My Ex Is My Husband [ Complet...

Von _AgathaChan

985K 76.4K 2.7K

တစ္ခ်ိန္က အခ်ိဴးမေျပလို႔ လမ္းခြဲခဲ့တဲ့ ကိုယ့္ Ex အစုတ္ပလုတ္ေလးဟာလည္း ကိုယ့္ေယာက္်ားျဖစ္လာႏိုင္ပါတယ္ ။ တစ်ချိန... Mehr

Chapter (1)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
FINAL
Extra- New year
Attention Please
📣 Announcement 📣
Book Order !!!!!

Chapter (2)

52.4K 4.2K 82
Von _AgathaChan

ရိေပၚ နဲ႔ ေ႐ွာင္းက်န္႔ ရဲ႕ အဆီအေလ်ာ္လံုးဝမတည့္မႈေၾကာင့္
ေစ့စပ္ပြဲ ကေန မဂၤလာပြဲကို ခုန္ေက်ာ္သြားေလေတာ့သည္ ။

အခန္းထဲမွာ မိတ္ကပ္ျပင္ေနရတဲ့ ေ႐ွာင္းက်န္႔ ။ ရိေပၚ က ေ႐ွာင္းက်န္႔ မိတ္ကပ္ ျပင္တဲ့ေနရာအနား လာရပ္ၿပီး ေ႐ွာင္းက်န္႔ ကုိ ခပ္ျပံဳးျပံဳးၾကည့္ေနသည္ ။ အျဖဴေရာင္ suit အျပည့္နဲ႔ ရိေပၚ ဟာ ဝန္မခံခ်င္ေသာ္ျငား ေခ်ာေနတာေတာ့အမွန္ပင္ ။

"မိတ္ကပ္ေသခ်ာလိမ္းေပးလိုက္ပါ"

ဪ...ငါ့ကို စိတ္ပူတတ္သား ။

"အသက္ႀကီးေတာ့ အေရးေၾကာင္းထင္ေနမွာ"

ေ႐ွာင္းက်န္႔ ရဲ႕ ေပ်ာ္ျမဴးေနတဲ့ စိတ္အစံုဟာ ရိေပၚ ရဲ႕ ေနာက္ဆက္တြဲ စကားေၾကာင့္ ခြမ္းကနဲ က်ကြဲသြားသည္ ။

ခ်ီး!!! ဝမ္ရိေပၚ ။

ေ႐ွာင္းက်န္႔ စိတ္တိုေနေပမယ့္ ရိေပၚကို ဘာမွျပန္မေျပာေပ ။

ဘာလို႔လဲဆိုေတာ့ ပါးစပ္ကို တိပ္ကပ္ထားၾကလို႔ေလ !
ခ်ီး !! ဟိုေကာင့္က် ဘာမွမလုပ္ဘူး ။

ရိေပၚ က ေ႐ွာင္းက်န္႔ ပါးစပ္မွာကပ္ခံထားရတဲ့ တိပ္ကိုခြာေပးလိုက္ေလသည္ ။ ညင္ညင္သာသာေတာ့မဟုတ္ ဆတ္ခနဲဆြဲခြာလိုက္ျခင္းပင္ ။

နီရဲသြားသည့္ ေ႐ွာင္းက်န္႔ ၏ ႏႈတ္ခမ္းအစံုအားၾကည့္၍ ရိေပၚ ထပ္ျပံဳးလိုက္မိသည္ ။

"သြားမယ္ က်န္႔ေကာ "

ရိေပၚက သူ႔ရဲ႕ညာဘက္လက္ကုိေကြးကာ ခ်ိတ္ကိုင္ရန္တုိးေပးလာသည္ ။ ေ႐ွာင္းက်န္႔ စူပုပ္ပုပ္နဲ႔ ရိေပၚ လက္ကိုလွမ္းခ်ိတ္လိုက္သည္ ။

ေနစမ္းပါဦး..ဘာလို႔ ငါက သတို႔သမီးလို သူ႔လက္ကိုခ်ိတ္ကိုင္ေနရတာတုန္း!!

ေ႐ွာင္းက်န္႔ က ရိေပၚ အနားကပ္လိုက္ၿပီး...

"မင္း...သတို႔သမီးေနရာမွာေန"

"ဆုေတာင္းေလ...က်န္႔ေကာ"

"မင္း!!!"

ေ႐ွာင္းက်န္႔ အသံက်ယ္သြားတာေၾကာင့္ ခန္းမထဲကလူေတြက
အကုန္လွည့္ၾကည့္လာၾကသည္ ။ ေ႐ွာင္းက်န္႔ ဟီးခနဲ ရယ္ျပ၍ ဟန္မပ်က္ပင္ ရိေပၚ လက္ကိုခ်ိတ္လ်က္ ဆက္ေလ်ွာက္လာလိုက္ေတာ့သည္ ။

ရိေပၚ သူ႔ေဘးက အတင္းလုပ္ယူထားတဲ့ အျပံဳးႀကီးနဲ႔ ေ႐ွာင္းက်န္႔ ကိုၾကည့္ၿပီး ႀကိတ္ရယ္လိုက္မိသည္ ။

ကေလးစိတ္နဲ႔ လူႀကီး ။

အမွန္ေတာ့ ရိေပၚ မွာ သူနဲ႔လက္ထပ္ရမယ့္သူက ေ႐ွာင္းက်န္႔ မွန္း သိခ်ိန္တုန္းက အရမ္းအံၾသခဲ့တာ ။ လမ္းခြဲခဲ့ေပမယ့္ မခ်စ္လုိ႔မဟုတ္ က်န္႔ေကာ ရဲ႕ ကေလးဆန္လြန္းတဲ့ စိတ္ေၾကာင့္နဲ႔ထစ္ခနဲ႐ွိ အရြဲ႕တိုက္တတ္တဲ့စိတ္ေၾကာင့္သာ ။

ဒီလူသားကို ျပန္ပို္င္ဆိုင္ခြင့္ရေတာ့ ဝန္မခံခ်င္ေသာ္ျငား ရိေပၚ
ေပ်ာ္မိတာေတာ့ အမွန္ပင္ ။

ကေလးလူႀကီး ကို ထိန္းရမယ့္အျဖစ္တစ္ခုေရာက္တာကလြဲလို႔ ။

............

"ဝွီး !"

အခန္းထဲေျခခ်ရံု႐ွိေသး သူ႔ဆီပ်ံဝဲလာတဲ့ ေခါင္းအံုးကို ရိေပၚ လက္ျဖင့္လွမ္းကာဖမ္းယူလုိက္သည္ ။ ပစ္လိုက္တဲ့သူကေတာ့ ႏွစ္ခါျပန္ေမးစရာမလိုေအာင္ ေ႐ွာင္းက်န္႔ ပင္ ။

"ဘာလုပ္တာတုန္း !"

"မင္း အျပင္ထြက္အိပ္"

"မျဖစ္ႏိုင္တာ ။ ဒါ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕အခန္းေလ"

"ဒါေပမယ့္လည္း မင္းနဲ႔အတူမအိပ္ႏိုင္ဘူး"

"တျခားမွာ သြားအိပ္"

ရိေပၚ ဘုေတာလိုက္သည္ ။

"ဘာ ! တျခားမွာ သြားအိပ္ ။ ဟုတ္လား! "

ေ႐ွာင္းက်န္႔ စိတ္တိုလာေခ်ၿပီ ။

ႏွစ္ဖက္မိဘေတြက ႏွစ္ေယာက္အေၾကာင္းကို သိလို႔ မဂၤလာလက္ဖြဲ႔ဆိုၿပီးေပးတဲ့ အိမ္က အိပ္ခန္းအက်ယ္ တစ္ခန္းတည္းသာပါသည္ ။

ဒါကို ဒင္းကမညႇာမတာ အျပင္ထြက္အိပ္တဲ့ !

"မင္း ထြက္အိ္ပ္ေလ"

ရိေပၚ က ေ႐ွာင္းက်န္႔စကားကိုဂ႐ုမစိုက္ပဲ ကုတင္ေပၚ တက္လာေတာ့ ေ႐ွာင္းက်န္႔ က တစ္ဖက္ကိုကပ္သြားေလသည္ ။

"ခင္ဗ်ားကို မဒိန္းမက်င့္ပါဘူး က်န္႔ေကာ ရာ ။ စိတ္ခ်လက္ခ်
ဒီမွာပဲ အိပ္စမ္းပါ"

"ဘာ!!!"

ရိေပၚ အူသြားတဲ့ နားတစ္ဖက္ကို အုပ္ကိုင္ၿပီး...

"အိပ္ပါေတာ့ဆို!"

ေျပာခ်င္ရာေျပာကာ ရိေပၚကေျခရင္းတြင္႐ွိသည့္ေစာင္ကိုဆြဲျခံဳကာ တစ္ဖက္လွည့္အိပ္သြားသည္ ။ ေ႐ွာင္းက်န္႔ ေလပူတစ္ခ်က္ မႈတ္ထုတ္ၿပီး ကုတင္ေဘးစြန္းနားမွာပဲ ကပ္အိပ္လိုက္ေတာ့သည္ ။

ရိေပၚ က ေ႐ွာင္းက်န္႔ ကို ေက်ာေပးထားရာကေန ျဖည္းညင္းစြာလွည့္ၾကည့္လိုက္သည္ ။

ျဖည္းျဖည္း မွန္မွန္ အသက္႐ွဴသံေၾကာင့္
လႈပ္ေနတဲ့ ေက်ာျပင္ေလးကို ၾကည့္ၿပီး ရိေပၚ ျပံဳးလိုက္မိသည္ ။

"က်န္႔ေကာ က တကယ့္ကေလးဆိုးေလး"

ထို႔ေနာက္ ရိေပၚ သည္လည္း အိပ္စက္ျခင္းဆီသို႔.... ။

_______________

[ UNICODE ]

ရိပေါ် နဲ့ ရှောင်းကျန့် ရဲ့ အဆီအလျော်လုံးဝမတည့်မှုကြောင့်
စေ့စပ်ပွဲ ကနေ မင်္ဂလာပွဲကို ခုန်ကျော်သွားလေတော့သည် ။

အခန်းထဲမှာ မိတ်ကပ်ပြင်နေရတဲ့ ရှောင်းကျန့် ။ ရိပေါ် က ရှောင်းကျန့် မိတ်ကပ် ပြင်တဲ့နေရာအနား လာရပ်ပြီး ရှောင်းကျန့် ကို ခပ်ပြုံးပြုံးကြည့်နေသည် ။ အဖြူရောင် suit အပြည့်နဲ့ ရိပေါ် ဟာ ဝန်မခံချင်သော်ငြား ချောနေတာတော့အမှန်ပင် ။

"မိတ်ကပ်သေချာလိမ်းပေးလိုက်ပါ"

ဪ...ငါ့ကို စိတ်ပူတတ်သား ။

"အသက်ကြီးတော့ အရေးကြောင်းထင်နေမှာ"

ရှောင်းကျန့် ရဲ့ ပျော်မြူးနေတဲ့ စိတ်အစုံဟာ ရိပေါ် ရဲ့ နောက်ဆက်တွဲ စကားကြောင့် ခွမ်းကနဲ ကျကွဲသွားသည် ။

ချီး!!! ဝမ်ရိပေါ် ။

ရှောင်းကျန့် စိတ်တိုနေပေမယ့် ရိပေါ်ကို ဘာမှပြန်မပြောပေ ။

ဘာလို့လဲဆိုတော့ ပါးစပ်ကို တိပ်ကပ်ထားကြလို့လေ !
ချီး !! ဟိုကောင့်ကျ ဘာမှမလုပ်ဘူး ။

ရိပေါ် က ရှောင်းကျန့် ပါးစပ်မှာကပ်ခံထားရတဲ့ တိပ်ကိုခွာပေးလိုက်လေသည် ။ ညင်ညင်သာသာတော့မဟုတ် ဆတ်ခနဲဆွဲခွာလိုက်ခြင်းပင် ။

နီရဲသွားသည့် ရှောင်းကျန့် ၏ နှုတ်ခမ်းအစုံအားကြည့်၍ ရိပေါ် ထပ်ပြုံးလိုက်မိသည် ။

"သွားမယ် ကျန့်ကော "

ရိပေါ်က သူ့ရဲ့ညာဘက်လက်ကိုကွေးကာ ချိတ်ကိုင်ရန်တိုးပေးလာသည် ။ ရှောင်းကျန့် စူပုပ်ပုပ်နဲ့ ရိပေါ် လက်ကိုလှမ်းချိတ်လိုက်သည် ။

နေစမ်းပါဦး..ဘာလို့ ငါက သတို့သမီးလို သူ့လက်ကိုချိတ်ကိုင်နေရတာတုန်း!!

ရှောင်းကျန့် က ရိပေါ် အနားကပ်လိုက်ပြီး...

"မင်း...သတို့သမီးနေရာမှာနေ"

"ဆုတောင်းလေ...ကျန့်ကော"

"မင်း!!!"

ရှောင်းကျန့် အသံကျယ်သွားတာကြောင့် ခန်းမထဲကလူတွေက
အကုန်လှည့်ကြည့်လာကြသည် ။ ရှောင်းကျန့် ဟီးခနဲ ရယ်ပြ၍ ဟန်မပျက်ပင် ရိပေါ် လက်ကိုချိတ်လျက် ဆက်လျှောက်လာလိုက်တော့သည် ။

ရိပေါ် သူ့ဘေးက အတင်းလုပ်ယူထားတဲ့ အပြုံးကြီးနဲ့ ရှောင်းကျန့် ကိုကြည့်ပြီး ကြိတ်ရယ်လိုက်မိသည် ။

ကလေးစိတ်နဲ့ လူကြီး ။

အမှန်တော့ ရိပေါ် မှာ သူနဲ့လက်ထပ်ရမယ့်သူက ရှောင်းကျန့် မှန်း သိချိန်တုန်းက အရမ်းအံသြခဲ့တာ ။ လမ်းခွဲခဲ့ပေမယ့် မချစ်လို့မဟုတ် ကျန့်ကော ရဲ့ ကလေးဆန်လွန်းတဲ့ စိတ်ကြောင့်နဲ့ထစ်ခနဲရှိ အရွဲ့တိုက်တတ်တဲ့စိတ်ကြောင့်သာ ။

ဒီလူသားကို ပြန်ပို်င်ဆိုင်ခွင့်ရတော့ ဝန်မခံချင်သော်ငြား ရိပေါ်
ပျော်မိတာတော့ အမှန်ပင် ။

ကလေးလူကြီး ကို ထိန်းရမယ့်အဖြစ်တစ်ခုရောက်တာကလွဲလို့ ။

............

"ဝှီး !"

အခန်းထဲခြေချရုံရှိသေး သူ့ဆီပျံဝဲလာတဲ့ ခေါင်းအုံးကို ရိပေါ် လက်ဖြင့်လှမ်းကာဖမ်းယူလိုက်သည် ။ ပစ်လိုက်တဲ့သူကတော့ နှစ်ခါပြန်မေးစရာမလိုအောင် ရှောင်းကျန့် ပင် ။

"ဘာလုပ်တာတုန်း !"

"မင်း အပြင်ထွက်အိပ်"

"မဖြစ်နိုင်တာ ။ ဒါ ကျွန်တော်တို့နှစ်ယောက်ရဲ့အခန်းလေ"

"ဒါပေမယ့်လည်း မင်းနဲ့အတူမအိပ်နိုင်ဘူး"

"တခြားမှာ သွားအိပ်"

ရိပေါ် ဘုတောလိုက်သည် ။

"ဘာ ! တခြားမှာ သွားအိပ် ။ ဟုတ်လား! "

ရှောင်းကျန့် စိတ်တိုလာချေပြီ ။

နှစ်ဖက်မိဘတွေက နှစ်ယောက်အကြောင်းကို သိလို့ မင်္ဂလာလက်ဖွဲ့ဆိုပြီးပေးတဲ့ အိမ်က အိပ်ခန်းအကျယ် တစ်ခန်းတည်းသာပါသည် ။

ဒါကို ဒင်းကမညှာမတာ အပြင်ထွက်အိပ်တဲ့ !

"မင်း ထွက်အိ်ပ်လေ"

ရိပေါ် က ရှောင်းကျန့်စကားကိုဂရုမစိုက်ပဲ ကုတင်ပေါ် တက်လာတော့ ရှောင်းကျန့် က တစ်ဖက်ကိုကပ်သွားလေသည် ။

"ခင်ဗျားကို မဒိန်းမကျင့်ပါဘူး ကျန့်ကော ရာ ။ စိတ်ချလက်ချ
ဒီမှာပဲ အိပ်စမ်းပါ"

"ဘာ!!!"

ရိပေါ် အူသွားတဲ့ နားတစ်ဖက်ကို အုပ်ကိုင်ပြီး...

"အိပ်ပါတော့ဆို!"

ပြောချင်ရာပြောကာ ရိပေါ်ကခြေရင်းတွင်ရှိသည့်စောင်ကိုဆွဲခြုံကာ တစ်ဖက်လှည့်အိပ်သွားသည် ။ ရှောင်းကျန့် လေပူတစ်ချက် မှုတ်ထုတ်ပြီး ကုတင်ဘေးစွန်းနားမှာပဲ ကပ်အိပ်လိုက်တော့သည် ။

ရိပေါ် က ရှောင်းကျန့် ကို ကျောပေးထားရာကနေ ဖြည်းညင်းစွာလှည့်ကြည့်လိုက်သည် ။

ဖြည်းဖြည်း မှန်မှန် အသက်ရှူသံကြောင့်
လှုပ်နေတဲ့ ကျောပြင်လေးကို ကြည့်ပြီး ရိပေါ် ပြုံးလိုက်မိသည် ။

"ကျန့်ကော က တကယ့်ကလေးဆိုးလေး"

ထို့နောက် ရိပေါ် သည်လည်း အိပ်စက်ခြင်းဆီသို့.... ။

_______________

Weiterlesen

Das wird dir gefallen

4.3K 225 14
Yizhan Fanfiction ပထမ ဆုံး ရေးတဲ့ Fanfic လေးပါ အတတ်နိုင်ဆုံးကြိုးစားပီး ထားပါတယ် ဖတ်ပီးတော့အရေးအသားတွေ စိတ်ကြိုက်ဝေဖန်ပေးကြပါဦးရှင့် 💕 Complete ဖြစ...
62.1K 3K 31
"အကို ဘာ​ေျပာ​ေျပာ က်​ေနာ္ ​ခ်စ္​တယ္​ အကို" Xiao Luhan "တိတ္​စမ္​း!!! မင္​းကို ငါ ဘယ္​​ေတာ့မွ မခ်စ္​ဘူး" ...
277K 48.4K 60
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
72.4K 18.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥