မိုးသောက်ချိန်

By No_Coz

12.3K 1K 17

Translation of Jiu Lu Fei Xian's Daybreak. လွမ်းဆွေးတေးသံ ( ဆန်းကော့ ) ရဲ့ စာရေးသူ ကျိုးလုဖေးရှန်းရဲ့ ဝတ္ထုတစ... More

[၁]
[၂]
[၃]
[၄]
[၆]
[၇]
[၈]
[၉]

[၅]

726 102 1
By No_Coz

ထိုည၊ ညတွင်းချင်း သူတို့ မင်းရိခရိုင်နယ်နိမိတ်တွင်းမှ ထွက်ပြေးလာခဲ့သည်။ သူတို့ လေးယောက် မီးပုံကို ဝိုင်းပတ်ထိုင်နေခဲ့သည်။ မတူညီသော မျက်နှာထားများ ကိုယ်စီနှင့်။ ချင်းကျွယ့်မှာတော့ ခံစားချက်မဲ့သော မျက်နှာသေနှင့်၊ သူ မီးပုံထဲကို ရံဖန်ရံခါ ထင်းထည့်ပေးနေသည်။ ထျန်ရှောင်ကတော့ မီးစာရသဖြင့် ထ ထ တောက်လာသော မီးပုံကို ကြည့်လျက် အသစ်အဆန်းတွေ့ရသကဲ့သို့ ပင့်သက်ရှိုက်လျက် အံ့အားသင့်နေသော မျက်နှာထားနှင့်။ ယုယောင်မှာတော့ ထျန်ရှောင့်အပြုအမူကို သည်းခံနေရလွန်း၍ နဖူးကြောများပင် ထောင်ထနေသည်။ စူးဝန် မျက်နှာတွင်တော့ မကျေနပ်မှုများအပြည့်၊ ထျန်ရှောင်ကို မကြာမကြာ မျက်စောင်းထိုးနေလေသည်။ "ဆိုတော့ကာ... နင် သူ့ကို ဘယ်လိုလုပ်မှာလဲ..."

ချင်းကျွယ့်က ဝင်ပြောသည်။ "ထားခဲ့လိုက်..." သူ မော့ကြည့်လာတော့ သူ့မျက်ဝန်းများက ယုယောင်ကို အမိန့်ပေးနေဟန်ရှိသည်။ "သူ့ကို ကယ်ထုတ်လာတာတောင် အတော်များနေပြီ... ငါတို့နဲ့ တစ်ပါတည်း ခေါ်သွားလို့ မဖြစ်တော့ဘူး..."

"အင်း... ငါ သိတယ်..." ယုယောင် ခေါင်းငိုက်စိုက်ချထားမိသည်။ "ဒါပေမယ့် မနက်ဖြန် ငါ နင်တို့နဲ့ ပြန်မလိုက်ဘူး... ငါ တောင်ပိုင်း အရင်ဆင်းမယ်..."

ယခင်မင်းဆက် နန်းသိမ်းခံရပြီးနောက်ပိုင်း အသစ်တက်လာသော မင်းဆက်က အရင်မင်းဆက်၏ အိမ်ရှေ့မင်းသားကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသော ယခင်မင်းဆက် မင်းမျိုးမင်းနွယ်များက တောင်ပိုင်းနယ်၌ တစ်ပြည်တစ်ရွာထောင်၍ မင်းမူအုပ်ချုပ်နေသေးသည်။ ထိုနေရာတွင်တော့ ဖူတိုင်းနယ်၏ အာဏာစက်မှ ကင်းလွတ်နေခဲ့သည်။

သူတို့နှစ်ဦး ယုယောင်၏ အဖြေစကားကို ကြားတော့ အနည်းငယ်တော့ အံ့အားသင့်မှင်သက်သွားမိကြသည်။ ချင်းကျွယ့်က သူမကို စိတ်ပျက်အားမရဟန်ကြည့်သည်။ စူးဝန်က ဆိုသည်။ "နင်က သူ့ကို တောင်ပိုင်းနယ် နန်းတွင်းထိ ပို့ပေးချင်တာလား... သူ ဟိုရောက်တော့မှ နင့်ကို အဆိပ်တွေ ဘာတွေခတ်ပြီး လုပ်ကြံရင် ဘယ်လိုလုပ်မလဲ... နင် သူ့အပေါ် ဒီလောက်ကောင်းစရာလိုလို့လား..."

ယုယောင် ခေါင်းခါလိုက်သည်။ "ငါ သူ့ကို တကူးတက လိုက်ပို့ပေးတာ မဟုတ်ဘူး... အဲ့ဒီနေရာမှာ ငါ လုပ်စရာ တာဝန်တွေ ရှိနေသေးတယ်... ငါ အဲ့မှာရှိတဲ့ လူတစ်ယောက်ကို သတ်ပြီးမှ ဂိုဏ်းချုပ်ဆီပြန်လာပြီး တာဝန်ပြီးမြောက်ကြောင်း တင်ပြနိုင်မှာ..."

နှင်းလေပွေဂိုဏ်းက ဂိုဏ်းသားများ တာဝန်ကိုယ်စီနှင့် ခရီးလှည့်လည်သွားလာရသည်။ တာဝန်မပြီးမမြောက်ချင်း ပြန်လာခွင့်မရချေ။ သည်တစ်ခေါက် ယုယောင် တစ်စုံတစ်ယောက်ကို သတ်ရမည့်တာဝန်နှင့် ထွက်လာခဲ့သည်။ သို့သော် ထိုသူ့ကို လုပ်ကြံရာမှာ မအောင်မြင်ခဲ့။ ထိုပုဂ္ဂိုလ်က တောင်ပိုင်းသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထိုစဉ်အတွင်း ယုယောင်တစ်ယောက် ချင်းကျွယ့် စူးဝန်တို့နှင့် ဆုံမိသွားခြင်းဖြစ်သည်။ သူတို့ အကူအညီလိုနေသည်ကို တွေ့သဖြင့် သူမ နန်းတော်တွင်းသို့ ငါးစာအနေနှင့် ဝင်ပေးခဲ့သည်။ သူမ ပြန်ထွက်လာတော့ ဝန်ထုပ်ဝန်ပိုး အပိုဆောင်းတစ်ခုပါ ပြန်ပါလာမည်ဟု မည်သူမျှ ကြိုမသိထားခဲ့ပေ။

ယုယောင်စကားကို ကြားတော့ သူတို့နှစ်ဦးလည်း ထပ်မမေးတော့။

စူးဝန်လှည့်ကြည့်လာတော့ မီးပုံကို ငေးကြည့်နေသေးသော ထျန်ရှောင်ကို တွေ့လေသည်။ သူမ တိုးညင်းစွာမေးလိုက်သည်။ "နင် တကယ်သူနဲ့ တောင်ပိုင်းကို အတူတူ သွားမှာလား..."

ဒါပေါ့. . . မသွားဘူး...!

ယုယောင် စိတ်မရှည်တော့ဟန်နှင့် ထျန်ရှောင့်လက်ကို ပုတ်ပြီး တင်းမာသော လေသံနှင့် ဆိုလိုက်သည်။ "မနက်ရောက်လို့ ... ငါတို့ လမ်းခွဆုံတစ်ခုရောက်တဲ့အခါ နင်က ဘယ်ဘက်လမ်းကိုသွား... ငါက ညာဘက်လမ်းကို ချိုးမယ်... တိုင်းပြည်ပြန်သိမ်းချင်တဲ့သူတွေ တောင်ပိုင်းမှာရှိတယ်... သူတို့ဆီသွား... ငါက... ငါကလည်း ငါ့တာဝန် ငါ ဆက်လုပ်မယ်... ငါ့ကို လိုက်မရှုပ်နဲ့ ...!"

နောက်တစ်နေ့မနက်၊ သူမ ချင်းကျွယ့် စူးဝန်တို့နှင့် လမ်းခွဲလာပြီးနောက်၊ ယုယောင်နှင့် ထျန်ရှောင်တို့ တောင်ပိုင်းသို့သွားရာလမ်းသို့ ခြေလှမ်းစတော့သည်။ သူတို့ နေ့တစ်ဝက်လောက်ပဲလျှောက်ရသေးသည်၊ သို့သော် ယုယောင်ကတော့ သူမ စိတ်ရှည်သည်းခံမှုကို လာစမ်းသပ်နေသော ထျန်ရှောင်ကြောင့် ဒေါသအလိပ်လိပ်ထွက်နေရနေပြီ။ တစ်စုံတစ်ရာကို သူတွေ့တိုင်း သူ ဝမ်းသာအားရ ထအော်တတ်သည်။ ပန်းလေးတွေက လှလိုက်တာ၊ သစ်ပင်တွေက လှလိုက်တာ၊ မြေနီလမ်းက လှလိုက်တာနှင့်။ ကောင်းကင်ပြာနှင့် တိမ်တိုက်ဖြူတို့သည်ပင် သူ့အတွက်တော့ ထူးခြားရှားပါးသည့် ရှုမြင်ကွင်းဖြစ်လို့နေသည်။ စမ်းချောင်းငယ်လေးတစ်ခုသည်ပင် သူ့အာရုံကို အချိန်အတန်ကြာကြာ ဖမ်းစားထားနိုင်လေသည်။ အဆိုးဆုံးကတော့ သူ ယုယောင်လက်ကို တစ်ချိန်လုံးကိုင်ထားခြင်း။ သူမ မည်သို့ပြောပြော၊ မည်သို့ ဆူဆူ၊ သူ မလွှတ်ပေးပေ။ သို့သော် ယုယောင်မှာ ရှုခင်းများကြည့်ရင်း ဖြုန်းနေစရာ အချိန်ပိုမရှိပေ။

လမ်းခွဆုံကို ရောက်တော့ ယုယောင် ထျန်ရှောင်ကို တစ်ချက်ပင်လှည့်မကြည့်၊ ညာဘက်လမ်းခွဲထဲ ကွေ့ဝင်ကာ ထွက်ခွာ ခရီးဆက်သည်။ သို့သော် သူမ နှစ်လှမ်းမျှပင် လျှောက်ရသေးသည်။ သူမ နောက်မှ ခြေသံများကို ကြားရလေသည်။

ထျန်ရှောင်မှာ အချိန်အကြာကြီး လှုပ်လှုပ်ရှားရှား မနေခဲ့ရ၊ သိုင်းပညာလေ့ကျင့်သင်ကြားခဲ့ရခြင်းလည်း မရှိပေ။ ထို့ကြောင့် သူ လမ်းလျှောက်သောအခါ အတော်နှေးနေသည်။ သို့သော် သူ တစ်စက်ကလေးမျှ မညည်းညူပေ။ သူ ယုယောင်နောက်သာ အပြေးလိုက်လာသည်။ သူ ခုနကလေးတင် အဆူခံထားရသည်၊ ထို့ကြောင့် သူ့စိတ်ထဲမှာ ကြေကွဲဝမ်းနည်းနေမိသည်။ သူ စကားလည်း မပြောရဲ၊ သူမကိုလည်း အနှောင့်အယှက် မပြုရဲပေ။ သူ သူမနောက်မှသာ သနားစဖွယ် တကောက်ကောက်လိုက်နေသည်။ သူ့မျက်ဝန်းနက်နက်တို့ကသာ သူမကို အကြည့်မလွှဲ၊ မျက်စိအောက်က သူမ ပုံရိပ်ကို အပျောက်မခံ လိုက်ကြည့်နေခဲ့သည်။ 

သူမ ခြေလှမ်းတို့ကိုရပ်လိုက်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမ ထျန်ရှောင်ကို အကျိုးအကြောင်းရှင်းပြပြီး သူမနောက်ဆက်မလိုက်ရန် ပြောပြတော့မည့်ဆဲဆဲ ထျန်ရှောင်က အလျင် ဦးအောင် ပြောလိုက်လေသည်။ "ငါ မှားသွားပါတယ်... စိတ်မဆိုးပါနဲ့တော့..."

ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်သော သူမအတွက် မည်သူကမျှ သူမ ခံစားချက်များကို ထည့်သွင်းမစဉ်းစားပေးခဲ့ဖူးပေ။ သူမ ကိုယ်၌ကလည်း သူတစ်ပါးစိတ်ခံစားချက်ကို စာနာနားလည်ပေးရကောင်းမှန်း မသိဖူးခဲ့။ သို့သော် သည်အချိန်တစ်ခဏလေးအတွင်း သူမ ထျန်ရှောင့် အကြောက်တရားတို့ကို နားလည်သွားမိသယောင်ယောင်။ သူ လောကကြီးနှင့် အဆက်အသွယ်ဖြတ်ပြီး ၁၀ နှစ်ကျော်ခန့်နေခဲ့ရသည်။ ယခု သူ ထိုလောကကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရချိန်မှာ သူ သိပ် စိတ်လှုပ်ရှား တက်ကြွကာ ပျော်ရွှင်နေခြင်းဖြစ်ပေမည်။ သို့သော် သူ ပိုကြောက်သည်က သူမ စိတ်မပျော်မှာကို။ သူ ပိုကြောက်သည်က သူမ. . . သူ့ကို ထားရစ်ခဲ့မှာကို။

ထျန်ရှောင် လက်ချောင်းကလေးများကို လိန်လျက် ပွတ်လျက် ဂဏာမငြိမ်ဖြစ်လာသည်။ "ငါ့ကို ထားမသွားပါနဲ့ ... ငါ့ကို အဖက်မလုပ်ဘဲ မနေပါနဲ့ ..."

အမြဲတစေ အေးခဲမာကျောနေခဲ့သော ယုယောင်နှလုံးသား စတင်အရည်ပျော်လာသည်အလား။ သူမ သူ ထွက်သွားအောင် ပြောရမည့် စကားလုံးတို့ကို ပြောမထွက်နိုင် ဖြစ်နေမိသည်။

ထားလိုက်ပါတော့ . . . ယုယောင် တွေးမိသည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့နှစ်ဦးစလုံး တောင်ပိုင်းကို ဦးတည်နေသည်ပဲ။ သူမ သူနှင့်အတူ တစ်ခဏလောက်တော့ ခရီးဆက်နေလို့ ရသေးသည်။

----------------------

9 June, 2018

Continue Reading

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
40.9K 3.6K 87
Title - Divorce is the condition Divorce is the condition
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...