တော်မဝင်ပါ...သို့သော်...[Comp...

De LaminlayLaminlay3

979K 66.3K 1.6K

''အမရာ၊ကိန္နရီ၊မဒ္ဒီ၊သမ္ဗူ လက်တွဲဖော်ကောင်း၊ သတ်မှတ်ဂုဏ်အင်အပြည့်တည်သည့် တော်ဝင်နန်းထိုက်ပန်းကောင်းလေးမြတ် ။'... Mai multe

အခန်း၁
အခန်း2
အခန်း၃
အခန်း4
အခန်း5
အခန်6း
အခန်း7
အခန်း8
အခန်း9
အခန်း၁၀
အခန်း 11
အခန်း12
အခန်း13
အခန်း14
အခန်း15
အခန်း16
အခန်း17
အခန်း18
အခန်း19
အခန်း20
အခန်း21
အခန်း22
အခန်း23
အခန်း24
အခန်း25
အခန်း26
အခန်း27
အခန်း28
အခန်း29
အခန်3း0
အခန်3း1
အခန်3း2
အခန်3း3
အခန်3း4
အခန်3း5
အခန်3း6
အခန်3း7
အခန်3း8
အခန်3း9
အခန်း40
🌈🌈🌈
🌈🌈🌈
အခန်​41
အခန်း42
အခန်း43
အခန်း44
အခန်း45
အခန်း46
အခန်း47
ဇာတ်​သိမ်းပိုင်းZawgi
အခန်း1(unicode)
အခန်း2(unicode)
အခန်း၃(unicode)
အခန်း4(unicode)
အခန်း5(unicode)
အခန်း6(unicode)
အခန်း7(unicode)
အခန်း9(unicode)
အခန်း10(unicode)
အခန်း11(unicode)
အခန်း12(unicode)
အခန်း13(unicode)
အခန်း14(unicode)
အခန်း15(unicode)
အခန်း16(unicode)
အခန်း17(unicode)
အခန်း18(unicode)
အခန်း19(unicode)
အခန်း20(unicode)
အခန်း21(unicode)
အခန်း22(unicode)
အခန်း23(unicode)
အခန်း24(unicode)
အခန်း25(unicode)
အခန်း26(unicode)
အခန်း27(unicode)
အခန်း28(unicode)
အခန်း29(unicode)
အခန်း30(unicode )
အခန်း31(unicode)
အခန်း32(unicode)
အခန်း33(unicode)
အခန်း34(unicode)
အခန်း35(unicode)
အခန်း36(unicode)
အခန်း37(unicode)
အခန်း38(unicode)
အခန်း39(unicode)
အခန်း40(unicode)
🌈🌈🌈
🌈🌈🌈
အခန်း41(unicode)
အခန်း42(unicode)
အခန်း43(unicode)
အခန်း၄၄(unicode)
အခန်း၄၅(unicode)
အခန်း၄၆(unicode)
အခန်း၄၇(unicode)
final(unicode)
New Story
Book Announcement📒
book announcement2👏👏
အသိပေးကြေညာခြင်း

အခန်း8(unicode)

5.4K 561 10
De LaminlayLaminlay3

        ကျောင်းမှဝတ်စုံမထုတ်ရသေးသည်မို့ နှစ်သစ်သူ့မှာရှိတဲ့ အသစ်လွင်ဆုံးကျောင်းစိမ်းဝတ်စုံလေးကိုသာထုတ်ဝတ်လိုက်သော်လည်း လူဂုဏ်တန်သူဌေးသားသမီးတွေအများစုသာတက်နိုင်တဲ့ဒီလိုကိုယ်ပိုင်ကျောင်းကြီးထဲမှာတော့နှစ်သစ်၏ တထွန်တပတ်ရစ်လုံချဉ်အစိမ်းလေး နှင့်ဆင်ဆွယ်ရောင်ဘက်ရောက်လုလုအဖြူရောင်ရှပ်ကလေးကတော့မျက်နှာငယ်စွာ ။သို့သော် ထိုဝတ်စုံပေါ်အရမ်းကြီးသောက ရောက်ချိန်မရ။ခွန်မင်းသုအတွက် သူများတွေနဲ့တန်းတူသစ်လွင်နေသောကျောင်းဝတ်စုံလေးတစ်စုံရဖို့အရေး မနေ့ညကမီးပူတိုက်ပြီးသားဝတ်စုံခေါက်လေးကို ဘယ်ပြန်ညာပြန်ဖြန့်ကြည့်ရင်းအလုပ်ရှုပ်နေသည် ။ ပြီးမှ စိတ်ကျေနပ်မှုရသွားထင် ဝတ်စုံလေးကိုဘေးသို့ချကာ မြင်းခေါင်းတံဆိပ်ပေါင်ဒါမှုန့်ဘူးကြီးကို ဆွဲယူလိုက်သည်။

"လာခွန်လေး လက်မြှောက်"

ခွန်မင်းသုသည် ‌စောင်တပတ်ကြီးခြုံ၍ငုတ်တုပ်လေးထိုင်နေရာမှ ထိုတပတ်ကြီးကိုဖယ်ချပြီး မတ်တပ်လေးထကာလက်မြှောက်ပေးသည်။ နှစ်သစ်လည်း ချဉ်ပဝါပိုင်းစလေးပေါ် မြင်းခေါင်းတံဆိပ်ပေါင်ဒါဘူးထဲမှ ပေါင်ဒါမှုန့်များကိုပေါက်ချပြီး မြှောက်‌ပေးထားသည်ခွန်မင်းသု၏ ချိုင်းကြားလေးတွေထဲသိပ်ပေးလိုက်သည် ။ထိုအခါ တွန့်လိမ့်လာသော ကိုယ်လေးကိုလည်း ထိန်းကိုင်ပေးရသေးသည်။

"ခိခိဟားဟား ကိုနှစ် ယားတယ်။ မြန်မြန်သိပ်ပေးပါ "

"ကဲကိုယ်တော်ချောလေးငြိမ်ငြိမ်နေ ဒီမယ်ငါ့ပုဆိုးပေါ်ဖိတ်ကုန်ပြီ ။အတန်းထဲမှာ အရမ်းမဆော့နဲ့နော် ။ကိုနှစ်လိုအပ်တဲ့ဖတ်စာအုပ်တွေထုတ်ရဦးမှာမို့ ဒီနေ့တော့ခွန်လေးတစ်ယောက်တည်းဘဲ သွားလိုက်တော့နော် ဖြစ်တယ်မို့လား"

"ဟုတ် ကျွန်တော်သွားတက်ပါတယ်ဗျ"

နှစ်သစ်ဝတ်ပေးနေသည့်ကျောင်းဝတ်စုံလေးနှင့်ဆီအနည်းငယ်ဖြင့်သေသပ်နေသောဆံပင်ကခွန်မင်းသုနှင့်အလွန်ပနံရလှသည် ။ နှစ်သစ်ကိုယ်တိုင်လူးပေးထားသော ပါးပေါ်မှပြေပြစ်ညီညာသည့် လေးတောင့်သနပ်ခါးပါးကွက်လေးနှစ်ခုသည် ခွန်မင်းသု၏ချစ်ဖို့ကောင်းသည့်သွင်ပြင်လေးကိုပံ့ပိုးပေးသေးသည် ။

"ကဲကိုလူပျိုပေါက်လေးတော့ ပြင်ဆင်ပေးပြီးသွားပြီ စာအုပ်တွေခဲတံတွေစုံရဲ့လားသေချာကြည့်ဦး "

"အကုန်စုံတယ် စစ်ပြီးပြီ သွားပြီနော် "

ကျောပိုးအိတ်လေးလွယ်၍ အခန်းရှေ့မှသားရေဖိနပ်လေးကိုစီးကာ ကျောင်းသွားရန်ပြင်နေသော ခွန်မင်းသုနား နှစ်သစ်ဒူးတုပ်ထိုင်ချလိုက်သည်။ပြီးနောက် ပါးတစ်ဖက်ကိုဖောင်းကာလက်ညှိုးလေးနဲ့ပုတ်ပြလိုက်သည် ။

"ဟီး မေ့တော့မလို့ ပြွတ်"

............
ဖတ်စာစာအုပ်များထုတ်ပေးနေသည့်ရုံးခန်း
ရှေ့ရောက်တော့ကျောင်းသူကျောင်းသားများ
နှင့်မိဘအနည်းငယ်သာရှိတော့သည် ။
နှစ်သစ်လည်း အခန်းထဲမှစာရင်းစစ်ကြီးနားသွား
လိုက်သည် ။အခန်းထဲကစာရင်းစစ်ကြီးကတော့အရင်ရောက်လာသူများကိုနာမည်စာရင်းနှင့်တကွထုတ်ပေးရမည့်ဖတ်စာအုပ်များကို ရွေးချယ်ပြီးထုတ်ပေးနေသည်။

''Grade9မသုသုအေးကို "

ထိုစာရေးကြီးမှ မိန်းကလေးတစ်ယောက်အမည်ကိုခေါ်လိုက်သောအခါ ရုံးခန်းလေးထဲသို့ ဝဖိုင့်ဖိုင့်အမျိုးသမီးကြီးနှင့်ပိန်ပါးပါးမိန်းကလေးတဦးဝင်လာသည်။

"ဟုတ်ကဲ့ ဒီမှာပါ စာအုပ်ဖိုးကဘယ်လောက်လဲဟင်"

''သောင်းရှစ်ထောင်ပါ "

နှစ်သစ်ကူမျက်လုံးပြူးသွားရသည်။
ကျောင်းစာအုပ်တွေကဒီလောက်ဈေးကြီးရလား၊အပြင်ကစာအုပ်ဆိုင်မှာဝယ်ရင်တောင်၂ထောင်ကျော်လောက်ဘဲရှိမည် ။နှစ်သစ်ကူးတန်ဖိုးတွက်နေစဉ် ကောင်မလေးမိခင်မှတစ်ထောင်တန်အုပ်ထဲမှဇွက်ခနဲဟန်ပါပါဖြုတ်ပေးလိုက်သည်။

ကောင်မလေးထုတ်ယူသွားသောစာအုပ်တွေကြည့်မိလိုက်မှ နှစ်သစ်နားလည်သွားရသည်။စာအုပ်တွေသည်သူတို့အရင်တုန်းကကိုင်ခဲ့ရသောစာရွက်သားညံ့ညံ့များဖြင့်ပြုလုပ်ထားသည့်ဖတ်စာအုပ်များမဟုတ်နေပါ။ထို့ပြင်သူတစ်ခါမှမမြင်ဖူးသော ပြင်ပစာသင်ရိုးစာအုပ်များလည်းပါသေးသည် ။

''Grade9သွန်းတည်တံ့ ခုနနာမည်အလှည့်ကျော်သွားတဲ့ နှစ်သစ်ကူးရောက်ရင်စာအုပ်လာယူပါ ''

နှစ်သစ်ကူး သူ့နာမည်ကြားမှ သူသင်ရမဲ့စာအုပ်တွေကြောင်းစဉ်းစားခန်းရပ်သွားသည် ။
နောက်ပြီးသူများစာအုပ်ဖိုးပေးရမလားတွေးမိပြီး စိတ်ပူသွားရသည်မှာ ရင်ထဲထိတ်ခနဲ။
သို့သော် မဖြစ်နိုင်ပါဘူးငါ Scholarshipကျောင်းသားဘဲ ဟူ၍ဖြေသိမ့်တွေး၍အထဲသို့ဝင်သွားလိုက်သည်။ သူ့ရှေ့မှစာအုပ်ထုတ်နေသော ကောင်လေး၏အခြေနေကိုလည်းအကဲခတ်ရသေးသည် ။သေချာကြည့်မိမှ သူထိုကောင်လေးကို သူရုတ်တရက်မှတ်မိသွားသည်။သူတို့ဂေဟာအလှူလာလုပ်တဲ့မိသားစုကကောင်လေးဘဲအင်းလေဒီလိုကျောင်းမျိုးမှာပြန်တွေ့ရတာမဆန်းတော့မဟုတ် ။စိတ်ထဲတွေးနေရင်း သူနဲ့သိသူတစ်ယောက်တွေ့လိုက်ရ၍အနည်းငယ်တော့စိတ်အေးသွားရသည်။

''မင်းကနှစ်သစ်ကူးလား "

"ဟုတ် ကျွန်တော့်ညီလေးကိုပြင်ဆင်ပေးရင်း နည်းနည်းနောက်ကျသွားလို့"

စာရေးကြီးစိတ်တိုနေမှာဆိုး၍တစ်ခါတည်းဖြေရှင်းချက်ပေးရသေးသည် ။

"ရပါတယ် ... ။အော်မင်းကscholarကျောင်းသားမို့ပိုက်ဆံရှင်းစရာမလိုဘူး။ ဒီနားမှာစာအုပ်ထုပ်ယူပြီးကြောင်းလက်မှတ်ထိုးလိုက်ရင် ရပြီ "

နှစ်သစ်ခုမှစိတ်အေးရသည် ။ထို့နောက် စာရေးကြီးပြသည့်နေရာမှာလက်မှတ်ထိုးပေးလိုက်သည်။

''အော်ဦးလေးGrade5က scholarကျောင်းသား ခွန်မင်းသုအတွက်ရောထုတ်သွားလို့ရလား''

'' G5တွေဆိုအတန်းထဲဝေမှာ ။ငါ့တူကscholarရတာဆိုတော့ကြိုးစားကွာမင်းလိုကျောင်းသားတွေကိုဦးလေးအားပေးတယ် ။လိုအပ်တာရှိရင်ပြော ။ဦးလေးတက်နိုင်တဲ့ဘက်ကကူညီပေးမယ် ။ဒါနဲ့တူလေးကဘယ်ကလဲကျောင်းအိပ်ကျောင်းစားပဲလား''

''ဟုတ်ကဲ့ကျွန်တော်နဲ့ညီလေးတို့က အေးရိပ်စံ
မိဘမဲ့ဂေဟာကပါ ''

မိဘမဲ့ဂေဟာကဆိုသည့်အတွက်ကြောင့်
ထိုဦးလေးကြီးကနှစ်သစ်ကိုဂရုဏာသက်စွာကြည့်နေသည် ။နှစ်သစ်ကိုယ်တိုင်သည်လိုအကြည့်တွေကိုမခံချင်ပေမယ့် ဘယ်တက်နိုင်မလဲ သူတို့ကိုအသနားခံလူတန်းစားတစ်ရပ်လို့အမြဲမှတ်ယူးထားသည့်လူ့အသိုင်းဝိုင်းမှာတော့ခံနိုင်ရည်ရှိအောင် ကြိုးစားနေရသည်မှာ မလွယ်ကူလှ ။

နှစ်သစ်အတန်းထဲရောက်တော့ကျောင်းမတက်သေးသော်လည်းကျောင်းစဖွင့်သည့်ရက်ဖြစ်၍အတန်းထဲကျွတ်ကျွတ်ညံနေကြသည်။
လူပျိုပေါ်အပျိုဖေါ်ဝင်စအရွယ်လေးတွေဖြစ်သည့်အပြင်ငွေကြေးပြည့်စုံသောမိသားစုများမှ
ဆင်းသက်လာကြသူများဖြစ်၍ အတော်ပင်သားနား၍ အစွမ်းကုန်လှပနေကြသည် ။ထိုင်ခုံများကိုကြည့်လိုက်တော့ နှစ်ခုံသုံးခုံလောက်သာလွတ်တော့သည်။ထို့ကြောင့်သူထောင့်ကျကျနေရာလေးကိုရွေး၍ထိုင်လိုက်ပြီး ခုနထုတ်လာသောစာအုပ်များကိုတစ်အုပ်ချင်းထုတ်ကြည့်နေမိသည်။ ပြီးနောက်ထိုစာအုပ်တိုင်းတွင် မောင်နှစ်သစ်ကူး ဆိုသည့်နာမည်လေးများကိုရေးထိုးလိုက်သည်။ထိုအချိန်ခဏကျွက်ကျွက်ညံနေသောစကားသံတို့အနည်းငယ်တိတ်သွားသည်။
နှစ်သစ်ထိုအနည်းငယ်ထူးဆန်းသည့်
အခြေနေကြောင့်ဘေးဘီသို့လှည့်ကြည့်လိုက်ရာစာအုပ်ထုတ်ရာမှာတွေ့ခဲ့သော အလှူရှင်ကောင်လေးအတန်းထဲဝင်လာတာတွေ့လိုက်ရသည်။ခုနအာပေါင်အာရင်းသန်သန်ဝိုင်းဖွဲ့စကားပြောနေကြသောကောင်မလေးအုပ်စုသည်လည်းခုတော့သူတို့မဟုတ်သည့်တိုင်းအိနြေ္ဒကြီးတစ်ခွဲသားနှင့်အထာပေးနေကြသေးသည်။ ထိုကောင်လေးကတော့ထိုင်ရန်နေရာရွေးနေသည်ထင်။လွတ်နေသည့်နေရာမှာလည်းဘယ်သူမှမထိုင်ချင်သောနေရောင်ထိုးသောပြတင်းပေါက်နားကနှစ်ခုံတွဲနေရာသာရှိတော့သည်။ထိုကောင်လေးက နေထိုးနေတဲ့နေရာတွင်ထိုင်ရမှာအတော်ပင်ဝန်လေးနေသည်
ထင်။ မျက်မှောက်ကြီးကြုံ့လို့၊
သူလိုသူဌေးသားကနေပူတာဘယ်ခံနိုင်ပါ့လဲဟူ၍ နှစ်သစ် စာနာစွာတွေးပေးလိုက်သည် ။
အဆုံးထိဘယ်နေရာမှမထိုင်ဘဲ ဒီတိုင်းအကြာကြီးရပ်နေသော သွန်းတည်တံ့ကို ဘယ်သူမှနေရာမလဲပေးချင်ကြ။ နောက်ဆုံးမနေနိုင်သည့် နှစ်သစ်ကူးကဘဲ လောကွတ်ချော်၍ သူနေရာဦးထားသည့်နေရာကိုဖယ်ပေးဖို့ဆုံးဖြတ်လိုက်သည်။

''မင်းငါ့နေရာလာထိုင်လိုက်လေ ။ငါအဲ့နေရာမှာ
ထိုင်လိုက်မယ် ''

နှစ်သစ်စကားကိုဘာမှခွန်းတုန့်မပြန်ဘဲ
တစ်ခါတည်းဖယ်ပေးလိုက်သည့်နှစ်သစ်နေရာကိုဝင်ထိုင်လိုက်သည်မှာကျေးဇူးတင်ပါတယ်ဟုပင်ပြောမသွား။
နှစ်သစ်မှာတော့ခုနတစ်အုပ်စီထုတ်ထားသောစာအုပ်များကိုဖရိုဖရဲနှင့်လျင်မြန်စွာသိမ်း၍ဖယ်ပေးလိုက်ရသည်။နေရာပြောင်းလိုက်သောကြောင့်နှစ်သစ်ကသွန်းတည်တံ့ရဲ့အရှေ့သို့နေရောင်ကျသောနေရာသို့ရောက်သွားသည်။ မနက်ခင်းဖြစ်နေ၍နေရောင်အရမ်းကြီးတော့မပြင်းသေးပေ။ဆရာများသည်လည်းအသင်ပြတော်တော်ကောင်းကြပါသည် ။စာသင်ချိန်၂ချိန်ကုန်သွားချိန်တွင်နေရှိန်သည်သိသိသာသာပြင်းလာသည်။ နှစ်သစ်၏ဝတ်ထားသောအိကျၤီနွမ်းနွမ်းလေးပင်ချွေးများစို့လာ၏ ။ဘယ်သူမှသူ့ကိုအဆင်ပြေရဲ့လားလို့လာမမေးကြ။ဒီတိုင်းဆိုမဖြစ်တော့ လိုက်ကာမတပ်ရသေးသည့်ပြတင်းပေါက်ကို သွားပိတ်ရန်သာရှိတော့သည် ။

'' ပြတင်းပေါက်မပိတ်နဲ့ ပိတ်ရင်ငါ့နေရာမှောင်သွားမှာ"
နှစ်သစ်ပြတင်းပေါက်ပိတ်ရန်ပြတင်းတစ်ဖက်ကိုလှမ်းဆွဲလိုက်ရုံရှိသေးသူ့နောက်မှ သွန်းတည်တံ့၏ တားဆီးမှုကြောင့် စိတ်တိုသွားသည်။ ပြောနေပုံက လုံးဝကို အထက်စီးဆန်လှသည်။

''ကျစ် !!! မင်းငါ့နေရာလည်းကြည့်ဦးလေ။
မင်းကိုယ်ချင်းမစာတက်ဖူးလား ငါ့နေရာဒီလောက်ပူနေတာကို"

''မင်းကိုရောဘယ်သူကနေရာဖယ်ခိုင်းလို့လဲ။ကိုယ့်ဘာသာကိုဖယ်ပေးပြီးတော့ ခုမှသူတော်ကောင်းလာလုပ်မနေနဲ့ ဖယ်အဲ့နားက "

တော်တော်စိတ်ပျက်ဖို့ကောင်းသည် ။စေတနာနဲ့နေရာဖယ်ပေးထားတာတောင်ကိုယ်ချင်းမစာ ဒီလိုစကားမျိုးပြောထွက်သည် ။နှစ်သစ်မှာအံ့သြလို့အဆုံး ။

''ဟား... မင်းတော်တော်လူပါးဝတာဘဲ ''

"ဘာကွ!"

အတန်းထဲရှိကျောင်းသူကျောင်းသားများလည်းသူတို့နှစ်ယောက်ကိုစိတ်ဝင်စားစွာကြည့်နေကြ၏။
နောက်ဘာသာသင်မဲ့ဆရာမရောက်လာမှသူတို့ဆီမှမျက်လုံးများဖယ်ခွါသွားကြသည် ။
နှစ်သစ်ကိုယ်၌လည်းကျောင်းပထမဆုံးနေ့ဖြစ်သည့်အပြင်အထောက်ပံ့ယူပညာသင်ရသူဖြစ်၍အစစအရာရာသူကပဲအလျော့ပေးလိုက်ရသည် ။ဒီတစ်ချိန်ပြီးရင်မုန့်စားကျောင်းဆင်းမှာဘဲ နေကလည်းခဏပဲပူတော့မှာပါ ။ခဏတော့သည်းခံလိုက် နှစ်သစ်ကူးရေဟုသာမိမိကိုယ်မိမိပြန်သတိပေးရင်းအားတင်းလိုက်ရသည် ။
...........................

''ဟေ့ နင်ကကျောင်းသားသစ်လား ဘယ်ကျောင်းကပြောင်းလာတာလဲ ''
ခွန်မင်းသု သူ့နားသို့ ခုန်ဆွခုန်ဆွနဲ့ရောက်လာပြီး သူ့ဘေးဝင်ထိုင်၍စကားလာပြောသော‌ကောင်မလေးကို လှည့်ကြည့်လိုက်သည်။သူများတွေလို သနပ်ခါးတွေဘာတွေမလိမ်းဘဲ ပြောင်သလင်းခါနေသည့် မျက်နှာပြောင်နဲ့ကလေးမလေးသည် သူ့ကိုအစွမ်းကုန်ရယ်ပြနေသည် ။

''ငါကအရင်က အေးရိပ်စံမိဘမဲ့ဂေဟာ ကျောင်းကဟ ။ခု ကိုနှစ်ကဒီကျောင်းပြောင်းလာလို့ငါပါလိုက်ပြောင်းလာတာ ''

''အေးရိပ်စံ။ အဲ့ဒါလမင်းဖွါးဖွါးကြီးတို့ထောင်ထားတဲ့ဂေဟာဘဲ ''

ကောင်မလေးက သူ့အဖြေကိုအံ့အားသင်စွာ အကျယ်ကြီးအော်ပြောသည်မှာ ဘေးကသူများပါသူတို့ကိုလှည့်ကြည့်လာကြသည်။

''ဟုတ်လား ။အါ့ဆိုနင်တို့ကချမ်းသာမှာပေါ့  ''

''ငါ့အိမ်မှာတော့ကစားစရာတွေများကြီးဘဲရှိတယ်။ ပြီးတော့ ငါ့မှာကျီင်္ လှလှလေးတွေလည်းအများကြီးရှိတယ်ဆို‌တော့ အွန်း နင်ပြောသလို ချမ်းသာတာတယ်ထားလိုက်ပါတော့ ဟီး"

''ဟီး နင်ကငကြွားမလေးဘဲအစကငါပျင်းနေတာငါ့ကိုဘယ်သူမှလည်းစကားလာမပြောကြဘူး ''

''ဘာငကြွားလဲ ။အမှန်တိုင်းပြောတာကို ဒီကျောင်းမှာကဒီလိုဘဲ အကုန်စာတော်ကြတော့မာနကြီးတွေကြီးပြီးတစ်ယောက်နဲ့တစ်ယောက်ပြိုင်နေကြတာလေ။ဒါနဲ့နင့့််နာမည်ကဘယ်လိုခေါ်လဲဟင်ငါ့နာမည်ကလမင်းလေး ''

''ငါ့နာမည်က ခွန်မင်းသု ။ကိုနှစ်ကတော့ ခွန်လေးလို့ဘဲခေါ်တယ် ''

''အါ့ဆိုငါတို့ သူငယ်ချင်းတွေဖြစ်ပြီနော် ။နင်အနောက်တန်းကိုပြောင်းခဲ့ပါ့လား ။ခုံလွတ်ရှိသေးတယ် ။အရှေ့ကြီးမနေနဲ့ဆရာမတွေစာမေးတာခံရတက်တယ်ဟ ''

လမင်းလေး၏ခြိမ်းခြောက်မှုလေးသည် အလုပ်ဖြစ်သွားသည်။ခွန်မင်းသုသည်တစ်ခါတည်း သူ့ကျောပိုးအိတ်လေးပိုက်၍ လမင်းလေး၏နောက်သို့ကောက်ကောက်ပါအောင်လိုက်သွားသည်။

''လာလာ..ငါမုန့်တွေအများကြီးပါလာတယ် ။နင့်ကို လည်းကွေျးဦးမယ် ။နင်မုန့်စျေးတန်းမသွားနဲ့တော့"

''အွန်း ငါ့မှာသွားဝယ်စားဖို့ ပိုက်ဆံလည်းမပါပါဘူး''

''မပူနဲ့ ငါ့မုန့်တွေလာစား ''

'' မစားချင်ပါဘူးခဏနေ ကိုနှစ်လာတော့မှာ
သူငါ့တွက်မုန့်ဝယ်လာမှာ ''

''မာနကလည်းကြီးလိုက်တာ"

နှုတ်ခေါင်းလေးရှုတ်၍ သူ့နှဖူးသို့လက်ညှိုးလေးနဲ့တွန်းထိုးနေသည့် ကောင်မလေးကို ခွန်မင်းသု ခဏလေးအတွင်းမှာပင်ခင်မိသွားသည် ။

Continuă lectura

O să-ți placă și

227K 23.2K 35
❦{Own Creation}❦ Unicode ​"ညွှန်းရာ ငါမင်းရဲ့သံသရာရေစက်အမှိုက်လေးတော့ မဖြစ်ချင်ဘူး" Start Date- 25.7.2021(Sunday) End Date - 27.9.2021(Monday) -လီလီ...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
277K 9.9K 41
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
781K 65.3K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...