15

3.1K 498 33
                                    

Zawgyi

ကလေးတွေကို စာသင်ပေးမယ့်ထဲ ကူမလားလို့ အသည်းအသက်လေးကမေးလာတော့ ''အင်း''ပေါ့။ တကယ်တော့ Chanyeol စာနဲ့ဓာတ်မတည့်၊ စာမေးပွဲတောင် one subject one nightပဲ အမြဲ ဖြေလာတာ။
စာမလုပ်လို့ အထင်မသေးပါနဲ့ Chanyeol က ဉာဏ်ကောင်းပါတယ်။ Baekhyun တစ်နေ့တစ်နေ့ အင်္ကျီဘာရောင်ဝတ်လဲဆိုတာကအစ မှတ်မိနေတာမျိုးပေါ့။
စာစိတ်မဝင်စားပေမယ့်လို့ Chanyeol အရမ်းစိတ်ဝင်စားတာရှိပါတယ်။ Baekhyun ဒီနေ့ ထမင်းဘယ်နှပန်းကန်စားလဲဆိုတာမျိုး xD
ပြီး Chanyeol က စာလုပ်ရတာဝါသနာမပါပေမယ့်လို့ Baekhyun မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်ဖို့တော့ ဝါသနာအရမ်းပါပါတယ်။
ဆိုတော့ကာ Baekhyunဘာသာရပ်မှာ ဂုဏ်ထူးထွက်ချင်နေတဲ့ Chanyeol အတွက် ရလာတဲ့အခွင့်အရေးကို ဖမ်းဆုပ်ဖို့ကအရမ်းအရေးကြီးပါတယ်။
အကောင်ပေါက်လေး နဲ့နေ့တိုင်းအော်ဖစ်ရှယ်ဆုံတွေ့နိုင်ဖို့အရေး နှစ်ခါမစဉ်းစားဘဲ ခေါင်းညိတ်ခဲ့တာ။
(တကယ်တော့ ဘာမေးလိုက်မှန်းလည်း စစချင်းမသိခဲ့ဘူး၊ အကောင်ပေါက်လေးဘာပြောပြော ဆန့်ကျင်ဖို့စိတ်ကူးမရှိ ဒီက​ကောင်က ခေါင်းညိတ်ဖို့ပဲတွေးထားတာဖြစ်သည်မလို့ မေးခွန်းကိုသဘောမပေါက်ခင်တည်းက ခေါင်းကညိတ်နေခဲ့ပြီးသားဆိုတာတော့ မပြောပြတော့ဘူးနော်။ အကောင်ပေါက်လေးကိုအားကျပြီး ဒိသွားကြမစိုးလို့ 😝)
ပညာဒါနတူတူပြုမှာဆိုတော့ နောက်ဘဝမှာ ရေစက်ထပ်ဆုံဖို့် ရည်ရွယ်ချက်အကြီးကြီးလည်းပါတာပေါ့။

'မနက်တွေ ရပ်ကွက်ထဲလာမချောင်းရ'
အမိန့်ထုတ်ခံထားရလို့ မနက်ခင်းတွေမှာ လွမ်းတာတပိုင်းသေနေပေမယ့် ညနေအကြာကြီးတွေ့ရတာမလို့ တန်ပါတယ်။
Baekhyun နဲ့သူနဲ့ အခြေအနေအများကြီးတိုးတက်လာတယ်။ Baekhyun က သူ့ကို စကားတွေအများကြီးပြောလာတယ် အပြုံးတွေအများကြီးပေးလာတယ်။
မတိုးတက်တာတစ်ခုပဲရှိတယ် သူ့ဘက်က အနှောင့်မလွတ်အသွားမလွတ်တွေ ထမင်းစားရေသောက်အချိန်တိုင်းပြောနေပေမယ့် ခုထိမီးစိမ်းမပြသေးတာရယ်...အဲထက်ဆိုးတာက စက်ဘီးလည်း တစ်ယောက်တစ်စီးစီးနေရတုန်းပဲ TwT
ကယ်ရီယာခုံလေးကလည်း ပိုင်ရှင်မျှော်လှပြီ။
"အဲစက်ဘီးထားပြီး ငါ့နောက်လိုက်ခဲ့'' အဲလိုလည်း
မာမာတင်းတင်းလည်း မပြောရဲဘူး...ကိုယ်ကချစ်ရတဲ့သူဆိုတော့ လက်တောက်လောက်ပဲရှိတဲ့အကောက်ပေါက်လေးကို ကြောက်ရတာပေါ့။

Annoy But I LoveWhere stories live. Discover now