Dear, Relationship

By Minileilei69

183K 16K 2.2K

" Relationship " means the way in which two or more people or things are connected, or the state of being co... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)

Chapter (13)

6.1K 822 142
By Minileilei69




Crush အလုပ်လုပ်တဲ့အအေးဆိုင်မှာ ကျွန်တော်ရယ် Niel ရယ် လစ်ဇာရယ် 'သူငယ်ချင်းများစွာ ဒီဘဝတစ်ခုမှာဆုံတွေ့ခဲ့တာ' ဆိုတဲ့တေးသရုပ်ဖော်ပြဇာတ်ကိုခင်းကောင်းနေတာ အချိန်ကနောက်ကျနေပြီ။ 9 နာရီမထိုးခင်အိမ်ပြန်လာခဲ့မယ်လို့ အမေ့ကိုပြောထားခဲ့ပေမဲ့ အခု 10 နာရီထိုးတော့မယ်။ မှတ်စုထုတ်တာတွေအကုန်ပြီးသွားပေမဲ့ စစ်တမ်းကောက်မေးခွန်းတွေတော့ ကျန်ရှိသေးသည်။

ကျွန်တော်တို့မှတ်စုကောင်းတွေထုတ်ဖို့ လေ့လာတဲ့နေရာဟာ အိန္ဒိယကျောင်းသားတွေရဲ့ blog တွေ website တွေဖြစ်သည်။ အိန္ဒိယလူမျိုးတွေဟာ မဟားတရားသဘောကောင်း မနောကောင်းတဲ့ ပင်ကိုယ်ဗီဇရှိကြသည်။ ဒါကြောင့်ပဲ ကျွန်တော်တို့လိုချင်တဲ့အကြောင်းအရာကို ရှာဖွေတဲ့အခါ သူတို့ရှင်းပြပြီဆို လိုရင်းကိုမရောက်နိုင်။ သဘောကောင်းကောင်းနဲ့ သူတို့တွေ အခေါက်ခေါက်အခါခါရှာဖွေလေ့လာရေးဆင်းထားသည့် လက်တွေ့မျိုးစုံကိုရှင်းပြသည်။ ဆင်ခြေမျိုးစုံတက်ပြသည်။ မြောက်များစွာသော ဥပမာတွေ၊ သာဓကတွေပေးပြီးတော့မှ ကျွန်တော်တို့သိချင်တဲ့ အကြောင်းအရာလေးဆီကိုဆိုက်ရောက်သည်။ ပညာတော့တအားရပေမဲ့ စာမေးပွဲနီးကာမှ သူတို့လက်ချာတွေကိုနားထောင်ပြီဆိုရင်တော့ ဒစ်လည်ပြီပဲ။

လစ်ဇာက သူမမှတ်စုတွေနည်းနည်းပြန်စစ်ဆေးပြီးမှ အိမ်ပြန်မယ်ပြောပြီး Niel ကတော့ ချိန်းထားတာရှိသေးသည်ဟု ပြီတီတီမျက်နှာနဲ့ပြောသည်။ ည 10 နာရီနောက်ပိုင်းချိန်းတာ ရည်းစားဟောင်းရဲ့ခွေးတော့မဖြစ်နိုင်။

ဂလော်ရီယာတိုက်တန်းလျားနဲ့ တစ်မှတ်တိုင်ပဲကွာတာကြောင့် ညလေညှင်းခံရင်း လမ်းလျှောက်မယ်ဆိုဆုံးဖြတ်လိုက်တာဆိုပေမဲ့ ပလက်ဖောင်းတစ်လျှောက် အတွဲတွေအပြင် ခုံတန်းလျားတွေမှာပါ အတွဲတွေ တို့လိုက်ဆိတ်လိုက်ပလူးနေကြတော့ ကျွန်တော် အလွတ်ခံလိုက်တဲ့ဘတ်စ်ကားကို Spider-man လိုပင့်ကူမျှင်ပစ်ထုတ်ပြီးသာ ကပ်လိုက်သွားချင်တော့သည်။ ကြိတ်မှိတ်လျှောက်လာရင်း တိုက်တန်းလျားအနီးအနားရောက်တော့ လူတွေစုရုံးစုရုံးဖြစ်နေတဲ့အပြင် ရဲကားတွေရော တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေပါရောက်နေသည်။ ကျွန်တော့်အမေလည်းလူအုပ်ထဲမှာပါသည်။

ညည်းတွားစိတ်ဆင်းရဲနေတဲ့လူအုပ်ထဲကို အလျင်အမြန်တိုးဝင်သွားပြီး တာဝန်ရှိဝန်ထမ်းတွေ ဘာတွေအပြေးအလွှားလုပ်နေကြလဲစူးစမ်းလိုက်တဲ့အခါ ကျွန်တော့်လည်ချောင်းဝတစ်ခုလုံး အသက်ရှူကျပ်သလိုဖြစ်လာပြီး ပျို့အန်ချင်လာသည်။ ကြောင်တွေ 10 ကောင် 15 ကောင်စာလောက်ရှိမည်။ ခြေတစ်ခြား၊ လက်တစ်ခြား၊ ရက်ရက်စက်စက်ခုတ်ထစ်ခံထားရပြီး တချို့ကြောင်လေးတွေဆို မသေသေးပါ တဆာဆာအော်ရင်း ဝေဒနာကိုအံတုနေရသည်။ အရေခွံစုတ်ခံရတဲ့ကြောင်လေးဆို ကျွန်တော်မကြည့်နိုင်တော့ပဲ မျက်စိကိုပိတ်ချလိုက်ရသည်။

" ခင်ဗျားတို့တွေက လူ့အသက်မဟုတ်ဘူးဆို သောက်ရေးမလုပ်လို့ ဒီလိုဖြစ်လာတာပေါ့။ကျွန်တော် ခဏခဏ တိုင်ချက်တွေ၊ အသိပေးစာတွေ ပို့တယ် "

" ဒီမှာ မစ္စတာ Merv…, ကျွန်တော်တို့ဘက်က ဦးနှောက်သိပ်မကောင်းတဲ့သူ ရုတ်တရက်ထထပြီး သတင်းပေးတာကို ယုံကြည်ဖို့ကျ ခက်ခဲတယ်လေ…နောက်ပြီး မင်းကိုယ်တိုင်သတင်းပို့ပြီးသား အကြောင်းအရာတွေ ထပ်တလဲလဲပို့နေတာကျ ဝတ္တရားနှောက်ယှက်မှုနဲ့ ငြိနေတယ်နော် "

လူစုလူဝေးရဲ့တစ်ဖက်မှာ ဆဲဆိုသံတစ်ချို့နဲ့ ကျယ်လောင်စွာထွက်လာတဲ့စကားပြောသံတွေဘက်ကိုကြည့်တော့ Merv နဲ့ ရဲအရာရှိတချို့ကိုတွေ့သည်။ ကျွန်တော်သူတို့ဆီပြေးသွားတဲ့အခါမှာ နောက်ဆုံးပြောလိုက်တဲ့ စကားနှစ်ခွန်းသာကောင်းကောင်းကြားလိုက်သည်။

" ခေါင်းမကောင်းတဲ့သူကတောင် သူမှတ်မိသလောက်ကြိုးစားပြီး ခင်ဗျားတို့ကို အကူအညီတောင်းနေတာ… ခေါင်းကောင်းတဲ့ ခင်ဗျားတို့ကဘာတွေ ဒီလောက်ဖြစ်ပြနေတာလဲ "

ကျွန်တော်ဝင်ပြောတဲ့အခါ ရဲသားတွေက မျက်နှာကိုသိသိသာသာရှုံ့တွပြသည်။ Merv ကတော့ ဒေါသထွက်တာရော ဝမ်းနည်းတာတွေ အားလုံးရောပြွန်းနေပုံရသည်။ ဘေးမှာရှိနေတဲ့ ထရပ်ကားကို သုံးလေးချက်လောက်ပိတ်ထိုးပြီး ကားတာယာကိုလည်းခပ်ပြင်းပြင်းကန်လိုက်သည်။ ဆံပင်တွေကိုထိုးဖွရင်း ပါးစပ်ကလည်းတဖွဖွရွတ်နေသည်။

" ငါ သူ့မျက်နှာကိုသိတယ်။ ဒါပေမဲ့ လုံးဝမမှတ်မိဘူး… ငါသူ့ကိုအဲမနက်ကမြင်လိုက်တယ် "

" ငါ သူ့မျက်နှာကိုသိတယ်။ ဒါပေမဲ့ လုံးဝမမှတ်မိဘူး… ငါသူ့ကိုအဲမနက်ကမြင်လိုက်တယ် "

" ငါ သူ့မျက်နှာကိုသိတယ်။ ဒါပေမဲ့ လုံးဝမမှတ်မိဘူး… ငါသူ့ကိုအဲမနက်ကမြင်လိုက်တယ် "

သူ့ခေါင်းသူပြန်ရိုက်ထုရင်း ဘယ်ဘက်ကိုလျှောက်လိုက် ညာဘက်ကိုလျှောက်လိုက် လုပ်နေသည်။ ရဲတွေက ကျပ်မပြည့်တာကမပြည့်တာပဲ ဆိုတဲ့မျက်နှာပေးတွေနဲ့ကြည့်ပြီး ကျွန်တော့်ကိုတော့ သက်ပြင်းသာချပြသည်။

" ကျွန်တော်တို့ ဖလော်ရယ်ဆွန်မှာ ကိုင်နေရတာ ဒီတစ်မှုထဲမဟုတ်ဘူး။ အက်ကြောင်းထပ်နေတဲ့ သတင်းပေးချက်တွေ၊ မသေချာတဲ့ဖုန်းကော်လ်တွေက အသုံးမဝင်တာတော့အမှန်ပဲ "

နောက်ထပ်ရဲတစ်ယောက်က ပြေပြေလည်လည်ရှင်းပြပြီး ကျွန်တော်တို့ကို စိတ်မကောင်းကြောင်းပြောကာ သူတို့လုပ်စရာရှိတဲ့အလုပ်သွားလုပ်သည်။

" Merv! စိတ်အေးအေးထားပါဦး "

တရစပ်ဟိုဘက်ဒီဘက်လျှောက်နေတဲ့ Merv ရဲ့လက်မောင်းရင်းကိုလှမ်းကိုင်လိုက်တဲ့အခါ သူရပ်သွားပြီး ကျွန်တော့်ကိုသေချာပြန်ကြည့်သည်။

" မင်းက အဲနေ့မနက်ကသူပဲ "

" ဘာတွေပြောနေတာလဲ Merv "

" ငါမင်းကိုအဖွင့်အပိတ်တံခါးနဲ့ရိုက်အောင် လုပ်မိသွားတယ်လေ !!! "

ကျွန်တော်နည်းနည်းမှတ်ဉာဏ်ပြန်ခေါ်တဲ့အခါ Merv နဲ့ဒုတိယတစ်ခေါက်ပြန်ဆုံတာကိုသတိရသွားသည်။ ကျွန်တော်အတွင်းခံဘောင်းဘီဝယ်ပြီး နောက်တစ်ခေါက်သူ့ကို ပြန်တွေ့တာလေ။

" အဲနေ့က ဘာဖြစ်လို့လဲ ? "

" အဲနေ့က ဆိုက်ကိုကောင်မျက်နှာကိုမြင်လိုက်တဲ့နေ့ပဲ။ ဒါပေမဲ့ ငါလုံးဝပုံဖော်လို့မရဘူး။ သူကြောင်တစ်ကောင်ကို လုပ်နေတာမြင်မြင်းချင်း ငါရဲတိုင်ဖို့ နီးစပ်ရာစတိုးဆိုင်ကိုလာခဲ့တာ။ ဒါပေမဲ့ ငါစိတ်ကအရမ်းလန့်နေတာကြောင့် အကုန်မေ့ကုန်တယ် ချီးပဲ တကယ့်ချီး "

ကျွန်တော်မှတ်မိသလောက်လည်း Merv ကအလွန်အမင်းတုန်လှုပ်ထိတ်လန့်နေခဲ့သည်။ အခုကယ်ဆယ်ရေးလုပ်ခံနေရတဲ့ကြောင်လေးတွေကို ကြည့်ရတာ ရင်ထဲကတဆစ်ဆစ်နာပြီး မခံစားနိုင်တာ Merv ကဖြစ်ရပ်တစ်ခုလုံးကိုမြင်လိုက်တဲ့သူဆိုတော့ အတွေးနဲ့တင်ခန္ဓာကိုယ်က ရှိန်းခနဲခံစားလိုက်ရသည်။

"  Merv! အရင်စိတ်ငြိမ်ငြိမ်ထားပါဦး "

" ဒါနဲ့ ငါ့နာမည်ဘယ်လိုသိတာလဲ? ဆော်ရီး… ခုနကရဲတွေပြောသွားသလိုပဲ ငါကဦးနှောက်သိပ်မကောင်းတော့ ငါနဲ့သိတဲ့သူတွေလည်း ခဏခဏမေ့တယ်။ စိတ်မရှိပါနဲ့ "

Merv ရဲ့မေ့တတ်တဲ့ရောဂါအကြောင်းသိထားပြီးပေမဲ့ တကယ်တမ်းအမေ့ခံလိုက်ရတဲ့အခါမှာ အမျိုးအမည်မသိတဲ့ခံစားချက်တစ်ခုရင်ထဲမှာစိမ့်ခနဲဖြစ်သွားသည်။ ဖြေးဖြေးချင်းနီးကပ်ဖို့ကြိုးစားထားရတဲ့ ကျွန်တော့်စာမျက်နှာတွေအပေါ် ဖန်ခွက်ထဲကရေမှောက်ချခံလိုက်ရသလိုပဲ ချက်ချင်းလက်ငင်း ဝေဝါးမှေးမှိန်သွားသည်။

" ငါတို့ဆက်ဆံရေးကကွာ…, အတူတူအဝတ်လျှော်ဖူးတယ်။ မိုတယ်မှာတစ်ညတူတူတည်းဖူးတယ်။ မနက်စာတူတူစားရင်း ဒစ်အကြောင်းဆွေးနွေးဖူးတယ်။ ညရုပ်ရှင်လည်းတူတူကြည့်ဖူးတယ်။ ပြီးတော့ မင်းအကြိုက်ဆုံးချိစ်က ဓာတ်ပုံရိုက်ရင်ပြောတဲ့ချိစ်ဆိုတာ ငါသိတယ် "

" မင်းက… Cyril လား…? "

Merv ဟာမျက်ခုံးဖျားလေးတွေဆန့်တန်းသွားပြီး သူ့ဘာသာသူမယုံကြည်ရဲတဲ့ လေသံလေးနဲ့ပြောသည်။ ကျွန်တော် Merv နဲ့စစတွေ့ချင်းတုန်းက သတိပြုမိတဲ့ Merv ရဲ့စကားပြောဆိုပုံက ဘာလို့များလိုတာထက်နှေးနေသည်ဆိုတာ တဖြေးဖြေးနားလည်လာသည်။ သူစကားပြောတဲ့အခါ နှေးနေတာမဟုတ်ဘဲ မသေချာမရေရာဖြစ်နေတာပါ။

ဒီစကားကိုပြောပြီးသားလား? မပြောရသေးဘူးလား? ဒီလူကိုသိပြီးသားလား? မသိရသေးဘူးလား? ကျွန်တော်တို့တွေမေ့နေတဲ့အသိမိတ်ဆွေတွေပြန်ဆုံတဲ့အခါ ထိုသူနဲ့ဘာအမှတ်တရတွေရှိခဲ့သလဲ၊ ဘာတွေဖြစ်ခဲ့သလဲ၊ နာမည်ကဘာလဲ၊ ခေါင်းကအလုပ်လုပ်ရင်း စကားဆက်ပြောနေရသလို တုန့်ဆိုင်းနေတာမျိုးပါ။

" ငါ့ကို ဒိုဘီကောင်လေးလို့ မှတ်ထားမယ်ထင်တာ "

ကျွန်တော် နူတ်ခမ်းလေးတွန့်ကာရယ်မိသည်။

" ဒါဆို မင်းကငါ့ကိုကြိုက်နေပြီး ငြင်းချင်ရင် 3 ခေါက်ဒိတ်ပြီးမှငြင်းရမယ်လို့ပြောထားတဲ့တစ်ယောက်ပေါ့ "

အမလေး…သေပါပြီ။ Merv ရဲ့စာအုပ်ထဲမှာ ဘယ်လိုအကြောင်းအရာတွေနဲ့ကျွန်တော့်ကိုတွဲမှတ်ထားလဲမသိပေမဲ့ မေ့နေတဲ့ Merv ကတော့ စကားလုံးစိမ်းစိမ်းကြီးတွေနဲ့ ရင်ကိုခွဲပစ်လိုက်ပြီ။ ကြည့်ရတာ ကျွန်တော့်ကိုငြင်းဖို့အစီအစဉ်ကြိုဆွဲထားပုံရသည်။ ယောင်ပြီးခေါင်းငြိမ့်မိမှာစိုးလို့ သူ့ကိုယ်သူ ငြင်းဖို့စာအုပ်ထဲမှတ်ထားပုံရသည်။

အခင်းဖြစ်ပွားတဲ့နေရာက တာဝန်ရှိသူတွေလုပ်စရာရှိတာလုပ်ပြီးပြန်ကုန်ကြပေမဲ့ လူစုလူဝေးကတော့ အဖြစ်အပျက်နဲ့ပတ်သတ်ပြီး စကားတွေပြောကြ၊ ဝေဖန်ကြလုပ်နေကြသေးသည်။ ကျွန်တော့်အမေလည်း အိမ်နီးချင်းတချို့နဲ့စကားပြောနေပြီး ကျွန်တော်ပြန်ရောက်နေသည်ကိုမမြင်သေး။

.

.

.

.

Merv ရဲ့ခြေလှမ်းတွေက "ခွေးများဝင်မလာပါနှင့်" ဆိုတဲ့ ဈေးလျော့မုန့်ဆိုင်ကိုဦးတည်နေတော့ ကျွန်တော်နောက်ကအပြေးလိုက်သွားသည်။ တခါမှမဝင်ကြည့်ဖူးတဲ့ဒီမုန့်ဆိုင်လေးဟာ ဝယ်ရခက်သည့်မုန့်ထုပ်လေးများနဲ့ ဝေဝေဆာနေသည်။ ဥပမာ- ဆေးလိပ်ပုံစံသကြားချောင်းတွေ၊ တီကောင်ဂျယ်လီတွေ၊ ပီကေသကြားလုံးချောင်းတွေလိုမျိုးပေါ့။ဆိုင်ရှင်ဟာ သူမုန့်တွေယူသွားမှာကိုပူပန်ပုံမရ။ ဆိုင်ထဲမှာရှိမနေဘဲ မုန့်ယူပြီးကျသလောက်ရှင်းဖို့ စုဘူးလေးသာ ငွေရှင်းကောင်တာမှာထားထားသည်။

Merv ကတန်းတန်းမတ်မတ်ဆိုဒါဖျော်စက်ဆီသွားပြီး ဝါ၊စိမ်း၊နီ၊ပြာရောင်စုံရှိတဲ့ထဲကမှ အစိမ်းရောင်ဆိုဒါတွေ ပလတ်စတစ်ခွက်ထဲ အပြည့်ဖြည့်ကာ မော့သောက်နေသည်။ ဆိုင်ထဲမှာလည်း ကျွန်တော်တို့နှစ်ယောက်ပဲရှိသည်။

" အဲဒါမင်းအရင်ကမှတ်ထားတာနေမယ်။ အခုငါက မင်းကောင်လေးဖြစ်နေပြီ ဘယ်လိုလုပ်မလဲ "

" မဖြစ်နိုင်တာ၊ ငါအကုန်လုံးကိုငြင်းနေကြပဲ။ မင်းအကြောင်းကိုတော့ နည်းနည်းပိုပြီးမှတ်ထားပေမဲ့ အဆုံးသတ်မှာ ငြင်းမှာကငြင်းမှာပဲ "

" ဘာလို့လဲ Merv "

" ဘာကိုမှမမှတ်မိရင် ဘာမှအဓိပ္ပာယ်မရှိဘူး "

Merv ကဒီစကားတစ်ခွန်းကိုတော့ အသွေးထဲအသားထဲကမှတ်မိသလိုလေသံနဲ့ပြောသည်။ သူကျွန်တော့်ကိုပြောဖူးတဲ့စကားဆိုတာ မှတ်မိချင်မှ မှတ်မိမယ်… ဒါပေမဲ့ ဒီစကားဟာသူ့အတွက်အလုံခြုံဆုံးအကာရံလိုသုံးနေသည်။

" ငါတို့ဘာတွေဖြစ်ပြီးလို့ဘာတွေကိုမမှတ်မိမှာစိုးရိမ်နေတာလဲ? မမှတ်မိတာလေးနဲ့တင် ငါတို့အတူတူရှိခဲ့တဲ့အချိန်တွေ၊ ဖြစ်ရပ်တွေက အတုအယောင်တွေဖြစ်ကုန်မှာလား? ငါတို့အဲအချိန်လေးကို တကယ်နှစ်သက်ခဲ့ရင်ပြီးတာပဲမှတ်လား? "

" အခုပဲကြည့်! မင်းကိုမမှတ်မိဘူးလေ… မင်းစိတ်မပျက်ဘူးလား ? "

" ဟင့်အင်း, မင်းအခုလိုသွေးရူးသွေးတမ်းငြင်းနေတာလေးကို ပိုကြိုက်သွားပြီ။ မင်းအဲလိုမေ့သွားတိုင်း ငါဖက်နမ်းရရင်ကောင်းမှာပဲလို့ စိတ်ကူးယဉ်နေပြီ "

ကျွန်တော်လည်းစိတ်ပေါက်ပေါက်နဲ့ပြောထည့်ပေးလိုက်သည်။ Merv ကအဘွားကြီးလိုမေ့တဲ့ရောဂါတင်မဟုတ်ဘူး အဘွားကြီးလို စိုးရိမ်လွန်တဲ့ ရောဂါပါရနေသည်။ အတော်ပါပဲ။ ကျွန်တော့နာမည်ကလည်း အဘိုးကြီးတွေခေတ်က နာမည်မဟုတ်လား။

" အခုငါမင်းကိုမေ့နေပြီလေ။ ဘာလို့ငါ့ကိုမနမ်းသေးတာလဲ? ပြောတော့ ငါကမင်းကောင်လေးဆို "

အဘွားကြီးကပြန်အော်သည်။ အဘိုးကြီးတုန်လှုပ်သွားသည်။

ကျွန်တော့်ဘဝမှာတစ်ခါမှ မနမ်းဖူးပါ။ ဟိုဟိုဒီဒီ ညစ်တီးညစ်ပတ်ဂိမ်းတွေကစားပြီးတောင် ကောင်မလေးတွေနဲ့လည်းမနမ်းဖူးသလို ကောင်လေးတွေနဲ့လည်းမနမ်းဖူးပါ။ ရုပ်ရှင်တွေမှာတော့ ခဏခဏပြန်ရစ်ကြည့်ပြီး တံတွေးမြိုချတာပဲလုပ်ဖူးသည်။

ကျွန်တော်မြင်ဖူးတဲ့ ချစ်သူရည်းစားအနမ်းတွေအကြောင်းနံပါတ်အမြန်စီရသည်။

(၁) လူယဉ်ကျေးအနမ်း…, ဒါမျိုးကနမ်းနေကြသူတွေနမ်းတဲ့ပုံစံမျိုးပါ။ နူတ်ခမ်းအဖျားလေးကိုထိမယ်။ ဘယ်ဘက်စောင်းလိုက် ညာဘက်စောင်းလိုက် အဆင်ပြေတဲ့ဘက်စောင်းရင်း နှုတ်ခမ်းအနားလေးတွေကို အဆက်ပြတ်သွားခြင်းမရှိအောင် ယုယုယယ ထပ်ခါထပ်ခါထိယှက်မယ်။

(၂) သွေးစုတ်ဖုတ်ကောင်အနမ်း…, သွေးစုတ်ဖုတ်ကောင်ဆိုတာနဲ့ဘာလုပ်ကြလဲသိမှာပါ။ စုပ်ယူလို့ရသမျှအကုန် တအားစုပ်ယူတော့တာပဲ။ အောက်နှုတ်ခမ်းကိုစုပ်ယူတာများတယ်။ လုံးဝမခွာတော့ဘဲ အအေးပိုက်ကနေဖြေးဖြေးချင်းစုပ်ယူသောက်သုံးနေသလို ငြိမ်ပြီးစုပ်နေတာပါ။

(၃) ဇွန်ဘီးအနမ်း…, ဇွန်ဘီးဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့သူတွေဘာလုပ်ကြလဲဆိုတော့ ဝူးဝူးဝါးဝါးတွေအော်ပြီး လူတွေကိုလိုက်ကိုက်ကြတာမဟုတ်လား။ နှုတ်ခမ်းကိုခပ်ကြမ်းကြမ်းစူးခနဲဖြစ်အောင်ကိုက်မယ်။ အင့်ခနဲ ညည်းသံလေးတွေ ကိုက်လိုက်တိုင်းထွက်မယ်။ ပြန်လွှတ်လိုက်ပြီးရင် ဖွဖွလေးနမ်းမယ်။ ခန္ဓာကိုယ်ကိုတစ်ယောက်ယောက်ကနာအောင်ကိုက်လိုက်ပြီးရင် အဲနေရာကိုလက်နဲ့ဖိချေပေးတဲ့အခါနေလို့ကောင်းတဲ့ခံစားချက်မျိုးလို့ Niel ပြောဖူးသည်။ Niel ကခွေးချစ်တော့ ဘယ်လိုကိုက်ရမလဲကောင်းကောင်းသိရှာသည်။

(၄) ပြင်သစ်အနမ်း…, အထက်ပါနံပါတ် ၃ ခုလုံးကို မျှမျှတတရောစပ်ထားတဲ့ အနမ်းဖြစ်ပြီး အနမ်းမတော်ရင် ဂွမ်းပါလိမ့်မည်။ စုပ်ရမဲ့အချိန် ကိုက်မယ်ထင်လို့နှုတ်ခမ်းမဖွင့်ပေးတာတို့၊ ဖွင့်ပေးပြန်တော့လည်းသွားခံနေပြီး လျှာကိုသွားခြစ်မိတာတို့၊ နှစ်ယောက်လုံးပြိုင်တူကိုက်ရင်း သွားချင်းခုတ်မိတာတို့ဖြစ်ရင်သွားရင်လုံးဝ အထင်သေးသွားနိုင်သည်။

(၅) Spider-man အနမ်း…, ဒါကကျွန်တော့်ဘာသာ ထည့်ထားတာပါ။ ပီတာပါကာရဲ့ ဇောက်ထိုးအနမ်းလေးကစိတ်ဝင်စားဖို့ကောင်းတယ်လေ။ စမ်းကြည့်သင့်တယ်ထင်တာကိုး။

အနမ်းတွေအကြောင်းစဉ်းစားပြီးတာနဲ့ စောစောက ဘာတွေစားထားသလဲတန်းစီစဉ်းစားရသည်။ ဘလူးဘယ်ရီယိုပေါင်မုန့်ရယ် သကြားကိတ်ခြောက်ရယ် စားထားပြီး ဘလက်ကော်ဖီသောက်ထားသည်။ ကော်ဖီရဲ့ခါးသက်တဲ့အရသာက ကျွန်တော်ဘာသာ တံတွေးမြိုချတာတောင် ခံစားနေရသည်။

ဆိုဒါတွေထဲက ချိုတဲ့အရသာတစ်ခုသောက်ချလိုက်ပြီးမှ နမ်းရင်ကောင်းမလား။ ရုပ်ပေါက်လိုက်တာ မစ္စတာ Cyril ရယ်။

ကျွန်တော့်လက်ကဆိုဒါခွက်တွေကိုယူဖို့ကြံစည်နေတုန်းရှိသေး Merv ကရှေ့ကိုပိုတိုးလာတော့ သူ့ရဲ့ အောက်ကိုကွေးနေတဲ့နှုတ်ခမ်းသားလေးတွေသာ ကျွန်တော့် မြင်ကွင်းမှာရှိတော့သည်။

ကျွန်တော်ဘက်က သူ့နူတ်ခမ်းတွေကိုလိုတာထက်ပိုပြီးစူးစိုက်ကြည့်နေမိပြီး သူကလည်းကျွန်တော့်နူတ်ခမ်းတွေကိုပဲကြည့်နေသည်လို့ ခံစားရသည်။ ဒီအခိုက်အတန့်ဟာနှစ်ဦးနှစ်ဖက်လုံးရဲ့ အသက်ရှူနူန်းကိုမြင့်တက်စေသည်။

ကျွန်တော်ရှေ့ကိုအနည်းငယ်ထပ်တိုးတဲ့အခါ မျက်နှာခြင်းထိတွေ့နေပြီး သူရဲ့အငွေ့အသက်လေးတွေဟာ လတ်လတ်ဆတ်ဆတ် ရင်ခုန်သံကိုကျီစားဆဲဖြစ်သည်။

" ငါမင်းကိုမှတ်မိပြီထင်— Ugh! "

Merv တစ်ခုခုကိုပြောဖို့ကြိုးစားလိုက်လားမသိ။ ကျွန်တော် သူ့နှုတ်ခမ်းတွေကို ကောင်းကောင်းချိတ်ပိတ်လိုက်ပြီးပြီ။ အအေးသောက်ထားပြီး စိုစွတ်နေတဲ့သူ့နူတ်ခမ်းတွေကို နွေးထွေးအောင်ငုံခဲစုပ်ယူလိုက်သည်။

မနမ်းခင်စက္ကန့်ပိုင်းအထိ နှုတ်ခမ်းတွေဆိုတာ နူးညံ့ပြီးချိုမြိန်မယ်ထင်မှတ်ခဲ့တာ။ နမ်းကြည့်တော့မှ ကိုယ့်နှုတ်ခမ်းရဲ့ စုပ်ယူကိုက်ခဲမှုကို တန်ပြန်ဆွဲငင်နေတဲ့သူ့နူတ်ခမ်းတွေကမှ ပိုပြီးခေါင်းမာကြောင်းသိရသည်။ အနမ်းတွေ၊နှုတ်ခမ်းတွေက ချိုမြိန်တာမဟုတ်ဘဲ ကိုယ့်ဘက်ကနမ်းလိုက်တဲ့အခါ သူ့ဘက်ကပြန်နမ်းနေတယ်ဆိုတဲ့အသိက ချိုမြိန်စေတာပါ။ စပွိုင်လာပေးရရင် Macchiato ထက်ချိုတယ်။

လျှာသုံးသင့်လား။ မသုံးသင့်လား။ Merv ကိုညာပြီးနမ်းရတာလည်းစိတ်ထဲကမရိုးမယွဖြစ်နေတော့ ရပ်လိုက်တာကောင်းမယ်ဆို အဆုံးသတ်မို့ရှိသေး Merv ရဲ့လျှာပါးလေးကကျွန်တော့်ကို မထိတထိပွတ်သီးပွတ်သပ်လုပ်ကာ ကျီစားသည်။ မယ်လွန်ဆိုဒါအရသာစူးစူးဟာ ကျွန်တော့်ခံတွင်းထဲစိမ့်ဝင်လာသည်။ ကျွန်တော်ရှေ့ဆက်ဖို့လုပ်တဲ့အချိန်မှာ Merv ကပြန်ခွာလိုက်သည်။

သေစမ်း။ Merv ကတကယ်စုန်းထီးပဲ။

နမ်းနေတုန်းကမသိသာပေမဲ့ နမ်းပြီးခွာလိုက်တဲ့အခါမှာ ကျွန်တော်သိသိသာသာရေဆာလာသည်။

" အရူးကောင်..., ငါမေ့နေတယ်ဆိုတိုင်း တကယ်နမ်းစရာလား "

Merv ဟာဖြစ်ပျက်သွားတဲ့ပြစ်မှုထဲမပါတဲ့လေသံနဲ့ အတည်ကြီးပြောသည်။

" အဲတော့အခုဖြစ်သွားတာအတွက် မင်းကို ဆော်ရီးလို့ပြောစေချင်လား Merv ? "

" မပြောစေချင်ဘူး … "

" ငါလည်း မပြောပါဘူး "

ကျွန်တော်တို့နှစ်ယောက်လုံးတစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ရှက်ကိုးရှက်ကန်းနဲ့ရယ်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကျွန်တော်နှစ်ယောက်ပဲရှိသည်ဟုခံစားရပြီး တကယ်လည်းကျွန်တော်တို့နှစ်ယောက်ပဲရှိသည်။ ကဗျာဆန်မလားလို့ ခိုင်နိူင်းကြည့်တာ… တကယ်ဆိုလိုချင်တာက ဒီအခိုက်အတန့်ဟာကျွန်တော်တို့နှစ်ယောက်ထဲရှိတာတင်လုံလောက်ပြည့်စုံပါတယ် ဆိုတာမျိုးပါ။

နောက်ထပ်ဒိုင်းခနဲခေါင်းထဲဝင်လာတာက ကျွန်တော်ဖလောရယ်ဆွန်မြို့ ဂလော်ရီယာတိုက်တန်းလျားတွေမှာနေလာတာ 15 နှစ်သားကတည်းကဖြစ်ပြီး ကျွန်တော့်နှုတ်ခမ်းပျိုရည်ပျက်တာ ဒီ " ခွေးများဝင်မလာပါနှင့် " လို့ဆိုင်းဘုတ်တင်ထားတဲ့ မုန့်ဆိုင်မှာတဲ့လား။ ဖြစ်ချင်တာဖြစ်ပါစေတော့။

........................................................







Crush အလုပ္လုပ္တဲ့အေအးဆိုင္မွာ ကၽြန္ေတာ္ရယ္ Niel ရယ္ လစ္ဇာရယ္ 'သူငယ္ခ်င္းမ်ားစြာ ဒီဘဝတစ္ခုမွာဆံုေတြ႕ခဲ့တာ' ဆိုတဲ့ေတးသ႐ုပ္ေဖာ္ျပဇာတ္ကိုခင္းေကာင္းေနတာ အခ်ိန္ကေနာက္က်ေနၿပီ။ 9 နာရီမထိုးခင္အိမ္ျပန္လာခဲ့မယ္လို႔ အေမ့ကိုေျပာထားခဲ့ေပမဲ့ အခု 10 နာရီထိုးေတာ့မယ္။ မွတ္စုထုတ္တာေတြအကုန္ၿပီးသြားေပမဲ့ စစ္တမ္းေကာက္ေမးခြန္းေတြေတာ့ က်န္ရွိေသးသည္။

ကၽြန္ေတာ္တို႔မွတ္စုေကာင္းေတြထုတ္ဖို႔ ေလ့လာတဲ့ေနရာဟာ အိႏၵိယေက်ာင္းသားေတြရဲ႕ blog ေတြ website ေတြျဖစ္သည္။ အိႏၵိယလူမ်ိဳးေတြဟာ မဟားတရားသေဘာေကာင္း မေနာေကာင္းတဲ့ ပင္ကိုယ္ဗီဇရွိၾကသည္။ ဒါေၾကာင့္ပဲ ကၽြန္ေတာ္တို႔လိုခ်င္တဲ့အေၾကာင္းအရာကို ရွာေဖြတဲ့အခါ သူတို႔ရွင္းျပၿပီဆို လိုရင္းကိုမေရာက္ႏိုင္။ သေဘာေကာင္းေကာင္းနဲ႔ သူတို႔ေတြ အေခါက္ေခါက္အခါခါရွာေဖြေလ့လာေရးဆင္းထားသည့္ လက္ေတြ႕မ်ိဳးစံုကိုရွင္းျပသည္။ ဆင္ေျခမ်ိဳးစံုတက္ျပသည္။ ေျမာက္မ်ားစြာေသာ ဥပမာေတြ၊ သာဓကေတြေပးၿပီးေတာ့မွ ကၽြန္ေတာ္တို႔သိခ်င္တဲ့ အေၾကာင္းအရာေလးဆီကိုဆိုက္ေရာက္သည္။ ပညာေတာ့တအားရေပမဲ့ စာေမးပြဲနီးကာမွ သူတို႔လက္ခ်ာေတြကိုနားေထာင္ၿပီဆိုရင္ေတာ့ ဒစ္လည္ၿပီပဲ။

လစ္ဇာက သူမမွတ္စုေတြနည္းနည္းျပန္စစ္ေဆးၿပီးမွ အိမ္ျပန္မယ္ေျပာၿပီး Niel ကေတာ့ ခ်ိန္းထားတာရွိေသးသည္ဟု ၿပီတီတီမ်က္ႏွာနဲ႔ေျပာသည္။ ည 10 နာရီေနာက္ပိုင္းခ်ိန္းတာ ရည္းစားေဟာင္းရဲ႕ေခြးေတာ့မျဖစ္ႏိုင္။

ဂေလာ္ရီယာတိုက္တန္းလ်ားနဲ႔ တစ္မွတ္တိုင္ပဲကြာတာေၾကာင့္ ညေလညႇင္းခံရင္း လမ္းေလွ်ာက္မယ္ဆိုဆံုးျဖတ္လိုက္တာဆိုေပမဲ့ ပလက္ေဖာင္းတစ္ေလွ်ာက္ အတြဲေတြအျပင္ ခံုတန္းလ်ားေတြမွာပါ အတြဲေတြ တို႔လိုက္ဆိတ္လိုက္ပလူးေနၾကေတာ့ ကၽြန္ေတာ္ အလြတ္ခံလိုက္တဲ့ဘတ္စ္ကားကို Spider-man လိုပင့္ကူမွ်င္ပစ္ထုတ္ၿပီးသာ ကပ္လိုက္သြားခ်င္ေတာ့သည္။ ႀကိတ္မွိတ္ေလွ်ာက္လာရင္း တိုက္တန္းလ်ားအနီးအနားေရာက္ေတာ့ လူေတြစု႐ုံးစု႐ုံးျဖစ္ေနတဲ့အျပင္ ရဲကားေတြေရာ တိရစာၦန္ကယ္ဆယ္ေရးအဖြဲ႕အစည္းေတြပါေရာက္ေနသည္။ ကၽြန္ေတာ့္အေမလည္းလူအုပ္ထဲမွာပါသည္။

ညည္းတြားစိတ္ဆင္းရဲေနတဲ့လူအုပ္ထဲကို အလ်င္အျမန္တိုးဝင္သြားၿပီး တာဝန္ရွိဝန္ထမ္းေတြ ဘာေတြအေျပးအလႊားလုပ္ေနၾကလဲစူးစမ္းလိုက္တဲ့အခါ ကၽြန္ေတာ့္လည္ေခ်ာင္းဝတစ္ခုလံုး အသက္ရွဴက်ပ္သလိုျဖစ္လာၿပီး ပ်ိဳ႕အန္ခ်င္လာသည္။ ေၾကာင္ေတြ 10 ေကာင္ 15 ေကာင္စာေလာက္ရွိမည္။ ေျခတစ္ျခား၊ လက္တစ္ျခား၊ ရက္ရက္စက္စက္ခုတ္ထစ္ခံထားရၿပီး တခ်ိဳ႕ေၾကာင္ေလးေတြဆို မေသေသးပါ တဆာဆာေအာ္ရင္း ေဝဒနာကိုအံတုေနရသည္။ အေရခြံစုတ္ခံရတဲ့ေၾကာင္ေလးဆို ကၽြန္ေတာ္မၾကည့္ႏိုင္ေတာ့ပဲ မ်က္စိကိုပိတ္ခ်လိုက္ရသည္။

" ခင္ဗ်ားတို႔ေတြက လူ႔အသက္မဟုတ္ဘူးဆို ေသာက္ေရးမလုပ္လို႔ ဒီလိုျဖစ္လာတာေပါ့။ကၽြန္ေတာ္ ခဏခဏ တိုင္ခ်က္ေတြ၊ အသိေပးစာေတြ ပို႔တယ္ "

" ဒီမွာ မစၥတာ Merv…, ကၽြန္ေတာ္တို႔ဘက္က ဦးေႏွာက္သိပ္မေကာင္းတဲ့သူ ႐ုတ္တရက္ထထၿပီး သတင္းေပးတာကို ယံုၾကည္ဖို႔က် ခက္ခဲတယ္ေလ…ေနာက္ၿပီး မင္းကိုယ္တိုင္သတင္းပို႔ၿပီးသား အေၾကာင္းအရာေတြ ထပ္တလဲလဲပို႔ေနတာက် ဝတၱရားေႏွာက္ယွက္မႈနဲ႔ ၿငိေနတယ္ေနာ္ "

လူစုလူေဝးရဲ႕တစ္ဖက္မွာ ဆဲဆိုသံတစ္ခ်ိဳ႕နဲ႔ က်ယ္ေလာင္စြာထြက္လာတဲ့စကားေျပာသံေတြဘက္ကိုၾကည့္ေတာ့ Merv နဲ႔ ရဲအရာရွိတခ်ိဳ႕ကိုေတြ႕သည္။ ကၽြန္ေတာ္သူတို႔ဆီေျပးသြားတဲ့အခါမွာ ေနာက္ဆံုးေျပာလိုက္တဲ့ စကားႏွစ္ခြန္းသာေကာင္းေကာင္းၾကားလိုက္သည္။

" ေခါင္းမေကာင္းတဲ့သူကေတာင္ သူမွတ္မိသေလာက္ႀကိဳးစားၿပီး ခင္ဗ်ားတို႔ကို အကူအညီေတာင္းေနတာ… ေခါင္းေကာင္းတဲ့ ခင္ဗ်ားတို႔ကဘာေတြ ဒီေလာက္ျဖစ္ျပေနတာလဲ "

ကၽြန္ေတာ္ဝင္ေျပာတဲ့အခါ ရဲသားေတြက မ်က္ႏွာကိုသိသိသာသာရႈံ႕တြျပသည္။ Merv ကေတာ့ ေဒါသထြက္တာေရာ ဝမ္းနည္းတာေတြ အားလံုးေရာႁပြန္းေနပံုရသည္။ ေဘးမွာရွိေနတဲ့ ထရပ္ကားကို သံုးေလးခ်က္ေလာက္ပိတ္ထိုးၿပီး ကားတာယာကိုလည္းခပ္ျပင္းျပင္းကန္လိုက္သည္။ ဆံပင္ေတြကိုထိုးဖြရင္း ပါးစပ္ကလည္းတဖြဖြရြတ္ေနသည္။

" ငါ သူ႔မ်က္ႏွာကိုသိတယ္။ ဒါေပမဲ့ လံုးဝမမွတ္မိဘူး… ငါသူ႔ကိုအဲမနက္ကျမင္လိုက္တယ္ "

" ငါ သူ႔မ်က္ႏွာကိုသိတယ္။ ဒါေပမဲ့ လံုးဝမမွတ္မိဘူး… ငါသူ႔ကိုအဲမနက္ကျမင္လိုက္တယ္ "

" ငါ သူ႔မ်က္ႏွာကိုသိတယ္။ ဒါေပမဲ့ လံုးဝမမွတ္မိဘူး… ငါသူ႔ကိုအဲမနက္ကျမင္လိုက္တယ္ "

သူ႔ေခါင္းသူျပန္႐ိုက္ထုရင္း ဘယ္ဘက္ကိုေလွ်ာက္လိုက္ ညာဘက္ကိုေလွ်ာက္လိုက္ လုပ္ေနသည္။ ရဲေတြက က်ပ္မျပည့္တာကမျပည့္တာပဲ ဆိုတဲ့မ်က္ႏွာေပးေတြနဲ႔ၾကည့္ၿပီး ကၽြန္ေတာ့္ကိုေတာ့ သက္ျပင္းသာခ်ျပသည္။

" ကၽြန္ေတာ္တို႔ ဖေလာ္ရယ္ဆြန္မွာ ကိုင္ေနရတာ ဒီတစ္မႈထဲမဟုတ္ဘူး။ အက္ေၾကာင္းထပ္ေနတဲ့ သတင္းေပးခ်က္ေတြ၊ မေသခ်ာတဲ့ဖုန္းေကာ္လ္ေတြက အသံုးမဝင္တာေတာ့အမွန္ပဲ "

ေနာက္ထပ္ရဲတစ္ေယာက္က ေျပေျပလည္လည္ရွင္းျပၿပီး ကၽြန္ေတာ္တို႔ကို စိတ္မေကာင္းေၾကာင္းေျပာကာ သူတို႔လုပ္စရာရွိတဲ့အလုပ္သြားလုပ္သည္။

" Merv! စိတ္ေအးေအးထားပါဦး "

တရစပ္ဟိုဘက္ဒီဘက္ေလွ်ာက္ေနတဲ့ Merv ရဲ႕လက္ေမာင္းရင္းကိုလွမ္းကိုင္လိုက္တဲ့အခါ သူရပ္သြားၿပီး ကၽြန္ေတာ့္ကိုေသခ်ာျပန္ၾကည့္သည္။

" မင္းက အဲေန႔မနက္ကသူပဲ "

" ဘာေတြေျပာေနတာလဲ Merv "

" ငါမင္းကိုအဖြင့္အပိတ္တံခါးနဲ႔႐ိုက္ေအာင္ လုပ္မိသြားတယ္ေလ !!! "

ကၽြန္ေတာ္နည္းနည္းမွတ္ဥာဏ္ျပန္ေခၚတဲ့အခါ Merv နဲ႔ဒုတိယတစ္ေခါက္ျပန္ဆံုတာကိုသတိရသြားသည္။ ကၽြန္ေတာ္အတြင္းခံေဘာင္းဘီဝယ္ၿပီး ေနာက္တစ္ေခါက္သူ႔ကို ျပန္ေတြ႕တာေလ။

" အဲေန႔က ဘာျဖစ္လို႔လဲ ? "

" အဲေန႔က ဆိုက္ကိုေကာင္မ်က္ႏွာကိုျမင္လိုက္တဲ့ေန႔ပဲ။ ဒါေပမဲ့ ငါလံုးဝပံုေဖာ္လို႔မရဘူး။ သူေၾကာင္တစ္ေကာင္ကို လုပ္ေနတာျမင္ျမင္းခ်င္း ငါရဲတိုင္ဖို႔ နီးစပ္ရာစတိုးဆိုင္ကိုလာခဲ့တာ။ ဒါေပမဲ့ ငါစိတ္ကအရမ္းလန္႔ေနတာေၾကာင့္ အကုန္ေမ့ကုန္တယ္ ခ်ီးပဲ တကယ့္ခ်ီး "

ကၽြန္ေတာ္မွတ္မိသေလာက္လည္း Merv ကအလြန္အမင္းတုန္လႈပ္ထိတ္လန္႔ေနခဲ့သည္။ အခုကယ္ဆယ္ေရးလုပ္ခံေနရတဲ့ေၾကာင္ေလးေတြကို ၾကည့္ရတာ ရင္ထဲကတဆစ္ဆစ္နာၿပီး မခံစားႏိုင္တာ Merv ကျဖစ္ရပ္တစ္ခုလံုးကိုျမင္လိုက္တဲ့သူဆိုေတာ့ အေတြးနဲ႔တင္ခႏၶာကိုယ္က ရွိန္းခနဲခံစားလိုက္ရသည္။

"  Merv! အရင္စိတ္ၿငိမ္ၿငိမ္ထားပါဦး "

" ဒါနဲ႔ ငါ့နာမည္ဘယ္လိုသိတာလဲ? ေဆာ္ရီး… ခုနကရဲေတြေျပာသြားသလိုပဲ ငါကဦးေႏွာက္သိပ္မေကာင္းေတာ့ ငါနဲ႔သိတဲ့သူေတြလည္း ခဏခဏေမ့တယ္။ စိတ္မရွိပါနဲ႔ "

Merv ရဲ႕ေမ့တတ္တဲ့ေရာဂါအေၾကာင္းသိထားၿပီးေပမဲ့ တကယ္တမ္းအေမ့ခံလိုက္ရတဲ့အခါမွာ အမ်ိဳးအမည္မသိတဲ့ခံစားခ်က္တစ္ခုရင္ထဲမွာစိမ့္ခနဲျဖစ္သြားသည္။ ေျဖးေျဖးခ်င္းနီးကပ္ဖို႔ႀကိဳးစားထားရတဲ့ ကၽြန္ေတာ့္စာမ်က္ႏွာေတြအေပၚ ဖန္ခြက္ထဲကေရေမွာက္ခ်ခံလိုက္ရသလိုပဲ ခ်က္ခ်င္းလက္ငင္း ေဝဝါးေမွးမွိန္သြားသည္။

" ငါတို႔ဆက္ဆံေရးကကြာ…, အတူတူအဝတ္ေလွ်ာ္ဖူးတယ္။ မိုတယ္မွာတစ္ညတူတူတည္းဖူးတယ္။ မနက္စာတူတူစားရင္း ဒစ္အေၾကာင္းေဆြးေႏြးဖူးတယ္။ ည႐ုပ္ရွင္လည္းတူတူၾကည့္ဖူးတယ္။ ၿပီးေတာ့ မင္းအႀကိဳက္ဆံုးခ်ိစ္က ဓာတ္ပံု႐ိုက္ရင္ေျပာတဲ့ခ်ိစ္ဆိုတာ ငါသိတယ္ "

" မင္းက… Cyril လား…? "

Merv ဟာမ်က္ခံုးဖ်ားေလးေတြဆန္႔တန္းသြားၿပီး သူ႔ဘာသာသူမယံုၾကည္ရဲတဲ့ ေလသံေလးနဲ႔ေျပာသည္။ က်ြန္ေတာ္ Merv နဲ႔စစေတြ႕ခ်င္းတုန္းက သတိျပဳမိတဲ့ Merv ရဲ့စကားေျပာဆိုပံုက ဘာလို႔မ်ားလိုတာထက္ေနွးေနသည္ဆိုတာ တေျဖးေျဖးနားလည္လာသည္။ သူစကားေျပာတဲ့အခါ ေႏွးေနတာမဟုတ္ဘဲ မေသခ်ာမေရရာျဖစ္ေနတာပါ။

ဒီစကားကိုေျပာၿပီးသားလား? မေျပာရေသးဘူးလား? ဒီလူကိုသိၿပီးသားလား? မသိရေသးဘူးလား? ကၽြန္ေတာ္တို႔ေတြေမ့ေနတဲ့အသိမိတ္ေဆြေတြျပန္ဆံုတဲ့အခါ ထိုသူနဲ႔ဘာအမွတ္တရေတြရွိခဲ့သလဲ၊ ဘာေတြျဖစ္ခဲ့သလဲ၊ နာမည္ကဘာလဲ၊ ေခါင္းကအလုပ္လုပ္ရင္း စကားဆက္ေျပာေနရသလို တုန္႔ဆိုင္းေနတာမ်ိဳးပါ။

" ငါ့ကို ဒိုဘီေကာင္ေလးလို႔ မွတ္ထားမယ္ထင္တာ "

ကၽြန္ေတာ္ ႏူတ္ခမ္းေလးတြန္႔ကာရယ္မိသည္။

" ဒါဆို မင္းကငါ့ကိုႀကိဳက္ေနၿပီး ျငင္းခ်င္ရင္ 3 ေခါက္ဒိတ္ၿပီးမွျငင္းရမယ္လို႔ေျပာထားတဲ့တစ္ေယာက္ေပါ့ "

အမေလး…ေသပါၿပီ။ Merv ရဲ႕စာအုပ္ထဲမွာ ဘယ္လိုအေၾကာင္းအရာေတြနဲ႔ကၽြန္ေတာ့္ကိုတြဲမွတ္ထားလဲမသိေပမဲ့ ေမ့ေနတဲ့ Merv ကေတာ့ စကားလံုးစိမ္းစိမ္းႀကီးေတြနဲ႔ ရင္ကိုခြဲပစ္လိုက္ၿပီ။ ၾကည့္ရတာ ကၽြန္ေတာ့္ကိုျငင္းဖို႔အစီအစဥ္ႀကိဳဆြဲထားပံုရသည္။ ေယာင္ၿပီးေခါင္းၿငိမ့္မိမွာစိုးလို႔ သူ႔ကိုယ္သူ ျငင္းဖို႔စာအုပ္ထဲမွတ္ထားပံုရသည္။

အခင္းျဖစ္ပြားတဲ့ေနရာက တာဝန္ရွိသူေတြလုပ္စရာရွိတာလုပ္ၿပီးျပန္ကုန္ၾကေပမဲ့ လူစုလူေဝးကေတာ့ အျဖစ္အပ်က္နဲ႔ပတ္သတ္ၿပီး စကားေတြေျပာၾက၊ ေဝဖန္ၾကလုပ္ေနၾကေသးသည္။ ကၽြန္ေတာ့္အေမလည္း အိမ္နီးခ်င္းတခ်ိဳ႕နဲ႔စကားေျပာေနၿပီး ကၽြန္ေတာ္ျပန္ေရာက္ေနသည္ကိုမျမင္ေသး။

.

.

.

.

Merv ရဲ႕ေျခလွမ္းေတြက "ေခြးမ်ားဝင္မလာပါႏွင့္" ဆိုတဲ့ ေစ်းေလ်ာ့မုန္႔ဆိုင္ကိုဦးတည္ေနေတာ့ ကၽြန္ေတာ္ေနာက္ကအေျပးလိုက္သြားသည္။ တခါမွမဝင္ၾကည့္ဖူးတဲ့ဒီမုန္႔ဆိုင္ေလးဟာ ဝယ္ရခက္သည့္မုန္႔ထုပ္ေလးမ်ားနဲ႔ ေဝေဝဆာေနသည္။ ဥပမာ- ေဆးလိပ္ပံုစံသၾကားေခ်ာင္းေတြ၊ တီေကာင္ဂ်ယ္လီေတြ၊ ပီေကသၾကားလံုးေခ်ာင္းေတြလိုမ်ိဳးေပါ့။ဆိုင္ရွင္ဟာ သူမုန္႔ေတြယူသြားမွာကိုပူပန္ပံုမရ။ ဆိုင္ထဲမွာရွိမေနဘဲ မုန္႔ယူၿပီးက်သေလာက္ရွင္းဖို႔ စုဘူးေလးသာ ေငြရွင္းေကာင္တာမွာထားထားသည္။

Merv ကတန္းတန္းမတ္မတ္ဆိုဒါေဖ်ာ္စက္ဆီသြားျပီး ဝါ၊စိမ္း၊နီ၊ျပာေရာင္စံုရွိတဲ့ထဲကမွ အစိမ္းေရာင္ဆိုဒါေတြ ပလတ္စတစ္ခြက္ထဲ အျပည့္ျဖည့္ကာ ေမာ့ေသာက္ေနသည္။ ဆိုင္ထဲမွာလည္း ကၽြန္ေတာ္တို႔ႏွစ္ေယာက္ပဲရွိသည္။

" အဲဒါမင္းအရင္ကမွတ္ထားတာေနမယ္။ အခုငါက မင္းေကာင္ေလးျဖစ္ေနၿပီ ဘယ္လိုလုပ္မလဲ "

" မျဖစ္ႏိုင္တာ၊ ငါအကုန္လံုးကိုျငင္းေနၾကပဲ။ မင္းအေၾကာင္းကိုေတာ့ နည္းနည္းပိုၿပီးမွတ္ထားေပမဲ့ အဆံုးသတ္မွာ ျငင္းမွာကျငင္းမွာပဲ "

" ဘာလို႔လဲ Merv "

" ဘာကိုမွမမွတ္မိရင္ ဘာမွအဓိပၸာယ္မရွိဘူး "

Merv ကဒီစကားတစ္ခြန္းကိုေတာ့ အေသြးထဲအသားထဲကမွတ္မိသလိုေလသံနဲ႔ေျပာသည္။ သူကၽြန္ေတာ့္ကိုေျပာဖူးတဲ့စကားဆိုတာ မွတ္မိခ်င္မွ မွတ္မိမယ္… ဒါေပမဲ့ ဒီစကားဟာသူ႔အတြက္အလံုျခံဳဆံုးအကာရံလိုသံုးေနသည္။

" ငါတို႔ဘာေတြျဖစ္ၿပီးလို႔ဘာေတြကိုမမွတ္မိမွာစိုးရိမ္ေနတာလဲ? မမွတ္မိတာေလးနဲ႔တင္ ငါတို႔အတူတူရွိခဲ့တဲ့အခ်ိန္ေတြ၊ ျဖစ္ရပ္ေတြက အတုအေယာင္ေတြျဖစ္ကုန္မွာလား? ငါတို႔အဲအခ်ိန္ေလးကို တကယ္ႏွစ္သက္ခဲ့ရင္ၿပီးတာပဲမွတ္လား? "

" အခုပဲၾကည့္! မင္းကိုမမွတ္မိဘူးေလ… မင္းစိတ္မပ်က္ဘူးလား ? "

" ဟင့္အင္း, မင္းအခုလိုေသြး႐ူးေသြးတမ္းျငင္းေနတာေလးကို ပိုႀကိဳက္သြားၿပီ။ မင္းအဲလိုေမ့သြားတိုင္း ငါဖက္နမ္းရရင္ေကာင္းမွာပဲလို႔ စိတ္ကူးယဥ္ေနၿပီ "

ကၽြန္ေတာ္လည္းစိတ္ေပါက္ေပါက္နဲ႔ေျပာထည့္ေပးလိုက္သည္။ Merv ကအဘြားႀကီးလိုေမ့တဲ့ေရာဂါတင္မဟုတ္ဘူး အဘြားႀကီးလို စိုးရိမ္လြန္တဲ့ ေရာဂါပါရေနသည္။ အေတာ္ပါပဲ။ ကၽြန္ေတာ့နာမည္ကလည္း အဘိုးႀကီးေတြေခတ္က နာမည္မဟုတ္လား။

" အခုငါမင္းကိုေမ့ေနျပီေလ။ ဘာလို႔ငါ့ကိုမနမ္းေသးတာလဲ? ေျပာေတာ့ ငါကမင္းေကာင္ေလးဆို "

အဘြားႀကီးကျပန္ေအာ္သည္။ အဘိုးႀကီးတုန္လႈပ္သြားသည္။

ကၽြန္ေတာ့္ဘဝမွာတစ္ခါမွ မနမ္းဖူးပါ။ ဟိုဟိုဒီဒီ ညစ္တီးညစ္ပတ္ဂိမ္းေတြကစားၿပီးေတာင္ ေကာင္မေလးေတြနဲ႔လည္းမနမ္းဖူးသလို ေကာင္ေလးေတြနဲ႔လည္းမနမ္းဖူးပါ။ ႐ုပ္ရွင္ေတြမွာေတာ့ ခဏခဏျပန္ရစ္ၾကည့္ၿပီး တံေတြးၿမိဳခ်တာပဲလုပ္ဖူးသည္။

က်ြန္ေတာ္ျမင္ဖူးတဲ့ ခ်စ္သူရည္းစားအနမ္းေတြအေၾကာင္းနံပါတ္အျမန္စီရသည္။

(၁) လူယဥ္ေက်းအနမ္း…, ဒါမ်ိဳးကနမ္းေနၾကသူေတြနမ္းတဲ့ပံုစံမ်ိဳးပါ။ ႏူတ္ခမ္းအဖ်ားေလးကိုထိမယ္။ ဘယ္ဘက္ေစာင္းလိုက္ ညာဘက္ေစာင္းလိုက္ အဆင္ေျပတဲ့ဘက္ေစာင္းရင္း ႏႈတ္ခမ္းအနားေလးေတြကို အဆက္ျပတ္သြားျခင္းမ႐ွိေအာင္ ယုယုယယ ထပ္ခါထပ္ခါထိယွက္မယ္။

(၂) ေသြးစုတ္ဖုတ္ေကာင္အနမ္း…, ေသြးစုတ္ဖုတ္ေကာင္ဆိုတာနဲ႔ဘာလုပ္ၾကလဲသိမွာပါ။ စုပ္ယူလို႔ရသမွ်အကုန္ တအားစုပ္ယူေတာ့တာပဲ။ ေအာက္ႏႈတ္ခမ္းကိုစုပ္ယူတာမ်ားတယ္။ လံုးဝမခြာေတာ့ဘဲ အေအးပိုက္ကေနေျဖးေျဖးခ်င္းစုပ္ယူေသာက္သံုးေနသလို ျငိမ္ျပီးစုပ္ေနတာပါ။

(၃) ဇြန္ဘီးအနမ္း…, ဇြန္ဘီးဗိုင္းရပ္စ္ကူးစက္ခံလိုက္ရတဲ့သူေတြဘာလုပ္ၾကလဲဆိုေတာ့ ဝူးဝူးဝါးဝါးေတြေအာ္ၿပီး လူေတြကိုလိုက္ကိုက္ၾကတာမဟုတ္လား။ ႏႈတ္ခမ္းကိုခပ္ၾကမ္းၾကမ္းစူးခနဲျဖစ္ေအာင္ကိုက္မယ္။ အင့္ခနဲ ညည္းသံေလးေတြ ကိုက္လိုက္တိုင္းထြက္မယ္။ ျပန္လႊတ္လိုက္ၿပီးရင္ ဖြဖြေလးနမ္းမယ္။ ခႏၶာကိုယ္ကိုတစ္ေယာက္ေယာက္ကနာေအာင္ကိုက္လိုက္ၿပီးရင္ အဲေနရာကိုလက္နဲ႔ဖိေခ်ေပးတဲ့အခါေနလို႔ေကာင္းတဲ့ခံစားခ်က္မ်ိဳးလို႔ Niel ေျပာဖူးသည္။ Niel ကေခြးခ်စ္ေတာ့ ဘယ္လိုကိုက္ရမလဲေကာင္းေကာင္းသိရွာသည္။

(၄) ျပင္သစ္အနမ္း…, အထက္ပါနံပါတ္ ၃ ခုလံုးကို မွ်မွ်တတေရာစပ္ထားတဲ့ အနမ္းျဖစ္ၿပီး အနမ္းမေတာ္ရင္ ဂြမ္းပါလိမ့္မည္။ စုပ္ရမဲ့အခ်ိန္ ကိုက္မယ္ထင္လို႔ႏႈတ္ခမ္းမဖြင့္ေပးတာတို႔၊ ဖြင့္ေပးျပန္ေတာ့လည္းသြားခံေနၿပီး လွ်ာကိုသြားျခစ္မိတာတို႔၊ ႏွစ္ေယာက္လံုးၿပိဳင္တူကိုက္ရင္း သြားခ်င္းခုတ္မိတာတို႔ျဖစ္ရင္သြားရင္လံုးဝ အထင္ေသးသြားႏိုင္သည္။

(၅) Spider-man အနမ္း…, ဒါကက်ြန္ေတာ့္ဘာသာ ထည့္ထားတာပါ။ ပီတာပါကာရဲ့ ေဇာက္ထိုးအနမ္းေလးကစိတ္ဝင္စားဖို႔ေကာင္းတယ္ေလ။ စမ္းၾကည့္သင့္တယ္ထင္တာကိုး။

အနမ္းေတြအေၾကာင္းစဥ္းစားၿပီးတာနဲ႔ ေစာေစာက ဘာေတြစားထားသလဲတန္းစီစဥ္းစားရသည္။ ဘလူးဘယ္ရီယိုေပါင္မုန္႔ရယ္ သၾကားကိတ္ေျခာက္ရယ္ စားထားၿပီး ဘလက္ေကာ္ဖီေသာက္ထားသည္။ ေကာ္ဖီရဲ႕ခါးသက္တဲ့အရသာက ကၽြန္ေတာ္ဘာသာ တံေတြးၿမိဳခ်တာေတာင္ ခံစားေနရသည္။

ဆိုဒါေတြထဲက ခ်ိဳတဲ့အရသာတစ္ခုေသာက္ခ်လိုက္ၿပီးမွ နမ္းရင္ေကာင္းမလား။ ႐ုပ္ေပါက္လိုက္တာ မစၥတာ Cyril ရယ္။

ကၽြန္ေတာ့္လက္ကဆိုဒါခြက္ေတြကိုယူဖို႔ၾကံစည္ေနတုန္းရွိေသး Merv ကေရွ႕ကိုပိုတိုးလာေတာ့ သူ႔ရဲ႕ ေအာက္ကိုေကြးေနတဲ့ႏႈတ္ခမ္းသားေလးေတြသာ ကၽြန္ေတာ့္ ျမင္ကြင္းမွာရွိေတာ့သည္။

ကၽြန္ေတာ္ဘက္က သူ႔ႏူတ္ခမ္းေတြကိုလိုတာထက္ပိုၿပီးစူးစိုက္ၾကည့္ေနမိၿပီး သူကလည္းကၽြန္ေတာ့္ႏူတ္ခမ္းေတြကိုပဲၾကည့္ေနသည္လို႔ ခံစားရသည္။ ဒီအခိုက္အတန္႔ဟာႏွစ္ဦးႏွစ္ဖက္လံုးရဲ႕ အသက္ရွဴႏူန္းကိုျမင့္တက္ေစသည္။

ကၽြန္ေတာ္ေရွ႕ကိုအနည္းငယ္ထပ္တိုးတဲ့အခါ မ်က္ႏွာျခင္းထိေတြ႕ေနၿပီး သူရဲ႕အေငြ႕အသက္ေလးေတြဟာ လတ္လတ္ဆတ္ဆတ္ ရင္ခုန္သံကိုက်ီစားဆဲျဖစ္သည္။

" ငါမင္းကိုမွတ္မိၿပီထင္— Ugh! "

Merv တစ္ခုခုကိုေျပာဖို႔ႀကိဳးစားလိုက္လားမသိ။ ကၽြန္ေတာ္ သူ႔ႏႈတ္ခမ္းေတြကို ေကာင္းေကာင္းခ်ိတ္ပိတ္လိုက္ၿပီးၿပီ။ အေအးေသာက္ထားၿပီး စိုစြတ္ေနတဲ့သူ႔ႏူတ္ခမ္းေတြကို ေႏြးေထြးေအာင္ငံုခဲစုပ္ယူလိုက္သည္။

မနမ္းခင္စကၠန္႔ပိုင္းအထိ ႏႈတ္ခမ္းေတြဆိုတာ ႏူးညံ့ၿပီးခ်ိဳၿမိန္မယ္ထင္မွတ္ခဲ့တာ။ နမ္းၾကည့္ေတာ့မွ ကိုယ့္ႏႈတ္ခမ္းရဲ႕ စုပ္ယူကိုက္ခဲမႈကို တန္ျပန္ဆြဲငင္ေနတဲ့သူ႔ႏူတ္ခမ္းေတြကမွ ပိုၿပီးေခါင္းမာေၾကာင္းသိရသည္။ အနမ္းေတြ၊ႏႈတ္ခမ္းေတြက ခ်ိဳၿမိန္တာမဟုတ္ဘဲ ကိုယ့္ဘက္ကနမ္းလိုက္တဲ့အခါ သူ႔ဘက္ကျပန္နမ္းေနတယ္ဆိုတဲ့အသိက ခ်ိဳၿမိန္ေစတာပါ။ စပြိဳင္လာေပးရရင္ Macchiato ထက္ခ်ိဳတယ္။

လွ်ာသံုးသင့္လား။ မသံုးသင့္လား။ Merv ကိုညာၿပီးနမ္းရတာလည္းစိတ္ထဲကမ႐ိုးမယြျဖစ္ေနေတာ့ ရပ္လိုက္တာေကာင္းမယ္ဆို အဆံုးသတ္မို႔ရွိေသး Merv ရဲ႕လွ်ာပါးေလးကကၽြန္ေတာ့္ကို မထိတထိပြတ္သီးပြတ္သပ္လုပ္ကာ က်ီစားသည္။ မယ္လြန္ဆိုဒါအရသာစူးစူးဟာ ကၽြန္ေတာ့္ခံတြင္းထဲစိမ့္ဝင္လာသည္။ ကၽြန္ေတာ္ေရွ႕ဆက္ဖို႔လုပ္တဲ့အခ်ိန္မွာ Merv ကျပန္ခြာလိုက္သည္။

ေသစမ္း။ Merv ကတကယ္စုန္းထီးပဲ။

နမ္းေနတုန္းကမသိသာေပမဲ့ နမ္းၿပီးခြာလိုက္တဲ့အခါမွာ ကၽြန္ေတာ္သိသိသာသာေရဆာလာသည္။

" အ႐ူးေကာင္..., ငါေမ့ေနတယ္ဆိုတိုင္း တကယ္နမ္းစရာလား "

Merv ဟာျဖစ္ပ်က္သြားတဲ့ျပစ္မႈထဲမပါတဲ့ေလသံနဲ႔ အတည္ႀကီးေျပာသည္။

" အဲေတာ့အခုျဖစ္သြားတာအတြက္ မင္းကို ေဆာ္ရီးလို႔ေျပာေစခ်င္လား Merv ? "

" မေျပာေစခ်င္ဘူး … "

" ငါလည္း မေျပာပါဘူး "

ကၽြန္ေတာ္တို႔ႏွစ္ေယာက္လံုးတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီး ရွက္ကိုးရွက္ကန္းနဲ႔ရယ္မိသည္။ ပတ္ဝန္းက်င္တစ္ခုလံုးကၽြန္ေတာ္ႏွစ္ေယာက္ပဲရွိသည္ဟုခံစားရၿပီး တကယ္လည္းကၽြန္ေတာ္တို႔ႏွစ္ေယာက္ပဲရွိသည္။ ကဗ်ာဆန္မလားလို႔ ခိုင္ႏိူင္းၾကည့္တာ… တကယ္ဆိုလိုခ်င္တာက ဒီအခိုက္အတန္႔ဟာကၽြန္ေတာ္တို႔ႏွစ္ေယာက္ထဲရွိတာတင္လံုေလာက္ျပည့္စံုပါတယ္ ဆိုတာမ်ိဳးပါ။

ေနာက္ထပ္ဒိုင္းခနဲေခါင္းထဲဝင္လာတာက ကၽြန္ေတာ္ဖေလာရယ္ဆြန္ၿမိဳ႕ ဂေလာ္ရီယာတိုက္တန္းလ်ားေတြမွာေနလာတာ 15 ႏွစ္သားကတည္းကျဖစ္ၿပီး ကၽြန္ေတာ့္ႏႈတ္ခမ္းပ်ိဳရည္ပ်က္တာ ဒီ " ေခြးမ်ားဝင္မလာပါႏွင့္ " လို႔ဆိုင္းဘုတ္တင္ထားတဲ့ မုန္႔ဆိုင္မွာတဲ့လား။ ျဖစ္ခ်င္တာျဖစ္ပါေစေတာ့။

........................................................


Continue Reading

You'll Also Like

597K 34.9K 33
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. °•°•°•°•° "Junoon ba...
999K 63K 32
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
626K 25.6K 64
A collection of short stories. Explore the world of Pakistani novellas✨ 1. Love Lessons by Professor ✓ 2. Bitter Sweet Love ✓ 3. Silent Tears ✓ 4. Th...
126K 5.7K 58
𝗕𝗶𝗹𝗹𝗶𝗼𝗻𝗮𝗶𝗿𝗲 𝗿𝗼𝗺𝗮𝗻𝗰𝗲 𝗘𝗸𝗮𝗻𝘀𝗵 𝗥𝗮𝗴𝗵𝘂𝘃𝗮𝗻𝘀𝗵𝗶 ☆ The CEO of 'Raghuvanshi Group' also an underground Mafia. A typical cold...