Ep-11 (z+u)

11.6K 761 33
                                    

[Zawgyi]

တစ်မနက်လုံးရုံးမှာ ဖေဖေခိုင်းထားတဲ့အလုပ်တွေကိုလုပ်ရင်း ဘာရယ်မဟုတ်ပဲ  ပြတင်းပေါက်ကနေအပြင်ဘက်သို့လှမ်းကြည့်မိသည်  တိမ်တိုက်ပေါ်က ပြုံးနေယောင်ရှိသည့် yiboမျက်နှာ

အတွေးတွေအားလုံးစိုးမိုးထားပါ့လားကွာ
အလုပ်ကိစ္စနဲ့  တခြားရုံးဘက်ကို ကားလေးနှင့်ထွက်လာခဲ့သည်

ထိုcompanyရှေ့  ကားပါကင်မှာကားရပ်ထားခဲ့ပြီး  သက်ဆိုင်ရာရုံးခန်းသို့ xiaozhanပေါ့ပါးသွက်လက်စွာလျှောက်လာခဲ့သည်

"Hello Mr.Xiao"

"Hi , Mr.shin"

"ထိုင်ပါ အလုပ်ကိစ္စလေးဆွေးနွေးကြတာပေါ့ "

xiaozhanနှင့် အလုပ်လေးဆွေးနွေးရင် Mr.shinခေါ်လိုက်သည့် အတွင်းရေးမှူးလေးကြောင့် xiaozhanအံ့အားသင့်ရပြန်သည်

"ပြောပါဆရာ yiboကိုဘာများခိုင်းမလို့လဲ"

"ဒါ Xiao companyကြီးရဲ့ ဒုဥက္ကဌ Xiao Zhanတဲ့"

yibo xiaozhanဘက်သို့ လှည့်ကာ ပြုံးပြပြီး ဂါဝရပေးလိုက်သည်

"ဒါကတော့ ဟိုတလောကမှ အသစ်ဝင်လာတဲ့ wang yiboတဲ့"

yiboကိုစိုက်ကြည့်နေသည့် xiaozhanကြောင့် အားလုံးအနေခက်ကုန်သည်

"Mr.Xiao"

"အော် ဟုတ်ကဲ့  အဲ့ဒါဆို  ကျွန်တော့်ကို ဒီလ စာရင်းပေါင်းချူပ်တွေ ရုံးကိုပဲလာပို့လိုက်တော့  "

"သဘောပါပဲဗျာ"

xiaozhan Mr.shinကိုလက်ဆွဲနှုတ်ဆက်ပြီး သူ့ရုံးကိုပြန်လာသည်

/ဘယ်လိုဖြစ်ရတာပါလိမ့်  Yiboကအလုပ်တောင်ဝင်နေပါ့လား ငါဘာလို့မသိရတာလဲ ဒီလောက် နောက်ကနေ လိုက်ကြည့်နေတာတောင်  ဒီတခါလည်း ငါထပ်ညံ့ပြန်ပြီ/

ရုံးဆင်းချိန်အထိ  အလုပ်ကိုလုပ်နေဆဲ သို့ပေမဲ့  စိတ်ကမပါ

/မဖြစ်သေးပါဘူး  ငါ့ရုံးချုပ်ကို yiboကိုလွဲပေးဖို့ပြောမှပါ့  ဒါမှ အလုပ်လုပ်ရတာ စိတ်ဖြောင့်မယ်ထင်တယ်/

xiaozhan ပြောပြောဆိုဆိုပဲ   Mr.shinဆီဖုန်းဆက်ကာ yiboကို ဒီဘက်ရုံးကိုလွဲပေးရန်ပြောသည်

Will You Marry Me?Where stories live. Discover now