[Zawgyi]
အုတ္ဂူျဖဴျဖဴေလးေ႐ွ႕မွာ ရပ္ၿပီး chanyeolတေယာက္
စကားေတြေျပာေနမိတယ္။
"ကိုယ္ ေတာင္းပန္ပါတယ္ခ်စ္။
ခ်စ္ကိုအၾကာႀကီး ကိုယ္ပစ္ထားမိတယ္။ကိုယ္အခုလည္း
ခ်စ္ကိုလာႏႈတ္ဆက္တာပါ။
ကိုယ္ေလ ကိုယ့္ရဲ႕bae အာ sehunကို ကိုယ့္ရဲ႕ဘဝ
လက္တြဲေဖာ္အျဖစ္ သတ္မွတ္လိုက္ၿပီ။
ကိုယ့္ကို ခြင့္လြတ္ေပးပါေနာ္။ခ်စ္တေယာက္ထဲကိုသာ
ခ်စ္မယ္ဆိုတဲ့ကိုယ့္ရဲ႕ဂတိကို မတည္ႏိုင္ခဲ့လို႔။"
စကားေတြအၾကာႀကီး ေျပာႁပီး အိမ္ကိုျပန္လာခဲ့တယ္။
မနက္ဖန္ဆိုbaeနဲ႔ လက္ထပ္ရေတာ့မယ္။
အခုထဲက ရင္ေတြခုန္ေနၿပီ။ မဂၤလာဝတ္စံုနဲ႔ ေကာ္ေဇာနီမွာ
ေလ်ွာက္လွမ္းလာမယ့္ ေကာင္ငယ္ေလးကို
ျမင္ေတြ႔ခ်င္ေနၿပီ။
မဂၤလာအိပ္ခန္းကိုၾကည့္ၿပီးလည္း ျပံဳးေနရျပန္ၿပီ။🌚
ေယာကၡထီးျကီးက baeကိုလက္ထပ္ေပးၿပီးတာနဲ႔
ဇာတိကနယ္မွာဘဲ သားအျကီးတို့အတြဲနဲ့
အၿပီးတိုင္ေနေတာ့မယ္တဲ့ေလ။
ကုမၸဏီကိုလည္း baeကိုလြဲထားေနၿပီျဖစ္တယ္။
အိမ္ထဲကားဝင္လာတာေၾကာင့္ baeျပန္လာၿပီထင္တယ္။
ျခံထဲဆင္းၾကည့္ေတာ့baeရဲ႕ကားမဟုတ္။
ခ်စ္ရဲ႕အေဖနဲ႔အေမ။
"သား "
"အေမနဲ႔အေဖ မေတြ႔တာၾကာၿပီေနာ္။
အိမ္ထဲဝင္ပါအံုး။"
"ေအးကြယ္။"
အိမ္ထဲေရာက္ေတာ့ အခ်ိဳရည္ေတြျပင္ဆင္ၿပီး
ဧည့္ခံလိုက္တယ္။ ဘာကိစၥမ်ား႐ွိလို႔ပါလိမ့္။
"အခုလို မေျပာမဆိုဘဲေရာက္လာရတာ
အားနာပါတယ္ကြယ္။"
"မဟုတ္တာဗ်ာ။ အေမတို႔လာလည္ခ်င္တဲ့အခ်ိန္တိုင္း လာလို႔ရပါတယ္။"
"သား လက္ထပ္ေတာ့မယ္ဆို။"
"ဟုတ္ကဲ့။"
မဆိုင္ေတာ့ေပမဲ့ မ်က္ႏွာပူမိတာအမွန္။
ကိုယ့္လက္တစ္စံုကို ေႏြးေထြးစြာ အုပ္မိုးဆုပ္ကိုင္လာတဲ့
လက္တစ္စံု။
"သားရယ္ သားကိုေလ အေမတို႔က အခုလိုျမင္ခ်င္ေနတာ
ၾကာၿပီ။ သမီးေလးလည္း သားကိုၾကည့္ၿပီး ေပ်ာ္ေနမွာပါ။
သားဘဝအတြက္ ေလ်ွာက္စရာ႐ွိတာကို ဆက္ေလ်ွာက္ရမွာမလား။သြားသူကသြားၿပီေလ။ေမ့ပစ္ရမွာေပါ့။"
"အေမ သားကိုနားလည္ေပးလို႔ ေက်းဇူးတင္ပါတယ္။"
ကိုယ့္မိခင္သဖြယ္ ဖက္ကာမ်က္ရည္ဝဲမိတယ္။ကိုယ့္ကို
မိဘလို နားလည္ေပးႏိုင္တယ္။
ခနအၾကာကားသံနဲ႔ baeဝင္လာတယ္။
အိမ္ေ႐ွ႕မွာ ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနတဲ့bae။
အင္းေလ baeမွသူတို႔ကိုမျမင္ဘူးတာ။
"Bae ဒါကိုယ့္ရဲ႕ ဒုတိယမိဘေတြ။"
"ဟုတ္ ေတြ႔ရတာဝမ္းသာပါတယ္။
က်ေတာ့နာမည္oh sehunပါ"
"သားကလူေခ်ာေလးဘဲ။
တကယ္လိုက္ဖက္ညီတဲ့အတြဲဘဲ။"
"ဟုတ္"
"သား အေမတို႔ျပန္ေတာ့မယ္။"
"ဟုတ္ ေကာင္းေကာင္းျပန္ပါ"
ျခံေ႐ွ႕ထိ လိုက္ပို႔ေပးၿပီး ျပန္လာေတာ့ baeက
ေအာက္ထပ္မွာမ႐ွိေတာ့။ အဝတ္သြားလဲေနတာျဖစ္မယ္။
"Bae ကိုယ္ဝင္လာမယ္ေနာ္။"
အခန္းတံခါးေခါက္ကာ ဝင္သြားလိုက္တယ္။
"baeေစာနကေလ"
"သူမရဲ႕မိဘေတြမလား။"
"အင္း သူတို႔ကကိုယ္တို႔ကို လာဂုဏ္ျပဳေပးတာပါ။"
Baeကႏွစ္ႏွစ္ဆိုတဲ့ အေတာတြင္း ထြားလာၿပီး
လူႀကီးတေယာက္လို ရင့္က်က္လာၿပီ။
ခုလည္း ကုမၸဏီက မၿပီးေသးတဲ့စာရင္းေတြကို
လပ္ေတာ့တလံုးနဲ႔ေျဖ႐ွင္းရင္း အလုပ္႐ႈပ္ေနေလရဲ႕။
"Bae"
"ဟင္"
ၾကည့္ၾကည့္။လူကိုေမာ့မၾကည့္ဘဲ သူ႔အလုပ္ကိုသာ
မျပတ္လုပ္ေနတာ။
"Baeကိုယ့္ကိုခ်စ္ေသးရဲ႕လား။"
"ဘာလို႔အဲ့လိုေမးတာလဲyeol။ ခ်စ္လို႔ဘဲ မနက္ဖန္ဆို
လက္ထပ္ေတာ့မယ္။အခုထိbaeရဲ႕အခ်စ္ကိုမယံုေသးတာလား။"
လက္တံေတာင္ဆစ္ထိေခါက္ထားတဲ့ သူ႔လက္တံေလးေပၚ
ေမးတင္ရင္း ေမးလာတဲ့bae။
"Baeအခ်စ္ကိုယံုပါတယ္။ဒါေပမဲ႔
Baeကတခ်ိန္လံုး အလုပ္ဘဲလုပ္ေနတာ။
ကိုယ့္ကိုလည္း ဂ႐ုမွမစိုက္ေတာ့တာ။"
"ေအာ yeolကလည္း ဘာမဟုတ္တာေလးကို။
ကဲ yeolေလာက္ အလုပ္ကအေရးမႀကီးဘူး။"
လပ္ေတာ့ကို ပိတ္လိုက္ၿပီး yeolေပၚသြားထိုင္လိုက္ကာ
အနမ္းေႁခြလိုက္တယ္။
အဲ့က်မွ မ်က္ႏွာကစပ္ျဖဲျဖဲနဲ႔ ျပံဳးျပလာတယ္။
"နမ္းရံုဘဲလားbae။ဆက္သြားရေအာင္ေလေနာ့။"
"ဟာ မရဘူး။ မနက္ဖန္ လူၾကားထဲမွာ လမ္းေလ်ွာက္ရမွာ
ကြတႀကီးျဖစ္ေနလိမ့္မယ္။"
"ကိုယ္ညင္သာပါ့မယ္ေနာ္။"
"ဟာ မရပါဆို္။ yeol အင့္ ....."
အျပာေရာင္သံစဥ္မ်ားႏွင့္ ဖံုးလႊမ္းသြားတဲ့အခန္းငယ္ေလး.........
...................
"မဂၤလာသတို႔သား ႏွစ္ေယာက္လံုး ေနရာယူမယ္"
ခန္းမထဲကို ေယာကၡထီးလက္ကိုင္ကာ
ေလ်ွာက္လာတဲ့bae။
တခ်က္တခ်က္ လမ္းေလ်ွာက္ရင္း မ်က္ႏွာႀကီး႐ွံ႔တြူသြားတဲ့bae။
အနားေရာက္ေတာ့ မ်က္ေစာင္းသာဆက္တိုက္ေကြၽးေလရဲ႕။
ကိုယ့္အျပစ္နဲ႔ကိုယ္ဆိုေတာ့လည္း သြားျဖဲျပရံုသာ.....
ေယာကၡထီးလက္ထဲကေန baeကို လက္ေျပာင္းယူရင္း
က်မ္းသစၥာေတြက်ိန္ဆိုၾကတယ္။အနမ္းေတြ
ြဖလွယ္ၾကတယ္။
ႏွစ္ေယာက္လံုး ေယာက်ာ္းေလးျဖစ္တာေၾကာင့္ baeက
ပန္းစည္းမကိုင္ခ်င္ဟုဆို၍ ပန္းစည္းပစ္ျခင္းေတာ့ မလုပ္ခဲ့။
လာသမ်ွဧည့္သည္ေတြကို ဧည့္ခံေကြၽးေမြးၿပီးေနာက္မွာေတာ့
မဂၤလာပြဲျပီးေျမႇာက္ေစတယ္။
ေယာက်ာ္းေလးႏွစ္ေယာက္ လက္ထပ္ျခင္းေၾကာင့္
႐ွံုု႔ခ်သူမ်ား႐ွိသလို ဂုဏ္ျပဳေပးၾကသူမ်ားလည္း႐ွိတယ္။
ဘယ္သူေတြ ဘယ္ေလာက္မၾကည္ျဖဴပါေစ။
ကာယကံ႐ွင္ျဖစ္တဲ့ လူသားႏွစ္ေယာက္ ခ်စ္ေနရင္
အကုန္အဆင္ေျပၿပီမလား။
ေယာကၡထီးႀကီးကိုျပန္လိုက္ပို့ႁပီးေတာ့ ဟန္နီးမြန္းကို
ဟာဝိုင္အီကြၽန္းသို႔ ထြက္ခဲ့ၾကတယ္။
ေနဝင္ရီတေရာအခ်ိန္ ကမ္းေျခမွာ လက္ခ်င္းယွဥ္တြဲကာ
လမ္းေလ်ွာက္ေနၾကတဲ့ ေကာင္ေလးႏွစ္ဦး။
အခ်စ္မ်ားနဲ႔တည္ေဆာက္မဲ့ သူတို႔ရဲ႕အနာဂတ္ခရီးလမ္းေလး
အဆင္ေျပေခ်ာေမြ႔ပါေစသား။
ဒီခါတကယ္ၿပီးပါၿပီ။
ဒါေလးကိုေမ့ေနၾကၿပီထင္ပါတယ္။😑😑
#သတိရလို႔ ေရးျခင္းသာ.....
_____________
[Unicode]
အုတ်ဂူဖြူဖြူလေးရှေ့မှာ ရပ်ပြီး chanyeolတယောက်
စကားတွေပြောနေမိတယ်။
"ကိုယ် တောင်းပန်ပါတယ်ချစ်။
ချစ်ကိုအကြာကြီး ကိုယ်ပစ်ထားမိတယ်။ကိုယ်အခုလည်း
ချစ်ကိုလာနှုတ်ဆက်တာပါ။
ကိုယ်လေ ကိုယ့်ရဲ့bae အာ sehunကို ကိုယ့်ရဲ့ဘဝ
လက်တွဲဖော်အဖြစ် သတ်မှတ်လိုက်ပြီ။
ကိုယ့်ကို ခွင့်လွတ်ပေးပါနော်။ချစ်တယောက်ထဲကိုသာ
ချစ်မယ်ဆိုတဲ့ကိုယ့်ရဲ့ဂတိကို မတည်နိုင်ခဲ့လို့။"
စကားတွေအကြာကြီး ပြောပြီး အိမ်ကိုပြန်လာခဲ့တယ်။
မနက်ဖန်ဆိုbaeနဲ့ လက်ထပ်ရတော့မယ်။
အခုထဲက ရင်တွေခုန်နေပြီ။ မင်္ဂလာဝတ်စုံနဲ့ ကော်ဇောနီမှာ
လျှောက်လှမ်းလာမယ့် ကောင်ငယ်လေးကို
မြင်တွေ့ချင်နေပြီ။
မင်္ဂလာအိပ်ခန်းကိုကြည့်ပြီးလည်း ပြုံးနေရပြန်ပြီ။🌚
ယောက္ခထီးကြီးက baeကိုလက်ထပ်ပေးပြီးတာနဲ့
ဇာတိကနယ်မှာဘဲ သားအကြီးတို့အတွဲနဲ့
အပြီးတိုင်နေတော့မယ်တဲ့လေ။
ကုမ္ပဏီကိုလည်း baeကိုလွဲထားနေပြီဖြစ်တယ်။
အိမ်ထဲကားဝင်လာတာကြောင့် baeပြန်လာပြီထင်တယ်။
ခြံထဲဆင်းကြည့်တော့baeရဲ့ကားမဟုတ်။
ချစ်ရဲ့အဖေနဲ့အမေ။
"သား "
"အမေနဲ့အဖေ မတွေ့တာကြာပြီနော်။
အိမ်ထဲဝင်ပါအုံး။"
"အေးကွယ်။"
အိမ်ထဲရောက်တော့ အချိုရည်တွေပြင်ဆင်ပြီး
ဧည့်ခံလိုက်တယ်။ ဘာကိစ္စများရှိလို့ပါလိမ့်။
"အခုလို မပြောမဆိုဘဲရောက်လာရတာ
အားနာပါတယ်ကွယ်။"
"မဟုတ်တာဗျာ။ အမေတို့လာလည်ချင်တဲ့အချိန်တိုင်း လာလို့ရပါတယ်။"
"သား လက်ထပ်တော့မယ်ဆို။"
"ဟုတ်ကဲ့။"
မဆိုင်တော့ပေမဲ့ မျက်နှာပူမိတာအမှန်။
ကိုယ့်လက်တစ်စုံကို နွေးထွေးစွာ အုပ်မိုးဆုပ်ကိုင်လာတဲ့
လက်တစ်စုံ။
"သားရယ် သားကိုလေ အမေတို့က အခုလိုမြင်ချင်နေတာ
ကြာပြီ။ သမီးလေးလည်း သားကိုကြည့်ပြီး ပျော်နေမှာပါ။
သားဘဝအတွက် လျှောက်စရာရှိတာကို ဆက်လျှောက်ရမှာမလား။သွားသူကသွားပြီလေ။မေ့ပစ်ရမှာပေါ့။"
"အမေ သားကိုနားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။"
ကိုယ့်မိခင်သဖွယ် ဖက်ကာမျက်ရည်ဝဲမိတယ်။ကိုယ့်ကို
မိဘလို နားလည်ပေးနိုင်တယ်။
ခနအကြာကားသံနဲ့ baeဝင်လာတယ်။
အိမ်ရှေ့မှာ ကြောင်တောင်တောင်လေးကြည့်နေတဲ့bae။
အင်းလေ baeမှသူတို့ကိုမမြင်ဘူးတာ။
"Bae ဒါကိုယ့်ရဲ့ ဒုတိယမိဘတွေ။"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ်။
ကျတော့နာမည်oh sehunပါ"
"သားကလူချောလေးဘဲ။
တကယ်လိုက်ဖက်ညီတဲ့အတွဲဘဲ။"
"ဟုတ်"
"သား အမေတို့ပြန်တော့မယ်။"
"ဟုတ် ကောင်းကောင်းပြန်ပါ"
ခြံရှေ့ထိ လိုက်ပို့ပေးပြီး ပြန်လာတော့ baeက
အောက်ထပ်မှာမရှိတော့။ အဝတ်သွားလဲနေတာဖြစ်မယ်။
"Bae ကိုယ်ဝင်လာမယ်နော်။"
အခန်းတံခါးခေါက်ကာ ဝင်သွားလိုက်တယ်။
"baeစောနကလေ"
"သူမရဲ့မိဘတွေမလား။"
"အင်း သူတို့ကကိုယ်တို့ကို လာဂုဏ်ပြုပေးတာပါ။"
Baeကနှစ်နှစ်ဆိုတဲ့ အတောတွင်း ထွားလာပြီး
လူကြီးတယောက်လို ရင့်ကျက်လာပြီ။
ခုလည်း ကုမ္ပဏီက မပြီးသေးတဲ့စာရင်းတွေကို
လပ်တော့တလုံးနဲ့ဖြေရှင်းရင်း အလုပ်ရှုပ်နေလေရဲ့။
"Bae"
"ဟင်"
ကြည့်ကြည့်။လူကိုမော့မကြည့်ဘဲ သူ့အလုပ်ကိုသာ
မပြတ်လုပ်နေတာ။
"Baeကိုယ့်ကိုချစ်သေးရဲ့လား။"
"ဘာလို့အဲ့လိုမေးတာလဲyeol။ ချစ်လို့ဘဲ မနက်ဖန်ဆို
လက်ထပ်တော့မယ်။အခုထိbaeရဲ့အချစ်ကိုမယုံသေးတာလား။"
လက်တံတောင်ဆစ်ထိခေါက်ထားတဲ့ သူ့လက်တံလေးပေါ်
မေးတင်ရင်း မေးလာတဲ့bae။
"Baeအချစ်ကိုယုံပါတယ်။ဒါပေမဲ့
Baeကတချိန်လုံး အလုပ်ဘဲလုပ်နေတာ။
ကိုယ့်ကိုလည်း ဂရုမှမစိုက်တော့တာ။"
"အော yeolကလည်း ဘာမဟုတ်တာလေးကို။
ကဲ yeolလောက် အလုပ်ကအရေးမကြီးဘူး။"
လပ်တော့ကို ပိတ်လိုက်ပြီး yeolပေါ်သွားထိုင်လိုက်ကာ
အနမ်းခြွေလိုက်တယ်။
အဲ့ကျမှ မျက်နှာကစပ်ဖြဲဖြဲနဲ့ ပြုံးပြလာတယ်။
"နမ်းရုံဘဲလားbae။ဆက်သွားရအောင်လေနော့။"
"ဟာ မရဘူး။ မနက်ဖန် လူကြားထဲမှာ လမ်းလျှောက်ရမှာ
ကွတကြီးဖြစ်နေလိမ့်မယ်။"
"ကိုယ်ညင်သာပါ့မယ်နော်။"
"ဟာ မရပါဆို။ yeol အင့် ....."
အပြာရောင်သံစဉ်များနှင့် ဖုံးလွှမ်းသွားတဲ့အခန်းငယ်လေး.........
...................
"မင်္ဂလာသတို့သား နှစ်ယောက်လုံး နေရာယူမယ်"
ခန်းမထဲကို ယောက္ခထီးလက်ကိုင်ကာ
လျှောက်လာတဲ့bae။
တချက်တချက် လမ်းလျှောက်ရင်း မျက်နှာကြီးရှံ့တွူသွားတဲ့bae။
အနားရောက်တော့ မျက်စောင်းသာဆက်တိုက်ကျွေးလေရဲ့။
ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့လည်း သွားဖြဲပြရုံသာ.....
ယောက္ခထီးလက်ထဲကနေ baeကို လက်ပြောင်းယူရင်း
ကျမ်းသစ္စာတွေကျိန်ဆိုကြတယ်။အနမ်းတွေ
ွဖလှယ်ကြတယ်။
နှစ်ယောက်လုံး ယောကျာ်းလေးဖြစ်တာကြောင့် baeက
ပန်းစည်းမကိုင်ချင်ဟုဆို၍ ပန်းစည်းပစ်ခြင်းတော့ မလုပ်ခဲ့။
လာသမျှဧည့်သည်တွေကို ဧည့်ခံကျွေးမွေးပြီးနောက်မှာတော့
မင်္ဂလာပွဲပြီးမြှောက်စေတယ်။
ယောကျာ်းလေးနှစ်ယောက် လက်ထပ်ခြင်းကြောင့်
ရှုံ့ချသူများရှိသလို ဂုဏ်ပြုပေးကြသူများလည်းရှိတယ်။
ဘယ်သူတွေ ဘယ်လောက်မကြည်ဖြူပါစေ။
ကာယကံရှင်ဖြစ်တဲ့ လူသားနှစ်ယောက် ချစ်နေရင်
အကုန်အဆင်ပြေပြီမလား။
ယောက္ခထီးကြီးကိုပြန်လိုက်ပို့ပြီးတော့ ဟန်နီးမွန်းကို
ဟာဝိုင်အီကျွန်းသို့ ထွက်ခဲ့ကြတယ်။
နေဝင်ရီတရောအချိန် ကမ်းခြေမှာ လက်ချင်းယှဉ်တွဲကာ
လမ်းလျှောက်နေကြတဲ့ ကောင်လေးနှစ်ဦး။
အချစ်များနဲ့တည်ဆောက်မဲ့ သူတို့ရဲ့အနာဂတ်ခရီးလမ်းလေး
အဆင်ပြေချောမွေ့ပါစေသား။
ဒီခါတကယ်ပြီးပါပြီ။
ဒါလေးကိုမေ့နေကြပြီထင်ပါတယ်။😑😑
#သတိရလို့ ရေးခြင်းသာ.....