"ဟို... မိုးပေါ်က...တစ်ယောက်ရော......"
ပန်းကန်ထဲသို့ ပေါင်းအိုးထဲမှ ထမင်းဖြူဖြူတို့ကို
ခပ်ထည့်လိုက်ပြီး ချေမိုးရှေ့သို့ချပေးကာ....
"သားကြယ်ကို...ပြောတာလား....အကိုလေး......"
ထမင်းပန်းကန်ကို ဆွဲယူလိုက်ပြီးနောက် ချေမိုးက
ခေါင်းညိတ်ပြတော့ ဦးညိုက နောက်ထပ် ထမင်းပန်းကန်ထဲသို့ ထမင်းခပ်ထည့်ရင်း....
"ရေချိုးနေတယ်....အကိုလေး....."
ချေမိုးက စားပွဲဝိုင်းပေါ်တင်ထားသော
ဟင်းခွက်ထဲမှ ပုစွန်ဟင်းကို
ခပ်ထည့်လိုက်ပြီး...
"သူပြီးရင်...ထမင်းလာစားဖို့ခေါ်လိုက်ဦး....ဦးညို....
ကျွန်တော့ ကြောက်ပြီး လာမစားလို့...ငတ်နေဦးမယ်....."
တကယ်တမ်းကျတော့ ချေမိုးက အပြောဆိုးပေမဲ့
စိတ်ရင်းလေးတော့ ကောင်းရှာပါသည်။ သူအဲ့လိုဆိုးနေတာကလည်း အကြောင်းရှိခဲ့လို့သာ....
ဦးညိုကပြုံးလိုက်ကာ.....
"ဦးညိုခေါ်ပြီးပါပြီ အကိုလေးရဲ့....
သားကြယ်က ဗိုက်မဆာလို့ မစားဘူးတဲ့......"
"တွေ့တာမှ.....နာရီပိုင်းဘဲရှိသေးတယ်ဦးညို....
သားကြယ်....သားကြယ်နဲ့....ပါးစပ်ဖျားကမချဘူး......"
ချေမိုးစကားကို ဦးညိုတစ်ယောက် ဘာမှမတုံ့ပြန်ဘဲ
ထမင်းဝိုင်းတွင် ဝင်ထိုင်လိုက်တော့သည်။
အိမ်မှာ ချေမိုးနဲ့ဦးညိုနှစ်ယောက်ထဲ ရှိတဲ့အချိန်တွေဆို
ထမင်းဝိုင်းတွင် ဦးညိုပါ တူတူဝင်စားရသည်။ ချေမိုးက
မာနကြီးတယ်လို့သာထင်ရပေမဲ့ အဆင့်အတန်း မခွဲခြားတတ်...။
ကျန်တဲ့ ဦးအင်္သချေတို့ လင်မယားကတော့ အဲ့လိုမဟုတ်....။အပြောချိုသာပေမဲ့
တကယ်တမ်းကျ....ဦးညိုတို့ အလုပ်သမားတွေကို
အိမ်ထဲမှာတောင် မနေစေချင်။
ခြံနောက်ဘက်မှာ
တန်းလျားလုပ်ပြီး ထားမယ်ပြောသည်ကို ချေမိုးလက်မခံ၍သာ အဲ့အစီအစဉ်ပျက်သွားတာဖြစ်သည်။
အခုလို သူတို့စားတဲ့ထမင်းစားပွဲဝိုင်းမှာ အတူစားနေတာသာမြင်ရင် ဘယ်ပြောကောင်းမလဲ...
မိုးမီးလောင်မှာ....။
ဦးညိုလည်း အမြဲအတူ စားရသည်တော့မဟုတ်...။
အခုလို သူတို့ခရီးသွားနေတဲ့ အချိန်တွင်တော့ ချေမိုးနှင့်အတူ စားပေးရသည်။
သူတို့နဲ့ဦးညိုတို့ကလည်း အဆင့်အတန်းချင်းမတူတော့
အားနာကာငြင်းပေမဲ့ ချေမိုးကလက်မခံ...။
ငြင်းမိတဲ့အတွက် အော်ခံရသည်ကလည်း ရှိသေး၍
မတက်သာလို့သာ....ချေမိုးအလိုအတိုင်း နေရသည်။
တစ်ခါတလေကျ သူပြောသလိုမလုပ်ရင်လည်း.... အအော်ခံရသလို ပြောသလိုလုပ်ရင်လည်း...
အအော်ခံရသေးသည်။
ဦးညိုကတော့ ချေမိုးအော်တာကို ခံရသူထဲတွင် နံပါတ်ဝမ်းချိတ်သည်...သို့ပေမဲ့.....ဦးညို စိတ်မပျက်မိ.....
အော်ခံရပါများလာတော့...အဲ့အသံမကြားရင်ကို မနေနိုင်တဲ့အထိ နေသားကျလာလေပြီ.....။
.
.
.
ချေမိုးတို့ ထမင်းစားနေတုန်း...ရေချိုးပြီး၍ ကြယ်တစ်ယောက် အခန်းထဲမှ ထွက်လာကာ ထမင်းစားခန်းထဲသို့ ဝင်လာပြီး....ချေမိုးနားမှာ မတ်တပ်လာရပ်သည်။
"ဟို.....အကိုလေး....ကျွန်တော်...ဘာလုပ်ပေးရမလဲ
ခိုင်းစရာရှိရင် အားမနာနဲ့နော် အကိုလေး....
ကျွန်တော်...အကုန်လုပ်နိုင်တယ်....."
ကြယ်ပြောနေတဲ့ပုံက လက်လေးနှစ်ဖက် နောက်ပစ်လို့ တကယ့်ရိုရိုကျိုးကျိုးပုံလေး.....။
"အေး.....လောလောဆယ်တော့...ငါထမင်းစားနေတယ်...ပါးစပ်ပိတ်ပြီး...ငြိမ်ငြိမ်နေပေး....."
*စကားကို ကောင်းကောင်းပြောလို့ မရဘူးလား....
ဘဝင်ကောင်ရဲ့......ငါလုပ်ထည့်လိုက်ရ....*
ဒါပေမဲ့ တကယ်တမ်း ကြယ်ပြောဖြစ်သွားတာက.....
"အော်...ဟုတ်ကဲ့ခင်ဗျ....ကျွန်တော့ကို
အကိုလေး....အားနာနေမှာစိုးလို့ပါ....."
ချေမိုးအကွယ်မှာ ကြယ်မဲ့ရွဲ့ပြနေတာကို ထမင်းငုံ့စားနေသော ချေမိုးကမမြင်....။ ဦးညိုကတော့ မြင်ဖြစ်အောင်မြင်သွားလို့ မချိပြုံးလေး ပြုံးပြလိုက်ရသည်။
ကြယ်ပြုံးပြတော့ ဦးညိုက ပြန်မပြောနဲ့ဆိုသည့် သဘောနှင့် ခေါင်းခါပြသည်။
အဲ့ဒီအချိန် ချေမိုးထမင်းသီးသွား၍ တဟွတ်ဟွတ်ဖြစ်နေလို့
ကြယ်က စားပွဲပေါ်အသင့်တင်ထားသော ရေခွက်ထဲသို့
အမြန်ရေထည့်ကာ ချေမိုးအားပေးလိုက်တော့
ရေခွက်ကို ဆွဲယူကာ မော့ချသည်။
"အကိုလေး.....ရလား....."
ရေထည့်ပြီး အမြန်တိုက်ပေးတဲ့ မျက်နှာလေးမှမထောက်
ပြောလိုက်သည်က....
"မင်းကြောင့်....ငါသီးတာ....."
*အမ်.....ဘာမှလည်းမဆိုင်......*
"အကိုလေး....ကျွန်တော်....ဘာလုပ်....."
ဦးညို ခေါင်းခါပြတာကြောင့် ဆက်ပြောမည့်စကားက
လည်ချောင်းဝမှာတင် ပြန်ပျောက်သွားသည်။
ဒါပေမဲ့လည်း.....မပြောဘဲတော့ မနေနိုင်...တစ်ခုခုပြောလိုက်ရမှ.....
"တောင်းပန်ပါတယ် အကိုလေး....
ထမင်းစားတဲ့အချိန် ကျွန်တော်အနားမှာ နေလို့မရဘူးဆိုတာ..မေ့သွားတယ်......"
ချေမိုးက ကြယ်ပြောတာကို နားမလည်၍ ပြန်မေးသည်။
"ဘာဖြစ်လို့......."
"ကျွန်တော့ရဲ့ချောမောလှတဲ့ ရုပ်ရည်လေးကို ငေးပြီး
ထမင်းစားတော့ သီးကုန်ကြလို့ ...အကိုလေးရေ....."
ပြောချင်ရာပြောပြီး ပြေးထွက်သွားသော
ကြယ့်နောက်မှ မင်းဆိုသော အသံကြီးက ဟိန်းကနဲထွက်လာလျှက်.....
ဦးညိုကတော့ တဟားဟားရယ်နေလေသည်။
ချေမိုးကမျက်လုံးနှင့် တစ်ချက်သာကြည့်လိုက်သည်...
အားရပါးရရယ်နေသော ဦးညိုမှာ ချက်ချင်းပင် အရယ်ရပ်ကာ ချောင်းတွေဘာတွေ ထဆိုးသွားသည်။
သို့ပေမဲ့...ပျောက်ကွယ်နေသော ပါးချိုင့်တစ်ခုကို
ချေမိုးမဖုံးကွယ်ခင် ဦးညိုတစ်ယောက် မြင်ဖြစ်အောင် မြင်လိုက်ပါသည်။
.
.
.
"Ting....Ting....."
"ဟဲလို......အင်းဂျာကြီး....
ကျွန်တော်ရေမိုးချိုးပြီးတာနဲ့ လာခဲ့မယ်....
အင်း...အင်း....အဲ့မှာဘဲတွေ့မယ်လေ.."
ဖုန်းချပြီးသည်နှင့်........
"ဦးညို.....ဒီနေ့တော့ အိမ်မှာဘဲနေခဲ့....
ကြယ့်ကို ခေါ်သွားလိုက်မယ်....သူလည်း မသိသေးတာတွေ သိရတာပေါ့....."
"ဟုတ်ကဲ့....အကိုလေး...."
နေ့လည်နှစ်နာရီ Myanmar Plazaမှာလုပ်မဲ့
ပွဲတစ်ခုကို ချေမိုးသွားရမည်ဖြစ်သည်။ အဲ့ဒီပွဲက ချေမိုးတို့
မိတ်ဖက်companyတစ်ခုမှ ထုတ်လုပ်သော ကုန်ပစ္စည်းမိတ်ဆက်ပွဲ..။
ချေမိုးက အဲ့companyအတွက် ပစ္စည်းတစ်ခုကို ပင်တိုင်မော်ဒယ်အဖြစ် လုပ်ပေးနေရသောကြောင့် အဲ့ဒီပွဲကို မသွားလို့မရ.....။
.
.
ကြယ်တစ်ယောက်ကတော့ ခြံထဲက
ဒန်းပေါ်မှာ ထိုင်နေရင်း...မြေကြီးတွေကို ခြေထောက်ဖြင့်ထိုးဆွကာ ပါးစပ်မှလည်း တစ်ခုခုပြောနေလေသည်။
"ချေမိုးဆိုတဲ့ ဘဝင်ကောင်....
စကားကောင်းကောင်းပြောရင် မြွေကိုက်မှာစိုးလို့လား...
စတွေ့ထဲက အခုထိ ဘုကလန့်ချည်းဘဲ...
မျက်နှာကိုလည်း မှုန်ကုတ်ထားလိုက်တာ သူ့လုပ်စာထိုင်စားနေရတာ ကျနေတာဘဲ....
အယ်...အခုငါလည်း ထိုင်စားရတော့မှာဘဲ....
မဟုတ်ဘူး.....ထိုင်စားမှာမဟုတ်ဘူး...
ငါကအလုပ်လုပ်ပေးရမှာလေ....
ပိုက်ဆံပေးတာက အလုပ်လုပ်ဖို့လေ...
သူအော်တာခံဖို့မှ မဟုတ်တာ....
ဘုန်းဘုန်းက မှာထားတယ် ဘာဘဲဖြစ်ဖြစ်သည်းခံတဲ့....
ဒါပေမဲ့ အမြဲကန့်လန့်တိုက်နေတဲ့ကောင်ကို ဘယ်လိုသည်းခံရမှာလဲ....
တစ်နေ့နေ့ ငါသည်းမခံနိုင်ရင်တော့
အဲ့ကောင်နဲ့ တွေ့ပြီဘဲ...."
"ဘယ်ကောင်နဲ့တွေ့မှာလဲ......"
တစ်ယောက်ထဲ စကားပြောနေရင်းမှ
ဘယ်အချိန်တုန်းက ရောက်လာမှန်းမသိသော ချေမိုးက
အသံနှင့်တကွ ရှေ့တည့်တည့်တွင် အကောင်လိုက် ပေါ်လာသောအခါ ကြယ်ရဲ့ကိုယ်လုံးလေး တုန်တက်သွားလေသည်။
"ဟို....ဟို......"
ပြောစရာစကား ရှာမရတုန်း မြေကြီးပေါ်မှာ ပုရွက်ဆိတ် တစ်ကောင်ကိုတွေ့သည်နှင့်......
"အယ်....ပုရွက်ဆိတ်......ပုရွက်ဆိတ်လေ....
ခြေထောက်ကို လာကိုက်နေလို့....နောက်တခါ လာကိုက်ရဲကိုက်ကြည့် မင်းတို့ရဲ့ပုရွက်ဆိတ် ခေါင်းဆောင်နဲ့ ငါနဲ့တွေ့မယ်လို့...ပြောနေတာပါ....."
ကြယ်ရဲ့စကားအဆုံး ချေမိုးကမှတ်ချက် တစ်ခုပေးလေသည်။
"ကြောင်တောင်တောင်နဲ့........."
ပြောမိပြောရာပြောလိုက်လို့ ကြောင်တယ်
သတ်မှတ်ခံရတာက တော်ပါသေးတယ်....
အမှန်အတိုင်းပြောလိုက်မှ တစ်ရက်တောင်မပြည့်သေးဘူး
ငါ့အိမ်ကထွက်သွားဆိုမှ....ဒုက္ခရောက်နေဦးမယ်....
"နောက်ပြီးကျရင် ငါနဲ့ တစ်နေရာလိုက်ရမယ်....
မင်းဘာလုပ်ရမယ်ဆိုတာပါ ငါပြောမယ်...
အဲ့ကျသိမှာပါ....ငါရေချိုးပြီးရင် သွားမှာနော်...
မင်းလည်းအဆင်သင့်ပြင်ထား....."
"ကျွန်တော်က....အဆင်သင့်ဘဲအကိုလေး....
အခုတောင် သွားချင်သွားလို့ရပြီ....."
"ဟုတ်ကဲ့ဆိုရင်ရပြီ.....
အပိုစကားတွေမကြားချင်ဘူး......"
*ငါပြောတာဒီတိုင်း နားထောင်လိုက်ရင် ရပြီဘဲ
မင်းလည်း အပိုတွေ သိပ်ပြောတာဘဲ*
ထို့နောက် ကျောခိုင်းသွားသော
ပုဂ္ဂိုလ်ကြားလောက်မည့် အသံနှင့်
ကြယ်အော်ပြောလိုက်သည်။
"အော်.....ဟုတ်ကဲ့ပါ အကိုလေးခင်ဗျ.....
ဒီတခါခွင့်လွှတ်ပေးပါ...နောက်မဖြစ်စေရပါဘူး ခင်ဗျ..."
ချေမိုးတိုးတိုးလေး ပြောလိုက်သော စကားကိုတော့
ကြယ်မကြားလိုက်....
"ငါအရူးကိုများ....ခေါ်ထားမိတာလား....."
.
.
.
ကိစ္စအဝဝပြုလုပ်ပြီး၍ သွားဖို့အပြင်ထွက်လာတော့
ကြယ့်အားဒန်းမှာဘဲ ထိုင်စောင့်နေသည်ကို တွေ့ရသည်။
ကြယ့်ကိုသွားဖို့ခေါ်ကာ ကားလော့ဖွင့်လိုက်သည်။
ဦးညိုလည်း မပါဘူးဆိုတော့ ချေမိုးကိုယ်တိုင် မောင်းရမည့်ပုံပေါက်နေသည်။
Noဆိုတဲ့အဖြေဘဲ ကြားရမှာသိပေမဲ့ ရလိုရငြားမေးကြည့်မိသည်။
"မင်း...ကားမောင်းတတ်လား....."
ထိုအခါ ကြယ်က ရယ်ပြီးပြန်ဖြေသည်။
"ဟဲဟဲ.....စီးဘဲစီးတတ်တယ်ဗျ....."
"အေး...ကောင်းတယ် ငါမောင်းမယ်....
မင်းကထိုင်စီးပေါ့....."
"ဟုတ်ကဲ့......"
ရွဲ့လို့ရွဲမှန်းလည်းမသိသော ကြယ့်အား
ချေမိုးဘာမှဆက်ပြောမနေဘဲ ကားပေါ်သာ တက်ခိုင်းလိုက်သည်။
.
.
.
ကားပေါ်မှာ နှစ်ယောက်လုံးအတိအကျ
နေရာယူပြီးနောက် ကြယ်ခါးပတ်မပတ်ရသေးသောကြောင့်
"ခါးပတ်ပတ်......"
ခါးပတ်ပတ်ဆိုလို့ ပတ်ချာလည် လိုက်ရှာသော်လည်း ဘာမှမတွေ့.....။ တစ်ယောက်ထဲ အလုပ်ရှုပ်နေသော ကြယ့်အား ချေမိုးက စိတ်မရှည်စွာနှင့်.....
"ဘာတွေ ငုံ့ရှာနေတာလဲ....မင်းဘေးကကြိုးလေ...
အဲ့က သံကွင်းကိုတွေ့တယ်မလား အဲ့တာကို ကိုင်ပြီးဆွဲလိုက်....."
ချေမိုးပြောတဲ့ သံကွင်းဆိုတာကို ကြယ်လိုက်ရှာတာလည်းမတွေ့....
"ကျွတ်.....ဒါကိုပြောတာ...."
ချေမိုး စိတ်ပိုမရှည်တော့တာကြောင့် ကြယ့်နားတိုးကပ်သွားပြီး
ခါးပတ်ပတ်ပေးဖို့ ကြိုးကို လှမ်းဆွဲလိုက်သည်။
*မွှေးလိုက်တာ.......*
သနပ်ခါးနံ့သင်းသင်းလေးက ကြယ်ရဲ့နှာခေါင်းအတွင်းပိုင်းထဲထိ ဝင်ရောက်ကျီစယ်လျှက်....။
အနံ့က ချေမိုးရဲ့ကိုယ်ပေါ်ကနေ ရနေတာ....
ကြယ်က သနပ်ခါးနံ့ဆို အရမ်းကြိုက်တာ....
အနံ့ရတာနဲ့ မမွှေးဘဲကို မနေနိုင်....။
တရှုတ်ရှုတ်နဲ့ အနံ့ခံကြည့်နေမိတော့သည်။
မျက်နှာနားကပ်လာပြီး တရှုတ်ရှုတ်လာလုပ်နေသော
ကြယ့်ကြောင့် ချေမိုးလန့်ပြီး အနောက်ဆုတ်လိုက်သည်။
ထို့နောက်......
"တရှုတ်ရှုတ်နဲ့ .....ဘာလုပ်နေတာလဲ..."
"အကိုလေးသနပ်ခါး လိမ်းထားတာလား....."
"မလိမ်းဘူး....."
ဒုံးတိကြီး ပြောချလိုက်သော ချေမိုးစကားကို ကြယ်က မယုံကြည်စွာ.....
"ဟုတ်လို့လား....ထူးဆန်းလိုက်တာ....
ကျွန်တော် သနပ်ခါးနံ့ကောင်းကောင်းရနေတာ...."
ပြောနေရင်း တရှုတ်ရှုတ်လာလုပ်ပြန်တာကြောင့်
အသံမာမာနှင့် ပိတ်ဟောက်လိုက်ရသည်။
"မင်းကြောင့်အချိန်ကြာတယ်......သွားမယ် ခါးပတ် ကိုယ့်ဘာသာပတ်တော့..."
"ကျွန်တော်မပတ်တတ်ဘူးလေ....."
"မပတ်တတ်လည်း ထားလိုက်တော့....
ငါဒဏ်ကြေးဘဲ ဆောင်လိုက်တော့မယ်......."
ဆက်ပြောမနေတော့ဘဲ ကားကိုအမြန် မောင်းထွက်လိုက်သည်။
ကြယ်ကတော့ ချေမိုးပြောတာကို မသိသောကြောင့်
ကြောင်တောင်တောင်လေး ကြည့်နေရင်း...
ကားကိုခပ်ကြမ်းကြမ်း မောင်းလိုက်သော ချေမိုးကြောင့်
နှုတ်မှအလိုလို ဘုရားတမိလျှက်သား.....
.
.
.
နောက်ဆုံးတော့ ဘုရားတရင်းဘဲ
ရောက်မှန်းမသိ ရောက်လာခဲ့သော အဆောက်အဦး အကြီးကြီးတစ်ခုကို တွေ့ပြီး
ကြယ့်မှာ ပါးစပ်အဟောင်းသား....
အရွယ်စုံလူတွေကလည်း အရောင်အသွေးစုံလင်စွာနဲ့
လှပနေကြလျှက်....။မြင်သမျှအရာရာကို ကြယ်ငေးကြည့်နေမိသည်။
ဒီလိုနေရာတွေကို....ကြယ်တစ်ခါမှမရောက်ခဲ့ဖူး...
မြို့သားဆိုတာ အမည်ခံဘဲရှိသည်။
ကြယ်မလုပ်ဖူး၊မရောက်ဖူးတဲ့ အရာတွေမှ အများကြီး...။
ကိုယ်တွေ့မြင်နေတဲ့ဟာတွေက ဘာမှန်းမသိ....
ဘယ်လိုလုပ်ရမှန်းမသိလို့ သူများမပြောခင်
ကိုယ့်ဘာသာ ငတုံးဟု သတ်မှတ်တာလည်း အကြိမ်ပေါင်းမနည်း.....။
ဒါတွေနဲ့ ဘယ်အချိန် နေသားကျမလဲတော့ မသိ...။
လောလောဆယ်တော့ ချေမိုးနောက်ကနေ ငေးမောရင်း
လိုက်ပါလာခဲ့သည်။
အရှေ့ကဝင်သွားသော ချေမိုးအား
ဝတ်စုံပြည့်ဝတ်ထားသော လူနှစ်ယောက်မှ သစ်သားပြားလို အချောင်းတစ်ချောင်းနှင့် ခန္ဓာကိုယ်အပေါ်ကနေ အောက်ထိ
စမ်းနေတာမြင်တော့ ကြယ်လည်း
သူ့အလှည့်ရောက်တော့ ချေမိုးအတိုင်း ငြိမ်ငြိမ်လေး နေပေးလိုက်သည်။
ဘာကြီးမှန်းလဲမသိ....။ ဘာလုပ်ဖို့
အဲ့လိုစမ်းတာလဲလည်း မသိတော့....
ချေမိုးအားမေးကြည့်ဖို့
အနားသို့အသွား.....
ဘယ်ကရောက်လာမှန်း
မသိသောလူတွေက ကြယ့်အား တွန်းတိုက်ပြီး
ချေမိုးအနားသို့ ပြေးလွှားသွားကြသည်ကို တွေ့လိုက်သည်။
အတွန်းခံရလိုက်ရသော ကြယ့်မှာ လက်ထောက်လျှက်သားလေး
လဲကျသွားသည်။ အမြန်ပြန်ထကာ....
နာသွားသောလက်ကို ပွတ်ချေလိုက်ရင်း....
"အား....လူတစ်ယောက်လုံးတောင် မမြင်ကြဘူးလား...
တိုက်သွားပြီး လှည့်တောင်မကြည့်ကြဘူး...ဘာတွေ အသည်းအသန် ဖြစ်နေကြတာလဲ....."
ဒီအချိန်တွင် ဘေးနားမှ ပြေးသွားသော ကောင်မလေးနှစ်ယောက်၏ စကားပြောသလိုလို၊ အော်သလိုလို အသံကိုလည်း ကြားလိုက်ရသေးသည်။
"ဟဲ့...မြန်မြန်လာ.....ငါ့ကိုကိုရောက်နေပြီ....."
"အေးပါ...ငါလည်းလာနေတာဘဲ...."
ပြီးတော့ တစ်ဆက်ထဲမှာ ကြားလိုက်ရသော အသံတွေ.....
"ချေမိုး.....love you....."
"ကိုကို....အရမ်းချောတယ်......"
"ဟယ်....ငါ့ကိုကိုချေက အပြင်မှာ အရမ်းချောတာဘဲ....."
ကောင်မလေးတွေ အလယ်မှာ မထီပြုံးနဲ့ ချေမိုးက
ထိုလူအုပ်စုရဲ့ အနောက်ဘက်မှာ လက်ပြနေသော ကြယ့်ကိုမမြင်...။
ကြယ့်မှာ လက်တစ်ဖက်ရော...နှစ်ဖက်စလုံးရော....
တစ်ကိုယ်လုံးရော ခုန်ပြီး မြင်အောင်လုပ်လိုက်ရတာ
မောတာဘဲ အဖတ်တင်သည်။ ချေမိုးကတော့ လှည့်ပင်မကြည့်။ ကြယ်ပျောက်သွားလို့ ရှာနေသည့်ပုံပင်မပေါ်.....။
နောက်တော့ အရပ်ရှည်ရှည်ပိန်ပိန်နဲ့ လူတစ်ယောက် လာခေါ်သွားတာကို တွေ့လိုက်သည်။
အကျယ်ကြီးအော်ခေါ်သော်လည်း ကောင်မလေးတွေရဲ့အသံကို ကြယ့်အသံက တိုးလို့မပေါက်....။
မထူးတော့ဘူးဟုဆိုကာ....လူအုပ်ကြားကနေဘဲ...
အတင်းတိုးပြီး သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
မလှမ်းမကမ်းမှာ စင်အကြီးကြီးတစ်ခုကိုလည်း တွေ့ရသည်။ စင်အောက်မှာ ထိုင်ခုံတွေကိုလည်း စီတန်းထားသည်။ အခုနက ချေမိုးကို လာခေါ်သွားသောလူနှင့်အတူ ချေမိုးက အဲ့ထိုင်ခုံနေရာမှာ ဝင်ထိုင်လိုက်တာကိုလည်း လူအုပ်ကြားထဲ ခုန်ဆွခုန်ဆွ
လုပ်ကာ ကြည့်လိုက်သောကြောင့် မြင်လိုက်ရသည်။
ဒီကြားထဲ......
"ဘာလို့အရမ်းတိုးနေတာလဲ......."
"ခြေထောက် တက်နင်းမိသွားပြီ....အောက်ကို ကြည့်ဦးလေ...."
ကောင်မလေးတွေရဲ့ အော်တာကိုလည်း ခံရသည့်အပြင်...
ကြယ့်ကို နှာဘူးတစ်ယောက်လို ကြည့်နေကြသော အကြည့်တွေကြောင့် ဆက်မသွားတော့ဘဲ.... လူရှင်းတဲ့နေရာကို ပြန်ထွက်လာခဲ့သည်။
လူအုပ်ကြားထဲက ခက်ခက်ခဲခဲ ထွက်လာရသော ကြယ့်မှာ
အသက်ကို ပြင်းပြင်းရှူရင်း.....
"အောင်မလေး.....အခုမှဘဲ...
အသက်ရှူချောင်တော့တယ်..
ဟိုဘဝင်ကောင် တမင်...ငါ့ကိုထားခဲ့တာဖြစ်ရမယ်...."
တိုင်တစ်ခုမှာမှီရင်း....ချေမိုးအား ပွစိပွစိနှင့် ပြောဆိုနေလေသည်။
ကြယ့်မှာ ဘယ်သွားရမှန်းလည်း မသိ...ဘာလုပ်ရမှန်းလည်းမသိနှင့် စင်ကိုမြင်နေရသော နေရာခပ်လှမ်းလှမ်းကနေဘဲ ရပ်စောင့်နေလိုက်သည်။
"လျှောက်လည်းမသွားရဲဘူး....ပျောက်သွားရင်...
ဘဝင်ကောင်က လိုက်ရှာမှာမဟုတ်ဘူး....
ငါဘဲ ယုန်သူငယ်ဖြစ်မှာ.....သူ့ကိုမြင်နေရတဲ့ နေရာမှာ
နေနေတာဘဲ ကောင်းတယ်....."
စင်ပေါ်မှာလည်း လူတွေတစ်ယောက်ပြီးတစ်ယောက် စကားတက်ပြောကြတာကို နားထောင်ရင်း...
ခြေထောက်တွေလည်းညောင်း....အိပ်လည်း အိပ်ချင်လာလေပြီ....။
သို့ပေမဲ့လည်း ချေမိုးပျောက်သွားမည်စိုး၍
မျက်လုံးကို ထိုနေရာသို့ ပို့ထားရသည်။
ညောင်းလို့ခဏငုတ်တုတ် ထိုင်ရုံရှိသေး စင်ပေါ်က လူတစ်ယောက်က ချေမိုးနာမည်ကို ခေါ်လိုက်သံကြားလို့
မတ်တပ်လုထရသည်။
ချေမိုးစင်ပေါ်တက်သွားသည်နှင့် တစ်ပြိုင်နက်
စင်အောက်က ကောင်မလေးတွေ အော်ကြတာဆိုတာ
ကြယ်လန့်သွားတဲ့အထိ အသံပါဝါတွေ ကောင်းကြသည်။
.
.
.
စင်ပေါ်မှာ မိုက်ကိုင်ထားသော လူတစ်ယောက်နှင့် စကားပြောနေသော ချေမိုးကိုကြည့်ကာ......
ဆံပင်ခပ်အုပ်အုပ်ကို အပြောင်လှန်သိမ်းထားပြီး နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချေမိုးပုံစံက
မနက်ကတွေ့ခဲ့တဲ့ ကလေးလိုပုံစံလိုမဟုတ်ဘဲ တည်ကြည်ခန့်ညားသည်ဟု ကြယ်တွေးမိသည်။
ဖြူဖွေးနေသော အသားအရောင်က ဝတ်လိုက်သော ဝတ်စုံတိုင်းနှင့် လိုက်ဖက်နေသည်ကိုလည်း ငြင်း၍မရ....
မပြုံးချင်ပြုံးချင်နဲ့ ပြုံးထားသော မျက်နှာကလည်း ကြည့်ကောင်းနေသလို.....
အထူးသဖြင့် မျက်လုံး ချေမိုးမျက်လုံးက လှသည်ဟု ကြယ်ထင်သည်။
ခေါင်းထဲဝင်လာသော အတွေးတွေကြောင့်
ကိုယ့်ဘာသာ ပြန်သတိပေးကာ......
"ဒီဘဝင်ကောင်ကို.....ကြည့်ကောင်းတယ်လို့.....
တွေးနေတာလား.....အဲ့ကောင်သာသိရင်...
ဘဝင်ထပ်မြင့်တော့မယ်....ထုတ်စမ်း...
ခေါင်းထဲကထုတ်....."
ခေါင်းကိုအမြန်ခါလိုက်ပြီး....တွေးမိနေသော
အကြောင်းတို့ကို စကားတစ်ခွန်းနှင့် ဖယ်ရှားလိုက်သည်။
သို့ပေမဲ့.......
လက်မခံချင်ဘဲ....လက်ခံလိုက်ရသည်က.....
"ဒါပေမဲ့ ချေမိုး....မင်းတကယ်
ကြည့်ကောင်းတယ်...."
>>>>>>>>>>>>>CHANGE<<<<<<<<<<<
AN/
Updateမကြာဘူးထင်ပါတယ်နော်...
Sat Sunဆို ၉နာရီကနေ ၄နာရီထိ သင်တန်းတက်ရတယ်...ပြန်ရောက်တော့
စားသောက်ပြီး....စာရိုက်ပေးမယ်လုပ်တာ...
မိုးရွာတော့ ကြောက်ကြောက်နဲ့ လျှပ်စီးတစ်ခါလက်တိုင်း
ဖုန်းပိတ် ပြီးရင် စာပြန်ရိုက်လိုက်နဲ့ အလုပ်ရှုပ်နေရော😂
မနက်ဖြန်ကစပြီး ဟန်ကျောင်းတက်ရပြီရယ်...
တရက်ခြားတခါ dateဖို့ခက်သွားပြီ....
ကြာသွားရင်လည်း စိတ်မဆိုးကြပါနဲ့လို့....
အားတဲ့အချိန်တွေရေးပြီး တင်ပေးမယ်နော်....
ပစ်မထားဘူးနော်....ကိုယ့်စိန်တစ်လုံးတွေကို...
မြန်မြန်လာပေးမယ်😘
စိန်တစ်လုံးလေးတွေလည်း...
ကြယ်တို့ကို ပစ်မထားရဘူးနော်😢
ANကိုလည်းအပိုင်းတိုင်းထည့်နေလို့ မျက်စိမနောက်ပါနဲ့
စကားပြောချင်လို့hee တော်ပါပြီ ဒီလောက်နဲ့ဘဲ...
မေ့မှာစိုးလို့လာပြောတာ....
Love you all စိန်တစ်လုံးတို့😘
(Ps.ကိုယ်ဘဲချစ်တယ် အမြဲပြောနေရသလိုဘဲ
ကိုယ့်ကျဘယ်သူမှမပြော😢နောက်တာ😂)
❤HAN❤
(10.6.18)