(Zawgyi)
ခုတေလာ Jimin စိတ္ထင္လို႔ပဲလားမသိ Yoonji ကိုၾကည့္ရတာ ေပ်ာ္ရႊင္ေနသလိုပင္... အရင္ကဆို အတန္းထဲမွာ မႈန္ကုတ္ကုတ္နဲ႔ထိုင္ေနတတ္တဲ့သူက အခုက်ေတာ့ စာလဲစိတ္ပါဝင္စားစြာနဲ႔ လိုက္လုပ္ေနတယ္... မ်က္ႏွာေလးကလဲ ၾကည္ၾကည္လင္လင္ေလးနဲ႔ပင္....
"Hey Yoonji...!!! ေန႔လည္စာအတူတူ သြားစားၾကမယ္ေနာ္"
ၾကားသားမိုးႀကိဳး... Yoonji ကို ေခ်လြန္းတယ္ဟူ၍ အျမင္မၾကည္ေသာ Taehyung က ထမင္းအတူစားဖို႔ အေဖာ္စပ္ေနသတဲ့...။
"အင္းေလ.. ေကာင္းသားပဲ.. ငါလဲတစ္ေယာက္တည္းျဖစ္ေနတာ"
ျငင္းလိမ့္မယ္လို႔ထင္ထားတဲ့ Yoonji ကလဲ အသာတၾကည္ပင္လက္ခံတယ္...။ ဘယ္တုန္းကမ်ား Min Yoonji တစ္ေယာက္ အေဖာ္မင္သြားလဲဆိုတာ Jimin မစဥ္းစားတတ္ေတာ့ပါ...။
၄ေယာက္သားအတူတူ canteen မွာ ထမင္းစားၾကရင္း သူ႕ပန္းကန္ထဲေရာက္လာတဲ့ အသားဖတ္ေၾကာင့္ Jimin ေမာ့ၾကည့္မိေတာ့ Yoonji ျဖစ္ေနတယ္...။ ထူးဆန္းေလစြ...။
"မ်ားမ်ားစားေနာ္... ငါအသားသိပ္မႀကိဳက္လို႔"
"အာ.. အင္း... ေက်းဇူးပါေနာ္"
ထူးဆန္းလြန္းတဲ့ Yoonji ေၾကာင့္ Taehyung မ်ားသိမလားဆိုတဲ့အေတြးနဲ႔ လွမ္းၾကည့္လိုက္ေပမယ့္ သူကကိုယ္တို႔ကိုျမင္ပံုမေပၚ...။ Jungkook နဲ႔သာ ၂ေယာက္သားခြံ႕မေကြၽး႐ံုတမယ္ ထမင္းစားေနၾကတယ္...။
"Jimin အခုခ်စ္သူရေနၿပီဆို"
"အာ.. ဟုတ္.. ဟုတ္တယ္"
သူ႕ကိုအေရးတယူလုပ္ၿပီးစကားလာေျပာတဲ့ Yoonji ေၾကာင့္ Jimin စကားေတြေတာင္ ထစ္ေငါ့ကုန္တယ္...။ အရင္ကေတာ့ ကိုယ္ကလိုက္ေျပာရင္ေတာင္ အဖက္မလုပ္သလို ခပ္ေခ်ေခ်နဲ႔ေနၿပီးေတာ့...။
"သူကငါနဲ႔႐ုပ္ခ်င္းတူတယ္ဆို... ငါ့ေလာက္ေရာေခ်ာလို႔လား..??"
အံ့ဩစိတ္ေၾကာင့္ Jimin ဖ်တ္ခနဲ Yoonji ကိုေမာ့ၾကည့္မိတယ္...။ ဆံပင္ကိုနားရြက္ၾကားမွာ အသာညႇပ္လိုက္ရင္း ေမးေထာက္ကာသူ႕ကိုၾကည့္ေနတဲ့ Yoonji ရဲ႕ပံုစံေလးက သိပ္လွၿပီး သိပ္ခ်စ္စရာေကာင္းလြန္းေနတယ္....။
သို႔ေသာ္ထူးဆန္းစြာပင္ Jimin ရဲ႕ရင္ခုန္သံေတြ တိတ္ဆိတ္လို႔ေနခဲ့တယ္...။ Suga Hyung နဲ႔က်မွ အခုန္ျမန္လာတဲ့ႏွလံုးသားက သူအရင္ကအရမ္းခ်စ္ခဲ့တဲ့ Yoonji နဲ႔ေတာင္ သစၥာမေဖာက္ေတာ့ေပ...။
"ေသခ်ာတာေပါ့... နင္ကပိုေခ်ာတာ"
စိတ္ေက်နပ္ေအာင္ Jimin ေျပာလိုက္ေတာ့ သူမ, ကၿပံဳးေလတယ္...။ Yoonji ရဲ႕ရွားပါးလြန္းေသာအၿပံဳး...။ ၾကည့္ေနရင္းနဲ႔ကို Suga Hyung နဲ႔ ပိုပိုတူလာတာ... Suga Hyung ကိုေတာင္ သတိရလာျပီ....။
"Yoonji နင္တကယ္ထူးဆန္းတယ္... အရင္ကေတာ့ ခပ္ေခ်ေခ်ေနၿပီး အခုက်ငါတို႔နဲ႔ ေဖာ္ေဖာ္ေရြေရြစကားျပန္ေျပာတယ္"
"အင္း... ငါေပ်ာ္လို႔ေလ... ကဲပါ.. ထမင္းစား... ၿပီးရင္အတန္းခ်ိန္ေတြရိွေနေသးတာကို"
Jimin လဲ ဆက္မေျပာေတာ့ပဲ ထမင္းကိုသာဆက္စားေနလိုက္တယ္...။ သူတို႔၂ေယာက္ကိုၾကည့္ျပီး ၿပံဳးေနတဲ့ Taehyung ကိုေတာ့ သတိမထားမိလိုက္ၾကပါ....။
Yoonji ေပ်ာ္ေနသလို Jimin လဲေပ်ာ္ပါတယ္...။ အနည္းဆံုးေတာ့ သူငယ္ခ်င္းေကာင္းတစ္ေယာက္ ထပ္တိုးလာတာပဲေလ....။ တစ္ေန႔ေန႔မွာေတာ့ Yoonji ကို Suga Hyung နဲ႔ မိတ္ဆက္ေပးမယ္လို႔ စဥ္းစားထားတယ္...။ သူတို႔အခ်င္းခ်င္းေတြ႕ၿပီး အံ့ဩသြားၾကမွာကို ျမင္ေယာင္ပါေသးတယ္....။
ေက်ာင္းဆင္းေတာ့ Yoonji က အိမ္ကလာႀကိဳတဲ့ကားနဲ႔ ျပန္လိုက္သြားသလို Jimin တို႔၃ေယာက္ကလဲ အားကစားကလပ္သို႔ ခ်ီတက္လာခဲ့လိုက္တယ္...။ Suga Hyung ကေတာ့ အၿမဲပဲႀကိဳေရာက္ေနက်...။
"ကိုယ့္ကေလး ေမာေနၿပီလား... ကိုယ္အေအးဝယ္ထားတယ္... ေသာက္လိုက္ဦးေနာ္"
ကိုယ့္အေပၚဂ႐ုစိုက္လြန္းတဲ့ ခ်စ္သူကိုရထားတဲ့အတြက္ Jimin ဂုဏ္ယူမိတယ္...။ တစ္ေန႔တစ္ျခားလဲ သူ႕ကိုပိုပိုၿပီး ခ်စ္လာသလိုပါပင္...။
"ဟာ Hyung က ဘက္လိုက္တယ္... ကြၽန္ေတာ္တို႔အတြက္က် မပါဘူးလား....??"
"Haha ပါပါတယ္ဗ်ာ... အဲလိုေျပာမယ္ဆိုတာ သိလြန္းလို႔ကို ႀကိဳဝယ္ထားၿပီးသား"
Suga Hyung က သူ႕ေနာက္မွာဖြက္ထားတဲ့ အေအးဘူးေတြကို ထုတ္ေပးလိုက္ေတာ့မွပဲ TaeKook ၂ေယာက္ မ်က္ႏွာေတြဝင္းပသြားၾကေလတယ္...။
ေန႔ရက္တိုင္းဟာ အဆင္ေျပေျပနဲ႔ပဲ ၿပီးဆံုးလို္႔ေနခဲ့တယ္...။ Jin Hyung တို႔ျပန္သြားၿပီလို႔လဲ သတင္းၾကားသလို ေက်ာင္းပိတ္ရက္မွာ Yoonji ကလဲ သူတို႔ဆီလိုက္လည္မယ္တဲ့ေလ...။ Jimin တို႔လဲ လိုက္ခ်င္မိေပမယ့္ အိမ္ကစိတ္မခ်တာကတစ္ေၾကာင္း သူတို႔ဝန္ပိုမွာစိုးတာကတစ္ေၾကာင္းေၾကာင့္ စကားမစျဖစ္ၾက...။
"သား... Jimin ဥကၠဌမင္ရဲ႕ေျမးမေလးနဲ႔ အေျခအေနဘယ္လိုလဲ...??"
မိဘေတြကေတာ့ Jimin အရင္က Yoonji ကို အသည္းအသန္သေဘာက်ေနတာမို႔ သတိတရနဲ႔ေမးရွာတယ္...။ ျပန္ေတြးၾကည့္မိေတာ့လဲ ရယ္စရာအေကာင္းသား...။ အဲဒီ့တုန္းက သူေတာ္ေတာ္ေလး Yoonji ေရာဂါတက္ခဲ့တာပဲ...။
"အခုေတာ့ သူငယ္ခ်င္းေတြလိုပါပဲ... ကြၽန္ေတာ္သူ႕အေပၚ ႐ိုးသားသြားပါၿပီ"
"အဆင္ေျပၾကရင္လဲ ၿပီးတာပါပဲ... ဒါနဲ႔ omma စိ္တ္ထင္အရ သားမွာတျခားခ်စ္ရမယ့္သူ ရိွေနၿပီမလား"
မိဘေတြမ်ား ကိုယ္ေမြးထားတဲ့သားသမီးအေၾကာင္းကို တယ္လဲသိသကိုး...။ Jimin လဲ ကြယ္ဝွက္မထားခ်င္တာေၾကာင့္ အေၾကာင္းစံုေျပာျပလိုက္တယ္....။
"အဲဒါဆိုသူကေယာက်ၤားေလးေပါ့... တြဲေနၾကၿပီးေတာ့ သူ႕နာမည္အရင္း.. ေနတဲ့ေနရာ.. အလုပ္အကိုင္.. ဘာမွမသိေသးဘူးလား...??"
Omma ရဲ႕ အေမးစကားကို Jimin ေခါင္းသာညိ္တ္ျပလိုက္တယ္...။ သူကလဲသူပဲေလ..။ ခုခ်ိန္ထိဘာမွမသိတာ မလြန္လြန္းဘူးလား...။ တစ္ေန႔မွာ အခ်ိန္နည္းနည္းေလးသာ ေတြ႕ခြင့္ရသည္မို႔ ခ်စ္ေၾကာင္းလြမ္းေၾကာင္းေတြသာ ေျပာျဖစ္ေနတယ္...။
"မိန္းမကလဲကြာ... ေယာက်ၤားေလးအခ်င္းခ်င္း သေဘာက်တာပဲ.. အဲ့ေလာက္ထိစိတ္ပူစရာမလိုပါဘူး"
Appa ကေတာ့ ခပ္ေအးေအးပင္...။
"ကြၽန္ေတာ္အခ်ိန္ရရင္ Omma တို႔နဲ႔ သူ႕ကိုေတြ႕ေပးပါ့မယ္... ေယာက်ၤားေလးခ်င္းျဖစ္ေနတာကို နားလည္ေပးတဲ့အတြက္လဲ ေက်းဇူးတင္ပါတယ္"
"ရပါတယ္ကြယ္.. Omma တို႔က သားစိတ္ခ်မ္းသာရင္ၿပီးတာပါပဲ"
နားလည္မႈရိွတဲ့မိဘေတြကိုရရိွထားတဲ့ Jimin ကေတာ့ သူ႕ကိုယ္သူကံေကာင္းေလစြလို႔ ေတြးေနမိတယ္...။ Suga Hyung ဘက္ကေရာ ဘယ္လိုေနမလဲလို႔ အေတြးေရာက္မိေတာ့ စိတ္ထဲေတာင္တစ္မ်ဳိးျဖစ္သြားရတယ္....။
ေနာက္ဆံုးေတာ့မေနႏိုင္တဲ့ကိုယ္ကပဲ သူ႕ဆီအရင္ဖုန္းဆက္လိုက္မိတယ္....။ တစ္ဖက္ကၾကားရတဲ့ Suga Hyung ရဲ႕အက္ရွရွအသံေလးက Jimin ရဲ႕ရင္ခုန္သံေတြကို ပိုမိုျမန္ဆန္ေစတယ္....။ ခ်စ္လိုက္တာ Hyung ရယ္...။
"Hyung ကိုလြမ္းလို႔"
"ကိုယ္လဲ ကေလးကိုလြမ္းေနတာ"
ခ်စ္သူသဘာဝ တီတီတာတာခ်စ္စကားေတြကိုေျပာရတာ ၾကည္ႏူးစရာေကာင္းလြန္းလွတယ္...။ Jimin တစ္ခုေတာ့ မေက်နပ္တာရိွတယ္...။ Suga Hyung က တစ္ခုခုကိုလ်ဳိ႕ဝွက္ထားသလိုႀကီး...။ ကိုယ့္ကိုခ်စ္မွန္းသိေနလို႔သာ ေတာ္႐ံုတန္႐ံုဆို ဘာမွမေျပာပဲ မသိခ်င္ေယာင္ေဆာင္ေနရတာ...။
"Hyung နဲ႔အတူတူ night out ထြက္ခ်င္တယ္"
Jimin ရဲ႕ေတာင္းဆိုခ်က္က Suga ကို ေခြၽးျပန္ေစတယ္...။ အိမ္မွာအဘြားရိွေနတာမို႔ ညဘက္ေတြအျပင္ထြက္ဖို႔က ဘယ္လိုမွမလြယ္တဲ့ကိစၥ...။ ၿပီးေတာ့ကိုယ္က တျခားလူေတြလိုမဟုတ္...။ အဝတ္အစားက ခ်ိန္းရေသးတယ္ေလ...။
"Hyung အိမ္က ညဘက္အျပင္ထြက္ခြင့္မေပးလို႔ပါ... ကိုယ္လဲကေလးနဲ႔အတူ ေလွ်ာက္လည္ခ်င္တာေပါ့"
တစ္ဖက္က Jimin ရဲ႕အသံတိတ္သြားတယ္...။ ကိုယ့္ခ်စ္သူကိုဒီေလာက္ေလးေတာင္ အလိုမလိုက္ႏိုင္တဲ့အတြက္ သူစိတ္မေကာင္းျဖစ္႐ံုမွတပါး ဘာမွမတတ္ႏိုင္ခဲ့...။
"ရပါတယ္ Hyung ရဲ႕... ေန႔ခင္းဘက္ေတြ ေလွ်ာက္လည္လို႔လဲရတာပဲကို... ဒါပဲေနာ္ Hyung... ကြၽန္ေတာ္အိပ္ခ်င္ေနျပီ... Good Night"
"အင္း... Good night ကေလး.. အရမ္းခ်စ္တယ္ေနာ္"
"ကြၽန္ေတာ္လဲခ်စ္တယ္"
Jimin ဖုန္းခ်သြားေတာ့မွ Yoongi သက္ျပင္းေမာတစ္ခ်က္ကို မႈတ္ထုတ္လိုက္မိတယ္...။ ဒီဟန္ေဆာင္မႈေတြကေန ဘယ္ေတာ့မ်ားမွအဆံုးသတ္ႏိုင္မလဲ... မျဖစ္ေသးပါဘူး...။ Taehyung တို႔နဲ႔ ေသခ်ာတိုင္ပင္ဦးမွပါ...။
"ေဒါက္... ေဒါက္...!!!!"
"Jiji ေရ... မအိပ္ေသးဘူးလား...??"
အျပင္ဘက္ကတံခါးေခါက္သံနဲ႔အတူ အဘြားရဲ႕လွမ္းေမးသံေၾကာင့္ အိပ္ယာေပၚမွာျဖစ္သလိုလွဲေနတဲ့ Yoongi အျမန္ထထိုင္ကာ ပ်က္ယြင္းေနတဲ့ သူ႕ပံုစံကိုျပန္ျပင္လိုက္ရတယ္...။
"ဟုတ္ကဲ့အဘြား... ဘာေျပာမလို႔လဲဟင္"
ပါးစပ္ကလဲေမးရင္း ကိုယ့္ကိုကိုယ္အဆင္ေျပတာ ေသခ်ာေတာ့မွ တံခါးကိုသြားဖြင့္လိုက္တယ္...။ အဘြားကေတာ့ အိမ္ေနရင္းဝတ္စံုေလးနဲ႔ သိပ္လွေနတဲ့ေျမးမေလးကို ခ်စ္စႏိုးနဲ႔ေငးၾကည့္လို႔ေပါ့...။
"ဘာရယ္မဟုတ္ပါဘူး... မနက္ျဖန္ညေနေလာက္ အဘြားတို႔အတူတူ အျပင္သြားမလားလို႔"
ညေနပိုင္းအခ်ိန္ေတြကို Jimin ဆီ ေပးထားၿပီးျဖစ္ေပမယ့္လဲ ကိုယ့္အဘြားက ေတာင္းဆို္လာေတာ့ Yoongi မျငင္းခ်င္ပါ...။ လူႀကီးမို႔အေဖာ္မဲ့ေနတဲ့စိတ္ကို သူနားလည္ပါတယ္...။ Jimin ကမွ သူငယ္ခ်င္းေတြရိွေသးတယ္ေလ...။
"အင္း... ေကာင္းသားပဲ... Jiji လဲ အဘြားနဲ႔အတူတူ အျပင္သြားခ်င္ေနတာ"
အဘြားရဲ႕မ်က္ႏွာက သိသိသာသာဝင္းပသြားတာေၾကာင့္ Yoongi ၾကည္ႏူးမိပါတယ္...။ Jimin ကိုေတာ့ မလာျဖစ္ေတာ့တဲ့အေၾကာင္း ေတာင္းပန္ရမွာပဲေလ...။
"အဘြားမွာခုလိုလိမၼာသိတတ္တဲ့ ေျမးမေလးတစ္ေယာက္ရိွတာ အဘြားေပ်ာ္လို႔မဆံုးဘူး"
"ကြၽန္ေတာ္.. အဲေလ.. Jiji ကလဲ အဘြားနဲ႔အတူေနရတာ အရမ္းေပ်ာ္ပါတယ္..."
အဘြားက သူ႕ရဲ႕ပါးျပင္ကို လက္နဲ႔ခပ္ဖြဖြကိုင္လာတယ္...။ ဒီႏွစ္ေတြမွာ အဘြားဘယ္ေလာက္ေတာင္ အထီးက်န္ခဲ့လိမ့္မလဲဆိုတာ ေတြးမိေတာ့ Yoongi စိတ္မေကာင္းမိ...။ ဒါေၾကာင့္ပဲ အဘြားေဘးမွာ တတ္ႏိုင္သမွ် အေဖာ္ျပဳေနေပးမိတာ....။
"ဒါဆိုေျမးေလးလဲအိပ္ေတာ့ေနာ္... အဘြားလဲမနက္ပိုင္း ကုမၼဏီကိုခဏသြားမယ္... ညေနက်မွ အဘြားေျမးေလးနဲ႔ အတူတူေလွ်ာက္လည္ၾကမယ္"
"ဟုတ္ကဲ့အဘြား... Good Night"
အဘြားရဲ႕ပါးကိုနမ္းကာႏႈတ္ဆက္လိုက္ေတာ့ အဘြားရဲ႕အၿပံဳးေတြ ပိုၿပီးအသက္ဝင္လာတယ္....။ အခန္းထဲကေန အဘြားျပန္ထြက္သြားၿပီးမွ Yoongi လဲ ဝတ္ထားတဲ့ဆံပင္တုကို ဆြဲခြၽတ္ပစ္လိုက္တယ္...။
"ဟူး... Jimin ေရ... ကိုယ္ေတာ့မင္းအေပၚမွာ ပ်က္ကြက္မႈေတြမ်ားလာၿပီထင္တယ္... ေျမးလိမၼာတစ္ေယာက္ ျဖစ္ခ်င္တာနဲ႔ပဲ ခ်စ္သူေကာင္းတစ္ေယာက္ မျဖစ္ႏိုင္ေတာ့ဘူးလား...??"
မေရရာတဲ့အနာဂတ္အတြက္ Yoongi စိတ္ေမာမိတယ္...။ တကယ္လို႔သာ Jimin အေၾကာင္းစံုကို သိသြားရင္ေတာ့ အဆင္ေျပေကာင္းပါရဲ႕....။ ထိုသို႔သိေစဖို႔အတြက္လဲ ဘယ္ကေနစၿပီး ရွင္းျပရမလဲ...။ Taehyung တို႔ကိုပဲ အကူအညီေတာင္းရေတာ့မယ္ထင္တယ္...။
~•~•~•~•~•~•~•~•~•~•~
"Suga Hyung က ငါ့ကိုတကယ္ခ်စ္တယ္လို႔ မင္းတို႔ထင္ၾကလား...??"
Jimin အေမးေၾကာင့္ Taehyung နဲ႔ Jungkook တစ္ေယာက္မ်က္ႏွာကိုတစ္ေယာက္ ၾကည့္လိုက္မိၾကတယ္....။ ၾကားထဲမွာ အေၾကာင္းတစ္ခုခုေတာ့ ရိွေနၿပီပဲ...။
"ဘာလို႔အဲလိုေမးရတာလဲ.. မင္းေျပာေတာ့သူက မင္းကိုသိပ္ခ်စ္တာပဲဆို.. အခုက်မွဘာလို႔ ဒီလိုေတြေတြးေနရတာလဲ...??"
"ငါလဲမသိေတာ့ဘူး... သူကတအားလ်ဳိ႕ဝွက္လြန္းတယ္လို႔ ငါထင္တယ္... ငါေမးၾကည့္ခ်င္ေပမယ့္လဲ သူၿငိဳျငင္သြားမွာလဲ စိုးရိမ္မိတယ္"
Taehyung ကေတာ့ အျဖစ္မွန္ကို ေျပာသင့္မေျပာသင့္ ခ်ိန္ဆေနတယ္....။ သူေျပာလိုက္ရင္ Jimin ေသခ်ာေပါက္ကုိ တအားအံ့ဩသြားမွာ...။ အဲဒါထက္ သူ႕ကိုလွည့္စားေနတယ္လို႔ အေတြးေရာက္သြားမွာကို စိုးရိမ္ေနမိတယ္....။
"ငါ့အထင္ေတာ့ သူမင္းကိုတကယ္ခ်စ္တာပါ... သူ႕မွာလဲ ေရွာင္လႊဲမရတဲ့အေၾကာင္းေတြ ရိွေနမွာေပါ့"
"ငါနားလည္ေပးလို႔ရပါတယ္... ဒါေပမယ့္ငါေၾကာက္တာက ဒီေလာက္စည္းကမ္းႀကီးတဲ့သူ႕အိမ္က ငါနဲ႔သူတြဲေနတာကိုသိရင္ သေဘာတူပါ့မလားဆို္တာ"
ေန႔ရိွသ၍ ထိုအေတြးက Jimin ရဲ႕စိတ္အာ႐ံုကို အေႏွာက္အယွက္ေပးလြန္းတယ္...။ ဒီေန႔လဲ အားကစားကလပ္ကို မလာျဖစ္ေတာ့ဘူးတဲ့ေလ...။ ဘာေတြကမ်ား သူနဲ႔ကိုယ့္ၾကားမွာ တားဆီးထားတာလဲ...။
"တကယ္ေတာ့ငါတို္႔သိေနတာတစ္ခုရိွတယ္"
Jungkook မဝံ့မရဲနဲ႔ေျပာလာေတာ့ Taehyung စားပြဲခံုေအာက္ကေန လက္ကိုလွမ္းကုတ္တယ္...။ ခုခ်ိန္မွာ ေျပာျပလို႔မျဖစ္ေသးဘူးေလ...။ Jimin တအားလန္႔သြားမွာ...။
"ဘာလဲဟင္... ေျပာျပပါလား"
Jimin အားတက္သေရာနဲ႔ေမးလာတယ္...။ ေဘးက Taehyung ကလဲ မေျပာဖို႔ကို မ်က္ႏွာရိပ္မ်က္ႏွာကဲနဲ႔ တားဆီးေနတယ္....။ ထိုစဥ္မွာပင္...
"အတန္းေခါင္းေဆာင္ကို ဆရာမေခၚေနတယ္... အခုပဲ႐ံုးခန္းထဲကို လာခဲ့ပါတဲ့"
အခ်ိန္ကိုက္ေရာက္လာတဲ့ေက်ာင္းသားေၾကာင့္ Jimin စိတ္ပ်က္သြားရတယ္...။ ဆရာမေခၚခိုင္းတာမို႔ အခ်ိန္ဆြဲေနလို႔ကလဲမျဖစ္...။
"အင္းပါ... ငါအခုပဲလာခဲ့မယ္... Kookie ahh ငါျပန္လာရင္ ဆက္ေျပာျပရမယ္ေနာ္"
Jimin ခပ္သုတ္သုတ္ထြက္သြားေတာ့မွ Taehyung လဲ သူ႕ေဘးက Jungkook ရဲ႕လက္ေမာင္းကို ဖတ္ခနဲ႐ိုက္လိုက္တယ္....။
"ဘာလို႔သြားေျပာမွာလဲ... အခ်ိန္ေစာေနေသးတယ္ေလ... သူသိသြားရင္ တအားလန္႔သြားလိမ့္မယ္"
"ဒါဆိုဘယ္ေတာ့မွေျပာမွာလဲ... တျဖည္းျဖည္းနဲ႔ အခ်ိန္ၾကာလာေလေလ Jiminnie အတြက္ ပိုနာက်င္ေလပဲေလ... သူ႕အေနနဲ႔ အမွန္တရားကို သိသင့္ေနၿပီ"
"ဒါေပမယ့္လဲ... အခုကေတာ့... ဟား... မသိေတာ့ဘူးကြာ... ငါတို႔ကေရာဘာလို႔ ဒီအ႐ႈပ္ထဲဝင္လာမိတာလဲ... ဘာလို႔ Suga Hyung ကို ကတိေပးမိၾကတာလဲ"
Taehyung စိတ္႐ႈပ္စြာနဲ႔ ဆံပင္ေတြကို ထိုးဖြေနလိုက္တယ္...။ Jungkook ကေတာ့ ေဘးကေနတိတ္တဆိတ္ပင္ Taehyung ရဲ႕ပခံုးေတြကိုဖက္ထားရင္း ႏွစ္သိမ့္ေပးေနေလတယ္....။ သူကိုယ္တိုင္လဲ စဥ္းစားရခက္ေနတယ္...။ ဖြင့္ေျပာဖို႔လုပ္ၿပီးမွ တကယ္တမ္းက်ေတာ့ ပါးစပ္ကေနေျပာမထြက္...။
တစ္ဖက္မွာလဲ ခပ္သုတ္သုတ္သြားေနတဲ့ Jimin တစ္ေယာက္ ေကာ္ရစ္ဒါအေကြ႕နားမွာ လူတစ္ေယာက္နဲ႔ ဝင္တိုက္မိေလတယ္...။ ရင္းႏီွးေနတဲ့ ကိုယ္သင္းနံ႔ေၾကာင့္ အထိတ္တလန္႔ေမာ့ၾကည့္မိေတာ့ Yoonji...။
"Jimin ေဆာရီးေနာ္... နာသြားလား.. ထ..ထ.."
ေယာက်ၤားေလးနဲ႔မိန္းကေလးဝင္တိုက္တာကို သူက်ေတာ့ဘာမွမျဖစ္ပဲ ကိုယ္ကဖင္ထိုင္လ်က္လဲရတဲ့အျဖစ္...။ ကမ္းေပးတဲ့သူ႕ရဲ႕လက္ကို ဆြဲယူကာထရပ္လိုက္ေတာ့ စိတ္ထဲတစ္မ်ဳိးႀကီးျဖစ္သြားတယ္....။
Yoonji ရဲ႕လက္ေတြက Suga Hyung ရဲ႕လက္ေတြလိုပဲ ေႏြးေထြးလြန္းတယ္...။ ၿပီးေတာ့ လူခ်င္းျပန္အကပ္မွာ ထပ္ရလိုက္တဲ့ကိုယ္သင္းနံ႔...။ အႀကိမ္ႀကိမ္တိုးဝင္ဖူးတဲ့ Suga Hyung ရဲ႕ရင္ခြင္ကိုေတာင္ လြမ္းသြားရတယ္...။ ဘာလို႔အဲေလာက္ေတာင္ တူေနရတာလဲ...??
"Yoonji... နင္...???"
Jimin ေျပာရမယ့္စကားေတြေတာင္ ထစ္အလို႔ေနတယ္...။ ဒါႀကီးကမထူးဆန္းဘူးလား...။ ႐ုပ္ခ်င္းတူတာကစလို႔ အေတြ႕အထိနဲ႔ ကိုယ္သင္းနံ႔ေတြကအစ တူေနတာကေတာ့....
"Jimin က ဒီကိုဘာလာလုပ္တာလဲ..??"
Yoonji ေမးလိုက္ေတာ့မွပဲ Jimin လဲ သူ႕လာရင္းကိစၥကို သတိရသြားေတာ့တယ္...။ ခုထိကိုင္ထားဆဲ Yoonji ရဲ႕လက္ကို အျမန္လႊတ္လိုက္ၿပီးေတာ့ ႐ံုးခန္းဆီသို႔ဦးတည္လိုက္တယ္...။
"ငါ့ကိုဆရာမ ေခၚထားလို႔... ေနာက္မွေတြ႕မယ္ေနာ္"
အေျပးတစ္ပိုင္းထြက္သြားတဲ့ Jimin ကိုၾကည့္ၿပီး Yoongi သက္ျပင္းခ်မိတယ္....။ ဒီအတိုင္းဆိုရင္ေတာ့ Jimin အေႏွးနဲ႔အျမန္ဆိုသလို သံသယေတြဝင္လာေတာ့မွာပဲ... ဒီကိစၥကို အျမန္ဆံုးေျဖရွင္းသင့္ၿပီထင္တယ္....။
~•~•~•~•~•~•~•~•~•~•~
ဆရာမဆီကျပန္လာေတာ့ အတန္းထဲမွာ Taekook ၂ေယာက္လံုးကို မေတြ႕ရေတာ့ေပ...။ ခုနက Jungkook က တစ္ခုခုေျပာခ်င္ေနပံုရတယ္...။ သူသိထားတာတစ္ခု ရိွေနမယ္ထင္တယ္...။
"ကလင္...!!!"
ဖုန္းက message ဝင္လာေၾကာင္း အသံေပးလာတာေၾကာင့္ Jimin ယူစစ္လိုက္တယ္...။ Taehyung ပို႔ထားတာပဲ...။ ေက်ာင္းေခါင္မိုးထပ္ကို လာခဲ့ပါတဲ့ေလ...။
ေနာက္တစ္ခ်ိန္က ကာယအခ်ိန္မို႔ စာသင္မွာမဟုတ္တာေသခ်ာတယ္...။ Jimin လဲ ေတြေဝမေနေတာ့ပဲ သူတို႔ရိွေနမယ့္ ေက်ာင္းေခါင္မိုးထပ္ကိုသာ တက္သြားလိုက္ေတာ့တယ္....။ ဟိုေရာက္ေတာ့ Taekook ၂ေယာက္အျပင္ Yoonji ကိုပါ ေတြ႕လိုက္ရတာေၾကာင့္ Jimin အံ့ဩသြားခဲ့တယ္....။
"မင္းတို႔အားလံုးက အတူတူရိွေနၾကတာပဲ"
"အင္း... တကယ္ေတာ့ငါတို႔မင္းကို အေရးႀကီးတာတစ္ခု ေျပာစရာရိွတယ္... မင္းလန္႔မသြားနဲ႔ေနာ္"
Taehyung ရဲ႕ထူးဆန္းလြန္းတဲ့စကားေၾကာင့္ Jimin အံ့ဩသြားတယ္...။ ၾကည့္ရတာ ကိစၥတစ္ခုေတာ့ ႀကီးႀကီးမားမားရိွေနၿပီပဲ...။
"မင္းတို႔ဘာျဖစ္ေနၾကတာလဲ... ငါနားမလည္ေတာ့ဘူး... ငါ့ကိုနားလည္ေအာင္ရွင္းျပဦး"
Taehyung က သူ႕ေဘးက Yoonji ကို ငဲ့ေစာင္းၾကည့္တယ္...။ Yoonji က ေခါင္းညိတ္ျပရင္း Jimin မ်က္ႏွာကို တည့္တည့္ၾကည့္လာတယ္...။ တစ္မ်ဳိးႀကီးပဲ... ဒီအၾကည့္ေတြက ဘာလို႔လဲ....။
"Jimin ကို ဝန္ခံပါရေစ... တကယ္ေတာ့ ငါ့နာမည္အရင္းက Min Yoongi ပါ... Min Yoonji မဟုတ္ပါဘူး"
"အာ.. ဒါမ်ား... ဘာျဖစ္လဲ နာမည္ေလးပဲဟာ"
Jimin ခပ္ေပါ့ေပါ့ပဲသေဘာထားကာ ရယ္ေမာလိုက္တယ္....။ သို႔ေသာ္ သူတို႔၃ေယာက္လံုးကေတာ့ အတူတူလိုက္ၿပီး မရယ္ေမာၾကပါ...။ ကိုယ့္မ်က္ႏွာကိုသာ စူးစိုက္ၾကည့္လာတာေၾကာင့္ Jimin မေနတတ္ေတာ့ေပ...။
"ဘာ... ဘာလို႔ငါ့ကိုအဲလိုၾကည့္ေနတာလဲ...??"
"Jimin ahh ငါ့ကိုေသခ်ာၾကည့္"
Yoonji ရဲ႕အသံက အရင္လိုခပ္တိုးတိုးေလးမဟုတ္ပဲ က်ယ္ေနတာေၾကာင့္ Jimin စိတ္ထဲတစ္မ်ဳိးပင္...။ ဒီအသံက Suga Hyung ရဲ႕အသံမ်ဳိး...??
သူအံ့ဩစြာၾကည့္ေနတုန္းမွာပင္ Yoonji က သူ႕ဆံပင္ေတြကိုလွန္တင္လိုက္တယ္...။ ဒါ... ဒါက... ဆံပင္အစစ္မွမဟုတ္ပဲ...။ ဂုတ္ဝဲေလးျဖစ္ေနတဲ့ ဆံပင္တုလွလွေလးက သူ႕လက္ထဲပါသြားေသာအခါ ေပၚထြက္လာတဲ့ ျဖဴလြလြဆံပင္ေတြ...
"ကေလး... ကိုယ္က Suga ပါ... မင္းရဲ႕ခ်စ္သူ Suga Hyung ပါ..."
Jimin ရင္ထဲဒိန္းခနဲပင္...။ အံ့ဩထိတ္လန္႔စိတ္ေၾကာင့္ ေနာက္သို႔ပင္ေျခလွမ္းအနည္းငယ္ ဆုတ္မိသြားတယ္...။ သူ႕ေရွ႕မွာျမင္ေနရတဲ့ မိန္းကေလးေက်ာင္းဝတ္စံုနဲ႔ ဆံပင္ျဖဴလြလြေကာင္ေလးက တကယ္ပဲသူ႕ခ်စ္သူ Suga Hyung ပဲေပါ့...။
"မင္း... မင္းတို႔ပါ... သိေနၾကတာလား...??"
Jimin အထိတ္တလန္႔ေမးမိေတာ့ Taekook ၂ေယာက္လံုး ေခါင္းညိတ္ျပေလတယ္....။ Jimin ရဲ႕မ်က္နွာက အံ့ဩေနတဲ့ပံုစံကေန တျဖည္းျဖည္းနဲ႔ ေျပာင္းလာခဲ့တယ္....။
"အဟား... လတ္စသတ္ေတာ့ ငါတစ္ေယာက္တည္း အ႐ူးျဖစ္ေနခဲ့တာပဲ... မင္းတို႔အားလံုးက ငါ့ကိုေနာက္ကြယ္မွာ တိ္တ္တိတ္ေလးဝိုင္းဟားေနမွာေပါ့"
"မ... မဟုတ္ဘူး Jimin... မင္းအထင္မွားေနၿပီ"
"ကိုယ္ရွင္းျပတာနားေထာင္ပါဦးကေလးရယ္"
သူတို႔အားလံုးပ်ာပ်ာသလဲနဲ႔ ေရွ႕သို႔တိုးလာေပမယ့္ Jimin လက္ႏွစ္ဖက္နဲ႔နားကိုပိတ္ထားလိုက္တယ္...။
"မလာၾကနဲ႔... ထြက္သြားၾက... မင္းတို႔အားလံုးကိုမုန္းတယ္... ၿပီးေတာ့ Min Yoongi... ခင္ဗ်ားနဲ႔ကြၽန္ေတာ္ ဒီမွာတင္ဇာတ္လမ္းၿပီးၿပီ"
"Jimin...!!!"
"ဟာ.. ကေလး...!!"
ေျပာၿပီးတာနဲ႔ေျပးဆင္းသြားတဲ့ Jimin ကို သူတို႔အားလံုးမတားမိၾက...။ ခုခ်ိန္မွာ Jimin အတြက္ အမွန္တရားကိုလက္ခံဖို႔ အခ်ိန္တစ္ခုလိုအပ္ေနဦးမွာ...။
"ငါေျပာသားပဲ... သူအထင္လြဲေလာက္တယ္လို႔"
Taehyung ရဲ႕မခ်ိတင္ကဲ ေရရြတ္တဲ့စကားအေပၚ Yoongi ေရာ Jungkook ေရာ အထြန္႔မတက္ဝံ့ၾက...။ Taehyung တားတဲ့ၾကားက သူတို႔၂ေယာက္က ဝန္ခံဖို႔လမ္းကို ေရြးခ်ယ္ခဲ့တာေလ...။ အခုေတာ့...
"သူစိ္တ္ဆိုးေျပသြားရင္ေတာ့ ေသခ်ာအေၾကာင္းစံုကို ရွင္းျပရမွာေပါ့... ကြၽန္ေတာ္သိပါတယ္... Jimin က ငယ္ငယ္ကတည္းက စိတ္ဆိုးလဲခဏပါပဲ"
Taehyung ေျပရာေျပေၾကာင္းေျပာေနေပမယ့္ သူ႕စိတ္ထဲမွာရိွတဲ့ စိုးရိမ္မႈေတြကေတာ့ ေလွ်ာ့မသြားပါ...။ ဒါကေပါ့ေသးေသးကိစၥမွ မဟုတ္တာပဲ...။ Jimin အေနနဲ႔ လြယ္လြယ္နဲ႔စိတ္ဆိုးေျပပါ့မလား...။
၃ေယာက္သား ဘာစကားမွမဆိုျဖစ္ပဲ အေတြးကိုယ္စီနဲ႔ ႏႈတ္ဆိတ္ေနၾကတယ္...။ Yoongi ကေတာ့ သူ႕ရဲ႕ဖံုးကြယ္ထားမႈအတြက္ ခုမွေနာင္တရေနမိတယ္...။ အေစာႀကီးကတည္းကသာ အမွန္အတိုင္းေျပာမိရင္ ဒီေလာက္နာက်င္ရမွာမဟုတ္....။
ဖံုးကြယ္ထားမိတာကလဲ ကေလးအထင္လြဲမွာစိုးလို႔ပါ...။ ဒါေပမယ့္အခုေတာ့....။ အရာအားလံုးက ေနာက္က်သြားခဲ့ၿပီလား...??
ကိုယ့္ကိုမမုန္းလိုက္ပါနဲ႔ကေလးရယ္...!!!!
To Be Continued.....
(Unicode)
ခုတလော Jimin စိတ်ထင်လို့ပဲလားမသိ Yoonji ကိုကြည့်ရတာ ပျော်ရွှင်နေသလိုပင်... အရင်ကဆို အတန်းထဲမှာ မှုန်ကုတ်ကုတ်နဲ့ထိုင်နေတတ်တဲ့သူက အခုကျတော့ စာလဲစိတ်ပါဝင်စားစွာနဲ့ လိုက်လုပ်နေတယ်... မျက်နှာလေးကလဲ ကြည်ကြည်လင်လင်လေးနဲ့ပင်....
"Hey Yoonji...!!! နေ့လည်စာအတူတူ သွားစားကြမယ်နော်"
ကြားသားမိုးကြိုး... Yoonji ကို ချေလွန်းတယ်ဟူ၍ အမြင်မကြည်သော Taehyung က ထမင်းအတူစားဖို့ အဖော်စပ်နေသတဲ့...။
"အင်းလေ.. ကောင်းသားပဲ.. ငါလဲတစ်ယောက်တည်းဖြစ်နေတာ"
ငြင်းလိမ့်မယ်လို့ထင်ထားတဲ့ Yoonji ကလဲ အသာတကြည်ပင်လက်ခံတယ်...။ ဘယ်တုန်းကများ Min Yoonji တစ်ယောက် အဖော်မင်သွားလဲဆိုတာ Jimin မစဉ်းစားတတ်တော့ပါ...။
၄ယောက်သားအတူတူ canteen မှာ ထမင်းစားကြရင်း သူ့ပန်းကန်ထဲရောက်လာတဲ့ အသားဖတ်ကြောင့် Jimin မော့ကြည့်မိတော့ Yoonji ဖြစ်နေတယ်...။ ထူးဆန်းလေစွ...။
"များများစားနော်... ငါအသားသိပ်မကြိုက်လို့"
"အာ.. အင်း... ကျေးဇူးပါနော်"
ထူးဆန်းလွန်းတဲ့ Yoonji ကြောင့် Taehyung များသိမလားဆိုတဲ့အတွေးနဲ့ လှမ်းကြည့်လိုက်ပေမယ့် သူကကိုယ်တို့ကိုမြင်ပုံမပေါ်...။ Jungkook နဲ့သာ ၂ယောက်သားခွံ့မကျွေးရုံတမယ် ထမင်းစားနေကြတယ်...။
"Jimin အခုချစ်သူရနေပြီဆို"
"အာ.. ဟုတ်.. ဟုတ်တယ်"
သူ့ကိုအရေးတယူလုပ်ပြီးစကားလာပြောတဲ့ Yoonji ကြောင့် Jimin စကားတွေတောင် ထစ်ငေါ့ကုန်တယ်...။ အရင်ကတော့ ကိုယ်ကလိုက်ပြောရင်တောင် အဖက်မလုပ်သလို ခပ်ချေချေနဲ့နေပြီးတော့...။
"သူကငါနဲ့ရုပ်ချင်းတူတယ်ဆို... ငါ့လောက်ရောချောလို့လား..??"
အံ့ဩစိတ်ကြောင့် Jimin ဖျတ်ခနဲ Yoonji ကိုမော့ကြည့်မိတယ်...။ ဆံပင်ကိုနားရွက်ကြားမှာ အသာညှပ်လိုက်ရင်း မေးထောက်ကာသူ့ကိုကြည့်နေတဲ့ Yoonji ရဲ့ပုံစံလေးက သိပ်လှပြီး သိပ်ချစ်စရာကောင်းလွန်းနေတယ်....။
သို့သော်ထူးဆန်းစွာပင် Jimin ရဲ့ရင်ခုန်သံတွေ တိတ်ဆိတ်လို့နေခဲ့တယ်...။ Suga Hyung နဲ့ကျမှ အခုန်မြန်လာတဲ့နှလုံးသားက သူအရင်ကအရမ်းချစ်ခဲ့တဲ့ Yoonji နဲ့တောင် သစ္စာမဖောက်တော့ပေ...။
"သေချာတာပေါ့... နင်ကပိုချောတာ"
စိတ်ကျေနပ်အောင် Jimin ပြောလိုက်တော့ သူမ, ကပြုံးလေတယ်...။ Yoonji ရဲ့ရှားပါးလွန်းသောအပြုံး...။ ကြည့်နေရင်းနဲ့ကို Suga Hyung နဲ့ ပိုပိုတူလာတာ... Suga Hyung ကိုတောင် သတိရလာပြီ....။
"Yoonji နင်တကယ်ထူးဆန်းတယ်... အရင်ကတော့ ခပ်ချေချေနေပြီး အခုကျငါတို့နဲ့ ဖော်ဖော်ရွေရွေစကားပြန်ပြောတယ်"
"အင်း... ငါပျော်လို့လေ... ကဲပါ.. ထမင်းစား... ပြီးရင်အတန်းချိန်တွေရှိနေသေးတာကို"
Jimin လဲ ဆက်မပြောတော့ပဲ ထမင်းကိုသာဆက်စားနေလိုက်တယ်...။ သူတို့၂ယောက်ကိုကြည့်ပြီး ပြုံးနေတဲ့ Taehyung ကိုတော့ သတိမထားမိလိုက်ကြပါ....။
Yoonji ပျော်နေသလို Jimin လဲပျော်ပါတယ်...။ အနည်းဆုံးတော့ သူငယ်ချင်းကောင်းတစ်ယောက် ထပ်တိုးလာတာပဲလေ....။ တစ်နေ့နေ့မှာတော့ Yoonji ကို Suga Hyung နဲ့ မိတ်ဆက်ပေးမယ်လို့ စဉ်းစားထားတယ်...။ သူတို့အချင်းချင်းတွေ့ပြီး အံ့ဩသွားကြမှာကို မြင်ယောင်ပါသေးတယ်....။
ကျောင်းဆင်းတော့ Yoonji က အိမ်ကလာကြိုတဲ့ကားနဲ့ ပြန်လိုက်သွားသလို Jimin တို့၃ယောက်ကလဲ အားကစားကလပ်သို့ ချီတက်လာခဲ့လိုက်တယ်...။ Suga Hyung ကတော့ အမြဲပဲကြိုရောက်နေကျ...။
"ကိုယ့်ကလေး မောနေပြီလား... ကိုယ်အအေးဝယ်ထားတယ်... သောက်လိုက်ဦးနော်"
ကိုယ့်အပေါ်ဂရုစိုက်လွန်းတဲ့ ချစ်သူကိုရထားတဲ့အတွက် Jimin ဂုဏ်ယူမိတယ်...။ တစ်နေ့တစ်ခြားလဲ သူ့ကိုပိုပိုပြီး ချစ်လာသလိုပါပင်...။
"ဟာ Hyung က ဘက်လိုက်တယ်... ကျွန်တော်တို့အတွက်ကျ မပါဘူးလား....??"
"Haha ပါပါတယ်ဗျာ... အဲလိုပြောမယ်ဆိုတာ သိလွန်းလို့ကို ကြိုဝယ်ထားပြီးသား"
Suga Hyung က သူ့နောက်မှာဖွက်ထားတဲ့ အအေးဘူးတွေကို ထုတ်ပေးလိုက်တော့မှပဲ TaeKook ၂ယောက် မျက်နှာတွေဝင်းပသွားကြလေတယ်...။
နေ့ရက်တိုင်းဟာ အဆင်ပြေပြေနဲ့ပဲ ပြီးဆုံးလို့်နေခဲ့တယ်...။ Jin Hyung တို့ပြန်သွားပြီလို့လဲ သတင်းကြားသလို ကျောင်းပိတ်ရက်မှာ Yoonji ကလဲ သူတို့ဆီလိုက်လည်မယ်တဲ့လေ...။ Jimin တို့လဲ လိုက်ချင်မိပေမယ့် အိမ်ကစိတ်မချတာကတစ်ကြောင်း သူတို့ဝန်ပိုမှာစိုးတာကတစ်ကြောင်းကြောင့် စကားမစဖြစ်ကြ...။
"သား... Jimin ဥက္ကဌမင်ရဲ့မြေးမလေးနဲ့ အခြေအနေဘယ်လိုလဲ...??"
မိဘတွေကတော့ Jimin အရင်က Yoonji ကို အသည်းအသန်သဘောကျနေတာမို့ သတိတရနဲ့မေးရှာတယ်...။ ပြန်တွေးကြည့်မိတော့လဲ ရယ်စရာအကောင်းသား...။ အဲဒီ့တုန်းက သူတော်တော်လေး Yoonji ရောဂါတက်ခဲ့တာပဲ...။
"အခုတော့ သူငယ်ချင်းတွေလိုပါပဲ... ကျွန်တော်သူ့အပေါ် ရိုးသားသွားပါပြီ"
"အဆင်ပြေကြရင်လဲ ပြီးတာပါပဲ... ဒါနဲ့ omma စိတ်ထင်အရ သားမှာတခြားချစ်ရမယ့်သူ ရှိနေပြီမလား"
မိဘတွေများ ကိုယ်မွေးထားတဲ့သားသမီးအကြောင်းကို တယ်လဲသိသကိုး...။ Jimin လဲ ကွယ်ဝှက်မထားချင်တာကြောင့် အကြောင်းစုံပြောပြလိုက်တယ်....။
"အဲဒါဆိုသူကယောကျၤားလေးပေါ့... တွဲနေကြပြီးတော့ သူ့နာမည်အရင်း.. နေတဲ့နေရာ.. အလုပ်အကိုင်.. ဘာမှမသိသေးဘူးလား...??"
Omma ရဲ့ အမေးစကားကို Jimin ခေါင်းသာညိတ်ပြလိုက်တယ်...။ သူကလဲသူပဲလေ..။ ခုချိန်ထိဘာမှမသိတာ မလွန်လွန်းဘူးလား...။ တစ်နေ့မှာ အချိန်နည်းနည်းလေးသာ တွေ့ခွင့်ရသည်မို့ ချစ်ကြောင်းလွမ်းကြောင်းတွေသာ ပြောဖြစ်နေတယ်...။
"မိန်းမကလဲကွာ... ယောကျၤားလေးအချင်းချင်း သဘောကျတာပဲ.. အဲ့လောက်ထိစိတ်ပူစရာမလိုပါဘူး"
Appa ကတော့ ခပ်အေးအေးပင်...။
"ကျွန်တော်အချိန်ရရင် Omma တို့နဲ့ သူ့ကိုတွေ့ပေးပါ့မယ်... ယောကျၤားလေးချင်းဖြစ်နေတာကို နားလည်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်"
"ရပါတယ်ကွယ်.. Omma တို့က သားစိတ်ချမ်းသာရင်ပြီးတာပါပဲ"
နားလည်မှုရှိတဲ့မိဘတွေကိုရရှိထားတဲ့ Jimin ကတော့ သူ့ကိုယ်သူကံကောင်းလေစွလို့ တွေးနေမိတယ်...။ Suga Hyung ဘက်ကရော ဘယ်လိုနေမလဲလို့ အတွေးရောက်မိတော့ စိတ်ထဲတောင်တစ်မျိုးဖြစ်သွားရတယ်....။
နောက်ဆုံးတော့မနေနိုင်တဲ့ကိုယ်ကပဲ သူ့ဆီအရင်ဖုန်းဆက်လိုက်မိတယ်....။ တစ်ဖက်ကကြားရတဲ့ Suga Hyung ရဲ့အက်ရှရှအသံလေးက Jimin ရဲ့ရင်ခုန်သံတွေကို ပိုမိုမြန်ဆန်စေတယ်....။ ချစ်လိုက်တာ Hyung ရယ်...။
"Hyung ကိုလွမ်းလို့"
"ကိုယ်လဲ ကလေးကိုလွမ်းနေတာ"
ချစ်သူသဘာဝ တီတီတာတာချစ်စကားတွေကိုပြောရတာ ကြည်နူးစရာကောင်းလွန်းလှတယ်...။ Jimin တစ်ခုတော့ မကျေနပ်တာရှိတယ်...။ Suga Hyung က တစ်ခုခုကိုလျို့ဝှက်ထားသလိုကြီး...။ ကိုယ့်ကိုချစ်မှန်းသိနေလို့သာ တော်ရုံတန်ရုံဆို ဘာမှမပြောပဲ မသိချင်ယောင်ဆောင်နေရတာ...။
"Hyung နဲ့အတူတူ night out ထွက်ချင်တယ်"
Jimin ရဲ့တောင်းဆိုချက်က Suga ကို ချွေးပြန်စေတယ်...။ အိမ်မှာအဘွားရှိနေတာမို့ ညဘက်တွေအပြင်ထွက်ဖို့က ဘယ်လိုမှမလွယ်တဲ့ကိစ္စ...။ ပြီးတော့ကိုယ်က တခြားလူတွေလိုမဟုတ်...။ အဝတ်အစားက ချိန်းရသေးတယ်လေ...။
"Hyung အိမ်က ညဘက်အပြင်ထွက်ခွင့်မပေးလို့ပါ... ကိုယ်လဲကလေးနဲ့အတူ လျှောက်လည်ချင်တာပေါ့"
တစ်ဖက်က Jimin ရဲ့အသံတိတ်သွားတယ်...။ ကိုယ့်ချစ်သူကိုဒီလောက်လေးတောင် အလိုမလိုက်နိုင်တဲ့အတွက် သူစိတ်မကောင်းဖြစ်ရုံမှတပါး ဘာမှမတတ်နိုင်ခဲ့...။
"ရပါတယ် Hyung ရဲ့... နေ့ခင်းဘက်တွေ လျှောက်လည်လို့လဲရတာပဲကို... ဒါပဲနော် Hyung... ကျွန်တော်အိပ်ချင်နေပြီ... Good Night"
"အင်း... Good night ကလေး.. အရမ်းချစ်တယ်နော်"
"ကျွန်တော်လဲချစ်တယ်"
Jimin ဖုန်းချသွားတော့မှ Yoongi သက်ပြင်းမောတစ်ချက်ကို မှုတ်ထုတ်လိုက်မိတယ်...။ ဒီဟန်ဆောင်မှုတွေကနေ ဘယ်တော့များမှအဆုံးသတ်နိုင်မလဲ... မဖြစ်သေးပါဘူး...။ Taehyung တို့နဲ့ သေချာတိုင်ပင်ဦးမှပါ...။
"ဒေါက်... ဒေါက်...!!!!"
"Jiji ရေ... မအိပ်သေးဘူးလား...??"
အပြင်ဘက်ကတံခါးခေါက်သံနဲ့အတူ အဘွားရဲ့လှမ်းမေးသံကြောင့် အိပ်ယာပေါ်မှာဖြစ်သလိုလှဲနေတဲ့ Yoongi အမြန်ထထိုင်ကာ ပျက်ယွင်းနေတဲ့ သူ့ပုံစံကိုပြန်ပြင်လိုက်ရတယ်...။
"ဟုတ်ကဲ့အဘွား... ဘာပြောမလို့လဲဟင်"
ပါးစပ်ကလဲမေးရင်း ကိုယ့်ကိုကိုယ်အဆင်ပြေတာ သေချာတော့မှ တံခါးကိုသွားဖွင့်လိုက်တယ်...။ အဘွားကတော့ အိမ်နေရင်းဝတ်စုံလေးနဲ့ သိပ်လှနေတဲ့မြေးမလေးကို ချစ်စနိုးနဲ့ငေးကြည့်လို့ပေါ့...။
"ဘာရယ်မဟုတ်ပါဘူး... မနက်ဖြန်ညနေလောက် အဘွားတို့အတူတူ အပြင်သွားမလားလို့"
ညနေပိုင်းအချိန်တွေကို Jimin ဆီ ပေးထားပြီးဖြစ်ပေမယ့်လဲ ကိုယ့်အဘွားက တောင်းဆိုလာတော့ Yoongi မငြင်းချင်ပါ...။ လူကြီးမို့အဖော်မဲ့နေတဲ့စိတ်ကို သူနားလည်ပါတယ်...။ Jimin ကမှ သူငယ်ချင်းတွေရှိသေးတယ်လေ...။
"အင်း... ကောင်းသားပဲ... Jiji လဲ အဘွားနဲ့အတူတူ အပြင်သွားချင်နေတာ"
အဘွားရဲ့မျက်နှာက သိသိသာသာဝင်းပသွားတာကြောင့် Yoongi ကြည်နူးမိပါတယ်...။ Jimin ကိုတော့ မလာဖြစ်တော့တဲ့အကြောင်း တောင်းပန်ရမှာပဲလေ...။
"အဘွားမှာခုလိုလိမ္မာသိတတ်တဲ့ မြေးမလေးတစ်ယောက်ရှိတာ အဘွားပျော်လို့မဆုံးဘူး"
"ကျွန်တော်.. အဲလေ.. Jiji ကလဲ အဘွားနဲ့အတူနေရတာ အရမ်းပျော်ပါတယ်..."
အဘွားက သူ့ရဲ့ပါးပြင်ကို လက်နဲ့ခပ်ဖွဖွကိုင်လာတယ်...။ ဒီနှစ်တွေမှာ အဘွားဘယ်လောက်တောင် အထီးကျန်ခဲ့လိမ့်မလဲဆိုတာ တွေးမိတော့ Yoongi စိတ်မကောင်းမိ...။ ဒါကြောင့်ပဲ အဘွားဘေးမှာ တတ်နိုင်သမျှ အဖော်ပြုနေပေးမိတာ....။
"ဒါဆိုမြေးလေးလဲအိပ်တော့နော်... အဘွားလဲမနက်ပိုင်း ကုမ္မဏီကိုခဏသွားမယ်... ညနေကျမှ အဘွားမြေးလေးနဲ့ အတူတူလျှောက်လည်ကြမယ်"
"ဟုတ်ကဲ့အဘွား... Good Night"
အဘွားရဲ့ပါးကိုနမ်းကာနှုတ်ဆက်လိုက်တော့ အဘွားရဲ့အပြုံးတွေ ပိုပြီးအသက်ဝင်လာတယ်....။ အခန်းထဲကနေ အဘွားပြန်ထွက်သွားပြီးမှ Yoongi လဲ ဝတ်ထားတဲ့ဆံပင်တုကို ဆွဲချွတ်ပစ်လိုက်တယ်...။
"ဟူး... Jimin ရေ... ကိုယ်တော့မင်းအပေါ်မှာ ပျက်ကွက်မှုတွေများလာပြီထင်တယ်... မြေးလိမ္မာတစ်ယောက် ဖြစ်ချင်တာနဲ့ပဲ ချစ်သူကောင်းတစ်ယောက် မဖြစ်နိုင်တော့ဘူးလား...??"
မရေရာတဲ့အနာဂတ်အတွက် Yoongi စိတ်မောမိတယ်...။ တကယ်လို့သာ Jimin အကြောင်းစုံကို သိသွားရင်တော့ အဆင်ပြေကောင်းပါရဲ့....။ ထိုသို့သိစေဖို့အတွက်လဲ ဘယ်ကနေစပြီး ရှင်းပြရမလဲ...။ Taehyung တို့ကိုပဲ အကူအညီတောင်းရတော့မယ်ထင်တယ်...။
~•~•~•~•~•~•~•~•~•~•~
"Suga Hyung က ငါ့ကိုတကယ်ချစ်တယ်လို့ မင်းတို့ထင်ကြလား...??"
Jimin အမေးကြောင့် Taehyung နဲ့ Jungkook တစ်ယောက်မျက်နှာကိုတစ်ယောက် ကြည့်လိုက်မိကြတယ်....။ ကြားထဲမှာ အကြောင်းတစ်ခုခုတော့ ရှိနေပြီပဲ...။
"ဘာလို့အဲလိုမေးရတာလဲ.. မင်းပြောတော့သူက မင်းကိုသိပ်ချစ်တာပဲဆို.. အခုကျမှဘာလို့ ဒီလိုတွေတွေးနေရတာလဲ...??"
"ငါလဲမသိတော့ဘူး... သူကတအားလျို့ဝှက်လွန်းတယ်လို့ ငါထင်တယ်... ငါမေးကြည့်ချင်ပေမယ့်လဲ သူငြိုငြင်သွားမှာလဲ စိုးရိမ်မိတယ်"
Taehyung ကတော့ အဖြစ်မှန်ကို ပြောသင့်မပြောသင့် ချိန်ဆနေတယ်....။ သူပြောလိုက်ရင် Jimin သေချာပေါက်ကို တအားအံ့ဩသွားမှာ...။ အဲဒါထက် သူ့ကိုလှည့်စားနေတယ်လို့ အတွေးရောက်သွားမှာကို စိုးရိမ်နေမိတယ်....။
"ငါ့အထင်တော့ သူမင်းကိုတကယ်ချစ်တာပါ... သူ့မှာလဲ ရှောင်လွှဲမရတဲ့အကြောင်းတွေ ရှိနေမှာပေါ့"
"ငါနားလည်ပေးလို့ရပါတယ်... ဒါပေမယ့်ငါကြောက်တာက ဒီလောက်စည်းကမ်းကြီးတဲ့သူ့အိမ်က ငါနဲ့သူတွဲနေတာကိုသိရင် သဘောတူပါ့မလားဆိုတာ"
နေ့ရှိသ၍ ထိုအတွေးက Jimin ရဲ့စိတ်အာရုံကို အနှောက်အယှက်ပေးလွန်းတယ်...။ ဒီနေ့လဲ အားကစားကလပ်ကို မလာဖြစ်တော့ဘူးတဲ့လေ...။ ဘာတွေကများ သူနဲ့ကိုယ့်ကြားမှာ တားဆီးထားတာလဲ...။
"တကယ်တော့ငါတို့်သိနေတာတစ်ခုရှိတယ်"
Jungkook မဝံ့မရဲနဲ့ပြောလာတော့ Taehyung စားပွဲခုံအောက်ကနေ လက်ကိုလှမ်းကုတ်တယ်...။ ခုချိန်မှာ ပြောပြလို့မဖြစ်သေးဘူးလေ...။ Jimin တအားလန့်သွားမှာ...။
"ဘာလဲဟင်... ပြောပြပါလား"
Jimin အားတက်သရောနဲ့မေးလာတယ်...။ ဘေးက Taehyung ကလဲ မပြောဖို့ကို မျက်နှာရိပ်မျက်နှာကဲနဲ့ တားဆီးနေတယ်....။ ထိုစဉ်မှာပင်...
"အတန်းခေါင်းဆောင်ကို ဆရာမခေါ်နေတယ်... အခုပဲရုံးခန်းထဲကို လာခဲ့ပါတဲ့"
အချိန်ကိုက်ရောက်လာတဲ့ကျောင်းသားကြောင့် Jimin စိတ်ပျက်သွားရတယ်...။ ဆရာမခေါ်ခိုင်းတာမို့ အချိန်ဆွဲနေလို့ကလဲမဖြစ်...။
"အင်းပါ... ငါအခုပဲလာခဲ့မယ်... Kookie ahh ငါပြန်လာရင် ဆက်ပြောပြရမယ်နော်"
Jimin ခပ်သုတ်သုတ်ထွက်သွားတော့မှ Taehyung လဲ သူ့ဘေးက Jungkook ရဲ့လက်မောင်းကို ဖတ်ခနဲရိုက်လိုက်တယ်....။
"ဘာလို့သွားပြောမှာလဲ... အချိန်စောနေသေးတယ်လေ... သူသိသွားရင် တအားလန့်သွားလိမ့်မယ်"
"ဒါဆိုဘယ်တော့မှပြောမှာလဲ... တဖြည်းဖြည်းနဲ့ အချိန်ကြာလာလေလေ Jiminnie အတွက် ပိုနာကျင်လေပဲလေ... သူ့အနေနဲ့ အမှန်တရားကို သိသင့်နေပြီ"
"ဒါပေမယ့်လဲ... အခုကတော့... ဟား... မသိတော့ဘူးကွာ... ငါတို့ကရောဘာလို့ ဒီအရှုပ်ထဲဝင်လာမိတာလဲ... ဘာလို့ Suga Hyung ကို ကတိပေးမိကြတာလဲ"
Taehyung စိတ်ရှုပ်စွာနဲ့ ဆံပင်တွေကို ထိုးဖွနေလိုက်တယ်...။ Jungkook ကတော့ ဘေးကနေတိတ်တဆိတ်ပင် Taehyung ရဲ့ပခုံးတွေကိုဖက်ထားရင်း နှစ်သိမ့်ပေးနေလေတယ်....။ သူကိုယ်တိုင်လဲ စဉ်းစားရခက်နေတယ်...။ ဖွင့်ပြောဖို့လုပ်ပြီးမှ တကယ်တမ်းကျတော့ ပါးစပ်ကနေပြောမထွက်...။
တစ်ဖက်မှာလဲ ခပ်သုတ်သုတ်သွားနေတဲ့ Jimin တစ်ယောက် ကော်ရစ်ဒါအကွေ့နားမှာ လူတစ်ယောက်နဲ့ ဝင်တိုက်မိလေတယ်...။ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့ကြောင့် အထိတ်တလန့်မော့ကြည့်မိတော့ Yoonji...။
"Jimin ဆောရီးနော်... နာသွားလား.. ထ..ထ.."
ယောကျၤားလေးနဲ့မိန်းကလေးဝင်တိုက်တာကို သူကျတော့ဘာမှမဖြစ်ပဲ ကိုယ်ကဖင်ထိုင်လျက်လဲရတဲ့အဖြစ်...။ ကမ်းပေးတဲ့သူ့ရဲ့လက်ကို ဆွဲယူကာထရပ်လိုက်တော့ စိတ်ထဲတစ်မျိုးကြီးဖြစ်သွားတယ်....။
Yoonji ရဲ့လက်တွေက Suga Hyung ရဲ့လက်တွေလိုပဲ နွေးထွေးလွန်းတယ်...။ ပြီးတော့ လူချင်းပြန်အကပ်မှာ ထပ်ရလိုက်တဲ့ကိုယ်သင်းနံ့...။ အကြိမ်ကြိမ်တိုးဝင်ဖူးတဲ့ Suga Hyung ရဲ့ရင်ခွင်ကိုတောင် လွမ်းသွားရတယ်...။ ဘာလို့အဲလောက်တောင် တူနေရတာလဲ...??
"Yoonji... နင်...???"
Jimin ပြောရမယ့်စကားတွေတောင် ထစ်အလို့နေတယ်...။ ဒါကြီးကမထူးဆန်းဘူးလား...။ ရုပ်ချင်းတူတာကစလို့ အတွေ့အထိနဲ့ ကိုယ်သင်းနံ့တွေကအစ တူနေတာကတော့....
"Jimin က ဒီကိုဘာလာလုပ်တာလဲ..??"
Yoonji မေးလိုက်တော့မှပဲ Jimin လဲ သူ့လာရင်းကိစ္စကို သတိရသွားတော့တယ်...။ ခုထိကိုင်ထားဆဲ Yoonji ရဲ့လက်ကို အမြန်လွှတ်လိုက်ပြီးတော့ ရုံးခန်းဆီသို့ဦးတည်လိုက်တယ်...။
"ငါ့ကိုဆရာမ ခေါ်ထားလို့... နောက်မှတွေ့မယ်နော်"
အပြေးတစ်ပိုင်းထွက်သွားတဲ့ Jimin ကိုကြည့်ပြီး Yoongi သက်ပြင်းချမိတယ်....။ ဒီအတိုင်းဆိုရင်တော့ Jimin အနှေးနဲ့အမြန်ဆိုသလို သံသယတွေဝင်လာတော့မှာပဲ... ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းသင့်ပြီထင်တယ်....။
~•~•~•~•~•~•~•~•~•~•~
ဆရာမဆီကပြန်လာတော့ အတန်းထဲမှာ Taekook ၂ယောက်လုံးကို မတွေ့ရတော့ပေ...။ ခုနက Jungkook က တစ်ခုခုပြောချင်နေပုံရတယ်...။ သူသိထားတာတစ်ခု ရှိနေမယ်ထင်တယ်...။
"ကလင်...!!!"
ဖုန်းက message ဝင်လာကြောင်း အသံပေးလာတာကြောင့် Jimin ယူစစ်လိုက်တယ်...။ Taehyung ပို့ထားတာပဲ...။ ကျောင်းခေါင်မိုးထပ်ကို လာခဲ့ပါတဲ့လေ...။
နောက်တစ်ချိန်က ကာယအချိန်မို့ စာသင်မှာမဟုတ်တာသေချာတယ်...။ Jimin လဲ တွေဝေမနေတော့ပဲ သူတို့ရှိနေမယ့် ကျောင်းခေါင်မိုးထပ်ကိုသာ တက်သွားလိုက်တော့တယ်....။ ဟိုရောက်တော့ Taekook ၂ယောက်အပြင် Yoonji ကိုပါ တွေ့လိုက်ရတာကြောင့် Jimin အံ့ဩသွားခဲ့တယ်....။
"မင်းတို့အားလုံးက အတူတူရှိနေကြတာပဲ"
"အင်း... တကယ်တော့ငါတို့မင်းကို အရေးကြီးတာတစ်ခု ပြောစရာရှိတယ်... မင်းလန့်မသွားနဲ့နော်"
Taehyung ရဲ့ထူးဆန်းလွန်းတဲ့စကားကြောင့် Jimin အံ့ဩသွားတယ်...။ ကြည့်ရတာ ကိစ္စတစ်ခုတော့ ကြီးကြီးမားမားရှိနေပြီပဲ...။
"မင်းတို့ဘာဖြစ်နေကြတာလဲ... ငါနားမလည်တော့ဘူး... ငါ့ကိုနားလည်အောင်ရှင်းပြဦး"
Taehyung က သူ့ဘေးက Yoonji ကို ငဲ့စောင်းကြည့်တယ်...။ Yoonji က ခေါင်းညိတ်ပြရင်း Jimin မျက်နှာကို တည့်တည့်ကြည့်လာတယ်...။ တစ်မျိုးကြီးပဲ... ဒီအကြည့်တွေက ဘာလို့လဲ....။
"Jimin ကို ဝန်ခံပါရစေ... တကယ်တော့ ငါ့နာမည်အရင်းက Min Yoongi ပါ... Min Yoonji မဟုတ်ပါဘူး"
"အာ.. ဒါများ... ဘာဖြစ်လဲ နာမည်လေးပဲဟာ"
Jimin ခပ်ပေါ့ပေါ့ပဲသဘောထားကာ ရယ်မောလိုက်တယ်....။ သို့သော် သူတို့၃ယောက်လုံးကတော့ အတူတူလိုက်ပြီး မရယ်မောကြပါ...။ ကိုယ့်မျက်နှာကိုသာ စူးစိုက်ကြည့်လာတာကြောင့် Jimin မနေတတ်တော့ပေ...။
"ဘာ... ဘာလို့ငါ့ကိုအဲလိုကြည့်နေတာလဲ...??"
"Jimin ahh ငါ့ကိုသေချာကြည့်"
Yoonji ရဲ့အသံက အရင်လိုခပ်တိုးတိုးလေးမဟုတ်ပဲ ကျယ်နေတာကြောင့် Jimin စိတ်ထဲတစ်မျိုးပင်...။ ဒီအသံက Suga Hyung ရဲ့အသံမျိုး...??
သူအံ့ဩစွာကြည့်နေတုန်းမှာပင် Yoonji က သူ့ဆံပင်တွေကိုလှန်တင်လိုက်တယ်...။ ဒါ... ဒါက... ဆံပင်အစစ်မှမဟုတ်ပဲ...။ ဂုတ်ဝဲလေးဖြစ်နေတဲ့ ဆံပင်တုလှလှလေးက သူ့လက်ထဲပါသွားသောအခါ ပေါ်ထွက်လာတဲ့ ဖြူလွလွဆံပင်တွေ...
"ကလေး... ကိုယ်က Suga ပါ... မင်းရဲ့ချစ်သူ Suga Hyung ပါ..."
Jimin ရင်ထဲဒိန်းခနဲပင်...။ အံ့ဩထိတ်လန့်စိတ်ကြောင့် နောက်သို့ပင်ခြေလှမ်းအနည်းငယ် ဆုတ်မိသွားတယ်...။ သူ့ရှေ့မှာမြင်နေရတဲ့ မိန်းကလေးကျောင်းဝတ်စုံနဲ့ ဆံပင်ဖြူလွလွကောင်လေးက တကယ်ပဲသူ့ချစ်သူ Suga Hyung ပဲပေါ့...။
"မင်း... မင်းတို့ပါ... သိနေကြတာလား...??"
Jimin အထိတ်တလန့်မေးမိတော့ Taekook ၂ယောက်လုံး ခေါင်းညိတ်ပြလေတယ်....။ Jimin ရဲ့မျက်နှာက အံ့ဩနေတဲ့ပုံစံကနေ တဖြည်းဖြည်းနဲ့ ပြောင်းလာခဲ့တယ်....။
"အဟား... လတ်စသတ်တော့ ငါတစ်ယောက်တည်း အရူးဖြစ်နေခဲ့တာပဲ... မင်းတို့အားလုံးက ငါ့ကိုနောက်ကွယ်မှာ တိတ်တိတ်လေးဝိုင်းဟားနေမှာပေါ့"
"မ... မဟုတ်ဘူး Jimin... မင်းအထင်မှားနေပြီ"
"ကိုယ်ရှင်းပြတာနားထောင်ပါဦးကလေးရယ်"
သူတို့အားလုံးပျာပျာသလဲနဲ့ ရှေ့သို့တိုးလာပေမယ့် Jimin လက်နှစ်ဖက်နဲ့နားကိုပိတ်ထားလိုက်တယ်...။
"မလာကြနဲ့... ထွက်သွားကြ... မင်းတို့အားလုံးကိုမုန်းတယ်... ပြီးတော့ Min Yoongi... ခင်ဗျားနဲ့ကျွန်တော် ဒီမှာတင်ဇာတ်လမ်းပြီးပြီ"
"Jimin...!!!"
"ဟာ.. ကလေး...!!"
ပြောပြီးတာနဲ့ပြေးဆင်းသွားတဲ့ Jimin ကို သူတို့အားလုံးမတားမိကြ...။ ခုချိန်မှာ Jimin အတွက် အမှန်တရားကိုလက်ခံဖို့ အချိန်တစ်ခုလိုအပ်နေဦးမှာ...။
"ငါပြောသားပဲ... သူအထင်လွဲလောက်တယ်လို့"
Taehyung ရဲ့မချိတင်ကဲ ရေရွတ်တဲ့စကားအပေါ် Yoongi ရော Jungkook ရော အထွန့်မတက်ဝံ့ကြ...။ Taehyung တားတဲ့ကြားက သူတို့၂ယောက်က ဝန်ခံဖို့လမ်းကို ရွေးချယ်ခဲ့တာလေ...။ အခုတော့...
"သူစိတ်ဆိုးပြေသွားရင်တော့ သေချာအကြောင်းစုံကို ရှင်းပြရမှာပေါ့... ကျွန်တော်သိပါတယ်... Jimin က ငယ်ငယ်ကတည်းက စိတ်ဆိုးလဲခဏပါပဲ"
Taehyung ပြေရာပြေကြောင်းပြောနေပေမယ့် သူ့စိတ်ထဲမှာရှိတဲ့ စိုးရိမ်မှုတွေကတော့ လျှော့မသွားပါ...။ ဒါကပေါ့သေးသေးကိစ္စမှ မဟုတ်တာပဲ...။ Jimin အနေနဲ့ လွယ်လွယ်နဲ့စိတ်ဆိုးပြေပါ့မလား...။
၃ယောက်သား ဘာစကားမှမဆိုဖြစ်ပဲ အတွေးကိုယ်စီနဲ့ နှုတ်ဆိတ်နေကြတယ်...။ Yoongi ကတော့ သူ့ရဲ့ဖုံးကွယ်ထားမှုအတွက် ခုမှနောင်တရနေမိတယ်...။ အစောကြီးကတည်းကသာ အမှန်အတိုင်းပြောမိရင် ဒီလောက်နာကျင်ရမှာမဟုတ်....။
ဖုံးကွယ်ထားမိတာကလဲ ကလေးအထင်လွဲမှာစိုးလို့ပါ...။ ဒါပေမယ့်အခုတော့....။ အရာအားလုံးက နောက်ကျသွားခဲ့ပြီလား...??
ကိုယ့်ကိုမမုန်းလိုက်ပါနဲ့ကလေးရယ်...!!!!
To Be Continued.....