Part 12

2.7K 160 8
                                    

နောက်နေ့ ကျောင်းကန်တင်းတွင် အတွဲ3တွဲကတော့ အကဲပိုနေကြလေသည်
ထိုအချိန် စစ်ကျွေးမှ

"ဟိုလူတွေ ငါရှိသေးတာ သတိရကြသေးရဲ့လား"

"heeheee စစ်ကျွေးကလည်း"

"ငါတကယ်ကြည့်မရတော့ဘူးနော်"
ထိုအချိန် စစ်ကျွေးထံသို့ ဖုန်းဝင်လာသည်

"ဝေ ကျင်းလင် ဘယ်တော့ပြန်လာမှာလဲ ငါအရမ်းလွမ်းနေပြီ

ဟိုကောင်တွေလား ငါ့ကိုအနိုင်ကျင့်တယ်

သူတို့ဘဲတွေရပြီးတော့ ငါ့ကိုဂရုမစိုက်တော့ဘူး

မင်းမြန်မြန်ပြန်လာတော့"

"ကျင်းလင်ရေ မင်းဟာလေးက ငါတို့ကို မနာလိုဖြစ်နေတာကွ"ကျန်းချန်က ဝင်ပြောလိုက်လေသည်
"တိတ် အမြင်ကပ်စရာကောင်းအောင် နေကြပြီးတော့"
စစ်ကျွေးလည်း ကျင်းလင်နဲ့ဖုန်းဆက်ပြောနေလေသည်

"စစ်ကျွေးကကောင်လေးရှိတယ်လား"

"ဟုတ်တယ် ကိုကို သူ့ကောင်လေးနာမည်က ကျင်းလင်
သူကUSမှာကျောင်းသွားတက်နေတာ နောက်နှစ်လောက်ဆိုပြန်ရောက်ပြီ"

သူတို့ဘဝတွေက အခက်အခဲမရှိ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းချစ်ကြတော့ ပျော်ရွှင်စရာများနဲ့ပြည့်နေကြသည်
ဒါပေမဲ့ သူတို့ကို အန္တရာယ်ပေးဖို့ စောင့်နေတဲ့သူတွေကိုတော့ သူတို့သတိမထားမိကြ

ရိပေါ်အိပ်နေစဉ် ဖုန်းဝင်လာခဲ့သည်
"ကိုကို အစောကြီးရှိသေးတာကို"

"ဝမ်လေး ကိုကိုဒီနေ့ကျောင်းမလာဖြစ်ဘူး ကိုကို့အိမ်ကို ဧည့်သည်တွေလာမှာမို့လို့ ကိုကိုသွားကြိုပေးရမှာ"

"ဟုတ် ရတယ်လေ ကိုကို ကိုယ့်ဘာသာကိုယ်သွားလိုက်မယ်"

"အင်း ဝမ်လေး ကားကိုဂရုစိုက်မောင်းနော်
ချစ်တယ်နော် လွမ်းနေမယ်"

"ချစ်တယ် ကိုကို"

ရှောင်းကျန့်အိမ်ကို ရောက်မယ့်ဧည့်သည်မိသားစုက ရှောင်းကျန့်တို့မိသားစုနဲ့ အမျိုးတော်ဖို့ ရောက်လာဖြင်းဖြစ်သည်
ထိုအကြောင်းကို ရှောင်းကျန့်ကတော့မသိ

ရှေ့ဆက်တိုးခွင့်(ZawGyi/Unicode)Where stories live. Discover now