တွယ်ငြိခြင်း THEORY

By NannHnnkha

55.7K 3.6K 185

ကလေးဘဝတည်းက ကိုရီးယားရောက်သွားပြီး Idol တစ်ယောက်ရဲ့အရည်အချင်းတွေနဲ့ပြည့်စုံတဲ့ အကပညာရှင် ငွေရောင်ဆံပင်တွေနဲ့က... More

✨Intro✨
Part - 1 (U,Z)
Part - 3 (U,Z)
Part - 4 (U,Z)
Part - 5 (U,Z)
Part - 6 (U,Z)
Part - 7 (U,Z)
Part - 8 (U,Z)
Part - 9 (U,Z)
Part - 10 (U, Z)
Part - 11 (U, Z)
Part - 12 (U, Z)
Part - 13 (U, Z)
Part - 14 (U, Z)
Part - 15 (U, Z)
Part - 16 (U, Z)
Part - 17 (U, Z)
Part - 18 (U, Z)
Part - 19 (U, Z)
Part - 20 (U, Z)
Part - 21 (U, Z)
Part - 22 (U, Z)
Part - 23 (U, Z)
Part - 24 (U, Z)
Part - 25 (U, Z)
Part - 26 (U, Z)
Part - 27 (U, Z)
Part - 28 (U, Z)
Part - 29 (U, Z)
Part - 30 (U, Z)
Part - 31 (U, Z)
------FINAL------
ရင်ဖွင့်စာ ✍️💌
Myanmar New Year 🎉 Present 🎁
New Year's Eve 2️⃣0️⃣2️⃣3️⃣🎉

Part - 2 (U,Z)

2.4K 157 4
By NannHnnkha

[Unicode]

အနားမှာ ကိုဖိုးသား မရှိချိန် ကိုယ့်အလုပ်ကို ကိုယ်တိုင်တာဝန်ယူကြည့်မှ မလွယ်မှန်းသိတော့သည်။ မန်နေဂျာတစ်ယောက်ရဲ့ အရေးပါမှုက  တော်ရုံတန်ရုံမဟုတ်။

ရှုတင်ကမှန်းထားတဲ့အချိန်ထက် နောက်ကျမှသိမ်းနိုင်တော့ ညီညီစောင့်နေရမှာကိုတွေးမိပြီး အားနာရသည်။ လမ်းမှာ ပွိုင့်မိနေတုန်း လာနေပြီဆိုတဲ့အကြောင်း မက်ဆေ့ခ်ျလှမ်းပို့ထားလိုက်သည်။

ချိန်းထားသောနေရာက မြို့ထဲနှင့်အနည်းငယ်လှမ်းပြီး ဆိတ်ငြိမ်ရပ်ကွက်မှာဖွင့်ထားသည့် အကောင်းစား Bar တစ်ခု။ ပုံမှန်ထက် တန်ကြေးကြီးပြီး မန်ဘာကတ်မရှိရင်ဝင်လို့မရသည့်နေရာ။ သူ့လိုအနုပညာရှင်များနှင့် အသိုင်းအဝိုင်းကြီးကလူများအတွက် သီးသန့်ဟု ဆိုရမလို။

နေ့စဉ်ရက်ဆက် အလုပ်များနေခဲ့တော့ အိပ်ရေးပျက်တာများနေသည်။ ကိုယ်တိုင်ကားမောင်းသည့်အခါမှ ခေါင်းမကြည်တာပိုသိသာလာသည်။ တစ်ချက်တစ်ချက် အရှေ့ကမြင်ကွင်းတွေက သိပ်မရှင်းချင်။ အပြန်တော့ ညီညီ့ကိုပဲ ပြန်လိုက်ပို့ခိုင်းမှဖြစ်တော့မည်။

အပင်ကြီးများအုပ်ဆိုင်းနေသောလမ်းက လမ်းမီးများမလင်းဘဲ ပိုမှောင်နေသောကြောင့် ပုံမှန်ထက် အာရုံစိုက်ပြီးမောင်းနေရသည်။ မြင်ကွင်းထဲဝင်လာသည့် အလင်းရောင်စူးစူးကြောင့် နှလုံးရပ်သွားသလို ခံစားလိုက်ရသည်။ တစ်ဖက်လမ်းကြောမှ ရုတ်တရက် ရှေ့တည့်တည့် ဝင်တိုးလာသည့်ကားတစ်စီးကြောင့် ဘေးကိုတိမ်းပြီးရှောင်လိုက်ရသည်။ သူ့ကားနှင့် ဝင်မတိုက်မိပေမယ့် 'ဝုန်း' ဟူသော အသံအကျယ်ကြီးကြားလိုက်ရသောကြောင့် တစ်ဖက်ကကား တစ်ခုခုဖြစ်သွားမှန်းသိလိုက်သည်။

စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထားကာ ဦးထုပ်နဲ့ Mask ကိုကောက်ဝတ်ပြီး ကားထဲကထွက်လာလိုက်သည်။ ဒီနေရာမှာ သူကလွဲပြီး ကူညီနိုင်သူမရှိ။ သူ့ကားကိုရှောင်ရင်း ဖြစ်သွားခြင်းများလား ဟူသည့် အပြစ်မကင်းသည့်စိတ်ကလည်းရှိနေသေးသည်။

ကားက သစ်ပင်ကိုဝင်တိုက်ခြင်းဖြစ်ကာ အရှေ့ပိုင်းတစ်ပိုင်းလုံးရစရာမရှိ‌ေတာ့ပါ။ သွေးသံရဲရဲဖြစ်နေသည့် Driver Seat က လူရဲ့မျက်နှာကိုမြင်လိုက်ရတော့ 'လင်းသန့်ကို'တစ်ယောက် လိပ်ပြာလွင့်သွားသည်။

ဤအခြေအနေကိုကြုံရတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် သွေးပျက်သွားသည်။ တစ်ခုခုဖြစ်တိုင်း အရင်ဆုံးသတိရမိသူက...

"ဟဲလို မေမေလား သားလေ..."

***************************************

အဆင့်မြင့်ဆေးရုံတစ်ခုရဲ့ သီးသန့်ဧည့်ခန်းထဲမှာ လင်းသန့်ကိုနှင့် ဒေါ်ယမင်းခင်အပြင် လူနာရှင်ဖြစ်သူ အမျိုးသမီးငယ်က မျက်ရည်‌ေတွလဲ့‌ေနသည့်မျက်ဝန်းများနှင့် မျက်နှာချင်းဆိုင်မှာ ကုပ်ကုပ်လေးထိုင်နေရှာသည်။

'ဝုန်း'

တံခါးကိုဆောင့်တွန်းပြီးဝင်လာတဲ့ ညီညီ...

"ကိုကို ဘယ်လိုများဖြစ်ရတာတုန်း။ ကိုကိုရောထိခိုက်သွားတဲ့နေရာရှိလား ဟင်!"

"ကိုကိုကဘာမှမဖြစ်..."

"ရှင်းသန့်ညီ! မင်းနဲ့ဘာဆိုင်လို့ဒီနေရာအထိရောက်လာတာလဲ အခုထွက်သွားစမ်း"

"မေမေ သားကိုမမြင်ချင်တာသိပေမယ့် အခုခဏလေးတော့သည်းခံပေးပါလား။ ကိုကို့ကိစ္စကိုမျက်နှာလွှဲမထားနိုင်လို့ပါ"

"ငါ ဆိုတဲ့အမေတစ်ယောက်လုံးရှိနေတာပဲ မင်းကိုဘယ်နေရာသုံးစားဖို့လိုမှာလဲ!"

"မေမေ တော်ပါတော့။ သူစိမ်းလည်းရှိနေတာကို..."

ကိုကို့ရဲ့ခပ်တိုးတိုးတားမြစ်သံကြောင့် မေမေချက်ချင်းငြိမ်ကျသွားသည်။ ကိုကို 'လင်းသန့်ကို' ဆိုသည်မှာ မေမေ ချစ်ရသောသားလေး...

ကိုကိုပြောတဲ့ သူစိမ်းဆိုသူကို လှမ်းကြည့်လိုက်တော့ ရင်စေ့အင်္ကျီလက်ရှည်နှင့် ထဘီကိုဝတ်ထားပြီး ဆံပင်ရှည်ကို‌ေနာက်‌ေကျာဘက်စုသိမ်းကာ ခပ်လျော့လျော့စီးထားသည်။ ခေါင်းငုံ့ထားသဖြင့် မျက်နှာကိုတော့သေချာမမြင်ရ။

"ကိုကို သူက..."

"လူနာရဲ့ဇနီးလောင်းတဲ့..."

"ကိုကို ခဏလောက်.."

အထဲမှာပြောရန် မသင့်တော်သည့်အတွက် ကိုကို့ ကို အခန်းအပြင်ခေါ်ထုတ်လာခဲ့သည်။

"ကိုကို လူနာအခြေအနေကဘယ်လိုလဲ"

"ဆုံးသွားပြီ"

"ဘုရားရေ! တကယ်ကြီး.."

"အင်း..."

"ဒါဆို အမှုကပိုရှုပ်သွားပြီပေါ့။ ဘယ်လိုဖြေရှင်းဖို့စဉ်းစားထားလဲ။ အပြင်ပေါက်ကြားသွားရင် ကိုကို့အတွက်အများကြီးထိခိုက်နိုင်တယ်နော်"

"အခု ဟိုဘက်ကလူကြီးကိုစောင့်နေတာ သူလာမှသေချာညှိနှိုင်းဖို့စဉ်းစားထားတယ်"

"ကိုကိုနဲ့ ငြိမိတာဟုတ်ရဲ့လားကိုကိုရယ် သေချာစဉ်းစားပါဦး။ ကြားကအချောင် တရားခံဖြစ်နေမှာစိုးလို့"

"အချင်းချင်းရှောင်ရင်းဖြစ်သွားတာပဲ ညီညီ သူကကိုကို့လမ်းကြောပေါ်တက်လာတာ"

"ဒါဆိုကိုကို့အမှားမှမဟုတ်ဘဲ။ သူ့ဘက်ကမှားတာလေ"

"ဖြစ်တဲ့အချိန်က အနားမှာဘယ်သူမှမရှိဘူး ညီညီရဲ့ ကိုကို့ဘက်ကအပြောတစ်ခုတည်းကိုလည်း သူတို့ကမယုံတဲ့ပုံစံဖမ်းနေတယ်"

"ဟာ!! အဓိပ္ပာယ်မရှိလိုက်တာ"

"ဟိုဘက်က လူကသေသွားတယ် ညီညီရယ် ကိုကိုတို့ဘက်ကဒေါသထွက်ပြလို့မ‌သင့်တော်ဘူးမဟုတ်လား"

"ကိုကိုရာ... ကျွတ်စ်! ကိုကိုအဲ့ဒီလိုအေးတိအေးစက်နဲ့ လူတကာအပေါ်အားနာနေလိုက်။ အဲ့ဒါကြောင့်လည်း ကိုကိုကမေမေ့ထိန်းချုပ်မှုအောက် လုံးလုံးရောက်နေတာပဲ"

"ညီညီရာ မေမေက..."

"ကောင်းစေချင်လို့ ဟုတ်တယ်မလား ဒါပဲလာဦးမှာ သိနေတယ်။ တော်ပြီပြောလည်းထူးလာမယ့်ကိစ္စမှမဟုတ်ဘဲ ဒီနေရာတင်ရပ်ရအောင်။ တကယ်ဆို ဒီကိစ္စဖြစ်ပါပြီဆိုကတည်းက ကိုကို ညီညီ့ဆီဖုန်းဆက်ရမှာ။ အခုတော့ ကိုကိုရောက်မလာလို့ စိတ်ပူပြီးဖုန်းဆက်မှ သိရတယ်။ အချိန်တွေလွန်ကုန်တယ်လေ ညီညီသာအဲ့ဒီနေရာမှာရှိနေခဲ့ရင် ကိုကို့အတွက်ဖြေရှင်းပေးနိုင်မှာသေချာတယ်"

"အခု မေမေလည်းရောက်နေပါပြီ ညီညီရယ် လာပါအထဲပြန်ဝင်ရအောင်"

အထဲဝင်ရန်တံခါးဖွင့်နေသော ကိုကို့လက်ကိုလှမ်းဆွဲလိုက်သည်။

"ကိုကို ဖြစ်နိုင်ရင် မေမေ့ကိုသိပ်ပြီး မယုံစားပါနဲ့လား..."

ကိုကို့မျက်ဝန်းတွေထဲထိ စိုက်ကြည့်ပြီးပြောလိုက်သည်။ ဒီစကားကို သူတကယ် အလေးအနက်ထားပြီးပြောနေမှန်း ကိုကိုသိရင်သိပ်ကောင်းမှာပဲ။ ဒါပေမယ့် ကိုကိုက အမှုမဲ့အမှတ်မဲ့ပြုံးပြပြီးပခုံးတစ်ဖက်ကိုသာ ဖွဖွလေးပုတ်ပေးလာသည်။

"လာပါ အထဲဝင်ကြစို့"

ကိုကို့နောက်ကနေလိုက်ပြီးမဝင်ဖြစ်ပါ။ မွန်းကြပ်သွားတဲ့စိတ်ကိုဖြေလျှော့ဖို့ ဘောင်းဘီအိတ်ထဲက စီးကရက်ဗူးကို လှမ်းစမ်းမိသည်။ နံရံမှာ No Smoking sign ကိုမြင်လိုက်တော့ ပီကေဗူးကိုပဲထုတ်လိုက်သည်။ ပီကေတစ်ခုပါးစပ်ထဲထည့်ပြီး တဖောက်ဖောက်နှင့် အသံမြည်အောင်ဝါးနေလိုက်သည်။

တွေးမိတိုင်း ကိုကို့အပေါ်အားနာရသည်။ သားတစ်ယောက်ရဲ့တာဝန်ဝတ္တရားတွေကို သူ့ကိုယ်စား ကိုကိုလုပ်ပေးနေရသလို ခံစား‌ေနရသည်။ တကယ်ဆို ကိုကိုကမွေးစားသားဖြစ်ပြီး ရှင်းသန့်ကသာ မေမေတို့ရဲ့ သွေးသားအရင်း။

အနှီးထုပ်အရွယ်လေးမှာ မေမေတို့လက်ထဲရောက်လာသော ကိုကိုဟာ မွေးစားသားဖြစ်သည့်အကြောင်း အရွယ်ရောက်ပြီးသိတတ်လာချိန် ညီအစ်ကိုနှစ်ယောက်လုံးကို အသိပေးခဲ့သည်။ သို့သော် ဘယ်အရာမှ ပြောင်းလဲသွားခြင်းမရှိဘဲ သူတို့မိသားစုလေးဟာ ပုံမှန်အတိုင်း နွေးနွေးထွေးထွေးရှိခဲ့သည်။ ရှင်းသန့်သာ သူ့ဖြစ်တည်မှုကို ဝန်မခံခင်အထိပေါ့...

အထက်တန်းပြီးသွားချိန် သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုကို သူကိုယ်တိုင် သေချာသိသွားခဲ့သည်။ မိဘတွေက သူ့ကိုချစ်သောကြောင့် နားလည်ပေးလိမ့်မည်ဟု ရှင်းသန့် ယုံကြည်မှုတွေလွန်ကဲခဲ့မိသည်။ လက်ခံပေးလိမ့်မည်ဟု အပိုင်တွက်ပြီး စွန့်စားခဲ့မိသည်။

ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းဝန်ခံပြီးနောက်..

"မောင်ရှင်းသန့်ညီ အား ဦးမျိုးသန့်+ဒေါ်ယမင်းခင်တို့၏ သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း"

ဆိုသည့် စာပိုဒ်က သတင်းစာထဲပါလာတော့သည်။ မေမေက အိမ်ပေါ်ကဆင်းဆိုပြီးနှင်ချတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အေးအေးဆေးဆေးပဲ ဆင်းချလာခဲ့သည်။ ဖေဖေက ရှင်းသန့်လက်ထဲ Black Card ထည့်ပေးလိုက်ခြင်းကို မေမေမသိ။

နေရာတကာ မေမေ့သဘော မေမေ့စိတ်တိုင်းကျ ပြုမူနေထိုင်ခဲ့သည့် ကိုကိုဟာ ဓာတ်ခဲထည့်ထား‌ေသာ စက်ရုပ်လေးသာသာ။ အကယ်၍များ အခွင့်အရေးရခဲ့ရင် ကိုကို့အတွက် လွတ်လပ်ပေါ့ပါးသော ကိုယ်ပိုင်ဘဝလေးတစ်ခု ဖန်တီးပေးချင်သည်။

ခပ်လှမ်းလှမ်းက ခြေသံတွေကြားလိုက်ရတော့ အတွေးစပြတ်သွားသည်။ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်
ဖို့အတွက် ဧည့်ခန်းထဲပြန်ဝင်ပြီး ကိုကို့ဘေးမှာဝင်ထိုင်လိုက်သည်။

တံခါးနှစ်ချပ်လုံးပွင့်သွားပြီး လူတစ်ယောက်ဝင်လာသည်။ တိတိကျကျပြောရရင် အရှိန်အဝါတစ်ခုကိန်းဝပ်နေသော ခပ်သန့်သန့်လူကြီးတစ်ယောက်။

"ဖေဖေ"

အရှေ့တည့်တည့်က လူနာရှင်အမျိုးသမီးဆီက ပထမဆုံးအသံထွက်လာသည်။ ခေါင်းမော့လာသည့်နောက် သူမမျက်နှာကိုမြင်လိုက်တော့ တစ်နေရာရာမှာတွေ့ဖူးနေသလို...

"ကျွန်တော့်နာမည် မာန်ဟိန်းထက်ပါ။ ဒီဘက်က..."

"အိုး ! တိုင်းမှုးကြီးပဲ မင်္ဂလာပါရှင် ကျွန်မ ယမင်းခင်ပါ ဒါကကျွန်မရဲ့သား လင်းသန့်ကို ပါ"

မေမေ့မိတ်ဆက်စကားက ရှင်းသန့် ဆီမရောက်ခင်ရပ်သွားသည်။ မေမေသုံးလိုက်သည့် နာမ်စားကြောင့် ထိုလူကြီးကိုသေချာပြန်ကြည့်လိုက်သည်။ မီဒီယာများ၊ သတင်းစာများတွင် ပါလာတတ်သည့်မျက်နှာမှန်း အခုမှသတိထားမိ‌ေတာ့သည်။

"အင်း ဒီကမောင်ရင့်ကိုတော့ မျက်နှာမစိမ်းပါဘူး။ နာမည်ကြီးအနုပညာရှင်ပဲမဟုတ်လား..."

"တိုင်းမှုးကြီးက သားကိုသိနေတယ်ဆိုတော့ ဂုဏ်ယူရပါတယ်ရှင်..."

မေမေ့အသံက လိုတာထက်ပိုချိုနေတော့ ကြက်သီးထမိသည်။ ထို့အပြင် ဟိုဘက်ကအနေအထားကိုသိလိုက်ရသောကြောင့် ကိုကို့အတွက်စိတ်ပူနေမိသည်။

"ကဲ ကျွန်တော်တို့လိုရင်းပြောကြရအောင်။ အခုသေဆုံးသွားတဲ့ မောင်အာကာအုပ်စိုး ဆိုတာ ကျွန်တော့်သမီးနဲ့စေ့စပ်ဖို့ရည်ရွယ်ထားတဲ့သူပါ။ သူ့မိသားစုဝင်တွေ ဘာကြောင့်မလာသလဲလို့ မေးစရာရှိလာနိုင်ပါတယ်။ မောင်အာကာ့ မှာ အဖေပဲရှိတာပါ။ သူ့အဖေဖြစ်သူကလည်း ကျန်းမာရေး အခြေအနေကြောင့် အိပ်ရာထဲလဲှနေရတော့ သူ့ရဲ့ကိစ္စအဝဝကို ကျွန်တော်တို့သားအဖပဲ တာဝန်ယူပေးရမှာပါ။ အဲ့ဒါကြောင့် အခုပြဿနာကိုလည်း ကျွန်တော်တို့ပဲ ညှိနှိုင်းဖြေရှင်းကြတာပေါ့"

"ဟုတ်ကဲ့ပါ ကျွန်မနားလည်ပါပြီ။ ကျွန်မတို့ဘက်ကအခြေအနေကို အရင်ဆုံးရှင်းရှင်းလင်းလင်းပြောပြချင်ပါတယ်။ သား လင်းသန့်ရဲ့ အနေအထားအရ ဒီကိစ္စပေါက်ကြားသွားလို့ ဘာကောင်းကျိုးမှမရနိုင်ပါဘူး။ အဲ့ဒါကြောင့် နှစ်ဦးနှစ်ဖက်အဆင်ပြေမယ့် နည်းလမ်းလေးရှိရင်ပြောပြပေးပါလား"

"ဒေါ်ယမင်းခင်တို့ဘက်က အခုလိုပွင့်လင်းမှတော့ ကျွန်တော်လည်းတည့်တည့်ပဲပြောပါ့မယ်။ အဲ့ဒီလို နည်းလမ်းကရှိပါတယ်။ မောင်လင်းသန့်ကို က ကျွန်တော့်သမီး မိုးခက်နွယ်နဲ့ စေ့စပ်ပေးရမှာပါ"

"ရှင် !!"

"ဗျာ..!"

"ဘာ! မဖြစ်နိုင်တာ.."

ရှင်းသန့်တို့သုံးယောက်လုံး အာမေဋိတ်သံ ကိုယ်စီထွက်သွားသည်။ လွယ်လွယ်ကူကူ ဖြေရှင်းလို့မရနိုင်မှန်းတွေးထားသော်ငြား ဤမျှလောက် အဓိပ္ပာယ်မရှိ‌ေသာနည်းလမ်းကြီး ဖြစ်လိမ့်မည်ဟု ရေးရေးမှမတွေးမိခဲ့။

*ကိုကိုက မိန်းကလေးတစ်ယောက်နဲ့စေ့စပ်ဖို့...
ဟင့်အင်း! မဖြစ်နိုင်ဘူးလေ။
ကိုကိုပျော်ရမှာမဟုတ်ဘူး*

"ဒေါ်ယမင်းခင် တို့ဘက်က ငြင်းမယ်ဆိုရင်လည်း ကိစ္စတော့သိပ်မရှိပါဘူး။ ကျွန်တော့်သမီးက စေ့စပ်ပွဲမတိုင်ခင် သတို့သားလောင်းကဆုံးပါးသွားတယ်ဆိုပြီး နိမိတ်ဆိုးရှိတဲ့ အမျိုးသမီးအဖြစ် လူသိရှင်ကြားအရှက်ကွဲမယ်။ မောင်လင်းသန့်ကို ကတော့ ကားမတော်တဆမှုကြောင့်တစ်ဖက်လူသေဆုံးဆိုတဲ့သတင်းနဲ့ မီဒီယာတွေကိုငါးစာချပေးလိုက်မယ်လေ ဘယ်လိုလဲ။ ခက်ခက်ခဲခဲ‌ေဖြရှင်းကြမလား အေးအေးဆေးဆေးပဲ သွားလိုက်ကြမလား"

" ဦးမာန်ဟိန်းထက် ခင်ဗျားအဲ့ဒီလို တစ်ဖက်သတ်လုပ်ချင်တာလုပ်လို့ ဖြစ်မလား! ကိုကို့ကြောင့် လူသေရတယ်ဆိုတဲ့ သက်သေမရှိဘူးလေ"

"မင်းရဲ့အစ်ကိုမှာ အပြစ်မရှိပါဘူးဆိုတဲ့သက်သေရော ရှိလို့လား...။ ဒီမှာ ကောင်လေးမင်းသိထားဖို့က သက်သေဆိုတာဖန်တီးလို့ရတယ်ကွ"

"ခင်ဗျား ဒါသက်သက်ယုတ်မာတာပဲ"

"ငါကယုတ်မာတာလား အခွင့်အရေးပေးနေတာလား သေချာတွေးကြည့်ဦး။ မာန်ဟိန်းထက်ရဲ့ သားမက်ဖြစ်ဖို့ အခွင့်အရေးလိုချင်နေတဲ့သူတွေတစ်ပုံကြီးပဲ"

"အဲ့ဒါဆိုလည်း အဲ့ဒီအပုံထဲကသွားနှိုက်ပါလား ဘာဖြစ်လို့..."

"တော်လိုက်တော့ ရှင်းသန့်ညီ! မင်းကိုမောင်းမထုတ်ဘဲနေတာ နေရာတကာဝင်ပါလို့ရတယ်လို့ မဆိုလိုဘူး။ တိုင်းမှုးကို အားနာလိုက်တာရှင်... ကျွန်မတိုင်းမှုးပြောတဲ့ အစီအစဉ်ကိုလက်ခံပါတယ်"

"မေမေ !!! "

" ပါးစပ်ပိတ်ထား ရှင်းသန့်ညီ! "

"ကိုကို တစ်ခုခုပြောဦးလေ ဘာဖြစ်လို့ငြိမ်နေရတာလဲ ကိုကို့ဆန္ဒမပါဘဲ ဘာမှလုပ်လို့မရဘူး။ ကိုကို လက်မခံနိုင်ရင်ပြောလိုက်!"

"သားလင်းသန့် မေမေ့စကားနားထောင်မယ်မဟုတ်လား ဟင်..."

"ဟုတ်.. ဟုတ်ကဲ့မေမေ"

နောက်ဆုံးတော့ မေမေနိုင်သွားပြန်သည်။
ဘယ်နှကြိမ်မြောက် မှန်းမသိနိုင်သော သက်ပြင်းမောတွေသာချမိသည်။ ကိုကို့ကို ဤစိတ်ပျက်ဖွယ်ဘဝကြီးထဲက ဘယ်လိုဘယ်ပံုဆွဲထုတ်ရပါ့မလဲ ခေါင်းထဲမှာ ဒါပဲတွေးနေမိတော့သည်။

မျက်နှာချင်းဆိုင်က သားအဖနှစ်ယောက်ကတော့ လိုချင်တာရသွား၍ ကျေနပ်နေပုံရသည်။

"သေဆုံးသူရဲ့ ပစ္စည်းအချို့လာပေးတာပါ"

အခန်းထဲသို့ ဝန်ထမ်းတစ်ယောက်ဝင်လာပြီး မျက်စိရှေ့က အမျိုးသမီးလက်ထဲကို တစ်ခုခုလာပေးသည်။

*Omo! ဒါ... ဒါက...*

အစောပိုင်းကပဲ မျက်လုံးထဲရင်းနှီးခဲ့သော ကျားခေါင်းပုံပါအင်္ကျီ။ ထိုအခါမှ အရှေ့ကအမျိုးသမီးကို နောက်တစ်ကြိမ် သေချာပြန်ကြည့်မိသည်။

*ဟုတ်နေတာပဲ.. Barမှာတွေ့ခဲ့တဲ့တစ်ယောက်။ နေပါဦး သူကဘယ်လိုဖြစ်ပြီး နာရီပိုင်းအတွင်း ဒီဇိုင်းကာလာတွေပြောင်းကုန်ရတာလဲ။ ဘာတွေလဲ... ဘာတွေလဲ...*

***************************************

ညဉ့်နက် မှပြန်ရောက်သည့်အပြင် ကိုကို့ကိစ္စတစ်ညလုံးခေါင်းထဲရောက်နေတော့ မိုးလင်းခါနီးမှအိပ်ပျော်သွားသည်။ မနက်နိုးလာတော့ ခေါင်းကသိသိသာသာထိုးကိုက်နေသည်။ တစ်ခုခုစား ဆေးသောက်ပြီးမှပြန်အိပ်ဖို့ အိပ်ရာထဲကကုန်းရုန်းထလိုက်သည်။

Kitchen ထဲသွား ခေါက်ဆွဲတစ်ဗူးအလွယ်ပြုတ်ပြီး စားပွဲမှာဝင်ထိုင်လိုက်သည်။ ခေါက်ဆွဲနပ်သွားအောင်စောင့်ရမည့် သုံးမိနစ်စာကို ဖုန်းသံုးပြီးစောင့်နေလိုက်သည်။

(___)လမ်း (___)မြို့နယ်တွင် ၁၀ နာရီခွဲအချိန်၌ ကားတစ်စီးအရှိန်လွန်ပြီး လမ်းဘေးသစ်ပင်နှင့်ဝင်တိုက်၊ အမူးလွန်ပြီးမောင်းလာသော ယာဉ်ပိုင်ရှင်မှာနေရာတွင်ပွဲချင်းပြီးသေဆုံး။

သတင်းခေါင်းစဉ်ကိုမြင်လိုက်သည်နှင့် မနေ့ညကကိစ္စမှန်းသိလိုက်သည်။ အသေးစိတ်ဝင်ဖတ်ကြည့်တော့ အရက်အလွန်အကျွံမူးလာသည့်လူတစ်ယောက် ကားကိုအထိန်းအကွပ်မရှိဘဲမောင်းရာက အရှိန်လွန်ပြီးဖြစ်သွားသော သာမန်မတော်တဆမှုပုံစံမျိုးသာရေးထားသည်။

ဒါကရော ဘယ်လိုလုပ်ဇာတ်ကြီးလဲ...
မနေ့ညက ထိုလူထိုင်သွားတဲ့နေရာမှာ ရှိခဲ့တဲ့ခွက်က လက်နှစ်လုံးတောင်လျော့မနေပါ။ ထွက်ခါနီးတွေ့လိုက်တော့လည်း ဘာမှမထူးခြားတဲ့မျက်နှာနဲ့ အပြုအမူတွေက ထိုလူလုံးဝမမူးမှန်း သေချာသည်။ ဘာကြောင့်များ ...

"ဟာ! ဟို ဝိတ်တာ.."

ဖြတ်ခနဲသတိရသွားတာက Bar ကအထွက် ထိုလူနဲ့ဝိတ်တာနဲ့ ဖြစ်နေတဲ့ပြဿနာ။ အကုန်စိုရွှဲပြီး အနံ့တွေထွက်ကုန်ပြီဆိုတဲ့ ထိုလူရဲ့အင်္ကျီ...

ထိုပြဿနာ၏အရင်းအမြစ်က ဟိုအမျိုးသမီး..

စေ့စေ့တွေး ရေးရေးပေါ် ဆိုသလို သံသယတွေက အရပ်မျက်နှာပေါင်းစုံကနေ လှည့်ဝင်လာတော့သည်။

အဓိကစိတ်ပူမိတာ ကိုကို။ ကိုကိုကဘယ်လိုလူမျိုးလဲဆိုတာ သေချာသိနေတဲ့အတွက် ကိုကို့ကို ဟိုးအရင်လိုပဲ မေမေ့ရဲ့ပုံစံခွက်ထဲမှာပျော်ဝင်နေဖို့ ရှင်းသန့် ခွင့်ပြုမ‌ေပးချင်‌ေတာ့ပါ။ ကိုကို့ကို ဒီအခြေအနေကနေ ဆွဲထုတ်ပေးနိုင်မယ့်သူ တစ်ယောက်လောက်... တစ်ယောက်လောက်များမရှိတော့ဘူးလား။

Ring Ring~~

အတွေးထဲမျောနေတော့ ဖုန်းသံက ရုတ်တရက်လူကိုလန့်သွားစေသည်။

"ဟဲ.. လို.."

"အဲ့အသံကဘာဖြစ်နေတာလဲ။ ငါပြန်မလာရတော့ဘူးလား။ လေဆိပ်သွားတဲ့လမ်းကနေ လှည့်ပြန်လိုက်ရတော့မလား ပြော..."

"ဟင်... K !!"

"ငါမှန်းမသိရလောက်အောင် ဘာတွေဖြစ်နေတာလဲ"

"K ကလည်း ငါဖုန်းကိုမကြည့်ဘဲ ကိုင်လိုက်မိလို့ပါ"

"ရှင်း တစ်ခုခုဖြစ်နေတယ်မဟုတ်လား..."

"အင်း K မင်းပဲငါ့ကိုနားလည်တယ်။ မြန်မြန်လာခဲ့တော့ တွေ့ချင်ပြီ"

"ငါမျက်ခုံးလှုပ်လာသလိုပဲ ..."

"K ကလည်း... မင်းရောက်မယ့်အချိန်ကို စာပို့ထားလိုက် ငါကိုယ်တိုင်လာကြိုမယ် နော်"

" Ok see you ရှင်း "

"See you K"

K ဆီကဖုန်းကျသွားတာနဲ့ ဦးနှောက်ထဲမှာလင်းခနဲဖြစ်သွားသည်။

"ဟုတ်သားပဲ K တစ်ယောက်လုံးရှိနေတာပဲ ရေးဟေး...."

~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~
{Stay Home Be Safe, Take Care Everyone ❣️}

#Hnn
21.8.2020
(FRIDAY)


[ZawGyi]

အနားမွာ ကိုဖိုးသား မရွိခ်ိန္ ကိုယ့္အလုပ္ကို ကိုယ္တိုင္တာဝန္ယူၾကည့္မွ မလြယ္မွန္းသိေတာ့သည္။ မန္ေနဂ်ာတစ္ေယာက္ရဲ႕ အေရးပါမႈက  ေတာ္႐ုံတန္႐ုံမဟုတ္။

ရႈတင္ကမွန္းထားတဲ့အခ်ိန္ထက္ ေနာက္က်မွသိမ္းႏိုင္ေတာ့ ညီညီေစာင့္ေနရမွာကိုေတြးမိၿပီး အားနာရသည္။ လမ္းမွာ ပြိဳင့္မိေနတုန္း လာေနၿပီဆိုတဲ့အေၾကာင္း မက္ေဆ့ခ္်လွမ္းပို႔ထားလိုက္သည္။

ခ်ိန္းထားေသာေနရာက ၿမိဳ႕ထဲႏွင့္အနည္းငယ္လွမ္းၿပီး ဆိတ္ၿငိမ္ရပ္ကြက္မွာဖြင့္ထားသည့္ အေကာင္းစား Bar တစ္ခု။ ပုံမွန္ထက္ တန္ေၾကးႀကီးၿပီး မန္ဘာကတ္မရွိရင္ဝင္လို႔မရသည့္ေနရာ။ သူ႔လိုအႏုပညာရွင္မ်ားႏွင့္ အသိုင္းအဝိုင္းႀကီးကလူမ်ားအတြက္ သီးသန႔္ဟု ဆိုရမလို။

ေန႔စဥ္ရက္ဆက္ အလုပ္မ်ားေနခဲ့ေတာ့ အိပ္ေရးပ်က္တာမ်ားေနသည္။ ကိုယ္တိုင္ကားေမာင္းသည့္အခါမွ ေခါင္းမၾကည္တာပိုသိသာလာသည္။ တစ္ခ်က္တစ္ခ်က္ အေရွ႕ကျမင္ကြင္းေတြက သိပ္မရွင္းခ်င္။ အျပန္ေတာ့ ညီညီ့ကိုပဲ ျပန္လိုက္ပို႔ခိုင္းမွျဖစ္ေတာ့မည္။

အပင္ႀကီးမ်ားအုပ္ဆိုင္းေနေသာလမ္းက လမ္းမီးမ်ားမလင္းဘဲ ပိုေမွာင္ေနေသာေၾကာင့္ ပုံမွန္ထက္ အာ႐ုံစိုက္ၿပီးေမာင္းေနရသည္။ ျမင္ကြင္းထဲဝင္လာသည့္ အလင္းေရာင္စူးစူးေၾကာင့္ ႏွလုံးရပ္သြားသလို ခံစားလိုက္ရသည္။ တစ္ဖက္လမ္းေၾကာမွ ႐ုတ္တရက္ ေရွ႕တည့္တည့္ ဝင္တိုးလာသည့္ကားတစ္စီးေၾကာင့္ ေဘးကိုတိမ္းၿပီးေရွာင္လိုက္ရသည္။ သူ႔ကားႏွင့္ ဝင္မတိုက္မိေပမယ့္ 'ဝုန္း' ဟူေသာ အသံအက်ယ္ႀကီးၾကားလိုက္ရေသာေၾကာင့္ တစ္ဖက္ကကား တစ္ခုခုျဖစ္သြားမွန္းသိလိုက္သည္။

စိတ္ကိုအတတ္ႏိုင္ဆုံးၿငိမ္ေအာင္ထားကာ ဦးထုပ္နဲ႔ Mask ကိုေကာက္ဝတ္ၿပီး ကားထဲကထြက္လာလိုက္သည္။ ဒီေနရာမွာ သူကလြဲၿပီး ကူညီႏိုင္သူမရွိ။ သူ႔ကားကိုေရွာင္ရင္း ျဖစ္သြားျခင္းမ်ားလား ဟူသည့္ အျပစ္မကင္းသည့္စိတ္ကလည္းရွိေနေသးသည္။

ကားက သစ္ပင္ကိုဝင္တိုက္ျခင္းျဖစ္ကာ အေရွ႕ပိုင္းတစ္ပိုင္းလုံးရစရာမရွိ‌ေတာ့ပါ။ ေသြးသံရဲရဲျဖစ္ေနသည့္ Driver Seat က လူရဲ႕မ်က္ႏွာကိုျမင္လိုက္ရေတာ့ 'လင္းသန႔္ကို'တစ္ေယာက္ လိပ္ျပာလြင့္သြားသည္။

ဤအေျခအေနကိုႀကဳံရေတာ့ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ ေသြးပ်က္သြားသည္။ တစ္ခုခုျဖစ္တိုင္း အရင္ဆုံးသတိရမိသူက...

"ဟဲလို ေမေမလား သားေလ..."

***************************************

အဆင့္ျမင့္ေဆး႐ုံတစ္ခုရဲ႕ သီးသန႔္ဧည့္ခန္းထဲမွာ လင္းသန႔္ကိုႏွင့္ ေဒၚယမင္းခင္အျပင္ လူနာရွင္ျဖစ္သူ အမ်ိဳးသမီးငယ္က မ်က္ရည္‌ေတြလဲ့‌ေနသည့္မ်က္ဝန္းမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာ ကုပ္ကုပ္ေလးထိုင္ေနရွာသည္။

'ဝုန္း'

တံခါးကိုေဆာင့္တြန္းၿပီးဝင္လာတဲ့ ညီညီ...

"ကိုကို ဘယ္လိုမ်ားျဖစ္ရတာတုန္း။ ကိုကိုေရာထိခိုက္သြားတဲ့ေနရာရွိလား ဟင္!"

"ကိုကိုကဘာမွမျဖစ္..."

"ရွင္းသန႔္ညီ! မင္းနဲ႔ဘာဆိုင္လို႔ဒီေနရာအထိေရာက္လာတာလဲ အခုထြက္သြားစမ္း"

"ေမေမ သားကိုမျမင္ခ်င္တာသိေပမယ့္ အခုခဏေလးေတာ့သည္းခံေပးပါလား။ ကိုကို႔ကိစၥကိုမ်က္ႏွာလႊဲမထားႏိုင္လို႔ပါ"

"ငါ ဆိုတဲ့အေမတစ္ေယာက္လုံးရွိေနတာပဲ မင္းကိုဘယ္ေနရာသုံးစားဖို႔လိုမွာလဲ!"

"ေမေမ ေတာ္ပါေတာ့။ သူစိမ္းလည္းရွိေနတာကို..."

ကိုကို႔ရဲ႕ခပ္တိုးတိုးတားျမစ္သံေၾကာင့္ ေမေမခ်က္ခ်င္းၿငိမ္က်သြားသည္။ ကိုကို 'လင္းသန႔္ကို' ဆိုသည္မွာ ေမေမ ခ်စ္ရေသာသားေလး...

ကိုကိုေျပာတဲ့ သူစိမ္းဆိုသူကို လွမ္းၾကည့္လိုက္ေတာ့ ရင္ေစ့အက်ႌလက္ရွည္ႏွင့္ ထဘီကိုဝတ္ထားၿပီး ဆံပင္ရွည္ကို‌ေနာက္‌ေက်ာဘက္စုသိမ္းကာ ခပ္ေလ်ာ့ေလ်ာ့စီးထားသည္။ ေခါင္းငုံ႔ထားသျဖင့္ မ်က္ႏွာကိုေတာ့ေသခ်ာမျမင္ရ။

"ကိုကို သူက..."

"လူနာရဲ႕ဇနီးေလာင္းတဲ့..."

"ကိုကို ခဏေလာက္.."

အထဲမွာေျပာရန္ မသင့္ေတာ္သည့္အတြက္ ကိုကို႔ ကို အခန္းအျပင္ေခၚထုတ္လာခဲ့သည္။

"ကိုကို လူနာအေျခအေနကဘယ္လိုလဲ"

"ဆုံးသြားၿပီ"

"ဘုရားေရ! တကယ္ႀကီး.."

"အင္း..."

"ဒါဆို အမႈကပိုရႈပ္သြားၿပီေပါ့။ ဘယ္လိုေျဖရွင္းဖို႔စဥ္းစားထားလဲ။ အျပင္ေပါက္ၾကားသြားရင္ ကိုကို႔အတြက္အမ်ားႀကီးထိခိုက္ႏိုင္တယ္ေနာ္"

"အခု ဟိုဘက္ကလူႀကီးကိုေစာင့္ေနတာ သူလာမွေသခ်ာညႇိႏႈိင္းဖို႔စဥ္းစားထားတယ္"

"ကိုကိုနဲ႔ ၿငိမိတာဟုတ္ရဲ႕လားကိုကိုရယ္ ေသခ်ာစဥ္းစားပါဦး။ ၾကားကအေခ်ာင္ တရားခံျဖစ္ေနမွာစိုးလို႔"

"အခ်င္းခ်င္းေရွာင္ရင္းျဖစ္သြားတာပဲ ညီညီ သူကကိုကို႔လမ္းေၾကာေပၚတက္လာတာ"

"ဒါဆိုကိုကို႔အမွားမွမဟုတ္ဘဲ။ သူ႔ဘက္ကမွားတာေလ"

"ျဖစ္တဲ့အခ်ိန္က အနားမွာဘယ္သူမွမရွိဘူး ညီညီရဲ႕ ကိုကို႔ဘက္ကအေျပာတစ္ခုတည္းကိုလည္း သူတို႔ကမယုံတဲ့ပုံစံဖမ္းေနတယ္"

"ဟာ!! အဓိပၸာယ္မရွိလိုက္တာ"

"ဟိုဘက္က လူကေသသြားတယ္ ညီညီရယ္ ကိုကိုတို႔ဘက္ကေဒါသထြက္ျပလို႔မ‌သင့္ေတာ္ဘူးမဟုတ္လား"

"ကိုကိုရာ... ကြၽတ္စ္! ကိုကိုအဲ့ဒီလိုေအးတိေအးစက္နဲ႔ လူတကာအေပၚအားနာေနလိုက္။ အဲ့ဒါေၾကာင့္လည္း ကိုကိုကေမေမ့ထိန္းခ်ဳပ္မႈေအာက္ လုံးလုံးေရာက္ေနတာပဲ"

"ညီညီရာ ေမေမက..."

"ေကာင္းေစခ်င္လို႔ ဟုတ္တယ္မလား ဒါပဲလာဦးမွာ သိေနတယ္။ ေတာ္ၿပီေျပာလည္းထူးလာမယ့္ကိစၥမွမဟုတ္ဘဲ ဒီေနရာတင္ရပ္ရေအာင္။ တကယ္ဆို ဒီကိစၥျဖစ္ပါၿပီဆိုကတည္းက ကိုကို ညီညီ့ဆီဖုန္းဆက္ရမွာ။ အခုေတာ့ ကိုကိုေရာက္မလာလို႔ စိတ္ပူၿပီးဖုန္းဆက္မွ သိရတယ္။ အခ်ိန္ေတြလြန္ကုန္တယ္ေလ ညီညီသာအဲ့ဒီေနရာမွာရွိေနခဲ့ရင္ ကိုကို႔အတြက္ေျဖရွင္းေပးႏိုင္မွာေသခ်ာတယ္"

"အခု ေမေမလည္းေရာက္ေနပါၿပီ ညီညီရယ္ လာပါအထဲျပန္ဝင္ရေအာင္"

အထဲဝင္ရန္တံခါးဖြင့္ေနေသာ ကိုကို႔လက္ကိုလွမ္းဆြဲလိုက္သည္။

"ကိုကို ျဖစ္ႏိုင္ရင္ ေမေမ့ကိုသိပ္ၿပီး မယုံစားပါနဲ႔လား..."

ကိုကို႔မ်က္ဝန္းေတြထဲထိ စိုက္ၾကည့္ၿပီးေျပာလိုက္သည္။ ဒီစကားကို သူတကယ္ အေလးအနက္ထားၿပီးေျပာေနမွန္း ကိုကိုသိရင္သိပ္ေကာင္းမွာပဲ။ ဒါေပမယ့္ ကိုကိုက အမႈမဲ့အမွတ္မဲ့ၿပဳံးျပၿပီးပခုံးတစ္ဖက္ကိုသာ ဖြဖြေလးပုတ္ေပးလာသည္။

"လာပါ အထဲဝင္ၾကစို႔"

ကိုကို႔ေနာက္ကေနလိုက္ၿပီးမဝင္ျဖစ္ပါ။ မြန္းၾကပ္သြားတဲ့စိတ္ကိုေျဖေလွ်ာ့ဖို႔ ေဘာင္းဘီအိတ္ထဲက စီးကရက္ဗူးကို လွမ္းစမ္းမိသည္။ နံရံမွာ No Smoking sign ကိုျမင္လိုက္ေတာ့ ပီေကဗူးကိုပဲထုတ္လိုက္သည္။ ပီေကတစ္ခုပါးစပ္ထဲထည့္ၿပီး တေဖာက္ေဖာက္ႏွင့္ အသံျမည္ေအာင္ဝါးေနလိုက္သည္။

ေတြးမိတိုင္း ကိုကို႔အေပၚအားနာရသည္။ သားတစ္ေယာက္ရဲ႕တာဝန္ဝတၱရားေတြကို သူ႔ကိုယ္စား ကိုကိုလုပ္ေပးေနရသလို ခံစား‌ေနရသည္။ တကယ္ဆို ကိုကိုကေမြးစားသားျဖစ္ၿပီး ရွင္းသန႔္ကသာ ေမေမတို႔ရဲ႕ ေသြးသားအရင္း။

အႏွီးထုပ္အ႐ြယ္ေလးမွာ ေမေမတို႔လက္ထဲေရာက္လာေသာ ကိုကိုဟာ ေမြးစားသားျဖစ္သည့္အေၾကာင္း အ႐ြယ္ေရာက္ၿပီးသိတတ္လာခ်ိန္ ညီအစ္ကိုႏွစ္ေယာက္လုံးကို အသိေပးခဲ့သည္။ သို႔ေသာ္ ဘယ္အရာမွ ေျပာင္းလဲသြားျခင္းမရွိဘဲ သူတို႔မိသားစုေလးဟာ ပုံမွန္အတိုင္း ေႏြးေႏြးေထြးေထြးရွိခဲ့သည္။ ရွင္းသန႔္သာ သူ႔ျဖစ္တည္မႈကို ဝန္မခံခင္အထိေပါ့...

အထက္တန္းၿပီးသြားခ်ိန္ သူ႔ရဲ႕လိင္စိတ္တိမ္းၫြတ္မႈကို သူကိုယ္တိုင္ ေသခ်ာသိသြားခဲ့သည္။ မိဘေတြက သူ႔ကိုခ်စ္ေသာေၾကာင့္ နားလည္ေပးလိမ့္မည္ဟု ရွင္းသန႔္ ယုံၾကည္မႈေတြလြန္ကဲခဲ့မိသည္။ လက္ခံေပးလိမ့္မည္ဟု အပိုင္တြက္ၿပီး စြန႔္စားခဲ့မိသည္။

ပြင့္ပြင့္လင္းလင္း အမွန္အတိုင္းဝန္ခံၿပီးေနာက္..

"ေမာင္ရွင္းသန႔္ညီ အား ဦးမ်ိဳးသန႔္+ေဒၚယမင္းခင္တို႔၏ သားအျဖစ္မွအေမြျပတ္စြန႔္လႊတ္ျခင္း"

ဆိုသည့္ စာပိုဒ္က သတင္းစာထဲပါလာေတာ့သည္။ ေမေမက အိမ္ေပၚကဆင္းဆိုၿပီးႏွင္ခ်ေတာ့ အဝတ္တစ္ထည္ကိုယ္တစ္ခုနဲ႔ ေအးေအးေဆးေဆးပဲ ဆင္းခ်လာခဲ့သည္။ ေဖေဖက ရွင္းသန႔္လက္ထဲ Black Card ထည့္ေပးလိုက္ျခင္းကို ေမေမမသိ။

ေနရာတကာ ေမေမ့သေဘာ ေမေမ့စိတ္တိုင္းက် ျပဳမူေနထိုင္ခဲ့သည့္ ကိုကိုဟာ ဓာတ္ခဲထည့္ထား‌ေသာ စက္႐ုပ္ေလးသာသာ။ အကယ္၍မ်ား အခြင့္အေရးရခဲ့ရင္ ကိုကို႔အတြက္ လြတ္လပ္ေပါ့ပါးေသာ ကိုယ္ပိုင္ဘဝေလးတစ္ခု ဖန္တီးေပးခ်င္သည္။

ခပ္လွမ္းလွမ္းက ေျခသံေတြၾကားလိုက္ရေတာ့ အေတြးစျပတ္သြားသည္။ ဘာပဲျဖစ္ျဖစ္ ရင္ဆိုင္
ဖို႔အတြက္ ဧည့္ခန္းထဲျပန္ဝင္ၿပီး ကိုကို႔ေဘးမွာဝင္ထိုင္လိုက္သည္။

တံခါးႏွစ္ခ်ပ္လုံးပြင့္သြားၿပီး လူတစ္ေယာက္ဝင္လာသည္။ တိတိက်က်ေျပာရရင္ အရွိန္အဝါတစ္ခုကိန္းဝပ္ေနေသာ ခပ္သန႔္သန႔္လူႀကီးတစ္ေယာက္။

"ေဖေဖ"

အေရွ႕တည့္တည့္က လူနာရွင္အမ်ိဳးသမီးဆီက ပထမဆုံးအသံထြက္လာသည္။ ေခါင္းေမာ့လာသည့္ေနာက္ သူမမ်က္ႏွာကိုျမင္လိုက္ေတာ့ တစ္ေနရာရာမွာေတြ႕ဖူးေနသလို...

"ကြၽန္ေတာ့္နာမည္ မာန္ဟိန္းထက္ပါ။ ဒီဘက္က..."

"အိုး ! တိုင္းမႈးႀကီးပဲ မဂၤလာပါရွင္ ကြၽန္မ ယမင္းခင္ပါ ဒါကကြၽန္မရဲ႕သား လင္းသန႔္ကို ပါ"

ေမေမ့မိတ္ဆက္စကားက ရွင္းသန႔္ ဆီမေရာက္ခင္ရပ္သြားသည္။ ေမေမသုံးလိုက္သည့္ နာမ္စားေၾကာင့္ ထိုလူႀကီးကိုေသခ်ာျပန္ၾကည့္လိုက္သည္။ မီဒီယာမ်ား၊ သတင္းစာမ်ားတြင္ ပါလာတတ္သည့္မ်က္ႏွာမွန္း အခုမွသတိထားမိ‌ေတာ့သည္။

"အင္း ဒီကေမာင္ရင့္ကိုေတာ့ မ်က္ႏွာမစိမ္းပါဘူး။ နာမည္ႀကီးအႏုပညာရွင္ပဲမဟုတ္လား..."

"တိုင္းမႈးႀကီးက သားကိုသိေနတယ္ဆိုေတာ့ ဂုဏ္ယူရပါတယ္ရွင္..."

ေမေမ့အသံက လိုတာထက္ပိုခ်ိဳေနေတာ့ ၾကက္သီးထမိသည္။ ထို႔အျပင္ ဟိုဘက္ကအေနအထားကိုသိလိုက္ရေသာေၾကာင့္ ကိုကို႔အတြက္စိတ္ပူေနမိသည္။

"ကဲ ကြၽန္ေတာ္တို႔လိုရင္းေျပာၾကရေအာင္။ အခုေသဆုံးသြားတဲ့ ေမာင္အာကာအုပ္စိုး ဆိုတာ ကြၽန္ေတာ့္သမီးနဲ႔ေစ့စပ္ဖို႔ရည္႐ြယ္ထားတဲ့သူပါ။ သူ႔မိသားစုဝင္ေတြ ဘာေၾကာင့္မလာသလဲလို႔ ေမးစရာရွိလာႏိုင္ပါတယ္။ ေမာင္အာကာ့ မွာ အေဖပဲရွိတာပါ။ သူ႔အေဖျဖစ္သူကလည္း က်န္းမာေရး အေျခအေနေၾကာင့္ အိပ္ရာထဲလဲွေနရေတာ့ သူ႔ရဲ႕ကိစၥအဝဝကို ကြၽန္ေတာ္တို႔သားအဖပဲ တာဝန္ယူေပးရမွာပါ။ အဲ့ဒါေၾကာင့္ အခုျပႆနာကိုလည္း ကြၽန္ေတာ္တို႔ပဲ ညႇိႏႈိင္းေျဖရွင္းၾကတာေပါ့"

"ဟုတ္ကဲ့ပါ ကြၽန္မနားလည္ပါၿပီ။ ကြၽန္မတို႔ဘက္ကအေျခအေနကို အရင္ဆုံးရွင္းရွင္းလင္းလင္းေျပာျပခ်င္ပါတယ္။ သား လင္းသန႔္ရဲ႕ အေနအထားအရ ဒီကိစၥေပါက္ၾကားသြားလို႔ ဘာေကာင္းက်ိဳးမွမရႏိုင္ပါဘူး။ အဲ့ဒါေၾကာင့္ ႏွစ္ဦးႏွစ္ဖက္အဆင္ေျပမယ့္ နည္းလမ္းေလးရွိရင္ေျပာျပေပးပါလား"

"ေဒၚယမင္းခင္တို႔ဘက္က အခုလိုပြင့္လင္းမွေတာ့ ကြၽန္ေတာ္လည္းတည့္တည့္ပဲေျပာပါ့မယ္။ အဲ့ဒီလို နည္းလမ္းကရွိပါတယ္။ ေမာင္လင္းသန႔္ကို က ကြၽန္ေတာ့္သမီး မိုးခက္ႏြယ္နဲ႔ ေစ့စပ္ေပးရမွာပါ"

"ရွင္ !!"

"ဗ်ာ..!"

"ဘာ! မျဖစ္ႏိုင္တာ.."

ရွင္းသန႔္တို႔သုံးေယာက္လုံး အာေမဋိတ္သံ ကိုယ္စီထြက္သြားသည္။ လြယ္လြယ္ကူကူ ေျဖရွင္းလို႔မရႏိုင္မွန္းေတြးထားေသာ္ျငား ဤမွ်ေလာက္ အဓိပၸာယ္မရွိ‌ေသာနည္းလမ္းႀကီး ျဖစ္လိမ့္မည္ဟု ေရးေရးမွမေတြးမိခဲ့။

*ကိုကိုက မိန္းကေလးတစ္ေယာက္နဲ႔ေစ့စပ္ဖို႔...
ဟင့္အင္း! မျဖစ္ႏိုင္ဘူးေလ။
ကိုကိုေပ်ာ္ရမွာမဟုတ္ဘူး*

"ေဒၚယမင္းခင္ တို႔ဘက္က ျငင္းမယ္ဆိုရင္လည္း ကိစၥေတာ့သိပ္မရွိပါဘူး။ ကြၽန္ေတာ့္သမီးက ေစ့စပ္ပြဲမတိုင္ခင္ သတို႔သားေလာင္းကဆုံးပါးသြားတယ္ဆိုၿပီး နိမိတ္ဆိုးရွိတဲ့ အမ်ိဳးသမီးအျဖစ္ လူသိရွင္ၾကားအရွက္ကြဲမယ္။ ေမာင္လင္းသန႔္ကို ကေတာ့ ကားမေတာ္တဆမႈေၾကာင့္တစ္ဖက္လူေသဆုံးဆိုတဲ့သတင္းနဲ႔ မီဒီယာေတြကိုငါးစာခ်ေပးလိုက္မယ္ေလ ဘယ္လိုလဲ။ ခက္ခက္ခဲခဲ‌ေျဖရွင္းၾကမလား ေအးေအးေဆးေဆးပဲ သြားလိုက္ၾကမလား"

" ဦးမာန္ဟိန္းထက္ ခင္ဗ်ားအဲ့ဒီလို တစ္ဖက္သတ္လုပ္ခ်င္တာလုပ္လို႔ ျဖစ္မလား! ကိုကို႔ေၾကာင့္ လူေသရတယ္ဆိုတဲ့ သက္ေသမရွိဘူးေလ"

"မင္းရဲ႕အစ္ကိုမွာ အျပစ္မရွိပါဘူးဆိုတဲ့သက္ေသေရာ ရွိလို႔လား...။ ဒီမွာ ေကာင္ေလးမင္းသိထားဖို႔က သက္ေသဆိုတာဖန္တီးလို႔ရတယ္ကြ"

"ခင္ဗ်ား ဒါသက္သက္ယုတ္မာတာပဲ"

"ငါကယုတ္မာတာလား အခြင့္အေရးေပးေနတာလား ေသခ်ာေတြးၾကည့္ဦး။ မာန္ဟိန္းထက္ရဲ႕ သားမက္ျဖစ္ဖို႔ အခြင့္အေရးလိုခ်င္ေနတဲ့သူေတြတစ္ပုံႀကီးပဲ"

"အဲ့ဒါဆိုလည္း အဲ့ဒီအပုံထဲကသြားႏႈိက္ပါလား ဘာျဖစ္လို႔..."

"ေတာ္လိုက္ေတာ့ ရွင္းသန႔္ညီ! မင္းကိုေမာင္းမထုတ္ဘဲေနတာ ေနရာတကာဝင္ပါလို႔ရတယ္လို႔ မဆိုလိုဘူး။ တိုင္းမႈးကို အားနာလိုက္တာရွင္... ကြၽန္မတိုင္းမႈးေျပာတဲ့ အစီအစဥ္ကိုလက္ခံပါတယ္"

"ေမေမ !!! "

" ပါးစပ္ပိတ္ထား ရွင္းသန႔္ညီ! "

"ကိုကို တစ္ခုခုေျပာဦးေလ ဘာျဖစ္လို႔ၿငိမ္ေနရတာလဲ ကိုကို႔ဆႏၵမပါဘဲ ဘာမွလုပ္လို႔မရဘူး။ ကိုကို လက္မခံႏိုင္ရင္ေျပာလိုက္!"

"သားလင္းသန႔္ ေမေမ့စကားနားေထာင္မယ္မဟုတ္လား ဟင္..."

"ဟုတ္.. ဟုတ္ကဲ့ေမေမ"

ေနာက္ဆုံးေတာ့ ေမေမႏိုင္သြားျပန္သည္။
ဘယ္ႏွႀကိမ္ေျမာက္ မွန္းမသိႏိုင္ေသာ သက္ျပင္းေမာေတြသာခ်မိသည္။ ကိုကို႔ကို ဤစိတ္ပ်က္ဖြယ္ဘဝႀကီးထဲက ဘယ္လိုဘယ္ပုံဆြဲထုတ္ရပါ့မလဲ ေခါင္းထဲမွာ ဒါပဲေတြးေနမိေတာ့သည္။

မ်က္ႏွာခ်င္းဆိုင္က သားအဖႏွစ္ေယာက္ကေတာ့ လိုခ်င္တာရသြား၍ ေက်နပ္ေနပုံရသည္။

"ေသဆုံးသူရဲ႕ ပစၥည္းအခ်ိဳ႕လာေပးတာပါ"

အခန္းထဲသို႔ ဝန္ထမ္းတစ္ေယာက္ဝင္လာၿပီး မ်က္စိေရွ႕က အမ်ိဳးသမီးလက္ထဲကို တစ္ခုခုလာေပးသည္။

*Omo! ဒါ... ဒါက...*

အေစာပိုင္းကပဲ မ်က္လုံးထဲရင္းႏွီးခဲ့ေသာ က်ားေခါင္းပုံပါအက်ႌ။ ထိုအခါမွ အေရွ႕ကအမ်ိဳးသမီးကို ေနာက္တစ္ႀကိမ္ ေသခ်ာျပန္ၾကည့္မိသည္။

*ဟုတ္ေနတာပဲ.. Barမွာေတြ႕ခဲ့တဲ့တစ္ေယာက္။ ေနပါဦး သူကဘယ္လိုျဖစ္ၿပီး နာရီပိုင္းအတြင္း ဒီဇိုင္းကာလာေတြေျပာင္းကုန္ရတာလဲ။ ဘာေတြလဲ... ဘာေတြလဲ...*

***************************************

ညဥ့္နက္ မွျပန္ေရာက္သည့္အျပင္ ကိုကို႔ကိစၥတစ္ညလုံးေခါင္းထဲေရာက္ေနေတာ့ မိုးလင္းခါနီးမွအိပ္ေပ်ာ္သြားသည္။ မနက္ႏိုးလာေတာ့ ေခါင္းကသိသိသာသာထိုးကိုက္ေနသည္။ တစ္ခုခုစား ေဆးေသာက္ၿပီးမွျပန္အိပ္ဖို႔ အိပ္ရာထဲကကုန္း႐ုန္းထလိုက္သည္။

Kitchen ထဲသြား ေခါက္ဆြဲတစ္ဗူးအလြယ္ျပဳတ္ၿပီး စားပြဲမွာဝင္ထိုင္လိုက္သည္။ ေခါက္ဆြဲနပ္သြားေအာင္ေစာင့္ရမည့္ သုံးမိနစ္စာကို ဖုန္းသုံးၿပီးေစာင့္ေနလိုက္သည္။

(___)လမ္း (___)ၿမိဳ႕နယ္တြင္ ည ၁၀ နာရီခြဲအခ်ိန္၌ ကားတစ္စီးအရွိန္လြန္ၿပီး လမ္းေဘးသစ္ပင္ႏွင့္ဝင္တိုက္၊ အမူးလြန္ၿပီးေမာင္းလာေသာ ယာဥ္ပိုင္ရွင္မွာေနရာတြင္ပြဲခ်င္းၿပီးေသဆုံး။

သတင္းေခါင္းစဥ္ကိုျမင္လိုက္သည္ႏွင့္ မေန႔ညကကိစၥမွန္းသိလိုက္သည္။ အေသးစိတ္ဝင္ဖတ္ၾကည့္ေတာ့ အရက္အလြန္အကြၽံမူးလာသည့္လူတစ္ေယာက္ ကားကိုအထိန္းအကြပ္မရွိဘဲေမာင္းရာက အရွိန္လြန္ၿပီးျဖစ္သြားေသာ သာမန္မေတာ္တဆမႈပုံစံမ်ိဳးသာေရးထားသည္။

ဒါကေရာ ဘယ္လိုလုပ္ဇာတ္ႀကီးလဲ...
မေန႔ညက ထိုလူထိုင္သြားတဲ့ေနရာမွာ ရွိခဲ့တဲ့ခြက္က လက္ႏွစ္လုံးေတာင္ေလ်ာ့မေနပါ။ ထြက္ခါနီးေတြ႕လိုက္ေတာ့လည္း ဘာမွမထူးျခားတဲ့မ်က္ႏွာနဲ႔ အျပဳအမူေတြက ထိုလူလုံးဝမမူးမွန္း ေသခ်ာသည္။ ဘာေၾကာင့္မ်ား ...

"ဟာ! ဟို ဝိတ္တာ.."

ျဖတ္ခနဲသတိရသြားတာက Bar ကအထြက္ ထိုလူနဲ႔ဝိတ္တာနဲ႔ ျဖစ္ေနတဲ့ျပႆနာ။ အကုန္စို႐ႊဲၿပီး အနံ႔ေတြထြက္ကုန္ၿပီဆိုတဲ့ ထိုလူရဲ႕အက်ႌ...

ထိုျပႆနာ၏အရင္းအျမစ္က ဟိုအမ်ိဳးသမီး..

ေစ့ေစ့ေတြး ေရးေရးေပၚ ဆိုသလို သံသယေတြက အရပ္မ်က္ႏွာေပါင္းစုံကေန လွည့္ဝင္လာေတာ့သည္။

အဓိကစိတ္ပူမိတာ ကိုကို။ ကိုကိုကဘယ္လိုလူမ်ိဳးလဲဆိုတာ ေသခ်ာသိေနတဲ့အတြက္ ကိုကို႔ကို ဟိုးအရင္လိုပဲ ေမေမ့ရဲ႕ပုံစံခြက္ထဲမွာေပ်ာ္ဝင္ေနဖို႔ ရွင္းသန္႔ ခြင့္ျပဳမ‌ေပးခ်င္‌ေတာ့ပါ။ ကိုကို႔ကို ဒီအေျခအေနကေန ဆြဲထုတ္ေပးႏိုင္မယ့္သူ တစ္ေယာက္ေလာက္... တစ္ေယာက္ေလာက္မ်ားမရွိေတာ့ဘူးလား။

Ring Ring~~

အေတြးထဲေမ်ာေနေတာ့ ဖုန္းသံက ႐ုတ္တရက္လူကိုလန႔္သြားေစသည္။

"ဟဲ.. လို.."

"အဲ့အသံကဘာျဖစ္ေနတာလဲ။ ငါျပန္မလာရေတာ့ဘူးလား။ ေလဆိပ္သြားတဲ့လမ္းကေန လွည့္ျပန္လိုက္ရေတာ့မလား ေျပာ..."

"ဟင္... K !!"

"ငါမွန္းမသိရေလာက္ေအာင္ ဘာေတြျဖစ္ေနတာလဲ"

"K ကလည္း ငါဖုန္းကိုမၾကည့္ဘဲ ကိုင္လိုက္မိလို႔ပါ"

"ရွင္း တစ္ခုခုျဖစ္ေနတယ္မဟုတ္လား..."

"အင္း K မင္းပဲငါ့ကိုနားလည္တယ္။ ျမန္ျမန္လာခဲ့ေတာ့ ေတြ႕ခ်င္ၿပီ"

"ငါမ်က္ခုံးလႈပ္လာသလိုပဲ ..."

"K ကလည္း... မင္းေရာက္မယ့္အခ်ိန္ကို စာပို႔ထားလိုက္ ငါကိုယ္တိုင္လာႀကိဳမယ္ ေနာ္"

" Ok see you ရွင္း "

"See you K"

K ဆီကဖုန္းက်သြားတာနဲ့ ဦးေႏွာက္ထဲမွာလင္းခနဲျဖစ္သြားသည္။

"ဟုတ္သားပဲ K တစ္ေယာက္လုံးရွိေနတာပဲ ေရးေဟး...."

~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~
{Stay Home Be Safe, Take Care Everyone ❣️}

#Hnn
21.8.2020
(FRIDAY)

Continue Reading

You'll Also Like

2.5K 221 6
ဤဇာတ်လမ်းတွေပါဝင်သော ​အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသီးသန့်သာဖြစ်သည်။ ထို့ကြောင့် လက်တွေ့နှင့်မသက်ဆိုင်သောအကြောင်းအရာများ ပါဝင်နိုင်ကြောင်း အသိပ...
228K 26.2K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
3M 264K 48
!အမွန္ေတာ့ မင္းက က္ုိယ္အၿမဲတမ္း အမွတ္တရ သိမ္းထားခ်င္မိတဲ့ အစိမ္းေရာင္ ေပ်ာ္႐ႊင္ျခင္းေလးပါ... Oct9.2021 !အ...
2.1M 172K 65
အချစ်ကြောင့်ဒီလူသားကိုအဓမ္မသိမ်းပိုက်ခဲ့မိတယ်။ (မိုးညိုမောင်) မချစ်တတ်တဲ့ကိုယ်ကဒီလူသားရဲ့ဂရုစိုက်ကြင...