကမ္းေပးလာတဲ့ႏွင္းဆီပန္းေလးကုိ မယူႏိုင္ေသးပဲ သူ႔မ်က္လံုးကုိမယုံၾကည္ႏိုင္မႈေတြနဲ႔ စိုက္ၾကည့္ေနမိတယ္။သူက က်ေနာ့္ကုိခ်စ္တယ္တဲ့လား။ၿပီးေတာ့ အဲဒီ့အေခၚအေဝၚ က်န္႔ေကာ။က်ေနာ့္ေခါင္းတခုလံုးေရာ ရင္ဘတ္ႀကီးေရာပူထူေနၿပီ။ခ်စ္တယ္ဆိုတဲ့စကားကိုလူတိုင္းဆီကၾကားဖူးေပမဲ့ အခုလိုေပ်ာ္ရႊင္မႈမ်ိဳး တခါမွမခံစားဖူးဘူး။
က်ေနာ္အရမ္းေပ်ာ္တယ္။က်ေနာ္ခ်စ္ရတဲ့သူက က်ေနာ့္ကုိခ်စ္တယ္လို႔ေျပာတယ္။က်ေနာ္လဲသူ႔ကုိခ်စ္ေနတယ္ဆိုတာ အျမန္ဖြင့္ေျပာရမယ္။က်ေနာ့္လက္ထဲေရာက္ေနတဲ့ႏွင္းဆီပန္းေလးရယ္။က်ေနာ္ သူ႔ကုိခ်စ္တယ္။
"ငါလဲ မင္းကုိ...ခ်စ္..."
"APRIL FOOL"
က်ေနာ့္စကားေတာင္မဆံုးႏိုင္ေသးခင္မွာပဲ
ဒူးေထာက္ထားရာကေန မတ္တပ္ရပ္လိုက္ၿပီး မဲ့ျပံဳးတခုနဲ႔ေျပာလာတဲ့သူ။မ်က္ႏွာထက္က မ်က္ႏွာဖံုးကုိဆြဲခြာလိုက္ၿပီး အ့ံျသမႈနဲ႔နာက်င္ေနတဲ့က်ေနာ့္မ်က္ႏွာကုိအရသာခံၿပီး ၾကည့္ေနတယ္။သူ႔မ်က္ႏွာမွာကေအာင္ႏိုင္သူလိုအျပံဳးတခုနဲ႔...။
အခုက်ေနာ့္အခ်စ္ကုိအ႐ူးလုပ္ခံလိုက္ရတာလား။ခ်စ္တယ္ဆိုတဲ့စကားကုိအ႐ူးလုပ္ၿပီး အေျပာခံလိုက္ရတာလား။
"ဒီေန႔က apirl 1ရက္ေန႔ေလ အဲ့အတြက္ april fool လုပ္ၾကည့္တာ... မဆိုးပါဘူး...အရမ္းေပ်ာ္ဖို႔ေကာင္းတာပဲ...."
ေ႐ွာင္က်န္႔ဘာမွမေျပာႏိုင္ပဲ ဝမ္ရိေပၚမ်က္လံုးေတြကုိသာစိုက္ၾကည့္ေနမိတယ္။ စိတ္ထဲမွာ ဘာလို႔လဲ ဆိုတဲ့ေမးခြန္းမ်ားစြာနဲ႔....။
"ကုိယ္က ေယာက္်ားေလးခ်င္းသေဘာမက်ဘူး.. "
ဝမ္ရိေပၚပါးစပ္ကထြက္လာတဲ့ စကားတခြန္းခ်င္းစီက ေ႐ွာင္က်န္႔ရင္ကုိဓားနဲ႔ေမႊေနသလိုပဲ။နာက်င္မႈေတြကုိျဖစ္ေပၚေနေစတယ္။
"ေအာ္...ဒါကကုိယ့္ခ်စ္သူေလ....ယြင္႐ွီးတဲ့...."
ျဖဴသြယ္သြယ္ေကာင္မေလးတေယာက္က ရီေပၚေဘးနားေရာက္လာတယ္။သူမမ်က္ႏွာမွာအျပံဳးတပြင့္ကုိဆင္ျမန္းထားၿပီးေတာ့ ရီေပၚခါးေတြကုိဖက္ထားတယ္။ရီေပၚရဲ႕လက္အစံုတို႔ကလဲ သူမရဲ႕ပခုံးသားေတြေပၚဖက္ထားတယ္။ေ႐ွ႕ကျမင္ကြင္းက က်ေနာ့္ရင္ကုိမီးနဲ႔ၿမိဳက္ေနသလို ပူေလာင္ေစတယ္။
"ကုိယ္သြားၿပီေနာ္ ဘိုင့္ဘိုင္ happy april fool day ပါ baby...."
ထြက္ခြာသြားတဲ့ေနာက္ေၾကာျပင္ႏွစ္ခုက ေရထဲျမင္ေနရတဲ့အရိပ္လိုဝိုးတဝါးျဖစ္ေနတယ္။မ်က္လံုးအစံုမွာက မ်က္ရည္စေတြနဲ႔ျပည့္လ်ွံေနတယ္။ရင္ထဲမွာ နာက်င္ၿပီး မြန္းၾကပ္လိုက္တာ...။
Xiao Zhan's pov
လက္ထဲကတင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားတဲ့ႏွင္းဆီပန္းေလးရဲ႕႐ုိးတံဟာ ဆူးေတြနဲ႔ျပည့္ေနခဲ့တယ္။ေသြးစက္ေတြကလဲ ႏွင္းဆီပန္းရဲ႕ပြင့္ဖတ္ေတြေပၚစိုစြတ္ၿပီး စီးက်ေနတယ္။႐ုတ္တရက္ရြာခ်လာတဲ့မိုးေတြက က်ေနာ့္ပါးျပင္ကမ်က္ရည္စေတြကုိ အေဝးကုိသယ္ေဆာင္သြားေပးႏိုင္ရင္ေကာင္းမယ္။
ၾကမ္းျပင္ေပၚကုိက်သြားတဲ့ ႏွင္းဆီပန္းေလးဟာ ေသြးစက္ေတြစိုၿပီး ပြင့္ဖတ္တို႔ေႂကြလႊင့္ကုန္တယ္။သက္႐ွိႏွလံုးသားေလးတစုံဟာလဲ ဆူးရာအထပ္ထပ္နဲ႔ ေသြးအစက္စက္ယိုၿပီး ကြဲေၾကသြားခဲ့ၿပီ။
Wang Yi bo's pov
လမ္းေဘးတေနရာမွာ ဒိုင္ယာရီစာအုပ္ေလး တအုပ္ကလႊင့္ပစ္ျခင္းခံထားရတယ္။ ေျမျပင္ေပၚမွာ က်ေနတဲ့ဒိုင္ယာရီ စာအုပ္ေလးဟာ ေနာက္ဆံုးစာမ်က္ႏွာေလးက ပြင့္ဟေနတယ္။
Game over
Heart broken... 💔💔
..........................................................................
Unicode
Love create u and me(7)
ဘာလိုလိုနဲ့ ကျောင်းတက်လာတာ တလတောင်ပြည့်သွားပြီ။အဲ့လိုပဲ ရီပေါ်နဲ့တွေ့ခဲ့တာလဲတလပြည့်သွားပြီ။ကျနော့်ရဲ့ရင်ဘတ်ထဲကို သူ့သဘောကျတံခါးခေါက်ပြီး ဝင်လာခဲ့တဲ့ကောင်လေးကို ကျနော်ပြန်လွှတ်ပေးချင်စိတ်မရှိတော့ဘူး။သူဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ ကျနော့်နှလုံးသားကသူ့ကိုချစ်မိနေတာ သေချာသွားပြီမို့ ကျနော်သူ့ကိုဖွင့်ပြောတော့မယ်။
ရီပေါ်မင်းသိလား ဒီနေ့မင်းကြောင့် ငါမလုပ်ဖူးတဲ့အရာတွေမှန်သမျှကို ငါလုပ်ရတော့မယ်။ပထမဆုံးအနေနဲ့ချစ်မိခဲ့သလို တခါမှမပြောဖူးတဲ့ချစ်စကားကိုလဲပြောရတော့မယ်။ငါ့ရင်ထဲကအချစ်ကမင်းတယောက်တည်းအတွက်သီးသန့်ဖြစ်ပေါ်နေသလားမသိပါဘူး။မင်းနဲ့မှချစ်တတ်ခဲ့တယ်။
မှန်ထဲပုံရိပ်ကိုကြည့်လိုက်သည်။ နက်ပြာရောင်suit လေးဝတ်ထားတဲ့ ပိန်ပါးပါးခန္ဓာကိုယ်ဟာ ယောက်ျားပီသမှုအပြည့်နဲ့ခန့်ညားသောအသွင်ကိုဆောင်နေသည်။အရင်ကလဲဝတ်နေကျပေမဲ့ ဒီနေ့တော့ပိုသပ်ရပ်အောင်ဝတ်စားမိသည်။ကျနော့်ကောင်လေးနဲ့တွေ့ရမှာလေ...။
ကားမောင်းလာရင်းနဲ့ ဘောင်းဘီအိပ်ကပ်ထဲကိုကြည့်ပြီး ပြုံးလိုက်မိသည်။ဘာရယ်မဟုတ် နေ့တိုင်းကျောင်းသွားနေရပေမဲ့ ဒီနေ့မှပိုစိတ်လှုပ်ရှားနေသလို...။တုန်နေသော ရင်ဘတ်အား လက်ကလေးနဲ့ပုတ်ကာ ကိုယ့်ကိုကိုယ်အားပေးလိုက်သည်။မင်းလုပ်နိုင်မှာပါ...ရှောင်ကျန့်....။
ကားအနက်ရောင်လေးဟာ ကျောင်းထဲဝင်လာတာနဲ့ လူတွေကအော်ဟစ်ဆူညံသွားကြတယ်။အော်နေတဲ့လူအုပ်ကြီးဘက်ကို လှည့်ပြီးလက်ကလေးပြလိုက်တယ်။အရင်ဆို အော်ဟစ်သံတွေကိုနားကြားမြင့်ကတ်ပေမဲ့ ဒီနေ့မှအဲ့အသံတွေက ကျနော့်ရင်ထဲကပျော်ရွှင်မှုတွေကို ထောက်ခံပေးနေသလို။
ကားကို VIP ကားပါကင်ထဲထိုးလိုက်တာနဲ့ စောင့်မျှော်နေကြတဲ့ ကျိုးချန်နဲ့ဟွိုက်ခွမ်းကိုတွေ့ရသည်။ကားပေါ်ကဆင်းပြီး လမ်းလျှောက်လာတဲ့ ရှောင်ကျန့်ဟာ ပြုံးဖြီးပြီး မြောက်ကြွမြောက်ကြွဖြစ်နေတယ်။ဒီကောင် တနေ့တမျိုးမရိုးရအောင် ပုံစံတွေပြောင်းနေတော့တာပဲ။ရူးများသွားတာလား။
"ကျိုးချန်.....ဟွိုက်ခွမ်း...အား....မင်းတို့ကိုအရမ်းချစ်တာပဲ...."
အနားရောက်တာနဲ့ဆွဲဖက်ပြီးပြောလိုက်တဲ့ ရှောင်ကျန့်ကြောင့် နှစ်ယောက်သားကြောင်အသွားရသည်။ဒီကောင်ကြီးဆေးမှားသောက်လာတာလား။သူ့အသားကိုထိတာ လုံးဝမကြိုက်တဲ့ ရှောင်ကျန့်ကငါတို့ကိုဖက်နေတယ်။သောက်ဆန်းကြီး။
"မင်းတို့ကလဲ ငါ့ကိုဘာကြောင်ကြည့်နေတာလဲ.... "
လွှတ်ပေးလိုက်တာတောင် ကြောင်ကြည့်နေတဲ့ရှေ့ကသကောင့်သားနှစ်ကောင်အား အူလည်လည်ပုံစံလေးနဲ့မေးမိသည်။
"အားးးးးးး...... "
ကားပါကင်အတွင်း ကျယ်လောင်မြည်ဟိန်းသွားတဲ့ ဟွိုက်ခွမ်းအသံ။
မျက်နှာကြီးက ရှု့ံမဲ့နီရဲကာ ပန်းသီးအရေညှစ် ထားသလိုဖြစ်နေသည်။
အောက်ဘက်ကို ငု့ံကြည့်လိုက်တော့ ကျိုးချန်ရဲ့လက်ကဟွိုက်ခွမ်းကို အားနဲ့လိမ်ဆွဲထားသည်။
(A/N..ဗိုက်ခေါက်)
ဗိုက်ခေါက်လိမ်ဆွဲခံနေရတဲ့ ဟွိုက်ခွမ်းက ကျိုးချန်ကိုမကျေမနပ်နားမလည်နိုင်တဲ့ပုံစံနဲ့ကြည့်နေသော်လည်း ဘာဆိုဘာမှတော့ပြန်မလုပ်။ငါသာဆို ဖင်ကုန်းခိုင်းပြီး နောက်ကနေဆောင့်ကန်ပစ်မှာ နောက်တခါဆွဲဦးမလားဆိုပြီး။အလကား မယက။
"အားချန် ဘာလုပ်တာလဲ.... ကိုယ်နာနေပြီ..."
"နာတယ် နာတယ်ဟုတ်လား...."
ဟွိုက်ခွမ်းကိုလွှတ်လိုက်ကာ မေးလာတဲ့ကျိုးချန်....
"ငါက အိမ်မက်မက်နေတယ်မှတ်လို့ကွ...."
ဟွိုက်ခွမ်းမျက်နှာကြီး သုန်မှုန်သွားတော့သည်။လခွမ်း။သောက်ကျိုးနဲဆန်းသစ်မှုကြီး။အိမ်မက်ထင်နေရင်လဲ ကိုယ့်ခေါင်းကိုတူနဲ့ထုကြည့်ပါလား။ငါ့ကျမှ ဗိုက်ခေါက်လာလိမ်ဆွဲရတယ်လို့။သူ့ကိုရည်းစားတော်ရတာလဲ ငါ့အနာကြီးပဲ။ကြည့်နေ သူနာလှည့်ရောက်မှ အသေကြမ်းပစ်ဦးမယ်။
"မင်းတို့ကကွာ ငါ့သူငယ်ချင်းတွေမို့ငါနှုတ်ဆက်တာကို ဘာဖြစ်နေကြတာလဲ...."
"အရင်ကမင်းက သူများအသားနဲ့ထိရမှာအရမ်းမုန်းတာလေ..."
"အာ...အဲ့တာက...ငါက...ဟို..."
"မင်း မှာကိစ္စထူးတခုရှိနေတယ်မလား.."
ခေါင်းကိုကုတ်ကာ စကားကိုဆုံးအောင်မပြောနိုင်ရှာတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ဟွိုက်ခွမ်းကပင် စကားစဖြတ်ပေးလိုက်ရသည်။
"အင်း...."
ခေါင်းငြိမ့်ပြကာ ပြုံးရင်းဖြေလာပုံအရ ဒါဟာဝမ်ရိပေါ်နဲ့ပတ်သက်နေတဲ့ကိစ္စပဲဖြစ်မည်လို့ ဟွိုက်ခွမ်းခန့်မှန်းလိုက်သည်။
"ဘာကိစ္စလဲ...."
ကျနော့်မေးလိုက်တော့ နားရွက်ဖျားတွေရဲတက်လာကာ ခေါင်းကြီးငု့ံရင်း လက်အချင်းချင်းပွတ်တိုက်နေတဲ့ရှောင်ကျန့်ကြောင့် ဝမ်ရိပေါ်အကြာင်းဆိုတာပိုလို့ပင်သေချာသွားရသည်။အော် ရှောင်ကျန့်ဆိုသည်မှာလဲ ရှက်တတ်သေးသကိုး...။
"အူမကြီးကင်ဆာကောင်ရဲ့ မေးနေတာမကြားဘူးလား အောက်မှာမြွေတွေ့လို့လား ပြူ းပြဲကြည့်နေရအောင်...."
ရှေ့က အုမလုပ်အဲမလုပ်တဲ့ ရှောင်ကျန့်အား ကျိးချန်သောက်မြင့်ကတ်လာ၍ အော်ပြောလိုက်သည်။
"ငါ့ကိုမဆဲနဲ့ ကျိုးချန် ငါမကြိုက်ဘူး "
မျက်လုံးမှာဒေါသရိပ်သန်းသွားကာ ပြောလာတဲ့ရှောင်ကျန့်ကြောင့် ကျိုးချန်ပါးစပ်ပိတ်လိုက်ရသည်။ဟုတ်သည်။ရှောင်ကျန့်ဆိုတာ ဆဲတာ စကားအပြောအဆိုရိုင်းတာလုံးဝမကြိုက်။ကျိုးချန်ကိုတောင် သူငယ်ချင်းအရင်းကြီးဖြစ်နေလို့ သည်းခံပေးနေခြင်းဖြစ်သည်။
"အေးပါ ငါမဆဲတော့ပါဘူး မင်းမှာဘာကိစ္စရှိနေလို့ပျော်နေတာလဲ မေးနေတာဖြေဦးလေ...."
"ငါပျော်နေတာက ငါဒီနေ့ဖွင့်ပြောတော့မယ်....ငါသူ့ကိုချစ်နေတယ်ဆိုတာကို.."
"Wow ရှောင်ကျန့် wow မင်းတကယ်ကြီးပြောတော့မယ်ပေါ့ မင်းပြောတော့မင်းချစ်တဲ့သူကမင်းကိုချစ်တယ်လို့ပြောလာမှ ပြန်ချစ်မှာဆို...ဟိုအချေကောင်က မင်းကိုချစ်တယ်လို့မှမပြောသေးတာ...."
တအ့ံတသြမေးလာတဲ့ကျိုးချန်စကားကို ရှောင်ကျန့်ပြုံးလိုက်ရင်း....
"အဲ့ခံယူချက်တွေလဲ ရီပေါ်နဲ့တွေ့မှပြောင်းလဲသွားတာပဲ....ငါအခုသူ့ကိုချစ်တယ်ဆိုတာပဲသိတယ်..."
နှုတ်ဆက်အပြုံးလှလှလေးပြုံးပြကာ အတန်းဘက်ကိုလမ်းလျှောက်လာလိုက်သည်။အတန်းထဲမှာတွေ့ရမဲ့ နှင်းဆီပန်းအနီလေးကိုမြင်ချင်လှပြီ....။
...........................
အတန်းထဲလာတဲ့ လျှောက်လမ်းတလျှောက်မှာ နှင်းဆီပန်းအနီတွေထိုးထားတဲ့ပန်းအိုးကြီးတွေက ဝင့်ကြွားထည်ဝါစွာအစီအရီရှိနေတယ်။အရင်ကမရှိပါဘူး။ဒီနေ့ဘာနေ့မို့လို့လဲ။အာ ဒီနေ့က april ၁ရက်နေ့လေ ဘာနေ့ထူးနေ့မြတ်မှမရှိတာ....။ပွဲအခမ်းအနားတွေရှိတယ်လို့လဲမကြားမိပါဘူး။ရှောင်ကျန့် အူလည်လည်လေးဖြစ်ကာ ဆက်လျှောက်လာလိုက်သည်။
လမ်းကွေ့တခုရောက်တော့ အနီရောင်ဝတ်စုံတွေဝတ်ဆင်ထားကြတဲ့လူအုပ်ကြီး တအုပ်က ရှောင်ကျန့်ကိုမျက်နှာမူပြီး ရပ်နေကြတယ်။လက်ထဲမှာက မိုးပြာရောင်ပုဝါလေးတွေကိုယ်စီကိုင်ထားကြတယ်။ထိုပုဝါစလေးတွေကို မြင်တော့ ရှောင်ကျန့်မှတ်ဉာဏ်ထဲ တစုံတယောက်ကိုတောင် သတိရမိသွားတယ်။သူ့ကိုတောင်မတွေ့ဖြစ်တာကြာနေပြီပဲ....။
ထိုလူအုပ်ထဲကလူတယောက်က ထွက်လာတယ်။လက်ထဲကပုဝါလေးကိုဖြန့်ပြတော့ ဖွာခနဲဖြာထွက်ကျလာတဲ့ အနီရောင်ပွင့်ဖတ်လေးတွေ။ပုဝါပေါ်မှာကတော့ "ကိုယ့်ရင်ခွင်ထဲကိုယုံယုံကြည်ကြည်ဝင်လာခဲ့ပါ"ဆိုတဲ့စာတန်းလေး....။
ထိုစာသားကိုမြင်တာနဲ့ ရှောင်ကျန့်နှုတ်ခမ်းပါးလေးက လခြမ်းကွေးလေးလိုကွေးညွတ်သွားတယ်။အောက်နားမှာက မဟူရာကြယ်နက်လေးတလုံးက လခြမ်းကွေးနှုတ်ခမ်းလေးကိုအလှတိုးစေပြီး ထွန်းတောက်နေတယ်။ဒီချာတိတ်ကတော့လေ ဘာတွေအဆန်းထွင်ပြန်ပြီလဲမသိဘူး။
ရှောင်ကျန့်ပုဝါစလေးကိုယူပြီးရှေ့ဆက်လျှောက်မိတော့ ခုနကလူတွေက ရှောင်ကျန့်အတွက်လမ်းဖယ်ပေးကြတယ်။တခါတလေ ရီပေါ်ကအရမ်းနားလည်ရခက်တာပဲ။သူ့ရဲ့ပုံစံအစစ်အမှန်က ဘယ်လိုမျိုးလဲဆိုတာ ကျနော်မခန့်မှန်းနိုင်ဘူး။ဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ ကျနော်သူ့ကိုချစ်တာကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။
ခြေတလှမ်းလှမ်းလိုက်တိုင်း...နှာခေါင်းဖျားဆီတိုးဝင်နေတဲ့ နှင်းဆီပန်းအန့ံတွေက တကယ်ပဲရှောင်ကျန့်ရင်ကိုကျီဆယ်နေကြတယ်။ရင်ဘတ်ထဲမှာ လုံးဝနွေးနွေးလေးခံစားနေမိတယ်။
ခန္ဓာကိုယ်တလျှောက်ကစီးဆင်းနေတဲ့သွေးကြောမျှင်လေးတွေမှာ ကြည်နူးပီတိရိပ်လေးတွေတရစ်ရစ်တက်နေတယ်။ခုန်လှုပ်နေတဲ့နှလုံးသားကလဲ ရီပေါ်ဆိုတဲ့အမည်နာမတခုတည်းကိုပဲ ကိုယ်စားပြု ပြီး အဆက်မပြတ်အော်မြည်နေခဲ့တယ်။ကျနော်တော့ အချစ်ဆိပ်မိနေပြီထင်ပါရဲ့ဗျာ...။
ဓာတ်လှေကားတခုရဲ့ရှေ့မှာရပ်ရင်း ပုဝါစလေးကိုကြည့်လိုက်တယ်။ကျနော်တို့အခန်းက အပေါ်ဆုံးအထပ်မို့ ဓာတ်လှေကားကိုအသုံးပြုတာများတယ်။လေးထပ်ပဲဆိုပေမဲ့လဲ ဓာတ်လှေကားရှိနေတာကို ခြေထောက်အညောင်းခံပြီး အတန်းတက်ရတဲ့အထိ ကျနော်ကမိုက်ရူးရဲမဆန်ဘူးလေ။
ပွင့်ဟလာတဲ့ ဓာတ်လှေကားထဲမှာ ရပ်နေတဲ့လူတယောက်ရှိနေတယ်။ သူကမျက်နှာမှာ ငွေရောင်မျက်နှာဖုံးလေးကိုဆင်မြန်းထားတယ်။မျက်နှာဖုံးကြားက မြင်နေရတဲ့ မျက်ဝန်းတွေကစူးရှပြီးဆွဲဆောင်မှုနဲ့ညို့ဓာတ်တွေကိန်းအောင်းနေတယ်။ဒါဟာ ကျနော်ချစ်ရတဲ့ကောင်လေးဆိုတာ အသေအချာပါပဲ။
မနေ့ကတွေ့ခဲ့ရတဲ့ ရိုးသားတဲ့မျက်ဝန်းလေးတွေတော့မဟုတ်ခဲ့ဘူး။ဒါပေမဲ့ ကျနော်သူ့ကိုချစ်နေတုန်းပဲ။
သူကကျနော့်ကိုအထဲကိုဝင်လာဖို့ အမူအရာပြတော့ ကျနော်လဲမဆိုင်းမတွဘဲဝင်သွားမိတယ်။ကျနော် သူ့ကိုဖွင့်ပြောချင်နေပြီလေ။
သူကအထဲရောက်တာနဲ့ ခလုတ်ကိုနှိပ်လိုက်တော့ ဓာတ်လှေကားတံခါးကပိတ်သွားတော့တယ်။ ဓာတ်လှေကားထဲမှာရပ်နေရင်း ကျနော့်စိတ်ထဲအမည်မဖော်နိုင်တဲ့ကြောက်ရွံ့မှုတခုကို ခံစားမိလာတယ်။မတုန်မလှုပ်အေးစက်စက်စိုက်ကြည့်နေတဲ့ မျက်ဝန်းကြောင့်။
ကျနော်စိတ်လှုပ်ရှားလာတဲ့အဆုံး သူ့ဘက်ကိုကျောပေးလှည့်လိုက်တယ်။ နီးကပ်လာတဲ့ ခြေလှမ်းတချက်နဲ့ ကျောပြင်ကအနွေးလှိုင်းတခုရိုက်ခတ်လာတာကိုခံစားမိတယ်။စန္ဒကူးန့ံသင်းသင်းလေးလဲရတယ်။ကျနော့်ရဲ့ပုခုံးနောက်ဘက်ကနေ ဖယောင်းလိုချောမွတ်တဲ့လက်သွယ်သွယ်လေးတွေပေါ်ထွက်လာတယ်။
ဖယောင်းလက်လေးတွေက ကျနော့်လက်ထဲမှာရှိတဲ့ ပုဝါစလေးကိုဆွဲယူလိုက်ပြီး အသက်ရှုသံခပ်တိုးတိုးလေးက လည်ပင်းသားနားထိလာထိနေတယ်။နွေဦးလေပြေလိုမျိုး။ပုဝါစကိုဆွဲယူပြီးတာနဲ့ ကျနော့်မျက်လုံးတွေကိုပုဝါစလေးနဲ့စည်းလိုက်တယ်။လက်ချောင်းလေးတွေရဲ့နူးည့ံတဲ့အထိအတွေ့တွေက ကျနော့်ပါးပြင်တလျှောက် နူးည့ံစွာပြေးဆင်းလာတယ်။
ကျနော် စိတ်လှုပ်ရှားသွားပေမဲ့ ရုန်းထွက်ဖို့တော့မကြိုးစားမိ။သူ့ကိုချစ်နေပြီဆိုတဲ့တခုတည်းသောအကြောင်းရင်းကြောင့်...။
နားဖျားကိုကပ်ပြီးပြောလာတဲ့သြရှရှစကားသံအဆုံးမှာ ရှောင်ကျန့်ကိုယ်တွင်းကရှိန်းခနဲဖြစ်သွားတယ်။မကြားရတာ နှစ်ရက်လောက်ရှိနေပြီဖြစ်တဲ့အသံလေး....Baby တဲ့..။ကျနော့်အတွက် အဲ့ဝေါဟာရကနှစ်လိုဖွယ်မရှိပေမဲ့ ကျနော်ကျေနပ်စွာလက်ခံပေးနိုင်တယ်..။ဒီဝေါဟာရရဲ့တဦးတည်းသောမူပိုင်ရှင်က ဝမ်ရိပေါ်မို့လို့ပဲ...။
ဓာတ်လှေကားတံခါးဖွင့်သံနဲ့အတူ ရှောင်ကျန့်လက်ကလဲ တစုံတယောက်ရဲ့လက်ကလေးနဲ့ထပ်တူကျသွားတယ်။မျက်စိမှာစည်းထားတဲ့ပုဝါစကြောင့် ရှေ့ကဘာမြင်ကွင်း ဘာအန္တရာယ်ကိုမှမမြင်နိုင်ပေမဲ့ ကျနော့်လက်ဖဝါးမှာထပ်တူကျနေတဲ့လက်နွေးနွေးတွေက ကျနော့်ကိုလမ်းပြပေးနိုင်တယ်လို့ ယုံကြည်နေမိတယ်။
မင်းတို့သိလား။ချစ်မိရင် လူတယောက်ကိုအပြစ်မမြင်တော့ဘူးဆိုတဲ့ စကားကိုငါလက်ခံသွားပြီ။မင်းတို့ဆိုရင် ပုံစံနှစ်မျိုးနဲ့နောက်ကြောင်းရာဇဝင်အတိအကျမသိရတဲ့လူတယောက်ကိုချစ်ပေးနိုင်မလားမသိပေမဲ့ ငါကတော့မျက်စိမှိတ်ပြီးအရူးအမူးချစ်နေမိပြီ။နဲနဲရူးကြောင်ကြောင်နိုင်တယ်မလား။
ရှေ့ကကောင်လေးရဲ့ခြေလှမ်းတွေရပ်တန့်သွားတယ်။ကျနော်ရပ်နေတာ ဘယ်နေရာလဲကျနော်မသိဘူး ။ နီးကပ်လာပြန်တဲ့ခြေသံတွေက ကျနော့်ရှေ့တည့်တည့်မှာ ရပ်တန့်သွားသည်။မျက်လွှာနှစ်စုံကိုဖုံးအုပ်ထားတဲ့ပုဝါစလေးက လက်တစုံရဲ့ဆွဲဖြုတ်ချမှုကြောင့် ပြေကျသွားတယ်။
လင်းထိန်နေတဲ့ပတ်ဝန်းကျင်က အတန်ကြာမှိတ်ထားခဲ့တဲ့မျက်ဝန်းနှစ်စုံကို ခံနိုင်ရည်စွမ်းအားကျစေတာကြောင့် မျက်လုံးကိုလက်နဲ့ပွတ်ပြီးအားယူကြည့်လိုက်ရတယ်။ ဒါကျောင်းရဲ့ဘွဲ့နှင်းသဘင်ခန်းမကြီးပဲ။ကျနော်ရပ်နေတာ စတိတ်စင်ကြီးပေါ်မှာ ကျနော့်ရှေ့မှာက အများမြင်မှာအချေလူသားတဖြစ်လဲ ကျနော်ချစ်ရတဲ့သူ ဝမ်ရိပေါ်။
စင်အောက်မှာက လူတွေအများကြီးပဲ ။ရုတ်တရက်ဒူးထောက်ထိုင်ချလိုက်တဲ့ ရိပေါ်ကြောင့်ခန်းမထဲကလူအုပ်ကြီးဆီကနေwow ဆိုတဲ့အာမေဋိတ်သံကြီးကထွက်လာတယ်။ဒီတခါရော ဘာတွေလုပ်ပြန်ပြီလဲ ဝမ်ရိပေါ်။
လက်ထဲမှာကိုင်ထားတဲ့နှင်းဆီပန်းအနီကို ကမ်းပေးရင်း သူ့နှုတ်ခမ်းဖူးဖူးက စကားသံတချို့ပျ့ံလွင့်လာတယ်။ခန်းမကြီးကတိတ်ဆိတ်နေတယ်။ရှောင်ကျန့်ရင်ဘတ်ထဲမှာတော့ ဝုန်းဒိုင်းကြဲနေပြီ။ကျနော် သူ့ကိုအခုပဲဖွင့်ပြောလိုက်ချင်ပြီ။
"ကျနော် ကျန့်ကောကိုချစ်တယ်....."
လေးနက်မှုအပြည့်နဲ့ ပြောလာတဲ့သူ့စကား။သူကမ်းပေးလာတဲ့နှင်းဆီပန်းလေးကို မယူနိုင်သေးပဲ သူ့မျက်လုံးကိုမယုံကြည်နိုင်မှုတွေနဲ့ စိုက်ကြည့်နေမိတယ်။သူက ကျနော့်ကိုချစ်တယ်တဲ့လား။ပြီးတော့ အဲဒီ့အခေါ်အဝေါ် ကျန့်ကော။ကျနော့်ခေါင်းတခုလုံးရော ရင်ဘတ်ကြီးရောပူထူနေပြီ။ချစ်တယ်ဆိုတဲ့စကားကိုလူတိုင်းဆီကကြားဖူးပေမဲ့ အခုလိုပျော်ရွှင်မှုမျိုး တခါမှမခံစားဖူးဘူး။
ကျနော်အရမ်းပျော်တယ်။ကျနော်ချစ်ရတဲ့သူက ကျနော့်ကိုချစ်တယ်လို့ပြောတယ်။ကျနော်လဲသူ့ကိုချစ်နေတယ်ဆိုတာ အမြန်ဖွင့်ပြောရမယ်။ကျနော့်လက်ထဲရောက်နေတဲ့နှင်းဆီပန်းလေးရယ်။ကျနော် သူ့ကိုချစ်တယ်။
"ငါလဲ မင်းကို...ချစ်..."
"APRIL FOOL"
ကျနော့်စကားတောင်မဆုံးနိုင်သေးခင်မှာပဲ
ဒူးထောက်ထားရာကနေ မတ်တပ်ရပ်လိုက်ပြီး မဲ့ပြုံးတခုနဲ့ပြောလာတဲ့သူ။မျက်နှာထက်က မျက်နှာဖုံးကိုဆွဲခွာလိုက်ပြီး အ့ံသြမှုနဲ့နာကျင်နေတဲ့ကျနော့်မျက်နှာကိုအရသာခံပြီး ကြည့်နေတယ်။သူ့မျက်နှာမှာကအောင်နိုင်သူလိုအပြုံးတခုနဲ့...။
အခုကျနော့်အချစ်ကိုအရူးလုပ်ခံလိုက်ရတာလား။ချစ်တယ်ဆိုတဲ့စကားကိုအရူးလုပ်ပြီး အပြောခံလိုက်ရတာလား။
"ဒီနေ့က apirl 1ရက်နေ့လေ အဲ့အတွက် april fool လုပ်ကြည့်တာ... မဆိုးပါဘူး...အရမ်းပျော်ဖို့ကောင်းတာပဲ...."
ရှောင်ကျန့်ဘာမှမပြောနိုင်ပဲ ဝမ်ရိပေါ်မျက်လုံးတွေကိုသာစိုက်ကြည့်နေမိတယ်။ စိတ်ထဲမှာ ဘာလို့လဲ ဆိုတဲ့မေးခွန်းများစွာနဲ့....။
"ကိုယ်က ယောက်ျားလေးချင်းသဘောမကျဘူး.. "
ဝမ်ရိပေါ်ပါးစပ်ကထွက်လာတဲ့ စကားတခွန်းချင်းစီက ရှောင်ကျန့်ရင်ကိုဓားနဲ့မွှေနေသလိုပဲ။နာကျင်မှုတွေကိုဖြစ်ပေါ်နေစေတယ်။
"အော်...ဒါကကိုယ့်ချစ်သူလေ....ယွင်ရှီးတဲ့...."
ဖြူသွယ်သွယ်ကောင်မလေးတယောက်က ရီပေါ်ဘေးနားရောက်လာတယ်။သူမမျက်နှာမှာအပြုံးတပွင့်ကိုဆင်မြန်းထားပြီးတော့ ရီပေါ်ခါးတွေကိုဖက်ထားတယ်။ရီပေါ်ရဲ့လက်အစုံတို့ကလဲ သူမရဲ့ပခုံးသားတွေပေါ်ဖက်ထားတယ်။ရှေ့ကမြင်ကွင်းက ကျနော့်ရင်ကိုမီးနဲ့မြိုက်နေသလို ပူလောင်စေတယ်။
"ကိုယ်သွားပြီနော် ဘိုင့်ဘိုင် happy april fool day ပါ baby...."
ထွက်ခွာသွားတဲ့နောက်ကြောပြင်နှစ်ခုက ရေထဲမြင်နေရတဲ့အရိပ်လိုဝိုးတဝါးဖြစ်နေတယ်။မျက်လုံးအစုံမှာက မျက်ရည်စတွေနဲ့ပြည့်လျှံနေတယ်။ရင်ထဲမှာ နာကျင်ပြီး မွန်းကြပ်လိုက်တာ...။
Xiao Zhan's pov
လက်ထဲကတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့နှင်းဆီပန်းလေးရဲ့ရိုးတံဟာ ဆူးတွေနဲ့ပြည့်နေခဲ့တယ်။သွေးစက်တွေကလဲ နှင်းဆီပန်းရဲ့ပွင့်ဖတ်တွေပေါ်စိုစွတ်ပြီး စီးကျနေတယ်။ရုတ်တရက်ရွာချလာတဲ့မိုးတွေက ကျနော့်ပါးပြင်ကမျက်ရည်စတွေကို အဝေးကိုသယ်ဆောင်သွားပေးနိုင်ရင်ကောင်းမယ်။
ကြမ်းပြင်ပေါ်ကိုကျသွားတဲ့ နှင်းဆီပန်းလေးဟာ သွေးစက်တွေစိုပြီး ပွင့်ဖတ်တို့ကြွေလွှင့်ကုန်တယ်။သက်ရှိနှလုံးသားလေးတစုံဟာလဲ ဆူးရာအထပ်ထပ်နဲ့ သွေးအစက်စက်ယိုပြီး ကွဲကြေသွားခဲ့ပြီ။
Wang Yi bo's pov
လမ်းဘေးတနေရာမှာ ဒိုင်ယာရီစာအုပ်လေး တအုပ်ကလွှင့်ပစ်ခြင်းခံထားရတယ်။ မြေပြင်ပေါ်မှာ ကျနေတဲ့ဒိုင်ယာရီ စာအုပ်လေးဟာ နောက်ဆုံးစာမျက်နှာလေးက ပွင့်ဟနေတယ်။
Game over
Heart broken... 💔💔
..........................................................................