Dear, Relationship

By Minileilei69

183K 16K 2.2K

" Relationship " means the way in which two or more people or things are connected, or the state of being co... More

Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)

Chapter (11)

6.1K 910 193
By Minileilei69


Note! I really enjoy your comments about this fiction and don't forget votes and comments of your guys are the reason to be continued my story.

Thanks for every amazing moment on wattpad

..............................................




အရာအားလုံးဟာ ရှုပ်ထွေးပွေလီတဲ့သဘောသဘာဝရှိတယ်။ ခေါင်းပေါ်ကဆံပင်တွေလည်း ပင်လယ်ထဲက ရေမှော်ဖက်တွေလို စုတ်ဖွားရှုပ်ပွတတ်တယ်။ အိပ်ယာနိုးတာနဲ့ ဦးဆုံးမြင်ရတဲ့ အိပ်ယာလည်း ရှုပ်ပွတွန့်ကြေလေ့ရှိတယ်။ စကားလုံးတွေဆိုလည်း ဆိုလိုချင်တာကတခြား၊ သဘောပေါက်နားလည်သွားတာကတခြားနဲ့ ပတ်ရှုပ်နေတတ်တယ်။ စိတ်ခံစားချက်တွေကိုတော့ 'ရှုပ်ထွေးပွေလီတယ်' ဆိုတဲ့ဝေါဟာရက အဖေပြန်ခေါ်ရလိမ့်မယ်။

ကားရုပ်ရှင်ရုံရဲ့ ကားပတ်လမ်းခြံဝန်းတစ်ခုလုံးဟာ သဲခင်းလမ်းဖြစ်ပြီး ကားဘီးတစ်ချက်လှိမ့်သွားတိုင်း သဲတွေဖွာခနဲထလာသည်။ ကျွန်တော်တို့ရောက်သွားတော့ ကားတွေမှမဟုတ်ဘဲ ဘီးကြီးနှစ်လုံးကြားလူတွေမြုပ်နေသည့် ဆိုင်ကယ်တွေပါ နေရာယူထားကြသည်။ ထိုဆိုင်ကယ်အုပ်စုထဲကမိန်းကလေးတစ်ယောက်က ဆိုင်ကယ်ဦးထုပ်ကိုရုပ်ရှင်ထဲကမင်းသမီးတွေလို အမိုက်စားချွတ်လိုက်ပြီး ဆံပင်တွေခါလိုက်သည်။ အနားတစ်ဝိုက်ကားတွေဆီက လေချွန်သံတွေနဲ့ဆူညံသွားသည်။ ပတ်ဝန်းကျင်မှာလည်းသူ့ဘာသူ ရှုပ်ထွေးဆူညံနေပြီး ကျွန်တော်နဲ့ Merv လည်း ဘာကစပြောရမယ်မှန်းမသိဖြစ်ကာ အတွင်းမှာရှုပ်ယှက်ခတ်နေပြီး အပြင်မှာငြိမ်သက်နေကြသည်။ ရုပ်ရှင်ကတော့မစသေးပါ။

" ဆော်ရီး… ငါပြောချင်ရာတွေပြောမိသွားတယ်။ ငါဘာလို့စောက်ရေးမပါတာကြီးကို ပြောမိမှန်းတောင်မသိဘူး။ တကယ်ဆော်ရီး Cyril "

Merv ဟာသူ့ဆံပင်တွေကို ထပ်ခါထပ်ခါ နောက်သို့ဆွဲလှန်ဖွရင်း ကားမှန်ပြတင်းအပြင်ကိုသာကြည့်ပြီးပြောသည်။

" မင်းအဲလိုပြောတာ ငါသဘောကျတယ်။ အာ!…မှားလို့ မင်းရောဂါဖြစ်နေတာကို သဘောကျတာမဟုတ်ဘူး… အယ်! မဟုတ်ဘူး။ မင်းဘာပဲဖြစ်ဖြစ် ငါသဘောကျတယ် "

နှစ်သိမ့်စကားလား? ရည်းစားစကားလား? ကျွန်တော်တစ်ယောက်ထဲလျှာတွေခလုတ်တိုက်ပြီး ဘာတွေပြောမိမှန်းမသိတော့ပါ။ ဘာလို့လဲဆိုတော့ Merv ပြောသွားသမျှအကြောင်းအရာတွေဟာ မြန်ဆန်လွန်းပြီးအခုထက်ထိ နားမလည်နိုင် ဖြစ်နေသေးသည်။

ကျွန်တော် စကားတွေခလုတ်တိုက်လို့ကောင်းတုန်း 'ဟတ်' ခနဲ Merv ကခြောက်ကပ်စွာရယ်လိုက်သည်။

" ငါ့ရောဂါက တနေ့ပြီး,နောက်တနေ့ရောက်တာနဲ့ အကုန်လုံးမေ့သွားပြီး မနက်ဖြန်အသစ်တွေစနေတာမဟုတ်ဘူး။ တစ်ပတ်ပြီး,နောက်တစ်ပတ်ရောက်တာနဲ့ အကုန်လုံးမေ့သွားပြီး ရက်သတ္တပတ်အသစ်တွေစနေတာမျိုးလည်း မဟုတ်ဘူး။ မင်း ငါ့ကို ရုပ်ရှင်တွေ၊ ဝထ္ထုထဲကလို မမေးခင်ကြိုရှင်းပြထားတာ "

Merv ကလူတွေကိုရှင်းပြရတာ လုံလုံလောက်လောက် ငြီးငွေ့နေတဲ့အသံမျိုးနဲ့ဆက်ပြောသည်။

" ဒါဆိုမင်းကဘာတွေကိုမေ့ပြီး ဘာတွေကိုမှတ်မိနေတာလဲ ? "

" ဘာတွေကိုမေ့ပြီး ဘာတွေကိုမှတ်မိလဲဆိုတော့ အဘွားကြီးတွေကိုသွားမေးပါလား? သူတို့အဖြေနဲ့ ငါနဲ့တူလိမ့်မယ် "

သူပြောချင်တဲ့သဘောကိုနားမလည်တဲ့အတွက် ကျွန်တော်အူကြောင်ကြောင်မျက်လုံးနဲ့ပြန်ကြည့်တော့ Merv ကထပ်ရယ်သည်။ ဒီတစ်ခါတော့ နှစ်ခြိုက်စွာရယ်တဲ့ အသံကြည်ကြည်လေး။

" ငါနောက်တာပါ Cyril ရဲ့ … အဘွားကြီးတွေဆိုပြီးဥပမာပေးတာက တစ်ခုလုပ်နေရင်းနောက်တစ်ခုကိုလွယ်လွယ်နဲ့မေ့သွားတာတို့၊ တခါတလေလည်း အကုန်လုံးကိုမေ့သွားတာတို့၊ အဲလိုမျိုးကိုပြောချင်တာ…။ လူတွေကိုမေ့တယ်။ ကိစ္စတွေကိုမေ့တယ်။ ဖြစ်ရပ်တွေကိုမေ့တယ်။ မေ့ချင်တဲ့အချိန် မေ့သွားရော ပြီးရင် မှတ်မိချင်တဲ့အချိန်ပြန်မှတ်မိလာရော "

Merv ပြောချင်တဲ့ပုံစံကို ကျွန်တော်သဘောပေါက်လာသလိုလိုရှိပြီ။ ကျွန်တော်တကယ်ပဲ ရုပ်ရှင်တွေ၊ စာအုပ်တွေထဲကလို အပိုင်းအခြားနဲ့မေ့တဲ့ရောဂါမျိုးထင်နေခဲ့တာ။ တကယ်တမ်းကြတော့ အသက်ကြီးတဲ့သူတွေ သူငယ်ပြန်တာမျိုးနဲ့ ဆင်သည်။

" မင်း ဒိုင်ယာရီတွေမရေးတတ်ဘူး။ ဒါပေမဲ့ ငါ့နာမည်တွေ၊ ငါ့အကြောင်းတွေရေးထားတယ်ဆိုတာကရော ဘာကိုပြောချင်တာလဲဟင် "

ဒီအပိုင်းကိုတော့ Merv ပြောလိုက်ကတည်းက ဒိုင်းခနဲဒိုင်းခနဲ ရှင်းရှင်းလင်းလင်းကြီး ကျွန်တော့်နားထဲဝင်လာပေမဲ့ သေချာအောင်ထပ်မေးချင်သည်။ Merv က ဒိုင်ယာရီရေးတတ်တဲ့သူမျိုးလည်းမဟုတ်ဘူး။ ဘယ်သူ့ ဘယ်သူမှ သူ့ဆီကိုဝင်လာခွင့်မပေးချင်လို့ မှတ်မိရမှာစိတ်ကုန်လို့ ဒိုင်ယာရီမရေးတာဖြစ်ပေမဲ့လို့ ကျွန်တော်နဲ့ ပတ်သက်တာတွေတော့ သဘောကျလို့ မှတ်သားထားတယ် ဆိုပြီး ပြောသွားတယမဟုတ်လား။

" အဲလိုပြောလိုက်မိလို့လား ? "

Merv လူလည်ကျနေပြီ။ အခုပဲ ကျွန်တော့်ကိုပြောချင်ရာတွေပြောမိတယ်ဆိုပြီးတောင် ဆော်ရီးလို့ တောင်းပန်သေးတာ။ အခုပဲပြောမိလို့လားဆိုတာတော့ မဖြစ်သင့်။ နောက်ပြီး ကျွန်တော်နဲ့ တူတူ မြို့ရှောင်လမ်းမိုတယ်မှာရှိတုန်းကတောင် အားလုံးကောင်းကောင်းမှတ်မိသေးတာ။

" ပြောတာပေါ့။ ငါ့ကိုလည်း ရုပ်ရှင်ကြည့်ချင်တယ်ဆို မင်းပဲဒိတ်လုပ်တာလေ Merv "

" သေလေ… ရုပ်ရှင်ကမင်းကြည့်ချင်တာ မင်းပဲငါ့ကိုဒိတ်လုပ်ချင်နေတာ "

" အဲဒါကျ ကောင်းကောင်းမှတ်မိသားပဲ "

ကျွန်တော်နဲ့ Merv တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အတူတူရယ်မောမိသည်။ ခဏနေတော့ ရုပ်ရှင်ပိတ်ကားလင်းလာပြီး ပတ်ပတ်လည်အနေထားမှာ တိတ်ဆိတ်သွားသည်။ Merv ဟာ ပိန်ပါးတဲ့သူ့ခန္ဓာကိုယ်ကို အခွင့်ကောင်းယူကာ ခြေထောက်တွေကိုကွေးလိုက်ပြီး ကားဆိုဖာပေါ်မှာဆန့်အောင်လုပ်လိုက်သည်။ ပြီးတော့ သူ့ဒူးတွေကိုပိုက်ရင်း ကားတံခါးကိုအသာယားလေး အမှီသဟဲပြုသည်။ ကျွန်တော်ခန္ဓာကိုယ်က တိတိကျကျ Merv ဘက်ကိုဦးတည်လှည့်နေပြီး လှပ်သမျှအပြုအမူတိုင်းကို ငေးနေမိသည်။

" Cyril, ငါနောက်ထပ်မခံစားချင်တော့ဘူး "

သူက အသံတိုးတိုးလေးနဲ့ပြောပေမဲ့ ကျွန်တော်ကြားနိုင်သည်။

" ငါမင်းကိုခံစားရအောင်လုပ်မှာမဟုတ်ဘူး "

" ဘာတွေအဲလောက်သေချာနေတာလဲ Cyril "

" မင်းကရောဘာတွေမသေချာဖြစ်နေတာလဲ "

" ဘာလို့လဲဆိုတော့ ငါက လူတစ်ယောက်ကိုနှစ်နှစ်ကာကာချစ်ဖူးပြီး နာကျင်ဖူးလို့ပေါ့ "

" အဲသူက ငါမှမဟုတ်တာ "   ' ဒိန်း!!!! '

" ဒီဖေ— "

ကျွန်တော်ကယုံကြည်ချက်ရှိရှိနဲ့ Merv ကိုအကြည့်ချင်းဆုံပြီး ခံစားချက်အပြည့်နဲ့ပြောမယ်ရှိသေး။ ပိတ်ကားပေါ်ကသရဲကား စတင်ကြမ်းနေပြီ ဖြစ်ပြီး အဲဒီကထွက်လာသော လှေကားပေါ်တဒိန်းဒိန်းပြေးတက်သံမှာ မတရားကျယ်လောင်နေသည်။

ရုပ်ရှင်ဘာတွေဖြစ်နေပြီလဲ သွားကြည့်မိကာမှ ပိုဆိုးသွားသည်။ ကျွန်တော်ကအကြည့်… လည်ပင်းလိမ်နေတဲ့သရဲမကလည်းလှေကားကြားထဲက ဒုန်းခနဲ ဒိုင်းခနဲထွက်အလာ ငယ်သံပါအောင် " အား " ခနဲခြစ်ကုတ်အော်ပစ်လိုက်သည်။

ကားဝန်းထဲကိုဝင်ဝင်ချင်းကဝယ်ထားသော မဖောက်ရသေးတဲ့ ပေါက်ပေါက်ဘူးကြီးကိုလည်း ဆွဲပြီးကားမှန်ကိုပေါက်မိတာနဲ့ ကျွန်တော့်ကိုယ်ပေါ်ရော Merv ကိုယ်ပေါ်ပါ ပေါက်ပေါက်တွေ မွစာကြဲကုန်သည်။

" Cyril မင်းရရဲ့လား… အဟားဟား အဟား "

ကျွန်တော့်အသံဘယ်လောက်ကျယ်သွားလဲဆို ဘေးကားတွေကပါ ရယ်ကြဲကြဲနဲ့လှမ်းကြည့်ကုန်ကြသည်။ Merv ကတော့ ဗိုက်ကိုနှိပ်နှိပ်ရင်း ရယ်နေသည်။ ကျွန်တော့်စာမျက်နှာတွေမှာ Romance ကိုစတင်တော့မယ်လို့ကြံစည်လိုက်တိုင်း ဘာလို့ Comedy ဘက်ကိုပြောင်းပြောင်းသွားရတာလဲ။ လုံးဝမတရားဘူး။

" ငါပေါက်ပေါက်အသစ်ပြန်သွားဝယ်ပေးရမလား "

" ဒါတွေစားလို့ရပါသေးတယ် "



Merv ကသူ့ကိုယ်ပေါ်စင်ကုန်တဲ့ ပေါက်ပေါက်တွေကို ကုတ်အရှည်ကြီးထဲခွက်လိုလေးလုပ်ကာထည့်နေသည်။ ကျွန်တော့်ကိုယ်ပေါ်က ပေါက်ပေါက်တွေကိုလည်း သူကအောက်မကျအောင်ဖြေးဖြေးချင်းယူပြီး သူ့ကုတ်အင်္ကျီခွက်ထဲဆက်ထည့်သည်။

Merv ရဲ့လည်ပင်းမှာကပ်နေတဲ့ ပေါက်ပေါက်ကို ကျွန်တော်လှမ်းယူပြီးစားလိုက်သည်။ ကျွန်တော့်လည်ပင်းမှာရော ကပ်နေတာရှိမလားဆို လျှောက်ပွတ်ကြည့်တော့ ဘာမှမရှိ။ Merv ကိုပြန်ကြည့်တော့ မျက်နှာလေးရဲနေသည်။ ခေါင်းပေါ်မှာရော နားမှာပါ ကပ်နေသည့် ပေါက်ပေါက်ဆုပ်တွေ ကျန်နေသေးသည်။ သူ့လက်တွေက ကုတ်အင်္ကျီကိုကိုင်ထားရသည့်အတွက် ဖယ်ဖို့မအားပါ။

ဘေးဘီကားတွေကိုလှမ်းကြည့်တော့ ကိုယ်စီကားထဲမှာအနမ်းတွေဝေနေကြသည်။ Merv လည်းလက်တွေအားမနေတဲ့အတူတူ အတင်းဖက်နမ်းပစ်လိုက်ရမလား။ အတွင်းစိတ်ကသိက္ခာမဲ့နေပေမဲ့ ခန္ဓာကိုယ်ကမရဘူး။ လူကြီးလူကောင်းဆန်ပြီး ငြိမ်ငြိမ်လေးသာ ပေါက်ပေါက်တွေကို ဖယ်ပြီးသူ့ကုတ်အင်္ကျီထဲထည့်ပေးလိုက်သည်။

ပြောလတ်စအကြောင်းအရာက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားပြီး ပေါက်ပေါက်ကိုအရသာတွေ့နေသည်။ သကြားညိုရည်အပြည့်အဝစမ်းထားတဲ့ပေါက်ပေါက်ပေါ်က ချိုမြိန်တဲ့အရသာဟာ အချိုမကြိုက်တဲ့ကျွန်တော်တောင် ခံတွင်းတွေ့စေသည်။

" တစ်ယောက်ထဲပဲစားနေတော့မှာလား "

ကုတ်အင်္ကျီခွက်ဟာလက်တစ်ဖက်နဲ့ကိုင်လို့မဖြစ်တာကြောင့် Merv လက်နှစ်ဖက်လုံးမအားလပ်သည့်အခြေအနေသည် ခေါင်းထဲဒိုင်းခနဲဝင်လာပြီး ကျွန်တော် သူ့ကိုခွံ့ကျွေးရတော့မယ်ဆိုတဲ့ ပီတိကဆောင့်တက်သွားသည်။ ခံစားချက်က ကစားကွင်းမှာ တူနဲ့ထုချလိုက်ရင် မီးနီတန်းကြီးဆောင့်တက်တဲ့စက်ကြီးနဲ့ အလားတူသည်။

ကျွန်တော့်ကိုတစ်ခြမ်းကိုင်ခိုင်းပြီး အားလပ်သွားသည့်လက်တစ်ဖက်ဖြင့် သူ့ဘာသူစားတော့ မီးနီတန်းကြီးကချက်ခြင်းအောက်ကိုပြုတ်ကျသွားကာ ပေါက်ပေါက်တွေတောင်ခါးသွားသည်။

" Merv မင်းဘယ်လိုဖြစ်ချင်လဲ။ မင်းကငါ့ကိုငြင်းတာလဲမဟုတ်၊ လက်ခံတာလည်းမဟုတ် "

" ငါ့ကိုယ်ငါလည်းမသိဘူး "

Merv ကအရိုးသားဆုံးမျက်လုံးတွေနဲ့ ကျွန်တော့်ကိုကြည့်ပြီးပြောသည်။ သူ့ဘက်အခြေအနေကို ကျွန်တော်နားလည်သည်။ အပျံသင်ခါစအရွယ်မှာ အကျနာဖူးတဲ့ငှက်လေးလို အတောင်ပံတွေဖြန့်ရမှာကြောက်ရွံနေသည်။ နောက်တစ်ခေါက်ထပ်ကျရင်ဘယ်လိုလုပ်မလဲ? အတောင်ပံတွေကျိုးသွားရင် ဘယ်လိုလုပ်မလဲ? ဒါမျိုးတွေ သူစိတ်ပူနေမှာပါ။

" ဒီလိုလုပ်! ငါနဲ့ 3 ခေါက်လောက်ထပ်ဒိတ်မလား? ဒိတ်လိုက်ပါလား။ အဲဒါမှ မင်းကိုနာကျင်အောင်လုပ်မဲ့သူလား မလုပ်မဲ့သူလား ကွဲကွဲပြားပြားသိပြီးဆုံးဖြတ်လို့ရမှာပေါ့ "

ကျွန်တော်ဒီငှက်လေးကို 3 ခေါက်ထပ်ပျံခိုင်းမည်။ ငှက်ကလေးမပျံချင်တာသေချာတဲ့အခါ ကျွန်တော် သူ့အတောင်ပံတွေကိုထပ်ပြီး မထိခိုက်အောင် အကာအရံတွေတော့တပ်ပေးခဲ့ချင်သည်။ ငှက်ကလေးကို နောက်တခါပြုတ်ကျတဲ့အခါ ပြန်ပြီးအတောင်ပံတွေခတ်ပစ်ဖို့ ယုံကြည်ချက်ပေးချင်သည်။

Relationship တစ်ခုမှာကျွန်တော်တို့အားလုံးဟာ ဒုတိယအခွင့်အရေးနဲ့ ထိုက်တန်တယ်။ ဘာလို့လဲဆိုတော့ ပထမတစ်ခါမှာ အချိန်မှန်လူမှန်မဖြစ်ခဲ့လို့ပေါ့။

" ကောင်းပြီ။ 3 ခါဒိတ်တာပေါ့ "

" ဒါနဲ့ တခြားနည်းနဲ့နာအောင်လုပ်တာရော ထည့်တွက်မှာလား Merv "

ကျွန်တော်က Merv ရဲ့ခါးအောက်ပိုင်းကို မျက်စပစ်ရင်းပြောတော့ Merv က မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ကုတ်အင်္ကျီထဲက ပေါက်ပေါက်တွေယူကာ ကျွန်တော့်ကို ပစ်ပေါက်သည်။ ကျွန်တော်လည်း ပေါက်ပေါက်တွေအဆုပ်လိုက်ကိုင်ကာ Merv ဘက်ကိုပစ်သည်။ နောက်ထပ်တစ်ခေါက် ပေါက်ပေါက်တွေမွစာကြဲသွားပြီးတော့ ကျွန်တော်ရော Merv ပါပြန်ကောက်စားဖို့ စိတ်ကူးမရှိတော့ပါ။

.

.

.

.

အလွန်အမင်းကျဉ်းကျပ်တဲ့ ကုတင်အောက်မှာ ဇာတ်လိုက်မင်းသမီးဟာ သူမရဲ့တုန်ယင်နေတဲ့အသက်ရှူသံကိုမထွက်အောင်ကြိုးပမ်းနေသည်။ တုတ်ကောက်သံဟာ နေအိမ်ရဲ့ကြမ်းပြင်တိုင်းဆီက ပဲ့တင်သံလိုကြားနေရသည်။

ခြေသံမပါပဲ တုတ်ကောက်သံကြီးသာ။

" ဒေါက်၊… ဒေါက်…၊ ဒေါက်… "

တုတ်ကောက်သံငြိမ်သွားတဲ့အခါ မင်းသမီးရဲ့မျက်သားတွေဟာနီစွေးလာပြီး ကြောက်လန့်မှုဟာအစိုးမရ။ ကုတင်အောက်ကနေ သူမ ဖြေးဖြေးချင်းထွက်ဖို့ကြိုးစားသည်။ တစ်ကိုယ်လုံးအပြင်ရောက်အောင် တဇွတ်တိုက်ထွက်နေတုန်း သူမခြေထောက်ကိုတစ်ခုခုငြိနေတာမို့ လှည့်ကြည့်ကာဆွဲထုတ်ပြီး ဒီဘက်အလှည့်……

အိမ်ခေါင်မိုးဖောက်ထွက်မတက်မြင့်မားတဲ့အရပ်ကြီးနဲ့ ခါးကိုင်းနေတဲ့အဘိုးကြီးဟာ တုတ်ကောက်ကိုကိုင်ပြီး သူမကိုငုံ့ကြည့်နေသည်။ လျျှာကြီးမှာလည်းအရှည်ကြီးထွက်ကျနေပြီး သူမအိပ်ခန်းတစ်ခုလုံးပြည့်နှက်နေသည်။ ဘယ်လိုပဲသူမမော့ကြည့်ကြည့် မျက်နှာနဲ့ဦးခေါင်းဟာ မမြင်ရအောင်မြင့်နေပြီး တွဲလောင်းကျနေသည့် လျှာကိုသာုမင်ရသည်။

" အကြောက်တရားကဘယ်သူမှပြေးမလွတ်ဘူး ကလေးငယ်… မင်းမှာနာကျင်စရာတွေရှိနေသရွေ့"

" နိုးးးးးးးးးးးးးးးးးးးးးး "

ဧရာမလက်ဖဝါးကြီးဇာတ်လိုက်မင်းသမီးခေါင်းပေါ်ကို အရှိန်နဲ့ပြုတ်ကျလာပြီး သူမတစ်စစီကွဲထွက်သွားသည်။

ပြီးပါပြီ…။

.

.

.

" ဘာလဲကွာ … ငါ ဇာတ်လိုက်မင်းသမီးကိုတော့ လွတ်မယ်လို့ထင်ထားတာ "

ငြိမ်သက်နေတဲ့ Merv ဟာဇာတ်သိမ်းကို မကျေနပ်သည့်လေသံနဲ့ပြောသည်။ Merv လိုပဲ တခြားကားထဲကပရိသတ်တွေဟာ ဟွန်းတွေတီးပြီး မကျေနပ်ကြောင်းဖော်ပြနေသည်။

" ဘယ်သူမှမလွတ်ဘူး Merv ရဲ့! အဲစာရေးဆရာက သူ့ဇာတ်လိုက်တွေသူပြန်သတ်တဲ့နေရာမှာ နာမည်ကြီးပဲ။ ဒါက ဝထ္ထုတစ်ခုလုံးရဲ့ အခန်းတစ်ခန်းစာကိုပဲရိုက်ထားတာ။ မူရင်းဝထ္ထုရှည်မှာဆို အခန်းတစ်ခန်းတိုင်း သေကြကြေကြတာတွေကြီးပဲ။ အတွဲတွေလည်းသေတယ်။ FA တွေလည်းသေတယ် "

" ဘယ်လိုကြီး ... "

" ငါပြောချင်တာ သရဲကားတွေစာအုပ်တွေရဲ့ လော့ဂျစ်အရဆို ရည်းစားအတွဲတွေကြီးပဲသေကြတယ်လေ။ ဒီစာရေးဆရာကတော့ တစ်ယောက်ထဲသမားတွေကိုပါအလွတ်မပေးဘူး "

" အဲလိုလော့ဂျစ်ရှိတယ်လား ! "

Merv ဟာသရဲကားတွေနဲ့ မရင်းနီးတဲ့သူတစ်ယောက်ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါ့ကြောင့် မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စိတ်ဝင်တစားမေးမြန်းနေတာ။ ကျွန်တော်စကားပြောတဲ့အချိန်တိုင်း ဂရုတစိုက်နားထောင်တတ်တဲ့ သူ့အပြုအမူလေးဟာ ဆွဲဆောင်မှုအရှိဆုံးပဲ။

" ပြောပါဦး။ မင်းဘာတွေအရူးအမူးဖြစ်လဲ Merv "

ရုပ်ရှင်ပြီးသွားတာကြောင့် တချို့ကားတွေက နေရာကနေမောင်းထွက်ကုန်ပြီး သဲမှုန်တွေလည်းပွထနေသည်။ တချို့ကတော့ သူငယ်ချင်းတွေနဲ့ ကားခေါင်မိုးပေါ်ထိုင်ကာ သောက်စားနေကြသည်။

" ကြုံရာကျပန်းပါပဲ။ သီချင်းတွေကြားတဲ့အခါ နားထောင်လိုက်တယ်။ ရုပ်ရှင်လည်းအမျိုးအစားတွေခွဲမနေဘဲ ကြည့်ချင်တဲ့အခါ ကြည့်လိုက်တယ်။ စာအုပ်တွေကတော့ ကိုင်လိုက်ချလိုက်ပဲ။ ဘတ်စကတ်ဘောဆော့နေတဲ့သူတွေတွေ့ရင် ဝင်ဆော့တယ်။ လမ်းဘေးကြောင်လေးတွေ၊ ခွေးလေးတွေ အစာကျွေးတယ်။ ငါ့မှာအရူးအမူးဆိုတာမျိုးဘာမှမရှိဘူး "

ကျွန်တော်က သူ့ကို တကယ်လားဆိုတဲ့မျက်လုံးလေးနဲ့ပြန်ကြည့်တော့ သူကဖူးခနဲသက်ပြင်းလေးမှုတ်ထုတ်ရင်းထပ်ပြောသည်။

" ငါပြောသားပဲ Cyril.…, ငါကပျင်းစရာကောင်းပါတယ်လို့ "

" ငါ့ဘဝမှာ စောက်ရမ်းဆန်းကြယ်တဲ့ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေကို စာအုပ်တွေနဲ့ ရုပ်ရှင်တွေအပြင် လက်တွေ့မှာပါကြုံဖူးပြီးပြီ။

ငါဂရုမစိုက်ဘူး။

ဒါပေမဲ့ မင်းအကြောင်းကိုတော့ သိချင်ပြီးရင်းသိချင်နေတယ် Merv … "

Merv ရဲ့နှုတ်ခမ်းတွေကထုံးစံအတိုင်းဆူခွက်ခွက်လေးဖြစ်နေပေမဲ့ မျက်ဝန်းတွေကတော့ သိသိသာသာပြုံးနေသည်။ နောက် တိုးတိုးလေးပြောသည်။

" ကျေးဇူးပါ Cyril "

" နံပါတ်(၁) မင်းငါ့ကိုကျေးဇူးတင်ရင် ကျေးဇူးပါလို့ မပြောနဲ့… နံပါတ်(၂) မင်းငါ့ကိုကျေးဇူးပါဆိုပြောလို့မရပေမဲ့ ဖက်ထားလို့ရတယ်… နံပါတ်(၃) မဖက်ထားနိုင်ရင် ငါ့ကိုနမ်းလို့ရတယ်… နံပါတ်(၄) မနမ်းချင်ရင် ကျေးဇူးပါလို့မပြောနဲ့တော့… ဟုတ်ပြီလား "

Merv ကကားအောက်မှာမွစာကြဲနေတဲ့ပေါက်ပေါက်တွေကိုပြန်ကောက်ပြီး ကျွန်တော့်ကိုထပ်ပေါက်သည်။ ဘယ်ကတည်းက ခွာစားထားလဲမသိတဲ့ ချောကလက်အခွံတွေနဲ့လည်းပေါက်သည်။

တကယ်လို့သာ တကယ်လို့များသာ Merv က ကျွန်တော့်ကို လက်ခံခဲ့သည်ရှိသော် ကျွန်တော်တို့ စဒိတ်တဲ့နေ့ဟာ ဟော်လိုးဝင်းနေ့ကြီးဖြစ်နေမှာတော့ ကြက်သီးထစရာပင်။ ချစ်သူသက်တမ်းဗလာဗလာ ပလာတာနေကြာကွာစိလုပ်ရင်တော့ တကူးတကမှတ်သားစရာမလိုတော့ဘူးပေါ့။

ဟော်လိုးဝင်းမှာ စုန်းထီးလေးတစ်ကောင်ကို ရဲသားကြီးက အမိအရဖမ်းလိုက်သည်လို့ အချစ်ဇာတ်လမ်းမှာအစချီရတာပေါ့။

.....................................................


Note! I really enjoy your comments about this fiction and don't forget votes and comments of your guys are the reason to be continued my story.

Thanks for every amazing moment on wattpad

.....................................................




အရာအားလံုးဟာ ႐ႈပ္ေထြးေပြလီတဲ့သေဘာသဘာဝရွိတယ္။ ေခါင္းေပၚကဆံပင္ေတြလည္း ပင္လယ္ထဲက ေရေမွာ္ဖက္ေတြလို စုတ္ဖြား႐ႈပ္ပြတတ္တယ္။ အိပ္ယာႏိုးတာနဲ႔ ဦးဆံုးျမင္ရတဲ့ အိပ္ယာလည္း ႐ႈပ္ပြတြန္႔ေၾကေလ့ရွိတယ္။ စကားလံုးေတြဆိုလည္း ဆိုလိုခ်င္တာကတျခား၊ သေဘာေပါက္နားလည္သြားတာကတျခားနဲ႔ ပတ္႐ႈပ္ေနတတ္တယ္။ စိတ္ခံစားခ်က္ေတြကိုေတာ့ '႐ႈပ္ေထြးေပြလီတယ္' ဆိုတဲ့ေဝါဟာရက အေဖျပန္ေခၚရလိမ့္မယ္။

ကား႐ုပ္ရွင္႐ုံရဲ႕ ကားပတ္လမ္းျခံဝန္းတစ္ခုလံုးဟာ သဲခင္းလမ္းျဖစ္ၿပီး ကားဘီးတစ္ခ်က္လွိမ့္သြားတိုင္း သဲေတြဖြာခနဲထလာသည္။ ကၽြန္ေတာ္တို႔ေရာက္သြားေတာ့ ကားေတြမွမဟုတ္ဘဲ ဘီးႀကီးႏွစ္လံုးၾကားလူေတြျမဳပ္ေနသည့္ ဆိုင္ကယ္ေတြပါ ေနရာယူထားၾကသည္။ ထိုဆိုင္ကယ္အုပ္စုထဲကမိန္းကေလးတစ္ေယာက္က ဆိုင္ကယ္ဦးထုပ္ကို႐ုပ္ရွင္ထဲကမင္းသမီးေတြလို အမိုက္စားခၽြတ္လိုက္ၿပီး ဆံပင္ေတြခါလိုက္သည္။ အနားတစ္ဝိုက္ကားေတြဆီက ေလခၽြန္သံေတြနဲ႔ဆူညံသြားသည္။ ပတ္ဝန္းက်င္မွာလည္းသူ႔ဘာသူ ႐ႈပ္ေထြးဆူညံေနၿပီး ကၽြန္ေတာ္နဲ႔ Merv လည္း ဘာကစေျပာရမယ္မွန္းမသိျဖစ္ကာ အတြင္းမွာ႐ႈပ္ယွက္ခတ္ေနၿပီး အျပင္မွာၿငိမ္သက္ေနၾကသည္။ ရုပ္ရွင္ကေတာ့မစေသးပါ။

" ေဆာ္ရီး… ငါေျပာခ်င္ရာေတြေျပာမိသြားတယ္။ ငါဘာလို႔ေစာက္ေရးမပါတာႀကီးကို ေျပာမိမွန္းေတာင္မသိဘူး။ တကယ္ေဆာ္ရီး Cyril "

Merv ဟာသူ႔ဆံပင္ေတြကို ထပ္ခါထပ္ခါ ေနာက္သို႔ဆြဲလွန္ဖြရင္း ကားမွန္ျပတင္းအျပင္ကိုသာၾကည့္ၿပီးေျပာသည္။

" မင္းအဲလိုေျပာတာ ငါသေဘာက်တယ္။ အာ!…မွားလို႔ မင္းေရာဂါျဖစ္ေနတာကို သေဘာက်တာမဟုတ္ဘူး… အယ္! မဟုတ္ဘူး။ မင္းဘာပဲျဖစ္ျဖစ္ ငါသေဘာက်တယ္ "

ႏွစ္သိမ့္စကားလား? ရည္းစားစကားလား? ကၽြန္ေတာ္တစ္ေယာက္ထဲလွ်ာေတြခလုတ္တိုက္ၿပီး ဘာေတြေျပာမိမွန္းမသိေတာ့ပါ။ ဘာလို႔လဲဆိုေတာ့ Merv ေျပာသြားသမွ်အေၾကာင္းအရာေတြဟာ ျမန္ဆန္လြန္းၿပီးအခုထက္ထိ နားမလည္ႏိုင္ ျဖစ္ေနေသးသည္။

ကၽြန္ေတာ္ စကားေတြခလုတ္တိုက္လို႔ေကာင္းတုန္း 'ဟတ္' ခနဲ Merv ကေျခာက္ကပ္စြာရယ္လိုက္သည္။

" ငါ့ေရာဂါက တေန႔ၿပီး,ေနာက္တေန႔ေရာက္တာနဲ႔ အကုန္လံုးေမ့သြားၿပီး မနက္ျဖန္အသစ္ေတြစေနတာမဟုတ္ဘူး။ တစ္ပတ္ၿပီး,ေနာက္တစ္ပတ္ေရာက္တာနဲ႔ အကုန္လံုးေမ့သြားၿပီး ရက္သတၱပတ္အသစ္ေတြစေနတာမ်ိဳးလည္း မဟုတ္ဘူး။ မင္း ငါ့ကို ႐ုပ္ရွင္ေတြ၊ ဝထၳဳထဲကလို မေမးခင္ႀကိဳရွင္းျပထားတာ "

Merv ကလူေတြကိုရွင္းျပရတာ လံုလံုေလာက္ေလာက္ ျငီးေငြ႕ေနတဲ့အသံမ်ိဳးနဲ႔ဆက္ေျပာသည္။

" ဒါဆိုမင္းကဘာေတြကိုေမ့ျပီး ဘာေတြကိုမွတ္မိေနတာလဲ ? "

" ဘာေတြကိုေမ့ၿပီး ဘာေတြကိုမွတ္မိလဲဆိုေတာ့ အဘြားႀကီးေတြကိုသြားေမးပါလား? သူတို႔အေျဖနဲ႔ ငါနဲ႔တူလိမ့္မယ္ "

သူေျပာခ်င္တဲ့သေဘာကိုနားမလည္တဲ့အတြက္ ကၽြန္ေတာ္အူေၾကာင္ေၾကာင္မ်က္လံုးနဲ႔ျပန္ၾကည့္ေတာ့ Merv ကထပ္ရယ္သည္။ ဒီတစ္ခါေတာ့ ႏွစ္ၿခိဳက္စြာရယ္တဲ့ အသံၾကည္ၾကည္ေလး။

" ငါေနာက္တာပါ Cyril ရဲ႕ … အဘြားႀကီးေတြဆိုၿပီးဥပမာေပးတာက တစ္ခုလုပ္ေနရင္းေနာက္တစ္ခုကိုလြယ္လြယ္နဲ႔ေမ့သြားတာတို႔၊ တခါတေလလည္း အကုန္လံုးကိုေမ့သြားတာတို႔၊ အဲလိုမ်ိဳးကိုေျပာခ်င္တာ…။ လူေတြကိုေမ့တယ္။ ကိစၥေတြကိုေမ့တယ္။ ျဖစ္ရပ္ေတြကိုေမ့တယ္။ ေမ့ခ်င္တဲ့အခ်ိန္ ေမ့ၿပီးရင္ မွတ္မိခ်င္တဲ့အခ်ိန္ျပန္မွတ္မိလာေရာ "

Merv ေျပာခ်င္တဲ့ပံုစံကို ကၽြန္ေတာ္သေဘာေပါက္လာသလိုလိုရွိၿပီ။ ကၽြန္ေတာ္တကယ္ပဲ ႐ုပ္ရွင္ေတြ၊ စာအုပ္ေတြထဲကလို အပိုင္းအျခားနဲ႔ေမ့တဲ့ေရာဂါမ်ိဳးထင္ေနခဲ့တာ။ တကယ္တမ္းၾကေတာ့ အသက္ႀကီးတဲ့သူေတြ သူငယ္ျပန္တာမ်ိဳးနဲ႔ ဆင္သည္။

" မင္း ဒိုင္ယာရီေတြမေရးတတ္ဘူး။ ဒါေပမဲ့ ငါ့နာမည္ေတြ၊ ငါ့အေၾကာင္းေတြေရးထားတယ္ဆိုတာကေရာ ဘာကိုေျပာခ်င္တာလဲဟင္ "

ဒီအပိုင္းကိုေတာ့ Merv ေျပာလိုက္ကတည္းက ဒိုင္းခနဲဒိုင္းခနဲ ရွင္းရွင္းလင္းလင္းႀကီး ကၽြန္ေတာ့္နားထဲဝင္လာေပမဲ့ ေသခ်ာေအာင္ထပ္ေမးခ်င္သည္။ Merv က ဒိုင္ယာရီေရးတတ္တဲ့သူမ်ိဳးလည္းမဟုတ္ဘူး။ ဘယ္သူ႕ ဘယ္သူမွ သူ႔ဆီကိုဝင္လာခြင့္မေပးခ်င္လို႔ မွတ္မိရမွာစိတ္ကုန္လို႔ ဒိုင္ယာရီမေရးတာျဖစ္ေပမဲ့လို႔ ကၽြန္ေတာ္နဲ႔ ပတ္သက္တာေတြေတာ့ သေဘာက်လို႔ မွတ္သားထားတယ္ ဆိုၿပီး ေျပာသြားတာမဟုတ္လား။

" အဲလိုေျပာလိုက္မိလို႔လား ? "

Merv လူလည္က်ေနၿပီ။ အခုပဲ ကၽြန္ေတာ့္ကိုေျပာခ်င္ရာေတြေျပာမိတယ္ဆိုၿပီးေတာင္ ေဆာ္ရီးလို႔ ေတာင္းပန္ေသးတာ။ အခုပဲေျပာမိလို႔လားဆိုတာေတာ့ မျဖစ္သင့္။ ေနာက္ၿပီး ကၽြန္ေတာ္နဲ႔ တူတူ ၿမိဳ႕ေရွာင္လမ္းမိုတယ္မွာရွိတုန္းကေတာင္ အားလံုးေကာင္းေကာင္းမွတ္မိေသးတာ။

" ေျပာတာေပါ့။ ငါ့ကိုလည္း ႐ုပ္ရွင္ၾကည့္ခ်င္တယ္ဆို မင္းပဲဒိတ္လုပ္တာေလ Merv "

" ေသေလ… ႐ုပ္ရွင္ကမင္းၾကည့္ခ်င္တာ မင္းပဲငါ့ကိုဒိတ္လုပ္ခ်င္ေနတာ "

" အဲဒါက် ေကာင္းေကာင္းမွတ္မိသားပဲ "

ကၽြန္ေတာ္နဲ႔ Merv တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ရင္း အတူတူရယ္ေမာမိသည္။ ခဏေနေတာ့ ရုပ္ရွင္ပိတ္ကားလင္းလာျပီး ပတ္ပတ္လည္အေနထားမွာ တိတ္ဆိတ္သြားသည္။ Merv ဟာ ပိန္ပါးတဲ့သူ႔ခႏၶာကိုယ္ကို အခြင့္ေကာင္းယူကာ ေျခေထာက္ေတြကိုေကြးလိုက္ျပီး ကားဆိုဖာေပၚမွာဆန္႕ေအာင္လုပ္လိုက္သည္။ ျပီးေတာ့ သူ႕ဒူးေတြကိုပိုက္ရင္း ကားတံခါးကိုအသာယားေလး အမွီသဟဲျပဳသည္။ က်ြန္ေတာ္ခႏၶာကိုယ္က တိတိက်က် Merv ဘက္ကိုဦးတည္လွည့္ေနျပီး လွပ္သမွ်အျပဳအမူတိုင္းကို ေငးေနမိသည္။

" Cyril, ငါေနာက္ထပ္မခံစားခ်င္ေတာ့ဘူး "

သူက အသံတိုးတိုးေလးနဲ႔ေျပာေပမဲ့ ကၽြန္ေတာ္ၾကားႏိုင္သည္။

" ငါမင္းကိုခံစားရေအာင္လုပ္မွာမဟုတ္ဘူး "

" ဘာေတြအဲေလာက္ေသခ်ာေနတာလဲ Cyril "

" မင္းကေရာဘာေတြမေသခ်ာျဖစ္ေနတာလဲ "

" ဘာလို႔လဲဆိုေတာ့ ငါက လူတစ္ေယာက္ကိုႏွစ္ႏွစ္ကာကာခ်စ္ဖူးၿပီး နာက်င္ဖူးလို႔ေပါ့ "

" အဲသူက ငါမွမဟုတ္… "   ' ဒိ္န္း!!!! '

" ဒီေဖ— "

ကၽြန္ေတာ္ကယံုၾကည္ခ်က္ရွိရွိနဲ႔ Merv ကိုအၾကည့္ခ်င္းဆံုၿပီး ခံစားခ်က္အျပည့္နဲ႔ေျပာမယ္ရွိေသး။ ပိတ္ကားေပၚကသရဲကား စတင္ၾကမ္းေနၿပီ ျဖစ္ၿပီး အဲဒီကထြက္လာေသာ ေလွကားေပၚတဒိန္းဒိန္းေျပးတက္သံမွာ မတရားက်ယ္ေလာင္ေနသည္။

႐ုပ္ရွင္ဘာေတြျဖစ္ေနၿပီလဲ သြားၾကည့္မိကာမွ ပိုဆိုးသြားသည္။ ကၽြန္ေတာ္ကအၾကည့္… လည္ပင္းလိမ္ေနတဲ့သရဲမကလည္းေလွကားၾကားထဲက ဒုန္းခနဲ ဒိုင္းခနဲထြက္အလာ ငယ္သံပါေအာင္ " အား " ခနဲျခစ္ကုတ္ေအာ္ပစ္လိုက္သည္။

ကားဝန္းထဲကိုဝင္ဝင္ခ်င္းကဝယ္ထားေသာ မေဖာက္ရေသးတဲ့ ေပါက္ေပါက္ဘူးႀကီးကိုလည္း ဆြဲၿပီးကားမွန္ကိုေပါက္မိတာနဲ႔ ကၽြန္ေတာ့္ကိုယ္ေပၚေရာ Merv ကိုယ္ေပၚပါ ေပါက္ေပါက္ေတြ မြစာႀကဲကုန္သည္။

" Cyril မင္းရရဲ႕လား… အဟားဟား အဟား "

ကၽြန္ေတာ့္အသံဘယ္ေလာက္က်ယ္သြားလဲဆို ေဘးကားေတြကပါ ရယ္ႀကဲႀကဲနဲ႔လွမ္းၾကည့္ကုန္ၾကသည္။ Merv ကေတာ့ ဗိုက္ကိုႏွိပ္ႏွိပ္ရင္း ရယ္ေနသည္။ ကၽြန္ေတာ့္စာမ်က္ႏွာေတြမွာ Romance ကိုစတင္ေတာ့မယ္လို႔ၾကံစည္လိုက္တိုင္း ဘာလို႔ Comedy ဘက္ကိုေျပာင္းေျပာင္းသြားရတာလဲ။ လံုးဝမတရားဘူး။

" ငါေပါက္ေပါက္အသစ္ျပန္သြားဝယ္ေပးရမလား "

" ဒါေတြစားလို႔ရပါေသးတယ္ "

Merv ကသူ႔ကိုယ္ေပၚစင္ကုန္တဲ့ ေပါက္ေပါက္ေတြကို ကုတ္အရွည္ႀကီးထဲခြက္လိုေလးလုပ္ကာထည့္ေနသည္။ ကၽြန္ေတာ့္ကိုယ္ေပၚက ေပါက္ေပါက္ေတြကိုလည္း သူကေအာက္မက်ေအာင္ေျဖးေျဖးခ်င္းယူၿပီး သူ႔ကုတ္အက်ႌခြက္ထဲဆက္ထည့္သည္။

Merv ရဲ႕လည္ပင္းမွာကပ္ေနတဲ့ ေပါက္ေပါက္ကို ကၽြန္ေတာ္လွမ္းယူၿပီးစားလိုက္သည္။ ကၽြန္ေတာ့္လည္ပင္းမွာေရာ ကပ္ေနတာရွိမလားဆို ေလွ်ာက္ပြတ္ၾကည့္ေတာ့ ဘာမွမရွိ။ Merv ကိုျပန္ၾကည့္ေတာ့ မ်က္ႏွာေလးရဲေနသည္။ ေခါင္းေပၚမွာေရာ နားမွာပါ ကပ္ေနသည့္ ေပါက္ေပါက္ဆုပ္ေတြ က်န္ေနေသးသည္။ သူ႔လက္ေတြက ကုတ္အက်ႌကိုကိုင္ထားရသည့္အတြက္ ဖယ္ဖို႔မအားပါ။

ေဘးဘီကားေတြကိုလွမ္းၾကည့္ေတာ့ ကိုယ္စီကားထဲမွာအနမ္းေတြေဝေနၾကသည္။ Merv လည္းလက္ေတြအားမေနတဲ့အတူတူ အတင္းဖက္နမ္းပစ္လိုက္ရမလား။ အတြင္းစိတ္ကသိကၡာမဲ့ေနေပမဲ့ ခႏၶာကိုယ္ကမရဘူး။ လူႀကီးလူေကာင္းဆန္ၿပီး ၿငိမ္ၿငိမ္ေလးသာ ေပါက္ေပါက္ေတြကို ဖယ္ၿပီးသူ႔ကုတ္အက်ႌထဲထည့္ေပးလိုက္သည္။

ေျပာလတ္စအေၾကာင္းအရာက ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္သြားၿပီး ေပါက္ေပါက္ကိုအရသာေတြ႕ေနသည္။ သၾကားညိဳရည္အျပည့္အဝစမ္းထားတဲ့ေပါက္ေပါက္ေပၚက ခ်ိဳၿမိန္တဲ့အရသာဟာ အခ်ိဳမႀကိဳက္တဲ့ကၽြန္ေတာ္ေတာင္ ခံတြင္းေတြ႕ေစသည္။



" တစ္ေယာက္ထဲပဲစားေနေတာ့မွာလား "

ကုတ္အက်ႌခြက္ဟာလက္တစ္ဖက္နဲ႔ကိုင္လို႔မျဖစ္တာေၾကာင့္ Merv လက္ႏွစ္ဖက္လံုးမအားလပ္သည့္အေျခအေနသည္ ေခါင္းထဲဒိုင္းခနဲဝင္လာၿပီး ကၽြန္ေတာ္ သူ႔ကိုခြံ႕ေကၽြးရေတာ့မယ္ဆိုတဲ့ ပီတိကေဆာင့္တက္သြားသည္။ ခံစားခ်က္က ကစားကြင္းမွာ တူနဲ႔ထုခ်လိုက္ရင္ မီးနီတန္းႀကီးေဆာင့္တက္တဲ့စက္ႀကီးနဲ႔ အလားတူသည္။

ကၽြန္ေတာ့္ကိုတစ္ျခမ္းကိုင္ခိုင္းၿပီး အားလပ္သြားသည့္လက္တစ္ဖက္ျဖင့္ သူ႔ဘာသူစားေတာ့ မီးနီတန္းႀကီးကခ်က္ျခင္းေအာက္ကိုျပဳတ္က်သြားကာ ေပါက္ေပါက္ေတြေတာင္ခါးသြားသည္။

" Merv မင္းဘယ္လိုျဖစ္ခ်င္လဲ။ မင္းကငါ့ကိုျငင္းတာလဲမဟုတ္၊ လက္ခံတာလည္းမဟုတ္ "

" ငါ့ကိုယ္ငါလည္းမသိဘူး "

Merv ကအ႐ိုးသားဆံုးမ်က္လံုးေတြနဲ႔ ကၽြန္ေတာ့္ကိုၾကည့္ၿပီးေျပာသည္။ သူ႔ဘက္အေျခအေနကို ကၽြန္ေတာ္နားလည္သည္။ အပ်ံသင္ခါစအရြယ္မွာ အက်နာဖူးတဲ့ငွက္ေလးလို အေတာင္ပံေတြျဖန္႔ရမွာေၾကာက္ရြံေနသည္။ ေနာက္တစ္ေခါက္ထပ္က်ရင္ဘယ္လိုလုပ္မလဲ? အေတာင္ပံေတြက်ိဳးသြားရင္ ဘယ္လိုလုပ္မလဲ? ဒါမ်ိဳးေတြ သူစိတ္ပူေနမွာပါ။

" ဒီလိုလုပ္! ငါနဲ႔ 3 ေခါက္ေလာက္ထပ္ဒိတ္မလား? ဒိတ္လိုက္ပါလား။ အဲဒါမွ မင္းကိုနာက်င္ေအာင္လုပ္မဲ့သူလား မလုပ္မဲ့သူလား ကြဲကြဲျပားျပားသိၿပီးဆံုးျဖတ္လို႔ရမွာေပါ့ "

ကၽြန္ေတာ္ဒီငွက္ေလးကို 3 ေခါက္ထပ္ပ်ံခိုင္းမည္။ ငွက္ကေလးမပ်ံခ်င္တာေသခ်ာတဲ့အခါ ကၽြန္ေတာ္ သူ႔အေတာင္ပံေတြကိုထပ္ၿပီး မထိခိုက္ေအာင္ အကာအရံေတြေတာ့တပ္ေပးခဲ့ခ်င္သည္။ ငွက္ကေလးကို ေနာက္တခါျပဳတ္က်တဲ့အခါ ျပန္ၿပီးအေတာင္ပံေတြခတ္ပစ္ဖို႔ ယံုၾကည္ခ်က္ေပးခ်င္သည္။

Relationship တစ္ခုမွာက်ြန္ေတာ္တို႔အားလံုးဟာ ဒုတိယအခြင့္အေရးနဲ႔ ထိုက္တန္တယ္။ ဘာလို႔လဲဆိုေတာ့ ပထမတစ္ခါမွာ အခ်ိန္မွန္လူမွန္မျဖစ္ခဲ့လို႔ေပါ့။

" ေကာင္းၿပီ။ 3 ခါဒိတ္တာေပါ့ "

" ဒါနဲ႔ တျခားနည္းနဲ႔နာေအာင္လုပ္တာေရာ ထည့္တြက္မွာလား Merv "

ကၽြန္ေတာ္က Merv ရဲ႕ခါးေအာက္ပိုင္းကို မ်က္စပစ္ရင္းေျပာေတာ့ Merv က မႏိုင္ဘူးဆိုတဲ့အၾကည့္နဲ႔ၾကည့္ၿပီး ကုတ္အက်ႌထဲက ေပါက္ေပါက္ေတြယူကာ ကၽြန္ေတာ့္ကို ပစ္ေပါက္သည္။ ကၽြန္ေတာ္လည္း ေပါက္ေပါက္ေတြအဆုပ္လိုက္ကိုင္ကာ Merv ဘက္ကိုပစ္သည္။ ေနာက္ထပ္တစ္ေခါက္ ေပါက္ေပါက္ေတြမြစာႀကဲသြားၿပီးေတာ့ ကၽြန္ေတာ္ေရာ Merv ပါျပန္ေကာက္စားဖို႔ စိတ္ကူးမရွိေတာ့ပါ။

.

.

.

.

အလြန္အမင္းက်ဥ္းက်ပ္တဲ့ ကုတင္ေအာက္မွာ ဇာတ္လိုက္မင္းသမီးဟာ သူမရဲ႕တုန္ယင္ေနတဲ့အသက္ရွဴသံကိုမထြက္ေအာင္ႀကိဳးပမ္းေနသည္။ တုတ္ေကာက္သံဟာ ေနအိမ္ရဲ႕ၾကမ္းျပင္တိုင္းဆီက ပဲ့တင္သံလိုၾကားေနရသည္။

ေျခသံမပါပဲ တုတ္ေကာက္သံႀကီးသာ။

" ေဒါက္၊… ေဒါက္…၊ ေဒါက္… "

တုတ္ေကာက္သံၿငိမ္သြားတဲ့အခါ မင္းသမီးရဲ႕မ်က္သားေတြဟာနီေစြးလာၿပီး ေၾကာက္လန္႔မႈဟာအစိုးမရ။ ကုတင္ေအာက္ကေန သူမ ေျဖးေျဖးခ်င္းထြက္ဖို႔ႀကိဳးစားသည္။ တစ္ကိုယ္လံုးအျပင္ေရာက္ေအာင္ တဇြတ္တိုက္ထြက္ေနတုန္း သူမေျခေထာက္ကိုတစ္ခုခုၿငိေနတာမို႔ လွည့္ၾကည့္ကာဆြဲထုတ္ၿပီး ဒီဘက္အလွည့္……

အိမ္ေခါင္မိုးေဖာက္ထြက္မတက္ျမင့္မားတဲ့အရပ္ႀကီးနဲ႔ ခါးကိုင္းေနတဲ့အဘိုးႀကီးဟာ တုတ္ေကာက္ကိုကိုင္ၿပီး သူမကိုငံု႔ၾကည့္ေနသည္။ လ်ွ်ာႀကီးမွာလည္းအရွည္ႀကီးထြက္က်ေနၿပီး သူမအိပ္ခန္းတစ္ခုလံုးျပည့္ႏွက္ေနသည္။ ဘယ္လိုပဲသူမေမာ့ၾကည့္ၾကည့္ မ်က္ႏွာနဲ႔ဦးေခါင္းဟာ မျမင္ရေအာင္ျမင့္ေနၿပီး တြဲေလာင္းက်ေနသည့္ လွ်ာကိုသာုမင္ရသည္။

" အေၾကာက္တရားကဘယ္သူမွေျပးမလြတ္ဘူး ကေလးငယ္… မင္းမွာနာက်င္စရာေတြရွိေနသေရြ႕"

" ႏိုးးးးးးးးးးးးးးးးးးးးးး "

ဧရာမလက္ဖဝါးႀကီးဇာတ္လိုက္မင္းသမီးေခါင္းေပၚကို အရွိန္နဲ႔ျပဳတ္က်လာၿပီး သူမတစ္စစီကြဲထြက္သြားသည္။

ၿပီးပါၿပီ…။

.

.

.

" ဘာလဲကြာ … ငါ ဇာတ္လိုက္မင္းသမီးကိုေတာ့ လြတ္မယ္လို႔ထင္ထားတာ "

ၿငိမ္သက္ေနတဲ့ Merv ဟာဇာတ္သိမ္းကို မေက်နပ္သည့္ေလသံနဲ႔ေျပာသည္။ Merv လိုပဲ တျခားကားထဲကပရိသတ္ေတြဟာ ဟြန္းေတြတီးၿပီး မေက်နပ္ေၾကာင္းေဖာ္ျပေနသည္။

" ဘယ္သူမွမလြတ္ဘူး Merv ရဲ႕! အဲစာေရးဆရာက သူ႔ဇာတ္လိုက္ေတြသူျပန္သတ္တဲ့ေနရာမွာ နာမည္ႀကီးပဲ။ ဒါက ဝထၳဳတစ္ခုလံုးရဲ႕ အခန္းတစ္ခန္းစာကိုပဲ႐ိုက္ထားတာ။ မူရင္းဝထၳဳရွည္မွာဆို အခန္းတစ္ခန္းတိုင္း ေသၾကေၾကၾကတာေတြႀကီးပဲ။ အတြဲေတြလည္းေသတယ္။ FA ေတြလည္းေသတယ္ "

" ဘယ္လိုႀကီး ... "

" ငါေျပာခ်င္တာ သရဲကားေတြစာအုပ္ေတြရဲ႕ ေလာ့ဂ်စ္အရဆို ရည္းစားအတြဲေတြႀကီးပဲေသၾကတယ္ေလ။ ဒီစာေရးဆရာကေတာ့ တစ္ေယာက္ထဲသမားေတြကိုပါအလြတ္မေပးဘူး "

" အဲလိုေလာ့ဂ်စ္ရွိတယ္လား ! "

Merv ဟာသရဲကားေတြနဲ႔ မရင္းနီးတဲ့သူတစ္ေယာက္ျဖစ္ေကာင္းျဖစ္လိမ့္မယ္။ ဒါ့ေၾကာင့္ မ်က္လံုးဝိုင္းဝိုင္းေလးေတြနဲ႔ စိတ္ဝင္တစားေမးျမန္းေနတာ။ ကၽြန္ေတာ္စကားေျပာတဲ့အခ်ိန္တိုင္း ဂ႐ုတစိုက္နားေထာင္တတ္တဲ့ သူ႔အျပဳအမူေလးဟာ ဆြဲေဆာင္မႈအရွိဆံုးပဲ။

" ေျပာပါဦး။ မင္းဘာေတြအ႐ူးအမူးျဖစ္လဲ Merv "

႐ုပ္ရွင္ၿပီးသြားတာေၾကာင့္ တခ်ိဳ႕ကားေတြက ေနရာကေနေမာင္းထြက္ကုန္ၿပီး သဲမႈန္ေတြလည္းပြထေနသည္။ တခ်ိဳ႕ကေတာ့ သူငယ္ခ်င္းေတြနဲ႔ ကားေခါင္မိုးေပၚထိုင္ကာ ေသာက္စားေနၾကသည္။

" ၾကံဳရာက်ပန္းပါပဲ။ သီခ်င္းေတြၾကားတဲ့အခါ နားေထာင္လိုက္တယ္။ ႐ုပ္ရွင္လည္းအမ်ိဳးအစားေတြခြဲမေနဘဲ ၾကည့္ခ်င္တဲ့အခါ ၾကည့္လိုက္တယ္။ စာအုပ္ေတြကေတာ့ ကိုင္လိုက္ခ်လိုက္ပဲ။ ဘတ္စကတ္ေဘာေဆာ့ေနတဲ့သူေတြေတြ႕ရင္ ဝင္ေဆာ့တယ္။ လမ္းေဘးေၾကာင္ေလးေတြ၊ ေခြးေလးေတြ အစာေကၽြးတယ္။ ငါ့မွာအ႐ူးအမူးဆိုတာမ်ိဳးဘာမွမရွိဘူး "

ကၽြန္ေတာ္က သူ႔ကို တကယ္လားဆိုတဲ့မ်က္လံုးေလးနဲ႔ျပန္ၾကည့္ေတာ့ သူကဖူးခနဲသက္ျပင္းေလးမႈတ္ထုတ္ရင္းထပ္ေျပာသည္။

" ငါေျပာသားပဲ Cyril.…, ငါကပ်င္းစရာေကာင္းပါတယ္လို႔ "

" ငါ့ဘဝမွာ ေစာက္ရမ္းဆန္းၾကယ္တဲ့ဇာတ္လမ္းေတြ၊ ဇာတ္ေကာင္ေတြကို စာအုပ္ေတြနဲ႔ ႐ုပ္ရွင္ေတြအျပင္ လက္ေတြ႕မွာပါၾကံဳဖူးၿပီးၿပီ။

ငါဂရုမစိုက္ဘူး။

ဒါေပမဲ့ မင္းအေၾကာင္းကိုေတာ့ သိခ်င္ၿပီးရင္းသိခ်င္ေနတယ္ Merv … "

Merv ရဲ႕ႏႈတ္ခမ္းေတြကထံုးစံအတိုင္းဆူခြက္ခြက္ေလးျဖစ္ေနေပမဲ့ မ်က္ဝန္းေတြကေတာ့ သိသိသာသာျပံဳးေနသည္။ ေနာက္ တိုးတိုးေလးေျပာသည္။

" ေက်းဇူးပါ Cyril "

" နံပါတ္(၁) မင္းငါ့ကိုေက်းဇူးတင္ရင္ ေက်းဇူးပါလို႔ မေျပာနဲ႔… နံပါတ္(၂) မင္းငါ့ကိုေက်းဇူးပါဆိုေျပာလို႔မရေပမဲ့ ဖက္ထားလို႔ရတယ္… နံပါတ္(၃) မဖက္ထားႏိုင္ရင္ ငါ့ကိုနမ္းလို႔ရတယ္… နံပါတ္(၄) မနမ္းခ်င္ရင္ ေက်းဇူးပါလို႔မေျပာနဲ႔ေတာ့… ဟုတ္ၿပီလား "

Merv ကကားေအာက္မွာမြစာႀကဲေနတဲ့ေပါက္ေပါက္ေတြကိုျပန္ေကာက္ၿပီး ကၽြန္ေတာ့္ကိုထပ္ေပါက္သည္။ ဘယ္ကတည္းက ခြာစားထားလဲမသိတဲ့ ေခ်ာကလက္အခြံေတြနဲ႔လည္းေပါက္သည္။

တကယ္လို႔သာ တကယ္လို႔မ်ားသာ Merv က က်ြန္ေတာ့္ကို လက္ခံခဲ့သည္ရွိေသာ္ က်ြန္ေတာ္တို႔ စဒိတ္တဲ့ေန႔ဟာ ေဟာ္လိုးဝင္းေန႔ၾကီးျဖစ္ေနမွာေတာ့ ၾကက္သီးထစရာပင္။ ခ်စ္သူသက္တမ္းဗလာဗလာ ပလာတာေနၾကာကြာစိလုပ္ရင္ေတာ့ တကူးတကမွတ္သားစရာမလိုေတာ့ဘူးေပါ့။

ေဟာ္လိုးဝင္းမွာ စုန္းထီးေလးတစ္ေကာင္ကို ရဲသားႀကီးက အမိအရဖမ္းလိုက္သည္လို႔ အခ်စ္ဇာတ္လမ္းမွာအစခ်ီရတာေပါ့။

.....................................................


Continue Reading

You'll Also Like

265K 8.7K 33
My back was pressed against the wall, and our faces were merely inches away. He gently placed a finger below my chin and tilted my face upward. I tri...
828K 54K 57
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.5M 100K 193
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
798K 38.2K 26
1950s. ***Story contains mature scenes and Hindi phrases which are not translated in english*** Abhigyan Singh, a Sarpanch of the village named 'Tara...