Dear, Relationship

By Minileilei69

183K 16K 2.2K

" Relationship " means the way in which two or more people or things are connected, or the state of being co... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (15)
Chapter (16)
Chapter (17)

Chapter (14)

6.1K 821 229
By Minileilei69




ကျွန်တော့်စာမျက်နှာမှာအချိုးအကွေ့တစ်ခုကဝင်ရောက်တိုးဝှေ့သည်။ ခေါင်းစဉ်တပ်ပြရရင် သူက ကျွန်တော့်ကို ပြန်နမ်းခဲ့သည်တဲ့။

အဟေးဟေး အဟိုးဟိုး။

မကြာခဏနားထောင်ဖြစ်တဲ့ Anne Marie သီချင်းထဲမှာတော့ ဆယ်တစ်နှစ့်သားအရွယ်ထဲက ပလတ်စတစ်ခွက်လေးတွေကိုင်ကာ နှစ်ကိုယ်တူကြည်ဖြူ လာထားအာဘွားလုပ်နေကြောင်းပါသည်။ ဆိုတော့ကား Merv ကိုနမ်းပြီးတာတော်တော်ကြာတဲ့အထိ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေတဲ့ ကိုယ့်အဖြစ်ကိုယ်ပြန်တွေးမိတော့ သနားသွားသည်။ အားတော့မငယ်ပါ။ အသက် ၂၀ ရောက်တဲ့အထိ တစ်ခါမှမနမ်းဖူးတဲ့သူတွေရှိဦးမှာပါဆို ပြန်လည်အားမွေးလိုက်သည်။

ကျွန်တော့်ပတ်ဝန်းကျင်ကိုဘာတွေလွှမ်းခြုံထားသလဲ ကောင်းကောင်းမှတ်သားထားလိုက်သည်။ ဝါ၊စိမ်း၊နီ၊ပြာ ဖျော်ရည်စက်ကြီးကအနီးကပ်သက်သေဖြစ်ပြီး အဖြူအမည်းကွက်ကျားခင်းထားတဲ့ ကြမ်းပြင်ကပံ့ပိုးကူညီသူဖြစ်သည်။ တစ်ဖက်တစ်ချက်ဆီမှာရှိတဲ့ ရောင်စုံဂျယ်လီတွေ၊ ရောင်စုံပီကေတွေကတော့ ပရိတ်သတ်တွေပါ။ ဒီအချိုးအကွေ့လေးက ကာလာကိုစုံနေပါရောလား။

Merv နောက်,ဆိုဒါစိမ်းတစ်ခွက်ဖျော်ရည်စက်ထဲက ထပ်ဖြည့်သည်။ ကျွန်တော်လည်းပလတ်စတစ်ခွက်တစ်ခုယူလိုက်ပြီး အနီရောင်ဆိုဒါကိုဖြည့်သည်။ တော်တော်ကြာတဲ့အထိ နှစ်ယောက်လုံး ကြမ်းပြင်မှာဖင်ထိုင်ချ ငြိမ်သက်စွာဆိုဒါကို သောက်နေကြသည်။ ဒီသောက်ပုံသောက်နည်းက ကလေးဘဝကိုပြန်သတိရစေသည်။ လူကြီးတွေနဲ့မုန့်ဆိုင်လာလို့ အအေးဖျော်စက်ထဲကအအေးဖြည့်ပေးပြီးတဲ့အခါ လျှောက်သွားရင်းသောက်ရင် အအေးတွေဖိတ်စင်ကုန်မှာမို့ ငြိမ်ငြိမ်အရင်ထိုင်သောက်ခိုင်းတာမျိုးလေ။

" ဟေး ဒီမှာကြည့် "

Merv ကတံတောင်နဲ့လှမ်းတွတ်ပြီး ဆိုဒါစိမ်းတွေစွန်းထင်နေသည့် လျှာကိုထုတ်ပြသည်။ ကျွန်တော်ဟတ်ခနဲရယ်လိုက်ပြီး အခုချက်ချင်းသူ့လျှာပေါ်ကဆိုဒါအရသာကိုသိချင်သွားသည်။

" Ar...... "

ကျွန်တော်ဘက်ကလည်းပြန်ပြီးအနီရောင်တွေ စွန်းထင်းနေတာကိုပြလိုက်သည်။ Merv ကမြတ်နိုးစရာကောင်းအောင်ပြုံးရယ်သည်။ အနီရောင်လေးနဲ့ အစိမ်းရောင်ရောရင်ဘာရောင်ထွက်မလဲ သိချင်လိုက်တာ။

" ငါမမှတ်မိဘူး Cyril…, ငါသူတို့လေးတွေကို ကူညီနိုင်ရမှာ "

Merv ကသောက်လို့ကုန်သွားသည့်ပလတ်စတစ်ခွက်ကိုလုံးချေပြီး ငွေရှင်းကောင်တာအောက်မှာချိတ်ထားတဲ့အမှိုက်ခြင်းတောင်းထဲလှမ်းပစ်လိုက်သည်။ တည့်တည့်မတ်မတ်ကိုဝင်သွားသည်။

" မင်းအပြစ်မဟုတ်ဘူး Merv, မင်းမမှတ်မိတာလည်း မင်းအပြစ်မဟုတ်ဘူး။ ငါတို့မတတ်နိုင်တဲ့ကိစ္စက ငါတို့အပြစ်မဟုတ်ဘူး။ တခြားနည်းလမ်းတူတူရှာကြည့်တာပေါ့ "

ကျွန်တော်သူ့လက်ကိုအပေါ်ကအုပ်မိုးပြီး ဖျစ်ညှစ်လိုက်သည်။ Merv ရဲ့လက်ချောင်းတွေဟာသွယ်လျဖြောင့်စင်းပြီး တော်တော်ရှည်သည်၊ လက်ဖဝါးပြင်လည်းကျယ်သည်။ လမ်းသွားရင်းများလေးပင်လာခဲ့သည်ရှိသော် ကျွန်တော်သယ်ကူဖို့စေတနာ့ဝန်ထမ်းလုပ်ချင်သည်။

" ကျေးဇူးပါ Cyril "

" မင်းတော့ ကျေးဇူးပါ တားမြစ်ချက်နဲ့ငြိသွားပြီ …. ဖက်မလား? နမ်းမလား? ဖက်နမ်းမလား? "

ကျွန်တော်သူ့လက်ကိုအောင်နိုင်သူလို ပိုပြီးရဲရဲကိုင်လိုက်ရင်းပြောသည်။ Merv ကမနိုင်ဘူးဆိုတဲ့ပုံစံနဲ့ သက်ပြင်းချသည်။

" နိုး…, တားမြစ်ချက်က မင်းထုတ်ထားတာ! ဖက်ချင်လား? နမ်းချင်လား? ဖက်နမ်းချင်လား? မင်းပဲရွေးလုပ် "

ဆိုဒါအနည်းငယ်ကျန်နေတာကို တစ်ချက်ထဲပြတ်ပြတ်သားသားမော့သောက်လိုက်ပြီး ပညာစမ်းနေတဲ့ စုန်းထီလေးကို ကျွန်တော်ပညာပြတော့မည်။ တစ်ခေါက်ကြီးတောင်အတွေ့အကြုံရှိပြီဆိုတော့ ယုံကြည်ချက်တွေက ဟုန်းဟုန်းတောက်နေသည်။

ကျွန်တော်ဒူးတစ်ဖက်ထောက်ထိုင်ကာ Merv ရဲ့မေးစေ့ကိုဖွဖွလေးဆွဲယူမော့ရင်း ဖိကပ်နမ်းသည်။ သူ့နှုတ်ခမ်းတွေလည်းအအေးကြောင့်အေးစက်နေပြီး ကျွန်တော့်နှုတ်ခမ်းတွေလည်း ထိုနည်းတူစွာ။ နှုတ်ခမ်းချင်းဖိကပ်နမ်းနေရာက နှုတ်ခမ်းစပ်အစွန်အဖျားလေးတွေကို မတော်တဆ ထိခက်သွားရင် အေးခနဲဖြစ်သွားပြီး ကိုယ်ခန္ဓာမှမွှေးညှင်းတို့ကို နှိုးဆော်နေသည်။

" Ughhh ah "

ကျွန်တော်အတင်းဆွဲစုပ်တော့ Merv ရဲ့နှုတ်ခမ်းဟာ ညည်းသံလေးတွေနဲ့အတူပွင့်ဟလာသည်။ ကျွန်တော်လည်းပွင့်ချင်လာသည်— ဘောင်းဘီဇစ်။ နှုတ်ခမ်းကိုအကျယ်ကြီးမဟမိအောင် သတိပြုရင်း နေရာလပ်မကျန်အောင်ခပ်ကျပ်ကျပ်လေးဖိနမ်းသည်။ Merv ကခေါင်းကိုဖြေးဖြေးချင်းစောင်းလိုက်တဲ့အခါ လေထုလွှာတစ်ခုလုံးနှုတ်ခမ်းချင်းစုပ်ယူသံတွေသာကြားရသည်။ ညည်းညူသံမထွက်တဲ့အနမ်းဟာ ခြောက်သွေ့နေတာမို့ ကျွန်တော်လည်း သက်ပြင်းလေးခိုးချလိုက်သည်။

" ဒီနေ့နမ်းတာတွေရော မေ့သွားဦးမှာလားဟင် "

သူ့နှုတ်ခမ်းတွေနဲ့ခွာလိုက်တဲ့ခဏမှာ နဖူးချင်းဖိကပ်ပြီး ကျွန်တော်တိုးတိုးလေးရေရွတ်သည်။

" တစ်ခါနှစ်ခါပဲဆို မေ့ချင်မေ့မယ်။ ဒါပေမဲ့ ထပ်ခါထပ်ခါဆိုရင်တော့ မနက်အိပ်ယာနိုးတဲ့အခါ ငါ့နှုတ်ခမ်းတွေဘာလို့ရောင်ကိုင်းနေတာလဲဆို ငါစဉ်းစားချင်စဉ်းစားမယ် "

Merv ရဲ့မပျူငှာတဲ့မျဉ်းကွေးနှုတ်ခမ်းတွေကြားက သွားချွန်ချွန်လေးတွေဟာ ကျွန်တော့်ကိုကလူကျီစယ်သည်။ ဒီလိုနေရာတွေမှာ ကျွန်တော်ကဝှက်ဖဲများများပြားပြားမရှိတဲ့ အရိုးစင်းဆုံး ကောင်လေးတစ်ယောက်ဖြစ်လိမ့်မည်။ ဒူးတစ်ဖက်ထောက်ထားလို့ဟနေတဲ့ကြားထဲကို Merv ဟာတိုးဝင်လာပြီး ကျွန်တော့်ကို တစိုက်မတ်မတ်နမ်းသည်။ ကျွန်တော်ရော သူပါ နဂိုစိတ်ကူးထားတာထက် အကြိမ်ရေအများကြီးနမ်းမိသည်။

Merv ဟာဘယ်လိုကောင်းကောင်းနမ်းရမယ်ဆိုတာကို သောက်ကျိုးနဲအောင်သိတဲ့သူတစ်ယောက်ပါ။ ကျွန်တော်ကသာ သူ့အတွင်းထဲမရောက်ပေမဲ့ သူကတော့ အခွင့်ရတိုင်းလျှာခလုတ်တိုက်သည်။ အနမ်းကောင်းတဲ့သူတစ်ယောက်နဲ့နမ်းရတဲ့အခါ စွဲတတ်သည်။ Merv ရဲ့ နှုတ်ခမ်းတွေကိုကြည့်တိုင်း ကျွန်တော်တော့လျှာယားနေတော့မှာပဲ။ အဆက်မပြတ်နမ်းပြီးတဲ့အခါ ကျွန်တော်တို့နှစ်ယောက်လုံး နံရံကို မောဟိုက်စွာနဲ့မှီပစ်လိုက်သည်။

Merv နဲ့ ကျွန်တော်အကြည့်ချင်းဆုံတဲ့အခါမတိုင်ပင်ပဲ " Ar..." ဆိုတစ်ယောက်ကိုတစ်ယောက် လျှာထုတ်ပြမိသည်။ အစိမ်းရောင်အနီရောင်ဆိုဒါတွေအရောင်ပျောက်လုနီးပါးဖြစ်နေကြပြီ။

" သူ့နာမည်က အန်ဒရူး။ သူကငါ့အပေါ်အများကြီးကောင်းခဲ့ပါတယ်။ သူ့ကြောင့်ပဲ ငါအခက်ခဲဆုံးအခြေအနေတွေကို ကျော်ဖြတ်ခဲ့တာ "

နမ်းပြီးချင်းချင်း အဆက်ဟောင်းအကြောင်းပြောတာ လူကရင်ထဲအောင့်ခနဲဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်က သူ့အကြောင်းသိချင်သူဖြစ်တာမို့ ရလာသမျှခံစားချက်တိုင်းအတွက် အသင့်ပြင်ထားသည်။

" ဘယ်လိုစတွေ့တာလဲ "

" ဂက်စ်အိုးပေါက်ကွဲတာကနေ မီးကြီးပြီး ငါတို့တစ်မိသားစုလုံး ဆေးရုံအရေးပေါ်ခန်းဝင်ရတယ်။ အဲအချိန်က ငါ့မိဘတွေရော၊ညီမလေးရော မီးဖိုခန်းမှာရှိနေပြီး သူတို့ကိုလုံးဝကယ်လို့မရခဲ့ဘူး။ ငါကမီးဖိုချောင်နဲ့ဝေးတဲ့အခန်းမှာဆိုတော့ အသက်ဘေးလွတ်ပေမဲ့ အရေပြားတွေအကုန် ရွံစရာကြီးတွေဖြစ်ကုန်တယ် "

ထုံးစံအတိုင်း Merv ဟာဖြေးဖြေးချင်းပြောသည်။ သူစကားရပ်လိုက်တဲ့အချိန် ကျွန်တော် သူပြောသမျှကို ပုံရိပ်ယောင်ဖမ်းကြည့်သည်။

" ငါအသက်မပြည့်သေးတာရယ် အဖွဲ့အစည်းတွေရဲ့ထောက်ပံ့ကြေးတွေရယ်နဲ့ ဆေးရုံကောင်းတက်နိုင်တယ်။ အဆင့်မြင့်အရေးပြားကုထုံးလည်း ခံယူရတယ်။ တစ်ကိုယ်လုံးငါးရေခွံကွက်ကျားတွေနဲ့ ဆေးရုံခန်းထဲမှာ တစ်ယောက်ထဲထိုင်နေတုန်း အန်ဒရူးက Aquaman နဲ့တူတယ်ဆိုပြီး ရောက်လာခဲ့တယ် "

" အဲအချိန်ကမင်းအတွက် အပျော်ဆုံးဖြစ်ခဲ့မှာပဲ "

ပြန်ပြောပြနေတဲ့ Merv ရဲ့မျက်နှာရိပ်ကဲကိုကြည့်ရင်း ကျွန်တော်ရေရွတ်လိုက်သည်။

" အင်း… ငါ့မှာပျော်စရာတွေ မရှိတော့ဘူးလို့ထင်နေတဲ့အချိန်မှာ သူက ငါ့ကိုသင်ပေးခဲ့တာကိုး။ ပျော်ရွှင်မှုဆိုတာမျိုးက မင်းဘက်ကခွင့်ပြုဖို့ပဲလိုတာတဲ့ "

" သူကတော်သားပဲ "

" ငါဘာလို့ဒီအချိန်မှာဒါတွေပြောနေမိလဲ မသိဘူး။ ဆော်ရီး Cyril "

သူ့ဘာသူ ခံစားချက်တွေရှုပ်နေတဲ့ပုံနဲ့ ဆံပင်တွေကို ပွစိထနေအောင် ထိုးဖွနေသည်။

" သူမှားခဲ့တဲ့အမှားမျိုးငါ့ကိုမမှားစေချင်လို့ ဖြစ်မှာပေါ့ "

ကွန်ဖီးဒန့်လယ်ဗယ်တစ်ရာကျော်နေတဲ့ ကျွန်တော့်အဖြေကိုကြားတော့ Merv ကျွန်တော့်ခေါင်းကို လက်ညိုးနဲ့လာတောက်သည်။

" မင်းကိုငါကြိုက်ပါတယ် "

" ဒါပေါ့ ငါကကြိုက်ချင်စရာလေးကို "

" အရူးကောင် Cyril "

" ပြောပြပါဦး… မင်းတို့နှစ်ယောက်ဘယ်လိုဆက်ဖြစ်သွားလဲ "

" ဓာတ်ပြားဟောင်းကြီးဖွင့်ရဦးမှာပေါ့။ မမှတ်မိရင်ဘာမှအဓိပ္ပာယ်မရှိဘူး Cyril "

Merv ဆီကရင်နင့်စရာဇာတ်လမ်းလေးတစ်ခုကြားရမယ်ထင်ထားပေမဲ့ ကျွန်တော်ကြားနေကြစကားကိုသာကြားရသည်။ အန်ဒရူးဆိုသူက Merv ရဲ့မေ့တတ်တဲ့ရောဂါကို လက်မခံပေးနိုင်ဘဲ ပြသနာတချို့တတ်ကောင်းတတ်ခဲ့မှာပေါ့။

Merv နဲ့ပတ်သတ်ရင် ကိုယ့်ခံစားချက်ကို သံသယဝင်ဖို့ မဆုံးဖြတ်ထားဘူး ။ လူတစ်ယောက်ကို ကြိုက်မိတဲ့အခါ ဘာကြောင့်လဲ, ဘာအတွက်လဲ, ဘယ်လိုလဲ, ဘယ်တော့လဲ, ဘယ်အထိလဲ ဒီမေးခွန်းတွေကိုသာ လိုက်ပြီးဆန်းစစ်နေရရင် တစ်စုံတစ်ယောက်ကိုချစ်ရတော့မှာမဟုတ်ဘူး။ ခံစားချက်တွေက သချာၤပုစ္ဆာတွေမှမဟုတ်တာ။

" ငါမှတ်မိပေးမယ်။ မင်းရဲ့ကွက်လပ်တွေအကုန်ငါမှတ်မိပေးမယ်။ မနေ့ကအကြောင်းတွေ၊ တနေ့ကအကြောင်းတွေဘာလို့စိတ်ပူနေမှာလဲ ငါတို့မှာမနက်ဖြန်တွေရှိနေတာပဲ။

ဒိုင်ယာရီတွေမရေးချင်တဲ့အခါ Polaroid တွေရိုက်ပြီး နေ့စွဲတွေတပ်မယ်။

ငါတို့မှာနည်းလမ်းတွေအများကြီးရှိပါတယ် "

Merv ကကျွန်တော့်ပုခုံးပေါ်အသာယာလေး အမှီသဟဲပြုပြီး တိုးတိုးလေးမေးသည်။

" မင်းကရော… မင်နာကျင်မှာ မစိုးရိမ်ဘူးလား Cyril ?"

" မင်းကိုတခြားနည်းနဲ့ ပြန်နာအောင်လုပ်ပေးမယ်လေ "

ကျွန်တော်တို့နှစ်ယောက်ကြားမှာ မဖြစ်သေးတဲ့စိတ်ညစ်စရာကြီးကိုဆက်မဆွေးနွေးချင်တော့တာကြောင့် စကားလမ်းလွှဲလိုက်သည်။ လူတစ်ယောက်စီဟာ 5 မိနစ်အတွင်း နှလုံးသွေးကြောဖောက်ပြီးအသက်ထွက်နိုင်ချေရှိတယ်။ ကျွန်တော်တို့ 5 မိနစ်တိုင်းကို စိတ်ပူနေစရာမလိုဘူး။

" ငါ့ကိုဖင်ချမယ်လို့ပြောတာလား "

သောက်ထားတဲ့ဆိုဒါတွေ ဝမ်းတွင်းမှာသီးကုန်သည်။ ကျွန်တော်က ညစ်တီးညစ်ပတ်ဟာသပုံစံပြောလိုက်ပေမဲ့ Merv ကဘွင်းဘွင်းကြီးပြောချလိုက်တော့ ရှက်သွေးဖြာရတာပေါ့။

" နောက်တာ! နောက်တာ "

" သြော်…အဲဒါဆို မလုပ်ဘူးပေါ့ "

" မဟုတ်ဘူး လုပ်တာကလုပ်မှာ "

" သြော်… "

ကျွန်တော်ဘက်က Merv ကိုစ,နောက်ဖို့ကြိုးစားတိုင်းဘာလို့ ကိုယ်ရှူးကိုယ်ပက်ဖြစ်နေရလဲမသိ။

" ငါ့ကိုမှန်းရင် အာသာပြေလား "

ကျွန်တော့်နားကိုကပ်ပြီးတိုးတိုးလေးမေးသည်။ သိမ့်ခနဲပူတက်လာသည့်အပူငွေ့ကို ကျွန်တော့်နားရွက်ဖျားမှာခံစားရသည်။

" ငါမမှန်းပါဘူး "

" သြော်…, "

" တကယ်လို့ blow job လုပ်ပေးခဲ့ရင် မင်းမျက်တောင်တွေကို အပေါ်ကနေမြင်ရမှာလို့စိတ်ကူးဖူးတယ် "

" ငါ့မျက်တောင်တွေကိုအပေါ်ကမြင်ချင်တာပေါ့ "

" စိတ်ကူးတာပါ "

" သြော်…, "

" Merv! မင်းငါ့ကို ဗိုလ်ကျနေတာရပ်တော့ "

Merv ကနောက်ဆုံးတော့တဟားဟားထရယ်သည်။ သူ့ဆံပင်တွေဖွတာအားမရလို့ ကျွန်တော့်ဆံပင်တွေကိုပါ လာဖွပြီး ရယ်မောနေသည်။

" ဒါနဲ့ ငါတို့ရဲ့ ဒိတ် ၃ ခုဘာလုပ်ကြမလဲ Merv "

" Blow job လုပ်ကြမယ်လေ "

" မင်းကိုငါကုန်းကိုက်တော့မှာနော် "

" မင်းလိုလူမျိုးကြောင့် ခွေးများဝင်မလာပါနှင့်ဆို ဆိုင်းဘုတ်တပ်ထားတာနေမယ် ဟတ် "

ကျွန်တော်တို့ဆိုဒါတွေတစ်ခွက်ပြီးတစ်ခွက်သောက်သည်။ လေဖောင်းမုန့်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ တီကောင်ဂျယ်လီတွေစားသည်။ နောက်တစ်ခုချင်းစီ ဈေးနှုန်းတွက်ပြီး ငွေရှင်းကောင်တာမှာထည့်ခဲ့သည်။

နယူးယောခ့်မြို့ကတံတားတွေဟာ စူပါဟီးရိုးကားတွေရိုက်တိုင်းဖျက်ဆီးခံနေရကြောင်းပြောပြီး ကျွန်တော်တို့ ရုပ်ရှပ်ကားတွေမှာ ထက်ပိုင်းချိုးခံရတဲ့တံတားတွေရေတွက်သည်။ ကြောင်လေးတွေကိစ္စမှာ Captain Marvel ရဲ့မှတ်ဉာဏ်ကိုစစ်ဆေးသလိုဘေးပတ်ဝန်းကျင်တွေပါအကုန်ဖော်ထုတ်ကြည့်လို့ရရင်ကောင်းမယ်လို့ ကျွန်တော်တို့ညည်းတွားသည်။

" ဒါနဲ့မင်းကို မတ်ဆေ့ချ်ပို့လို့မရတာကြာပြီ "

" ငါ့ဖုန်းပျက်နေတာ Cyril…, မေးလ်ပေးမယ် "

Merv ကကျွန်တော့်ဖုန်းထဲမှာမှတ်ပေးပြီး ဓာတ်လှေကားထဲမှာပဲ ကျွန်တော်သူ့ မေးလ်လိပ်စာကိုဖတ်လိုက်သည်။

" mervynroths6 ? 6 ဆိုတာကမင်းမွေးနေ့လား? မွေးလလား ? "

" မွေးရာပါ "

၃ ထပ်မြောက်မှာသူကဆင်းသွားပြီး ကျွန်တော်ကတော့ မျက်လုံးတွေပြူးကျယ်ကာဓာတ်လှေကားနဲ့အပေါ်ကိုဆက်တက်သွားသည်။

Merv ကဘာဖြစ်ချင်နေတာလဲ။

...................................................


က်ြန္ေတာ့္စာမ်က္နွာမွာအခ်ိဳးအေကြ႕တစ္ခုကဝင္ေရာက္တိုးေဝွ႔သည္။ ေခါင္းစဥ္တပ္ျပရရင္ သူက က်ြန္ေတာ့္ကို ျပန္နမ္းခဲ့သည္တဲ့။

အေဟးေဟး အဟိုးဟိုး။

မၾကာခဏနားေထာင္ျဖစ္တဲ့ Anne Marie သီခ်င္းထဲမွာေတာ့ ဆယ္တစ္ႏွစ့္သားအရြယ္ထဲက ပလတ္စတစ္ခြက္ေလးေတြကိုင္ကာ ႏွစ္ကိုယ္တူၾကည္ျဖဴ လာထားအာဘြားလုပ္ေနေၾကာင္းပါသည္။ ဆိုေတာ့ကား Merv ကိုနမ္းၿပီးတာေတာ္ေတာ္ၾကာတဲ့အထိ ေျခမကိုင္မိလက္မကိုင္မိ ျဖစ္ေနတဲ့ ကိုယ့္အျဖစ္ကိုယ္ျပန္ေတြးမိေတာ့ သနားသြားသည္။ အားေတာ့မငယ္ပါ။ အသက္ ၂၀ ေရာက္တဲ့အထိ တစ္ခါမွမနမ္းဖူးတဲ့သူေတြရွိဦးမွာပါဆို ျပန္လည္အားေမြးလိုက္သည္။

ကၽြန္ေတာ့္ပတ္ဝန္းက်င္ကိုဘာေတြလႊမ္းျခံဳထားသလဲ ေကာင္းေကာင္းမွတ္သားထားလိုက္သည္။ ဝါ၊စိမ္း၊နီ၊ျပာ ေဖ်ာ္ရည္စက္ႀကီးကအနီးကပ္သက္ေသျဖစ္ၿပီး အျဖဴအမည္းကြက္က်ားခင္းထားတဲ့ ၾကမ္းျပင္ကပံ့ပိုးကူညီသူျဖစ္သည္။ တစ္ဖက္တစ္ခ်က္ဆီမွာရွိတဲ့ ေရာင္စံုဂ်ယ္လီေတြ၊ ေရာင္စံုပီေကေတြကေတာ့ ပရိတ္သတ္ေတြပါ။ ဒီအခ်ိဳးအေကြ႕ေလးက ကာလာကိုစံုေနပါေရာလား။

Merv ေနာက္,ဆိုဒါစိမ္းတစ္ခြက္ေဖ်ာ္ရည္စက္ထဲက ထပ္ျဖည့္သည္။ ကၽြန္ေတာ္လည္းပလတ္စတစ္ခြက္တစ္ခုယူလိုက္ၿပီး အနီေရာင္ဆိုဒါကိုျဖည့္သည္။ ေတာ္ေတာ္ၾကာတဲ့အထိ ႏွစ္ေယာက္လံုး ၾကမ္းျပင္မွာဖင္ထိုင္ခ် ျငိမ္သက္စြာဆိုဒါကို ေသာက္ေနၾကသည္။ ဒီေသာက္ပံုေသာက္နည္းက ကေလးဘဝကိုျပန္သတိရေစသည္။ လူႀကီးေတြနဲ႔မုန္႔ဆိုင္လာလို႔ အေအးေဖ်ာ္စက္ထဲကအေအးျဖည့္ေပးၿပီးတဲ့အခါ ေလွ်ာက္သြားရင္းေသာက္ရင္ အေအးေတြဖိတ္စင္ကုန္မွာမို႔ ၿငိမ္ၿငိမ္အရင္ထိုင္ေသာက္ခိုင္းတာမ်ိဳးေလ။

" ေဟး ဒီမွာၾကည့္ "

Merv ကတံေတာင္နဲ႔လွမ္းတြတ္ၿပီး ဆိုဒါစိမ္းေတြစြန္းထင္ေနသည့္ လွ်ာကိုထုတ္ျပသည္။ ကၽြန္ေတာ္ဟတ္ခနဲရယ္လိုက္ၿပီး အခုခ်က္ခ်င္းသူ႔လွ်ာေပၚကဆုိဒါအရသာကိုသိခ်င္သြားသည္။

" Ar...... "

က်ြန္ေတာ္ဘက္ကလည္းျပန္ျပီးအနီေရာင္ေတြ စြန္းထင္းေနတာကိုျပလိုက္သည္။ Merv ကျမတ္ႏိုးစရာေကာင္းေအာင္ျပံဳးရယ္သည္။ အနီေရာင္ေလးနဲ႔ အစိမ္းေရာင္ေရာရင္ဘာေရာင္ထြက္မလဲ သိခ်င္လိုက္တာ။

" ငါမမွတ္မိဘူး Cyril…, ငါသူတို႔ေလးေတြကို ကူညီႏိုင္ရမွာ "

Merv ကေသာက္လို႔ကုန္သြားသည့္ပလတ္စတစ္ခြက္ကိုလံုးေခ်ၿပီး ေငြရွင္းေကာင္တာေအာက္မွာခ်ိတ္ထားတဲ့အမႈိက္ျခင္းေတာင္းထဲလွမ္းပစ္လိုက္သည္။ တည့္တည့္မတ္မတ္ကိုဝင္သြားသည္။

" မင္းအျပစ္မဟုတ္ဘူး Merv, မင္းမမွတ္မိတာလည္း မင္းအျပစ္မဟုတ္ဘူး။ ငါတို႔မတတ္ႏိုင္တဲ့ကိစၥက ငါတို႔အျပစ္မဟုတ္ဘူး။ တျခားနည္းလမ္းတူတူရွာၾကည့္တာေပါ့ "

ကၽြန္ေတာ္သူ႔လက္ကိုအေပၚကအုပ္မိုးၿပီး ဖ်စ္ညႇစ္လိုက္သည္။ Merv ရဲ႕လက္ေခ်ာင္းေတြဟာသြယ္လ်ေျဖာင့္စင္းၿပီး ေတာ္ေတာ္ရွည္သည္၊ လက္ဖဝါးျပင္လည္းက်ယ္သည္။ လမ္းသြားရင္းမ်ားေလးပင္လာခဲ့သည္ရွိေသာ္ ကၽြန္ေတာ္သယ္ကူဖို႔ေစတနာ့ဝန္ထမ္းလုပ္ခ်င္သည္။

" ေက်းဇူးပါ Cyril "

" မင္းေတာ့ ေက်းဇူးပါ တားျမစ္ခ်က္နဲ႔ၿငိသြားၿပီ …. ဖက္မလား? နမ္းမလား? ဖက္နမ္းမလား? "

ကၽြန္ေတာ္သူ႔လက္ကိုေအာင္ႏိုင္သူလို ပိုၿပီးရဲရဲကိုင္လိုက္ရင္းေျပာသည္။ Merv ကမႏိုင္ဘူးဆိုတဲ့ပံုစံနဲ႔ သက္ျပင္းခ်သည္။

" ႏိုး…, တားျမစ္ခ်က္က မင္းထုတ္ထားတာ! ဖက္ခ်င္လား? နမ္းခ်င္လား? ဖက္နမ္းခ်င္လား? မင္းပဲေရြးလုပ္ "

ဆိုဒါအနည္းငယ္က်န္ေနတာကို တစ္ခ်က္ထဲျပတ္ျပတ္သားသားေမာ့ေသာက္လိုက္ၿပီး ပညာစမ္းေနတဲ့ စုန္းထီေလးကို ကၽြန္ေတာ္ပညာျပေတာ့မည္။ တစ္ေခါက္ႀကီးေတာင္အေတြ႕အၾကံဳရွိၿပီဆိုေတာ့ ယံုၾကည္ခ်က္ေတြက ဟုန္းဟုန္းေတာက္ေနသည္။

ကၽြန္ေတာ္ဒူးတစ္ဖက္ေထာက္ထိုင္ကာ Merv ရဲ႕ေမးေစ့ကိုဖြဖြေလးဆြဲယူေမာ့ရင္း ဖိကပ္နမ္းသည္။ သူ႔ႏႈတ္ခမ္းေတြလည္းအေအးေၾကာင့္ေအးစက္ေနၿပီး ကၽြန္ေတာ့္ႏႈတ္ခမ္းေတြလည္း ထိုနည္းတူစြာ။ ႏႈတ္ခမ္းခ်င္းဖိကပ္နမ္းေနရာက ႏႈတ္ခမ္းစပ္အစြန္အဖ်ားေလးေတြကို မေတာ္တဆ ထိခက္သြားရင္ ေအးခနဲျဖစ္သြားၿပီး ကိုယ္ခႏၶာမွေမႊးညႇင္းတို႔ကို ႏႈိးေဆာ္ေနသည္။

" Ughhh ah "

က်ြန္ေတာ္အတင္းဆြဲစုပ္ေတာ့ Merv ရဲ့ႏႈတ္ခမ္းဟာ ညည္းသံေလးေတြနဲ႔အတူပြင့္ဟလာသည္။ က်ြန္ေတာ္လည္းပြင့္ခ်င္လာသည္— ေဘာင္းဘီဇစ္။ ႏႈတ္ခမ္းကိုအက်ယ္ႀကီးမဟမိေအာင္ သတိျပဳရင္း ေနရာလပ္မက်န္ေအာင္ခပ္က်ပ္က်ပ္ေလးဖိနမ္းသည္။ Merv ကေခါင္းကိုေျဖးေျဖးခ်င္းေစာင္းလိုက္တဲ့အခါ ေလထုလႊာတစ္ခုလံုးႏႈတ္ခမ္းခ်င္းစုပ္ယူသံေတြသာၾကားရသည္။ ညည္းညဴသံမထြက္တဲ့အနမ္းဟာ ေျခာက္ေသြ႕ေနတာမို႔ ကၽြန္ေတာ္လည္း သက္ျပင္းေလးခိုးခ်လိုက္သည္။

" ဒီေန႔နမ္းတာေတြေရာ ေမ့သြားဦးမွာလားဟင္ "

သူ႔ႏႈတ္ခမ္းေတြနဲ႔ခြာလိုက္တဲ့ခဏမွာ နဖူးခ်င္းဖိကပ္ၿပီး ကၽြန္ေတာ္တိုးတိုးေလးေရရြတ္သည္။

" တစ္ခါႏွစ္ခါပဲဆို ေမ့ခ်င္ေမ့မယ္။ ဒါေပမဲ့ ထပ္ခါထပ္ခါဆိုရင္ေတာ့ မနက္အိပ္ယာႏိုးတဲ့အခါ ငါ့ႏႈတ္ခမ္းေတြဘာလို႔ေရာင္ကိုင္းေနတာလဲဆို ငါစဥ္းစားခ်င္စဥ္းစားမယ္ "

Merv ရဲ႕မပ်ဴငွာတဲ့မ်ဥ္းေကြးႏႈတ္ခမ္းေတြၾကားက သြားခၽြန္ခၽြန္ေလးေတြဟာ ကၽြန္ေတာ့္ကိုကလူက်ီစယ္သည္။ ဒီလိုေနရာေတြမွာ ကၽြန္ေတာ္ကဝွက္ဖဲမ်ားမ်ားျပားျပားမရွိတဲ့ အ႐ိုးစင္းဆံုး ေကာင္ေလးတစ္ေယာက္ျဖစ္လိမ့္မည္။ ဒူးတစ္ဖက္ေထာက္ထားလို႔ဟေနတဲ့ၾကားထဲကို Merv ဟာတိုးဝင္လာၿပီး ကၽြန္ေတာ့္ကို တစိုက္မတ္မတ္နမ္းသည္။ ကၽြန္ေတာ္ေရာ သူပါ နဂိုစိတ္ကူးထားတာထက္ အၾကိမ္ေရအမ်ားၾကီးနမ္းမိသည္။

Merv ဟာဘယ္လိုေကာင္းေကာင္းနမ္းရမယ္ဆိုတာကို ေသာက္က်ိဳးနဲေအာင္သိတဲ့သူတစ္ေယာက္ပါ။ ကၽြန္ေတာ္ကသာ သူ႔အတြင္းထဲမေရာက္ေပမဲ့ သူကေတာ့ အခြင့္ရတိုင္းလွ်ာခလုတ္တိုက္သည္။ အနမ္းေကာင္းတဲ့သူတစ္ေယာက္နဲ႔နမ္းရတဲ့အခါ စြဲတတ္သည္။ Merv ရဲ႕ ႏႈတ္ခမ္းေတြကိုၾကည့္တိုင္း ကၽြန္ေတာ္ေတာ့လွ်ာယားေနေတာ့မွာပဲ။ အဆက္မျပတ္နမ္းၿပီးတဲ့အခါ ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုး နံရံကို ေမာဟိုက္စြာနဲ႔မွီပစ္လိုက္သည္။

Merv နဲ႔ ကၽြန္ေတာ္အၾကည့္ခ်င္းဆံုတဲ့အခါမတိုင္ပင္ပဲ " Ar..." ဆိုတစ္ေယာက္ကိုတစ္ေယာက္ လွ်ာထုတ္ျပမိသည္။ အစိမ္းေရာင္အနီေရာင္ဆိုဒါေတြအေရာင္ေပ်ာက္လုနီးပါးျဖစ္ေနၾကၿပီ။

" သူ႔နာမည္က အန္ဒရူး။ သူကငါ့အေပၚအမ်ားႀကီးေကာင္းခဲ့ပါတယ္။ သူ႔ေၾကာင့္ပဲ ငါအခက္ခဲဆံုးအေျခအေနေတြကို ေက်ာ္ျဖတ္ခဲ့တာ "

နမ္းၿပီးခ်င္းခ်င္း အဆက္ေဟာင္းအေၾကာင္းေျပာတာ လူကရင္ထဲေအာင့္ခနဲျဖစ္သြားတယ္။ ဒါေပမဲ့ ကၽြန္ေတာ္ကိုယ္တိုင္က သူ႔အေၾကာင္းသိခ်င္သူျဖစ္တာမို႔ ရလာသမွ်ခံစားခ်က္တိုင္းအတြက္ အသင့္ျပင္ထားသည္။

" ဘယ္လိုစေတြ႕တာလဲ "

" ဂက္စ္အိုးေပါက္ကြဲတာကေန မီးႀကီးၿပီး ငါတို႔တစ္မိသားစုလံုး ေဆး႐ုံအေရးေပၚခန္းဝင္ရတယ္။ အဲအခ်ိန္က ငါ့မိဘေတြေရာ၊ညီမေလးေရာ မီးဖိုခန္းမွာရွိေနၿပီး သူတို႔ကိုလံုးဝကယ္လို႔မရခဲ့ဘူး။ ငါကမီးဖိုေခ်ာင္နဲ႔ေဝးတဲ့အခန္းမွာဆိုေတာ့ အသက္ေဘးလြတ္ေပမဲ့ အေရျပားေတြအကုန္ ရြံစရာႀကီးေတြျဖစ္ကုန္တယ္ "

ထံုးစံအတိုင္း Merv ဟာေျဖးေျဖးခ်င္းေျပာသည္။ သူစကားရပ္လိုက္တဲ့အခ်ိန္ ကၽြန္ေတာ္ သူေျပာသမွ်ကို ပံုရိပ္ေယာင္ဖမ္းၾကည့္သည္။

" ငါအသက္မျပည့္ေသးတာရယ္ အဖြဲ႕အစည္းေတြရဲ႕ေထာက္ပံ့ေၾကးေတြရယ္နဲ႔ ေဆး႐ုံေကာင္းတက္ႏိုင္တယ္။ အဆင့္ျမင့္အေရးျပားကုထံုးလည္း ခံယူရတယ္။ တစ္ကိုယ္လံုးငါးေရခြံကြက္က်ားေတြနဲ႔ ေဆး႐ုံခန္းထဲမွာ တစ္ေယာက္ထဲထိုင္ေနတုန္း အန္ဒ႐ူးက Aquaman နဲ႔တူတယ္ဆိုၿပီး ေရာက္လာခဲ့တယ္ "

" အဲအခ်ိန္ကမင္းအတြက္ အေပ်ာ္ဆံုးျဖစ္ခဲ့မွာပဲ "

ျပန္ေျပာျပေနတဲ့ Merv ရဲ႕မ်က္ႏွာရိပ္ကဲကိုၾကည့္ရင္း ကၽြန္ေတာ္ေရရြတ္လိုက္သည္။

" အင္း… ငါ့မွာေပ်ာ္စရာေတြ မရွိေတာ့ဘူးလို႔ထင္ေနတဲ့အခ်ိန္မွာ သူက ငါ့ကိုသင္ေပးခဲ့တာကိုး။ ေပ်ာ္ရႊင္မႈဆိုတာမ်ိဳးက မင္းဘက္ကခြင့္ျပဳဖို႔ပဲလိုတာတဲ့ "

" သူကေတာ္သားပဲ "

" ငါဘာလို႔ဒီအခ်ိန္မွာဒါေတြေျပာေနမိလဲ မသိဘူး။ ေဆာ္ရီး Cyril "

သူ႔ဘာသူ ခံစားခ်က္ေတြ႐ႈပ္ေနတဲ့ပံုနဲ႔ ဆံပင္ေတြကို ပြစိထေနေအာင္ ထိုးဖြေနသည္။

" သူမွားခဲ့တဲ့အမွားမ်ိဳးငါ့ကိုမမွားေစခ်င္လို႔ ျဖစ္မွာေပါ့ "

ကြန္ဖီးဒန္႔လယ္ဗယ္တစ္ရာေက်ာ္ေနတဲ့ ကၽြန္ေတာ့္အေျဖကိုၾကားေတာ့ Merv ကၽြန္ေတာ့္ေခါင္းကို လက္ညိဳးနဲ႔လာေတာက္သည္။

" မင္းကိုငါႀကိဳက္ပါတယ္ "

" ဒါေပါ့ ငါကႀကိဳက္ခ်င္စရာေလးကို "

" အ႐ူးေကာင္ Cyril "

" ေျပာျပပါဦး… မင္းတို႔ႏွစ္ေယာက္ဘယ္လိုဆက္ျဖစ္သြားလဲ "

" ဓာတ္ျပားေဟာင္းႀကီးဖြင့္ရဦးမွာေပါ့။ မမွတ္မိရင္ဘာမွအဓိပၸာယ္မရွိဘူး Cyril "

Merv ဆီကရင္နင့္စရာဇာတ္လမ္းေလးတစ္ခုၾကားရမယ္ထင္ထားေပမဲ့ ကၽြန္ေတာ္ၾကားေနၾကစကားကိုသာၾကားရသည္။ အန္ဒ႐ူးဆိုသူက Merv ရဲ႕ေမ့တတ္တဲ့ေရာဂါကို လက္မခံေပးႏိုင္ဘဲ ျပသနာတခ်ိဳ႕တတ္ေကာင္းတတ္ခဲ့မွာေပါ့။

Merv နဲ႔ပတ္သတ္ရင္ ကိုယ့္ခံစားခ်က္ကို သံသယဝင္ဖို႔ မဆံုးျဖတ္ထားဘူး ။ လူတစ္ေယာက္ကို ႀကိဳက္မိတဲ့အခါ ဘာေၾကာင့္လဲ, ဘာအတြက္လဲ, ဘယ္လိုလဲ, ဘယ္ေတာ့လဲ, ဘယ္အထိလဲ ဒီေမးခြန္းေတြကိုသာ လိုက္ၿပီးဆန္းစစ္ေနရရင္ တစ္စံုတစ္ေယာက္ကိုခ်စ္ရေတာ့မွာမဟုတ္ဘူး။ ခံစားခ်က္ေတြက သခ်ာၤပုစာၦေတြမွမဟုတ္တာ။

" ငါမွတ္မိေပးမယ္။ မင္းရဲ႕ကြက္လပ္ေတြအကုန္ငါမွတ္မိေပးမယ္။ မေန႔ကအေၾကာင္းေတြ၊ တေန႔ကအေၾကာင္းေတြဘာလို႔စိတ္ပူေနမွာလဲ ငါတို႔မွာမနက္ျဖန္ေတြရွိေနတာပဲ။

ဒိုင္ယာရီေတြမေရးခ်င္တဲ့အခါ Polaroid ေတြ႐ိုက္ၿပီး ေန႔စြဲေတြတပ္မယ္။

ငါတို႔မွာနည္းလမ္းေတြအမ်ားႀကီးရွိပါတယ္ "

Merv ကကၽြန္ေတာ့္ပုခံုးေပၚအသာယာေလး အမွီသဟဲျပဳၿပီး တိုးတိုးေလးေမးသည္။

" မင္းကေရာ… မင္နာက်င္မွာ မစိုးရိမ္ဘူးလား Cyril ?"

" မင္းကိုတျခားနည္းနဲ႔ ျပန္နာေအာင္လုပ္ေပးမယ္ေလ "

ကၽြန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ မျဖစ္ေသးတဲ့စိတ္ညစ္စရာႀကီးကိုဆက္မေဆြးေႏြးခ်င္ေတာ့တာေၾကာင့္ စကားလမ္းလႊဲလိုက္သည္။ လူတစ္ေယာက္စီဟာ 5 မိနစ္အတြင္း ႏွလံုးေသြးေၾကာေဖာက္ၿပီးအသက္ထြက္ႏိုင္ေခ်ရွိတယ္။ ကၽြန္ေတာ္တို႔ 5 မိနစ္တိုင္းကို စိတ္ပူေနစရာမလိုဘူး။

" ငါ့ကိုဖင္ခ်မယ္လို႔ေျပာတာလား "

ေသာက္ထားတဲ့ဆိုဒါေတြ ဝမ္းတြင္းမွာသီးကုန္သည္။ ကၽြန္ေတာ္က ညစ္တီးညစ္ပတ္ဟာသပံုစံေျပာလိုက္ေပမဲ့ Merv ကဘြင္းဘြင္းႀကီးေျပာခ်လိုက္ေတာ့ ရွက္ေသြးျဖာရတာေပါ့။

" ေနာက္တာ! ေနာက္တာ "

" ေၾသာ္…အဲဒါဆို မလုပ္ဘူးေပါ့ "

" မဟုတ္ဘူး လုပ္တာကလုပ္မွာ "

" ေၾသာ္… "

ကၽြန္ေတာ္ဘက္က Merv ကိုစ,ေနာက္ဖို႔ႀကိဳးစားတိုင္းဘာလို႔ ကိုယ္ရွဴးကိုယ္ပက္ျဖစ္ေနရလဲမသိ။

" ငါ့ကိုမွန္းရင္ အာသာေျပလား "

ကၽြန္ေတာ့္နားကိုကပ္ၿပီးတိုးတိုးေလးေမးသည္။ သိမ့္ခနဲပူတက္လာသည့္အပူေငြ႕ကို ကၽြန္ေတာ့္နားရြက္ဖ်ားမွာခံစားရသည္။

" ငါမမွန္းပါဘူး "

" ေၾသာ္…, "

" တကယ္လို႔ blow job လုပ္ေပးခဲ့ရင္ မင္းမ်က္ေတာင္ေတြကို အေပၚကေနျမင္ရမွာလို႔စိတ္ကူးဖူးတယ္ "

" ငါ့မ်က္ေတာင္ေတြကိုအေပၚကျမင္ခ်င္တာေပါ့ "

" စိတ္ကူးတာပါ "

" ေၾသာ္…, "

" Merv! မင္းငါ့ကို ဗိုလ္က်ေနတာရပ္ေတာ့ "

Merv ကေနာက္ဆံုးေတာ့တဟားဟားထရယ္သည္။ သူ႔ဆံပင္ေတြဖြတာအားမရလို႔ ကၽြန္ေတာ့္ဆံပင္ေတြကိုပါ လာဖြၿပီး ရယ္ေမာေနသည္။

" ဒါနဲ႔ ငါတို႔ရဲ႕ ဒိတ္ ၃ ခုဘာလုပ္ၾကမလဲ Merv "

" Blow job လုပ္ၾကမယ္ေလ "

" မင္းကိုငါကုန္းကိုက္ေတာ့မွာေနာ္ "

" မင္းလိုလူမ်ိဳးေၾကာင့္ ေခြးမ်ားဝင္မလာပါႏွင့္ဆို ဆိုင္းဘုတ္တပ္ထားတာေနမယ္ ဟတ္ "

ကၽြန္ေတာ္တို႔ဆိုဒါေတြတစ္ခြက္ၿပီးတစ္ခြက္ေသာက္သည္။ ေလေဖာင္းမုန္႔ေတြ၊ ေခါက္ဆြဲေျခာက္ေတြ၊ တီေကာင္ဂ်ယ္လီေတြစားသည္။ ေနာက္တစ္ခုခ်င္းစီ ေစ်းႏႈန္းတြက္ၿပီး ေငြရွင္းေကာင္တာမွာထည့္ခဲ့သည္။

နယူးေယာခ့္ၿမိဳ႕ကတံတားေတြဟာ စူပါဟီး႐ိုးကားေတြ႐ိုက္တိုင္းဖ်က္ဆီးခံေနရေၾကာင္းေျပာၿပီး ကၽြန္ေတာ္တို႔ ႐ုပ္ရွပ္ကားေတြမွာ ထက္ပိုင္းခ်ိဳးခံရတဲ့တံတားေတြေရတြက္သည္။ ေၾကာင္ေလးေတြကိစၥမွာ Captain Marvel ရဲ႕မွတ္ဥာဏ္ကိုစစ္ေဆးသလိုေဘးပတ္ဝန္းက်င္ေတြပါအကုန္ေဖာ္ထုတ္ၾကည့္လို႔ရရင္ေကာင္းမယ္လို႔ ကၽြန္ေတာ္တို႔ညည္းတြားသည္။

" ဒါနဲ႔မင္းကို မတ္ေဆ့ခ်္ပို႔လို႔မရတာၾကာၿပီ "

" ငါ့ဖုန္းပ်က္ေနတာ Cyril…, ေမးလ္ေပးမယ္ "

Merv ကကၽြန္ေတာ့္ဖုန္းထဲမွာမွတ္ေပးၿပီး ဓာတ္ေလွကားထဲမွာပဲ ကၽြန္ေတာ္သူ႔ ေမးလ္လိပ္စာကိုဖတ္လိုက္သည္။

" mervynroths6 ? 6 ဆိုတာကမင္းေမြးေန႔လား? ေမြးလလား ? "

" ေမြးရာပါ "

၃ ထပ္ေျမာက္မွာသူကဆင္းသြားၿပီး ကၽြန္ေတာ္ကေတာ့ မ်က္လံုးေတြျပဴးက်ယ္ကာဓာတ္ေလွကားနဲ႔အေပၚကိုဆက္တက္သြားသည္။

Merv ကဘာျဖစ္ခ်င္ေနတာလဲ။

.....................................................

Continue Reading

You'll Also Like

2.4M 85.7K 61
"The Malhotra Brides" is a heart-warming tale that explores the emotional journey of two sisters, Aditi and Pragya, as they navigate their new lives...
220K 5.3K 53
Lauren Campbell is a sweet, simple girl with a bubbly personality. She tries to accept her imperfections and enjoys the little pleasures in life. "Sh...
884K 57.5K 31
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
289K 10.7K 75
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...