ရှေ့ဆက်တိုးခွင့်(ZawGyi/Unico...

By user97650697

53.5K 2.5K 105

ငါရှေ့ဆက်တိုးသင့်လား ဒီတိုင်းလေးပဲရပ်နေရမလား ဝေခွဲရခက်နေတယ် Xiao Zhan ကျွန်တော်ရှေ့ဆက်တိုးချင်တယ် ဒါမဲ့ Geက... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Hi
Part 9
Promotion
Part 11
Part 12
Part 13

Part 10

2.6K 141 3
By user97650697




"ဘာ ငါခုလာမယ်"


"ကိုယ်မင်းကိုချစ်တယ်"













"ကော ဟိုဟာလေ"










Unicode

ရွှယ်ယမ်လည်း ရှင်းချန်ကိုဖွင့်ပြောဖို့ စဉ်းစားလိုက်သည်
သူ့ပါးပါးရဲ့အသိတစ်ယောက် ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး အကြံပေးတယ်ဆိုလို့ ထိုသူနဲ့တွေ့ဖို့ ချိန်းလိုက်သည်
ချိန်းတဲ့နေရာက သူတို့သွားနေကျ Romantic Bar

သူရောက်တော့ ရှီးချန်နဲ့ကျန်းချန်ကိုလည်း တွေ့လိုက်သည် သူတို့၂ယောက်က Dateလာလုပ်နေခြင်းဖြစ်သည်
ရှီးချန်လည်း ရှင်းချန်ဆီကို ဖုန်းဆက်လိုက်သည်

"ဝေ ရှင်းချန် မင်းကလေးရွှယ်ယမ်လေ Barက ကောင်လေးတစ်ယောက်နဲံ ၂ယောက်တည်းသောက်နေတယ်"

"ဘာ ငါခုလာမယ်"
ရှင်းချန်လည်း ကားမောင်းလာစဉ်
"ကိုယ်မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ဘာလို့မှန်းမသိပေမယ့် အရင်တုန်းက ကိုယ်မင်းကိုထားသွားဖူးတယ်လို့ ခံစားနေရတယ် ခုတစ်ခါတော့ ကိုယ်ထားမသွားဘူး မင်းကိုကိုယ့်အနားမှာ မရရအောင်ခေါ်ထားမှာ"

ရှင်းချန်လည်း Barကိုရောက်တော့ တွေ့လိုက်ရပါပြီ သူ့ရဲ့လူဆိုးလေးကို
ရွှယ်ယမ့်လက်ကို အတင်းဆွဲလာခဲ့ပြီး waiterလေးကို private roomပေးရန်ပြောလိုက်သည်
Private Roomထဲရောက်တော့ ရွှယ်ယမ်ကိုဆိုဖာပေါ်သို့ ပစ်ချလိုက်သည်
ပြီးတော့ အနားကပ်ပြီး ပြောလိုက်တဲ့စကားက

"ကိုယ်မင်းကိုချစ်တယ်"

"ဘာ ခင်ဗျားဘာပြောလိုက်တယ်"

"ကျစ် မင်းမကြားလိုက်ဘူးလားကွာ ငါမင်းကိုသေလောက်အောင်ကိုချစ်တယ်လို့ ဘယ်လိုမှကိုအဆုံးရှုံးမခံနိုင်ဘူးကွာ မင်းကြားလား"

"ခင်ဗျားက ရည်းစားစကားပြောနေတာလား ဆူနေတာလား"

"ငါစိတ်မကြည်ဘူးနော် မင်းဟိုကောင်နဲ့Barကို ၂ယောက်တည်း ဘာလာလုပ်တာလဲ အာ့ဒါကို သိသိချင်း ငါအသက်ရှုဖို့တောင်မေ့သွားတာ မင်းသိရဲ့လား"

"အေး အာ့ဆိုလည်း ခင်ဗျားသေချာနားထောင် အာ့လူကိုလာတွေ့တာက ခင်ဗျားကိုရည်းစားစကားပြောဖို့ ဘယ်လိုပြောရမှန်းမသိလို့ သူနဲ့လာတိုင်ပင်တာ ရှင်းပြီလား ခင်ဗျားကြောင့် Roဆန်ဆန်လေး ရည်းစားစကားမပြောရဘူး ပြီးတော့ရည်းစားစကားအပြောခံရတာလည်း ဘယ်လိုမှfeelမလာဘူး"
ရှင်းချန်လည်း ရွှယ်ယမ်စကားသံဆုံးသွားပြီးနောက် သူတို့၂ယောက်ရဲ့နှုတ်ခမ်းတွေကို ထပ်တူကျစေလိုက်သည်

ရည်းစားစကားပြောတာက Roမဆန်ပေမယ့် အနမ်းတွေကိုတော့ လှလှပပပုံဖော်ခဲ့ကြလေသည်

"ကိုယ်မင်းကိုအရမ်းချစ်တယ် မင်းကိုဘယ်လိုမှအဆုံးရှုံးမခံနိုင်ဘူး မင်းအတွက်အရာရာ ကိုယ်ဖြစ်ပေးပါ့မယ်

မင်းအတွက်သူငယ်ချင်း ညီအစ်ကို မိဘ ချစ်သူ တိုင်ပင်ဖော်တိုင်ပင်ဖက် မင်းအတွက်အရာရာ
မင်းအတွက်အရာရာပြည့်စုံနေအောင် ကိုယ်ဖြည့်စည်းပေးပါ့မယ် မင်းအတွက်လိုအပ်နေတဲ့ ဂရုစိုက်မှုတွေ မေတ္တာတွေ အရာရာကို ကိုယ်ပေးပါ့မယ်"

"ကျွန်တော် အရမ်းချစ်တယ် ကျွန်တော်တကယ်ပျော်တယ်သိလား"

ရှင်းချန်လည်း ရွှယ်ယမ်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်
"လာ ကိုယ်တို့ ရှီးချန်တို့ဆီသွားရအောင် သူတို့၂ယောက် ဒီမှာ လာdateနေတယ် ကိုယ်တို့သွားကြွားရအောင် ပြီးရင် ရှောင်းကျန့်တို့ကိုလည်း ခေါ်လိုက်မယ်"

ရှင်းချန်တို့လည်း ရှီးချန်တို့ကိုအကုန်ပြောပြလိုက်သည်
ရှီးချန်တို့လည်းရယ်နေတာ အတောမသတ်တော့
"မင်းတို့၂ယောက်ကတော့ ဖြစ်ရမယ်ကွာ"

ခဏကြာတော့ ရွှယ်ယမ်နဲ့ကျန်းချန်က ခေါင်းချင်းဆိုင်ပြီး စကားပြောနေလေသည်
"ဟိုကလေး၂ယောက် ဘာတွေတိုးတိုးပြောနေတာလဲ"

"ကော ဟိုဟာလေ"

"ပြောလေ ကလေးရဲ့ ဘာပြောမှာလဲ"

"ရှောင်းကျန့်ကောကလေ ဘယ်သူ့ကိုချစ်နေတာလဲ ကောသိလား"

"ဘာလို့သိချင်တာလဲ ကလေးရဲ့"

"ဟို ရိပေါ်ကလေ ရှောင်းကျန့်ကောကို ချစ်နေတာ ဒါပေမဲ့ ဖွင့်ပြောလိုက်ရင် ရှောင်းကျန့်ကောက သူ့ကိုမုန်းသွားမှာစိုးလို့တဲ့"

"တကယ်လား ကလေးပြောတာ ဟား ဝမ်းသာစရာကွာ ရှောင်းကျန့်ကလည်း ရိပေါ်ကိုချစ်နေတာ ကလေးရဲ့
သူလည်းဖွင့်ပြောလိုက်လို့ ရိပေါ်စိတ်ဆိုးမှာစိုးနေတာ"
တောက်လျှောက်ငြိမ်နေတဲ့ ရွှယ်ယမ်က
"ငါတို့တွေ ပေါင်းပြီး သူတို့အချစ်တွေ ပွင့်ထွက်လာအောင် လုပ်လို့ရတာပဲ
ခုရှောင်းကျန့်ကောနဲ့ရိပေါ်ကိုမခေါ်နဲ့တော့ စစ်ကျွေးကိုပဲခေါ်လိုက်မယ် သူတို့ကိစ္စတိုင်ပင်ရအောင်"

"အာ့အကြံမဆိုးဘူး ကိုကို့အသည်းလေးက တော်လိုက်တာ"

"ဘယ်သူကခင်ဗျားအသည်းတုန်း သိပ်ကျေနပ်သေးတာမဟုတ်ဘူးနော် ငါ့ရဲ့proposeလှလှပပလေး ဟွန့်"

ထိုညမှာတော့ ကောင်လေး၅ယောက်ကတော့ သူတို့ချစ်သောသူငယ်ချင်း၂ယောက်အတွက် အကြံတွေထုတ်လို့နေသည်

ကျန်ကောင်လေး၂ယောက်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သတိရခြင်းများစွာနဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး အလွမ်းဖြေနေကြလေသည်

Continue Reading

You'll Also Like

95.5K 12.7K 46
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
499K 67.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
46.3K 6.6K 41
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
157K 10.8K 22
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။