အဲ့ဒီ့ေန႕က ရိေပၚ အိမ္ျပန္ေနာက္က်ခဲ့သည္ ။ ေက်ာင္းဆင္းေတာ့ ထုံးစံအတိုင္း ေရွာင္းက်န႔္ကားေရွ႕မွာရပ္ေစာင့္ေနေပမဲ့ ရိေပၚ ေရာက္မလာခဲ့ဘူး ။ ဖုန္းဆက္ေတာ့လဲ မကိုင္ဘူး ။ တျဖည္းျဖည္း ေက်ာင္းမွာလူမက်န္ေလာက္ေတာ့တဲ့အခါမွ ေရွာင္းက်န႔္ ရိေပၚ တို႔အတန္းက အတန္းေဖာ္နဲ႕ေတြ႕တယ္ ။ အဲ့ေတာ့မွ ရိေပၚ သူ႕သူငယ္ခ်င္းေတြနဲ႕ ျပန္သြားၿပီျဖစ္ေၾကာင္း သိလိုက္ရသည္ ။
ပထမဆုံးအႀကိမ္ပဲ ။ ရိေပၚက သူမဟုတ္တဲ့သူနဲ႕ ျပန္သြားခဲ့တာ ဒါကပထမဆုံးအႀကိမ္ပဲ ။ အရင္ကဆို ဘယ္ေလာက္ပဲ သူ႕ကိုစိတ္ဆိုးပါေစ အခ်ိန္တန္ရင္ သူ႕ေဘးမွာထိုင္ကာ သူနဲ႕ပဲအိမ္ကိုအတူျပန္သည္ ။ အခုကေတာ့ တကယ့္ကိုရွားပါးျဖစ္ရပ္ပဲ ။
ေရွာင္းက်န႔္ သက္ျပင္းနဲ႕အတူ ကားထဲဝင္ခဲ့လိုက္သည္ ။ ျဖစ္သြားတဲ့ကိစၥကို ေရွာင္းက်န႔္အဲ့ေလာက္ထိႀကီးသြားမယ္မွန္း မသိလိုက္ဘူး ။ အရင္လိုပဲ သူ႕ကိုၾကာၾကာစိတ္မေကာက္တတ္တဲ့ ေကာင္ေလးက ၿပီးရင္ေတာ့ စိတ္ေျပသြားမွာပါပဲလို႔ သူေပါ့ေလ်ာ့ေတြးမိခဲ့တာ ။
ဘာပဲေျပာေျပာ စိတ္ေကာက္တဲ့သူက ေကာက္ေနၿပီမို႔ ေခ်ာ့ဖို႔ရန္ ေရွာင္းက်န႔္ အိမ္ကိုသာ ကားအျမန္ေမာင္းလာခဲ့သည္ ။
" သား . . သခင္ေလးရိေပၚေရာ မပါဘူးလား "
ေရွာင္းက်န႔္ ကားေပၚကဆင္းေတာ့ ၿခံထဲကအပင္ေတြကို ေရေလာင္းေနသည့္ မာမားက လွမ္းေမးသည္ ။
" ဗ်ာ ! သူျပန္မေရာက္ေသးဘူးလား "
" ဟမ္ . . ဘာေတြေျပာေနတာလဲ သားရဲ႕ . . သခင္ေလးက မင္းနဲ႕အတူျပန္တာမဟုတ္ဘူးလား "
" မဟုတ္ဘူး မား . . ကြၽန္ေတာ္ေစာင့္ေနတာ သူမလာလို႔ သူ႕သူငယ္ခ်င္းနဲ႕ေတြ႕ေတာ့မွ ျပန္သြားၿပီေျပာလို႔ "
" ဟယ္ေတာ့ . . သူေဌးကေတာ္ေတာ့ စိတ္ပူေနေတာ့မွာပဲ . . ေနဦး . . မား အက်ိဳးအေၾကာင္းသြားေျပာထားလိုက္မယ္ "
" ဟာ ဒီေကာင္ေလးကြာ ! ဘယ္ေတြသြားေနလို႔ မေရာက္ေသးရတာလဲ "
ေရွာင္းက်န႔္ ဆံပင္ေတြကို ထိုးဖြရင္း ညည္းၫူလိုက္သည္ ။
" ဖုန္းကိုင္စမ္းပါ ရိေပၚရာ . . "
လက္ကလဲ ဖုန္းဆက္မျပတ္ေစရဘဲ ေရွာင္းက်န႔္ ၿခံေရွ႕ထြက္ေစာင့္မိ၏ ။
ရိေပၚ ကိုယ္တိုင္က သူငယ္ခ်င္းရွားတာမို႔ ေရွာင္းက်န႔္လဲ ရိေပၚရဲ႕ သူငယ္ခ်င္းေတြကို သိပ္မသိဘူး ။ ဆိုေတာ့ အခုလိုအခ်ိန္မွာ ဘယ္သူ႕ဆက္သြယ္ရမွန္းမသိ ျဖစ္ရၿပီ ။ ဘယ္သြားလို႔သြားေနမွန္းမသိ ဘယ္လိုက္လို႔ရွာရမွန္းမသိဘဲ ေရွာင္းက်န႔္ရင္ေတြ ပူလာရပါသည္ ။
၅ႀကိမ္ ...
၁၀ႀကိမ္ ...
ကိုင္သူမဲ့တဲ့ဖုန္းက အခုေတာ့စက္ပါပိတ္သြားခဲ့ၿပီ ။
၁နာရီ ...
၂နာရီ ...
ေရွာင္းက်န႔္ရဲ႕ စိုးရိမ္ေရမွတ္က ေက်ာ္လြန္ေနၿပီ ။ ဖုန္းဆက္တာလဲ အႀကိမ္ေရမနည္းေတာ့ဘူး ။ ၿခံေရွ႕မွာ မတ္တပ္ရပ္၍တစ္မ်ိဳး ၊ ငုတ္တုတ္ထိုင္၍တစ္မ်ိဳး ၊ ဟိုဘက္ဒီဘက္ ေလွ်ာက္၍တစ္မ်ိဳးနဲ႕ ေရွာင္းက်န႔္ ေစာင့္ေနမိတာ ၂နာရီရွိၿပီ ။ ခုထိ ရိေပၚရဲ႕ အရိပ္အေယာင္ေတာင္မေတြ႕ရဘူး ။
တျဖည္းျဖည္းနဲ႕ ေနဝင္လို႔ ေမွာင္ရီပ်ိဳးစျပဳေနၿပီ ။ ေရွာင္းက်န႔္ရဲ႕ စိတ္ပူလြန္းလို႔ က်လာတဲ့မ်က္ရည္ေတြကလဲ တျဖည္းျဖည္းမ်ားလာသည္ ။ သူေဌးဝမ္တို႔ လင္မယားႏွစ္ေယာက္ အရွာလႊတ္ထားတဲ့ သူေတြဆီကလဲ ဘာသတင္းမွမၾကားရေသး ။
ဂနာမၿငိမ္ျဖစ္ေနတဲ့ ေရွာင္းက်န႔္ကို မာမားက စိတ္သက္သာရာ ရေစရန္ ေဘးကေနလက္ေလးကိုင္ကာ ရွိေနေပးသည္ ။
ဝူးခနပဲ ၿခံေရွ႕ဆီဦးတည္လာတဲ့ ကားေလးတစ္စီး ။ ထိုကားေပၚကေန လူငယ္ေလးႏွစ္ေယာက္ဆင္းလာခဲ့တယ္ ။ ယိုင္တိုင္တိုင္နဲ႕ ။
" ရိေပၚ "
" ေတာင္းပန္ပါတယ္ အစ္ကို . . သူ႕ကိုဘယ္လိုမွ ေျပာမရလို႔ "
" ရတယ္ ညီေလး . . အစ္ကို႔ကိုေပးလိုက္ ၊ လိုက္ပို႔ေပးလို႔ ေက်းဇူးပဲေနာ္ . . "
" ေဟ့ ေအ့ ! ငါ့ကို ဘယ္သူ႕ဆီ ေပး ေျပာေနတာ လဲ . . ဘာလဲ ငါ့ကို ေရာင္း စားဖို႔ လား . . မရဘူး ေနာ္ . . ငါက ဝမ္ရိေပၚ ပဲ ေဟ့ ! "
" မားေရ ကူၿပီးတြဲတင္ေပးပါဦး "
ထိုေကာင္ေလးလက္ထဲက အမူးသမားေလးကို ေရွာင္းက်န႔္လႊဲယူလိုက္ရင္း ေက်ာပိုးကာ အိမ္ထဲဝင္လာခဲ့သည္ ။ ဘယ္ေလာက္ေတာင္ ေသာက္လာခဲ့တယ္မသိ ေရွာင္းက်န႔္ပုခုံးေပၚ ေခါင္းေစာင္းက်ေနတဲ့ ရိေပၚဆီက အနံ႕က ေထာင္းခနဲပဲ ။
" မာမားေရ သားကိုယ္ႀကီး ေလထဲ . . ပ်ံေနသလိုပဲ . . ဝါးး သားက ငွက္ေလးျဖစ္သြားၿပီလား "
" ရိေပၚ . . . "
" ဘာတုန္းကြ ! ငါ့ကို ဘယ္ သူေခၚ ေနတာ လဲ . . အာ မင္းက ေရွာင္းက်န႔္ ပဲ . . ငါ့ေရွာင္းက်န႔္ . . ငါ့ရဲ႕က်န႔္က်န႔္ေလး . . "
ပုံပ်က္ပန္းပ်က္ ေအာ္ဟစ္မူး႐ူးေနတဲ့ ရိေပၚကို သူေဌးကေတာ္ဝမ္ကေတာ့ မ်က္စိပ်က္မ်က္ႏွာပ်က္နဲ႕ ၾကည့္ေန၏ ။
" ရိေပၚ . . တိတ္တိတ္ေန . . "
ေရွာင္းက်န႔္ လွမ္းဟန႔္လိုက္ေတာ့ ရိေပၚက တဟားဟားေအာ္ရယ္ကာ ပါးစပ္ေတြပိတ္သြားခဲ့တယ္ ။ ဒါေပမဲ့ မၾကာပါဘူး ။
" မင္းက ဘာလို႔ ငါ့ကို အမိန႔္ေပးရတာလဲ ဟမ္ . . ငါ့ကို ဒီလိုေျပာပိုင္ခြင့္ေရာ ရွိရဲ႕လား . . "
" ငါေတာင္းပန္ပါတယ္ . . ရိေပၚရယ္ . . ေနာက္မွေျပာပါ . . "
ေရွာင္းက်န႔္ တိုးတိုးေရ႐ြတ္လိုက္၏ ။ ေနာက္ကေန ေတာက္ေလွ်ာက္လိုက္လာတဲ့ သူေဌးကေတာ္ေၾကာင့္ ေရွာင္းက်န႔္ ဒူးေတြပါတုန္လာသည္ ။ အမူးသမားေလးဆီက စကားေတြထပ္ထြက္လာမွာ သူစိုးရိမ္ေနတာျဖစ္သည္ ။ ႏွစ္ေယာက္တည္းရွိတဲ့အခ်ိန္ ႀကိဳက္သလိုေျပာ ရတယ္ ။ အခုက သူေဌးကေတာ္ပါရွိေနေတာ့ သူတို႔အေၾကာင္းသိသြားခဲ့ရင္ ဘာမွေကာင္းလာစရာမရွိဘူးမဟုတ္လား ။
အိမ္ေပၚထပ္က ရိေပၚအခန္းထဲ ေရွာင္းက်န႔္အျမန္ဆုံးသြားကာ ကုတင္ေပၚကို ခ်ေပးလိုက္သည္ ။
" မင္း . . မင္း ငါ့ကို ေန႕လည္က ဘာလို႔ အဲ့လို ၾကည့္တာလဲ ! ငါ မ ႀကိဳက္ဘူး ..... ဒီနား ဒီနားေလးထဲက ေနလို႔ မေကာင္းဘူး ! ဟမ္ မင္းသိလား က်န႔္ ေကာ "
သူ႕ရင္ဘတ္ကို လက္တင္ျပရင္း ေျပာသည္ ။
" ကြၽန္ေတာ့ကို တကယ္ပဲ မ .. ခ်စ္ဘူး ... မလား... ဟင္ ... ေရွာင္း ... က်န႔္ "
ေရွာင္းက်န႔္ဆိုတဲ့ေနရာမွာ အဖ်ားခတ္တုန္သြားတာေပမဲ့ ေရွာင္းက်န႔္ ရိေပၚရဲ႕ဖိနပ္ေတြကို ခြၽတ္ေပးရင္း အလန႔္တၾကားပင္ ဝမ္မာမားကို ၾကည့္မိလိုက္တယ္ ။ ဘာမွၾကားလိုက္ပူံမရတဲ့ ဝမ္မာမားက တံခါးပိတ္ကာ အခန္းထဲကထြက္သြားတာမို႔ ေရွာင္းက်န႔္ ခုမွပဲ သက္ျပင္းေမာခ်လိဳက္ရတယ္ ။
ကုတင္ေပၚ ပက္လက္ေလးအိပ္ေပ်ာ္သြားတဲ့ ရိေပၚေဘး ေရွာင္းက်န႔္ထိုင္ခ်လိဳက္တယ္ ။ မ်က္လုံးေထာင့္ကေန စီးက်သြားတဲ့ ရိေပၚရဲ႕ မ်က္ရည္တစ္စက္က သူဘယ္ေလာက္ဝမ္းနည္းခဲ့ရတယ္ဆိုတာကို သက္ေသျပေနသည္ ။ ေရွာင္းက်န႔္ အသာအယာသုတ္ေပးလိုက္ရင္း ရိေပၚရဲ႕နဖူးကို ဖြဖြေလးနမ္းလိုက္၏ ။
" ကိုကို ေတာင္းပန္ပါတယ္ ကေလးရယ္ ... ကိုကို မေကာင္းတာပါ "
ပတ္တီးေဖြးေနတဲ့ လက္ခုံက ဒဏ္ရာက ပတ္တီးျဖဴျဖဴထက္ ေသြးရဲရဲတို႔ႏွင့္ ။ ေရွာင္းက်န႔္ တစ္ခ်က္ရွိုက္မိလိုက္သည္ ။ သူ႕ရဲ႕ ဘာမဟုတ္တဲ့အၾကည့္တစ္ခ်က္ေၾကာင့္ ရိေပၚ ဒီေလာက္အထိျဖစ္သြားခဲ့ရတယ္ ။ ေရွာင္းက်န႔္ ဒီကေလးေလးကို သနားလြန္းလို႔ ဘယ္လိုလုပ္ရမလဲ ။
ယူလာတဲ့ ေရဇလုံထဲ အဝတ္ကိုႏွစ္ကာ စည္းထားတဲ့ပတ္တီးကိုျဖဳတ္၍ ေရွာင္းက်န႔္ ရိေပၚလက္က ဒဏ္ရာကို သန႔္စင္ေပးလိုက္တယ္ ။ ၿပီးေနာက္ ေဆးလိမ္းေပးကာ ပတ္တီးအသစ္ကို သပ္သပ္ရပ္ရပ္ေလး စည္းေပးလိုက္သည္ ။
ႏူးညံ့လြန္းတဲ့ လက္ျဖဴေလးေပၚမွ ဒဏ္ရာက အက်ည္းတန္လြန္းသည္ ။ ထိုသို႔ျဖစ္ေအာင္ လုပ္ခဲ့ေသာ တရားခံက မိမိကိုယ္တိုင္ပဲမို႔ ေရွာင္းက်န႔္ ပို၍စိတ္မေကာင္းျဖစ္ရသည္ ။
" ကိုကို သူ႕ဘက္က ဝင္နာေပးတာမဟုတ္ပါဘူး . . ကေလးကို သူမ်ားေတြက ရိုင္းတယ္ဆိုၿပီး အျပစ္ေျပာၾကမွာစိုးလို႔ ကိုကိုတားရတာပါ "
" ..... "
" မင္းကို ဘယ္သူေတြမေကာင္းေျပာတာမွ ကိုကို မခံနိုင္ဘူး ။ ဒါေၾကာင့္ပါကြာ . . ေနာ္ . . ကိုကို မွားတာပါ . . ကိုကိုကပဲ ေတာင္းပန္ပါ့မယ္ . . မငိုပါနဲ႕ "
" ....... "
" ၿပီးေတာ့ ကိုကို မင္းကိုခ်စ္ပါတယ္ "
ေရွာင္းက်န႔္စကားကို ၾကား၍ပဲလား . . ဒါမွမဟုတ္ ခႏၶာကိုယ္က တုံ႕ျပန္တာေၾကာင့္ပဲလားမသိ ဆက္တိုက္က်ေနေသာ မ်က္လုံးေထာင့္က မ်က္ရည္ေတြေၾကာင့္ ရိေပၚလက္ကိုကိုင္ထားရင္း ေရွာင္းက်န႔္ပါ မ်က္ရည္က်မိေတာ့သည္ ။
__________________________________________________________________
ေရွ႕ကေန စက္႐ုံထဲဝင္သြားတဲ့ ရိေပၚေနာက္ ေရွာင္းက်န႔္ အေျပးလိုက္ရင္း ရိေပၚရဲ႕ညာလက္ကို စူးစမ္းမိလိုက္တယ္ ။ ေသရာပါမဲ့ ရိေပၚရဲ႕ လက္ခုံကအမာ႐ြတ္က ေရွာင္းက်န႔္ ရိေပၚဆီေပးခဲ့တဲ့ ေဝဒနာအမ်ားႀကီးထဲက တစ္ခု ။
လမ္းေလွ်ာက္ေနတာမို႔ သိပ္မျမင္ရေပမဲ့ အရင္ကအေၾကာင္းေတြ ျပန္ေတြးမိေတာ့ ေရွာင္းက်န႔္ရင္ထဲ ေမာသြားရသည္ ။ တကယ္တမ္းစဥ္းစားၾကည့္ရင္ ရိေပၚကို ေရွာင္းက်န႔္ေပးခဲ့တာက ဒဏ္ရာေတြခ်ည္းပဲ ။ ထိုအထဲကမွ စိတ္ဒဏ္ရာေပးခဲ့မိတာ အဆိုးဆုံးပဲ ။
ငယ္႐ြယ္တဲ့ကေလးရဲ႕ စိတ္ထဲမွာ နာၾကည္းခ်က္ေတြအျပည့္ပဲ ရွိတယ္ ။ ထို႔ေၾကာင့္ပဲ အ႐ြယ္နဲ႕မလိုက္ေအာင္ ဒီေကာင္ေလးက တည္ၿငိမ္သြားတယ္ ။ အၿပဳံးအရယ္ေပ်ာက္သြားတယ္ ။
" ေရွာင္းက်န႔္ ...! "
မလွမ္းမကမ္းကေန လက္လွမ္းျပေနေသာ ေကာင္မေလးတစ္ေယာက္ ။ စကပ္အတို ၊ ပိန္လ်ေသာ ကိုယ္ခႏၶာႏွင့္ ထိုေကာင္မေလးက ေရွာင္းက်န႔္နဲ႕ ဒီဇိုင္နာသင္တန္းအတူတက္ခဲ့ေသာ သူငယ္ခ်င္းမေလး လ်ဲ့ဖုန္း ။
" နင္လာမယ္ဖုန္းဆက္ထားလို႔ ငါေစာင့္ေနတာ ၾကာၿပီ "
" အင္း . . မိတ္ဆက္ေပးရဦးမယ္ . . ဒါ ငါတို႔ကုမၸဏီက ဒါရိုက္တာ ဝမ္ရိေပၚ . . ဒါရိုက္တာဝမ္ ဒါ ကြၽန္ေတာ္ေျပာတဲ့ သူငယ္ခ်င္း လ်ဲ့ဖုန္း ။
" ေတြ႕ရတာ ဝမ္းသာပါတယ္ ရွင့္ "
လက္ဆြဲႏႈတ္ဆက္ဖို႔ ေရွ႕ကိုေရာက္လာတဲ့ လက္ကို ရိေပၚ မသိခ်င္ေယာင္ေဆာင္လိုက္သည္ ။
" အဲ . . ဟိုဟာ ငါနင့္ကိုေျပာထားတဲ့ ကိစၥေလ . . . "
ေရွာင္းက်န႔္ စကားလႊဲကာ အေရွ႕ကေန ဦးေဆာင္ထြက္လာခဲ့သည္ ။ လိုအပ္သည္မ်ားကို ရွင္းျပေနတဲ့ လ်ဲ့ဖုန္းနဲ႕ သိရသမွ်ကို လက္ထဲကစာအုပ္ထဲခ်ေရးေနတဲ့ ေရွာင္းက်န႔္က ထင္ထားတာထက္ ပိုခင္မင္လြန္းသည္ဟု ျမင္သည္ ။
" မင္း . . အဲ . . ဒါရိုက္တာေရာ ဘယ္လိုသေဘာရလဲ "
အခုမွ သူ႕ဆီအာ႐ုံရပုံေပၚတဲ့ ေရွာင္းက်န႔္ ။
" မဆိုးဘူး ! "
မာေတာင့္ေတာင့္ထြက္လာတဲ့ ရိေပၚစကားေၾကာင့္ လ်ဲ့ဖုန္းေတာင္ ဆတ္ခနဲတုန္သြားသည္ ။
" နင္ ပုံၾကမ္းဆြဲထားတာ ငါ့ကိုေပးလိုက္ ။ ငါနမူနာ တစ္ထည္ထုတ္ၿပီးရင္ နင့္ဆီလာေပးလိုက္မယ္ ... အဲ့ခါမွ အဆင္ေျပတယ္ဆို နင္တို႔ထုတ္ခ်င္သေလာက္ ငါ့သူေဌးနဲ႕ ေျပာလိုက္ၾကေပါ့ .... "
" ေက်းဇူးတင္ပါတယ္ ... တကယ္ပါ နင့္အျပင္မရွိေတာ့ပါဘူး "
ရိေပၚ ထိုေနရာကေန ထြက္လာခဲ့လိုက္ေတာ့သည္ ။
" ေကာ္ဖီေသာက္ဦးမလား "
" ေတာ္ၿပီ "
ေကာ္ဖီစက္နားက ထိုင္ခုံမွာထိုင္ရင္း ေကာ္ဖီေသာက္ကာ ရယ္ေမာေျပာေနၾကေသာ သူႏွစ္ေယာက္ကို ရိေပၚ ၾကည့္မိသည္ ။
ရွပ္အက်ႌအျဖဴအနက္ တြဲဝတ္ထားတဲ့ ေရွာင္းက်န႔္က ဆံပင္ေတြကိုလဲ သပ္ရပ္စြာၿဖီးတင္ထားၿပီး ရွည္လ်ားလြန္းတဲ့ သူ႕အရပ္က စတိုင္ပန္ေဘာင္းဘီအနက္နဲ႕ တြဲဝတ္ထားေတာ့ ေျပာစရာမရွိေအာင္ ျပည့္စုံလြန္းေနသည္ ။
စကားေျပာေနရင္းလဲ လက္ထဲက စာအုပ္မွာ ဘာေတြခ်ေရးေနမွန္းမသိတဲ့ သူ႕ကို ေကာင္မေလးက ၿပဳံးကာ ေစာင္းငဲ့ၾကည့္လို႔ ။ ဒီျမင္ကြင္းက ဘယ္လိုေျပာရမလဲ ။ သိပ္ကို အျမင္ကတ္ဖို႔ေကာင္းတယ္ ။
" ၿပီးရင္ ျပန္မယ္ ... ! အခ်ိန္ေတြ အလကားရမေနဘူး "
ရိေပၚ ေရွာင္းက်န႔္တို႔နား ေလွ်ာက္လာရင္း ေျပာကာ တစ္ခ်ိဳးတည္းတန္းထြက္လာခဲ့ေတာ့သည္ ။
ကားနားသို႔အေရာက္ ကားတံခါးဖြင့္ေနတဲ့ ေရွာင္းက်န႔္ကို ရိေပၚ စူးစိုက္ၾကည့္ကာ ....
" ေတာ္ေတာ္ေပ်ာ္ေနတာပဲ ! "
" ဟင္ ...?? "
ေမြးကတည္းက တုံးအလြန္းတဲ့ ေရွာင္းက်န႔္တစ္ေယာက္ကေတာ့ ရိေပၚရဲ႕ ဆိုလိုရင္းကို နားမလည္ခဲ့ပါဘူး ။
***
မေန႔က ေန႔လည္ပိုင္းထဲက တင္ထားတာ wattpad က error တက္ေနလို႔တဲ့ noti မတက္ေတာ့ ဘယ္သူမွမေတြ႕ၾကလို႔ အခုမွျပန္တင္ရတယ္ 😭
Unicode
အဲ့ဒီ့နေ့က ရိပေါ် အိမ်ပြန်နောက်ကျခဲ့သည် ။ ကျောင်းဆင်းတော့ ထုံးစံအတိုင်း ရှောင်းကျန့်ကားရှေ့မှာရပ်စောင့်နေပေမဲ့ ရိပေါ် ရောက်မလာခဲ့ဘူး ။ ဖုန်းဆက်တော့လဲ မကိုင်ဘူး ။ တဖြည်းဖြည်း ကျောင်းမှာလူမကျန်လောက်တော့တဲ့အခါမှ ရှောင်းကျန့် ရိပေါ် တို့အတန်းက အတန်းဖော်နဲ့တွေ့တယ် ။ အဲ့တော့မှ ရိပေါ် သူ့သူငယ်ချင်းတွေနဲ့ ပြန်သွားပြီဖြစ်ကြောင်း သိလိုက်ရသည် ။
ပထမဆုံးအကြိမ်ပဲ ။ ရိပေါ်က သူမဟုတ်တဲ့သူနဲ့ ပြန်သွားခဲ့တာ ဒါကပထမဆုံးအကြိမ်ပဲ ။ အရင်ကဆို ဘယ်လောက်ပဲ သူ့ကိုစိတ်ဆိုးပါစေ အချိန်တန်ရင် သူ့ဘေးမှာထိုင်ကာ သူနဲ့ပဲအိမ်ကိုအတူပြန်သည် ။ အခုကတော့ တကယ့်ကိုရှားပါးဖြစ်ရပ်ပဲ ။
ရှောင်းကျန့် သက်ပြင်းနဲ့အတူ ကားထဲဝင်ခဲ့လိုက်သည် ။ ဖြစ်သွားတဲ့ကိစ္စကို ရှောင်းကျန့်အဲ့လောက်ထိကြီးသွားမယ်မှန်း မသိလိုက်ဘူး ။ အရင်လိုပဲ သူ့ကိုကြာကြာစိတ်မကောက်တတ်တဲ့ ကောင်လေးက ပြီးရင်တော့ စိတ်ပြေသွားမှာပါပဲလို့ သူပေါ့လျော့တွေးမိခဲ့တာ ။
ဘာပဲပြောပြော စိတ်ကောက်တဲ့သူက ကောက်နေပြီမို့ ချော့ဖို့ရန် ရှောင်းကျန့် အိမ်ကိုသာ ကားအမြန်မောင်းလာခဲ့သည် ။
" သား . . သခင်လေးရိပေါ်ရော မပါဘူးလား "
ရှောင်းကျန့် ကားပေါ်ကဆင်းတော့ ခြံထဲကအပင်တွေကို ရေလောင်းနေသည့် မာမားက လှမ်းမေးသည် ။
" ဗျာ ! သူပြန်မရောက်သေးဘူးလား "
" ဟမ် . . ဘာတွေပြောနေတာလဲ သားရဲ့ . . သခင်လေးက မင်းနဲ့အတူပြန်တာမဟုတ်ဘူးလား "
" မဟုတ်ဘူး မား . . ကျွန်တော်စောင့်နေတာ သူမလာလို့ သူ့သူငယ်ချင်းနဲ့တွေ့တော့မှ ပြန်သွားပြီပြောလို့ "
" ဟယ်တော့ . . သူဌေးကတော်တော့ စိတ်ပူနေတော့မှာပဲ . . နေဦး . . မား အကျိုးအကြောင်းသွားပြောထားလိုက်မယ် "
" ဟာ ဒီကောင်လေးကွာ ! ဘယ်တွေသွားနေလို့ မရောက်သေးရတာလဲ "
ရှောင်းကျန့် ဆံပင်တွေကို ထိုးဖွရင်း ညည်းညူလိုက်သည် ။
" ဖုန်းကိုင်စမ်းပါ ရိပေါ်ရာ . . "
လက်ကလဲ ဖုန်းဆက်မပြတ်စေရဘဲ ရှောင်းကျန့် ခြံရှေ့ထွက်စောင့်မိ၏ ။
ရိပေါ် ကိုယ်တိုင်က သူငယ်ချင်းရှားတာမို့ ရှောင်းကျန့်လဲ ရိပေါ်ရဲ့ သူငယ်ချင်းတွေကို သိပ်မသိဘူး ။ ဆိုတော့ အခုလိုအချိန်မှာ ဘယ်သူ့ဆက်သွယ်ရမှန်းမသိ ဖြစ်ရပြီ ။ ဘယ်သွားလို့သွားနေမှန်းမသိ ဘယ်လိုက်လို့ရှာရမှန်းမသိဘဲ ရှောင်းကျန့်ရင်တွေ ပူလာရပါသည် ။
၅ကြိမ် ...
၁၀ကြိမ် ...
ကိုင်သူမဲ့တဲ့ဖုန်းက အခုတော့စက်ပါပိတ်သွားခဲ့ပြီ ။
၁နာရီ ...
၂နာရီ ...
ရှောင်းကျန့်ရဲ့ စိုးရိမ်ရေမှတ်က ကျော်လွန်နေပြီ ။ ဖုန်းဆက်တာလဲ အကြိမ်ရေမနည်းတော့ဘူး ။ ခြံရှေ့မှာ မတ်တပ်ရပ်၍တစ်မျိုး ၊ ငုတ်တုတ်ထိုင်၍တစ်မျိုး ၊ ဟိုဘက်ဒီဘက် လျှောက်၍တစ်မျိုးနဲ့ ရှောင်းကျန့် စောင့်နေမိတာ ၂နာရီရှိပြီ ။ ခုထိ ရိပေါ်ရဲ့ အရိပ်အယောင်တောင်မတွေ့ရဘူး ။
တဖြည်းဖြည်းနဲ့ နေဝင်လို့ မှောင်ရီပျိုးစပြုနေပြီ ။ ရှောင်းကျန့်ရဲ့ စိတ်ပူလွန်းလို့ ကျလာတဲ့မျက်ရည်တွေကလဲ တဖြည်းဖြည်းများလာသည် ။ သူဌေးဝမ်တို့ လင်မယားနှစ်ယောက် အရှာလွှတ်ထားတဲ့ သူတွေဆီကလဲ ဘာသတင်းမှမကြားရသေး ။
ဂနာမငြိမ်ဖြစ်နေတဲ့ ရှောင်းကျန့်ကို မာမားက စိတ်သက်သာရာ ရစေရန် ဘေးကနေလက်လေးကိုင်ကာ ရှိနေပေးသည် ။
ဝူးခနပဲ ခြံရှေ့ဆီဦးတည်လာတဲ့ ကားလေးတစ်စီး ။ ထိုကားပေါ်ကနေ လူငယ်လေးနှစ်ယောက်ဆင်းလာခဲ့တယ် ။ ယိုင်တိုင်တိုင်နဲ့ ။
" ရိပေါ် "
" တောင်းပန်ပါတယ် အစ်ကို . . သူ့ကိုဘယ်လိုမှ ပြောမရလို့ "
" ရတယ် ညီလေး . . အစ်ကို့ကိုပေးလိုက် ၊ လိုက်ပို့ပေးလို့ ကျေးဇူးပဲနော် . . "
" ဟေ့ အေ့ ! ငါ့ကို ဘယ်သူ့ဆီ ပေး ပြောနေတာ လဲ . . ဘာလဲ ငါ့ကို ရောင်း စားဖို့ လား . . မရဘူး နော် . . ငါက ဝမ်ရိပေါ် ပဲ ဟေ့ ! "
" မားရေ ကူပြီးတွဲတင်ပေးပါဦး "
ထိုကောင်လေးလက်ထဲက အမူးသမားလေးကို ရှောင်းကျန့်လွှဲယူလိုက်ရင်း ကျောပိုးကာ အိမ်ထဲဝင်လာခဲ့သည် ။ ဘယ်လောက်တောင် သောက်လာခဲ့တယ်မသိ ရှောင်းကျန့်ပုခုံးပေါ် ခေါင်းစောင်းကျနေတဲ့ ရိပေါ်ဆီက အနံ့က ထောင်းခနဲပဲ ။
" မာမားရေ သားကိုယ်ကြီး လေထဲ . . ပျံနေသလိုပဲ . . ဝါးး သားက ငှက်လေးဖြစ်သွားပြီလား "
" ရိပေါ် . . . "
" ဘာတုန်းကွ ! ငါ့ကို ဘယ် သူခေါ် နေတာ လဲ . . အာ မင်းက ရှောင်းကျန့် ပဲ . . ငါ့ရှောင်းကျန့် . . ငါ့ရဲ့ကျန့်ကျန့်လေး . . "
ပုံပျက်ပန်းပျက် အော်ဟစ်မူးရူးနေတဲ့ ရိပေါ်ကို သူဌေးကတော်ဝမ်ကတော့ မျက်စိပျက်မျက်နှာပျက်နဲ့ ကြည့်နေ၏ ။
" ရိပေါ် . . တိတ်တိတ်နေ . . "
ရှောင်းကျန့် လှမ်းဟန့်လိုက်တော့ ရိပေါ်က တဟားဟားအော်ရယ်ကာ ပါးစပ်တွေပိတ်သွားခဲ့တယ် ။ ဒါပေမဲ့ မကြာပါဘူး ။
" မင်းက ဘာလို့ ငါ့ကို အမိန့်ပေးရတာလဲ ဟမ် . . ငါ့ကို ဒီလိုပြောပိုင်ခွင့်ရော ရှိရဲ့လား . . "
" ငါတောင်းပန်ပါတယ် . . ရိပေါ်ရယ် . . နောက်မှပြောပါ . . "
ရှောင်းကျန့် တိုးတိုးရေရွတ်လိုက်၏ ။ နောက်ကနေ တောက်လျှောက်လိုက်လာတဲ့ သူဌေးကတော်ကြောင့် ရှောင်းကျန့် ဒူးတွေပါတုန်လာသည် ။ အမူးသမားလေးဆီက စကားတွေထပ်ထွက်လာမှာ သူစိုးရိမ်နေတာဖြစ်သည် ။ နှစ်ယောက်တည်းရှိတဲ့အချိန် ကြိုက်သလိုပြော ရတယ် ။ အခုက သူဌေးကတော်ပါရှိနေတော့ သူတို့အကြောင်းသိသွားခဲ့ရင် ဘာမှကောင်းလာစရာမရှိဘူးမဟုတ်လား ။
အိမ်ပေါ်ထပ်က ရိပေါ်အခန်းထဲ ရှောင်းကျန့်အမြန်ဆုံးသွားကာ ကုတင်ပေါ်ကို ချပေးလိုက်သည် ။
" မင်း . . မင်း ငါ့ကို နေ့လည်က ဘာလို့ အဲ့လို ကြည့်တာလဲ ! ငါ မ ကြိုက်ဘူး ..... ဒီနား ဒီနားလေးထဲက နေလို့ မကောင်းဘူး ! ဟမ် မင်းသိလား ကျန့် ကော "
သူ့ရင်ဘတ်ကို လက်တင်ပြရင်း ပြောသည် ။
" ကျွန်တော့ကို တကယ်ပဲ မ .. ချစ်ဘူး ... မလား... ဟင် ... ရှောင်း ... ကျန့် "
ရှောင်းကျန့်ဆိုတဲ့နေရာမှာ အဖျားခတ်တုန်သွားတာပေမဲ့ ရှောင်းကျန့် ရိပေါ်ရဲ့ဖိနပ်တွေကို ချွတ်ပေးရင်း အလန့်တကြားပင် ဝမ်မာမားကို ကြည့်မိလိုက်တယ် ။ ဘာမှကြားလိုက်ပူံမရတဲ့ ဝမ်မာမားက တံခါးပိတ်ကာ အခန်းထဲကထွက်သွားတာမို့ ရှောင်းကျန့် ခုမှပဲ သက်ပြင်းမောချလိုက်ရတယ် ။
ကုတင်ပေါ် ပက်လက်လေးအိပ်ပျော်သွားတဲ့ ရိပေါ်ဘေး ရှောင်းကျန့်ထိုင်ချလိုက်တယ် ။ မျက်လုံးထောင့်ကနေ စီးကျသွားတဲ့ ရိပေါ်ရဲ့ မျက်ရည်တစ်စက်က သူဘယ်လောက်ဝမ်းနည်းခဲ့ရတယ်ဆိုတာကို သက်သေပြနေသည် ။ ရှောင်းကျန့် အသာအယာသုတ်ပေးလိုက်ရင်း ရိပေါ်ရဲ့နဖူးကို ဖွဖွလေးနမ်းလိုက်၏ ။
" ကိုကို တောင်းပန်ပါတယ် ကလေးရယ် ... ကိုကို မကောင်းတာပါ "
ပတ်တီးဖွေးနေတဲ့ လက်ခုံက ဒဏ်ရာက ပတ်တီးဖြူဖြူထက် သွေးရဲရဲတို့နှင့် ။ ရှောင်းကျန့် တစ်ချက်ရှိုက်မိလိုက်သည် ။ သူ့ရဲ့ ဘာမဟုတ်တဲ့အကြည့်တစ်ချက်ကြောင့် ရိပေါ် ဒီလောက်အထိဖြစ်သွားခဲ့ရတယ် ။ ရှောင်းကျန့် ဒီကလေးလေးကို သနားလွန်းလို့ ဘယ်လိုလုပ်ရမလဲ ။
ယူလာတဲ့ ရေဇလုံထဲ အဝတ်ကိုနှစ်ကာ စည်းထားတဲ့ပတ်တီးကိုဖြုတ်၍ ရှောင်းကျန့် ရိပေါ်လက်က ဒဏ်ရာကို သန့်စင်ပေးလိုက်တယ် ။ ပြီးနောက် ဆေးလိမ်းပေးကာ ပတ်တီးအသစ်ကို သပ်သပ်ရပ်ရပ်လေး စည်းပေးလိုက်သည် ။
နူးညံ့လွန်းတဲ့ လက်ဖြူလေးပေါ်မှ ဒဏ်ရာက အကျည်းတန်လွန်းသည် ။ ထိုသို့ဖြစ်အောင် လုပ်ခဲ့သော တရားခံက မိမိကိုယ်တိုင်ပဲမို့ ရှောင်းကျန့် ပို၍စိတ်မကောင်းဖြစ်ရသည် ။
" ကိုကို သူ့ဘက်က ဝင်နာပေးတာမဟုတ်ပါဘူး . . ကလေးကို သူများတွေက ရိုင်းတယ်ဆိုပြီး အပြစ်ပြောကြမှာစိုးလို့ ကိုကိုတားရတာပါ "
" ..... "
" မင်းကို ဘယ်သူတွေမကောင်းပြောတာမှ ကိုကို မခံနိုင်ဘူး ။ ဒါကြောင့်ပါကွာ . . နော် . . ကိုကို မှားတာပါ . . ကိုကိုကပဲ တောင်းပန်ပါ့မယ် . . မငိုပါနဲ့ "
" ....... "
" ပြီးတော့ ကိုကို မင်းကိုချစ်ပါတယ် "
ရှောင်းကျန့်စကားကို ကြား၍ပဲလား . . ဒါမှမဟုတ် ခန္ဓာကိုယ်က တုံ့ပြန်တာကြောင့်ပဲလားမသိ ဆက်တိုက်ကျနေသော မျက်လုံးထောင့်က မျက်ရည်တွေကြောင့် ရိပေါ်လက်ကိုကိုင်ထားရင်း ရှောင်းကျန့်ပါ မျက်ရည်ကျမိတော့သည် ။
__________________________________________________________________
ရှေ့ကနေ စက်ရုံထဲဝင်သွားတဲ့ ရိပေါ်နောက် ရှောင်းကျန့် အပြေးလိုက်ရင်း ရိပေါ်ရဲ့ညာလက်ကို စူးစမ်းမိလိုက်တယ် ။ သေရာပါမဲ့ ရိပေါ်ရဲ့ လက်ခုံကအမာရွတ်က ရှောင်းကျန့် ရိပေါ်ဆီပေးခဲ့တဲ့ ဝေဒနာအများကြီးထဲက တစ်ခု ။
လမ်းလျှောက်နေတာမို့ သိပ်မမြင်ရပေမဲ့ အရင်ကအကြောင်းတွေ ပြန်တွေးမိတော့ ရှောင်းကျန့်ရင်ထဲ မောသွားရသည် ။ တကယ်တမ်းစဉ်းစားကြည့်ရင် ရိပေါ်ကို ရှောင်းကျန့်ပေးခဲ့တာက ဒဏ်ရာတွေချည်းပဲ ။ ထိုအထဲကမှ စိတ်ဒဏ်ရာပေးခဲ့မိတာ အဆိုးဆုံးပဲ ။
ငယ်ရွယ်တဲ့ကလေးရဲ့ စိတ်ထဲမှာ နာကြည်းချက်တွေအပြည့်ပဲ ရှိတယ် ။ ထို့ကြောင့်ပဲ အရွယ်နဲ့မလိုက်အောင် ဒီကောင်လေးက တည်ငြိမ်သွားတယ် ။ အပြုံးအရယ်ပျောက်သွားတယ် ။
" ရှောင်းကျန့် ...! "
မလှမ်းမကမ်းကနေ လက်လှမ်းပြနေသော ကောင်မလေးတစ်ယောက် ။ စကပ်အတို ၊ ပိန်လျသော ကိုယ်ခန္ဓာနှင့် ထိုကောင်မလေးက ရှောင်းကျန့်နဲ့ ဒီဇိုင်နာသင်တန်းအတူတက်ခဲ့သော သူငယ်ချင်းမလေး လျဲ့ဖုန်း ။
" နင်လာမယ်ဖုန်းဆက်ထားလို့ ငါစောင့်နေတာ ကြာပြီ "
" အင်း . . မိတ်ဆက်ပေးရဦးမယ် . . ဒါ ငါတို့ကုမ္ပဏီက ဒါရိုက်တာ ဝမ်ရိပေါ် . . ဒါရိုက်တာဝမ် ဒါ ကျွန်တော်ပြောတဲ့ သူငယ်ချင်း လျဲ့ဖုန်း ။
" တွေ့ရတာ ဝမ်းသာပါတယ် ရှင့် "
လက်ဆွဲနှုတ်ဆက်ဖို့ ရှေ့ကိုရောက်လာတဲ့ လက်ကို ရိပေါ် မသိချင်ယောင်ဆောင်လိုက်သည် ။
" အဲ . . ဟိုဟာ ငါနင့်ကိုပြောထားတဲ့ ကိစ္စလေ . . . "
ရှောင်းကျန့် စကားလွှဲကာ အရှေ့ကနေ ဦးဆောင်ထွက်လာခဲ့သည် ။ လိုအပ်သည်များကို ရှင်းပြနေတဲ့ လျဲ့ဖုန်းနဲ့ သိရသမျှကို လက်ထဲကစာအုပ်ထဲချရေးနေတဲ့ ရှောင်းကျန့်က ထင်ထားတာထက် ပိုခင်မင်လွန်းသည်ဟု မြင်သည် ။
" မင်း . . အဲ . . ဒါရိုက်တာရော ဘယ်လိုသဘောရလဲ "
အခုမှ သူ့ဆီအာရုံရပုံပေါ်တဲ့ ရှောင်းကျန့် ။
" မဆိုးဘူး ! "
မာတောင့်တောင့်ထွက်လာတဲ့ ရိပေါ်စကားကြောင့် လျဲ့ဖုန်းတောင် ဆတ်ခနဲတုန်သွားသည် ။
" နင် ပုံကြမ်းဆွဲထားတာ ငါ့ကိုပေးလိုက် ။ ငါနမူနာ တစ်ထည်ထုတ်ပြီးရင် နင့်ဆီလာပေးလိုက်မယ် ... အဲ့ခါမှ အဆင်ပြေတယ်ဆို နင်တို့ထုတ်ချင်သလောက် ငါ့သူဌေးနဲ့ ပြောလိုက်ကြပေါ့ .... "
" ကျေးဇူးတင်ပါတယ် ... တကယ်ပါ နင့်အပြင်မရှိတော့ပါဘူး "
ရိပေါ် ထိုနေရာကနေ ထွက်လာခဲ့လိုက်တော့သည် ။
" ကော်ဖီသောက်ဦးမလား "
" တော်ပြီ "
ကော်ဖီစက်နားက ထိုင်ခုံမှာထိုင်ရင်း ကော်ဖီသောက်ကာ ရယ်မောပြောနေကြသော သူနှစ်ယောက်ကို ရိပေါ် ကြည့်မိသည် ။
ရှပ်အကျႌအဖြူအနက် တွဲဝတ်ထားတဲ့ ရှောင်းကျန့်က ဆံပင်တွေကိုလဲ သပ်ရပ်စွာဖြီးတင်ထားပြီး ရှည်လျားလွန်းတဲ့ သူ့အရပ်က စတိုင်ပန်ဘောင်းဘီအနက်နဲ့ တွဲဝတ်ထားတော့ ပြောစရာမရှိအောင် ပြည့်စုံလွန်းနေသည် ။
စကားပြောနေရင်းလဲ လက်ထဲက စာအုပ်မှာ ဘာတွေချရေးနေမှန်းမသိတဲ့ သူ့ကို ကောင်မလေးက ပြုံးကာ စောင်းငဲ့ကြည့်လို့ ။ ဒီမြင်ကွင်းက ဘယ်လိုပြောရမလဲ ။ သိပ်ကို အမြင်ကတ်ဖို့ကောင်းတယ် ။
" ပြီးရင် ပြန်မယ် ... ! အချိန်တွေ အလကားရမနေဘူး "
ရိပေါ် ရှောင်းကျန့်တို့နား လျှောက်လာရင်း ပြောကာ တစ်ချိုးတည်းတန်းထွက်လာခဲ့တော့သည် ။
ကားနားသို့အရောက် ကားတံခါးဖွင့်နေတဲ့ ရှောင်းကျန့်ကို ရိပေါ် စူးစိုက်ကြည့်ကာ ....
" တော်တော်ပျော်နေတာပဲ ! "
" ဟင် ...?? "
မွေးကတည်းက တုံးအလွန်းတဲ့ ရှောင်းကျန့်တစ်ယောက်ကတော့ ရိပေါ်ရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပါဘူး ။
***
မနေ့က နေ့လည်ပိုင်းထဲက တင်ထားတာ wattpad က error တက်နေလို့တဲ့ noti မတက်တော့ ဘယ်သူမှမတွေ့ကြလို့ အခုမှပြန်တင်ရတယ် 😭