If only time stopped at the m...

By clover9294

6.3K 488 27

If Only Time Stopped at the Moment We First Met [ Burmese Translation ] တကယ်လို့ အချိန်တွေက ငါတို့စတွေ့တဲ့ အခ... More

~ 1 ~
~ 2 ~
~ 3 ~
~ 5 ~
~ 6 ~
~ 7 ~
~ 8 ~
~ 9 ~
~ 10 ~
~ 11 ~
~ 12 ~

~ 4 ~

232 27 0
By clover9294


ကျွန်တော့်အသိစိတ်တွေ ဝေဝါးလာပြီး ကျွန်တော့်ကို တွန်းအားပေးနေတယ်။ သူ့ခန္ဓာကိုယ်ကို ဟိုနေရာ ထိလိုက် ဒီနေရာထိလိုက်နဲ့ ဗီဒီယိုထဲက လှုပ်ရှားမှုတွေလို လုပ်တယ်။ ကျွန်တော်လုပ်တာတွေက အရမ်းညံ့ခဲ့တယ်။ သူ့အသားအရေက အရမ်းနူးညံ့ပြီး ဖြူဖွေးနေတာ။ သူ့ကိုထိတွေ့ရတာ အရမ်းစိတ်ကျေနပ်စရာကောင်းတယ်။ ကျွန်တော် ဘာလုပ်မယ်ဆိုတာ သူ နည်းနည်း ခန့်မှန်းမိလာတယ်။ ဒေါသတွေ ရှက်စိတ်တွေ ရောထွေးနေတဲ့ သူမျက်နှာက အဲ့ထက် ပိုမနီနိုင်လောက်အောင် နီရဲနေပြီ။ သူ ကျွန်တော့်ကို ကန်ဖို့ ကြိုးစားတယ်။ သူ ခုခံတာက ကျွန်တော့်အတွက်တော့ ကလေးကစားစရာထက် မပိုဘူး။ သူက ကျွန်တော်နဲ့ယှဉ်ဖို့ မတတ်နိုင်ခဲ့ဘူး။

ကျွန်တော့်အသက်ရှူသံတွေ နှေးသထက်နှေးလာတယ်။ ကျွန်တော့်စိတ်ကိုဖြေဖို့ ဒါကို လက်တွေ့ဘဝမှာ လုပ်ကြည့်ချင်နေခဲ့တာ။ ကျွန်တော် ထပ်အချိန်မဆွဲနိုင်တော့ဘူး။ ကြမ်းကြမ်းတမ်းတမ်း သူ့ကိုယ်ထဲ တိုးဝင်လိုက်တယ်။ အမှန်တိုင်းပြောရရင် အဲ့အချိန်မှာ ဒါဟာ အရမ်းကို နာမှာပဲလို့ တွေးမိတယ်။ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့လက်တွေက အိပ်ရာခင်းစတွေကို ဆွဲဖြဲတော့မလို အတင်း ကုတ်တွယ်ထားတယ်။ သူ အရမ်းနာလို့ ထွက်လာတဲ့အသံကို ကြားပေမယ့် အဲ့ဒါက ကျွန်တော့်ဆန္ဒကို လောင်စာထည့်ပေးလိုက်သလိုပဲ။ ကျွန်တော့်ခန္ဓာကိုယ်အတွင်းပိုင်းက အရမ်းကောင်းတဲ့ခံစားမှုတွေ ရနေတယ်။ ကျွန်တော့် သူ့ဘက်က ခံစားချက်ကို လုံးဝ ထည့်မစဉ်းစားဘူး။ အဲ့ဒါထက် ကျွန်တော့်ကိုယ်ကျွန်တော်လဲ ထိန်းချုပ်လို့မရဘူး။ sexလို့ခေါ်တဲ့အရာကို ကျွန်တော့်ဘဝမှာ ဒါ ပထမဆုံး တွေ့ကြုံဖူးတာဖြစ်တဲ့အတွက် ကျွန်တော် မရပ်တန့်နိုင်ဘူး။ အားမရတာတစ်ခုက သူက ဗီဒီယိုထဲက ယောက်ျားတွေက အလိုက်သင့် တုံ့ပြန်မှုမပေးဘူး။ အစကနေအဆုံးထိ သူ့ဘဝက ဒီအပေါ် မူတည်နေသလို သူ လွတ်မြောက်အောင် ရုန်းကန်နေခဲ့တယ်။ ဒါပေမယ့်လဲ အဲ့ဒါကပဲ ကျွန်တော့်ကို မတူညီတဲ့ လှုံ့ဆော်မှုကိုပေးတယ်။ အဲ့ဒါကပဲ ကျွန်တော့်ရဲ့သာယာမှုတွေနဲ့ သူ့အပေါ်အနိုင်လိုချင်မှုတွေကို ပိုနက်ရှိုင်းစေခဲ့တယ်။

ကျွန်တော် အားတွေကုန်သွားတဲ့အထိ အချိန်တွေဘယ်လောက်ကြာသွားခဲ့လဲမသိဘူး။ ကျွန်တော် အိပ်ရာပေါ် လှဲချလိုက်ပြီး စကားတောင်မပြောနိုင်တော့ဘူး။ ကျွန်တော် မျက်လုံးတွေ မှိတ်လိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။

ကျွန်တော့်မျက်လုံးတွေ ဖွင့်လိုက်တဲ့အခါ နည်းနည်းဇဝေဇဝါ ဖြစ်သွားတယ်။ နံရံက နာရီကို လှမ်းကြည့်လိုက်တော့ ကျွန်တော် အိပ်ပျော်သွားတာ တစ်နာရီကျော်တောင် ကြာသွားပြီ။ အဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲ ဘာမှမရှိဘဲ ဟာလာဟင်းလင်းဖြစ်နေတယ်။ ကျွန်တော် ဘာတွေလုပ်ခဲ့လဲ မမှတ်မိဘူး။ အလျင်အမြန်ပဲ ကျွန်တော် သတိရသွားတယ် ဒါက မယုံကြည်နိုင်စရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် ဘေးကိုကြည့်လိုက်တော့ သူက ကျွန်တော့်ဘေးမှာ လှဲနေသေးတာကို မြင်လိုက်ရမှ ဒါတွေက အိမ်မက်တစ်ခုမဟုတ်ဘူးဆိုတာ ကျွန်တော်သိလိုက်ရတယ်။ သူ့မျက်လုံးတွေက မှိတ်ထားပေမယ့် သူ အိပ်ပျော်မနေဘူးဆိုတာ ကျွန်တော် သေချာပေါက်သိတယ်။ သူ့မျက်လုံးထဲက မျက်ရည်တွေက အဆက်မပြတ်စီးကျနေပြီး ခေါင်းအုံးမှာ စိုရွဲနေတယ်။

သူ ဘာလို့ တိတ်တိတ်လေး ထွက်မသွားတာလဲ ကျွန်တော် တွေးလိုက်တယ်။ ပြီးမှ သတိရတာက သူ့အဝတ်အစားတွေက အကုန် အချွတ်ခံထားရတယ်လေ။ သူ့ဗီဇအရ သူ ကျွန်တော့်အဝတ်တွေက ဝတ်ပြီး ပြန်မှာမဟုတ်ဘူး။ အထူးသဖြင့် သူ အခုလို အရမ်းနာနေတဲ့အခါမျိုးမှာ။ သူ့နှုတ်ခမ်းတွေက ဖြူဖျော့နေတယ်။ သူ လမ်းတောင်လျှောက်နိုင်ပါ့မလားလို့ ကျွန်တော်တွေးမိတယ်။

ရုတ်တရက် ကျွန်တော် အရမ်းထိတ်လန့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ဒီနေ့လည်ခင်းပြီးသွားရင် ကျွန်တော်တို့နှစ်ယောက်ရဲ့ကြားက ဆက်ဆံရေးလဲ ပြောင်းလဲသွားမယ်လို့တောင် ကျွန်တော်ခံစားရတယ်။ ဒါက male virgin complexရဲ့ အစိတ်အပိုင်းတွေက တစ်ခုလား?

ကျွန်တော် ဒါက ကစားနည်းတစ်ခုလား စနောက်တာတစ်ခုလား ဒါမှမဟုတ် ယောက်ျားလေးတွေကြားထဲက ရန်ဖြစ်တာပဲလား တွေးဖို့တောင် ခေါင်းတွေခြောက်လာတယ်။ ကျွန်တော့်နှလုံးသားက အရမ်းရှုပ်ထွေးနေပြီ။ ကျွန်တော့်ကိုယ်ကျွန်တော် ပစ်ပစ်နှစ်နှစ် ဆဲဆိုလိုက်တယ်။ ကျွန်တော့်စကားတွေနဲ့လုပ်ရပ်တွေကို စိတ်အေးအောင် ကြိုးစားလိုက်တယ်။ ကျွန်တော် အဝတ်အစားတွေ အရင်ဝတ်လိုက်ပြီး ကျွန်တော့်အဖေ ပို့ပေးထားတာ မကြာသေးတဲ့ အဝတ်အစားအသစ်တစ်စုံကို ထုတ်ပေးလိုက်တယ်။ ကျွန်တော်တို့အရပ်တွေက သိပ်မကွာတော့ သူ ဝတ်လို့ရလောက်တယ်။

ကျွန်တော် အဝတ်အစားတွေကို ကိုင်ထားပြီး ကုတင်ဘေးမှာ ရပ်ကာ အေးတိအေးစက်နဲ့ ပြောလိုက်တယ်။
" မင်း ငါ့ကို အရင် စော်ကားခဲ့တာ။ ဘယ်သူမှ ငါ့ကို စော်ကားတဲ့သူတိုင်း ကောင်းကောင်း အဆုံးမသတ်ဘူး။ ဒီတစ်ခါ မင်းကို လျှော့ပေးလိုက်တယ်။ ငါတို့ ညီတူမျှတူဖြစ်သွားပြီ။ ဒါပေမယ့် ငါသတိပေးလိုက်မယ်။ မင်း ဒီကိစ္စကို တခြားသူတွေဆီ လျှောက်ပြောမယ်ဆိုရင် သူတို့ မင်းကို ရူးနေတယ် ထင်ရင်ထင်... မဟုတ်လဲ မင်းကို လုံးဝ ယုံကြမှာမဟုတ်ဘူး။ မင်းနဲ့မင်းမိဘတွေပဲ အလှောင်ခံရမှာ။ ဓာတ်ပုံတွေရှိတာ မမေ့နဲ့။ အဆုံးသတ်မှာ နစ်နာရမယ့်သူက မင်းပဲ ဖြစ်လိမ့်မယ်။ "
သူက ဘာစကားမှမပြောသလို မျက်လုံးတွေကိုလဲ မဖွင့်ဘူး။ သူ့နှုတ်ခမ်းတွေကိုပဲ သွားရာတွေထင်တဲ့အထိ အားနဲ့ ဖိကိုက်ထားတယ်။ မျက်ရည်တွေက သူ့မျက်လုံးထဲကနေ စီးကျလာပြန်တယ်။

ကျွန်တော် ဘာမှထပ်မပြောတော့ဘူး။ ကျွန်တော် ရက်စက်တဲ့အရာတစ်ခုကို လုပ်ပြီးပြီဖြစ်တဲ့အတွက် ထပ်မလုပ်တော့ဘူး။ ကျွန်တော် စိတ်ထဲ ဘာမှမရှိတော့သလို ခံစားလိုက်ရပေမယ့် လုံးဝကြီးတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတရားစွဲမှာ ကျွန်တော်ကြောက်တယ်။

ကျွန်တော် စိတ်မပါလက်မပါနဲ့ သူ့ကို ထူပေးလိုက်ပြီး အကျီတွေဝတ်ဖို့ ကူပေးလိုက်တယ်။ သူ့နှုတ်ခမ်းတွေက ဖြူဖျော့နေတာ မြင်လိုက်ရပြီး သူ့ခန္ဓာကိုယ်က တုန်ယင်နေတယ်။ ဒါက တော်တော်လေး နာမှာပဲလို့ ကျွန်တော်တွေးလိုက်တယ်။ သူ့အပေါ် အားနာစိတ်လေး နည်းနည်းပေါ်လာမိတယ်။

ကျွန်တော့်လက်တွေက သူ့ကိုယ်ကို ထိလိုက်တဲ့အခါ သူကြောက်လွန်းလို့ တုန်သွားတယ်။ သူ့မျက်လုံးတွေကို ဖွင့်ပြီး ကြောက်ရွံ့မုန်းတီးတဲ့အကြည့်တွေနဲ့ ကျွန်တော့်ကို ကြည့်တယ်။ ဒါပေမယ့်လဲ ကျွန်တော့်လက်တွေက တွန်းဖယ်ဖို့ သူ့မှာ အားအင်မရှိခဲ့ဘူး။

ကျွန်တော် စိတ်မပါတော့ဘဲ အဝတ်တွေကို သူ့ကိုယ်ပေါ် ပစ်တင်ပေးလိုက်တယ်။
" မင်းဘာသာမင်းပဲ ဝတ်လိုက်တော့။ မင်း ငါ့အဝတ်တွေကို မဝတ်ချင်လဲ ရတယ်နော်။ ဒီမှာ နေ့တိုင်း နေ့တိုင်း နေပြီး ငါ့ကိုအဖော်ပြုပေးပေါ့"
ကျွန်တော် ရယ်စရာအနေနဲ့ပြောလိုက်တာ ဖြစ်ပေမယ့် ဒါက တကယ်သာဖြစ်လာရင် ကောင်းမှာပဲလို့ ကျွန်တော့်စိတ်အတွင်းပိုင်း တစ်နေရာက ဆုတောင်းနေမိတယ်။

သူ ကြိုးစားပြီး ထရပ်တယ်။ ခဏကြာ စိတ်လွတ်နေသလို ရပ်ကြည့်နေပြီး အဝတ်အစားတွေကို ကောက်ယူလိုက်တယ်။

ကျွန်တော် သူ ခက်ခက်ခဲခဲနဲ့ အဝတ်အစား ဝတ်နေတာကို ကြည့်နေတယ်။ လက်တစ်ဖက်ဝတ်ဖို့တောင် အတော် နှေးကွေးတယ်။ လူတစ်ယောက်က ဒီလောက်ထိ နှေးနှေးကွေးကွေးနဲ့ အဝတ်အစားဝတ်နေတာကို တစ်ခါမှ မမြင်ဖူးဘူး။ ဒါက ရီစရာကောင်းနေပေမယ့် တစ်ချိန်ထဲမှာပဲ သူ့ကို သနားမိတယ်။ သူ တုန်ယင်ပြီး ကြယ်သီးတပ်နေတာကို ကျွန်တော် ငေးကြည့်နေတယ်။ ဒါပေမယ့် အဆုံးမှာ သူ မတပ်နိုင်ဘူး။ ကျွန်တော် ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ဘဲ သူ့ကို ကူညီပေးလိုက်တယ်။ သူ ဒီတစ်ချိန်မှာတော့ မငြင်းတော့ဘူး။ ဒါပေမယ့် ကျွန်တော့်ကိုမကြည့်ဘဲ သူ့ခေါင်းကို တစ်ဖက်လှည့်ထားတယ်။ အဲ့ကြယ်သီးတွေက ထူးခြားတဲ့ဒီဇိုင်းတွေ။ ကျွန်နော် အချိန်အတော်ကြာ သူ့ရှေ့မှာရပ်ပြီး ကြိုးစားတပ်ပေးလိုက်ရတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်နေတယ်။ သူ့ခန္ဓာကိုယ်က ရနံ့က ကျွန်တော့်ကို မျက်နှာပူစေတယ်။ သူ့အသက်ရှူသံက ကျွန်တော့်လက်တွေကို တုန်ယင်စေတယ်။ ကြယ်သီးတွေကို ဒီထက်ပိုထူးဆန်းအောင် ဖန်တီးပေးဖို့ထက် ကျွန်တော် ဘာကိုမှ မလိုချင်တော့ဘူး။

အဆုံးမှာ သူအကျီဝတ်ပြီးသွားတယ်။ သူ ခက်ခက်ခဲခဲနဲ့ မတ်တပ်ရပ်နိုင်အောင် ကြိုးစားနေတယ်။ ကျွန်တော် သူ့ကို ခဏစောင့်ဖို့ပြောလိုက်တယ်။ အခန်းတံခါးကိုဖွင့်လိုက်ပြီိး သူ့ကိုအိမ်ပြန်ပို့ပေးဖို့ မြေအောက်ခန်းထဲက စက်ဘီးကို သွားထုတ်လိုက်တယ်။
ကျွန်တော် ပြန်လာတော့ သူက ထွက်သွားနှင့်ပြီ။ သူ သိပ်ဝေးဝေးမရောက်သေးဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါပေမယ့် သူ့ကို သွားရှာဖို့ ကျွန်တော် ရှက်တယ်။ ကျွန်တော် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ မလှုပ်မယှက် ထိုင်နေခဲ့တယ်။ ကျွန်တော်ဦးနှောက်တစ်ခုလုံး ဗလာဖြစ်နေတယ်။

ကျွန်တော် ကျောင်းကနေ ခွင့်ရက်အနည်းငယ်ယူခဲ့တယ်။ ကျွန်တော့်မှာ အဖျားတွေဘာတွေရှိနေတာလား ဒါမှမဟုတ် ကျွန်တော့်ခန္ဓာကိုယ်မှာ ဒဏ်ရာတွေများ ရှိနေတာလားလို့ အချိန်ယူ ကြိုးစား စဉ်းစားနေရတယ်။ အရှက်မရှိ ပြောရမယ်ဆိုရင်တော့... ကျွန်တော် လီကျန့်ယွင်ကို တွေ့ဖို့ကြောက်နေတာ။
ဝမ်ရှောင်းယုံနဲ့တခြားသူငယ်ချင်းတွေကို ကျွန်တော့်ကို လာမတွေ့ဖို့ ပြောထားတယ်။ ကျွန်တော် ဘာမှမရှိတဲ့ကမ္ဘာမှာ သွားပုန်းနေချင်တော့တယ်။

နောက်ဆုံးတော့ ကျွန်တော် အတန်းသွားဖို့ သတ္တိတွေရပြီ။ အတန်းထဲဝင်တော့ ကျွန်တော့်ခြေထောက်တွေ အားမရှိသလိုခံစားရတယ်။ ကျွန်တော့်ကိုယ်ကျွန်တေ် ကြိမ်ဆဲလိုက်တယ်။ ဝမ်ရှောင်းယုံက ခုထိ ကျောင်းကို မရောက်သေးဘူး။ သူ အတန်းနောက်ကျပြန်ပြီ။

Continue Reading

You'll Also Like

4M 254K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
739K 62.1K 33
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
9.8M 465K 109
An age gap love story. A brokenhearted billionaire. A college girl. ***** "Nevaeh," Aiden whispers, "can I rest my head on your shoulder?" I nod, l...
1.7M 102K 82
Nolan, an unapproachable guy who ignores the existence of all his schoolmates, sleeps in all of his classes. Normally, this wouldn't be Chelsea Arnol...