Part - 3 (U,Z)

2.1K 148 4
                                    

[Unicode]

တစ်ဖက်ကမကိုင်သေးဘဲ ဖုန်းဝင်နေတဲ့ 'တူ..တူ..' ဆိုတဲ့အသံလေး ကြားနေရင်းကို စိတ်လှုပ်ရှားနေမိသည်။ တစ်သက်နဲ့တစ်ကိုယ် လူတစ်ယောက်အပေါ် တစိုက်မတ်မတ် စိတ်ဝင်စားမိသွားလိမ့်မယ်လို့ စိတ်ကူးတောင်မယဉ်ခဲ့မိဘူး။ လင်းသန့်နဲ့မဆုံခင်က မိုးခက်နွယ် ကိုယ့်ကိုယ်ကိုယ် အသည်းနှလုံးမပါဘူးလို့ပဲထင်ခဲ့တာ...

"ဟဲလို ဟုတ်ကဲ့အမိန့်ရှိပါဗျ"

ဖုန်းဖြေလိုက်သံလေးကြားလိုက်ရုံနှင့် သူမ၏စိတ်ဝိညာဉ်တွေပါ တစ်ခါတည်းဆွဲငင်သွားခံလိုက်ရသလို လင်းသန့်က ပြုစားနိုင်သည်။

"ဟဲလို လင်းသန့် လား... ခက်ပါ"

"ဪ ဟုတ်ကဲ့ မမိုးခက်နွယ် ပြောပါ"

"လာမယ့် Sunday ခက်တို့အိမ်မှာ အန္တရာယ်ကင်းပရိတ်ရွတ်ပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်မှာ အဲ့ဒါ ခက်တို့နဲ့အရင်းနှီးဆုံးလူတွေလည်း ဖိတ်ထားတာမို့ လင်းသန့် နဲ့အန်တီခင် ကိုလည်း လှမ်းဖိတ်တာပါ"

"ဟုတ်ကဲ့ ကျွန်တော်မေမေ့ကိုပြောလိုက်ပါ့မယ်"

"လာမယ်မဟုတ်လား လင်းသန့် .."

"မေမေလာရင် ကျွန်တော်လည်းလာမှာပါ"

လင်းသန့်က တကယ့်ကို မေမေ့သားလေးပါပဲ။

"ဟို ဒါ‌ပဲပြောချင်တာဆိုရင် ဖုန်းချလိုက်တော့မယ် ကျွန်တော့် break time ကုန်ပြီမို့"

"ကောင်းပါပြီရှင် မျှော်နေမယ် လင်းသန့်"

"....."

ဖုန်းကိုရင်ခွင်ထဲထည့်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်သည်။ ခက် အရွယ်ရောက်လာတဲ့အချိန်ကစပြီး ပုံစံအမျိုးမျိုးသော ယောက်ျားသားတွေအနားကိုကပ်လာပါလျက် 'ထိုက်'တစ်ယောက်တည်းကိုသာ အ‌ခွင့်အရေးပေးခဲ့သည်။ ဒါလည်း ထိုက်နဲ့သူမကအပေးအယူမျှတဲ့အပြင် စိတ်တူကိုယ်တူရှိသည်။ အထူးသဖြင့် ထိုက်က သူမ၏အရိပ်အကဲကို အရမ်းဖတ်တတ်သည်။ သူလိုချင်တာပေးရုံနဲ့ ကိုယ်လိုချင်တာဖြစ်အောင်ဖန်တီးပေးတတ်တဲ့သူမျိုး။ ထိုက်နှင့်သူမ နှစ်ယောက်ကြား Give & Take ရှိသည်။ နားလည်မှုအပြည့်ရှိတဲ့ သူမရဲ့ Friend with benefit...

တွယ်ငြိခြင်း THEORYWhere stories live. Discover now