ထိပ်ထား

By RenGe-

368K 33K 1.7K

မည်သူတစ်ဦးတစ်ယောက်မှ ရည်ရွယ်ခြင်းမရှိ ကျွန်တော်၏ စိတ်ကူးသက်သက်ပင်ဖြစ်သည်။ More

အမှာစကား
သီရိနန္ဒာဒေဝီ
စေ့စပ်ပွဲ
ဟံသာဝတီသို့နောက်တဖန်
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂
ကျီစယ်လေသောကံကြမ္မာ
အပါးတော်မြဲအဖြစ် ရှိနေပါရစေ
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ်
ပိုမိုနီးစပ်လာခြင်း
အိမ်ရှေ့စံ၏အကြံအစည်
ချစ်စကားတစ်ခွန်းဆိုပါမည်
အလှည့်အပြောင်း
နဒီ သို့မဟုတ် မြစ်တစ်စင်း
ချည်လုံးအစဖော်ခြင်း
အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း
တရားဝင်
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ
ထိုးမည့်ဆင် တစ်လှမ်းဆုတ်
အကျဉ်းအကျပ်
တိုက်ပွဲ
ရင်ဝှက်ပန်း
သံသရာ (ဇာတ်သိမ်း)
ကျေးဇူးတင်လွှာ
သီရိနန္ဒာဒေဝီ (ZawGyi)
စေ့စပ်ပွဲ (ZawGyi)
ဟံသာဝတီသို့နောက်တဖန် (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၁ (ZawGyi)
ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂(ZawGyi)
ကျီစယ်လေသောကံကြမ္မာ(ZawGyi)
အပါးတော်မြဲအဖြစ် ရှိနေပါရစေ(ZawGyi)
ထုံးဖွဲ့ပြန်ပေါ့ သံယောဇဉ် (ZawGyi)
ပိုမိုနီးစပ်လာခြင်း (ZawGyi)
အိမ်ရှေ့စံ၏အကြံအစည်(ZawGyi)
ချစ်စကားတစ်ခွန်းဆိုပါမည်(ZawGyi)
အလှည့်အပြောင်း(ZawGyi)
နဒီ သို့မဟုတ် မြစ်တစ်စင်း (ZawGyi)
ချည်လုံးအစဖော်ခြင်း (ZawGyi)
တရားဝင် (ZawGyi)
ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ (ZawGyi)
ထိုးမည့်ဆင် တစ်လှမ်းဆုတ် (ZawGyi)
အကျဉ်းအကျပ် (ZawGyi)
တိုက်ပွဲ (ZawGyi)
ရင်ဝှက်ပန်း (ZawGyi)
သံသရာ (ဇာတ်သိမ်း) (ZawGyi)
Announcement
Pre Order
Extra

အတိတ်ကောက်ကြောင်း တစ်စေ့တစ်စောင်း(ZawGyi)

1K 131 0
By RenGe-

မျက်စိရှေ့က စစ်ထွက်ဝတ်စုံကဲ့သို့သော ဝတ်စုံကို နဒီသေချာကိုင်ကြည့်နေမိသည်။ ဒါအဘတို့ အမေတို့နဲ့စကားပြောပြီးနောက် အမေထုတ်ပေးခဲ့တာ။ သူ့ကိုရေထဲကဆယ်လာစဉ်က သူဝတ်ခဲ့သည်ဆိုသော ဝတ်စုံ။ မိန်းကလေးတစ်ဦးဖြစ်တဲ့ သူဟာ စစ်သည်တစ်ဦးများလား။

ကိုယ့်ကိုယ်ကိုယ် မည်သူမည်ဝါဖြစ်ကြောင်း မေးခွန်းထုတ်နေရင်း အဘ အမေတို့နဲ့ စကားပြောရန် လိုလာတာမို့ နဒီ ပွင့်ပွင့်လင်းလင်း ဖွင့်မေးလိုက်ခြင်းပင်။ အဘ အမေတို့နားက ထွက်သွားလိုစိတ်နဲ့တော့မဟုတ် ဘဝမှန်ကို ရှာဖွေလိုယုံသာ။ ဒါပေမဲ့ ဒီဝတ်စုံမှလွဲ၍ အဘနှင့် အမေတို့ဆီမှလည်း ဘာသဲလွန်စမှ မရခဲ့။

ယခင်က ဒီတံငါရွာလေးမှာပဲ သက်ဆုံးတိုင် အဘ အမေတို့နဲ့ နေဖို့စဉ်းစားထားပေမဲ့ ယခုတော့ အဖြေရှာရန် လိုအပ်လာပြီဟု တွေးမိသည်။ တကယ့် မိဘအရင်းတွေသာ ရှိခဲ့ရင် သူတို့လည်း နဒီ့ကို စောင့်မျှော်နေလိမ့်မည်ဟု တွေးတာမို့။

ပြီးတော့ ထိပ်ထား။ ထိပ်ထားနဲ့သူဟာ တစ်ခုခုဆက်စပ်မှု ရှိရမည်ဆိုတာ နဒီတွေးမိ၏။ ထိပ်ထားလို သူဋ္ဌေးသမီး မမလေးက အကြောင်းမရှိပဲ သူ့လို တံငါရွာက သာမာန်လူကို မိတ်ဆွေဖြစ်ချင်သည်ဟု ပြောမည်မဟုတ်။ ပြီးတော့ စတွေ့ချင်းကလည်း “တပ်မှုးချုပ်” ဆိုလား ခေါ်ခဲ့သည်မလား။

တကယ်ပဲ သူ့သရုပ်မှန်က ဘာလဲဆိုတာ ရှာဖွေဖို့ လိုအပ်လာပြီမှန်း နဒီ နားလည်လာသည်။ သို့ပေမဲ့ ထိပ်ထားကိုတော့ မမေးလိုပါ။ ကိုယ်တိုင် သတိရလာပြီး ကိုယ်တိုင် အမှတ်ရတာပဲ လိုချင်တာသည်။

ဒီနေ့ကဈေးနေ့။ ဒီနေ့ကို နဒီစောင့်မျှော်နေခဲ့တာ။ ဈေးရောင်းဖို့ဆိုတာထက် ထိပ်ထား၏ စံအိမ်ကို အလည်သွားချင်မိတာကြောင့်ရယ်ပါ။ အကြောင်းရေရေရာရာမသိရပေမဲ့ ထိပ်ထားပြန်သွားပြီး နောက်ရက်ကစပြီး ထိပ်ထားကို အောက်မေ့မိနေခဲ့တာ။ သူ့ကိုပဲ တွေးနေမိခဲ့တာ။ နဒီလည်း အကြောင်းအရင်းကို မသိပါ။ သေချာတာက ထိပ်ထားနဲ့သူဟာ တစ်ခုခု ပတ်သတ်မှုရှိရမည်ဆိုတာပါပဲ။

“အဖေနဲ့ အမေ နဒီသွားပြီနော်။ ဒီနေ့ အပြန်နည်းနည်းနောက်ကျမယ်။ ခြင်းတွေကုန်ရင် ထိပ်ထားတို့ စံအိမ်ကို ခေတ္တဝင်မှာမို့”

“အေးကွယ် အေး။ ဒါပေမဲ့ အရမ်းမှောင်မှ ပြန်မလာနဲ့နော်။ နေအုန်း လုံမလေးဖို့ ဒါလေးတွေ ယူသွားအုန်း။ ဒါက ငါးရံ့ခြောက် ၊ ဒါကဒုံးကျောက်။”

“ဟုတ်ကဲ့ အမေ”

နဒီ ရောင်းရန်ခြင်းတောင်းများနှင့် ထိပ်ထားဖို့ အမေထည့်ပေးလိုက်သော လက်ဆောင်ထုတ်များပါ သယ်ကာ ဈေးကို ထွက်လာခဲ့သည်။ အရမ်းအချိန်လင့်သွားလို့မရ။ စောစောရောက်ပြီး မြန်မြန်ရောင်းရမည်လေ...။

________🪔ထိပ်ထား🪔___________

ဈေးကွဲချိန်‌ ရောက်တာနှင့်နဒီ့် လက်ထဲက တောင်းနှစ်လုံးကို ရင်းနှီးသော ဆိုင်တစ်ဆိုင်သို့ ဝင်အပ်လိုက်တော့သည်။ အကုန်မရောင်းရသော်လည်း ဒီနေ့အဖို့က အသပြာကိုက်သွားပြီလေ။ ပြီးတော့ သွားစရာနေရာက ရှိသေးသည်။

အိတ်ထဲက ခရုပုတီးကုံးလေးကို စမ်းကာ နဒီပြုံးလိုက်သည်။ အလှဆုံးဆိုသော ခရုခွံများကိုသာ ရွေးချယ်ပြီး သီကုံးထားတာမို့ ထိပ်ထားသဘောကျလောက် ကောင်းပါရဲ့။

ရာမညနန်းတော်ရဲ့ အရှေ့စူစူး တောင်ကုန်းပေါ်က စံအိမ်တဲ့။ ထိပ်ထားပြောသလို နဒီလာခဲ့လိုက်သည်။

သိပ်ကြာကြာမသွားလိုက်ရပါ။ အမြဲဖြတ်သွားနေကျ တောင်ကုန်းပေါ်က ထည်ဝါသော စံအိမ်ကြီးကို နဒီ အဝေးကပင် လှမ်းမြင်နေရချေပြီ။ ထိပ်ထားသည် ထင်မှတ်ထားတာထက် ပိုကြွယ်ဝကြောင်း နဒီ ခံစားလိုက်ရသလို သွားဖို့ကိုလည်း အနည်ငယ်တွန့်သွားရသည်။ ဘယ်လိုပဲဆိုဆို မိမိက သာမာန်တံငါရွာက တောသူတစ်ဦးလေ။

သို့ပေမဲ့လည်း လာခဲ့ပြီမို့ တွေ့ချင်စိတ်ကလည်း ကြီးစိုးနေတာမို့ ဦးတည်ချက်ကို နောက်မလှည့်ခဲ့။

စံအိမ်တော်ကြီးသည် အကာအရံများမရှိ ပန်းခင်းကြီးများဖြင့်သာ ပတ်ပတ်လည် ဝန်းရံလျှက်။ နီးကပ်လာလေ သိပ်လှသော ပတ်ဝန်းကျင်ဖြစ်ကြောင်း နဒီ ခံစားရလေပါပဲ။ အရမ်းလည်း တိတ်ဆိပ်အေးချမ်းသည်။

အိမ်တော်ရှေ့ရောက်လုလု တလင်းပြင်နေရင်တွင် ပြစ်မှတ်ကို ချိန်ကာ မြှားပြစ်နေသော မိန်းမပျိုတစ်ဦး။

”ထိပ်ထား”

ဆတ်ခနဲ့လှည့်ကာ လူကိုမြှားနဲ့ချိန်လိုက်သောကြောင့် နဒီတွန့်သွားရသည်။ ထိပ်ထား၏ ညီမတော်ဆိုသူ ခင်ခင်လေးပါပဲ။

“သြော် တံငါရွာက အစ်မတော်ဧည့်သည်”

“ဟုတ်ပါတယ်။”

“အခုမှ ပေါ်လာတယ်နော်။ အစ်မတော်က ရှင့်ကို နေတိုင်းနီးပါး မျှော်နေတာ”

နေ့တိုင်းနီးပါး မျှော်သည်ဆိုသော စကားကြောင့် နဒီစိတ်ထဲ ကြည်ကြည်နူးနူး ဖြစ်သွားရ၏။

“အိမ်တော်ထဲမှာတော့ မဟုတ်ဘူး။ ဟိုတောင်ဘက်က နှင်းဆီခင်းမှာ ပန်းခူးနေလေရဲ့။ လိုက်သွားလိုက်ပါ။ ရှင့်အထုတ်တွေ ဒီနားထားခဲ့။ ခင်လေး အိမ်ထဲယူသွားပေးထားမယ်”

“အဲ့ဆို သွားလိုက်အုန်းမယ်နော်”

ခင်ခင်လေး ညွှန်ပြရာဘက် နဒီ ထွက်လာခဲ့လိုက်သည်။ တွေ့ရတော့မှာကို ပို၍ပို၍ မြန်မြန်တွေ့ချင်လာရသည့် စိတ်ဆိုတာကလည်း မလွယ်။

ဟော တွေ့ပါပြီ။ နှင်းဆီပန်းတွေနဲ့ အလှခြင်းပြိုင်နေတဲ့လူသားကို။ ပန်းညှပ်ကပ်ကြေးနှင့် ပန်းညှပ်လိုက် ဗန်းထဲထည့်လိုက်ဖြင့် အလုပ်များနေသောကြောင့် နဒီ ရောက်ရှိလာမှုကို သတိမထားမိ။

“အခွင့်အရေးသာပေးရင် ပန်းတစ်ပွင့်လောက်ချိုးပြီး ပန်ပေးချင်တာ။”

“အလို....”

အနီးနားကကြားလိုက်ရတဲ့ အသံကြောင့် လက်ထဲက ခူးပြီးသား ပန်းလေးပင်ပြုတ်ကျသွားရသည်။ ထိပ်ထားကြည့်လိုက်တော့ သူတစ်ချိန်လုံး မျှော်နေရတဲ့သူ။ သူ့ကိုပြုံးပြုံးကြီး ကြည့်လို့။

“အရှင်” တိတ်တခိုးပေးထားသော နာမ်စားကို ခပ်တိုးတိုးခေါ်မိသွားသည်။

“ပန်ပေးလို့ရမလား”

မေးနေပေမဲ့ သူဟာ အလှဆုံးပန်းတစ်ပွင့်ကို ချိုးနှင့်ပြီးနေပြီ။ ဆူးတွေလည်း ဖယ်နေခဲ့ပြီ။ထိပ်ထား ရဲ့ ခွင့်ပေးမှုကို စောင့်နေရင်းပေါ့။အတိတ်ကို မမှတ်မိပေမဲ့ သူကဟိုးအရင်ကလိုပဲ ပြုမူတက်တုန်း။နဒီလား တပ်မှုးချုပ်လားဆိုတာတောင် ထိပ်ထားမကွဲချင်တော့တဲ့အထိ။

“ပန်ပေးလေ”

ထိပ်ထားနားသယ်စက ဆံပင်လေးကို နဒီကိုယ်တိုင်သပ်တင်ပေးလိုက်ရင်း အလှဆုံးပန်းကို အလှဆုံးသူအား ပန်ပေးလိုက်သည်။

“ပန်းလေးလှတာမှန်ပေမဲ့ အခုသူခမျာ အားငယ်သွားရပြီ။ ထိပ်ထားက ပိုလှနေတာမို့”

နဒီ့စကားကြောင့် ထိပ်ထားပြုံးလိုက်မိသည်။စကားချိုချိုတွေ ပြောတက်နေဆဲပါပဲ။

“ဒီနေ့ဈေးနေ့လား။”

“ ဟုတ်တယ်။ တောင်းတွေ အမြန်ရောင်းပြီးတာနဲ့ ဒီကို လာခဲ့တာ။ အဘနဲ့ အမေကလည်း ထိပ်ထားဖို့ ရွာကထွက်တာလေးတွေ ထည့်ပေးလိုက်တယ်”

“ထိပ်ထားကလည်း နဒီလာလည်မယ်ပြောထားလို့ မျှော်နေတာ။ အဲ့ဒီကို ခဏခဏလာလို့ကျတော့ အဆင်မပြေလို့လေ။”

“ဟုတ်တာ‌ပေါ့။ နဒီကပဲ ခဏခဏ လာလည်ပါ့မယ်။ ဒါနဲ့ ပန်းကခူးပြီးပြီလား။ ကူခူးပေးမယ်လေ”

“ပြီးပြီ။ ခုအိမ်ထဲ သွားကြစို့။ နေ့ခင်းစာ မစားရသေးဘူးမလား။ ဒီမှာတစ်ခါထဲ ထိပ်ထားနဲ့အတူ စားသွားရမယ်။ ပြီးတော့ အေးအေးဆေးဆေးမှ ပြန်”

ထိပ်ထား၏ပြောစကားကို နဒီခေါင်းငြိမ့်ပြပြီး ထောက်ခံကြောင်းပြောလိုက်သည်။ ထိပ်ထားနားနေရတာ မသက်မသာဖြစ်ခြင်း အားတုံ့အားနာဖြစ်ခြင်းမရှိ။ သက်တောင့်သက်သာ ရှိလှသည်။

“သြော် မေ့လို့။ ဒါလေး ထိပ်ထားကို ပေးမလို့။ သိပ်တော့ တန်ဖိုး မရှိလှပါဘူး။ ဒါပေမဲ့ နဒီကိုယ်တိုင် အလှဆုံးခရုလေးတွေ ရွေးကောက်ပြီး သီထားတာပါ။ တစ်ခါထဲ ဝတ်ကြည့်ပါလား”

နဒီ သူ့အိတ်ထဲက ခရုဆွဲကုံးလေးကို ထုတ်ပြီး ထိပ်ထားကို ပေးလိုက်ရင်း ဆွဲဖို့ပြောလိုက်သည်။။ ဒါပေမဲ့ ထိပ်ထားလည်တိုင်ကျော့ကျော့မှာ ရှိနှင့်ပြီးသား မဟူရာပုတီးကုံးလေးကို မြင်လိုက်ချိန်မှာတော့...

“ဟုတ်သား ထိပ်ထားလို အဆင့်အတန်းနဲ့ ဒီသာမာန်ခရုဆွဲကုံးနဲ့ အပ်မှမအပ်စပ်တာ ။ ဒီအတိုင်းပဲ သိမ်းထားလိုက်ပါတော့။”

ဒါပေမဲ့ နဒီ့မျက်လုံးတွေက မဟူရာဆွဲပုတီးလေးဆီက မခွာမိ။ ဒီပုတီးကုံးလေးကို သူမြင်ဖူးသလိုရှိနေသည်။ သို့ပေမဲ့ ဘယ်မှာမြင်ဖူးခဲ့မှန်းမသိ။

“ နဒီပေးတာဆိုတော့ ထိပ်ထားအတွက် တန်ဖိုးရှိပါတယ်။ ထိပ်ထား သေသေချာချာ သိမ်းထားမှာပါ။ ဒီမဟူရာပုတီးလေးက ထိပ်ထားအတွက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ အမှတ်တရတွေရှိတာမို့ အမြဲဝတ်နေကျကြောင့်ပါနော်”

ဒီစကားကို ထိပ်ထား နဒီရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ပြောလိုက်ခြင်းပင်။ တစ်စုံတစ်ရာကို ရှာဖွေကြည့်ရင်းပေါ့။ နဒီ့ပုံကလည်း တစ်ခုခုကို စဉ်းစားနေတဲ့ဟန်ပါပဲ။

ထိပ်ထား နဒီ့လက်ထဲက ခရုပုတီးကုံးလေးကိုဆွဲယူလိုက်ရင်း ပန်းဗန်းကို နဒီ့ဆီထိုးပေးလိုက်ကာ

“ကဲ လာသွားရအောင်”

နဒီ့အတွေးထဲမှာတော့ တွေးစရာပဟေဠိတစ်ခုတိုးလာရသည်။နက်မှောင်နေသည့် ပုတီးကုံးလေးတစ်ကုံးအကြောင်း။

ခင်ခင်လေး မြှားပြစ်သည့် တလင်းပြင်သို့အရောက် ထိပ်ထား နဒီ့လက်ထဲက ပန်းဗန်းကို လှမ်းယူလိုက်ကာ အနားက ကွပ်ပျစ်ပေါ်တင်လိုက်သည်။ ပြီးနောက်

“နဒီ မြှားပြစ်ကြည့်ပါလား”

“မြှား...ထိပ်ထားရယ် နဒီတစ်ခါမှ လေးကိုင်ကြည့်ဖူးခဲ့တာမဟုတ်ဘူး။ ဘယ်လိုပြစ်တက်ပါ့မလဲ”

“ပြစ်ကြည့်ပါလား။ မပြောနိုင်ဘူးလေ ပြစ်တက်ချင်ပြစ်တက်မှာပေါ့။ ထိပ်ထားလည်း သိသလောက်ပြောပြမှာပေါ့။ လာပါ ပြစ်ကြည့်”

ပြောပြောဆိုဆိုဖြင့် လေးကိုင်းကို နဒီ့လက်ထဲ ထိုးထည့်ပေးလိုက်သည်။ တပ်မှုးချုပ်က မြှားပြစ်သိပ်တော်တာလေ အခုနဒီဘဝမှာကော လုပ်နိုင်သေးလားဆိုတာ ထိပ်ထားသိချင်သည်။ ပြီးတော့ သူ့စိတ်ထဲ တစ်စုံတစ်ခုနည်းနည်းလေးပဲ အမှတ်ရရ။ ထိပ်ထားကြိုးစားကြည့်ချင်သည်။

နဒီဟာ သူ့လက်ထဲရောက်လာတဲ့ လေးကိုင်းကို စူးစူးစိုက်စိုက်ကြည့်မိတယ်။ ပထမဆုံးစကိုင်သလိုမခံစားရ ရင်းနှီးနေတဲ့ မိတ်ဆွေတွေလိုပင်။

“နဒီ့လက်ကို ဒီကွင်းလေးစွတ်ထား။ ဒါမှ ကြိုးဆွဲရင်မနာမှာ ။ ပြီးရင် ခြေကိုချဲရပ်လိုက်။ ပစ်မှတ်ကို သေချာချိန်မယ်နော်....မြှားကိုပြစ်လွှတ်ပြီဆိုတာနဲ့ လက်ကိုအနောက်ဘက်ကို ကျားမြှီးပုံစံဆန့်ထုတ်လိုက်မယ်။”

ဘေးကနေ နည်းပြတစ်ယောက်လို ပြောနေသော ထိပ်ထားကို နဒီအံ့သြစွာကြည့်မိသွားသည်။ ထိပ်ထားက မြှားပြစ်တက်တာလား။

“ထိပ်ထားက မြှားပြစ်တက်တယ်လား”

“အင်း နည်းနည်းပေါ့။ ထိပ်ထားကို တစ်စုံတစ်ယောက်က သင်ပေးခဲ့တာ။ သူပြောသလို အခု နဒီ့ကို ပြန်ပြောပြတာ။ ထိပ်ထား နောက်ကနေ ထိန်းပေးရအုန်းမလား”

“ရမယ်ထင်ပါတယ်။ နဒီ ကြိုးစားပြစ်ကြည့်မယ်လေ”

ခန္ဓာကိုယ်ပုံစံ လေးချိန်ပုံ ချိန်နည်းတွေကို ထိပ်ထားပြောသလို နဒီလုပ်လိုက်သည်။ ပြီးတော့ ပြစ်ကွင်း။ သူသေချာစွာ အာရုံစူးစိုက်လိုက်ရင်း လေးကြိုးကိုဆွဲကာ မြှားကို ပြစ်လွှတ်လိုက်ပါတော့သည်။

“ဒေါက်...”

“အို...”

စက်ဝိုင်းမှာ မြှားစိုက်သွားသံနှင့် အာမေဋိတ်သံ တစ်ပြိုင်နက်တည်း ထွက်လာသည်။ နဒီပြစ်လိုက်သော မြှားသည် စက်ဝိုင်း၏အလည်ဗဟို တည့်တည့်တွင်စိုက်လျှက်။ အာမေဋိတ်သံကတော့ အိမ်တော်ထဲမှ ထွက်လာသော ခင်ခင်လေးဆီမှဖြစ်ပြီး ထိပ်ထားကတော့ ပြုံးလျှက်။

နဒီသည် လက်ထဲက လေးကိုကြည့်လိုက် စိုက်နေသော မြှားအားကြည့်လိုက်ဖြင့် ဇဝေဇဝါ ဖြစ်နေရှာ၏။

“ရှင်ကတော်လိုက်တာ ပထမဆုံးပြစ်တာလည်းဆိုသေး တစ်ခါထဲနဲ့ ဗဟိုထိတာပဲ။ ခင်လေးဆို တော်တော်လေ့ကျင့်ပြီးမှ ဗဟိုကိုထိခဲ့တာ။”

ခင်ခင်လေး၏ ချီးမွန်းမှုကို အပြုံးနဲ့သာ လက်ခံလိုက်သည်။ ခုထိ နားမလည်သေး ။ ဘယ်လိုဖြစ်လို့ သူမြှားပြစ်တက်နေလဲဆိုတာ။ သူမမှတ်မိတဲ့ သူ့အတိတ်မှာ သူဟာမြှားပြစ်ကျွမ်းတဲ့ သူတစ်ယောက်လားဆိုတာ နဒီတွေးမိသည်။ ထိပ်ထားကကော ဒါ့ကြောင့် သူ့ကို မြှားပြစ်စေခိုင်း ကြည့်ခြင်းလား။

“ကဲ အဲ့မြှားကြီးကို ဒီလောက်ငေးရတာ တော်ရောပေါ့။ အရင်ကလည်း ဒီလိုပဲကို ။ လာ နေ့ခင်းစာ ပွဲတော်တည်ရအောင်”

အရင်ကလည်း ဒီလိုပဲဆိုသည့် စကားကြောင့် နဒီ ထိပ်ထားကို ကြည့်မိသွားသည်။ ထိပ်ထားဟာ တကယ် တစ်ခုခုတော့ တစ်ခုခုပါပဲ။

ထိပ်ထားသည် စံအိမ်တော်ထဲသို့ နဒီကို ဆွဲခေါ်သွား၏။ များစွာသော အခန်းဆောင်များနှင့် အိမ်ကြီး၏ အတွင်းပိုင်းခမ်းနားမှုများက နဒီ့ကိုတမေ့တမော ငေးမိသွားစေသည့်အထိ။ ထိပ်ထားကြွယ်ဝမှုက သာမာန်မဟုတ်ချေ။

အခန်းကြီးတစ်ခုထဲ ထိပ်ထားခေါ်သွားသည်။ ပြီးမှသိလိုက်ရတာက ပွဲတော်တည်ဖို့ အပြည့်အစုံ ပြင်ဆင်ထားသည့် အခန်း။

ကြီးမားလှသည့် ထမင်းဝိုင်းကြီးပေါ်တွင် ဟင်းများစုံလျှက်။ စားမည့်သူက နဒီနှင့်ထိပ်ထား နှစ်ဦးတည်း။ ခင်ခင်လေးက မဆာသေးဟုဆိုကာ မြင်းဖြင့် တစ်နေရာကို ခေတ္တထွက်သွား၏။

“ဟင်းတွေက အများကြီး။ နဒီနဲ့ ထိပ်ထား နှစ်ဦးထဲလား။ ဟို ထိပ်ထား စိတ်မရှိဘူးဆို ထိပ်ထား ဦးရီးတော်တို့က...”

“ဒီမှာက ထိပ်ထားနဲ့ခင်လေး နှစ်ဦးပဲနေတာ။ ပွဲတော်တည်ဖို့ စီစဉ်ပေးတဲ့သူ တစ်ဦး။ ဒီစံအိမ်တော်လုံခြုံရေးကို စောင့်ရှောက်ပေးတဲ့သူတွေ သူတို့တော့ ရှိတာပေါ့။ နေတာက နောက်ဘက် အဆောင်တော်တစ်ခုရှိတယ်။ ထိပ်ထား ဦးရီးတော်တို့က မြို့တွင်းမှာနေတာ။ ဒီမှာခင်လေးနဲ့ထိပ်ထားက လွတ်လွတ်လပ်လပ်နေချင်လို့ လာနေတာလေ”

“သြော်”

ထိပ်ထားသည် နဒီစားမည့်ထဲ ဟင်းများ ခပ်ထည့်ပေး၏။

“ထိပ်ထားလည်းစားပါ”

“အင်း အင်း”

“လိုတာ ရှိရင် ထိပ်ထားကိုပြောနော်”

ပြီးနောက် သူတို့ တိတ်ဆိပ်စွာ ပွဲတော်တည်ကြ၏။

________🪔ထိပ်ထား🪔___________

“ထိပ်ထား ထိပ်ထား ပြောပြောနေတဲ့ အဲ့တစ်စုံတစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲဟင်။ ထိပ်ထား စိတ်မရှိဘူးဆိုရင် နဒီကိုပြောပြပါလား။”

စံအိမ်ကြီး၏ ဒုတိယမြောက်အထပ် လေတဖြူးဖြူးတိုက်ခတ်ပြီး ရှု့ခင်းကို ကောင်းစွာမြင်
ရသော လသာဆောင်ကဲ့သို့ နေရာတွင် နဒီနဲ့ထိပ်ထား ထိုင်နေကြခြင်းပါ။ ဆေးဖက်ဝင်သည်ဆိုသော ရေနွေးကို သောက်ကာ စကားစမြည်ပြောနေခြင်းပေါ့။ ဒီအချိန်မှာ နဒီ ဒီမေးခွန်းကို မေးလိုက်ခြင်းပါ။

ထိပ်ထားက နဒီ့မေးခွန်းကြောင့် ပြုံးသွားကာ....

“သူ....သူက သိပ်ထက်မြက်တယ်။ သိပ်လည်းတော်တယ်။ ပြီးတော့ သူကိုချစ်မြတ်နိုးတဲ့သူ အထင်ကြီးလေးစားတဲ့ သူတွေ အများကြီးပဲ။ ရဲရင့်ပြတ်သားတဲ့ လူစားမျိုး။”

နဒီ ထိပ်ထားမျက်နှာကို အကဲခတ်ကြည့်တော့ ထိပ်ထားက အဲ့တစ်စုံတစ်ယောက်အကြောင်းပြောတဲ့ နေရာမှာ စိတ်ပါလက်ပါရှိလွန်းလှတယ်။ မျက်လုံးလေးတွေလည်း အရောင်လက်လို့...မမေးသင့်မှန်းသိပေမဲ့ သူ့နှုတ်ဖျားက ဘောင်ကျော်တဲ့ မေးခွန်း တစ်ခုထွက်သွားတော့တယ်။

“သူက ထိပ်ထား ချစ်မြတ်နိုးရတဲ့လူလား”

ထိပ်ထားသူ့ကို ဆတ်ခနဲ့ကြည့်လာတယ်။

“တောင်းပန်ပါတယ်ထိပ်ထား...နဒီ စည်းကျော်သွားတယ်”

“ရပါတယ်။ အဲ့မေးခွန်းကို ထိပ်ထားဖြေလို့ရပါတယ်။ ဟုတ်တယ် သူက ထိပ်ထားချစ်မြတ်နိုးရတဲ့သူ။ ဒါပေမဲ့ အဲ့အကြောင်းကို ထိပ်ထားပြောခွင့်မရလိုက်ဘူး။ သူထိပ်ထားဘေးကနေ ပျောက်ကွယ်သွားတယ်။ သူဟာသူပြောခဲ့တဲ့ စကားကို တာဝန်ယူတဲ့သူဆိုတာ ထိပ်ထားယုံကြည်ပါတယ်။ ဒါ့ကြောင့်ပဲ သူထိပ်ထားနားကို ပြန်လာမှာ။ ထိပ်ထားစောင့်မယ်။ သူထိပ်ထားနားကို ပြန်လာချိန်အထိ။ သူကြားချင်တဲ့ စကားကို ထိပ်ထား ပြောဖို့ပေါ့”

နဒီနဲ့ ထိပ်ထားကြား ငြိမ်သက်ခြင်းဟာ ကြီးစိုးသွားတယ်။ အဲ့ဒီ တစ်စုံတစ်ယောက်ဟာ သူများလားဆိုပြီး နဒီတွေးမိသွားတော့ သူ့အတွေးနဲ့သူ လန့်သွားရသည်။ ဘယ်လို အဓိပ္ပါယ်မရှိတဲ့ အတွေးမျိုးလဲ။ ထိပ်ထားပြောတဲ့သူဟာ ရဲရင့်ထက်မြက်တဲ့ အမျိုးကောင်းသားတစ်ဦးပဲ ဖြစ်မှာ ။ နဒီက မိန်းကလေးလေ။ ကိုယ့်အတွေးအတွက်လည်း ထိပ်ထားကို အားနာသွားရ၏

“ သူ့ကို ထိပ်ထား ပြန်တွေ့ပြီလား”

“အင်းတွေ့ပြီ။ ဒါပေမဲ့ သူက ထိပ်ထားကို မမှတ်မိဘူးလေ”

ထိပ်ထားက သူ့ကို စေ့စေ့ကြည့် ဖြေချိန်မှာတော့ နဒီ မနေတက်ဖြစ်သွားရပြန်တယ်။ နဒီ့ရဲ့မမှတ်မိသောအတိတ်၊ ထိပ်ထား၊ ပြီးတော့ ထိပ်ထားရဲ့တစ်စုံတစ်ယောက် ဒါတွေဟာ ဆက်စပ်မှုများ ရှိနေမလား။ နဒီတွေးလည်းမတွေးကြည့်ရဲသလို တွေးလည်းတွေးကြည့်ချင်မိသည်။ ထိပ်ထားနဲ့သူဟာ တစ်စုံတစ်ခုပတ်သတ်နေမလားဆိုတာကို...

“နဒီ..”

“ဟင်...”

“ဒီညကို ဒီမှာ အိပ်ပါလား”

“အဲ့တာက...”

“ဘာလည်း အဘနဲ့အမေကို မပြောခဲ့ရလို့လား။ ထိပ်ထား တစ်ယောက်ယောက်ကို သွားအကြောင်းကြား ခိုင်းလို့ရတယ်လေ။ ဒီနေ့ ဒီမှာ အိပ်ပါလားနော်..”

ထိပ်ထားရဲ့ လိုလိုလားလား အိပ်စေချင်တဲ့ဟန်က နဒီ့ငြင်းမဲ့စိတ်ကို ပျောက်သွားစေတယ်။ နဒီကိုယ်တိုင်ကလည်း ထိပ်ထားအနားမှာ ဆက်ရှိနေစေချင်သေးတာ ဝန်ခံရမည်။

“အဲ့ဆို ဒီမှာ တစ်ရက်လောက် ဧည့်သည်လုပ်မယ်နော်”

“ သိပ်ရတာပေါ့။ ခဏနေကျ ထိပ်ထား လူလွှတ်ခိုင်းလိုက့်ပါ့မယ်”

ဝင်းပသွားတဲ့ ထိပ်ထားမျက်နှာကြောင့် နဒီ စိတ်ထဲသဘောကျသွားရတယ်။

မသိစိတ်ထဲမှာ  ထိပ်ထားကို တော်တော်နေရာပေးနေမိတာကို နဒီ ဝန်ခံပါသည်။ အဘတို့နဲ့နေတုန်းက ရွာမှာ ရွယ်တူများရှိတာတောင် ခပ်တန်းတန်းနေခဲ့သူ ။ နဒီကို သဘောကျသူအများအပြားလည်းရှိသည်။ ဒါတွေတုန်းက ဘယ်လိုမှ မနေခဲ့ပေမဲ့ အချိန်တိုတွင်း ရင်နှီးသွားသော ထိပ်ထားကျမှ မတွေးရမနေနိုင်အောင်အထိ နေရာပေးမိသည်။ ပြီးတော့ ထိပ်ထားနဲ့သူ တစ်စုံတစ်ခုပတ်သတ်ဖူးမည်ဟုလည်း ယုံကြည်မိနေတာမို့...။ တကယ်လည်း ပတ်သတ်ခဲ့ဖူးချင်ပါသည်။

မလိမ်ညာတမ်းဆိုရလျှင် ထိပ်ထားပြောသော တစ်စုံတစ်ယောက်က နဒီသာဖြစ်လိုက်ချင်တော့သည်။

အဲ့လောက် လွှမ်းမိုးနေခဲ့ပြီ။ အတိတ်ကို ပြန်လည်ရှာဖွေချင်လာတာကလည်း ဒီ ထိပ်ထားဆိုတဲ့ သူမကြောင့်။

သို့ပေမဲ့ ကြောက်နေမိတာ တစ်ခုရှိသေးသည်။ တကယ်လို့ သူ သိချင်နေတဲ့ အတိတ်ဟာ ထိပ်ထားနဲ့မပတ်သတ်နေမှာကို။

အတွေးတွေက အမျိုးအမျိုးဝင်သည်။

စကားတွေဖောင်နေအောင် ပြောနေသည့် မျက်စိရှေ့က ကြွေရုပ်လေးကိုပဲ အားမနာတမ်း ငေးကြည့်မိရင်း

“ကျွန်ုပ်မသိတဲ့ အတိတ်ထဲမှာ ထိပ်ထားနဲ့ပတ်သတ်မှု ရှိပါရစေ ထိပ်ထား။ အရာအားလုံး သိချင်လာခဲ့တာ ထိပ်ထားကြောင့်မို့လို့။ ပြီးတော့ ယုံကြည်မှုလည်း လွန်ကဲနေမိတယ်။ ကျွန်ုပ်က ထိပ်ထားရဲ့ ရင်းနှီးသူဖြစ်လိမ့်မယ်ဆိုတာ။ ဒါပေမဲ့လည်း ကြောက်စိတ်အနည်းငယ်က ရှိနေဆဲမို့......”

နဒီ့စိတ်ထဲက ပြောစကားများကို ထိပ်ထားမကြားခဲ့ပါ။

ထိပ်ထားလည်း သူ့ အရှင် ၏ လေးလေးနက်နက် မျက်ဝန်းများကြောင့် စိတ်ကျေနပ်နေခဲ့ပြီ။

တံငါရွာက နဒီ ဆိုသော အမျိုးသမီး၏ မျက်ဝန်းမဟုတ်ပဲ တပ်မှုးချုပ် သီရိနန္ဒာဒေဝီ ၏ မျက်ဝန်းကို ထိပ်ထားပြန်တွေ့သလို ခံစားမိတာမို့။

                      

________🪔ထိပ်ထား🪔___________

RenGe-13.12.2018

Continue Reading

You'll Also Like

160K 18.4K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
230K 14.4K 33
မချစ်ရင်နေပါ... မုန်းတော့မမုန်းလိုက်နဲ့....
270K 23.3K 53
‼️Bisexual Fiction‼️ ဒီနှစ် ၁၂ လပိုင်းမှာ စာအုပ်လေး ဖြစ်လာပါတော့မယ်ရှင် morA_nyein Complete 2.6.2022 14.3.2023
85.6K 8.3K 106
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မှားယွင်းသော လက်ထ...