Annoy But I Love
By Flying___S
112K 14.5K 755
ကျောင်းရဲ့ဗရုတ် Park Chanyeol ဟာ အတန်းရဲ့ စာအတော်ဆုံး စည်းကမ်းအရှိဆုံး ကျောင်းသား Byun Baekhyun ကို ချစ်မိသွာ... More
1
2
3
4
5
6
7
8
9
hey guys
10
12
13
14
!
15
16
Final (Zawji)
Final (Unicode)
11
4.7K 779 28
By Flying___S
လင်းတ ဘာမီတွန်တိုက်သလို မျက်နှာနဲ့ သူ့ကို ကြည့်ပြီး Jong In စိတ်လေလာပုံရတယ်။
"ဟမ်''
လူက ရင်တွေကိုပူလာရော။
........................
"မင်း ပြန်ပြောစမ်း''
ခွပ်!
ခွပ်!
........................
အခန်းထဲဝင်ဝင်လိုက်ချင်း အမောပြေလေးကို မြင်လိုက်ရတာကြောင့် ရန်ပွဲကဒေါသတွေနဲ့အပူတွေက နည်းနည်းတော့ အေးချမ်းသွားတယ်။
"ဟာ ဟေ့ကောင်တွေ ရှူး''
ခေါင်းကြီးငုံ့ပြီး သင်္ချာကုန်းတွက်နေတဲ့ကောင်ငယ်လေးရဲ့ နှုတ်ခမ်းပါးပါးက အပေါ်ကို ကွေးတက်သွားတယ် ~
.......................
"ရော့''
လက်ကိုဆွဲလိုက်လို့ အကောင်ပေါက်လေး စိတ်ဆိုးလည်း ဆိုးပါစေတော့...သူ ဒီတစ်ခုကိုတော့ သေချာပေါက်ပြောရမှဖြစ်မည်။
OMG
............................
..................TBC.................
Unicode
"အချစ်ဆိုတာ တကယ် ကံနိမ့်တဲ့သူမှတွေ့ရတာ၊ ကျွန်တော့်သူငယ်ချင်း တကယ်ပဲ ကံနိမ့်ခဲ့တာလား''
လူကမှ နှလုံးသားရေးအဆင်မပြေလို့ ပြိုလဲနေပါတယ်ဆို သကောင့်သားသူငယ်ချင်းတွေက လာပြောင်နေကြသည်။
အေးပေါ့ သူတို့မှ မချစ်ဖူးတာကိုး ရှိစေတော့...
လင်းတ ဘာမိီတွန်တိုက်သလို မျက်နှာနဲ့ သူ့ကို ကြည့်ပြီး Jong In စိတ်လေလာပုံရတယ်။
သက်ပြင်းလေးတချချနဲ့ ပြောလာရှာသည်။
"သားကြီးရာ မင်း ဒီလောက်ဖြစ်နေလည်း ဆွဲစိလိုက်တော့''
"သူနဲ့လာမပတ်သတ်ပါနဲ့ သူ့ကိုလာမရှုပ်ပါနဲ့တဲ့၊ ငါ့ကိုသေချာပြောသွားတာ''
"စကားသိပ်နားထောင်နေတယ်ပေါ့ ဟုတ်လားမင်းက ဟတ်တက်ကြီးသာ ကွဲနေလိုက်တော့၊ မင်းကပိုချစ်ပြလေ ဟိုအော်ကြောလန်လေးက ပိုဆိုးလေ၊ ဘယ့်နှယ့်ဗျာ အချစ်ခံအကြိုက်ခံရတာများ အသားပဲ့ပါသွားတာကျလို့''
"ငါ့အမှားပါကွာ၊ သူ့ကိုစလိုက်ဖို့ကြံတည်းက တည်တည်တံ့တံ့လိုက်ခဲ့ရမှာ၊ ငါက သူ့ကို အရှက်လိုက်ခွဲနေသလိုဖြစ်သွားတာကိုး ဟင်း''
"မဟုတ်သေးပါဘူး၊ ကိုယ်ရင်ခုန်တဲ့သူတွေ့ရင် ဒီလိုအထာလုပ်နေကြပဲလေ၊ သူကဘာထဆန်းနေတာလဲ၊ ရွှေသားနဲ့ထုထားတယ်များ ထင်နေလား၊ တောက် ကြီးကျယ်လိုက်တဲ့ဟာလေး''
"တော်တော့ ငါ့အကောင်ပေါက်လေးကို မင်း တောက်ခေါက်စရာမလိုဘူး၊ သူက မကြုံဘူးလို့နေမှာပါ ဖြူစင်တာ''
"အေး ဖြူစင်နေလိုက်၊ ကြာရင် ဟိုဘက်အခန်းကကောင်နောက်ပါတော့မယ်၊ အဲကျမှ ဆွေးကျန်နေခဲ့လိုက်တော့ မင်း''
Jong Inပြောမှ တကယ် ရင်တွေပူလာသည်။
မနက်ကတင် သူ့မျက်စိရှေ့ ဆွဲလားရမ်းလား လုပ်နေတာ မြင်ခဲ့ရသည်ပင်။ အဲတည်းက ရင်ထဲတနုံ့နုံ့နဲ့ ပူနေခဲ့တာ။ စိတ်ရှိတိုင်းသာဆို ဟိုကောင့်ကို ဆွဲထိုးပစ်လိုက်ပြီ။ သူ့ရဲ့အကောင်ပေါက်လေး အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့သာပေါ့။
ထွက်နေတဲ့ဒေါသကိုချိုးနှိမ်ပြီး ဘာမှမဆိုင်သလို လုပ်ခဲ့ရတာလည်း အဆင်မပြေဘူး။ အာရုံထဲဝင်မလာအောင် ဖုန်းဖွင့်ဂိမ်းဆော့နေခဲ့လိုက်သည်။
"မင်း စိတ်တော့လျှော့ထားနော်၊ မနက်က မင်းဟာလေးက ငိုနေပါရော''
"ဟမ်''
"အေး ဟိုကောင်နဲ့ ပြောဆိုနေတုန်း မျက်ရည်တွေကျနေတာတဲ့ ငါ့ကို ဆယ်ဟွန်းနီးလေးပြောပြတာ''
"ဘာတွေဖြစ်နေတာလဲ အကောင်ပေါက်လေးရယ် ''
လူက ရင်တွေကိုပူလာရော။
တောင်းပန်ပါတယ်။ ကိုယ့်ကိုဒီတစ်ခုတော့ ဝင်ပါခွင့်ပြု
........................
"မင်း မနေ့က Baekhyunee ကို ဘာလုပ်လိုက်လဲ''
ရှေ့တည့်တည့်ကပိတ်ရပ်ပြီး ခပ်မာမာအသံနဲ့ မေးလိုက်တော့ သူ့ကို ကြောင်ကြည့်လာတယ်။
"ကျွတ် ရှည်ရှည်ဝေးဝေး မပြောချင်ဘူး။
မင်း မနေ့က ဘာလုပ်လိုက်လို့ Hyunee ငိုသွားတာလဲ ပြောစမ်း''
"မင်းနဲ့ ဘာဆိုင်လို့ပြောရမှာလဲ''
စိတ်ထဲ ထောင်းခနဲဖြစ်သွားပေမယ့် ပြန်မေးလာတဲ့စကားက ရင်ထဲကိုထိသွားတာမလို့ အောင့်သက်သက်...မဆိုင်တဲ့အပြင် သူ့ကိုမနှောင့်ယှက်ပါနဲ့လို့ပါ အပြောခံထားရတာမလား။
"ပြီး ပြောပါဦးမယ် Baekhyunက မင်းရဲ့ Hyunee မဟုတ်ဘူး။ ငါ့ချစ်သူဖြစ်လာတော့မယ့်ကောင်လေး ''
"မင်း ပြန်ပြောစမ်း''
"ဟား မင်းကသာ မင်းအပိုင်လိုလုပ်နေတာ။ မင်း Baekhyun လက်ကိုတောင် ကိုင်ဖူးလို့်လား။မနေ့က ကိုင်လိုက်မိတာ နူးအိနေတာဗျာ ငါ့ဖြင့် ညအိပ်ရာဝင်တဲ့ထိ မမေ့နိုင်ဘူး''
Park Chanyeol ဒေါသကို မသိဘဲ ညှော်မိတာ သေပြီပဲ။ Jong In တကယ် စိတ်လေသွားသည်။ ဒီတစ်ခေါက်ရန်ထပ်ဖြစ်ရင် မိဘအခေါ်ခံရမယ်လို့ ကျောင်းအုပ်က warning ပေးထားပါတယ်ဆို သကောင့်သားက Chanyeol ရဲ့ ဒေါသဗုံးကို စနပ်တံသွားဖြုတ်သည်လေ။ ဘုရားကယ်ပါ ရန်ပွဲမကြီးပါစေနဲ့
ခွပ်!
ဆွဲချိန်မရလိုက်၊ Chanyeol ရဲ့ လက်သီးတစ်လုံးက ပစ်ဝင်သွားသည်။
"မင်း အတင်းလက်ဆွဲလိုက်တာ မလား။ မင်း လက်ဆွဲလိုက်လို့ Hyunee က ငိုသွားတာမလား''
ခွပ်!
"ဖြစ်ရလေကွာ။ ငိုပြီး ဘာမေးလာလဲသိလား။ သူနဲ့မင်းနဲ့ ဘာမှမပတ်သတ်ဘူးဆိုတာ ယုံပြီလားတဲ့၊ ငါက မင်းနဲ့ဘာဆိုင်လဲမေးလိုက်မိလို့ စိတ်ဆိုးပြီးငိုတာကွ မင်း ကိုယ့်နေရာကိုသိသင့်တယ်''
Chanyeol ငိုင်ကျသွားတယ်။ ပြန်အထိုးခံလိုက်ရတဲ့ ပါးပြင်လိုပဲ လက်ဝဲဘက်ရင်အုံကလည်း ဆစ်ခနဲ...အဲလောက်တောင်ပဲလား ကောင်ပေါက်လေးရယ်
........................
အခန်းထဲဝင်ဝင်လို်က်ချင်း အမောပြေလေးကို မြင်လိုက်ရတာကြောင့် ရန်ပွဲကဒေါသတွေနဲ့အပူတွေက နည်းနညး်တော့ အေးချမ်းသွားတယ်။
သူ့ရဲ့အိုအေစစ်ကလေးက ထုံးစံအတိုင်း သချၤာကို တတောက်တောက်တွက်လို့။ မျက်နှာလေးပေါ်မှာ အမြဲဆင်ထားတဲ့ အေးချမ်းမှုလေးနဲ့၊ သူ Baekhyunee ကို ချစ်မိသွားတာ အဲ ထာဝစဉ်အေးချမ်းနေတဲ့ မျက်နှာနုနုလေးကြောင့်လည်း ပါမယ်။
အပူတွေမရှိဘူး မာယာတွေမရှိဘူး။
မျက်နှာပြောင်ပြောင်လေးပေါ်မှာ မျက်လုံးအစ်အစ်လေးတွေနဲ့ မျက်တောင်စိတ်စိတ်လေးတွေ။
ဖြစ်နိုင်ရင် တစ်နေကုန်ထိုင်ငေးကြည့်ချင်နေတော့တာပဲ။ ဘယ်တော့ဖြစ်ဖြစ် ကြည့်လို့ကိုမဝဘူး။
မတ်တပ်ကြီး ငေးကောင်းတုန်း ဖြတ်ခနဲ မော့ကြည့်လာတဲ့ မျက်လုံးအစ်အစ်ပိစိလေးတွေ၊
သူမှန်းလည်းသိရော တန်းပြန်ငုံ့သွားသည်။
တကယ်ကြီး သူ့ကိုအမြင်မကြည်၊ မပတ်သတ်ချင်ပုံက အသိသာကြီးပဲ။
"တစ်နေကုန် ထိုင်ပြီး တစိမ့်စိမ့်ကြည့်၊ နဖူးက ခြေဖျားထိအောင် ချစ်တယ်''
"ဟာ ဟေ့ကောင်တွေ ရှူး''
အသံဆိုးကြီးနဲ့ ဝင်နှောင့်တဲ့ သကောင့်သားတွေ ... နှုတ်ခမ်းပေါ်လက်ညှိုးတင်ပြီး ဆက်မဆိုဖို့ တိတ်တိတ်နေဖို့ဟန်ပြလည်း မရ ခွေးသားလေးတွေရေ ဟိုကဒါမျိုးလုပ်တာတွေ မကြိုက်ပါဘူးဆို ဒါနဲ့ပဲ သူနဲ့အကောင်ပေါက်လေးကတော့ ပိုဝေးကုန်တော့မှာပဲ
"အသည်းထဲထိ စွဲငြှို့သူရယ်၊ မျက်စိအောက်က ပျောက်မသွားနဲ့ဦး''
ဟိုးအငယ်တည်းက အတူဗရုတ်ကျလာတဲ့ကောင်တွေမလို့ အကြောင်းသိတယ်။ ထိန်းလို့ရတဲ့ ကောင်တွေမဟုတ်ဘူး။
စိတ်များဆိုးသွားမလား စိုးရိမ်စိတ်က ဝင်လာသည်။
မျက်နှာနုနုလေးကို မလွတ်တမ်းရှုနေတာမလို့ မျက်နှာပေါ်နဲ့နားရွက်ဖျားတွေမှာ ဖြတ်ပြေးသွားတဲ့ အနီရိပ်လေးတွေကို မြင်လိုက်ရတော့ Chanyeol တကယ် ငိုချင်သွားသည်။ သွားပြီ တကယ်ကြိီးစိတ်ဆိုးသွားပြန်ပြီ။
ဟိုကောင်တွေကတော့ လုပ်ချလိုက်ပြန်ပြီကွာ၊
ဒင်းတို့လုပ်တာနဲ့ တစ်သက်နီးမှာမဟုတ်တော့ဘူး။
ဘယ်သူမှမမြင်လိုက်ပေမယ့်
ခေါင်းကြီးငုံ့ပြီး သချၤာကုန်းတွက်နေတဲ့ကောင်ငယ်လေးရဲ့ နှုတ်ခမ်းပါးပါးက အပေါ်ကို ကွေးတက်သွားတယ် ~
.......................
ဒီနေ့ကျောင်းမှာ တွေ့ခဲ့ရပေမယ့် အကဲပိုတယ်ဆိုဆို လူက လွမ်းနာကျနေတာမလို့ အကောင်ပေါက်လေးရဲ့ wall ထဲ ဝင်မွှေနေမိသည်။
ဒီကောင်လေးက တကယ်ကိုနှင်းဥလေးလိုပဲ
တင်ထားတဲ့ပုံလေးတွေက မျက်နှာအနီးကပ် selca လေးတွေချည်းပဲ၊ အပြင်မှာ မျက်လုံးပြေးကပ်မတတ် ခိုးကြည့်ရတာက တပိုင်း၊ အဲဒါကအဝေးကကြည့်ရတာလေ။
Selca ပုံလေးတွေကျ ဖြူဖြူနုနုမျက်နှာလေးကို အတိုင်းသား အနီးကပ်ကြီး မြင်ရတာမလို့ စေ့စေ့တောင် မကြည့်ရဲဘူး။ ရင်ဘက်ထဲ ပုရွတ်ဆိတ်တက်နေသလို ယားကျိကျိနဲ့မထိုင်သာမထသာတွေဖြစ်၊ နှာခေါင်းလုံးလုံးလေးပဲ ပြေးကိုက်ချင်လာသလိုလို။
လွမ်းစိတ်က ပိုတိုးလာတော့ မနေနိုင်တော့ဘူး ဆိုင်ကယ်ပေါ်တက်ခွရင်း အကောင်ပေါက်လေးတို့ အိမ်ဘက် ဦးတည်လိုက်မိသည်။ လူကိုမတွေ့ရတောင် အကောင်ပေါက်လေးရဲ့ အခန်းပြတင်းပေါက်လေးငေးနေရရင်ကို နည်းနည်းတော့ အလွမ်းပြေသွားသလို ခံစားရတာမလို့ သူ့မှာ အလွမ်းကကဲပိုလာတိုင်း အချစ်ရှိရာရပ်ကွက်ဆီ ဒိုးရတာအကျင့်ကြီးကိုပါလို့။
ဒီနေ့မှ အရင်ကထက်အလွမ်းပိုနေလို့များ ဘုရားသခင်က မကြည့်ရက်တော့လို့လား။
ချောင်းပေါက်မတတ်သွားနေကျ လမ်းပေါ်မှာ ပြောရရင် သူမျှော်ငေးနေကြအိမ်ရဲ့ရှေ့တည့်တည့် အကောင်ပေါက်လေးက အထုပ်လေးတစ်ထုပ်ကို ဆွဲလျက်သား ရပ်လို့။ စတိုးဆိုင်တစ်ခုခုကနေ ပြန်လာပုံရသည်။
ဆိုင်ကယ်သံကြားတော့ လှည့်ကြည့်လာတယ်။ ရုတ်တရက်ဆိုတော့ ပြေးပုန်းချိန်လည်းမရ၊ သူခိုးလူမိသလို ဟီးခနဲရယ်ပြလိုက်ရသည်။
လူကိုဘုကြည့် တစ်ချက်စိုက်ကြည့်ပြီး အိမ်ထဲ ဝင်တော့မလို့လုပ်ပြီးမှ ပြန်လှည့်လာသည်။
လက်သီးတစ်လုံးနဲ့ပွဲတိုင်းနွှဲလာတဲ့သူ့မှာ အကောင်ပေါက်လေးက ခြေတစ်လှမ်းလှမ်းလို့ သူနဲ့နီးလာတိုင်း ကတုန်ကယင်တွေဖြစ်လို့ ကြောက်လို့လန့်လို့ဗျား။
"ရော့''
လက်ထဲကို ထိုးထည့်ပေးလာတဲ့ ကြက်ဥတစ်လုံး။
ဘာလဲ ငါ့ကိုပြန်ပေးနိုင်တဲ့ အချစ်တွေက သုညပဲလို့ပြောတာလား ဘာလားဘာလား ဦးနှောက်ကိုအလုပ်ပေးပြီး ဝမ်းနည်းလာမိသည်။
သူ့ကိုတကယ်ကြီးမကြိုက်တာထင်တယ် TT
"ဟိုလေ ပါး အယောင်သက်သာသွားအောင် ကြက်ဥ အပူပေးပြီး ထိုးလိုက်နော်။ Omma ပြောတာကြားဖူးလို့''
ဟား လူက လေပေါ်ကိုပဲ ပျံတက်သွားတော့မလိုလို ဖီလင်ကလေ ဘယ်လိုပြောရမလဲ...
"မင်းတို့ရန်ဖြစ်တဲ့ သတင်းကြားတယ်။ ငါ့ကြောင့် ရန်မဖြစ်ပါနဲ့။ ငါ ကိုယ့်ကိုယ်ကိုကာကွယ်နိင်တာမလို့ မင်းဝင်ပါစရာမလိုဘူး မစိုးရိမ်ပါနဲ့''
ကြည့်ပါဦး ယောက်ျားမာန ပါးပါးလေးကရော ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲဗျာ။
ပြောချင်ရာပြောပြီးလို့ ရှက်ပြေးပြေးတော့မယ့် ကောင်လေး လက်ကိုဖြတ်ခနဲလှမ်းဆွဲလိုက်တော့ မျက်လုံးလေးအဝိုင်းသားနဲ့ ကြည့်လာတယ်။
လက်က်ိုဆွဲလိုက်လို့ အကောင်ပေါက်လေး စိတ်ဆိုးလည်း ဆိုးပါစေတော့...သူ ဒီတစ်ခုကိုတော့ သေချာပေါက်ပြောရမှဖြစ်မည်။
"ကိုယ့်ကို ပြန်မချစ်နိုင်တောင် မမုန်းပါနဲ့လား ''
ဖြူနုနုမျက်နှာပေါ်မှာ ရဲတက်လာတဲ့အရိပ်အရောင်တွေ...နားရွက်ဖျားတွေထိ!
ဘုရားရေ Hyunee ဆီက ခဏခဏစိတ်ဆိုးခံရတဲ့ကောင်ဆိုတော့ မျက်နှာနီနီလေးကိုရင်းနှီးနေတာမလို့ သိတယ်။ ဒါ စိတ်ဆိုးနေတာမဟုတ်ဘူး ဒါ နားရွက်ဖျားတွေပါနီလာတဲ့အထိ ရှက်နေတာ...
ဒါဆို နေ့လည်ကရော...နားရွက်ဖျားတွေရဲလို့မလား...ဟား
"ငါ မင်းကို မမုန်းပါဘူး''
လူပိစိလေးဆီက ထွက်လာတဲ့ အသံပိကျိလေး၊
အသံသွင်းထားမိရင် နားထောင်တိုင်းအကြိမ်ကြိမ်သေမယ့် အသံပိကျိလေး ...
လူက ကိုယ့်စိတ်နဲ့ကို ကြက်သေသေနေချိန်မလို့ ပြေးထွက်သွားတဲ့ ခန္ဓာကိုယ် သေးသေးလုံးလုံးလေးကိုမြင်ရတာလည်း အိပ်မက်မက်နေသလို။
ဒီလောက်ဆို အခြေအနေတိုးတက်လာတယ်လို့် ပြောလို့ရတယ်မလား။
စိတ်ပြန်ကပ်လာချိန် ဝေ့သီလာတဲ့ မျက်ရည်တွေကြောင့် လန့်သွားမိတယ်။
မျက်ရည်တွေ...ဒီလောက်အခြေအနေလေးနဲ့တင် ဝေ့သီလာတဲ့မျက်ရည်တွေ...
OMG
သူ Baekhyunee ကို ရူးမတတ်ချစ်နေမိတယ်ဆိုတာထက် သေချာတာမရှိတော့ဘူး
............................
ကောင်းမြတ်ရဲ့သီချင်းလေးလိုပေါ့ အကောင်ပေါက်လေးရယ်~
""မင်းအနားရောက်ချင်ပြီ ချစ်ခွင့်ရချင်ပြီ ငါဟာ တစ်ယောက်တည်း ထိန်းချုပ်ထားလို့ မရနိုင်ပြီ~
ချစ်ခွင့်ရချင်ပြီ မင်းနဲ့နီးချင်ပြီ ကြာကြာတစ်ယောက်တည်း သိမ်းဆည်းထားရင် တကယ်ရူးသွားနိုင်သည်''''
..................TBC.................
ဟာ ဒီ author ဘာလဲ မြန်မာသီချင်းတွေသုံးလှချေလား
ဟီးဟီး ကြည့်ဦးလေ သီချင်းတွေက လိုက်ဖက်လွန်းတာကိုးနော 😁
Continue Reading
You'll Also Like
132K 14K 9
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
46.2K 12.4K 45
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
40.8K 7.7K 42
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...
391K 26.5K 40
Yizhan♥.