[Zawgyi]
***********
"………"
"ဘာဖစ်နေကြတာလဲ "
"ဟင်! "
"Yiboလက်ခံပါ့မလား"
"yiboဘာဖြစ်တာလဲ ¡…"
"အင်းyixing "
"သွေ့ပုချီ …yibo"
"zhuo cheng! "
"ဘာကိစ္စလဲ"
"ကျေးဇူး"
"အင်းYibo"
"အင်းပါ ငါသွားပြီ"
တစ်နာရီအကြာ အခ်ျန်စေ့ပြီဖြစ်၍
"ဖြေနိုင်လားyibo"
"ဒီလိုပဲ မင်းကရော"
"wang yibo"
"စီနီယာxiao"
"ထပ်ပြီး နှိပ်စက်တာတွေ မလုပ်ပါနဲ့တော့ အရင်ကငါက လူလွတ်ဆိုတော့ နှိပ်စက်တဲ့ဒဏ်ကိုခံနိုင်ပေမဲ့ ခုက ငါ့ကလေးရှိနေပြီ ကလေးကိုထိခိုက်စေမဲ့ နှိပ်စက်မှုမျိုးတွေမလုပ်ပါနဲ့"
___________________________________
ဆက်ရန်
#100585#
[Unicode]
xiaozhanမနေနိုင်တော့သည့်အဆုံး yiboကိုတွေ့အောင်လုပ်ရမည် ဆိုးတာက ဘယ်မှာသူရှာရမလဲ yixingအိမ်မှာလား zhuochengအိမ်မှာများလား ဒါမှမဟုတ် ဆေးရုံမှာများလား
"ကျစ်'~~~~~~ဘာတွေဖြစ်နေတာလဲငါ"
ကိုယ့်ဟာကိုဒေါသထွက်၍ စာကြည့်စားပွဲရှိ အရာအားလုံးကို ရိုက်ချမိသည်
"အားးးးးးးးးးးး ရူးတော့မယ် "
***********
"ဆေးရုံကနေ သပတ်ခါလောက်ဆိုဆင်းလို့ရပီတဲ့Yibo"
"အင်း ဆေးရုံကဆင်းရင် yiboဘယ်မှာနေရမှာလဲ"
"ကိုယ့်ဆီလိုက်နေလေ yiboရဲ့ "
"yixingကိုအရမ်းအားနာနေပြီ zhuo chengဆီပဲလိုက်နေရမလား "
"မဖြစ်ပါဘူး ကိုယ့်ဆီပဲ အရင်ကလိုပြန်နေ "
"ကျေးဇူးတင်ပါတယ် yixing ခုလို yiboကို စိတ်မပျက်ပဲ ကယ်တင်ပေးတဲ့အတွက် yixingကျေးဇူးကိုမမေ့ပါဘူး"
"ကလေးကစကားတွေတတ်နေတယ်ကဲပါ ခုရောဘာစားချင်သေးလဲ ပြောအုန်း"
"အဲ့ဒါကလေ အမဲနှပ်ကိုလေအရမ်းကိုခံတွင်းတွေ့နေတယ် ဒါပေမဲ့ yixingပိုက်ဆံတွေထိုင်ဖြုန်းမိနေတယ်"
"မပူပါနဲ့ကိုယ်က သူဌေးပါ အရမ်းကြီးမချမ်းသာပေမဲ့ yiboလေးစားချင်တာကိုတော့ ဝယ်ကျွေးနိုင်ပါတယ်"
"စိတ်ချyixing ကျွန်တော်Yibo အကိုတော်yixingဆီကအကြွေးတွေကို yixingမိန်းမမရခင်အထိ ကြေအောင်ဆပ်ပါ့မယ်"
ခုမှပဲကလေးအပြုံးတွေကိုမြင်ရတော့တယ်
"မင်းကတော့လေဘာလို့သွားပြောရတာလဲ တကယ်ပဲ "
"zhuochengကလည်း ငါမပြောလည်းကြာရင်သူသိမှာပဲကို"
"ပါးစပ်ပိတ်ထား မင်းနဲ့ဘာမှကိုဖုံးပေးလို့မရဘူး"
"………"
ဆေးရုံအခန်းအပြင်ဘက် စကားများနေကြသည့်နှစ်ယောက်ကို yixingသိလိုစိတ်ဖြင့်မေးလိုက်သည်
"ဘာဖစ်နေကြတာလဲ "
"အာ…yixing ဒီကောင်လေ ဖုံးကွယ်ထားတဲ့ကိစ္စကို သွားပြောလိုက်ပြီ"
"ဟင်! yiboသိနေပြီလား သူစိတ်အားငယ်သွားသေးလား ငိုနေသေးလား"
ဖြစ်ကြောင်းကုန်စဉ်ပြောမှတော့ yixingစိတ်သက်သာရသွားသည်
"မင်းတို့နဲ့တိုင်ပင်စရာရှိတယ် ငါလေ yiboကိုလက်ထပ်လိုက်ရမလား"
"ဟင်! "
yubinရော zhuochengရော ထင်မထားသည့်စကား
"ဟုတ်တယ် ! ငါyiboကိုသနားတယ် ပြီးတော့ သံယောဇဉ်ရှိတယ် ခုလိုဒုက္ခရောက်နေတာကိုမကြည့်ရက်နိုင်ဘူး"
yubin,xiaozhanကိုသူပြောသလိုဖြစ်လာတော့ yixingစကားကိုထောက်ခံသည်
"Yiboလက်ခံပါ့မလား"
zhuochengပြောမှ တွေဝေသွားသည့် yixing
"မသိဘူး အရဲစွန့်ကြည့်ရမှာပဲ"
ကလေးလေးyiboဟာ နောက်တစ်ပတ်စာမေးပွဲအမှီ ဆေးရုံတက်ရင်းစာလုပ်နေသည် ဆေးရုံကဆင်းသွားတော့လည်း yixingအိမ်မှာနေလိုက် zhuochengဆီမှာနေလိုက်နှင့် ပျော်နေပုံရသည်
ဗိုက်ကြောင့်တဖြေးဖြေး မျက်နှာပြည့်ပြည့်လေးဖြစ်လာတဲ့ကလေးကို လူတိုင်းမြင်လျှင်အသည်းယားစရာ မျက်နှာပေါ်က အမာရွတ်ကိုလည်း ဆေးရုံကြီးက ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးတွေလိမ်းပေးတော့အမာရွတ်လေးက မရှိသလောက်ဖြစ်နေပြီ
မသိမသာပူလာတဲ့ဗိုက်ကလေးကို မ,ကာ ခြံထဲ ဖြေးဖြေးချင်းလမ်းလျှောက်နေသောyiboကို အိမ်ပေါ်ထပ်ကနေ yixingခိုးကြည့်မိသည်
ချစ်စရာအူကြူးလေး……မိုးချုပ်နေတာတောင် ခြံထဲလမ်းလျှောက်နေတုန်း
yiboခြံထဲလမ်းလျှောက်နေရင်း ခြံထောင့်ကနေ သူ့ကိုကြည့်နေသည့် လူရိပ်လိုလိုပုံစံ မိုးချုပ်နေ၍ မှောင်နေတာကြောင့် သဲသဲကွဲကွဲမမြင်ရ
"ဘယ်သူလဲ ခြံထောင့်က ထွက်ခဲ့စမ်း …ငါပြောတာကြားလား"
yiboသံကြားသည်နှင့်ထိုလူပြေးသွားသည်
"yiboဘာဖြစ်တာလဲ ¡…"
"ခြံထောင့်ကနေ လူရိပ်တွေ့လို့ …"
"လာလာ နောက်ဆိုညဘက်တွေခြံထဲဆင်း လမ်းမလျှောက်နဲ့တော့ "
"ဗိုက်အင့်နေလို့ လမ်းလာလျှောက်တာပါ "
"မနက်ဖြန် examရှိတယ်မလား စောစောအိပ်တော့"
yiboကိုပြန်အိမ်ထဲခေါ်သွားသည်
မနက်6Hကတည်းကနိုးနေသည့်yiboကို yixingရယ်မိသည် examမဖြေဘူးတာလည်းမဟုတ်ပဲနဲ့ စိတ်လှုပ်ရှားနေသည့်ကလေး
"ကဲ yibo ကိုယ်ကျောင်းလိုက်ပို့မယ် လှေကားထစ်တွေသတိထား ပြီးတော့ အပူအစပ်တွေမစားရဘူး ချော်လဲစေနိုင်မဲ့ နေရာတွေမသွားရဘူး ဟုတ်ပြီလား"
"အင်းyixing "
ထိုကလေးကို ကျောင်းကိုလိုက်ပို့ပြီး yixingလည်းစခန်းကအလုပ်တွေကို မအားမလပ်လုပ်နေရသည်
စာမေးပွဲမဖြေမှီ အခန်းရှေ့တွင် စာနွေးနေသည့်Yiboကို zhuocheng အလန့်တကြားစမိသေးသည် ပြီးမှyiboအခြေအနေကိုသတိရကာ
"ဟိ့ဟိ့ ……ငါမေ့ပြီးစလိုက်တာ ……"
"မင်းကွာ ငါလန့်တာကဘာမှမဖြစ်ပေမဲ့ ငါ့ကလေးလေး လန့်သွားရင် ဘယ်လိုလုပ်မလဲ"
"သွေ့ပုချီ …yibo"
"zhuo cheng! "
သူ့နာမည်ကိုခေါ်ကာ လှမ်းလာသည့်yubinကိုမြင်တော့ ချက်ချင်းမျက်နှာတည်သွားသည်
"ဘာကိစ္စလဲ"
"မင်းအတွက် အားဆေးလာတိုက်တာ yiboအတွက်ရောပဲ"
"ကျေးဇူး"
"ကျေးဇူးတင်ပါတယ် yiboကိုခုလိုဂရုစိုက်ပေးတဲ့ စီနီယာbin ဖြေဆိုနိင်ပါစေ"
"အင်းYibo"
zhuochengဆီကကျေးဇူးအပြင်တခြား စကားကိုမျော်နေသည့် မျက်လုံးလေးဖြင့် ကြည့်နေရှာသည့်yubin
"မသွားသေးပဲ ဘာရပ်လုပ်နေတာလဲ ဖြေဖို့အချိန်စတော့မယ်လေ"
"အင်းပါ ငါသွားပြီ"
yubinပြေးထွက်သွားပြီး yiboကသူ့ကိုဆူသည်
"မင်းကလေ အကျင့်ကိုမကောင်းဘူး စီနီယာbinကမင်းကို ဒီလောက်ဂရုစိုက်နေတာကို မင်းမို့လို့ အဖြေမပေးဘူး ငါသာဆို ချက်ချင်းမင်္ဂလာဆောင်လိုက်မှာ "
"တော်စမ်း ခုပဲ ငုံးဥလေး ရနေတာကို သူ့ကိုထပ်လိုချင်နေသေးတယ်
စီနီယာxiaoနဲ့ မင်းမချစ်လို့သာ ဒီလ်ုလေးထွက်လာတာနော် အေး yubinကသာမင်းကိုချစ်တယ်ပြောပြီး ယူကြည့် ကလေးတွေဒါဇင်လိုက်ဖြစ်လောက်တယ်"
"တော်တော့ zhuocheng ! xiao zhanအကြောင်းငါမကြားချင်ဘူး"
"အော် အေးပါ ငါမေ့သွားလို့"
စာမေးပွဲဖြေဖို့အခန်းတွင်းဝင်ပြီးနေရာယူကာ ဘဲလ်တီးသည်နှင့် စဖြေတော့သည်
တစ်နာရီအကြာ အချ်န်စေ့ပြီဖြစ်၍
အခန်းအပြင်ဘက်ထွက်လာကြသည်
"ဖြေနိုင်လားyibo"
"ဒီလိုပဲ မင်းကရော"
"ငါပဲလေ မင်းသူငယ်ချင်းပဲ မဖြေနိုင်စရာဘာအကြောင်းရှိလို့လဲ"
"ဟားးဟား ဟုတ်ပါပြီ ပြန်ရအောင်"
zhuochengကားနှင့် အိမ်ပြန်မည့်လမ်းတွင် ရှေ့က ပိတ်ရပ်ထားသည့် ကားအနက်တစ်စီး
"ဒါဘယ်သူ့ကားလဲ လူလိုနားမလည်တာလား အရှေ့မှာပိတ်ရပ်ထားတယ်"
"wang yibo"
Yiboနာမည်ကိုခေါ်ကာ ကားနောက်ကထွက်လာသည့် Xiaozhan
xiaozhanကိုမြင်သည်နှင့်yiboမျက်နှာချက်ချင်းပျက်သွားသည်
"မင်းကိုး …ဘာကိစ္စလဲ xiaozhan ဘာတွေများ ဒုက္ခထပ်ပေးဖို့လဲ"
"ဒီကိစ္စနဲ့ မင်းနဲ့မဆိုင်ဘူးထင်တယ်zhuocheng"
"ကိစ္စနဲ့မဆိုင်ပေမဲ့ yiboနဲ့ငါနဲ့တော့ဆိုင်တယ်
မင်းသူ့ကိုထိခွင့်မရှိတော့ဘူး ငါ့ကားရှေ့ကနေ ဖယ်ပြီး ကိုယ့်လမ်းကိုယ်သွားစမ်းပါ"
"wang yibo မင်းမှာငါ့ရင်သွေးလေးရှိတယ်ဆိုတာ ငါသိပြီးပြီ ဘာလို့ငါ့ကိုလာမတွေ့နိင်ရတာလဲ ငါကခေါင်းရှောင်တတ်တဲ့ကောင်လို့ အားလုံးကိုထင်စေချင်နေတာလား"
"ထပ်ပြီးတော့ ပတ်သတ်ရမှာကြောက်နေတယ် စီနီယာxiao "
"မင်းမပတ်သတ်ချင်ပဲနဲ့လည်း မင်းရဲ့ရင်သွေးက ငါနဲ့ပတ်သတ်နေတယ်လေ"
"ကိစ္စမရှိဘူး စီနီယာxiao ဒီကလေးရဲ့အဖေကyibo အမေကလည်းyiboပဲ
စီနီယာxiao မသိသလိုပဲနေပေးလိုက်ရင် ပတ်သတ်စရာမလိုတော့ပါဘူး"
"အေး …မင်းကခုလိုသဘောထားပေမဲ့ ပတ်ဝန်းကျင်ကငါ့ကို ဘာပြောကြမလဲ မစဉ်းစားဘူးလား စကားတွေအပိုထပ်မပြောချင်ဘူး ငါနဲ့ပြန်လိုက်ခဲ့"
yiboလက်ကောက်ဝတ်ကိုကြမ်းတမ်းသွားဆုပ်ကိုင်ကာ ကားပေါ်အတင်းဆွဲခေါ်နေသည့်xiaozhanကို yiboရှိသမျှအားနှင့်ရုန်းမိသည်
"xiaozhan ! မင်းမှာ မိန်းမလည်းရှိပါတယ် သူ့ကိုတော့အားနာဖို့ကောင်းတယ်"
zhuochengဝင်ပြောသည့်ထိုစကားကိုxiaozhanကားထဲကနေ စာအိတ်တစ်ခုထုတ်လာကာ zhuochengလက်ထဲထည့်လိုက်သည်
"ရော့ ……ဒါ ဒီမနက်ပဲ ကွာရှင်းလာတဲ့စာချူပ်"
"မင်းဘာလို့ခုလိုလုပ်ရက်ရတာလဲစီနီယာxiao
ိမိန်းကလေးတစ်ယောက်ကို လက်ထပ်ချင်တိုင်းလက်ထပ် ကွာရှင်းချင်တိုင်းကွာရှင်းလို့မရဘူးလေ "
"ငါ့သဘောနဲ့ဘာမဆိုဖြစ်တယ် "
"မင်းခုလိုဆက်လုပ်နေရင် ငါတို့ရဲနဲ့စကားပြောတော့မယ်xiaozhan"
"ဘယ်ကောင်ကိုမှစောက်ဂရုမစိုက်ဘူး ငါဂရုစိုက်တာ သူ့ဗိုက်ထဲက ကလေးပဲ"
yiboကိုဆွဲပွေ့ပြီး ကားပေါ်တင်ကာ သူဝယ်ထားခဲ့သည့် တိုက်ခန်းလေးဆီမောင်းလာသည်
အိမ်ထဲကိုလည်း သူကိုယ်တိုင်yiboကို ပွေ့ချီပြီး အိပ်ခန်းထဲရှိကုတင်ပေါ် ဖြေးဖြေးလေးချပေးသည်
"စီနီယာxiao"
"ရှုး……… ဘာမှမပြောနဲ့ကိုယ့်ကို ခုကစပီး ငါကမင်းခင်ပွန်းပဲ"
yiboစိတ်ညစ်လှပါပြီ ချစ်ပြန်တော့လည်းသူ့ခွင့်ပြုချက်ရမှ ချစ်တဲ့ မုန်းတော့လည်း သူ့ခွင့်ပြုချက်နဲမှ
ခုလည်း သူ့သဘောနှင့် yiboခင်ပွန်းဖြစ်သွားပြန်ပြီ
"ထပ်ပြီး နှိပ်စက်တာတွေ မလုပ်ပါနဲ့တော့ အရင်ကငါက လူလွတ်ဆိုတော့ နှိပ်စက်တဲ့ဒဏ်ကိုခံနိုင်ပေမဲ့ ခုက ငါ့ကလေးရှိနေပြီ ကလေးကိုထိခိုက်စေမဲ့ နှိပ်စက်မှုမျိူးတွေမလုပ်ပါနဲ့"
"ငါကလူရိုင်းကောင်မဟုတ်ဘူး ကိုယ့်သားမယားကို နှိပ်စက်တဲ့အထိတော့ငါမလုပ်ပါဘူး "
"မင်းစကားကို ငါယုံကြည်ချင်ပါတယ်သို့ပေမဲ့ ငါ့ကို yixingအိမ်ပြန်ခွင့်ပြုပါ"
"မပြန်ရဘူး မင်းယောကျာ်းကငါ အဲ့ကောင်မဟုတ်ဘူး "
"ငါတို့လက်မထပ်ရသေးသ၍ မင်းနဲ့ငါဘာမှမဆိုင်ဘူး xiaozhan!"
"မင်းကငါ့လက်နဲ့ ဝေးနေလို့ ပြန်ပြောနေတာလားဟမ်"
yiboပါးသို့လက်ရွယ်ကာ ပြောလိုက်သည့်xiaozhanကို စိုက်ကြည့်ကာ
"ရိုက်လိုက်စမ်းပါ မင်းနှိပ်စက်တာကို အရင်ကတည်းက ခံလာတဲ့ကောင်ပဲ ဘာလို့ တွန့်ဆုတ်နေတာလဲ ရိုက်ချလိုက်စမ်းပါ"
ပါးပေါ်ကိုမျက်ရည်စီးကြောင်းလေးတစ်ခုကျလာသည်
"မင်းတော်တော့ yibo ငါဒေါသမထွက်ချင်ဘူး"
အခန်းတံခါးကိုသော့ခတ်ကာ ကုတင်ပေါ်ရှိ yiboဘေး ဝင်လှဲလိုက်သည်
"ငါခဏမှေးအုန်းမယ် မင်းစားချင်တာရှိရင် ငါ့ကိုနှိုးလိုက်"
ဘယ်တော့မှ ဒီဝဋ်ကနေ ကျွတ်ပါ့မလဲ ဒါဘယ်လိုရေစက်ဆိုးလဲ ကျေးဇူးပြုပြီး ဒီလူသား(xiao zhan)နှင့် နောင်ဆယ်သက် မတွေ့ကြုံရပါစေနဲ့တော့
Yiboစိတ်ထဲတိုးတိုးလေး ပြောလိုက်မိသည့်စကားပင်…………………
___________________________________
ဆက်ရန်
#100585#