ex - Boyfriend ထံတွင်ထပ်မံကျရ...

Por ninetyfour_wx

853K 89K 4.3K

တူညီတဲ့လူတစ်ယောက်ကို မတူညီတဲ့အချစ်မျိုးနဲ့ နောက်ထပ်တစ်ခါ ထပ်ချစ်မိခဲ့တယ် ~~ တူညီတဲ့လူတစ္ေယာက္ကို မတူညီတဲ့အခ်... Más

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
ZG + Unicode
Part - 8
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Epi - 16
Epi - 17
Epi - 18
Epi - 19
Hello
Epi - 20
Epi - 21
Rest
Hello
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Final
Extra Part-1
Extra Part-2
Cover
Hello
New fic

Part - 9

26.7K 3.2K 175
Por ninetyfour_wx

ရိေပၚ တကၠသိုလ္ပထမႏွစ္စတက္ေတာ့ ေရွာင္းက်န္႔က ေနာက္ဆံုးႏွစ္ေက်ာင္းသားျဖစ္ေနၿပီ ။ အရပ္အရွည္ႀကီးနဲ႔ ခႏၶာကိုယ္အခ်ိဳးအစားလွလြန္းတဲ့ ေရွာင္းက်န္႔က ေျပာစရာမလိုေအာင္ သူတို႔ေက်ာင္းမွာ နာမည္ႀကီးပဲ ။
ပိန္သြယ္သြယ္ခႏၶာကိုယ္နဲ႔ သြယ္လ်ခြ်န္ျမေနတဲ့ ေမးရိုးေတြက မိန္းကေလးတိုင္းရဲ႕ အိပ္မက္ထဲက မင္းသားေလးတစ္ေယာက္ျဖစ္ခဲ့သည္ ။

ဒါေပမဲ့ ဒီအရာေတြကို ရိေပၚတစ္ခုမွ မႀကိဳက္ဘူး ။ က်န္႔ေကာက လူအမ်ားေရွ႕လွစရာမလိုဘူး သူ႔ေရွ႕မွာပဲလွရင္ရၿပီ ။ က်န္႔ေကာရဲ႕အလွကို လူေတြပါးစပ္ကေနၾကားရတာ ရိေပၚတစ္စက္မွပင္ မႀကိဳက္ေပ ။ ဒါေၾကာင့္ပဲ ဒီအလွတရားေတြနဲ႔ပတ္သက္ၿပီး ရိေပၚ ေရွာင္းက်န္႔ကို အျမဲတမ္းျပႆနာရွာတယ္ ။

က်န္႔ေကာ ဘာလို႔အဲ့ေလာက္လွရသလဲ ဆိုၿပီး ။

ထိုသို႔ေမးခံရတဲ့ အခ်ိန္ေတြတိုင္း ေရွာင္းက်န္႔က ဟက္ဟက္ပက္ပက္ရယ္သည္ ။ ၿပီးေတာ့ ရိေပၚေခါင္းက ဆံပင္ေတြကိုဖြကာ ငါလွတာမနာလိုေနတာလား ဟု ခပ္ေနာက္ေနာက္ျပန္ေမးသည္ ။ ရိေပၚ မနာလိုတာမဟုတ္ သဝန္တိုတာသာ ျဖစ္တဲ့အေၾကာင္းေျပာေတာ့ က်န္႔ေကာက ရိေပၚနဖူးကို လက္ညိဳးနဲ႔ေတာက္ကာ နားရြက္ဖ်ားေတြရဲလာခဲ့၏ ။

ရိေပၚနဲ႔ ေရွာင္းက်န္႔က ႏွစ္မတူ အတန္းအခ်ိန္ေတြမတူတာမို႔ သူတို႔ေက်ာင္းဆင္းၿပီဆို ကားနားမွာဆံုၾကဖို႔ ေျပာထားျဖစ္သည္ ။ တစ္ခါတစ္ေလ ရိေပၚကေစာေရာက္သည့္ေန႔ေတြရွိသလို တစ္ခါတစ္ေလ ေရွာင္းက်န္႔က သူ႔ကိုရပ္ေစာင့္ရတဲ့ေန႔ေတြလဲ ရွိသည္ ။

ဒီေန႔ကေတာ့ ထံုးစံအတိုင္း ရိေပၚတို႔ေနာက္ဆံုးအတန္းခ်ိန္က dance class ျဖစ္သည္မို႔ ရိေပၚေနာက္က်တဲ့ေန႔ျဖစ္သည္ ။ ပံုမွန္အခ်ိန္ထက္ နာရီဝက္ေလာက္ပိုေနာက္က်ေနၿပီမို႔ ရိေပၚ အေမာတေကာနဲ႔ ကားထားရာဆီသို႔ အေျပးလာခဲ့သည္ ။

သို႔ေပမဲ့ ရိေပၚအေျပးလာရတာနဲ႔မတန္ေအာင္ အေရွ႕ကျမင္ကြင္းက ရိေပၚကို အေမာဆို႔ေစသည္ ။ ကားကိုမွီလ်က္ ေကာင္မေလးတစ္ေယာက္နဲ႔ စကားေျပာေနသည့္ ေရွာင္းက်န္႔က ႏႈတ္ခမ္းတစ္ခုလံုး နားရြက္တပ္ခ်ိတ္မတတ္လဲ ရယ္ေနပါေသးသည္ ။ ဘာေတြအဲ့ေလာက္ရယ္စရာေကာင္းေနလို႔ နားရြက္တပ္ခ်ိတ္မတတ္ ရယ္ေနရပါသလဲ ။

ရိေပၚ မ်က္ႏွာခ်က္ခ်င္းတည္သြားကာျဖင့္ ႏႈတ္ခမ္းတင္းတင္းေစ့မိသြားတယ္ ။ ေတာ္ေတာ္ေပ်ာ္ေနတာေပါ့ က်န္႔ေကာ ။

ရိေပၚ လာတာကိုျမင္ေတာ့ ေရွာင္းက်န္႔က လက္လွမ္းျပသည္ ။ အရင္လို ေရွာင္းက်န္႔ကားတံခါးဖြင့္ေပးတာကိုပင္မေစာင့္ ကားထဲဝင္သြားရင္း တံခါးကိုလဲ ဝုန္းခနဲအက်ယ္ႀကီးျမည္ေအာင္ ပိတ္ခ်လိုက္ေသးသည္ ။

" ဘာျဖစ္လာတာလဲ ရိေပၚ "

အနားေရာက္လာတည္းက တည္တင္းေနတဲ့ မ်က္ႏွာထားနဲ႔မို႔ ေရွာင္းက်န္႔ေမးလိုက္၏ ။ ဒါေပမဲ့ ျပန္ရလိုက္တာက ခပ္စူးစူးအၾကည့္တစ္ခုသာ ။

ေရွာင္းက်န္႔ ေၾကာင္သြားကာ မ်က္ေမွာင္မ်ားပင္ကုတ္မိသြားသည္ ။ ရိေပၚက အခုသူ႔ကို ဘယ္လိုႀကီးၾကည့္လိုက္တာလဲ ။ ရိေပၚ မ်က္ႏွာတည္ေနရတာက သူ႔ေၾကာင့္လား ။ သူ႔ေၾကာင့္ဆိုရေအာင္ သူဘာမွလဲမလုပ္ထားပါဘူး ။

" ရိေပၚ "

" အိမ္မျပန္ခ်င္ဘူး တစ္ေနရာေမာင္း "

" ဟမ္ ? "

" စကားႏွစ္ခါေျပာရေအာင္ မလုပ္နဲ႔ က်န္႔ေကာ ! ကြ်န္ေတာ္ စိတ္ၾကည္ေနတာမဟုတ္ဘူး .... တစ္ေနေနရာကို ေမာင္းလို႔ "

" မဟုတ္ေသးဘူးေလ .... ဘယ္ေနရာကို ေမာင္း . . ရ မွာ "

စကားမဆံုးခင္ ခပ္စူးစူးအၾကည့္က ထပ္ေရာက္လာတာမလို႔ ေရွာင္းက်န႔္ စကားေတြထစ္အသြားကာ အဆံုးထိေတာင္ မေျပာလိုက္ရဘူး ။

" စာရင္းရွင္းမယ္ လူသိပ္မရွိတဲ့ေနရာကိုေမာင္းလိုက္ "

ရိေပၚ ေရွာင္းက်န္႔ဆီက အေမးစကားေတြ ထပ္လာေနမွာစိုးလို႔ နားက်ပ္ေကာက္ထည့္ကာ မ်က္လံုးေတြမွိတ္ခ်ပစ္လိုက္သည္ ။ ခပ္ေၾကာင္ေၾကာင္ မ်က္ႏွာနဲ႔ အူတူတူမ်က္လံုးေတြကို သူလ်စ္လ်ဴရႈကာ ထိုင္ခံုေနာက္မွီကို မွီခ်လိုက္သည္ ။

ေရွာင္းက်န္႔ရဲ႕အေဖက ရိေပၚတို႔အိမ္မွာ ဒရိုင္ဘာလုပ္သူမို႔ အရင္ကေတာ့သူတို႔ႏွစ္ေယာက္လံုးကို ေက်ာင္းလိုက္ပို႔ေပးသည္ ။ အခုကေတာ့ အရြယ္ေရာက္လာၾကၿပီမို႔ ရိေပၚကို အနီးကပ္ေစာင့္ေရွာက္ေပးရတဲ့ ေရွာင္းက်န္႔က ရိေပၚနဲ႔ တကၠသိုလ္အတူတက္ကာ အသြားအျပန္ကားေမာင္းတဲ့တာဝန္ကို ယူထားရသည္ ။

ရိေပၚဆီက စာရင္းရွင္းမယ္ဆိုတာ ဘာကိုဆိုလိုမွန္းေရွာင္းက်န္႔မသိေပမဲ့ ရိေပၚေျပာသလို လူူသူသိပ္မရွိႏိုင္တဲ့ အိမ္အျပန္လမ္းက ေနရာတစ္ခုဆီ သူဦးတည္ၿပီးေမာင္းခဲ့လိုက္သည္ ။

တိခနဲကားရပ္သြားတဲ့အခ်ိန္မွာ ရိေပၚမ်က္လံုးေတြ ခ်က္ခ်င္းပြင့္လာၿပီး ကားေပၚကဆင္းသြားသည္ ။ ေရွာင္းက်န္႔လဲ ဘုမသိဘမသိ ကားေပၚကဆင္းလိုက္ေတာ့ သူ႔အေရွ႕ကိုေရာက္လာသည့္ ရိေပၚက ကားနဲ႔သူ႔ၾကား ေရွာင္းက်န္႔ကို ညႇပ္ထားလိုက္သည္ ။

" အေျဖေပး ! "

" ဟမ္ ?! "

" အခုခ်က္ခ်င္း အေျဖေပးေတာ့ "

ရိေပၚေျပာတဲ့ စာရင္းရွင္းမယ္ဆိုတာ ဒါလား ။ ေရွာင္းက်န္႔ကေတာ့ ဘာမ်ားျဖစ္တာလဲလို႔ တစ္လမ္းလံုးစိုးရိမ္ခဲ့လိုက္ရတာေလ ။ တကယ္တမ္းက အေျဖအေတာင္းခံေနရတာတဲ့လား ။ ေသာက္ကေလးက ေသာက္အဆန္းေတြလုပ္ေနျပန္ၿပီ ။

" ဘာေတြေျပာေနတာလဲ ရိေပၚ ? "

" အေျဖေတာင္းေနတာေလ ! အေျဖ ! အေျဖ ! ကြ်န္ေတာ့ကိုခ်စ္တယ္ဆိုတဲ့ အေျဖ ! က်န္႔ေကာ ဒါေတာင္မသိဘူးလား "

အံ့ဩလြန္းလို႔ ေရွာင္းက်န္႔ ေမးရိုးျပဳတ္က်သြားတယ္ ။ ဒါက အေျဖေတာင္းတာပါတဲ့ ။ လူကိုကားနဲ႔ညႇပ္ထားၿပီး တရားခံစစ္သလို လုပ္ေနတာ အေျဖေတာင္းတာတဲ့ ။

" အူတူတူလုပ္မေနနဲ႔ ... က်န္႔ေကာကို သူမ်ားလက္ထဲမပါခင္ ကြ်န္ေတာ့အပိုင္ျဖစ္ေအာင္လုပ္မွာ ။ အခုအေျဖေပးေတာ့ "

" ငါက ဘယ္သူ႔လက္ထဲပါသြားရမွာတုန္း ... မင္းစကားကို ရွင္းရွင္းေျပာစမ္းပါ "

" ခုနက ဟိုတစ္ေယာက္နဲ႔ ဘာေတြေျပာၿပီးရယ္ေနတာလဲ ဒါဆို "

" ဘယ္တစ္ေယာက္ . . . အာ . . "

ရိေပၚဆိုလိုသည္ကို ေရွာင္းက်န္႔သိသြားေတာ့မွ ျပံဳးစိစိျဖစ္သြားရေတာ့တယ္ ။ အမေလးး ဒါက ဝမ္သခင္ေလးရဲ႕ သဝန္တိုျခင္းလား ။ ေၾကာက္စရာေကာင္းလိုက္တာ ။ သဝန္တိုရင္ အေျဖေတာင္းရတယ္ဆိုတာ သူ႔ဘယ္သူသင္ေပးလိုက္တာတဲ့လဲ !!

" အဲ့တာ ငါ့အတန္းေဖာ္ပါ . . ဘာမွမဟုတ္ပါဘူး "

" က်န္႔ေကာနဲ႔ပတ္သက္ရင္ အတန္းေဖာ္သူငယ္ခ်င္းလဲမရဘူး သူ႔အေမဆိုလဲမရဘူးဆိုတာ က်န္႔ေကာမသိဘူးလား "

" သိပါတယ္ ငါသိပါတယ္ ... ငါတစ္ေယာက္တည္း မျပန္ေသးတာနဲ႔ သူကဟာသေတြေျပာၿပီး အေဖာ္လုပ္ေပးေနတာပါ "

" အေဖာ္ ? လိုလို႔လား "

အိုက္ယားး ဒီေကာင္ေလး သိပ္ရစ္တာပဲ ။ ေရွာင္းက်န္႔ ေခါင္းကုတ္လိုက္ကာ စကားလႊဲဖို႔ျပင္လိုက္သည္ ။

" ရိ . . ေပၚ "

ေရွာင္းက်န္႔စကားလႊဲဖို႔ျပင္လိုက္ေပမဲ့ ရိေပၚက ေရွာင္းက်န္႔ေဘးက ကားေပၚကို လက္ေထာက္ပစ္ကာ သူ႔ကိုအုပ္မိုးလိုက္သည္ ။

" ဘာ .. ဘာ လုပ္တာ လဲ "

ရိေပၚက ေနာက္တစ္လက္တစ္ဖက္ပါ ေထာက္လာကာ ေရွာင္းက်န္႔မ်က္ႏွာဆီသို႔ သူ႔မ်က္ႏွာပါတိုးကပ္လာသည္ ။

" နမ္းမလို႔ေလ "

" ဝမ္ရိေပၚ ! "

" ဒီေန႔အေျဖမေပးရင္ ဒီကေန တစ္ဖဝါးမွခြာဖို႔မစဥ္းစားနဲ႔ က်န္႔ေကာ "

ရိေပၚက သူ႔မ်က္ႏွာကို ေရွ႕ဆက္ၿပီးတိုးလာတာမို႔ ေရွာင္းက်န္႔လဲ ေခါင္းကိုအေနာက္ဆုတ္ႏိုင္သမၽွဆုတ္မိသည္ ။ အေျဖေတာင္းေနတာလား ဓားျပတိုက္ေနတာလား မသဲကြဲဘူး ။ ေရွာင္းက်န္႔ရဲ႕ နားရြက္ဖ်ားေလးေတြ နီရဲတက္လာသလို ပါးေလးေတြပါ ပူတက္လာရသည္ ။ ရိေပၚကေတာ့ ျပံဳးစိစိနဲ႔ ၾကည့္ေနတုန္း ။

" ရိေပၚ . . ခနေလး . . စိတ္ေအးေအးထားပါဦး "

" အခုခ်ိန္ စိတ္ေအးေအးထားလို႔ရမယ္ထင္ေနလား က်န္႔ေကာ "

အရမ္းနီးကပ္လြန္းေနတာေၾကာင့္ ရိေပၚစကားေျပာသည့္အခါ ဝင္ေလထြက္ေလက ေရွာင္းက်န္႔ရဲ႕မ်က္ႏွာကို လာထိခတ္သည္ ။ ေရွာင္းက်န္႔ ၾကက္သီးေတြပါထသြားရသည္ ။

" ခ်စ္လား ၊ မခ်စ္ဘူးလား . . ေျဖ !! "

" ရိေပၚ . . "

" ..... "

ရိေပၚက ဘာမွမေျပာဘဲ တစ္ကယ္ႀကီး ႏႈတ္ခမ္းဆီငံု႔ခ်လိုက္တာမို႔ ေရွာင္းက်န္႔မ်က္လံုးမွိတ္ခ်ကာ ေအာ္ပစ္လိုက္သည္ ။

" ခ်စ္တယ္ ! ခ်စ္တယ္ လို႔ !! "

ဟက္ခနဲ ရယ္သံတိုးတိုးေလးထြက္လာကာ ႏႈတ္ခမ္းထက္က ဘာအထိအေတြ႕မွ မခံစားရတာမို႔ ေရွာင္းက်န္႔ မ်က္လံုးတစ္ဖက္ကို ျဖည္းျဖည္းခ်င္းဖြင့္ၾကည့္လိုက္တယ္ ။ သူ႔ကိုျပံဳးၿပီးၾကည့္ေနသည့္ ရိေပၚရဲ႕မ်က္ႏွာက တစ္ေလာကကို အပိုင္ရထားသည့္အလား ၾကည္လင္လို႔ ။ ေရွာင္းက်န္႔ပါ မေနႏိုင္ သူနဲ႔အတူျပံဳးမိသြားတယ္ ။

" လူလည္ေလး "

ရိေပၚရဲ႕ ႏွာေခါင္းေလးကိုမနာေအာင္ ေရွာင္းက်န္႔ အသည္းယား၍ ဆြဲလိုက္မိသည္ ။ သူရိေပၚကို ဘယ္လိုလြန္ဆန္ႏိုင္မွာတဲ့လဲ ။ ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ကေလးေလးကို သူဘယ္လိုမခ်စ္ဘဲေနႏိုင္မွာလဲ ။

" ပါးကို အာဘြားေပးလို႔ရလား "

ခုနက်ေတာ့ လူကိုအတင္းအၾကပ္ အခုပဲနမ္းေတာ့မွာလိုလိုလုပ္ေနၿပီး အခုက်ေတာ့လဲ ပကတိျဖဴစင္ေနတဲ့ရုပ္ေလးနဲ႔ ပါးကိုနမ္းခ်င္လို႔ ခြင့္ေတာင္းပါသတဲ့ ။ တတ္လဲတတ္ႏိုင္ပါေပ့ေနာ္ ။

ေရွာင္းက်န္႔ ေခါင္းညိတ္ျပလိုက္ကာ ပါးတစ္ဖက္ထိုးေပးလိုက္သည္ ။

ဒီလိုနဲ႔ သူတို႔ႏွစ္ေယာက္ ညီအစ္ကို သံေယာဇဥ္ကေန အဆင့္တိုးလို႔ ခ်စ္သူရည္းစားအဆင့္သို႔ ေရာက္ရွိသြားခဲ့တယ္ ။ ~~

__________________________________________________________________

ေဘစင္မွာ မ်က္ႏွာသစ္ရင္း ေရွာင္းက်န္႔မွန္ထဲၾကည့္လိုက္မိသည္ ။ စပ္ျဖင္းျဖင္းျဖစ္ေနေသာ ႏႈတ္ခမ္းေအာက္နားက ဒဏ္ရာကို သူဖြဖြထိၾကည့္ကာ ေရရြတ္လိုက္တယ္ ။

" မထင္ထားဘူး တကယ္ႀကီးထိုးတာဟ "

ဒါေပမဲ့ ခ်က္ခ်င္းပဲ သူ႔ႏႈတ္ခမ္းေတြျပံဳးလာခဲ့တယ္ ။ အထိုးခံရတာနဲ႔တန္ေအာင္ သူရိေပၚရဲ႕ ႏႈတ္ခမ္းေတြကို နမ္းခဲ့ရတယ္မလား ။ အမ်ားႀကီး တန္ပါတယ္ ။ ေနာက္တစ္ခါ ဒီ့ထက္ဆိုးေအာင္ အထိုးခံရမယ္ဆိုလဲ ေရွာင္းက်န္႔ နမ္းမိဦးမွာပါပဲ ။ ဒီႏႈတ္ခမ္းေတြနဲ႔သူ ၄ႏွစ္ေတာင္ ေဝးကြာခဲ့ရတာေလ ။ အလြမ္းဓာတ္ေတြ ျပည့္လၽွံေနတာ စကားနဲ႔ေတာင္ေဖာ္ျပလို႔မရဘူး ။

ေရွာင္းက်န္႔ ေရခ်ိဳးခန္းထဲကထြက္ကာ ညဝတ္အက်ႌလဲလ်က္ ကုတင္ေပၚတက္လာခဲ့သည္ ။ ဖုန္းကိုယူကာ ရိေပၚဆီ မက္ေဆ့ပို႔ဖို႔ သူေတြးလိုက္တယ္ ။ ဘယ္လိုေနေန သူရိေပၚကို ထပ္ၿပီးဆက္သြယ္ေနဦးမွာပါပဲ ။

📨 ရိေပၚ . . အိမ္ျပန္ေရာက္ၿပီလား 📨

📨 ညစာ စားၿပီးၿပီလား 📨

📨 ဘာလုပ္ေနလဲ 📨

📨 ဒီေန႔ မင္းအႏိုင္ရတာကို တကယ္စိတ္ရင္းနဲ႔ ဂုဏ္ျပဳပါတယ္ေနာ္ ၊ ေန႔လည္က မေျပာလိုက္ရလို႔ 📨

ေရွာင္းက်န္႔ေျပာေနတုန္း ရိေပၚဘက္က သူ႔မက္ေဆ့ေတြကို ဝင္ဖတ္ၿပီးသြားတာမို႔ ေရွာင္းက်န္႔ရင္ေတြေတာင္ တုန္သြားရသည္ ။

📨 အိမ္ျပန္ေရာက္ေနၿပီေပါ့ ဘာလုပ္ေနလဲ ? 📨

📨 ငါေတာ့ မင္းကိုလြမ္းလို႔ စာေတြထိုင္ပို႔ေနတာ 🙈 📨

မ်က္လံုးေလးမွိတ္ကာ ရွက္ေနတဲ့အီမိုဂ်ီေလးနဲ႔ ေရွာင္းက်န္႔ပို႔လိုက္တယ္ ။ တကယ္ေတာ့ သူလဲဒီလိုေတြေျပာရတာ ရွက္ပါတယ္ ။ ဒါေပမဲ့ ရိေပၚကိုက ဒီလိုေျပာၿပီး ရင္ခုန္ေအာင္လုပ္မွသာ ရမွာမို႔ ေရွာင္းက်န္႔မ်က္ႏွာပူပူနဲ႔ ေျပာရတာ ။

📨 မင္းဆိုင္ကယ္စီးတာ မျမင္ရတာၾကာလို႔ထင္တယ္ အရမ္းၾကည့္ေကာင္းတာပဲ ။ ငါ့ေကာင္ေလးက ဒီေလာက္ေတာင္ ေခ်ာရတာပဲလား 📨

ရိေပၚက သူ႔စာေတြကို ဖတ္ေပမဲ့ ဘာတစ္ခုမွေတာ့ မေျပာဘူး ။ အင္းေလ ရိေပၚျပန္ေျပာတယ္ဆိုမွ ထူးဆန္းမွာေပါ့ေနာ့္ ။

📨 Photo 📨

📨 ဒီမွာၾကည့္ပါဦး မင္းထိုးလိုက္တာ ငါ့ႏႈတ္ခမ္းေလးေပါက္သြားတယ္ 📨

ေရာက္လာတဲ့ ႏႈတ္ခမ္းပံုအနီးကပ္ေၾကာင့္ ရိေပၚ ဖုန္းကိ္ုလက္ထဲကေနပစ္ခ်လိုက္တယ္ ။ ေသြးစို႔ေနတဲ့ အနာေလးက ႏႈတ္ခမ္းရဲရဲနဲ႔ လိုက္ဖက္ညီေနေလရဲ႕ ။ ျမတ္ႏိုးမိခဲ့တဲ့ မွည့္နက္ေလးက ထင္းခနဲေပၚေနတာမို႔ ရိေပၚ က်စ္ဆုပ္လိုက္မိပါ၏ ။ ဘာကိစၥ ဒီပံုႀကီးလာပို႔ရတာလဲ !!?

📨 ဒါေပမဲ့ မင္းစိတ္မပူပါနဲ႔ ငါသက္သာပါတယ္ 📨

📨 ေကာင္းေသာညပါ ကေလးေလး ရိေပၚ . . ခ်စ္တယ္ေနာ္ 📨

အဖက္လုပ္မခံရေပမဲ့လဲ ေရွာင္းက်န္႔ ေပ်ာ္ပါတယ္ ။ အနည္းဆံုးေတာ့ စာေတြဖတ္ေပးေနတာပဲမလား ။ ေရွာင္းက်န္႔ မီးမွိတ္ကာ အိပ္ဖို႔ျပင္လိုက္စဥ္ပဲ မက္ေဆ့ဝင္သံေၾကာင့္ ဖုန္းကိုယူၾကည့္လိုက္မိတယ္ ။

📨 ဘယ္သူမွ စိတ္ပူမေနဘူး !! 📨

ဟားးးး ေရွာင္းက်န္႔ အက်ယ္ႀကီးေအာ္ရယ္လိုက္မိေတာ့တယ္ ။

***

Flashback ေတြ မထည့္ဘဲ ဒီအတိုင္းေရးထားတာ အတိတ္လား ပစၥဳန္ပန္လားဆိုတာ သိသာတယ္မလားဟင္ ? ဒီလိုၾကားထဲေတြမွာ အတိတ္ကအေၾကာင္းေတြပါ ထည့္ေရးမွာမို႔ တကယ္လို႔ ဖတ္ရတာ မရွင္းဘူးဆို ေျပာပါေနာ္ ... flashback လို႔ ထည့္ေပးပါ့မယ္ ❤

ေက်းဇူးတင္ပါတယ္ ❤

[ Unicode ]

ရိပေါ် တက္ကသိုလ်ပထမနှစ်စတက်တော့ ရှောင်းကျန့်က နောက်ဆုံးနှစ်ကျောင်းသားဖြစ်နေပြီ ။ အရပ်အရှည်ကြီးနဲ့ ခန္ဓာကိုယ်အချိုးအစားလှလွန်းတဲ့ ရှောင်းကျန့်က ပြောစရာမလိုအောင် သူတို့ကျောင်းမှာ နာမည်ကြီးပဲ ။
ပိန်သွယ်သွယ်ခန္ဓာကိုယ်နဲ့ သွယ်လျချွန်မြနေတဲ့ မေးရိုးတွေက မိန်းကလေးတိုင်းရဲ့ အိပ်မက်ထဲက မင်းသားလေးတစ်ယောက်ဖြစ်ခဲ့သည် ။

ဒါပေမဲ့ ဒီအရာတွေကို ရိပေါ်တစ်ခုမှ မကြိုက်ဘူး ။ ကျန့်ကောက လူအများရှေ့လှစရာမလိုဘူး သူ့ရှေ့မှာပဲလှရင်ရပြီ ။ ကျန့်ကောရဲ့အလှကို လူတွေပါးစပ်ကနေကြားရတာ ရိပေါ်တစ်စက်မှပင် မကြိုက်ပေ ။ ဒါကြောင့်ပဲ ဒီအလှတရားတွေနဲ့ပတ်သက်ပြီး ရိပေါ် ရှောင်းကျန့်ကို အမြဲတမ်းပြဿနာရှာတယ် ။

ကျန့်ကော ဘာလို့အဲ့လောက်လှရသလဲ ဆိုပြီး ။

ထိုသို့မေးခံရတဲ့ အချိန်တွေတိုင်း ရှောင်းကျန့်က ဟက်ဟက်ပက်ပက်ရယ်သည် ။ ပြီးတော့ ရိပေါ်ခေါင်းက ဆံပင်တွေကိုဖွကာ ငါလှတာမနာလိုနေတာလား ဟု ခပ်နောက်နောက်ပြန်မေးသည် ။ ရိပေါ် မနာလိုတာမဟုတ် သဝန်တိုတာသာ ဖြစ်တဲ့အကြောင်းပြောတော့ ကျန့်ကောက ရိပေါ်နဖူးကို လက်ညိုးနဲ့တောက်ကာ နားရွက်ဖျားတွေရဲလာခဲ့၏ ။

ရိပေါ်နဲ့ ရှောင်းကျန့်က နှစ်မတူ အတန်းအချိန်တွေမတူတာမို့ သူတို့ကျောင်းဆင်းပြီဆို ကားနားမှာဆုံကြဖို့ ပြောထားဖြစ်သည် ။ တစ်ခါတစ်လေ ရိပေါ်ကစောရောက်သည့်နေ့တွေရှိသလို တစ်ခါတစ်လေ ရှောင်းကျန့်က သူ့ကိုရပ်စောင့်ရတဲ့နေ့တွေလဲ ရှိသည် ။

ဒီနေ့ကတော့ ထုံးစံအတိုင်း ရိပေါ်တို့နောက်ဆုံးအတန်းချိန်က dance class ဖြစ်သည်မို့ ရိပေါ်နောက်ကျတဲ့နေ့ဖြစ်သည် ။ ပုံမှန်အချိန်ထက် နာရီဝက်လောက်ပိုနောက်ကျနေပြီမို့ ရိပေါ် အမောတကောနဲ့ ကားထားရာဆီသို့ အပြေးလာခဲ့သည် ။

သို့ပေမဲ့ ရိပေါ်အပြေးလာရတာနဲ့မတန်အောင် အရှေ့ကမြင်ကွင်းက ရိပေါ်ကို အမောဆို့စေသည် ။ ကားကိုမှီလျက် ကောင်မလေးတစ်ယောက်နဲ့ စကားပြောနေသည့် ရှောင်းကျန့်က နှုတ်ခမ်းတစ်ခုလုံး နားရွက်တပ်ချိတ်မတတ်လဲ ရယ်နေပါသေးသည် ။ ဘာတွေအဲ့လောက်ရယ်စရာကောင်းနေလို့ နားရွက်တပ်ချိတ်မတတ် ရယ်နေရပါသလဲ ။

ရိပေါ် မျက်နှာချက်ချင်းတည်သွားကာဖြင့် နှုတ်ခမ်းတင်းတင်းစေ့မိသွားတယ် ။ တော်တော်ပျော်နေတာပေါ့ ကျန့်ကော ။

ရိပေါ် လာတာကိုမြင်တော့ ရှောင်းကျန့်က လက်လှမ်းပြသည် ။ အရင်လို ရှောင်းကျန့်ကားတံခါးဖွင့်ပေးတာကိုပင်မစောင့် ကားထဲဝင်သွားရင်း တံခါးကိုလဲ ဝုန်းခနဲအကျယ်ကြီးမြည်အောင် ပိတ်ချလိုက်သေးသည် ။

" ဘာဖြစ်လာတာလဲ ရိပေါ် "

အနားရောက်လာတည်းက တည်တင်းနေတဲ့ မျက်နှာထားနဲ့မို့ ရှောင်းကျန့်မေးလိုက်၏ ။ ဒါပေမဲ့ ပြန်ရလိုက်တာက ခပ်စူးစူးအကြည့်တစ်ခုသာ ။

ရှောင်းကျန့် ကြောင်သွားကာ မျက်မှောင်များပင်ကုတ်မိသွားသည် ။ ရိပေါ်က အခုသူ့ကို ဘယ်လိုကြီးကြည့်လိုက်တာလဲ ။ ရိပေါ် မျက်နှာတည်နေရတာက သူ့ကြောင့်လား ။ သူ့ကြောင့်ဆိုရအောင် သူဘာမှလဲမလုပ်ထားပါဘူး ။

" ရိပေါ် "

" အိမ်မပြန်ချင်ဘူး တစ်နေရာမောင်း "

" ဟမ် ? "

" စကားနှစ်ခါပြောရအောင် မလုပ်နဲ့ ကျန့်ကော ! ကျွန်တော် စိတ်ကြည်နေတာမဟုတ်ဘူး .... တစ်နေနေရာကို မောင်းလို့ "

" မဟုတ်သေးဘူးလေ .... ဘယ်နေရာကို မောင်း . . ရ မှာ "

စကားမဆုံးခင် ခပ်စူးစူးအကြည့်က ထပ်ရောက်လာတာမလို့ ရှောင်းကျန့် စကားတွေထစ်အသွားကာ အဆုံးထိတောင် မပြောလိုက်ရဘူး ။

" စာရင်းရှင်းမယ် လူသိပ်မရှိတဲ့နေရာကိုမောင်းလိုက် "

ရိပေါ် ရှောင်းကျန့်ဆီက အမေးစကားတွေ ထပ်လာနေမှာစိုးလို့ နားကျပ်ကောက်ထည့်ကာ မျက်လုံးတွေမှိတ်ချပစ်လိုက်သည် ။ ခပ်ကြောင်ကြောင် မျက်နှာနဲ့ အူတူတူမျက်လုံးတွေကို သူလျစ်လျူရှုကာ ထိုင်ခုံနောက်မှီကို မှီချလိုက်သည် ။

ရှောင်းကျန့်ရဲ့အဖေက ရိပေါ်တို့အိမ်မှာ ဒရိုင်ဘာလုပ်သူမို့ အရင်ကတော့သူတို့နှစ်ယောက်လုံးကို ကျောင်းလိုက်ပို့ပေးသည် ။ အခုကတော့ အရွယ်ရောက်လာကြပြီမို့ ရိပေါ်ကို အနီးကပ်စောင့်ရှောက်ပေးရတဲ့ ရှောင်းကျန့်က ရိပေါ်နဲ့ တက္ကသိုလ်အတူတက်ကာ အသွားအပြန်ကားမောင်းတဲ့တာဝန်ကို ယူထားရသည် ။

ရိပေါ်ဆီက စာရင်းရှင်းမယ်ဆိုတာ ဘာကိုဆိုလိုမှန်းရှောင်းကျန့်မသိပေမဲ့ ရိပေါ်ပြောသလို လူူသူသိပ်မရှိနိုင်တဲ့ အိမ်အပြန်လမ်းက နေရာတစ်ခုဆီ သူဦးတည်ပြီးမောင်းခဲ့လိုက်သည် ။

တိခနဲကားရပ်သွားတဲ့အချိန်မှာ ရိပေါ်မျက်လုံးတွေ ချက်ချင်းပွင့်လာပြီး ကားပေါ်ကဆင်းသွားသည် ။ ရှောင်းကျန့်လဲ ဘုမသိဘမသိ ကားပေါ်ကဆင်းလိုက်တော့ သူ့အရှေ့ကိုရောက်လာသည့် ရိပေါ်က ကားနဲ့သူ့ကြား ရှောင်းကျန့်ကို ညှပ်ထားလိုက်သည် ။

" အဖြေပေး ! "

" ဟမ် ?! "

" အခုချက်ချင်း အဖြေပေးတော့ "

ရိပေါ်ပြောတဲ့ စာရင်းရှင်းမယ်ဆိုတာ ဒါလား ။ ရှောင်းကျန့်ကတော့ ဘာများဖြစ်တာလဲလို့ တစ်လမ်းလုံးစိုးရိမ်ခဲ့လိုက်ရတာလေ ။ တကယ်တမ်းက အဖြေအတောင်းခံနေရတာတဲ့လား ။ သောက်ကလေးက သောက်အဆန်းတွေလုပ်နေပြန်ပြီ ။

" ဘာတွေပြောနေတာလဲ ရိပေါ် ? "

" အဖြေတောင်းနေတာလေ ! အဖြေ ! အဖြေ ! ကျွန်တော့ကိုချစ်တယ်ဆိုတဲ့ အဖြေ ! ကျန့်ကော ဒါတောင်မသိဘူးလား "

အံ့ဩလွန်းလို့ ရှောင်းကျန့် မေးရိုးပြုတ်ကျသွားတယ် ။ ဒါက အဖြေတောင်းတာပါတဲ့ ။ လူကိုကားနဲ့ညှပ်ထားပြီး တရားခံစစ်သလို လုပ်နေတာ အဖြေတောင်းတာတဲ့ ။

" အူတူတူလုပ်မနေနဲ့ ... ကျန့်ကောကို သူများလက်ထဲမပါခင် ကျွန်တော့အပိုင်ဖြစ်အောင်လုပ်မှာ ။ အခုအဖြေပေးတော့ "

" ငါက ဘယ်သူ့လက်ထဲပါသွားရမှာတုန်း ... မင်းစကားကို ရှင်းရှင်းပြောစမ်းပါ "

" ခုနက ဟိုတစ်ယောက်နဲ့ ဘာတွေပြောပြီးရယ်နေတာလဲ ဒါဆို "

" ဘယ်တစ်ယောက် . . . အာ . . "

ရိပေါ်ဆိုလိုသည်ကို ရှောင်းကျန့်သိသွားတော့မှ ပြုံးစိစိဖြစ်သွားရတော့တယ် ။ အမလေးး ဒါက ဝမ်သခင်လေးရဲ့ သဝန်တိုခြင်းလား ။ ကြောက်စရာကောင်းလိုက်တာ ။ သဝန်တိုရင် အဖြေတောင်းရတယ်ဆိုတာ သူ့ဘယ်သူသင်ပေးလိုက်တာတဲ့လဲ !!

" အဲ့တာ ငါ့အတန်းဖော်ပါ . . ဘာမှမဟုတ်ပါဘူး "

" ကျန့်ကောနဲ့ပတ်သက်ရင် အတန်းဖော်သူငယ်ချင်းလဲမရဘူး သူ့အမေဆိုလဲမရဘူးဆိုတာ ကျန့်ကောမသိဘူးလား "

" သိပါတယ် ငါသိပါတယ် ... ငါတစ်ယောက်တည်း မပြန်သေးတာနဲ့ သူကဟာသတွေပြောပြီး အဖော်လုပ်ပေးနေတာပါ "

" အဖော် ? လိုလို့လား "

အိုက်ယားး ဒီကောင်လေး သိပ်ရစ်တာပဲ ။ ရှောင်းကျန့် ခေါင်းကုတ်လိုက်ကာ စကားလွှဲဖို့ပြင်လိုက်သည် ။

" ရိ . . ပေါ် "

ရှောင်းကျန့်စကားလွှဲဖို့ပြင်လိုက်ပေမဲ့ ရိပေါ်က ရှောင်းကျန့်ဘေးက ကားပေါ်ကို လက်ထောက်ပစ်ကာ သူ့ကိုအုပ်မိုးလိုက်သည် ။

" ဘာ .. ဘာ လုပ်တာ လဲ "

ရိပေါ်က နောက်တစ်လက်တစ်ဖက်ပါ ထောက်လာကာ ရှောင်းကျန့်မျက်နှာဆီသို့ သူ့မျက်နှာပါတိုးကပ်လာသည် ။

" နမ်းမလို့လေ "

" ဝမ်ရိပေါ် ! "

" ဒီနေ့အဖြေမပေးရင် ဒီကနေ တစ်ဖဝါးမှခွာဖို့မစဉ်းစားနဲ့ ကျန့်ကော "

ရိပေါ်က သူ့မျက်နှာကို ရှေ့ဆက်ပြီးတိုးလာတာမို့ ရှောင်းကျန့်လဲ ခေါင်းကိုအနောက်ဆုတ်နိုင်သမျှဆုတ်မိသည် ။ အဖြေတောင်းနေတာလား ဓားပြတိုက်နေတာလား မသဲကွဲဘူး ။ ရှောင်းကျန့်ရဲ့ နားရွက်ဖျားလေးတွေ နီရဲတက်လာသလို ပါးလေးတွေပါ ပူတက်လာရသည် ။ ရိပေါ်ကတော့ ပြုံးစိစိနဲ့ ကြည့်နေတုန်း ။

" ရိပေါ် . . ခနလေး . . စိတ်အေးအေးထားပါဦး "

" အခုချိန် စိတ်အေးအေးထားလို့ရမယ်ထင်နေလား ကျန့်ကော "

အရမ်းနီးကပ်လွန်းနေတာကြောင့် ရိပေါ်စကားပြောသည့်အခါ ဝင်လေထွက်လေက ရှောင်းကျန့်ရဲ့မျက်နှာကို လာထိခတ်သည် ။ ရှောင်းကျန့် ကြက်သီးတွေပါထသွားရသည် ။

" ချစ်လား ၊ မချစ်ဘူးလား . . ဖြေ !! "

" ရိပေါ် . . "

" ..... "

ရိပေါ်က ဘာမှမပြောဘဲ တစ်ကယ်ကြီး နှုတ်ခမ်းဆီငုံ့ချလိုက်တာမို့ ရှောင်းကျန့်မျက်လုံးမှိတ်ချကာ အော်ပစ်လိုက်သည် ။

" ချစ်တယ် ! ချစ်တယ် လို့ !! "

ဟက်ခနဲ ရယ်သံတိုးတိုးလေးထွက်လာကာ နှုတ်ခမ်းထက်က ဘာအထိအတွေ့မှ မခံစားရတာမို့ ရှောင်းကျန့် မျက်လုံးတစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တယ် ။ သူ့ကိုပြုံးပြီးကြည့်နေသည့် ရိပေါ်ရဲ့မျက်နှာက တစ်လောကကို အပိုင်ရထားသည့်အလား ကြည်လင်လို့ ။ ရှောင်းကျန့်ပါ မနေနိုင် သူနဲ့အတူပြုံးမိသွားတယ် ။

" လူလည်လေး "

ရိပေါ်ရဲ့ နှာခေါင်းလေးကိုမနာအောင် ရှောင်းကျန့် အသည်းယား၍ ဆွဲလိုက်မိသည် ။ သူရိပေါ်ကို ဘယ်လိုလွန်ဆန်နိုင်မှာတဲ့လဲ ။ ဒီလောက်ချစ်စရာကောင်းတဲ့ ကလေးလေးကို သူဘယ်လိုမချစ်ဘဲနေနိုင်မှာလဲ ။

" ပါးကို အာဘွားပေးလို့ရလား "

ခုနကျတော့ လူကိုအတင်းအကြပ် အခုပဲနမ်းတော့မှာလိုလိုလုပ်နေပြီး အခုကျတော့လဲ ပကတိဖြူစင်နေတဲ့ရုပ်လေးနဲ့ ပါးကိုနမ်းချင်လို့ ခွင့်တောင်းပါသတဲ့ ။ တတ်လဲတတ်နိုင်ပါပေ့နော် ။

ရှောင်းကျန့် ခေါင်းညိတ်ပြလိုက်ကာ ပါးတစ်ဖက်ထိုးပေးလိုက်သည် ။

ဒီလိုနဲ့ သူတို့နှစ်ယောက် ညီအစ်ကို သံယောဇဉ်ကနေ အဆင့်တိုးလို့ ချစ်သူရည်းစားအဆင့်သို့ ရောက်ရှိသွားခဲ့တယ် ။ ~~

__________________________________________________________________

ဘေစင်မှာ မျက်နှာသစ်ရင်း ရှောင်းကျန့်မှန်ထဲကြည့်လိုက်မိသည် ။ စပ်ဖြင်းဖြင်းဖြစ်နေသော နှုတ်ခမ်းအောက်နားက ဒဏ်ရာကို သူဖွဖွထိကြည့်ကာ ရေရွတ်လိုက်တယ် ။

" မထင်ထားဘူး တကယ်ကြီးထိုးတာဟ "

ဒါပေမဲ့ ချက်ချင်းပဲ သူ့နှုတ်ခမ်းတွေပြုံးလာခဲ့တယ် ။ အထိုးခံရတာနဲ့တန်အောင် သူရိပေါ်ရဲ့ နှုတ်ခမ်းတွေကို နမ်းခဲ့ရတယ်မလား ။ အများကြီး တန်ပါတယ် ။ နောက်တစ်ခါ ဒီ့ထက်ဆိုးအောင် အထိုးခံရမယ်ဆိုလဲ ရှောင်းကျန့် နမ်းမိဦးမှာပါပဲ ။ ဒီနှုတ်ခမ်းတွေနဲ့သူ ၄နှစ်တောင် ဝေးကွာခဲ့ရတာလေ ။ အလွမ်းဓာတ်တွေ ပြည့်လျှံနေတာ စကားနဲ့တောင်ဖော်ပြလို့မရဘူး ။

ရှောင်းကျန့် ရေချိုးခန်းထဲကထွက်ကာ ညဝတ်အကျႌလဲလျက် ကုတင်ပေါ်တက်လာခဲ့သည် ။ ဖုန်းကိုယူကာ ရိပေါ်ဆီ မက်ဆေ့ပို့ဖို့ သူတွေးလိုက်တယ် ။ ဘယ်လိုနေနေ သူရိပေါ်ကို ထပ်ပြီးဆက်သွယ်နေဦးမှာပါပဲ ။

📨 ရိပေါ် . . အိမ်ပြန်ရောက်ပြီလား 📨

📨 ညစာ စားပြီးပြီလား 📨

📨 ဘာလုပ်နေလဲ 📨

📨 ဒီနေ့ မင်းအနိုင်ရတာကို တကယ်စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်နော် ၊ နေ့လည်က မပြောလိုက်ရလို့ 📨

ရှောင်းကျန့်ပြောနေတုန်း ရိပေါ်ဘက်က သူ့မက်ဆေ့တွေကို ဝင်ဖတ်ပြီးသွားတာမို့ ရှောင်းကျန့်ရင်တွေတောင် တုန်သွားရသည် ။

📨 အိမ်ပြန်ရောက်နေပြီပေါ့ ဘာလုပ်နေလဲ ? 📨

📨 ငါတော့ မင်းကိုလွမ်းလို့ စာတွေထိုင်ပို့နေတာ 🙈 📨

မျက်လုံးလေးမှိတ်ကာ ရှက်နေတဲ့အီမိုဂျီလေးနဲ့ ရှောင်းကျန့်ပို့လိုက်တယ် ။ တကယ်တော့ သူလဲဒီလိုတွေပြောရတာ ရှက်ပါတယ် ။ ဒါပေမဲ့ ရိပေါ်ကိုက ဒီလိုပြောပြီး ရင်ခုန်အောင်လုပ်မှသာ ရမှာမို့ ရှောင်းကျန့်မျက်နှာပူပူနဲ့ ပြောရတာ ။

📨 မင်းဆိုင်ကယ်စီးတာ မမြင်ရတာကြာလို့ထင်တယ် အရမ်းကြည့်ကောင်းတာပဲ ။ ငါ့ကောင်လေးက ဒီလောက်တောင် ချောရတာပဲလား 📨

ရိပေါ်က သူ့စာတွေကို ဖတ်ပေမဲ့ ဘာတစ်ခုမှတော့ မပြောဘူး ။ အင်းလေ ရိပေါ်ပြန်ပြောတယ်ဆိုမှ ထူးဆန်းမှာပေါ့နော့် ။

📨 Photo 📨

📨 ဒီမှာကြည့်ပါဦး မင်းထိုးလိုက်တာ ငါ့နှုတ်ခမ်းလေးပေါက်သွားတယ် 📨

ရောက်လာတဲ့ နှုတ်ခမ်းပုံအနီးကပ်ကြောင့် ရိပေါ် ဖုန်းကိုလက်ထဲကနေလွှတ်ချလိုက်တယ် ။ သွေးစို့နေတဲ့ အနာလေးက နှုတ်ခမ်းရဲရဲနဲ့ လိုက်ဖက်ညီနေလေရဲ့ ။ မြတ်နိုးမိခဲ့တဲ့ မှည့်နက်လေးက ထင်းခနဲပေါ်နေတာမို့ ရိပေါ် က်စ်ဆုပ်လိုက်မိပါ၏ ။ ဘာကိစ္စ ဒီပုံကြီးလာပို့ရတာလဲ !!?

📨 ဒါပေမဲ့ မင်းစိတ်မပူပါနဲ့ ငါသက်သာပါတယ် 📨

📨 ကောင်းသောညပါ ကလေးလေး ရိပေါ် . . ချစ်တယ်နော် 📨

အဖက်လုပ်မခံရပေမဲ့လဲ ရှောင်းကျန့် ပျော်ပါတယ် ။ အနည်းဆုံးတော့ စာတွေဖတ်ပေးနေတာပဲမလား ။ ရှောင်းကျန့် မီးမှိတ်ကာ အိပ်ဖို့ပြင်လိုက်စဉ်ပဲ မက်ဆေ့ဝင်သံကြောင့် ဖုန်းကိုယူကြည့်လိုက်မိတယ် ။

📨 ဘယ်သူမှ စိတ်ပူမနေဘူး !! 📨

ဟားးးး ရှောင်းကျန့် အကျယ်ကြီးအော်ရယ်လိုက်မိတော့တယ် ။

***

Flashback တွေ မထည့်ဘဲ ဒီအတိုင်းရေးထားတာ အတိတ်လား ပစ္စုန်ပန်လားဆိုတာ သိသာတယ်မလားဟင် ? ဒီလိုကြားထဲတွေမှာ အတိတ်ကအကြောင်းတွေပါ ထည့်ရေးမှာမို့ တကယ်လို့ ဖတ်ရတာ မရှင်းဘူးဆို ပြောပါနော် ... flashback လို့ ထည့်ပေးပါ့မယ် ❤

ကျေးဇူးတင်ပါတယ် ❤







Seguir leyendo

También te gustarán

42K 3.4K 30
သင်သိပါသလား အချစ်ဟာ Lollipop တစ်လုံးလိုပဲဆိုတာ ... သင္သိပါသလား အခ်စ္ဟာ Lollipop တစ္လုံးလိုပဲဆိုတာ ...
377K 41.5K 33
Epiphany (n.) a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you
43.7K 3.1K 72
ဖတ်ကြည့်နော်😉😉
348K 35.9K 52
အထီးကျန်ရင်း၊ ကိုယ့်ကိုကိုယ်အပြစ်တင်ရင်းနဲ့ အချိန်တွေကို ဖြတ်သန်းကုန်ဆုံးခဲ့တာက သူ့ကိုတွေ့ဖို့အတွက် ရင်းခဲ့ရတဲ့အရာတွေလို့ ကျွန်တော်မှတ်ယူထားတယ်။ 『 F...