[Zawgyi]
ခုဆိုyeolနဲ့တွဲတာတလကျော်နေပြီ။
အင်းတွဲတယ်ဆိုပါတော့။ဟိုတခါကားပေါ်မှာနမ်းပြီးတော့ yeolကတွဲရအောင်ပြောလာတာလေ။မိန်းခလေးလည်းမဟုတ်တာကြောင့် မူမနေဘဲ တွဲဖို့ချက်ချင်းသဘောတူခဲ့မိတယ်။ကိုယ်ကစိတ်ဝင်စားနေတာကိုး။
Yeolတော့ကျွန်တော့အပေါ် ဘယ်လိုသဘောထားလဲမသိပေမဲ့
ကျွန်တော်ကတော့ချစ်မိနေပြီ။ပါးလည်းနည်းနည်းရိပ်မိနေတယ်ထင်တယ်။ဘားမှမပြောပေမဲ့ စိတ်ထဲခံစားမိနေတယ်။ခုလည်းပါးကအလုပ်ကိစ္စ ခရီးသွားမယ်ဆိုပြီးထွက်သွားလေတယ်။
အိမ်မှာလည်းပျင်းလာတာနဲ့ yeolဆီဖုန်းဆက်ဖို့ပြင်လိုက်တယ်။"ဟယ်လို "
တဖက်ကသြရှရှအသံလေးကြားတာနဲ့တင် လူကပြုံးမိနေတယ်။အင်း...အချစ်ကလည်းနော် ဆန်းကြယ်သား သူဘာလုပ်လုပ်အကောင်းဘဲမြင်တယ်။
"ဟယ်လို yeol"
"အင်း hunnieပြောလေ"
"Yeolအခု ဘယ်မှာလဲဟင် အားလား"
"ကိုယ်အိမ်မှာဘဲ အလုပ်နည်းနည်းလုပ်နေတာ အားပါတယ်။
hunnieဘာလုပ်ချင်လို့လဲ ပြောပါအုံး""အဲ့ဒါဆို အိမ်လာခဲ့ပါ့လား။
ပါးကခရီးထွက်သွားတော့ အိမ်မှာပျင်းလို့""ဒီလိုလုပ်ပါ့လား ကိုယ်ကhunnieအိမ်ခနခနလာပေမဲ့ hunnieကကိုယ့်အိမ်မရောက်ဖူးဘူးမလား"
"အင်း"
"အာ့ဆိုကိုယ့်အိမ်လိုက်လည်လေ။ခနနေကိုယ်လာခေါ်မယ်"
"တကယ်လား။hunnieက yeolအိမ်ရောက်ဖူးချင်တာကြာပြီ။yeolစိတ်အနှောင့်ယှက်ဖြစ်မှာစိုးလို့် မပြောဘဲနေတာ"
"မဟုတ်တာကွာ။hunnieကခုပြင်ထားတော့ ကိုယ်လာတော့မယ်"
"Omm အာ့ဆိုလာခဲ့လေ။ဒါဘဲနော်"
..............
Timeskip....
ခြံထဲဝင်လာတဲ့ကားကြောင့် sehunပြင်ဆင်နေတာရပ်ပြီး
အောက်ထပ်ဆင်းလာလိုက်တယ်။"Hunnieပြင်လို့ပြီးပြီလား "
"အင်း ပီးပီyeol သွားရအောင်"