အတိတ်တစ်နေရာဆီ........

16K 1K 7
                                    

ပေကျင်းရဲ့ မနက်ခင်းတွေဟာ တကယ့်ကို အေးမြပြီး လှပလွန်းတယ်.......

ဝတ်ထားတဲ့ ကုတ်အကျီကို ခပ်တင်းတင်းဆွဲစိလိုက်ရင်း ကော်ဖီဆိုင်က ထိုင်ခုံမှာထိုင်နေတုန်း အနောက်ကစကားသံအချို့ကြောင့် တပ်ထားတဲ့ maskကို ပိုမြင့်မြင့်ဖြစ်အောင်လုပ်လိုက်မိတယ်။

"ဒီနှစ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးမင်းသားက ဘယ်သူလဲ?"

"ရှောင်ကျန့်ပဲဖြစ်မှာပါ"

"ဒီနှစ်သာဖြစ်မယ်ဆိုရင် ဆွဲဆောင်မှုအရှိဆုံးမင်းသားအဖြစ်ရပ်တည်လာတာ ခြောက်နှစ်တောင်ရှိပြီနော်"

ကောင်မလေးတွေရဲ့ စကားအဆုံး သူ ထိုင်ခုံကနေထလာခဲ့လိုက်တယ်။ဆွဲဆောင်မှုအရှိဆုံးမင်းသားတဲ့လား။သူပြုံးနေမိတယ်။တကယ်သာ ဆွဲဆောင်မှုရှိတယ်ဆို သူ တစ်ယောက်ယောက်ကို ဆွဲဆောင်ချင်သေးတယ်။သူကို သိပ်ကြည့်မရတဲ့ မင်းသားပေါက်စလေးကိုပေါ့။

ရိုက်ကူးရေးကိုရောက်တော့ အဲ့ကလေးက ရောက်နှင့်နေပြီ။ eye makeup နဲ့ အတော်လိုက်ဖက်တဲ့ ကောင်လေး..........
သူ့ကို လိုက်ရောနေချင်ကြတဲ့ လူတွေအများကြီးကြားမှာ အဲ့ကောင်လေးတစ်ယောက်တည်း အချေမျက်နှာပေးနဲ့ ခပ်ဝေးဝေးမှာ ထိုင်နေခဲ့တာ........

တကယ့် အချေလေး............

ရိုက်ကူးရေးလုပ်တဲ့တောက်လျှောက် သူ သတိထားကြည့်မိတယ်။သူ့ကို အဲ့ခလေး လိုတာထက်ပို မဆက်ဆံဘူးဆိုတာ....။ဘာဖြစ်လို့လဲကွယ် ကောက မင်းနဲ့ ရင်းနှီးချင်ပါတယ်။

အနက်ရောင်နဲ့ လိုက်ဖက်တဲ့ ဖြူဖွေးနေတဲ့ အသားရောင်နဲ့ ပြတ်သားစူးရှတဲ့ မျက်ဝန်းတွေရယ်...တောင်းတင်းကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ ကောင်လေးကို ရိုက်ကူးရေးထဲက ကောင်မလေးတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတယ်။

အဲ့ခလေးဟာ တစ်နေ့မှာ သေချာပေါက် နာမည်ကြီး မင်းသားဖြစ်လာမှာကို သူ သိနေတယ်.........

......................................................................................
ဒီနေ့ရိုက်ရမယ့်အခန်းက "ဖီလာဖီလာ ........"
ဒါရိုက်တာ ပြောတာကို အာရုံမရောက်ဘဲ ပိုးအပျော့သားအဖြူလေးနဲ့ လိုတာထက် ပို ချောမောနေတဲ့ မင်းသား ရှောင်ကျန့်ကို ကြည့်ပြီး ဝမ်ရိပေါ် ခေါင်းချည်းခါနေမိတယ်။

မင်းချန်ရစ်ခဲ့တဲ့နေရာမှာ.........(completed)Where stories live. Discover now