မင်းချန်ရစ်ခဲ့တဲ့နေရာမှာ...

By sayaka77777

328K 22.8K 1.3K

(Unicode and Zawgyi Code) (ဝမ်ရိပေါ်) အတူတူရှိနေခဲ့ဖူးတဲ့ နေရာတွေကိုရောက်တိုင်း......လွမ်းတယ် 'ကျန့်ကော'ရယ်။ ... More

အတိတ်တစ်နေရာဆီ........
တဖြည်းဖြည်းနီးလာသလိုနဲ့ တဖြည်းဖြည်းဝေးကွာလာခဲ့တယ်........
ဆန့်ကျင်ဘက် နှလုံးသားအရပ်ဒေသတွေဆီမှာ......
ရယူခြင်းနဲ့ပေးဆပ်ခြင်း🔞🔞🔞🔞🔞
မဆုံဆည်းနိုင်ခြင်းလမ်းစများ......🔞
ပိုင်ဆိုင်လိုခြင်း
ရှုပ်ထွေးနေတဲ့ရင်ခုန်သံများ.......
တစ်ထပ်တည်းကျခဲ့တဲ့ရင်ခုန်သံတစ်စုံ🔞🔞🔞
ပြိုင်မျဥ်း⚠️
နာကျင်ခြင်းနဲ့ အသားကျဖို့......
ချစ်ခြင်းတွေနဲ့ နီးစပ်ဖို့....
အကြိမ်ကြိမ်အချစ်ထံကျရှုံးခြင်း
ခံနိုင်ရည်မဲ့နေ့စွဲများ⚠️⚠️⚠️
ရင်ဘတ်ကို ရင်းနှီးထားတယ်.....
ဝေးကွာခြင်းအစ
အပြီးတိုင်နှုတ်ဆက်ခြင်း
ပြန်ချစ်ပေးပါ.....
ဝေး..သထက်ဝေး.........
မတူချစ်ခြင်းတွေနဲ့.....
လျှို့ဝှက်နာကျင်ခြင်းနေ့စွဲများ....
အတိတ်ခါးခါးနဲ့ခြားနားခဲ့ခြင်းတွေ......
ပြန်လည်ဆုံဆည်းချိန်တိုင်အောင်......
Attention Pls
သက်ဆုံးတိုင်...မင်းနဲ့....
Attention❗️❗️❗️

ကိုယ့်လမ်းကိုယ်ဆီ လျှောက်ကြရင်း.......(Edit)

38.7K 1.3K 24
By sayaka77777

နွေးထွေးပျော်ရွှင်စွာ ကြိုဆိုမည့်သူမရှိတဲ့ ဘူတာရုံအိုလေးထဲမှာ ရထားဆင်းခရီးသည်တစ်ဦးရဲ့ အထီးကျန်ခြင်းတွေကို တတိယအကြိမ်ခံစားလိုက်ရတဲ့အခါ ပထမဆုံးအကြိမ်ထက် အဆပေါင်းများစွာ ပြင်းထန်နေခဲ့တယ်...........
အပြင်မှာ မိုးတဖွဲဖွဲကျနေတာကြောင့် ဘူတာရုံအပြင်ဖက်နားကတက္ကဆီတစ်စီးကိုသာ အလွယ်တကူတကူငှားလိုက်ရတော့တယ်။

နွေရာသီဖြစ်ဖြစ်၊မိုးရာသီဖြစ်ဖြစ် အပြင်ထွက်ရင် ထီးမဆောင်းတတ်တဲ့ သူ့ကို 'ခင်ဗျား ထီးမပါဘူးလား'လို့  ဆောင့်ဆောင့်အောင့်အောင့် ပြောပေးမယ့်သူလည်း အနားမှာမရှိပါဘူး။

ချုံချင်းမြို့လေးက အရင်ကနဲ့ မတူ တိုးတက်ပြောင်းလဲနေပြီဆိုပေမယ့် သူလာမှပဲ အရင်ကလို စိုစွတ်ထိုင်းမှိုင်းနေသည်။လမ်းပေါ်မှာ ပန်းပွင့်ကြွေများ၊ သစ်ရွက်ကြွေများဟိုတစ်စ ဒီတစ်စ လွင့်ကြွေနေသည်။မိုးက တစ်ချက်တစ်ချက် ဖြန်းခနဲ သည်းပက်လိုက်ပြီး တစ်ချက်တစ်ချက်ကျတော့ လေနဲ့လွင့်ပြီး ပျောက်သွားပြန်သည်။ဒါ ချုံချင်းမှာ ရွာတဲ့ မိုးမှ မဟုတ်ဘဲ။

အခုနေများ တစ်ယောက်ယောက်က 'ဟယ် အလည်လာတာလား'ဟု မေးရင်း သူဘယ်လိုဖြေရပါမလိမ့်။
'မဟုတ်ပါဘူး။ကွာရှင်းပြီး ပြန်လာတာပါ' လို့ အမှန်ပြောရမလား ဒါမှမဟုတ် 'ဟုတ်ကဲ့။ အမေတို့ကို သတိရလို့လာတာပါလို့ လိမ်ပြောရမလား။'

ဝေ့ဝဲလာတဲ့ မျက်ရည်ကို ခပ်ကြမ်းကြမ်းသုတ်ပြစ်ရင်း အားကိုတင်းလိုက်ရသည်။ဘာပဲဖြစ်ဖြစ် သူကတစ်ယောက်တည်းပဲ ဘာမဆိုရင်နိုင်ဖို့ သူပြင်ဆင်ထားရမယ်။စဥ်းစားရင်းနဲ့ဘဲ မျက်ရည်ကထပ်ကျလာတယ်.....
'ဝမ်ရိပေါ်' မင်းမရှိတဲ့ ဘဝမှာ ဘယ်အရာနဲ့မှာ အသားမကျသေးဘူး............။

ဖုန်းတွေ ၊အင်တာနက်တွေ အကုန်ပိတ်ထားတယ်။သူဖွင့်ကြည့်ဖို့ မရဲဘူး။အမြဲတမ်း ဆန်းသစ်နေတဲ့ မင်းသတင်းတွေကို သူမကြားရဲဘူး။မင်းရဲ့ ပြီးပြည့်စုံချောမောတဲ့ မျက်နှာကို မြင်ရင် ကောထပ်ပြီးငရဲတွင်းထဲ ခုန်ဆင်းမိမလားမသိဘူး။အရာရာကို စွန့်လွှတ်ပြီလို့ ကြွေးကြော်ခဲ့ပြီး သုံးလက်စ ဖုန်းပါ လွှင့်ပစ်ခဲ့ပေမယ့် အလွတ်ရနေတဲ့ မင်းရဲ့ ဖုန်းနံပါတ်ကို မနှိပ်မိအောင်တော့ ကောလက်ကို ဖြတ်ထားမှရမယ် ထင်တယ်။

ကောနဲ့ဝေးရာမှာ မင်းပျော်ပါစေ.......'ဝမ်ရိပေါ်
..............................................................................,
အိပ်ရာနိးလာတော့ တစ်ဖက်ခြမ်းက အေးစက်တောင့်တင်းနေလျက်.........ကော ဘယ်ရောက်သွားတာပါလိမ့်။
အာ.......မေ့နေတာပဲ....ကောမှမရှိတော့တာပဲ။ကွာရှင်းပြီးပြီဆိုတော့ သူ့အိမ်ကထွက်သွားလောက်ပြီပေါ့။

မနေ့ကနေ့လည် ကွာရှင်းစာချုပ်ကို လက်မှတ်ထိုးပြီး ဂျက်စီကာနဲ့ ပါတီကို သွားလိုက်တာ အမူးလွန်သွားလို့ ညကဘယ်လိုဘယ်ပုံ အိမ်ကို ပြန်ရောက်မှန်းတောင်မသိ။

ဒီလူ ဒီတစ်ခါတော့ တကယ် သူ့ကိုထားခဲ့တာပဲ................
အဟက်......အဆင်ပြေပါတယ်......သူ့ဘဝမှာ မရှိလို့ ဖြစ်ဘူးဆိုတာကို မရှိခဲ့တာဘဲ..........

'တီ တီ တီ'
ဖုန်းမြည်သံကြောင့် ကိုင်မလို့လုပ်ပေမယ့် ပြန်ကျသွားခဲ့တယ်။ကြည့်လိုက်တော့ သူ့ရဲ့ မန်နေဂျာ'ကုဝေ'။ခေါ်ထားတာ ဆယ်ခါကျော်တောင်မှပဲ။

'ကျစ်' စောစောစီးစီးကွာ။ပြန်ခေါ်လိုက်တော့...........

'ဝမ်ရိပေါ် မင်းချက်ချင်း အင်တာနက်ဖွင့်ကြည့်လိုက်ပါဦး။မင်းသတင်းက နံပါတ်တစ်ပဲ'လို့ ဟောက်ရင်း ဖုန်းချသွားခဲ့တယ်။

ဘာလဲဟ။ဘာတွေ နာမည်ကြီးနေပြန်ပြီလဲ။

ဖွင့်ကြည့်လိုက်တော့ နည်းနည်းအံံ့သြသွာတယ်။ကျန့်ကောနဲ့ သူ့ရဲ့ ဓာတ်ပုံတွေ။ကျန့်ကောက luggage ဆွဲပြီး ဘူတာရုံမှာ ငူငူငိုင်ငိုင်ထိုင်နေတဲ့ ပုံတွေ၊ လက်နှစ်ဖက်ကို မျက်နှာအုပ်ပြီး ထိုင်နေတဲ့ ပုံတွေ၊ ရထားပေါ်တက်သွားတဲ့ပုံတွေ.........
ဘာလဲ။ကျန့်ကော ငိုနေတာလား?????

ပြီးတော့ သူ့ဓာတ်ပုံတွေ....... ပါတီမှာ သူနဲ့ ဂျက်ဆီကာ နမ်းနေတဲ့ ပုံတွေ၊ နမ်းနေတာထက်ဆိုးနေတဲ့ ပုံတွေ.......

အဆိုးဆုံးကတော့ သတင်းရဲ့ခေါင်းစဥ်ဘဲ။ဘာတဲ့ .....
'ရွှေမင်းသားနှစ်ယောက်ရဲ့ အဆုံးသတ်'တဲ့။
ဒီလူတွေ အင်မတန်လက်သွက်ကြတာဘဲ။ မနေ့ကမှ ကွာရှင်းတာ ချက်ချင်းကို သိသွားကြတာဘဲ။

သူအိပ်ယာကနေထပြီး ရေချိုး၊အဝတ်အစားလဲဖို့ လုပ်တော့ မြင်နေကြလို ကုတင်ပေါ်မှာ အဝတ်အစားကမရှိ။ထုတ်ပေးမယ့် ကောမှမရှိဘဲ။နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်ရတယ်။

အောက်ဆင်းလာတော့လည်း စားပွဲခုံမှာ ဘာမနက်စာမှ မရှိ။ ဟာ....စိတ်ရှုပ်လာပြီ။

ရိုက်ကူးရေးကိုရောက်တော့လည်း မန်နေဂျာက စိတ်ပျက်လက်ပျက်မျက်လုံးနဲ့သာ ကြည့်နေတယ်။ရိုက်ကူးရေး ဝိုင်းတော်သားတွေကလည်း တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြတယ်။
'ကျန့်ကော' ထွက်သွားတာနဲ့ သူက အပြစ်သားတစ်ယောက်လို ဖြစ်သွားတာလား ။

သူ့အမှားတွေအများကြီးပါတာကို သိပေမယ့်လည်း ကျန့်ကောရဲ့ တဖြည်းဖြည်းမျိုသိပ်အေးစက်ခြင်းတွေကို သူသဘောမကျဘူး။အရင်ကထက် ပိုထိန်းချုပ်နိုင်လာတဲ့ ကောရဲ့ မျက်ဝန်းတွေ အရောင်မဲ့နေတာကိုလည်း သူသိတယ်။ဒါပေမယ့်လည်း လူဆိုတာ အကျင့်တစ်ခုကို လွယ်လွယ်နဲ့ မစွန့်လွှတ်နိုင်ကြဘူး မဟုတ်လား....။

သူ့ကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်တဲ့ကောရဲ့ စိတ်ကို နားမလည်နိုင်တာမဟုတ်ပေမယ့် တစ်စုံတစ်ယောက်နဲ့ အတည်တကျ relationship တစ်ခုတည်ဆောက်ဖို့ဆိုတာ သူလိုလူမျိုးမဖြစ်နိုင်ဘူးလို့ ခံယူထားမိတဲ့ ရိပေါ်ရဲ့ အတွေးဟာ ဆန့်ကျင်ဘက်တွေဖြစ်နေခဲ့တာပဲ။တစ်စတစ်စနဲ့ ဒဏ်ရာတွေပိုနက်ရှိုင်းလာခဲ့တယ်။

အချစ်ကို အယုံအကြည်မရှိတဲ့ သူ့အတွက် စာရွက်တစ်ရွက်နဲ့ ချုပ်နှောင်ထားတာကိုလည်း အယုံအကြည်မရှိဘူး။သူ့ကို ကောမှာပိုင်တာ ဒါပဲရှိတယ်လို့ ခဏခဏချည်နှောင် စကားနာထိုး စစ်ပွဲတွေခင်းတဲ့ ကောဟာ သူအတွက်တော့ အနီးဆုံးနဲ့ ဝေးနေတဲ့ လူတစ်ယောက်လိုပဲ။နွေးထွေးခဲ့ဖူးတဲ့ ကောဟာ လုံးဝတစိမ်းဆန်ဆန် သူ့ကို ဥပေက္ခာပြုတတ်လာတယ်....။စာရွက်တစ်ရွက်နဲ့ ဆိုင်ကြောင်းပြောခဲ့ဖူးတဲ့ ကောဟာ ခုလည်း စာရွက်တစ်ရွက်ပေးပြီး မဆိုင်ကြောင်း ပြောသွားခဲ့တယ်။

ကျွန်တော်တို့တွေက မတူညီကြဘူး ကော.....

#မကောင်းမကန်းလေးပါ😁#

#For Zawgyi

Continue Reading

You'll Also Like

464K 41.3K 58
Note::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။
175K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
4.5K 836 20
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
285K 49.2K 61
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)