Will You Marry Me?

By ChitChoneCho

201K 11.3K 313

Will You Marry Me မင်းအဲ့စကားအဓိပ္ပါယ်ကိုသိလား Yibo ငါသိတာပေါ့ သို့ပေမဲ့ ငါမင်းကိုမဖြေရဲဘူးXiaoZhan ... More

Ep 1+2 (z+u)
Ep -3 (z+u)
Ep-4 (z+u)
Ep-5(z+u)
Ep-6 (z+u)
Ep-7(z+u)
Ep-8 (Z+U)
Ep-9 (Z+U)
Ep-11 (z+u)
Ep-12 (z + u)
Ep-13 ( z+u )
Ep-14 (z + u)
Ep- 15 ( u + z )
Ep -16 ( z+u) Final

Ep-10 (z+u)

11.6K 718 14
By ChitChoneCho

[Zawgyi]









"ဒါဘယ်လဲyibo"





"ရတယ်"


"မင်းသုံးနေတဲ့ဟာမလား"

"အင်းငါသုံးနေတာ"


















ငါ့ကိုခွင့်လွှတ်ပါ/







"အင်း"


"မသိဘူး"

"Jung eumကိုရော "

"သဘောကျခဲ့ပါတယ်"





"……"


"အင်း"

yubinပြောသည့်စကားမှာ အဓိပ္ပါယ်တွေများစွာပါသည်

"မေမေ  နေကောင်းရဲ့လား"

"ကောင်းပါကွယ် "



"တကယ်တော့  yiboမှာလေ……

မေမေ့ကိုတွေ့ပြီး  ကားနှင့်စောင့်နေသည့် yixingဆီလာသည်





-------------------------------------

ဆက်ရန်
#100585#

[Unicode]
Xiaozhanအိပ်ပျော်သွားလိုက်တာ ညည့်နက်မှတရေးနိုးသည်

ဘေးဘက်ဝဲသီကြည့်တော့ စောင်မခြုံပဲအိပ်နေသည့်ကလေး  အကယ်သာဆို yubinသာမပြောရင် သူလည်းကလေးရှိမည့်အကြောင်းကိုသိမည်မဟုတ်

yubinကိုကျေးဇူးတင်ရမည် သို့ပေမဲ့ Jung eumအတွက်စိတ်မကောင်းလိုက်တာ
ခဏတာစိတ်ကစားပြီးလက်ထပ်ခဲ့တယ်သူမှားခဲ့သည်မလား ကွာရှင်းတော့လည်း Jung eumဘက်ကအသာတကြည်ပဲ ကွာရှင်းပေးသည် 

xiaozhanသူဘာလို့ကွာရှင်းခဲ့လဲဆိုတာကိုယ့်ဟာကိုနားမလည် ကျေးဇူးတင်ရပါမည် Jung eumကို ……

စဉ်းစားခန်းကိုရပ်ကာ စောင်မခြုံထားသည့်ကလေးငယ်ကို စောင်လေးအသာခြုံပေးကာ  ကလေးရဲ့ ဗိုက်နားကိုနားဖြင့်ကပ်လိုက်သည်  ဘာများကြားရမလဲပေါ့

/yubinကအထောက်အထားနှင့်သေချာပြောတာကြောင့် xiaozhan  ဒီကိုယ်ဝန်ကိစ္စကိုလက်ခံပေမဲ့ သိပ်တော့မယုံသေးပါ/

မနက်စောစော   မျက်နှာပေါ်နေရောင်ခြည်ကျလာတာကြောင့် အိပ်ယာကနိုးလာခဲ့သည်   နိုးလာသည်နှင့်အရင်ဆုံးမြင်မိသည်မှာ သူ့ဗိုက်နားမှအိပ်နေသည့်xiaozhan

ဒီကိစ္စကိုဘယ်လိုဖြေရှင်းရမလဲမသိတော့လောက်အောင်ပါပဲ    မေမေကိစ္စနဲ့သူ့ကိုမုန်းနေပေမဲ့  ကလေးရဲ့ဖခင်ကသူဖြစ်နေတာကြောင့် yiboမပြတ်သားနိုင်ဖြစ်နေသေးသည်

ကုတင်ပေါ်ကနေ yibo ရုတ်တရက် ထသွားတော့ မျက်တောင်လေးတဖျက်ဖျက်နှင့် နိုးလာသည့် xiaozhanက  yiboကိုအော်မိသည်

"ဒါဘယ်လဲyibo"

"ငါစာမေးပွဲဖြေဖို့  ပြင်ဆင်တော့မယ်"

"မင်းမှာအကျီအပိုမပါလာဘူးမလား "

"ဒီအဝတ်အစားနဲ့ပဲသွားလိုက်မယ်"

"ဗီဒိုထဲတော့ မင်းနဲ့တော်လောက်မဲ့ အကျီ ရှိမှာပါ ရှာဝတ်လိုက် "

"ရတယ်"

"ဘေစင်နားမှာ သွားပွတ်တံတစ်ချောင်းရှိတယ် မင်းယူသုံးလို့ရတယ်"

"မင်းသုံးနေတဲ့ဟာမလား"

"အင်းငါသုံးနေတာ"

"ဘာကိစ္စငါကမင်းသုံးနေတဲ့ဟာကိုယူသုံးရမှာလဲ"

"ငါသုံးဆိုသုံးလိုက်yibo စကားကိုရှည်တယ်"

"မသုံးဘူး ပြီးတော့ငါ့ကိုYixingဆီသွားခွင့်ပေး"

"အဲ့ကောင်ကိုမင်းအရမ်းတမ်းတနေရင် ငါအဲ့ကောင်ကိုသတ်ပစ်မှာနော်"

"မင်းသိအောင်ပြောပြမယ်xiaozhan
yixingကငါ့ဘဝနဲ့ငါ့ဘေးမှာမရှိမဖြစ်လိုအပ်တဲ့လူတစ်ယောက်

မင်းပေးတဲ့ဒုက္ခတွေကိုငါခံစားနေရချိန် ငါ့ကိုဖေးမပေးတယ်  အမြဲတမ်းပျော်ရွှင်အောင်လုပ်ပေးခဲ့တယ်

သူ့အတွက်ငါပြန်ပေးခဲ့အရာတွေက  မင်းနဲ့ပတ်သတ်တဲ့ခံစားချက်ကြီးတွေပဲ 

ခုတော့ငါမင်းကို အတိအကျပြောတော့မယ် xiaozhan

မင်းထင်နေတဲ့အိမ်ထောင်ရေးကလွယ်ကူမနေဘူး
အိမ်ထောင်ရေးတစ်ခုမှာအချစ်မပါရင်တောင်အနည်းဆုံးသံယောဇဉ်တော့ရှိရမယ်

ဘယ်မှာလဲ မင်းရဲ့အချစ် မင်းရဲ့သံယောဇဉ်
အချစ်မပါသံယောဇဉ်မရှိတဲ့အိမ်ထောင်ရေးကိုထူထောင်လိုက်ရင်လည်း   တစ်သက်လုံး   မသာအိမ်ရောက်နေသလိုချည်းဖြစ်နေမှာ

ငါမင်းကိုချစ်ခဲ့တယ်xiaozhan  ငါ့အချစ်ကကြာရှည်တည်တံ့ခဲ့တယ်ဆိုတာငါသေချာပြောရဲတယ်  ဒါပေမဲ့ မင်းတောင်  ထမင်းကို  ဟင်းတစ်မျိုးတည်းနဲ့နေ့တိုင်းစားနိုင်တာမဟုတ်ဘူးမလား  ငါလည်းထိုနည်းလည်းကောင်းပဲ   မင်းတစ်ယောက်တည်းကိုပဲချစ်ရတာ ငြီးငွေ့လာတယ် 

ခုဆို မင်းကိုချစ်တဲ့ငါ့အချစ်တွေ မင်းသတ်လို့အကုန်သေကုန်ပြီ    ………"

yiboပြောသမျှ  အံ့ကြိတ်ကာ xiaozhanနားထောင်နေသည်

"နောက်ခါဆို  ငါ့ကိုခုလို အလိုမတူပဲခေါ်လာရင် အသေရေဖျက်မှုနဲ့မင်းကိုတရားစွဲရလိမ့်မယ်

ခု ငါစိတ်တွေ ဘာမှမဖြစ်ခင်  တံခါးသော့ဖွင့်ပေး"

yiboရဲ့စကားတွေကြားသေဆုံးသွားသည့်  xiaozhanနှလုံးသား  

/ငါပြောတဲ့စကားလုံးတွေထပ် မင်းလုပ်ရက်ကပိုနာကျင်ခဲ့တယ် xiaozhan 

ငါ့ကိုခွင့်လွှတ်ပါ/

တံခါးသော့ကိုကြည်ကြည်ဖြူဖြူပဲဖွင့်ပေးလိုက်ပါသည်

/မင်းပြောသလိုပဲ   ငါကသံယောဇဉ်ရော အချစ်ရောမရှိတဲ့ကောင်ပါ  /

စာမေးပွဲဖြေသည့်အချိန်အတွင်းသူ့ကိုရှောင်နေသည့်ထိုကလေး  

ဘာလုပ်လုပ်အကြောင်းတခုလေးတိုက်ဆိုင်တာနဲ့ခေါင်းထဲဝင်လာသည့် သူ့အကြောင်း   

စာမေးပွဲလည်းပြီးသည်အထိ သူ့ခေါင်းထဲရောက်ရောက်လာတတ်တည့်   ထိုကလေးအကြောင်းကတော့ မပြီးသွား………

ခြံထဲရှိ  အရိပ်ရအပင်အောက်  ခုံတန်းရှည်တွင်
ငေးချင်ငေး တွေးချင်ရာတွေးနေသည့်xiaozhanဘေး  yubinဝင်ထိုင်လိုက်သည်

"xiaozhan  ငါမင်းကိုမေးစရာရှိတယ်"

"အင်း"

"မင်းYiboကိုချစ်ခဲ့ဖူးလား"

"မသိဘူး"

"Jung eumကိုရော "

"သဘောကျခဲ့ပါတယ်"

"Jung eumကိုစွန့်လွှတ်နိုင်လား မေ့နိုင်လား"

"ငါကွာရှင်းခဲ့ပြီးပြီ"

"ဒါဆိုYiboကိုမင်းစွန့်လွှတ်နိုင်လား  မေ့နိုင်လား"

တခုတည်းသောအဖြေက သူyiboကိုလွမ်းသည်

"……"

"နောက်နှစ်လကြာရင်သူတို့လက်ထပ်ကြတော့မယ်
မင်းရဲ့သွေးသားဟာ yixingရဲ့သွေးသားအဖစ် ပြောင်းတော့မယ်   မင်းရဲ့ကလေးဟာ သူ့ကလေးဖြစ်လာတော့မယ်   မင်းလက်ခံနိုင်လား 
မင်းဒီနှစ်လအတွင်း ကိုယ့်ဟာကိုအတည်ပြု စဉ်းစားကြည့်ပါ  အချိန်တွေလွန်သွားရင် နောင်တဆိုတာ  နောင်မှရတာမျိုးနော် ငါပြန်တော့မယ်  xiaozhan"

"အင်း"

yubinပြောသည့်စကားမှာ အဓိပါ္ပယ်တွေများစွာပါသည်

"မေမေ  နေကောင်းရဲ့လား"

"ကောင်းပါကွယ် "

"မေမေစားချငိတာရှိyiboကိုပြောအုန်း  အကုန်ဝယ်ကျွေးမယ်"

"ဟုတ်ပါပြီ ဒါနဲ့ သားအရမ်းနုသွားသလိုပဲ  အသွေးအသားတွေပြောင်းနေတယ်"

"တကယ်တော့  yiboမှာလေ……
နောက်မှ  သားပြောပြတော့မယ်  ဧည့်တွေ့ချိန်ကုန်တော့မှာမို့လို့  yiboလေးမေမေကိုစိတ်ချချင်ပါတယ်  အစားအသောက် အနေအထိုင် အကုန်ဂရုစိုက်  yiboလည်းမကြာမကြာမေမေ့ဆီလာခဲ့မယ်"

မေေ့မကိုတွေ့ပြီး  ကားနှင့်စောင့်နေသည့် yixingဆီလာသည်

"ကဲကလေး ပျော်ရဲ့လား မေမေကိုရော သေချာကြည့်ဖြစ်ရဲ့လား"

"အင်း yixing yiboလေးအလိုကိုဖြည့်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်"

yixingကို yiboဖက်ထားမိသည် တကယ်သာဆို အစောကြီးတွေ့ခဲ့ပြီး ချစ်ခဲ့မိရမည့် လူမှာ yixingမဟုတ်လား

သူတို့နှစ်ဦး ရဲ့ နွေးထွေးမှုတွေကို ဘေးကလူကပါ  ခံစားမိပါသည်

တစ်နေရာတွင် သူတို့ကိုစောင့်ကြည့်နေသည့်  xiaozhan   ရင်ထဲမကောင်း……ထိုကလေးအပြုံးတွေဟာ  သူနဲ့ကျပျောက်ဆုံးနေတတ်ပေမဲ့   ဘာမဟုတ်တဲ့ကောင်ကျ  ပြုံးပျော်လို့ပါလား
သူတကယ်ညံ့ဖျင်းခဲ့သည်မဟုတ်လား
-------------------------------------

ဆက်ရန်
#100585#

Continue Reading

You'll Also Like

445K 62.6K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
4.8K 367 5
YiZhan 💚♥ ZhanYi ခံစားမှုအပိုင်းအစများကို ရေးဖွဲ့သည်
26.6K 1.6K 38
အချစ်လို့ထင်နေတဲ့ အရာက အချစ်မဟုတ်ခဲ့ဘဲ စိတ် အပြစ်မကင်းစိတ် အားနာစိတ်ကို အခြေခံ၍ အမုန်းတရားကနေ လှပစွာ အသွင်ပြောင်းလာခဲ့တဲ့ ချစ်ခြင်းတရား ။ အချစ်လို့ထ...
74.8K 5.7K 16
လန်​ စပ်​စလူး​လေးနဲ့ ​ဝေ့တည်​ငြိမ်​ အခွီး​လေးပါ I'm Your Boyfriend အတွက်​ Lက​နေ reader​တွေကို ပြန်​​ချော့ခြင်း #L