"လမ္းခြဲၾကမယ္!"
"ျပတ္မယ္"
ေအးခ်မ္းလွသည့္ သစ္ပင္ရိပ္ေအာက္တြင္ မ်က္ႏွာခ်င္းဆိုင္ရပ္ေနသည့္ လူႏွစ္ေယာက္မွာေတာ့ မေအးခ်မ္းႏိုင္ပဲ တစ္ဦးကုိတစ္ဦးၾကည့္ေနသည့္အၾကည့္မ်ားက ခက္ထန္လ်က္႐ွိသည္ ။
ရိေပၚ သူ႔ေ႐ွ႕က လူကိုၾကည့္ၿပီး ႏႈတ္ခမ္းတို႔ကိုမဲ့ရြဲ႕ကာျပံဳးလုိက္မိ၏ ။
ကေလးဆန္တယ္ တအား ။
"ကြၽန္ေတာ္ က ဆယ္ခါျပန္ျပတ္တယ္"
"ငါက အခါတစ္ရာျပန္ ျပတ္တယ္"
ထို႔ေနာက္ တစ္ေယာက္ နဲ႔ တစ္ေယာက္ ေက်ာခိုင္း၍
တစ္လမ္းဆီသို႔....။
............
2 years later.......
"ေ႐ွာင္းက်န္႔ !!! ျမန္ျမန္ဆင္းခဲ့ ေနာက္က်ေနၿပီ"
"လာၿပီ မားရာ လာၿပီ"
အေပါက္ဝမွေအာ္ေနသူမိခင္ႀကီးေၾကာင့္ ေ႐ွာင္းက်န္႔မွာ ေခါင္းပင္မၿဖီးႏိုင္ အေပၚထပ္မွကျပာကယာဆင္းလာခဲ့သည္ ။ ဂ်င္းေဘာင္းဘီ အနက္ကို တီ႐ွပ္အျဖဴနဲ႔တြဲဝတ္ထားၿပီး အေပၚ က ႐ွပ္လက္႐ွည္ အျပာဝတ္ထားသည္မွာ လိုက္ဖက္စြာ ။ မၿဖီးသင္လာသည့္ ဆံပင္ကေတာ့ ဖြာလန္က်ဲ ။
"အမေလးဟဲ့ ေစ့စပ္ေပးမယ့္သူနဲ႔ သြားေတြ႔ပါမယ္ဆို
သူေတာင္းစားခြက္ေပ်ာက္အတို္င္းပဲ"
ေ႐ွာင္းမားက ေ႐ွာင္းက်န္႔ပံုကိုၾကည့္ကာ စိတ္ပ်က္သည့္ေလသံျဖင့္ေျပာလာ၏ ။
"ဟာ..မားရာ ခုခ်ိန္အက်ႌမပါပဲ ေလ်ွာက္သြားရင္ေတာင္
ေကာင္မေလးေတြက တျဖဳတ္ျဖဳတ္ေႂကြက်တာ"
"တိတ္စမ္း!"
ေ႐ွာင္းက်န္႔ သူ႔မားမားကို ပါးစပ္ဇစ္ဆြဲသလို ပံုစံေလး
လုပ္ျပလိုက္သည္ ။
"ငါႀကိဳေျပာထားမယ္ေနာ္ ဟိုမွာ မ်က္ႏွာပ်က္စရာျဖစ္ေအာင္
လုပ္ရင္ နင္နာမယ္"
"ဒါနဲ႔ေလ မား"
"ေျပာ!"
"ေကာင္မေလးကေခ်ာလား"
"ေကာင္မေလး မဟုတ္ဘူး ေကာင္ေလး "
ဪ..ေကာင္ေလး...ဟမ္ !!!
ေကာင္ေလး ! ငါ့ကုိ ေယာက္်ားေပးစားမလို႔လား!!!
"မား...ေနာက္ေနတာမလား"
မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လာသည့္ မားေၾကာင့္ ေနာက္ေနတာမဟုတ္မွန္း ေ႐ွာင္းက်န္႔ သိလိုက္ပါသည္ ။
"ဪ...ေနာက္ေနတာမဟုတ္ဘူးပဲ"
သား ေမြးထားၿပီး အကိတ္ၾကီး တစ္ေယာက္ေလာက္နဲ႔ ေပးစားရမယ့္အစား ကိုင္စရာမ႐ွိတဲ့ ျပားျပားခ်ပ္ခ်ပ္ သစ္သားျပား နဲ႔ ေပးစားမယ္ တဲ့လား ။
ေ႐ွာင္းက်န္႔ ဆိုတာ အကိတ္ေတြခ်ည္း ေရြးတြဲေနတဲ့ play boy စစ္စစ္ႀကီး ။ တစ္ခ်ိန္ကလြဲလို႔ေပါ့ေလ ။
ဒါကလည္း ငယ္ေသးေတာ့ ႐ူးၿပီးတြဲတာ !
ရင္ေလးလိုက္တာ ငါ့ဘဝႀကီး ။
............
"ဟဲ့ ! ဘာေတြစဥ္းစားေနတာလဲ ။ ေရာက္ၿပီ "
ေ႐ွာင္းက်န္႔ ငိုမဲ့မဲ့နဲ႔ ကားေပၚကဆင္းလာၿပီး ေ႐ွာင္းမား ေနာက္ စူပုပ္ပုပ္နဲ႔ လိုက္လာခဲ့သည္ ။
သီးသန္႔ယူထားတဲ့ အခန္းတစ္ခန္းထဲ ဝင္သြားၿပီးေနာက္ ေ႐ွာင္းမား က တစ္ဖက္လူႀကီးေတြနဲ႔ စကားေျပာေနေပမယ့္ ေ႐ွာင္းက်န္႔ ကေတာ့ေရာက္ကတည္းက ေ႐ွ႕ပင္မၾကည့္ ထိုင္ခံုေပၚ မွာ ေခါင္းငံု႔ၿပီးထိုင္ေနေလသည္ ။
"ဒါနဲ႔ သားက အားရဲ႕လား"
"အားပါတယ္ အန္တီ"
ၾကားဖူးေနတဲ့ အသံေၾကာင့္ ေ႐ွာင္းက်န္႔ ႏွလံုးသားေလး ဆတ္ကနဲတုန္သြားရသည္ ။
ေ႐ွာင္းက်န္႔ ေခါင္းေမာ့ကာေ႐ွ႕သို႔ၾကည့္လိုက္မိ၏ ။
ခ်ီး!!! ဝမ္ရိေပၚႀကီး ။
ရိေပၚ မွင္ေသေသမ်က္ႏွာနဲ႔ ေ႐ွာင္းက်န္႔ ကို ထုိင္ၾကည့္ေနလုိက္သည္ ။
ခုထိ ရင့္က်က္တဲ့ပံုမေပၚဘူး ။
ေ႐ွာင္းက်န္႔ ဟန္မပ်က္ထိုင္ေနေပမယ့္ စိတ္ထဲမွာေတာ့ အခါတစ္ရာျပန္ ငိုခ်င္းခ်ေနမိသည္ ။
ရက္စက္လိုက္တာ ဒီေကာင္နဲ႔ မွ !
"က်န္႔က်န္႔...သား ဘာျဖစ္လို႔လဲ "
"ဘာ..ဘာမွမျဖစ္ပါဘူး ။ အန္တီ"
"ဟက္!"
ဝမ္မားကုိ လိမ္ညာကာေျဖလိုက္ေသာ္လည္း အျမင္ကတ္စရာေကာင္းသည့္ရယ္သံေၾကာင့္ ေ႐ွာင္းက်န္႔ ရိေပၚ ကုိ ဘုၾကည့္ၾကည့္လိုက္သည္ ။
ရိေပၚ ကလည္း ဘာၾကည့္တာလဲ ဆိုတဲ့ မ်က္ႏွာေပး နဲ႔ ။
ေ႐ွာင္းက်န္႔ ငိုမဲ့မဲ့နဲ႔ မား အနားနားကပ္ၿပီး...
"မား...သား တကယ္ သူ႔ကိုယူရမွာလား"
"ဟဲ့!..ဘယ္လိုျဖစ္ေနတာလဲ "
"ခုထိကေလးဆန္တုန္းလား က်န္႔ေကာ "
"မင္း ဘာေျပာတာလဲ!"
"ၾကားတဲ့အတိုင္းပဲ"
"မား!! သားကိုေလ အကိတ္မႀကီး နဲ႔ ျဖစ္ျဖစ္ေပးစားပါေနာ္
တင္ႀကီး ၊ ရင္ႀကီး ၊ အကုန္ႀကီး သူကလြဲရင္ရတယ္ "
ေ႐ွာင္းက်န္႔ သူ႔ကိုတစ္ခြန္းမက်န္တုန္႔ျပန္ေနသည့္ ဝမ္ရိေပၚကို လက္ညိွဳးထိုးကာ ေဘးတြင္ထုိင္ေနသည့္ မားရဲ႕လက္ကိုဖက္၍ ေျပာလို္က္ပါသည္ ။
"ဟက္!...ဒီကလည္း ယူခ်င္တာမွတ္လို႔"
"မင္း!..မင္း...ဘာေျပာတယ္!!"
ရိေပၚ လက္ပိုက္ထိုင္ကာ ေ႐ွာင္းက်န္႔ကို မၾကည္သလိုၾကည့္ရင္း...
"ၾကားတဲ့အတိုင္းပဲ"
"မင္း !!! ဝမ္ရိေပၚ !!!"
ရန္ျဖစ္ေနတဲ့ ႏွစ္ေယာက္ၾကားထဲ ေ႐ွာင္းမား နဲ႔ ဝမ္မား မွာ
ဘာလုပ္ရမွန္းမသိေတာ့ ။
ထိုစဥ္ ေရွာင္းပါးပါး ေရာက္လာၿပီး...
"ေတာ္ၾကစမ္း !! ။ အစကေစ့စပ္ေပးရံုတင္ အခု မင္းတို႔ႏွစ္ေယာက္ကို တန္းလက္ထပ္ေပးမယ္ "
ေခါင္းတၿငိမ့္ၿငိမ့္နဲ႔ မားမား ႏွစ္ေယာက္ ။ မိန္႔မိန္႔ႀကီးျပံဳးေနတဲ့
ဝမ္ရိေပၚ ။
ဘုရားေရ!!!
_______________
[ UNICODE ]
"လမ်းခွဲကြမယ်!"
"ပြတ်မယ်"
အေးချမ်းလှသည့် သစ်ပင်ရိပ်အောက်တွင် မျက်နှာချင်းဆိုင်ရပ်နေသည့် လူနှစ်ယောက်မှာတော့ မအေးချမ်းနိုင်ပဲ တစ်ဦးကိုတစ်ဦးကြည့်နေသည့်အကြည့်များက ခက်ထန်လျက်ရှိသည် ။
ရိပေါ် သူ့ရှေ့က လူကိုကြည့်ပြီး နှုတ်ခမ်းတို့ကိုမဲ့ရွဲ့ကာပြုံးလိုက်မိ၏ ။
ကလေးဆန်တယ် တအား ။
"ကျွန်တော် က ဆယ်ခါပြန်ပြတ်တယ်"
"ငါက အခါတစ်ရာပြန် ပြတ်တယ်"
ထို့နောက် တစ်ယောက် နဲ့ တစ်ယောက် ကျောခိုင်း၍
တစ်လမ်းဆီသို့....။
............
2 years later.......
"ရှောင်းကျန့် !!! မြန်မြန်ဆင်းခဲ့ နောက်ကျနေပြီ"
"လာပြီ မားရာ လာပြီ"
အပေါက်ဝမှအော်နေသူမိခင်ကြီးကြောင့် ရှောင်းကျန့်မှာ ခေါင်းပင်မဖြီးနိုင် အပေါ်ထပ်မှကပြာကယာဆင်းလာခဲ့သည် ။ ဂျင်းဘောင်းဘီ အနက်ကို တီရှပ်အဖြူနဲ့တွဲဝတ်ထားပြီး အပေါ် က ရှပ်လက်ရှည် အပြာဝတ်ထားသည်မှာ လိုက်ဖက်စွာ ။ မဖြီးသင်လာသည့် ဆံပင်ကတော့ ဖွာလန်ကျဲ ။
"အမလေးဟဲ့ စေ့စပ်ပေးမယ့်သူနဲ့ သွားတွေ့ပါမယ်ဆို
သူတောင်းစားခွက်ပျောက်အတို်င်းပဲ"
ရှောင်းမားက ရှောင်းကျန့်ပုံကိုကြည့်ကာ စိတ်ပျက်သည့်လေသံဖြင့်ပြောလာ၏ ။
"ဟာ..မားရာ ခုချိန်အကျႌမပါပဲ လျှောက်သွားရင်တောင်
ကောင်မလေးတွေက တဖြုတ်ဖြုတ်ကြွေကျတာ"
"တိတ်စမ်း!"
ရှောင်းကျန့် သူ့မားမားကို ပါးစပ်ဇစ်ဆွဲသလို ပုံစံလေး
လုပ်ပြလိုက်သည် ။
"ငါကြိုပြောထားမယ်နော် ဟိုမှာ မျက်နှာပျက်စရာဖြစ်အောင်
လုပ်ရင် နင်နာမယ်"
"ဒါနဲ့လေ မား"
"ပြော!"
"ကောင်မလေးကချောလား"
"ကောင်မလေး မဟုတ်ဘူး ကောင်လေး "
ဪ..ကောင်လေး...ဟမ် !!!
ကောင်လေး ! ငါ့ကို ယောက်ျားပေးစားမလို့လား!!!
"မား...နောက်နေတာမလား"
မျက်မှောင်ကြုတ်ကာ ကြည့်လာသည့် မားကြောင့် နောက်နေတာမဟုတ်မှန်း ရှောင်းကျန့် သိလိုက်ပါသည် ။
"ဪ...နောက်နေတာမဟုတ်ဘူးပဲ"
သား မွေးထားပြီး အကိတ်ကြီး တစ်ယောက်လောက်နဲ့ ပေးစားရမယ့်အစား ကိုင်စရာမရှိတဲ့ ပြားပြားချပ်ချပ် သစ်သားပြား နဲ့ ပေးစားမယ် တဲ့လား ။
ရှောင်းကျန့် ဆိုတာ အကိတ်တွေချည်း ရွေးတွဲနေတဲ့ play boy စစ်စစ်ကြီး ။ တစ်ချိန်ကလွဲလို့ပေါ့လေ ။
ဒါကလည်း ငယ်သေးတော့ ရူးပြီးတွဲတာ !
ရင်လေးလိုက်တာ ငါ့ဘဝကြီး ။
............
"ဟဲ့ ! ဘာတွေစဉ်းစားနေတာလဲ ။ ရောက်ပြီ "
ရှောင်းကျန့် ငိုမဲ့မဲ့နဲ့ ကားပေါ်ကဆင်းလာပြီး ရှောင်းမား နောက် စူပုပ်ပုပ်နဲ့ လိုက်လာခဲ့သည် ။
သီးသန့်ယူထားတဲ့ အခန်းတစ်ခန်းထဲ ဝင်သွားပြီးနောက် ရှောင်းမား က တစ်ဖက်လူကြီးတွေနဲ့ စကားပြောနေပေမယ့် ရှောင်းကျန့် ကတော့ရောက်ကတည်းက ရှေ့ပင်မကြည့် ထိုင်ခုံပေါ် မှာ ခေါင်းငုံ့ပြီးထိုင်နေလေသည် ။
"ဒါနဲ့ သားက အားရဲ့လား"
"အားပါတယ် အန်တီ"
ကြားဖူးနေတဲ့ အသံကြောင့် ရှောင်းကျန့် နှလုံးသားလေး ဆတ်ကနဲတုန်သွားရသည် ။
ရှောင်းကျန့် ခေါင်းမော့ကာရှေ့သို့ကြည့်လိုက်မိ၏ ။
ချီး!!! ဝမ်ရိပေါ်ကြီး ။
ရိပေါ် မှင်သေသေမျက်နှာနဲ့ ရှောင်းကျန့် ကို ထိုင်ကြည့်နေလိုက်သည် ။
ခုထိ ရင့်ကျက်တဲ့ပုံမပေါ်ဘူး ။
ရှောင်းကျန့် ဟန်မပျက်ထိုင်နေပေမယ့် စိတ်ထဲမှာတော့ အခါတစ်ရာပြန် ငိုချင်းချနေမိသည် ။
ရက်စက်လိုက်တာ ဒီကောင်နဲ့ မှ !
"ကျန့်ကျန့်...သား ဘာဖြစ်လို့လဲ "
"ဘာ..ဘာမှမဖြစ်ပါဘူး ။ အန်တီ"
"ဟက်!"
ဝမ်မားကို လိမ်ညာကာဖြေလိုက်သော်လည်း အမြင်ကတ်စရာကောင်းသည့်ရယ်သံကြောင့် ရှောင်းကျန့် ရိပေါ် ကို ဘုကြည့်ကြည့်လိုက်သည် ။
ရိပေါ် ကလည်း ဘာကြည့်တာလဲ ဆိုတဲ့ မျက်နှာပေး နဲ့ ။
ရှောင်းကျန့် ငိုမဲ့မဲ့နဲ့ မား အနားနားကပ်ပြီး...
"မား...သား တကယ် သူ့ကိုယူရမှာလား"
"ဟဲ့!..ဘယ်လိုဖြစ်နေတာလဲ "
"ခုထိကလေးဆန်တုန်းလား ကျန့်ကော "
"မင်း ဘာပြောတာလဲ!"
"ကြားတဲ့အတိုင်းပဲ"
"မား!! သားကိုလေ အကိတ်မကြီး နဲ့ ဖြစ်ဖြစ်ပေးစားပါနော်
တင်ကြီး ၊ ရင်ကြီး ၊ အကုန်ကြီး သူကလွဲရင်ရတယ် "
ရှောင်းကျန့် သူ့ကိုတစ်ခွန်းမကျန်တုန့်ပြန်နေသည့် ဝမ်ရိပေါ်ကို လက်ညှိုးထိုးကာ ဘေးတွင်ထိုင်နေသည့် မားရဲ့လက်ကိုဖက်၍ ပြောလို်က်ပါသည် ။
"ဟက်!...ဒီကလည်း ယူချင်တာမှတ်လို့"
"မင်း!..မင်း...ဘာပြောတယ်!!"
ရိပေါ် လက်ပိုက်ထိုင်ကာ ရှောင်းကျန့်ကို မကြည်သလိုကြည့်ရင်း...
"ကြားတဲ့အတိုင်းပဲ"
"မင်း !!! ဝမ်ရိပေါ် !!!"
ရန်ဖြစ်နေတဲ့ နှစ်ယောက်ကြားထဲ ရှောင်းမား နဲ့ ဝမ်မား မှာ
ဘာလုပ်ရမှန်းမသိတော့ ။
ထိုစဉ် ရှောင်းပါးပါး ရောက်လာပြီး...
"တော်ကြစမ်း !! ။ အစကစေ့စပ်ပေးရုံတင် အခု မင်းတို့နှစ်ယောက်ကို တန်းလက်ထပ်ပေးမယ် "
ခေါင်းတငြိမ့်ငြိမ့်နဲ့ မားမား နှစ်ယောက် ။ မိန့်မိန့်ကြီးပြုံးနေတဲ့
ဝမ်ရိပေါ် ။
ဘုရားရေ!!!
_______________