မအတွက်

By Spica-a

102K 2.9K 27

"မမ ကို ချစ်လား..." 💑 "ချစ်တာပေါ့ မမရယ်"💑 "အင်း မမ လည်း ချစ်တယ် "💑 ~ "ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန်... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22 (Final)

Part 12

2.5K 103 0
By Spica-a

မ အတွက်
အပိုင်း (၁၂)
#မအတွက်စပိုက်ကာ

“..ယာယာ…ဘယ်သွ နေတာလည်း..”
“အေး..ရန်ကုန် ရောက်နေတာကွ..”
“မင် မိန်းမ ရနေပြီဆို..”
“အေး..”
“ဟား..ဟား..စွန်တယ်ကွာ..”
ဇော်ဇော်က လမ်းမှာ တွေ့ရင်း နှုတ်ဆက်လို့ ကြာနေပြီ…မမ နိုးလို့ အဆင့်သင့် မဖြစ်လို့ကတော့..
ထင်တဲ့ အတိုင်း အိမ်ပေါ်ရောက်တာနဲ့ မမ က အခန်း၀ မှာရောက်နေပြီ..
“ယာလေး..ဘယ်သွားတာလည်း..”
“ဟင်..မ နိုးနေပြီလား..ယာ ရှမ်းခေါက်ဆွဲ သွား၀ယ်တာ”
“ဟာ…မမ ကို နှိုးလိုက်ရင် ပြီးရော. လိုက်ချင်လို့ဟာကို..”
“မ က လည်ချင်တာလား..ဒါများ..ယာ လိုက်ပို့ မှာပေါ့..”
“တကယ်နော်..”
“အင်း..မေ နိုးပြီလား မသိဘူး..သွားကြည့်လိုက်အုံးမယ်..”
နှင်း..မေ နေမကောင်းတာ သတိရတော့ မသွားချင်တော့ပါ…။
“အိမ်မှာ ဘယ်သူမှ မရှိပဲ မသွားချင်ပါဘူး.မေ တစ်ယောက်တည်း..မမ စိတ်မချဘူး..”
“မ က မေ ကိုလည်း စိတ်မချဘူး အပြင်လည်းသွားချင်တယ်..ဂလိုလား..”
“ဟား..ဟား…အဲလို မဟုတ်ပါဘူးဟယ်..ကလေးမှ မဟုတ်တာ..မသွားရရော ဘာဖြစ်လည်း..”
ယာပြုံးလိုက်သည်..စိတ်ထဲမှာတော့….ဟီးဟီး..စောနက ပဲ လိုက်ပို့မယ်ပြောတော့ တကယ်လား ဆိုပြီး မျက်နှာက ၀င်းပနေတာ..ကလေးမဟုတ်ဘူးတဲ့…။
“ရှမ်းခေါက်ဆွဲ ပူတုန်းစားလိုက် မ…” ယာ ပန်းကန်ထဲ ထည့်နေတော့ မမ က အနားရောက်လာပြီး..
“မမ လုပ်လိုက်မယ်..ယာလေး မေ ကို သွားကြည့်လိုက်လေ..ဘာလုပ်ပေးထားရမလည်း..ဟင်..”
“ဟမ်..”ယာ နားမလည်သလို ငေးနေမိသည် မမ က ဘာလို့ ပြောင်းလဲ သွားတာလည်း...မပြောင်းလဲပါနဲ့ မမ ရယ်..ယာ ရူးရလိမ့်မယ်…။
“ဟဲ့ကောင်လေး..ဘာဖြစ်နေတာလည်း..” မမ က ယာ ပခုံးကို ပုတ်လိုက်မှ..
“ဟင်..အော်…ရတယ်..မ..ယာ ထည့်ပေးခဲ့မယ်..မ စားလိုက်နော်..ဘာမှ မလုပ်ရပါဘူး..ထိုင်ပဲစား..”
“ပြီးရော..”
မမ က စားပွဲဝိုင်းမှာ ၀င်ထိုင်လိုက်ပြီး..မေးထောက် စောင့်နေတာ..ဗိုက်ဆာနေတဲ့ ကလေးလေး အတိုင်းပါပဲ…။
“ကြိုက်ပါ့မလား..သိဘူး..”
“မကြိုက်ဘူးဆို..အသစ်လုပ်ပေးမှာလား..”
“အင်း ပေါ့..”
“လိမ်မာတယ်..”
မမ ခေါက်ဆွဲစားနေတော့ ယာ လည်း မေ အခန်းထဲ ၀င်လာလိုက်သည်…။
“မေ..”အသံထွက်ရုံလေး ခေါ်လိုက်ပေမဲ့..မေ က ထထိုင်သည်..။
“မေ..နိုးနေတာလား..”
“အေး..”
“မေ..နေကောင်းရဲ့လား..ဘာဖြစ်လို့လည်းဟင်..အရင်က ဆို အိပ်ယာထဲ မနေတက်ပါဘူး..”
“စဉ်းစားနေတာ…”
“ဘာတွေစဉ်းစားတာလည်း မေ.”
“နှင်း ၀င်လာပြီး ငါ့ နဖူးစမ်းကြည့်တော့ ငါ မရယ်မိအောင် မနည်း မြိုသိပ် ထားရတယ်..”
“ဟင်..မမ က..”ယာ နားမလည်ပါ..ဒါပေမဲ့ မေ ပြောတာကို ဆက် နားထောင်နေလိုက်သည်..။
“သွေးပေါင်ကျပြီး မူးလဲတာ နဖူးစမ်းစရာလိုလို့လား..ဒီကောင်မလေး..ချစ်ဖို့ကောင်းလိုက်တာနော်..သူ နဖူးစမ်းလိုက် ငါ နဖူးကိုင်လိုက်နဲ့ အလုပ်ရှုပ်နေလိုက်တာ…ပြီးတော့စောင်သေချာခြုံပေးပြီး..နင့် ပုံတွေ လည်း ယူကြည့်နေသေးတယ်..”
“အဟင်း..မမ က ကလေးလိုပဲ..ဘာမှ မသိဘူး…”
“ယာယာ နင် အရမ်းကံကောင်းတယ်..ဒီလို မိန်းကလေးမျိုးရလိမ့်မယ်လို့ ငါ မတွေးထားမိဘူး. တန်ဖိုးထားနော်.”
“အင်း..”
“ကျွတ်..နင့် ကို ငယ်ငယ် ကတည်း က သင်ပေးတာလည်း မတက်သေးဘူးလား..ဟုတ်ကဲ့.ဖြစ်ဖြစ် ဟုတ် ဖြစ်ဖြစ် ပြောစမ်းပါ..ယာယာရယ်..နှင်း အဖေကို ပြောတုန်းကလည်း တအင်းအင်းနဲ့ ငါ ဖြင့် မျက်နှာတွေ ပူလိုက်ရတာ မပြောပါနဲ့..”
“ယာ က ဒီလို ပဲပြောတက်တာကို..”
“မလိုချင်ဘူး..မအင်းနဲ့တော့..”
“ဟုတ်..”
“အေး..အဲလိုပြော..”
“အင်း..”
“အင်း..အုံး..အင်း..အုံး..” မေ က ယာ နားရွက်ကို ဆွဲလိမ်တော့…
“အား…အား…သေပပီ…”
ယာ့ အော်လိုက်လို့ မမ က အခန်းထဲ ပြေး၀င်လာသည်…မျက်လုံးပြူးလေးဖြင့်..
“ဘာဖြစ်တာလည်းဟင်…မေ..ယာ ဘာလုပ်လို့လည်း..’
“ဆုံးမနေတာလေ..ဟို က တံမြတ်စည်းပေးစမ်း..သမီး..”
“မ မပေးရဘူးနော်..မလုပ်ရဘူး..”
“ပေးပါဆို..နေတော့ ငါ လာယူမယ်..”
မမ ရဲ့ လုပ်ရပ် ကြောင့် မေ နဲ့ ယာ အော်ရယ်မိသည်…။
ဘေးက တံမြတ်စည်းကို ပြေးယူပြီး ဆုပ်ကိုင်ရင်း ဘာလုပ်ရမှန်းမသိ..တံခါးပေါက်ဆီပြေးပြီး အပြင်လွတ်ပစ်ပလိုက်သည်…။
အေးရော…။
“ဟား..ဟား…နှင်းရယ်.”
“သိဘူးလေ..မေ က ယာလေး ကို ရိုက်မှာ စိုးလို့..”
မမ က သူတော့ အနိုင်ကျင့်ပြီး မေ ရိုက်မှာတော့ စိုးရိမ်နေတာလား….
“မေ..ဆေးသောက်ရမယ်နော်…ယာ မနက်မုန့် ပြင်ထားတယ်..”
“အင်း..”
“အင်းပြန်ပြီ..”ယာ က နောက်လိုက်တော့..မေ က စဉ်းစားနေသည်..
“ဟဲ့..ဟာ…ငါ က အင်း လို့ ရတယ်လေ..”
“ဟား..ဟား…သိဘူးလေ..”
“ဒီကောင်လေး..”
“မ…လုပ်ပါအုံး..”
“ဟင်..”နှင်းလည်း ဘာလုပ်ရမှန်းမသိပါ..ဒီ သားအမိတွေ ဘာလို့ ရန်ချည်းပဲ ဖြစ်နေတာလည်း…။
ပျော်စရာလေးပါပဲ..မာမီ ကို သတိရတော့ ၀မ်းနည်းလာသလိုလို…
“မေ..လာပါ..ဆေးသောက်ရမယ်နော်..”နှင်း ဆေးယူပြီး မေ လက်ထဲထည့်ပေးလိုက်သည်..။
ယာ ဘေးက မမ ကို ငေးရင်းကြည်နူးမိသည်..။
မမ အခုလို မေ ကို သိတက်တာလေးကို ယာ အရမ်းပျော်တာပဲ မရယ်…။

“မေ ရေ…”
ယာတို့ သားအမိ ဆေးခန်းသွားချိန် တစ်ယောက်တည်းပျင်းတာနဲ့ နှင်း အိမ်၀မှာ ထိုင်ပြီး..စတော်ဘယ်ရီ လေးတွေ ခြင်းထဲ ထည့်ပေးနေတာ..၀င်လာတာ မိန်းကလေးချောချောတစ်ယောက်…။
“မေ..မရှိဘူး..ညီမလေး..ဆေးခန်းသွားတယ်..”
“ဟင်…ဟုတ်လား..မမ က ဘယ်က”
“ရန်ကုန်ကပါ..”
“အော်..ယာယာ နဲ့ သိတာပေါ့နော်..”
“အယ်…အင်း…”
“ယာယာ ပြန်ရောက်နေတယ် ကြားလို့ လာတာ သူနဲ့ မတွေ့ရတောင်ကြာပြီလေ..”
“ဟုတ်လား..”
“အင်း…သူက မေ့နေပေမဲ့ဒီ ကမေ့ပါဘူး..နေ့တိုင်းလွမ်းတယ်..သူကတော့ စာမလာ ဖုန်းမဆက်နဲ့ နေနိုင်လိုက်တာ..”
ယာလေး သူငယ်ချင်းတွေ ဖြစ်မှာပါ..သူတို့ ပြောလည်း ပြောချင်စရာ ယာလေးတို့ ဘယ်တုန်းကမှ ဖုန်းမဆက်ဘူး..ပြောသမျှဖုန်းက အလုပ်ကိစ္စ ချည်း။
“အဲဒါ..သူလည်း..အလုပ်မအားလို့ပါ..”
“အလုပ်မအားလည်း..ဖုန်းလေးတော့ ဆက်သင့်တာပေါ့..ချစ်တယ် ကြိုက်တယ်ပြောပြီး ပစ်ချသွားတာ..ဟွန့် အခု ဟိုမှာ မိန်းမရနေပြီလေ..ယူထားတာလည်း..အသက်ကြီးကြီး အဖွားကြီးတဲ့..”
“ဟင်..”နှင်း..ဒေါသထွက်လိုက်တာ…ဒါ…ယာယာ ရှုပ်ထားတာတွေ..တောက်…ပြန်လာမှ တွေ့မယ်…။
“သူ မိန်းမကို  သိလား..”
“ယာယာ ပြန်လာတော့မှာပါ..”
“စတော်ဘယ်ရီ ေ၇ွးနေတာလား..ထပ်ရွေးလိုက်မယ်..”
“အင်း…”နှင်း..ပြောပြီး..ဆက်ရွေးနေပေမဲ့…ယာလေးက ဒီလို လူစားလား..မထင်ထားဘူး..
ဒေါသထွက်နေရင်း..စိတ်မကောင်းဖြစ်လာရသည်…။
နှင်းမှ မမေးမိတာ..ဒါဆို ယာလေးကို နှင်းက အမိန့် တစ်ခုနဲ့ ယူလိုက်မိတာလား…။
“ဟယ်..ယာယာ…ပြန်လာပြီလား..”
“အယ်..နန်းယု..”
“လွတ်…လွတ်အုံးလေ..ငါ..”
နန်းယု က တွေ့တာနဲ့ ပြေးပြီး လက်မောင်းကို ခို ထားတော့ ယာ လက်မောင်းနာလာသည်..။
“မ..စတော်ဘယ်ရီ ေ၇ွးနေတာလား…”
“အင်း..”
ယာလေးလက်ကိုချိတ်ပြီး အိမ်ထဲ ၀င်လိုက်လာတာ..ဘယ်လိုတွေလည်း..
“မ အတွက်..ယာ တို့ဟူးနွေး၀ယ်လာတယ်..”
“အယ်..ငါလည်း..စားမယ်..”
“မရဘူး..မ အတွက် သီးသန့်..”ယာ ပန်းကန် သွားယူပေမဲ့  အထုတ်ကို အောက်မချရဲ…
“ရဘူးဟယ်..”
ယာ ပန်းကန်ထဲ ထည့် ပြီး ပြေးထွက်လာခဲ့လိုက်သည်..။
နန်းယုက နောက်က ပြေးလိုက်လာလို့ ရှောင်ရင်း..
ပန်းကန်ကို မမ လက်ထဲ ထိုးထည့်ပေးလိုက်တော့. စောင်းပြီ့း..မ လက်ပေါ်နည်းနည်း.ဖိတ်ကျသွားသည်..။
“ယာယာ….”
မ ရဲ့ တင်းမာနေတဲ့ အကြည့်တစ်ခု ယာ ဆီ ရောက်လာသည်..။..ဘာမှားသွားတာလည်း…ယာ အပြေးအလွှားးစဉ်းစားမိပေမဲ့ အဖြေမရှိပါ…။
“ငါ မကြိုက်ဘူး.”
“မ အရင်က..”စကားမဆုံးခင်..မမ က အခန်းထဲ ၀င်သွားသည်..။
“ဟွန့်..မာနကြီးလိုက်တာ..နင်က ဘာလို့ အဲလောက်ဖြစ်နေတာလည်း..”
“ငါ ကို စဉ်းစားစမ်းပါဟယ်..”
“ဟဲ့..ယု..”ယာ အခန်းဘက်ကို မလုံမလဲ လှည့်ကြည့်ပြီး ယုမ ပါးစပ်ကို ပိတ်ထားမိသည်..။
“ဘာလည်း..နင် မိန်းမ  အဖွားကြီး ကန်ချလို့ ပြန်လာတာ မလား..”
“မဟုတ်ပါဘူး...မေ နေမကောင်းလို့ ..ခုန ၀င်သွားတာ ငါ့ မိန်းမ..”
“ဟမ်..သွားပြီ..”
“ဘာလည်း..နင်…နင်…ဘာတွေ မွေ လိုက်ပြန်ပလည်း..”
“ဟီး..နင် ငါကိုကြိုက်တယ်ပြောတာရယ်..နင်မိန်းမကို အဖွားကြီးဆွာရယ်..ပြောမိတာ..သူကလည်း..ဘာမှ မပြောပါဘူး..ဟ..”
ယာ ထိုင်ချလိုက်မိသည်…”ယုယု နင်ဟာလေ….”
“စတာပါဟာ..ကလေးတစ်ယောက်အမေပဲ ဖြစ်နေပြီ..နင်ကို ကြိုက်စရာလား..”
“အခုမမ စိတ်ဆိုးသွားပြီလေ..”
“မမရေ…ညီမက ကလေးတစ်ယောက် အမေ လင်ရှိမယားပါနော်…ယာ နဲ့လည်း သူငယ်ချင်းတွေပါပဲ…စောနက စလိုက်တာပါ.မမ အရမ်းလှတယ်...မမ ယောင်္ကျားကို လည်း မလုဘူးနော်.”
အသံဗြဲနဲ့ အော်နေတဲ့ ယုယု ကြောင့် ယာ ပိုပြီး ခေါင်းကြီးသွားသည်..။
“တော်ပီ..ရပီ..ယုယု ရပါပြီဆို…”
“သွားမယ်..ရန်ကုန်က ပြန်တာ လက်ဆောင်တောင် ပါဘူး..ငါ့မှာ တော့ သူ့ ကို လွမ်းလိုက်ရတာ..နေနိုင်သူကြီး..”
“ယုယု..နန်းယု..နင်..”
လျှာထုတ်ပြပြီး ထွက်ပြေးသွားပြီ..ယာယာ ကတော့ ..သက်ပြင်းချပြီး ကျန်ခဲ့ရသည်..။
.
နှင်း.ဒေါသထွက်နေတာ…ပြောတုန်းကဒေါသထွက်တာက တော်သေး အော်ဟစ်ပြီးပြောနေတာ..မမ ယောင်္ကျားကို မလုပါဘူးတဲ့..ဒီလို မိန်းကလေးချောချောလေးတွေနဲ့လည်း ယာ သိတာပဲလား..ပြီးတော့ နှင်းက.အား…
ရှက်ဖို့ကောင်းလိုက်တာ…
“မ…”
ယာ အခန်း ထဲ ၀င်တော့..မ က ခုံမှာ ထိုင်နေသည်..။
“မ..ဟို နန်းယု က “
“ငါ မေးလို့လား..”
“မမေးပါဘူး..ဒါပေမဲ့ မ စိတ်ဆိုးနေတယ်..”
“ဟုတ်တယ်..သိရင် ထပ်မပြောနဲ့ ငါ ဒေါသ မထွက်ချင်ဘူး ယာယာ..”
“မ အထင်လွဲမှာစိုး”
”တော်တော့..”
“နန်းယုနဲ့က ငယ်ငယ်ကတည်းက သူငယ်ချင်းပါပဲ..သူလည်း.မ ကို မသိလို့ဒီတိုင်းနောက်လိုက်တာပါ…မ မယုံရင်..”
“ဘာလည်း..လူတကာကို ခေါ်ပြီး ငါ့ သိက္ခာကိုချအုံးမလို့လား..”
“တော်ပြီ..မမေးတာ မပြောနဲ့ ရှင်းလည်း မပြနဲ့ ကြားလည်း မကြားချင်ဘူး…အခု မေ ဘယ်မှာလည်း..”
“ဦးလုံ တို့ အိမ်မှာ..”
“ငါသွားခေါ်ရမလား..”
“.မ ကို အရင် မုန့်လာပို့တာ..ယာ သွားခေါ်မှာပါ..”
“အဲဒါဆို..သွားတော့လေ..”
ယာ ထွက်လာပေမဲ့ မ စိတ်ဆိုးနေတုန်းပဲ ဆိုတာ သိပါသည်..
နန်းယုနဲ့ ငယ်ငယ် ကတည်းက ဒီလိုပဲ နေလာတာပါ..
မုန့်မှောက်ကျလို့ စိတ်ဆိုးတာလား..
နန်းယု ကြောင့် စိတ်ဆိုးတာလား..။
.
နှင်း မေ အိပ်တော့ မှအခန်းထဲ ၀င်လာလိုက်သည်..။
ယာလေး က နောက်က လိုက်၀င်လာခါ..
“မ ဘယ်မှာအိပ်မလည်း..”
“ဘာလည်း..”
တစ်နေ့ကုန် နှင်း မေ နဲ့ ပဲ စကားပြောနေလို့ အနားလိုက်ကပ်နေတာ သိသားပဲ.အခုလည် တမင် ခပ်ဆပ်ဆပ် အော်လိုက်တာ..။
“ဟို နေ့က အောက်မှာ ဆင်း အိပ် လို့ပါ..အောက်မှာ နွေးရင် အောက်မှာ ခင်းပေးမယ်လေ..”
“မသိဘူး..လုပ်ချင်သလိုလုပ်..”
မ က ပြောပြီး အခန်းပြင်ထွက်သွားတော့..
ယာ အခင်း အသစ်ကို ကုတင်ပေါ်ခင်းလိုက်သည်..။
ပိုနွေးအောင် စောင် နှစ်ထပ်ခင်းပြီး တင်လိုက်သည်..။
“မ ရပြီ..”
ယာ ထွက်လာပြီး ခေါ်တော့ မ က ဖုန်းပြောရင်း အခန်းထဲ ၀င်သွားပြန်ပြီ.ထပ်မပြောဖြစ်တော့…။
နှင်း..ကုတင်ပေါ်လဲအိပ်လိုက်ပြီး..အားလုံးကို ကျောခိုင်းလိုက်ခါ နံရံ ကို စူးစိုက်ကြည့်နေမိသည်..။
ညက သူ ဘာမှ ခြုံစရာမရှိပဲံဒီတိုင်း အောက်မှာ အိပ်နေတာ သနားလို့..
လက်ကို နေရာပြင်ပေးတော့ လည်း လက်တွေ အေးစက်နေတာ နဲ့ နှင်း စောင်တွေ ယူပြီး ခြုံပေးလိုက်တာ…
နှင်း ကုတင်ပေါ်ပြန်တက်အိပ်တော့ စောင်မရှိပဲ ဘယ်လိုမှ မအိပ်နိုင်ပါ…
အဲဒါကြောင့် သူဘေးမှ ၀င်လဲ ရင်း အိပ်ပျော်သွားတာ..
ဒါကို ယာယာ တို့ များ ထင်တက်လိုက်တာ..နှင်းက ပဲ နွေးတဲ့ နေရာ ရှာတိုးအိပ်သလိုလို..စေတနာကို စော်တကားနေတာ…
ဟွန့်..ဒီညတော့ မသနားဘူး..အိပ်ချင်သလိုအိပ်..စောင်မရှိရင် ပုဆိုးခြုံ အိပ်ပါစေ..လုံး၀  မထလာဘူး..။
ကြုံးဝါးထားတာ နှင်း..ဒါပေမဲ့ တကယ်နိုးလာတာလည်း နှင်းပါပဲ..
ည တစ်နာရီလောက်ကို အေးလာပြန်ပြီ..ဘယ်လို လုပ်ရပါ့မလည်း..
ယာလေးဘေး ၀င်တိုးရင်ကောင်းမလား..
“ကျွတ်..”
မအိပ်ဘူး..မာန ထိခိုက်တယ်..။
ကုတင်ပေါ် ပြန်လဲ အိပ်ရင်း..အိပ်မရပြန်ဘူး..
ယာလေးနဲ့ သွားအိပ်ဖို့ ဆင်းလာပေမဲ့ အိပ်ပျော်နေတဲ့ သူ့ဘေးနား ငုတ်တုတ်ထိုင်နေတာ ၂နာရီ ဖြစ်သွားပြီ..။
ဘေးမှာ တိုးအိပ်လို့ “မ ကုတင်ပေါ်မှာ မအိပ်ဘူးလား..ယာ သွားအိပ်မယ်ဆိုရင်..”
ဘယ်လိုတားမလည်း..နှင်းကပဲ သူနဲ့ အိပ်ချင်လို့ လိုက်ကပ်နေသလိုဖြစ်နေမလား..
“ရတယ်..မေ နဲ့ သွားအိပ်မယ်..”
နှင်း ကုတင်ပေါ်က စောင်တွေ ဆွဲချပြီး မေ အိပ်ယာပေါ်တက်အိပ်လိုက်သည်…။

ယာ အိမ်မက်လိုလို တကယ်လိုလို မေ ခေါ်သံကြားနေရသည်..။
“ယာယာ..ဟဲ့..ယာယာ..ထစမ်း..”
“ဟင်..မေ..မေ..ဘာဖြစ်လို့လည်း..”
ယာ အိပ်မှုံစုန်ဝါးတောင် မဖြစ်နိုင်ပါ ..
မေ ဘာဖြစ်လို့လည်းဆိုတာပဲ..ထပ်ခါထပ်ခါ မေးနေမိသည်..။
“ဟဲ့..ငါ ဘာမှ မဖြစ်ဘူး..”
“ဟူး..တော်သေးတာပေါ့…မိုးလင်းပြီလား..”
“5နာရီပဲ ရှိသေးတယ်…”
“ဘာပြောမို့လည်းမေ…”
“နှင်း..ငါ့ အိပ်ယာပေါ် ရောက်နေလို့ နင်တို့ တူတူ မအိပ်ဘူးလား..”
“ဟင်..အော်..အိပ်တယ်လေ..ကုတင် မဆန့်လို့ယာ အောက်ဆင်း အိပ်တာ…မေ နေရာကြပ်လို့လား..ဒီ မှာ အိပ်လေ.”
“မဟုတ်ဘူး..နှင်း ငြီးနေသလားလို့..ငါလည်း မသိဘူး..နင် သွားကြည့်ပါအံု့း..”
ယာ အခန်းထဲ က ခြေလှမ်း ကြဲနဲ့ အပြေးတစ်ပိုင်း ထွက်လာမိသည်..။
“မ…”
“မ…ဘာဖြစ်တာလည်း..”
ယာ ပြောနေပေမဲ့ မ က မနိုးသေးပဲ..မျက်ခုံးစုပြီး ဘာတွေ ဖြစ်နေတာလည်း…အိမ်မက်ဆိုးတွေ မက်နေတာလား…။
“မ..”
“ဟာ..”
ယာထိလိုက်တဲ့ မမ လက်က အေးစက်နေသည်..။
နဖူးကို အမြန်စမ်းကြည့်မိတော့..
“ဖျားနေပြီလား...”
“မ…မ…”
“ဟင်..”
ယာ လှုပ်နှိုးလိုက်တော့မှ နိုးလာသည်..။
“မ ဖျားနေတာလား...ဘယ်လိုနေလည်းဟင်…”
“မသိဘူး..ချမ်းတယ်….ယာလေး..”
“ချမ်းတယ်...ဟုတ်လား.နေအုံး...”
ယာ အခန်းထဲ က စောင်တွေ သွားယူမလို့ လုပ်ပြီးမှ..မေ့ အခန်းထဲမှာ လေပို ၀င်တာ သတိရသည်..။
မမ ကိုပွေ့ချီလိုက်ပြီး ယာ အခန်းထဲ ပြန်ခေါ်လာလိုက်သည်..
“ဘာဖြစ်တာလည်း..ယာယာ..”
မမ ကို ကုတင်ပေါ်မှာ သေချာချရင်း မေ မေးနေတာကို တစ်ဖက် က ဖြေရသည်..
“ဖျားနေပြီထင်တယ်..”
“ဟယ်..သနားပါတယ်..ဆေးခန်းခေါ်သွားရ ကောင်းမလား..”
“မရဘူး..မမ က ဆေးသောက်ဖို့ ဆိုလည်း မရ..ဆေးထိုးမှာ ပိုကြောက်တာ..”
“အဲတော့ ဘယ်လိုလုပ်မလည်း…”
“ရတယ်..ယာ စောင့်နေလိုက်မယ်.မေ ပြန်အိပ်လေ...”
“အေး..တစ်ခုခုဆို ငါ့ နှိုးလိုက်နော်..”
မေ ထွက်သွားမှ ယာ  ကုတင်မှာ ထိုင်လိုက်သည်..။
“မ…တစ်ခုခု စားပြီး ဆေးသောက်လိုက်နော်..”
“အင်း..ချမ်းလို့..”
“ချမ်းးတုန်းလား..,ယာ…ဟို…ဟို..”
“အင်း. စောင် ထပ်ပေးပါအုံး..”
“ဟင်..”.. ပွေ့ထားချင်ပေမဲ့ မမ က ခွင့် ပြု မှာ မဟုတ်ဘူး.။
“မ ခဏနေ ဆေးသောက်ရမယ်နော်…”
“အင်း..’

ယာ မေ အတွက် မုန့်နဲ့ နို့ ပြင်ပေးနေတာကို မေ က ၀င်လာပြီး..
“ယာယာ ..နင် ဘာတွေ လုပ်နေပြန်ပြီလည်း..နှင်း အနားမှာ သွားနေစမ်းပါ..”
“ရတယ်..မေ..မမ အိပ်ပျော်နေတယ်..”
“သူခမျာ လိုက်လာပြီး ဒုက္ခ ခံနေရတယ်..”
“မမ ကလည်း နုတယ်..”
“သဌေးသမီး ကိုး..”
“မေ..အတွက် ခုံမှာ  မုန့် နဲ့ စားနော်..ပြီး..ဆေးသောက်..”
“ဟုတ်ကဲ့ပါ ဆရာ ရယ်..”
ယာ ရယ်ရင်း မမ အတွက် ခေါက်ဆွဲပြုတ် ထပ်လုပ်လိုက်သည်..။
ယာ ပန်းကန်ကိုင် ပြီး အခန်းထဲ ရောက်တော့ မမ က မှိန်းနေတုန်း..
“မ…ခဏ ထလိုက်နော်..”
“အင်း..”
ယာ မမ ကို ထူပေးလိုက်တော့ မမ ကိုယ်လေးက အလိုက်သင့်ပါလာသည်…။
“မ ..ချမ်းသေးလား…”
“အင်း နည်းနည်းပါ..ည က လောက်မဟုတ်တော့ဘူး..”
“မုန့်စားလိုက်နော်…ယာ ခွံ ပေးရမလား..”
“ဟင့်အင်း မမ ကိုပေး..”
ယာ ခွံပေးချင်သည်..မမ နေမကောင်းတာကို အကြင်နာ အပြည့်နဲ့ ပြုစုပေးချင်သည်…။
မမ ကိုပွေ့ဖက်ထားပြီး မမ ခံစားနေရတာတွေကို မျှဝေယူပေးချင်သည်…။
မမ ကို ယာ လက်ထဲမှာထားချင်သည်..မမ ကို အမိန့်ပေးပြီး ငြိမ်ငြိမ် နေခိုင်းချင်သည်..။
မမ လွန်ဆန်လို့ မရအောင် အာဏာ တစ်ခု ရှီချင်သည်..သို့သော်…
“အင်း..ရော့ နည်းနည်း ပူသေးတယ်..မ..”
“ရတယ်..ယာလေး မေ ကို ဆေးတိုက်လိုက်သေးလား..”
မမ က ခေါက်ဆွဲကို ဇွန်းနဲ့ မွေရင်း မေ ကို စိတ်ပူပေးတော့..ယာ ၀မ်းသာရမလား.…။
“အင်း..တိုက်ခဲံ့ပြီ..မ ပဲ ကျန်တော့တယ်..”
“ဟမ်..ဆေးလား..ငါ မသောက်ဘူးနော်..”
“မရဘူးလေ..မ နေမှမကောင်းတာ..အဖျား၀င်သွားရင် ရက်ကြာသွားလိမ့်မယ်..”
“အခုနေကောင်းနေပြီ..”
“မကောင်းသေးပါဘူး..မ ချမ်းနေတုန်း..”
“မချမ်းပါဘူး..ကောင်းနေပြီ..”
မမ က ပြောရင်း ကိုယ်ပေါ်က စောင်တွေကို တွန်းချပစ်သည်..ကလေးတစ်ယောက် ဆေးသောက်ရမှာ ကြောက်သလိုမျိုး ဖြေရှင်းချက်တွေ စပေးတော့မည်..။
“မ မသောက်ချင်လည်း မတိုက်တော့ပါဘူး..စောင်တော့ ပြန်ခြုံထားပါ..”
“တကယ်နော်..”
ယာ ခေါင်းငြိမ့်ပြလိုက်တော့ ယာ ပြန်တင်ပေးတဲ့စောင် သုံးထည်စလုံးကို ပြန်ပတ်နေသည်..ပြောတော့ မချမ်းတော့ဘူး..ကောင်းနေပြီတဲ့ လိမ်တာ…။
“ယာ..တော်ပြီ..”
“နည်းနည်း ထပ်စားပါအုံး..”
“တကယ်ဝနေပြီ..ပြန်ထွက်တော့မယ်…”
မျက်နာ ငယ်လေးနဲ့ လုပ်ပြီး ပြောပြနေတော့ ယာ နှလုံးသား မခံနိုင်ပါ…။
“အင်း..ပေး..ရော့ နွားနို့ လေး တော့ သောက်လိုက်ပါ..”
“..ဝနေပါပြီဆို..”
“မ ..သောက်ရမဲ့ ခွက်ကိုလည်း ကြည့်အုံးလေ..”
နှင်း ကြည့်လိုက်တော့ ခွက်က သေးသေးမို့ ထပ်မပြောတော့ပါ…နှင်း အတွက်လည်း..လုပ်ရ..မေ့ အတွက် လုပ်ရနဲ့ ယာလေး လည်း ပင်ပန်းနေမှာပဲ..သူက စေတနာနဲ့ ဆိုတာ သိလို့ မကြိုက်တဲ့ နွားနို့ ပေမဲ့..မငြင်းနိုင်တော့…။
“အား..နွားနို့ တွေက ခါးနေသလားလို့..”
ယာ က ဘာမှမပြောပဲ ရယ်ပြီး  ခွက်ကို ယူ ထွက်သွားသည်…။
ဘာတွေပါလိမ့်…
ဟာ..ေ.ဆးတွေလား…
ဗိုက်ထဲ ရောက်ကုန်ပလား..အွတ်စ်..ရေ..ရေ…။
နှင်း ကုတင်ဘေးက ရေဗူးကို အမြန်ယူပြီး မော့ချတာတောင် ပိုခါးလာသလိုလို..
ကောင်စုတ်လေး…ပြန်လာပစေ..တွေ့မယ်…။
.
“ငါ့ သမီးလေး..ဒီလာပြီး..ပိန်တောင်ကျသွားတယ်..”
“ဟီး…ဝိတ်မချရတော့ဘူးပါ့ မေရယ်..နှင်းတော့ ပျော်တယ်..”
“မေ နှင်းတို့ ဆီ လာပါနော်..”
“လာမှာပေါ့..မေ လာခဲ့မယ်..ဟိုကောင်လေးကို အလိုမလိုက်နဲ့နော်..”
“မေ…ယာ ကိုရော ဘာမှာ အုံးမလည်း..”
“မှာစရာမရှိ..ဟား..ဟား..”
“မေ ကလည်း..ယာ က မေ့ သားအရင်းပါ..”
ယာ က ငိုသံပါလာပြန်ပြီ..ကလေးတစ်ယောက်လို အမေ ကိုဖက် ထားတာမလွှတ်..
“သွားတော့..သွား..ဦးလုံ ကားဂိတ် လိုက်ပို့လိမ့်မယ်..”
“မေ..ယာ ဖုန်းခေါ်ရင် ကိုင်နော်..”
“အေးပါဆို..ဘာဖြစ်နေတာလည်း..နင်..”
“မေ ခြံထဲကို တစ်ယောက်တည်း မသွားနဲ့နော်..သွေးပေါင်လည်း ချိန်အုံး..ခေါင်းမူးနေရင် ဆေးခန်းသွားနော်..”
“အေးပါဆို…”
“တစ်ယောက်တည်း မသွားနဲ့နော်..”
“ကျွတ်..ယာယာ တော့ ငါ့ လက် နဲ့တွေ့တော့မယ်..”
“ယာ..စိတ်မချလို့..ပြောနေရတာ..မေ သိရဲ့သားနဲ့..” တိမ်၀င်သွားတဲ့ အသံက
…ငိုတာလား..နှင်း စိတ်မကောင်းပါ..စိတ်မာလွန်းတဲ့ အမေ နဲ့ သနားစရာသားလေး..နှင်းကြောင့် အခုလိုတွေ ဖြစ်လာရတာလား..နှင်း လည်း မျက်ရည်ဝဲလာသည်..
မေ ကို ဖက်ထားလိုက်ပြီး ယာ ကို ပါ ရောဖက်လိုက်သည်..။
ကားပေါ်ရောက်တော့ နောက်ကို တစ်ကိုယ်လုံးစောင်းပြီး..ကြည့်နေတဲ့ ယာလေး..
မေ ကတော့ ပြတ်သားလိုက်တာ အိမ်ဝတောင် ဆင်းမရပ် တော့ ကြည့်နေလည်း အိမ်ပဲ တွေ့ရသည်..။
ယာ ရှေ့ကို ပြန်လှည့်ပြီး လက်နှစ်ဖက်နဲ့ မျက်နှာကို အုပ်ပြီး ခေါင်းငုံချလိုက်သည်..
နှင်း စိတ်မကောင်းဖြစ်မိပေမဲ့ ယောင်္ကျား တစ်ယောက် ၀မ်းနည်း နေတာကို ဘယ်လို နှစ်သိမ့် ပေးရမလည်း မသိပါ..ပွေ့ဖက်အားပေးရအောင်လည်း..
၀မ်းနည်းနေတာ လူသိစေချင်မှာ မဟုတ်တော့..ဘယ်လို လုပ်ရပါ့မလည်း..။
ကားဂိတ်ရောက်တော့..
ပြန်ခါနီး မေက ထည့်ပေးချင်တဲ့ ပစ္စည်းတွေက များလွန်းနေသည်..နှင်း လည်း မငြင်းရက်တာနဲ့..အားလုံးယူခဲ့တာ..
“မ ထားပါ ယာ သယ်လိုက်မယ်..:”
“မရဘူး..ဒါတွေ ငါ ပိုင်တာ.”
“ဟင်.”နှင်းကို မျက်နှာချင်းဆိုင်တော့မှ..သူ့မျက်နှာတစ်ခုလုံးက ဖြူ နုတဲ့သူမို့ လက်ရဲ့ပွတ်တိုက်မှုကြောင့် နီလွန်းနေသည်..။
“မေ က မမ အတွက် ထည့်ပေးတာ ယာလေးက သယ်ပေးပြီး ဝေစုတောင်းမှာစိုးလို့..”
“တောင်းပါဘူး..မရယ်..”
နှင်းလည်း အထုတ်တွေ ယူပြီး ကားအောက်ထည့်လိုက်သည်..ကားသမားတော့ မျက်လုံး စူးတော့မှာပဲ တက်နိုင်ဘူး.။
“ထမင်းစားတော့မလား…ယာလေး..”
“မ ဗိုက်ဆာလို့လား..”
“မမ က စားခဲ့ပြီ မစားတာ ယာလေးလေ..”
“ယာ ဗိုက်မဆာပါဘူး.”
တကယ် ဘာမှ မစားပဲ တစ်လမ်းလုံးအိပ်ပြီး လိုက်လာတာ တကယ်အိပ်ပျော်သွားတော့ နှင်း စောင်ပါးလေးခြုံပေးလိုက်သည်..။
အိပ်ပျော်နေတဲ့ ကောင်လေး ကို ငေးရင်း..စိတ်မကောင်းဖြစ်မိသည်..။

..........

မရေးတက်ပဲဝါသနာအရရေးသူမို့
အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာရေးမကောင်းတာသိပေမဲ့
မနေနိုင်လို့ရေးမိနေတုန်းပါပဲ💔😭💪📖
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖

Love u all ❤

Continue Reading

You'll Also Like

65.3K 1.3K 63
အံဥဿထူး နဲ့ စန္ဒာကူးမေ ရဲ့ အလောင်လေးပါ ။
350K 18.4K 40
My priority /property/privacy
16.4K 251 39
အနှိမ်ခံဘ၀​​လေးမှာ အားကိုးစရာဆိုလို့ အ​မေနဲ့​မောင်​လေးပဲရှိတဲ့ သူမဘ၀ထဲကို '၀သုန်​မြေ'ဆိုတဲ့ သူမ​ပျော်ရွှင်ဖို့အတွက်ဆို သူ့ဘ၀နဲ့​တောင်လဲပြီး ဂရုစိုက်​...
10.2K 270 32
❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာ န...