"မင္းက သူနဲ႔တူတယ္ "
"ဘယ္သူနဲ႔လဲ"
" Kai... "
"ဖလူး... "
Sehun ေသာက္လက္စ အေအးေတြ ျပန္အန္ထြက္သြားေတာ့ Jaeyang က သက္ျပင္းခ်ကာ ေခါင္းခါလိုက္သည္။
"ဘယ္ေနရာတူလို႔လဲ... တျခားစီ..."
Sehun အတင္းပဲ ျငင္းပစ္သည္။
တူစရာ႐ွား ဟိုအ႐ိုင္းတံုးနဲ႔တဲ့...
"ငါေျပာေနတာ ႐ုပ္ကိုမဟုတ္ဘူး... မင္းတို႔ Type ေတြ... ၿပီးေတာ့ အမူအက်င့္ေတြ..."
" ငါတို႔ေတြ႔တာ ရက္ပိုင္းပဲ ႐ွိေသးတယ္... မင္း ငါ့ကို ေဝဖန္သံုးသပ္ေနတာ မျမန္လြန္ဘူးလား..."
" အဲဒါေတြကစတူေနတာပဲ... ငါ Kaiနဲ႔စေတြ႔တုန္းက သူလည္း အဲစကားကိုပဲေျပာခဲ့တယ္... အခု မင္းေျပာခဲ့တဲ့စကားမ်ိဳးေပါ့..."
"ၾကာၿပီလား...သူနဲ႔သိတာ..."
"7ႏွစ္... ဒါေပမဲ့ ငါတို႔ မ်က္ႏွာခ်င္းဆိုင္တိုင္း စကားအမ်ားဆံုးေျပာဖူးတာလက္ခ်ိဳးေရလို႔ရ တယ္ "
Jaeyangရဲ႕ အားလပ္ရက္မွာ photo making လုပ္ရင္း ခဏအနားယူေနတုန္း Sehunတို႔ Company ေ႐ွ႕က Coffee & Juice Barေလးမွာ စကားလက္ဆံုက်ေနျခင္းျဖစ္သည္။
Kaiနဲ႔တူတယ္ေျပာရေအာင္ က်ေနာ္က သူလိုေတာ့ မ႐ိုင္းစိုင္းတတ္ဘူးလားလို႔...
ေအာ္...ဘာမဟုတ္တာေလး က်ေနာ္ ဘာလို႔မ်ား ေခါင္းထဲထည့္ေနပါလိမ့္...
မေတြးခ်င္တဲ့လူတစ္ေယာက္အေၾကာင္း အျမဲေတြးေနရတာကလည္း ဝဋ္ပါပဲ။
❤❤❤❤❤❤❤❤❤❤❤❤❤❤
"တီး...ေတာင္..."
ဘဲျမည္သံေၾကာင့္ အခန္းတံခါး ဆြဲဖြင့္လိုက္ခ်ိန္
"မင္း..."
Sehun ဘာမွမေျပာရေသး... Kaiက သူ႔အပိုင္တိုက္ခန္းလိုပင္ အတြင္းထဲတိုးဝင္လာသည္။
"ျမန္ျမန္ဆန္ဆန္ ဖြင့္ေပးလာမယ္ မထင္ထားဘူး... မင္းတစ္ေယာက္တည္းေနတာလား..."
"ကန္းမေနဘူးမလား..."
Sehun စကားကို Kai က ဟက္ကနဲရယ္လိုက္ရင္း
"အဆင္ေျပသြားတာေပါ့... ဘယ္သူမွ မ႐ွိေတာ့... ကားထဲမွာထက္..."
"ဘာ...မင္း ဘာစကားေျပာတာလဲ... အခုခ်က္ခ်င္း ငါ့အခန္းကထြက္သြား..."
ဘယ္သူမွန္းမၾကည့္ပဲ တံခါးဖြင့္ေပးလိုက္မိတဲ့ ကိုယ့္လက္ကိုသာ Sehun ဓါးနဲ့ ႏုတ္ႏုတ္စင္းပစ္ခ်င္စိတ္ေတာင္ေပါက္လာသည္။
Kai ပံုစံၾကည့္ရတာ ေနာက္ေျပာင္ေနတာနဲ႔ မတူသလို... ဆိုဖာကေနထလာျပီး တျဖည္းျဖည္း ရဲတင္းစြာ ေ႐ွ႕ကို တိုးလာေတာ့ Sehun တျဖည္းျဖည္း ေနာက္ဆုတ္ရင္း နံရံမွာ ေက်ာကပ္သြားသည္။
"ငါ့စိတ္ေတြအခုတေလာ ပိတ္ေလွာင္ခံထားရသလို မြန္းၾကပ္ေနလို႔ မင္းကလြဲလို႔ ထြက္ေပါက္မ႐ွိဘူး... "
"အဲဒါ မင္းအပိုင္းေလ... ငါနဲ႔ဘာဆိုင္လဲ..."
Sehun ေအာ္ပစ္လိုက္ေတာ့ Kaiဆီက ေျခာက္ကပ္စြာ ရယ္သံက ေက်ာခ်မ္းစရာ...။
"စတာကို... စိတ္ဆိုးသြားတာလား...အဟက္... ေၾကာက္ေနလိုက္တာမ်ား..."
နီးကပ္လုဆဲဆဲမွာ ႐ုတ္တရက္ႀကီး ျပန္ခြာသြားၿပီး ေျပာလိုက္တဲ့စကားက လြင့္စင္သြားေအာင္ ကန္ပစ္ခ်င္စရာေလး...။
ခပ္သဲ့သဲ့ သူရယ္ေမာသံက က်ေနာ့္တိုက္ခန္းေလးထဲ ပဲ့တင္ထပ္ေနတယ္...။
"ဘာအတြက္လာတာလဲ...."
"ကိစၥ႐ွိမွလာရမွာလား..."
"မင္း ဟိုေန႔က ငါ့ကိုခ်ိဳးသြားတာေလ... "
ေမာင္းထုတ္တဲ့ကိစၥကို Sehun ေျပာမွန္း Jongin သိပံုျပေသာ္လည္း တမင္ပင္ စဥ္းစားရခက္ေနသေယာင္နဲ႔
" ဟုတ္လား... ဘာမ်ားပါလိမ့္.... မသိေတာ့ဘူး... ငါ မင္းကို ဘာခ်ိဳးမိလဲဆိုတာ... အရင္တည္းက ငာက တစ္ခုခုဆို ေမ့လြယ္တတ္လို႔ ... "
ေျပာၿပီးတာနဲ႔ ႐ုတ္တရက္ႀကီး ငံု႕က်လာတဲ့ မ်က္ႏွာ... ၿပီးေတာ့ ပူေႏြးသြားတဲ့ ႏူွတ္ခမ္းသားေပၚက ဖ်တ္ခနဲ ျပန္ခြာၿပီး မထီသလိုျပံဳးေနတဲ့သူ...။
"မင္း...ဒါဘာလုပ္တာလဲ..."
Sehunကသာ စိတ္ေတြဆိုးေနတာ...
Kaiကေတာ့ သာမန္ျဖစ္႐ိုးျဖစ္စဥ္လို...
"မဆိုးပါဘူး... အေကာင္းႀကီးထဲ ပါမေနေပမယ့္ အဆင္ေျပရံုေလာက္ေတာ့ ႐ွိပါတယ္ မင္းႏူွတ္ခမ္းက... အာ... စကားမစပ္ နမ္းခ်င္လြန္းလို႔ေတာ့ မဟုတ္ဘူးေနာ္... မင္း ၿငိမ္ခံေနလား သိခ်င္လို႔ စမ္းလိုက္တာ... မထင္ရဘူးေနာ္ ခံသားပဲ..."
တစ္ကိုယ္လံုး အသားေတြတုန္လာတဲ့အထိ ေဒါသကေဆာင့္တိုးလာေပမယ့္... သူ နားဖ်ားကပ္ေျပာတဲ့စကားေၾကာင့္ ပိုၿပီး ႏွလံုးေသြးေတြ တိုးလာသလိုလို...
"ဒါနဲ႔ အဲညက ဘာမွန္းမသိလိုက္ေပမယ့္ Video ျပန္ၾကည့္မိေတာ့ မင္းက ဆြဲေဆာင္မူွ႐ွိသားပဲ... Online တင္ဖို႔ေတာင္ ႏွေမ်ာစရာေလး..."
" Kim Kai..."
Sehun အံႀကိတ္ၿပီး သူ႔နာမည္ထြက္ေတာ့ မ်က္ခံုးႏွစ္ဖက္ျမင့္တက္ၿပီး ေမးေငါ့သည္။
သေဘာက ဘာလဲေပါ့...ေတာက္...
"မင္းဘက္က ေအးေဆးပါးစပ္ပိတ္ေနသေရြ႕ ငါ မ႐ိုင္းပါဘူး... အဲေတာ့ မင္း Jaeyang ေ႐ွ႕ စကားေျပာေလးဆင္ျခင္ေပါ့... အဲဒါ လာေျပာတာ bye "
လက္ကာ တာတာျပရင္း တံခါးဆီေရာက္ၿပီးခါမွ လူကို လက္နဲ႔ယက္ေခၚေနတဲ့ Kaiကို Sehun မ်က္ေစာင္းထိုးကာ မသြားပဲ ေပရပ္ေနေတာ့...
"ျမန္ျမန္ျပန္ေစခ်င္ရင္ ခုနကေပးသြားတဲ့ အနမ္းအတြက္ ကိုယ့္ပါးေပၚ ႏူွတ္ဆက္အနမ္းေလးနဲ႔ လက္စားမေခ်ခ်င္ဘူးလား..."
"ေသေလ..."
လႊတ္ခနဲ ပါးစပ္ကထြက္သြားသည္။
"ရတယ္ေလ... ဒါဆို မျပန္ဘူး... အခ်ိန္ သံုးမိနစ္ေပးမယ္... သံုးမိနစ္ျပည့္လို႔မွ လာမနမ္း... "
ဆက္မေျပာပဲ သူ႔လက္ထဲက ဖုန္းကို ဟန္ပါပါနဲ႔ လူွပ္ကစားျပေနတယ္...
"တစ္..."
"ႏွစ္..."
"ရႊတ္..."
ျမန္ျမန္ၿပီး ျမန္ျမန္ျပန္ၿပီးေရာ သူ႔ပါးေပၚ ႏူွတ္ခမ္းဖိလိုက္ေတာ့... သူႏိုင္စားရလို႔ ေက်နပ္သြားတဲ့႐ုပ္ႀကီးနဲ႔ ျပန္သြားေတာ့သည္။
ဘယ္သူမွ ေသာက္ဂ႐ုမစိုက္တဲ့ Sehunလိုေကာင္က အခုလို သူျခယ္လွယ္သမ်ွ ၿငိမ္ခံေနရတာ ကိုကိုဆိုတဲ့ လူသားသိသြားမွာ စိုးတဲ့ အေၾကာင္းျပခ်က္တစ္ခုတည္းေၾကာင့္သာ...။
ေတာက္... လူယုတ္မာေကာင္...
ဘယ္တတ္ႏိုင္ပါ့မလဲ... သူနင္းထားတာ ကိုယ့္ရဲ႕ ေပ်ာ့ကြက္ျဖစ္ေနေတာ့... ေနာက္ဆံုးေတာ့ လူတစ္ေယာက္ရဲ႕ ႀကိဳးဆြဲရာ ကျပရတဲ့ ႐ုပ္ေသး႐ုပ္သာသာ ဘဝကို ေန႔ခ်င္းညခ်င္း ကူးေျပာင္းသြားရတာပဲ...
ံ
❤❤❤❤❤❤❤❤❤❤❤❤❤❤
Coming...
........................................................................
Unicode
"မင်းက သူနဲ့တူတယ် "
"ဘယ်သူနဲ့လဲ"
" Kai... "
"ဖလူး... "
Sehun သောက်လက်စ အအေးတွေ ပြန်အန်ထွက်သွားတော့ Jaeyang က သက်ပြင်းချကာ ခေါင်းခါလိုက်သည်။
"ဘယ်နေရာတူလို့လဲ... တခြားစီ..."
Sehun အတင်းပဲ ငြင်းပစ်သည်။
တူစရာရှား ဟိုအရိုင်းတုံးနဲ့တဲ့...
"ငါပြောနေတာ ရုပ်ကိုမဟုတ်ဘူး... မင်းတို့ Type တွေ... ပြီးတော့ အမူအကျင့်တွေ..."
" ငါတို့တွေ့တာ ရက်ပိုင်းပဲ ရှိသေးတယ်... မင်း ငါ့ကို ဝေဖန်သုံးသပ်နေတာ မမြန်လွန်ဘူးလား..."
" အဲဒါတွေကစတူနေတာပဲ... ငါ Kaiနဲ့စတွေ့တုန်းက သူလည်း အဲစကားကိုပဲပြောခဲ့တယ်... အခု မင်းပြောခဲ့တဲ့စကားမျိုးပေါ့..."
"ကြာပြီလား...သူနဲ့သိတာ..."
"7နှစ်... ဒါပေမဲ့ ငါတို့ မျက်နှာချင်းဆိုင်တိုင်း စကားအများဆုံးပြောဖူးတာလက်ချိုးရေလို့ရ တယ် "
Jaeyangရဲ့ အားလပ်ရက်မှာ photo making လုပ်ရင်း ခဏအနားယူနေတုန်း Sehunတို့ Company ရှေ့က Coffee & Juice Barလေးမှာ စကားလက်ဆုံကျနေခြင်းဖြစ်သည်။
Kaiနဲ့တူတယ်ပြောရအောင် ကျနော်က သူလိုတော့ မရိုင်းစိုင်းတတ်ဘူးလားလို့...
အော်...ဘာမဟုတ်တာလေး ကျနော် ဘာလို့များ ခေါင်းထဲထည့်နေပါလိမ့်...
မတွေးချင်တဲ့လူတစ်ယောက်အကြောင်း အမြဲတွေးနေရတာကလည်း ဝဋ်ပါပဲ။
❤❤❤❤❤❤❤❤❤❤❤❤❤❤
"တီး...တောင်..."
ဘဲမြည်သံကြောင့် အခန်းတံခါး ဆွဲဖွင့်လိုက်ချိန်
"မင်း..."
Sehun ဘာမှမပြောရသေး... Kaiက သူ့အပိုင်တိုက်ခန်းလိုပင် အတွင်းထဲတိုးဝင်လာသည်။
"မြန်မြန်ဆန်ဆန် ဖွင့်ပေးလာမယ် မထင်ထားဘူး... မင်းတစ်ယောက်တည်းနေတာလား..."
"ကန်းမနေဘူးမလား..."
Sehun စကားကို Kai က ဟက်ကနဲရယ်လိုက်ရင်း
"အဆင်ပြေသွားတာပေါ့... ဘယ်သူမှ မရှိတော့... ကားထဲမှာထက်..."
"ဘာ...မင်း ဘာစကားပြောတာလဲ... အခုချက်ချင်း ငါ့အခန်းကထွက်သွား..."
ဘယ်သူမှန်းမကြည့်ပဲ တံခါးဖွင့်ပေးလိုက်မိတဲ့ ကိုယ့်လက်ကိုသာ Sehun ဓါးနဲ့ နုတ်နုတ်စင်းပစ်ချင်စိတ်တောင်ပေါက်လာသည်။
Kai ပုံစံကြည့်ရတာ နောက်ပြောင်နေတာနဲ့ မတူသလို... ဆိုဖာကနေထလာပြီး တဖြည်းဖြည်း ရဲတင်းစွာ ရှေ့ကို တိုးလာတော့ Sehun တဖြည်းဖြည်း နောက်ဆုတ်ရင်း နံရံမှာ ကျောကပ်သွားသည်။
"ငါ့စိတ်တွေအခုတလော ပိတ်လှောင်ခံထားရသလို မွန်းကြပ်နေလို့ မင်းကလွဲလို့ ထွက်ပေါက်မရှိဘူး... "
"အဲဒါ မင်းအပိုင်းလေ... ငါနဲ့ဘာဆိုင်လဲ..."
Sehun အော်ပစ်လိုက်တော့ Kaiဆီက ခြောက်ကပ်စွာ ရယ်သံက ကျောချမ်းစရာ...။
"စတာကို... စိတ်ဆိုးသွားတာလား...အဟက်... ကြောက်နေလိုက်တာများ..."
နီးကပ်လုဆဲဆဲမှာ ရုတ်တရက်ကြီး ပြန်ခွာသွားပြီး ပြောလိုက်တဲ့စကားက လွင့်စင်သွားအောင် ကန်ပစ်ချင်စရာလေး...။
ခပ်သဲ့သဲ့ သူရယ်မောသံက ကျနော့်တိုက်ခန်းလေးထဲ ပဲ့တင်ထပ်နေတယ်...။
"ဘာအတွက်လာတာလဲ...."
"ကိစ္စရှိမှလာရမှာလား..."
"မင်း ဟိုနေ့က ငါ့ကိုချိုးသွားတာလေ... "
မောင်းထုတ်တဲ့ကိစ္စကို Sehun ပြောမှန်း Jongin သိပုံပြသော်လည်း တမင်ပင် စဉ်းစားရခက်နေသယောင်နဲ့
" ဟုတ်လား... ဘာများပါလိမ့်.... မသိတော့ဘူး... ငါ မင်းကို ဘာချိုးမိလဲဆိုတာ... အရင်တည်းက ငာက တစ်ခုခုဆို မေ့လွယ်တတ်လို့ ... "
ပြောပြီးတာနဲ့ ရုတ်တရက်ကြီး ငုံ့ကျလာတဲ့ မျက်နှာ... ပြီးတော့ ပူနွေးသွားတဲ့ နူှတ်ခမ်းသားပေါ်က ဖျတ်ခနဲ ပြန်ခွာပြီး မထီသလိုပြုံးနေတဲ့သူ...။
"မင်း...ဒါဘာလုပ်တာလဲ..."
Sehunကသာ စိတ်တွေဆိုးနေတာ...
Kaiကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်လို...
"မဆိုးပါဘူး... အကောင်းကြီးထဲ ပါမနေပေမယ့် အဆင်ပြေရုံလောက်တော့ ရှိပါတယ် မင်းနူှတ်ခမ်းက... အာ... စကားမစပ် နမ်းချင်လွန်းလို့တော့ မဟုတ်ဘူးနော်... မင်း ငြိမ်ခံနေလား သိချင်လို့ စမ်းလိုက်တာ... မထင်ရဘူးနော် ခံသားပဲ..."
တစ်ကိုယ်လုံး အသားတွေတုန်လာတဲ့အထိ ဒေါသကဆောင့်တိုးလာပေမယ့်... သူ နားဖျားကပ်ပြောတဲ့စကားကြောင့် ပိုပြီး နှလုံးသွေးတွေ တိုးလာသလိုလို...
"ဒါနဲ့ အဲညက ဘာမှန်းမသိလိုက်ပေမယ့် Video ပြန်ကြည့်မိတော့ မင်းက ဆွဲဆောင်မူှရှိသားပဲ... Online တင်ဖို့တောင် နှမျောစရာလေး..."
" Kim Kai..."
Sehun အံကြိတ်ပြီး သူ့နာမည်ထွက်တော့ မျက်ခုံးနှစ်ဖက်မြင့်တက်ပြီး မေးငေါ့သည်။
သဘောက ဘာလဲပေါ့...တောက်...
"မင်းဘက်က အေးဆေးပါးစပ်ပိတ်နေသရွေ့ ငါ မရိုင်းပါဘူး... အဲတော့ မင်း Jaeyang ရှေ့ စကားပြောလေးဆင်ခြင်ပေါ့... အဲဒါ လာပြောတာ bye "
လက်ကာ တာတာပြရင်း တံခါးဆီရောက်ပြီးခါမှ လူကို လက်နဲ့ယက်ခေါ်နေတဲ့ Kaiကို Sehun မျက်စောင်းထိုးကာ မသွားပဲ ပေရပ်နေတော့...
"မြန်မြန်ပြန်စေချင်ရင် ခုနကပေးသွားတဲ့ အနမ်းအတွက် ကိုယ့်ပါးပေါ် နူှတ်ဆက်အနမ်းလေးနဲ့ လက်စားမချေချင်ဘူးလား..."
"သေလေ..."
လွှတ်ခနဲ ပါးစပ်ကထွက်သွားသည်။
"ရတယ်လေ... ဒါဆို မပြန်ဘူး... အချိန် သုံးမိနစ်ပေးမယ်... သုံးမိနစ်ပြည့်လို့မှ လာမနမ်း... "
ဆက်မပြောပဲ သူ့လက်ထဲက ဖုန်းကို ဟန်ပါပါနဲ့ လူှပ်ကစားပြနေတယ်...
"တစ်..."
"နှစ်..."
"ရွှတ်..."
မြန်မြန်ပြီး မြန်မြန်ပြန်ပြီးရော သူ့ပါးပေါ် နူှတ်ခမ်းဖိလိုက်တော့... သူနိုင်စားရလို့ ကျေနပ်သွားတဲ့ရုပ်ကြီးနဲ့ ပြန်သွားတော့သည်။
ဘယ်သူမှ သောက်ဂရုမစိုက်တဲ့ Sehunလိုကောင်က အခုလို သူခြယ်လှယ်သမျှ ငြိမ်ခံနေရတာ ကိုကိုဆိုတဲ့ လူသားသိသွားမှာ စိုးတဲ့ အကြောင်းပြချက်တစ်ခုတည်းကြောင့်သာ...။
တောက်... လူယုတ်မာကောင်...
ဘယ်တတ်နိုင်ပါ့မလဲ... သူနင်းထားတာ ကိုယ့်ရဲ့ ပျော့ကွက်ဖြစ်နေတော့... နောက်ဆုံးတော့ လူတစ်ယောက်ရဲ့ ကြိုးဆွဲရာ ကပြရတဲ့ ရုပ်သေးရုပ်သာသာ ဘဝကို နေ့ချင်းညချင်း ကူးပြောင်းသွားရတာပဲ...
ံ
❤❤❤❤❤❤❤❤❤❤❤❤❤❤
Coming....