Part 13

2.4K 100 0
                                    

မ အတွက်
အပိုင်း (၁၃)
#မအတွက်စပိုက်ကာ

“ယာယာ…ကြွလာပါပြီ..”
“အဲဒါ ဘာတွေ ဖြစ်နေရတာလည်း..”
“ဟန်နီးမွန်းခရီးက ပြန်လာလို့  ဂုဏ်ပြု ညစာပွဲလေ…”
“ဟား..ဟား..”
အောင်အောင်တို့က ဖုန်းဆက်ချိန်းလို့ လက်ဖက်ရည်ဆိုင်ရောက်လာရသည်..။
ယာ ခုံ ဆွဲထိုင်လိုက်ပြီး..ဖုန်းထုတ်ကြည့်လိုက်သည်..
၇ နာရီ ဆိုတော့ ၂နာရီလောက်တော့ အချိန်ရပါသေးတယ်…။
“ယာယာ ဘယ်လိုလည်း အတွေ့ အကြုံလေး..”
“ဘာလည်း..”
“တားတို့ကခေးဆိုတော့..ဆရာ သင်ပြပေးပါညော်..”
“ဟား..ဟား..တော်ပါတော့ကွာ..အန်ချင်လာပြီ…”
အောင်အောင်နဲ့ နန္ဒရဲ့ အနားကပ်လာတဲ့ မျက်နှာကို  ယာ လက်နှစ်ဖက်နဲ့ ပြန်တွန်းထားရသည်….။
“ပြောစမ်း..မမ နဲ့ မင်း ဇာတ်ကြောင်းလေး..တစ်လုံးမကျန်နော်…”
“မပြောချင်ဘူးကွာ..”
“သတ်မှာ..”အောင်အောင်က လည်ပင်းညစ်ဖို့ လုပ်တော့..ယာ လက်ကာ ထားပြီး..
“အေး..ပြောမယ်..ပြန်ထိုင် ငြိမ်ငြိမ် နားထောင်..”
“ဟုတ်..”
“ဟား..ဟား..”
“မေ နေမကောင်းလို့ သွားတာပါ..”
“သိတယ်လေ..၁၀ ရက်စလုံး..မေ က နေမကောင်းတာလား..”
“ဘယ်ဟုတ်မလည်း..”
“အဲဒါ…”:
“၅ရက် က မေ ၅ရက် က မမ..”
“ဟေ…”
အောင်အောင်က  ပါးစပ်အဟောင်းသား ဖြစ်သွားတော့ ယာ အော်ရယ်မိသည်..။
“ဒါဆို မင်းက မမ ကို ကိုယ်ဖိရင်ဖိ ပြုစုခဲ့တယ် ဆိုပါတော့ ဟေးဟေး..”
နန္ဒက ၀င်ပြောပြန်ပြီ..ရစ်နေကြမှာ လိုရင်း မရောက်မချင်း……
“မမ နဲ့ တစ်ည ပဲ အိပ်တာ ဒါတောင် ချမ်းလို့ ၀င်တိုးပြီး အိပ်တာနော်.ငါ မိုးလင်းမှ သိတာ..”
“မင်းက ဟို ..ဟာ.မင်း မဘာရသေးဘူးလား..’
“ဟား..ဟား…မမ အနားတောင်မကပ်ပါဘူးဆို..”
“မင်းကလည်းကွာ..မိန်းမယူပြီး ဘာလည်း အရင်အတိုင်း မင်း အကြိုအပို့ လုပ် အဖိုးကြီး အလုပ်တွေကူ..ကျွတ်..မဟုတ်သေးပါဘူး..ယောင်္ကျား တစ်ယောက်အဖြစ်နေစမ်းပါကွာ..မသိရင်..ပိုက်ဆံ ကြောင့်ခေါင်းငုံ့နေတာကျနေတာပဲ..မင်းရတာ တစ်ပြားနှစ်ပဲ..ကို ဘာလို့ ဒီလောက် အောက်ကြို့နေတာလည်းကွာ..”
နန္ဒက သူစဉ်းစားမိသလောက်၀င်ပြောနေတာ ဖြစ်ပေမဲ့ တကယ်လည်း ယာ က ဒီလို ဖြစ်နေတာပါ…တစ်ခါတစ်လေ မမ ကို ယာရဲ့ မိန်းမဆိုတာ မေ့နေတက်သည်.။
“ဟုတ်တယ်..ယောင်္ကျားပဲကွာ ကြမ်းရမ်းပလိုက်..တစ်ခါပဲ နောက်ဆို အော်တို နေရာရသွားမှာ..မင်း မမ က ကြမ်းမှ မင်းကို လူလို့ ထင်မှာနော်…”အောင်အောင်ကလည်း အကြံ ဆိုးတွေ ၀င်ပေးနေပြန်ပြီ…။
“ဟုတ်တယ်..ယာယာ..သူမျက်လုံးထဲမှာ မင်းက ငယ်နိုင်ဖြစ်နေပြီ..ဒီ အစွဲကျွတ်ဖို့တောင် မင်းတော်တော် လုပ်ရမှာ..အခု မင်းက အရင်ကထက် လျော့နေတော့..မဟုတ်သေးပါဘူးကွာ..ကြမ်းသာကြမ်းပြိုက်..ခင်ဗျား စကားနားမထောင်နိုင်တော့ဘူးလို့.. ပြောပလိုက်..”
“မပြောရဲပါဘူး..”ယာ ၀န်ခံပြီး.ရှေ့က တစ်ရှုးဘူးကို လက်နဲ့ခေါက်ရင်း ငေးနေမိသည်..။
“တွေ့လား..ပြောသားပဲ ငယ်နိုင်ဖြစ်နေပါပြီဆို..မိန်းမကို ကြောက်နေရတာ ယောင်္ကျား မပီသ ဘူး မင်း စိတ်ထဲမှာ မမ အမိန့်ပေးရင် မလွန်ဆန်နိုင်ဘူး..အဲဒါ ငယ်နိုင်ပဲ..”
အောင်အောင်က အားမလို အားမရ ဖြစ်ပြီး ဆူပြော..ပြောနေသည်..။
“ကမ္ဘာပေါ်မှာ မိန်းမ ကို ကြောက်တဲ့ ယောင်္ကျား ဆိုတာ မရှိဘူးကွ..ယောင်္ကျားနဲ့ မိန်းမ ဘယ်လိုပဲ ဖြစ်ဖြစ် အင်အားမတူဘူး..
မိန်းမ ဆိုတာ ယောင်္ကျားကိုနိုင်ကို မနိုင်တာ ကမ္ဘာ့နိယာမ..
ငါလည်းတူတူ ပဲ..မင်းတို့စဉ်းစားလေ..မမ က မိန်းကလေးပဲ..ငါ တစ်ချက်ပွေ့ချီလိုက်ရင်  ဆွေ့ခနဲ့ ပါလာရမှာ..ဒါကို ငါက ကြောက်နေတာ ဟုတ်ပါ့မလား..
ဒါပေမဲ့ တကယ်ကြောက်တာ…ဟီး…”
“မတာလေး..ဟုတ်သလိုလို နဲ့..ကမ္ဘာချီပြောပြီး..ကြောက်တာ က ကြောက်တာပဲ..” အောင်အောင်ပြောရင်း ဒေါသထွက်နေသည်..။
“မဟုတ်ပါဘူး..မမ ကို ချစ်တာ..မမ စိတ်ဆိုးမှာ မခံစားနိုင်တာ..မမ မုန်းသွားမှာ တွေးကြောက်တာ..မမ က ထွက်သွားလို့ ပြောရင် ငါ ကမ္ဘာပျက်မှာ..မမ မရှိပဲ ငါ အသက်မရှင် နိုင်ဘူး..အောင်အောင်..”
“ဟင်..”
အောင်အောင်နဲ့ နန္ဒ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တိတ်ကျသွားသည်…။
“မင်း ပြောတော့ မခံစားရဘူး…အစ်မ တစ်ယောက်လိုပဲ ဆို..”နန္ဒက မေးတော့..
ငိုချင်ရက် လက်တို့ မမေးခင်ကတည်း က ရင်ဖွင့် ချင်လို့ လူရှာနေတာ..။
“မမ ကို ချစ်မိတာ စတွေ့ကတည်းက..”
“ဟေ…”
“ဟုတ်တယ်..မမ ကို အောင်အောင်စလို့ စိတ်ဆိုးသွားတာ..ငါ တစ်ည လုံး အိပ်မရဘူး.. မမ ကို တောင်း ပန်  ဖို့ သွားရင်းက ပွဲရုံလိုက်သွားဖြစ်တယ်..အိမ်ပြန်တော့ ဆူခံနေရလို့ ငါ ကို ဒရီုင်ဘာလို့ ညာလိုက်တာ..ငါ ငြင်းရင် ရပေမဲ့ မမ တစ်ယောက်တည်းသွားလာနေတာ စိတ်မချလို့ လက်ခံလိုက်တာ..အလုပ်ကိစ္စလည်း..မမ ကြောင့် ၀င်လုပ်နေရတာ..မမ ကို လက်ထပ်ဖို့ လက်ခံတာကလည်း..ဟား..ဟား…ငါက ချစ်မိတဲ့ သူကိုး....ဒီလို အခွင့် အရေးက ငါ့ အတွက်..အထူး....”ယာ မှိုရတဲ့ မျက်နှာနဲ့ပြုံးစိစိ လုပ်နေတော့ နန္ဒ ခေါင်းခါမိသည်…ဒါလား..အချစ်တဲ့လားကွာ..မင်းပဲပြော…ယာယာ
“မင်း အဲဒါများကွာ..မယူ ခင်ကတည်းက ဖွင့်ပြောသင့်တယ်..မင်းနဲ့ အချိန်တွေအများကြီး အခွင့်အရေးတွေ အများကြီး ရှိတာကို မင်းကိုက အသုံးမကျတာလေ..”
“ငါပြောခဲ့တယ်လေ..မမ ကလည်း ငါကိုချစ်တယ်တဲ့..”
“ဘယ်လို..ဒါဆို မင်းတို့က..လွဲနေပါပြီ..”အောင်အောင်က ခေါင်းခါရင်း လက်ဖက်ရည်ခွက်ကို ယူသည်..။
“ငါ ကို လက်မထပ်ခင် က မမ မေးတယ်.. ချစ်လားတဲ.ချစ်တာပေါ့လို့ ဖြေတော့ မမ လည်း ချစ်တယ်တဲ့..ပြီးတော့ လက်ထပ်မလားလို့ မေးတာ..ငါ ရင်တွေခုန်နေတာကွာ..ည မှ သေချာပြန်တွေးကြည့်တော့ မမ ချစ်တယ်ပြောတာ အဖြူရောင် အချစ်ကို ပြောမှန်းသဘောပေါက်တော့တယ်..”
“သေပါတော့ကွာ…”
“အေးလေ…”
“မမက မင်းကို မောင်လေးတစ်ယောက်လို ဖြစ်နေတာ..”
“အေး..ငါကတော့ ငယ်ငယ်ကတည်းက မရိုးသားဘူးကွ..”
“မင်းတို့က ငယ်ငယ် ကတည်းက သိနေတာလား..”
“..ငါ ငယ်ငယ် က မမ တို့ အိမ်မှာ လာနေဖူးတယ်..၁လနီးပါးလောက်နေရတာ…” ယာ အတိတ်အကြောင်းပြောရတော့ နှလုံးသားက နွေးလာသလိုလို ရှိသည်..။
“..အစက သူ မင်းကိုချိုးနေတယ်ထင်တာ..ဒါပေမဲ့ မင်းကို ပြောဆိုနေပုံက တကယ့် အရင်းအချာလိုပဲ..”အောင်အောင်က သူ အထင်လွဲ ခဲ့တာတွေ သဘောပေါက်သွားသည်..။
“မမ ကို ဘယ်အချိန်ကတည်းက စိတ်၀င်စားခဲ့တာလည်း....”နန္ဒကောက်မေးလိုက်တော့ ယာ ပြုံးမိသည်…မဖြေချင်ပါ..ဒါပေမဲ့ ကြွားချင်ပါသေးသည်..။
“မမ ကို နမ်းမိကတည်းကလေ..”
“ဘာ…”
“ဟီး..မမက အရမ်းလှနေတာကိုး..ငါလည်း အရုပ်ကလေးနဲ့ တူတာနဲ့..”
“ယာယာ..မင်းကတော့ စံပဲကွာ.အစ အဆုံးပြောစမ်း...”
“ဝါသနာ ကြီးလိုက်တာကွာ..”
“ပြောမှသာပြောစမ်းပါ..”
“ငယ်ငယ် တုန်းကပါ ကွာ..မမ နဲ့ ငါ အပေါ်ထပ်က မမ အခန်းထဲ မှာ နှစ်ယောက်တည်း.. မမ က အလှပြင်တာ အရမ်းဝါသနာ ပါတာ..အားတာနဲ့ သူ့ မျက်နှာကို အမျိုးမျိုးပြင်ကြည့်နေတာ..ငါ့က ကုတင်ဘေးမှာ မမ ကျောင်းစာအုပ်တွေကို စီပေးနေတာ..မမ က မျက်လုံး အပြာနဲ့ ဖြစ်သွားတာ.. မျက်ကပ်မှန် ဆိုတာ ငါ မသိဘူးလေ..ငါ့မျက်လုံးထဲ မမ က အရုပ်မလေး ဖြစ်သွားတာ…ဘယ်လို ထသွားပြီး ဘယ်လို ဖြစ်သွားမှန်းတောင် မသိဘူး..ပါးကိုနမ်းမိတာပါကွာ..မမ အရမ်းစိတ်ဆိုးတာ..ငါ့ကို မောင်းထုတ်တာ..ညနေ တစ်ခေါက် အခန်းထဲ သွားခေါ်တော့လည်း အရုပ်တွေနဲ့ကောက်ပေါက်တာ..ငါမှာ ငိုလိုက်ရတာမပြောပါနဲ့တော့…အဲကတည်းက မမ ငါကို စိတ်ဆိုးမှာ ကြောက်တက်သွားတာပဲ..”
ယာ ပြောနေရင်း ရင်ခုန်နှုန်းမြန်လာရသည်..။
“ဟား..ဟား..ကောင်းတယ် နည်းသေးတယ်..ပါးရှစ်စိတ်ကွဲအောင်ရိုက်ရမှာ…”
“မသာရဲ့..”
“ခုပြောနေတာပါ စတွေ့တုန်းက မင်း မှတ်တောင်မမှတ်မိဘူးလေ..”အောင်အောင်က ၀င်ထောက်သည်..။
“အေး..ဒါပေမဲ့ မမ က ငါ ကိုမှတ်မိတော့ ..ငါ အတွက် အမှတ်ပို တွက်လိုက်မိတာ..အခုတော့ မောင်လေး က မောင်လေး ပါပဲကွာ..”
“ဟား..ဟား..အပိုင်ကွ..”အောင်အောင်၇ယ်တော့ ယာ လည်း အရှက်ပြေလိုက်ရယ်မိသည်..။
“မမ နဲ့ မဖြစ်နိုင်ဘူးလို့ ခဏခဏတွေးမိတယ်...တစ်ခြားကောင်မလေးတွေ ကို ချစ်ကြည့်ဖို့ ကြိုးစားခဲ့ဖူးတယ်..ဒါပေမဲ့ မရပါဘူး..”
“ဟား..ဟား…ဒါဆို မင်း မမ နဲ့ သွားလာနီးကပ်နေတာ…ဟား..ဟား…ယာယာ နှလုံးရောဂါနဲ့ မသေတာ မင်းကံကောင်းတာပဲကွာ..”
“ဟုတ်တယ်..အရမ်းပင်ပန်းတယ်..မမ က ဖြူစင်တာသိလေ..ငါက အပြစ်ရှိသလို ခံစားရလေ..ပဲ လက်ထပ်ပြီးတော့ ဖွင့်ပြောရမလားမှတ်တယ်..ပါပါ က ငါ့ ကို အလုပ်ကိစ္စပါ လွဲလိုက်တော့ မမ က လုံး၀ မကြည်တော့ဘူးကွာ..တကယ့် သူစိမ်းလိုပဲ ပြောဆိုဆက်ဆံနေတာ..ငါ မခံစားနိုင်ဘူး....”
နန္ဒက ခေါင်းခါရင်း..
“မင်းတော့ ဒုက္ခပဲ..မစားကောင်းတဲ့ အသီး စားမိပြီ..”
“ယောင်္ကျားတစ်ယောက် ချစ်မိရင် ပိုစွန့်ရတယ်ကွ… သတ္တိ တင်မကဘူး..ဒေါသ၊ မာန နဲ့ တစ်ခါတစ်လေ..အရှက်သိက္ခာကပါ အစစ်ပါလိုက်သေးတယ်…
ဒါတွေ အားလုံး မ အတွက်ငါ  စွန့် လွှတ်ထားရတယ်..”
“မင်း..မမ ကို ဖွင့်ပြောလိုက်ကွာ..” ယာ ခေါင်းခါ မိသည်..
“ငါ ပြောခဲ့ဖူးပါတယ်..အခုလည်း ပြောနေတာပဲ.ဒါပေမဲ့ မမ ဆီကတော့ ဘာတုန့်ပြန်မှုမှ ပြန်မလာဘူး....”
“သံယောဇဉ် ဖြစ်နေတာလား..အချစ်လား မဝေခွဲတက်တာပါကွာ..သူ့ စိတ်ထဲမှာလည်း မင်း ရှိပါတယ်..”
“မင်းက ဘယ်လို သိလည်း..”
“ငါ သိတာ မသေချာဘူး..ဒါပေမဲ့ သေချာအောင်တော့ လုပ်လို့ရတယ်..”အောင်အေအာင်က မျက်ခုံးပင့်ပြီးပြောတော့..ယာ အလောတကြီး သိချင်လာမိသည်..။
“ဘယ်လို လုပ်မလည်း..”
“သ၀န်တိုတာ နဲ့ အချစ်က တိုက်ရိုက် အချိုးကျတာကွ..မင်းလို ကလေးက ဘယ်သိမလည်း..ထားလိုက်..ငါ့ ကို ဆရာတင်လိုက်..”အောင်အောင် က ဆရာ ဖြစ်ပြန်ပြီ..။
“အော်…ပီတာ..က မင်းကို ဖိတ်စာပေးလိုက်တယ်..မမ ပါ ခေါ်လာပေါ့ကွာ.တူတူသွားလာနေတော့ အကြင်နာပိုတာပေါ့..ဟေး..ဟေး..”
ယာ လက်ထဲ ရောက်လာသည့် ပီတာ ဖိတ်စာကိုကြည့်ရင်း မမ ကို ဘယ်လို ခေါ်ရမလည်း သက်ပြင်းချ မိသည်..။
.
ယာ အိမ် ပြန်ရောက်တော့ မမ စိတ်ပူနေမယ် ထင်ထားပေမဲ့ ..မမ က စာရင်း လုပ်နေသည်..။
“မ..ယာ  ပြန်ရောက်ပြီ..”
“အင်း..” မျက်လုံးပင့် မကြည့်ပဲ..အင်းတစ်လုံးပြောပြီး အလုပ်ဆက်လုပ်နေသည်…
ယာ အခန်းထဲ ၀င်ပြီး..အ၀တ်လဲခါ..ထမင်းစားဖို့ အောက်ထပ် ပြန်ဆင်းသွားလိုက်တော့
ဒေါ်လှရော မေဖူး ရော မရှိတာနဲ့..ကိုယ်တိုင်ပဲ..ထမင်းပန်းကန်ထဲ ဟင်းထမင်းပုံပြီး ထိုင်စားလိုက်သည်…။
“ဟင်..ကောင်လေး..ထမင်းစားနေတာလား..”
“ဟုတ်..ပါပါ မအိပ်သေးဘူးလား…”
“အေး..ဖုန်းစောင့်နေတာ..မင်း..ဘာတွေ နဲ့ စားနေတာလည်း..” ပါပါ က ယာ ပန်းကန်ထဲ ငုံကြည့်ပြီးမေးခွန်းထုတ်လိုက်တော့..
“အချဉ်ဟင်း..တွေ့တာနဲ့အဲဒါ ထည့် စား..အဟွတ်..”
“ဟာ..ရေ..သောက်အုံး ယာယာ.”
ယာ ခုံက ထပြီး ရေသွားခပ်တော့ စားနေလက်စမို့ အဆင်မပြေ ချောင်းဆိုးရင်း..လက်ပြေးဆေးလိုက်ပြီးမှ ရေခပ်သောက်ရသည်..။
“အဟမ်း…အဟင်း..ဟို..ပါပါ မနက်ဖြန် ကြက်သွန် ကိစ္စ ပြောထားပြီးသား..ပါပါ ဖုန်းနံပါတ်လည်း..ပေးထား..”
ပြောနေတုန်း ပါပါ က လက်ပြတော့ ယာ ရပ်လိုက်ရသည်..။
“မင်းလုပ်လည်း ပြီးတာပဲ..ကိစ္စ မရှိဘူး..ထမင်းအေးဆေး စား…”
“ဟုတ်ကဲ့..” ယာ ခုံပေါ်ပြန်ထိုင်လိုက်တော့ ပါပါ က ပြန်ထွက်သွားသည်.။
သမီးဖြစ်သူက ခုံပေါ်မှာ စာရွက်တွေနဲ့ အလုပ် အပိုရှာနေချိန် သားမက်က မီးဖိုခန်းမှာ ထမင်းစားရင်း ရေပြေးခပ် သောက်ရတာ…
ငါ့သမီးတော်တယ်ကွ လို့ လက်ခမောင်းမခတ်ချင်ပါ…။
“နှင်း..အဲတာ ဘာလုပ်နေတာလည်း..”
“စာရင်းစစ်နေတာ ပါပါ”
“ဘာလို့စစ်နေတာလည်း..ယာယာ စစ်ပြီးသားတွေလေ..”
“နှင်း ပြန်စစ်နေကျပါ..ပါပါရဲ့..”
“မလိုဘူးလေ..ယာယာ က စိတ်ချရတယ်..”
“အွန့် ပါပါ ပဲ စိတ်ချလေ..ဒါ နှင်း စာရင်းတွေ ..”
“နှင်းစာရင်းလို့ ပြောနေတာ..နှင်း ပိုက်ဆံ တစ်ကျပ်တောင်မပါဘူးနော်..”
“ဟင်..ပါပါ..ဘယ်လိုပြောလိုက်တာလည်း..” နှင်း လက်ထဲက စာရွက်တွေချပြီး မော့ကြည့်မိသည်..။
“ဟုတ်တယ်..နှင်းပိုက်ဆံတွေ ပါပါ ထုတ်ပေးပြီးသားလေ..အခုလုပ်နေတာ ပါပါ ပိုက်ဆံထုတ်ပေးပြီး..ယာယာ နဲ့ ရှယ်လုပ်နေတာ..ယာယာ က နှင်း ဘဏ်အကောင့်ပဲပေးထားလို့ နှင်း အကောင့်ထဲ လွဲနေကြတာ…”
ယာလေး အဲလို လုပ်နေတာလား..နှင်းမသိခဲ့ပါ..သိရင်လည်း ခွင့်ပြုမှာ မဟုတ်ပါ
“ဟွန့် ပါပါ လိမ်နေတာမလား..ယာလေးမှာ ဒီလောက် ပိုက်ဆံ ဘယ်မှာ ရှိမလည်း..”
“ရှိတာပေါ့..ပါပါ ဆီက ယူပြီး လုပ်ပေမဲ့ အခု အကုန်ပြန်ကျေသွားပြီ..သူတော်တော်လေး စီးပွားရေး အမြင်ရှိတယ်..အဲတော့ နှင်း အခုလို အပိုတွေ မလုပ်နဲ့”
ဒါဆို ယာလေးက နှင်းထက် စီးပွားရေးတော်နေတာလား..
“နှင်းက ဒီတိုင်း အလုပ်လုပ်ချင်လို့ စစ်ပေးနေတာ..”
“မလိုဘူးလေ..နှင်း လုပ်နေတဲ့ ပုံက ယာယာ ကို မယုံလို့ စစ်နေတဲ့ ပုံဖြစ်နေမယ်..နားလည်မှု လွဲ သွားရင် ပါပါ က လူကြီး တစ်ယောက်အနေနဲ့ မကောင်းဘူး..မစစ်နဲ့..”
နှင်း စိတ်ထဲ ဒေါသထွက်သလို ၀မ်းနည်း စိတ်မကောင်းဖြစ်ပြီးလည်း ငိုချင်လာသည်..။
“မစစ်ဘူး…ဘယ်တော့မှ မစစ်ဘူး..” ခုံပေါ်က ထလိုက်တော့..
“နေအုံး..ယာယာ ထမင်းစားနေတယ်..သွား လိုတာ လုပ်ပေးလိုက်…”
“.ဒေါ်လှတို့ မေဖူးတို့.လုပ်မှာပေါ့..”
“သူတို့ မရှိဘူး..နှင်းသွားလုပ်ပေးလိုက်..”
“အင်း..” နှင်းပြောပြီး မီးဖိုခန်းလျှောက်လာသလိုနဲ့ လှေကားပေါ်တက်ပြေးလာလိုက်သည်..။
“နှင်း…”
“အိပ်ချင်နေလို့..”
“ကျွတ် ခက်နေပါပြီ..”
ကိုယ်က တစ်သက်လုံး အလိုလိုက်လာမိလို့ ယောင်္ကျားရမှ လူကြီးဆန်လာမယ်ထင်ခဲ့တာ..
အခုတော့ သူ့ ယောင်္ကျားက အဖေ လုပ်သူထက် အလိုလိုက်နေတော့..
နှင်း တစ်ယောက် အရင်ထက် ပိုဆိုးလာတော့မှာ မြင်ယောင်ပါသေးတယ်..။
.
နှင်း အခန်းထဲရောက်တော့ ပါပါ ကိုလည်း မကျေနပ်..ယာလေးကို ပို အမြင်ကပ်သည်…။
ယာလေးက အခု နှင်းထက် နေရာရနေတာ စီးပွားရေးမှာ တော်နေတာ..အမှန်တကယ်ဆို မနာလို ဖြစ်နေမိသည်..။
နှင်း အကောင့်ထဲ ပိုက်ဆံတွေရောက်နေတာ..ပါပါ နာမည်နဲ့ လွဲတော့ နှင်း သုံးဖို့ ပေးတယ်ပဲ ထင်နေတာ..
အခုတော့ ဒင်းလေး ပိုက်ဆံတွေတဲ့…ရှက်ဖို့ကောင်းလိုက်တာ…
ပါပါ ကလည်း နှင်းပိုက်ဆံ တစ်ကျပ်မပါဘူးတဲ့ ထည့်ထားတာတွေ ပြန်ထုတ်ခိုင်းတာလည်း…ပါပါ ပဲ ..ပြီးတော့ နှင်းကို ဘေး ပို့နေတာ…သိတယ်..ဒါ ဘီဘီကြောင့်လေ…။
ယာလေး ကရော ဘယ်တွေ သဝေထိုးနေလို့ ဒီချိန်မှ ထမင်းစားနေရတာလည်း…။
စားချင်ရင်လည်း ြမြန်မြန်စားမြန်မြန်တက်..မဟုတ်လည်း..အခန်းထဲ ယူလာစားပေါ့ အခုတော့ ပါပါတွေ့တာ နှင်း ကို ပဲ ဆူတယ်..
ဘာလို့ ထမင်း ခူးပြီးစောင့်ကျွေးရမှာလည်း.သူ့ဟာသူ စီးပွားရေးတော်တော် ဘီလီလျံနာ ဖြစ်ဖြစ် .နှင်းက  အမိန့်ပေးချင်လို့ ဒိလို ယောင်္ကျားကို ယူထားတာလေ..။
မဟုတ်လို့ကတော့…
“မ..မအိပ်သေးဘူး..”စိတ်ဆိုးနေတဲ့ အချိန်ဆို အနားရောက်လာပြီ…
“အင်း..”မမ ရဲ့ အလိုမကျတဲ့ မျက်နှာ ကို ယာ အလွတ်ရနေပြီ..
“မ ဘာဖြစ်လို့လည်း..စိတ်ဆိုးနေတာလား..ယာ နောက်ကျ လို့လား..”
“နောက်တစ်ခါ ထမင်းကို အချိန်နဲ့စားစမ်းပါ.”
မမ က ယာ အတွက် စိတ်ပူပြီး ပြောနေတာလား...
“နင်..တစ်ယောက်တည်း စားနေတာ ပါပါ မြင်သွားတော့ ငါ အပြောခံရတယ်..”
“အယ်..မ ကို ဘာလို့ ဆူရတာလည်း..”
“ထမင်းစားနေတာ စောင့် မပေးလို့တဲ့..”
“ဟာ..မလိုပါဘူး..ယာ စားတက်ပါတယ်..”
“အေး..အဲ ဒါ ပါပါ ကို နင်ကိုယ်တိုင်ပဲ ပြောလိုက်..”
ယာ စိတ်ထဲ ကြည်နူးမှုတွေ ပြတ်တောက်သွားသည်…။
လက်ထဲက ပါလာတဲ့ ဖိတ်စာကိုသတိရတော့..
“အော် မ..နောက်တစ်ပတ်..ပီတာ မင်္ဂလာဆောင်..အဲဒါ..မ..အားလားဟင်..”
“အားလည်း..မသွားချင်ပါဘူး..”
“ဟာ..ပီတာ က ယာတို့ တုန်းက အစအဆုံးကူညီပေးတာလေ..အခုမသွားလို့ မကောင်းပါဘူး..မရယ်..ညနေပိုင်း မ ဆိုင်လည်း ပိတ်ပြီလေ..လာခေါ်မယ်နော်..” ယာ တောင်းဆိုသောလေသံဖြင့် ပြောမိသည်..။
“အဲနေ့ရောက်မှပြောတော့..သွား..ရေချိုးအုံးမှာမလား..မြန်မြန်လုပ်..”
“အင်း..”ယာ ရေချိုးခန်းထဲ အမြန်၀င်လိုက်သည်..။
🎼ချစ်တယ် ချစ်တယ် ချစ်တယ်..
ပြောလိုက်ပါရစေကွာ.. ကလေးလေး အနား ရောက်ခဲ့တဲ့ အခိုက်မှာ..
လွမ်းတယ်..လွမ်း.တယ်..လွမ်းတယ်..
အမြဲ တမ်းလွမ်းနေမယ်
အခြေအနေ ပေးခဲ့ရင် နေ့တိုင်း တွေ့ချင်တယ်..🎼”
နှင်း ကုတင်ပေါ်လဲနေရင်းနဲ့..ယာလေး ရှပ် အကျီ င်္ အိတ် ထဲက ဖုန်းက မြည်လာသည်…
“ကျွတ်..သီချင်းသံကလည်း..အမြင်ကပ်စရာ…တော်တော်လေးကို ချစ်နေတာ ဘယ်က ကလေးကိုလည်း မသိဘူး..။
မကိုင်ပဲ ထားလိုက်လို့ တိတ်ကျသွားပေမဲ့..ထပ်မြည်လာတော့ သီချင်းသံကို မကြားချင်တာနဲ့…
“ဟလို…”
“ကိုကိုလား..”
“ဘယ်သူလည်းဟင်..”နှင်း ဖုန်းမှားနေတယ် အထင်နဲ့..ကောင်းကောင်းမွန်မွန် ပြန်ဖြေလိုက်သည်..။
“ကိုကို မိန်းမလား..”
“ဘယ်က ကိုကို လည်း..” နှင်း အသံမာသွားပေမဲ့ ပြန်မပြင်ချင်ပါ..။
“ခုပြောနေတာ မမ နှင်းမလား “
“ဟုတ်တယ်..”
“ကိုကို..ဘာလုပ်နေလည်း ဟင်..”
“ယာယာ လား..ရေချိုးနေတယ်..”
“ခ်ခ်..ချစ်ဖို့ကောင်းမှာပဲ..”
နှင်း မျက်ခုံးနှစ်ဖက်စုသွားသည်..ဘယ်လိုတောင်လား..မိန်းကလေးတစ်ယောက်ဖြစ်ပြီး..ပြောချင်တာပြောနေတာ..
နှင်းကိုလည်း သိတဲ့ပုံပါပဲ..ယာယာ ပြောထားလို့လား..
“သူပြီးရင် ပြန်ဆက်ခိုင်းလိုက်မယ်နော်..”
“မမ နဲ့ပြောချင်တာ..”
ရစ်နေတာလား..
“ကိုကို ကလေ..မမ ကိုကြောက်လို့..ဖွင့်မပြောပဲနေတာ..မီးတော့..ကိုကို ကို အရမ်းသနားတာပဲ..မမ က ကိုကို ကိုအရမ်းမနှိပ်စက်ပါနဲ့ မမ နဲ့ ပြိုင်မလုချင်လို့ပါနော်..မမ က ကိုကို ထက်အသက်အရမ်းကြီးတော့ သနားလို့ ဟီးဟီး..”
နှင်း ဖုန်းချပြီးတာတောင် နှလုံးတွေ ခုန်တာလျော့မသွား..ဒေါသကြောင့် လက်ကိုပါ ဆုပ်ထားမိသည်…။
မလု ပါဘူး မလုချင်လို့..လို့ ပြောခံရတိုင်း နှလုံးတွေ နာကျင် လွန်းလှသည်..။
ယောင်္ကျားတစ်ယောက်နဲ့ ပတ်သက်နေတဲ့ မိန်းမ နှစ်ယောက်အကြောင်းပါရင် ငယ်ငယ် ကတည်းက စင်ဒရဲလားပုံပြင်တောင် မကြိုက်ခဲ့..။
ကြောက်သောဘေး တည့်တည့်တိုးပြီး..ပါပါ ကနောက်တစ်ယောက်ကို ထပ်ချစ်သည်..။
ယာယာ နဲ့ ပတ်သက်လာပြန်တော့လည်း ရှုပ်လာတဲ့ဇယားတွေ..
လူကြည့်တော့ ကလေးလိုလို ခွေးလိုလိုနဲ့ တောက်….။
သူကြောင့် ချည်း အပြောခံနေရတာ နှစ်ခါ ရှိပြီ....ဒီလောက်ရှုပ်ချင်လည်း..အစကတည်းက ပြောပါတော့လား..လူရိုးလေးမို့ ပတ်သက်မိတာ..လက်ထဲရောက်မှ မြွေပွေးမှန်းသိတော့တယ်…။
.
ယာ ရေချိုးပြီးတော့..မမ ချထားတဲ့ မိတ်ကပ် ဘရှပ်တွေ ရေဆေးလိုက်သည်..။
မမ ဘရှပ်တွေ ရေဆေးဖို့ ရေတစ်ခါ စိမ်ထားရင် သုံးလေးရက် ကြာတက်သည်…မမ သတိရမှ ရေဆေးတော့  မကောင်းတော့ ဘူးဆိုပြီး  ပစ်ပြန်သည်..ပြီးရင် လိမ်းနေကျလို မကောင်းဘူးဆိုပြီး..စိတ်ညစ်နေတက်သည့်မမ..ယာတွေးရင်း ပြုံးမိပြီး ဘရှပ်တွေကို ဆပ်ပြာရည်သေချာ ခါပြီး ရေတစ်ခါ ပြန်ဆေး လိုက်သည်..။
အားလုံးပြီးတော့ စင်မှာ ထောင်ခဲ့ပြီး အပြင်ထွက်လာခဲ့သည်..
မမ က ကုတင်ဘေးမှာ ကျောခိုင်းရပ်နေတာ..
မအိပ်သေးဘူးလား..ပါပါ ဆူလို့ စိတ်ဆိုးနေတာ မလျော့သေးဘူးနဲ့ တူတယ်..
ယာ ရေချိုးခန်းထဲ ပြန်၀င်နေရင် ကောင်းမလားတွေးမိပေမဲ့..ဘီဒို တံခါးအသံကြောင့် မမ သိသွားပြီး..ဒီဘက်လှည့်လာသည်..။
“ယာယာ…’
မမ ရဲ့ ခက်ထန်လွန်းတဲ့ မျက်၀န်းတစ်စုံကြောင့် ယာ ကြောက်လန့်သွားသည်..
“ဟင်..မ..ဘာဖြစ်လို့လည်း...”ယာ စိုးရိမ် တကြီး မေးမိသည်..
“ဘာလို့လည်း ဟုတ်လား..နင် ..ငါ ကို ဘယ်လို မိန်းမ ထင်နေတာလည်း..”
“ဟာ..”ယာ မမ မေးလာတဲ့ မေးခွန်းကို ဖြေဖို့ အတွက်..ဘာဖြေရမှန်းမသိ..ပါပါ ဆူတယ် ဆိုပေမဲ့ ယာ ၀င်သွားတုန်းကတောင် အဲလောက်မဟုတ်ပါဘူး…။
“ပါပါ ဆူလို့လားဟင်..”မရဲတရဲ မေးမိပေမဲ့..
‘ဒီမှာ နားထောင်ကြည့်…” မမ လက်ထဲက လွင့်ပျံလာတာ ဖုန်းမှန်းသိလိုက်ချိန် ယာ ပြေးဖမ်းပေမဲ့ မမှီတော့ ဘီဒို စောင်းနဲ့ တိုက်ပြီး ပြုတ်ကျသွားသည်…
တစ်ခုခု များဖြစ်သွားပြီလား..ဒါ မမ ပေးထားတဲ့ဖုန်းလေး..
“တောက်..ရီကောတာ မြန်မြန် ဖွင့်ပြီး အခုနားထောင်စမ်း..”
ယာ ဖုန်းကို အမြန်ဖွင့်ပြီး နားထောင်လိုက်သည်..
“ဟင်..ဒါတွေက…”
“မပြောနဲ့ နင်ဟာနင် အပြင်မှာ ရှုပ်ချင်သလို ရှုပ် နေချင်သလိုနေ.ငါ စိတ်မ၀င်စားဘူး.ငါ ကို လာ မပတ်သက်စေနဲ့...”
“မဟုတ်ဘူး..မ..ဒါ ယာ..”
“မပြောနဲ့လို့ ပြောနေတာလေ…ပိတ်ထား..”
“မ..ယာ..”
“နင်နဲ့ ပတ်သက်တဲ့မိန်းကလေးတိုင်း မလုပါဘူး မလုချင်ဘူးနဲ့ ငါ့ မာန ကို လာထိခိုက်နေတာ..ငါ မခံနိုင်ဘူး..
မိန်းမတစ်ယောက်နဲ့ ပြိုင်လုရလောက်အောင်..နင့် တန်ဖိုးက မမြင့်ဘူး..
ငါ ယူထားတာ ရှင်ဘုရင်မဟုတ်ဘူး…မိဖုရား..လုပ်ရတာ မကြိုက်လို့ကို..ဒရိုင်ဘာကို .ယူထားတာ
..နင် နဲ့ ပတ်သက်တဲ့ သူတွေကိုလည်း သိအောင်ပြောထားလိုက်အုံး..”
နှင်းဆီနက် သမိုင်းမှာ ပြိုင် မှ ပိုင် မယ်ဆို စွန့် လိုက်မယ် အဲဒါ နင့် ခေါင်းထဲ မြဲမြဲ မှတ်ထား….”
“မ..မ…ယာ ပြောတာလည်း..နားထောင်ပေးပါအုံး…မရယ်…ဒါ..ယာ လည်း မသိဘူး..”
“မရှင်းပြနဲ့ နင်သိသင့်တဲ့ ငါ သဘောထားကို ပြောထားတာ..”
ယာ ကို တစ်ခွန်းမှ ပြောခွင့် မပေးပဲ ရက်စက်တဲ့ စကားလုံးတွေနဲ့ တိုးနှက်ပြီးနောက် မမ ကုတင်ပေါ်မှာ ကျောခိုင်းအိပ်လိုက်ပေမဲ့..ယာ ရင်ထဲမှာတော့…ပူပြင်းလောင်ကျွမ်းနေပါပြီ..
တန်ဖိုး မရှိတဲ့ ဒရိုင်ဘာ ယူထားတာတဲ့လား..မရယ်…။
တောက်…ဒီ မိန်းမ ဘယ်သူလည်း..
ယာ ဖုန်းယူပြီး ၀ရံတာ ထွက်လာလိုက်သည်..
“ဟလို…”
“ဟေ့ မင်း ဘယ်သူလည်း..” တစ်ဖက်က ၀င်လာတဲ့ အသံက ပျော့ပြောင်းပေမဲ့ ယာ မှာတော့ ဒေါသအငွေ့ထွက်နေရသည်..။
“..လေသံ ကြီးက မာလိုက်တာ..”
“မိန်းကလေးမို့ ငါ အခုလို ပြောနေတာနော်..”
“မင်း ဘယ်သူလည်း…ဘာလို့ ငါ့ကို နှောင့်ယှက်နေတာလည်း..အခုရပ်ပါ..မဟုတ်ရင်..မိန်းကလေးလည်း..နားမလည်ဘူးနော်..” ယာ အသံက ခက်တန်မာကျောနေမှာပါ..ဒါကို တစ်ဖက်က..
“အွန့်..ဟောက်မယ်ဆွာကြီးပဲ..သူ့ မမ ကို မနိုင်တိုင်း လူ များကို လာ မာန်မဲနေတာ..”
“မင်း ကို ငါ မသိဘူး..”
“မီးကတော့သိတယ်..”
“မီးရောရေရော နားမလည်ဘူး..နောက်တစ်ခါ အခုလို လုပ်ကြည့် ..”
“လုပ်တော့ ဘာဖြစ်..”ယာ ဒေါသပိုထွက်လာရသည်..။
“ငါ့ အကြောင်းသိမယ်..”အံကြိတ်ပြီး ကြုံးဝါးလိုက်ရင်း ဖုန်းချပစ်ဖို့ လုပ်တော့…။
“ဟိုးနေအုံး ဖုန်းမချနဲ့အုံးပြောစရာရှိလို့..”
ယာ နား က ခွါပြီးမှ ရပ်လိုက်မိတာ”ချစ်တယ်..”
”ဘာ..”ဘယ်လို မိန်းမလည်း..။

..........
စာက ဒီနေ့ တော်တော်ရှည်သွားတယ် 😥
မရေးတက်ပဲဝါသနာအရရေးသူမို့
အမှားပါရင် ခွင့်လွှတ်ပါ 😭🙏
ဝေဖန်ပေးကြပါ
စာရေးမကောင်းတာသိပေမဲ့
မနေနိုင်လို့ရေးမိနေတုန်းပါပဲ💔😭💪📖
ဖတ်ရှုသူအားလုံးကို
ကျေးဇူးအထူးထူး တင်ပါတယ် နော် 🙏💪❤📖
နည်းနည်း နောက်ကျသွားတယ်🙏

Love u all ❤

မအတွက်Where stories live. Discover now