အခန်3း8

8.4K 692 24
                                    

ညနေစောင်း နေဝင်ရီရောအချိန်လေးတွင်
အိပ်တန်းတက်ရန်ပြင်ဆင်နေကြသော ကျေးငှက်တို့ကိုအဖော်ပြု၍အလုပ်ခွင်ရှိရာမှ ခွန်လေးရဲ့ အိပ်ပြန်လမ်းလေးသည် အလွန်သာယာလှသည်။
စားမေးပွဲပြီးကတည်းက အစ်ကိုဖြစ်သူအလုပ်လုပ်
နေသော Mr:prince bar ရဲ့ တစ်ပြကျော်မှာ
ရှိသော Zippo bakery ဆိုင်လေးတွင် အလုပ်ဝင်ခဲ့သည်။ လစာကတော့၁သိန်း၂သောင်းဆိုတော့ မများပေမဲ့အိမ်ရဲ့အသုံးစရိတ်ကတော့ချောင်ချိလာသည်ဆိုရမှာပေါ့။ ဒီအလုပ်လေးကိုလည်း နှစ်သစ်ကိုယ်တိုင်ရှာပေးထားခြင်းဖြစ်သည်။
လက်မှဆွဲလာသော ထမင်းချိုင့်လေးမှာလည်း ချစ်စရာဒိုရေမွန်လက်ကိုင်ပဝါလေးကိုပတ်ထားသည်။
နောက်လက်တစ်ဖက်မှာတော့မာလာဟင်းထုတ်လေးကိုဆွဲလာသည်။ ကိုနှစ်နေမကောင်းဖြစ်နေရင် သီးနှံစုံပါတဲ့မာလာဟင်းပူပူစပ်စပ်ကို သောက်လိုက်ရင် ချွေးတွေစို့လာပြီးနေလို့ထိုင်လို့ကောင်းသွားသည်ကို သူ့မှတ်ဉာဏ်ထဲစွဲထင်နေ၍ နေမကောင်းဖြစ်နေသည့်ကိုနှစ်တွက်ဝယ်လာခြင်းဖြစ်သည်။
ဝယ်လာသည်မှာ ပွဲသေးမဟုတ် ပွဲကြီး ။ရည်ရွယ်ချက်ကတော့ ကိုနှစ်စားလို့မကုန်လို့ကျန်ရင် သူများများစားရအောင် ပွဲကြီးဝယ်လာခြင်းဖြစ်သည်။နှစ်ပွဲကျလည်းမဝယ်ချင် ၊ပိုက်ဆံကိုတက်နိုင်သမျှစုနိုင်ရမည်။ ကိုနှစ်ကတော့ သူ့လုပ်အားခ
၁သိန်း၂သောင်းကို အစနစ်တကျစီမံပေးသည်။သူ့တွက်သီးသန့်လုပ်ပေးထားတဲ့ဘဏ်စာအုပ်ထဲ
ကို လစဉ်၁သိန်းထည့်စေသည်။ ပိုတဲ့နှစ်သောင်းကို
တော့ မုန့်ဝယ်စားဖို့ ပေးသည်။ ဒါပေမဲ့ သူ့တွက်အသုံးဆောင်နဲ့ပတ်သက်လာရင် ပူစာစရာမလိုအောင် အားလုံးဖြည့်စည်းပေးသည်။ ကိုနှစ် ကိုင်တဲ့ ဖုန်းလေးမှာHawai 730လေးဖြစ်ပေမဲ့ သူခုကိုင်နေ
သည့်ဖုန်းအမျိုးစားမှာ 4သိန်းကျော်တန်SansungJ
Sereis ထဲမှဖြစ်သည်။ 730ဖုန်းလေးက မျက်နှာပြင်ကျယ်လို့သူ့အတွက်အဆင်ပြေသည်ဆိုတဲ့အကြောင်းပြချက်နဲ့ သူနဲ့ ဖုန်းလဲမကိုင်။ Hawai730ဖုန်းလေးကအသံထွက်အားနည်းသည့်တွက် သူ့ဖုန်းကို ယူပါဆိုတော့ ဘယ်ချိန်ကဝယ်ထားမှန်းမသိတဲ့ အသံအောင်ငြားလှသောခလုပ်ဖုန်းလေးကိုထုတ်ပြသည်။ ဒီလိုမျိုး ကိုနှစ်ရဲ့ အရာရာဦးစားပေးခံနေရတဲ့ သူသည် ကိုနှစ်မရှိတော့ရင် ကိုယ့်ဘဝကို ဘယ်လိုရပ်တည်ရမလဲ မစဉ်းစားတက်တော့။ ဒါပေမယ့် ကိုနှစ်မိခင်နှင့်တွေ့ပြီးကတည်းက စဉ်းစားထားမိတာတော့ရှိသည်။
ကိုနှစ်သာ အန်တီသုမာလာနောက်လိုက်သွားရင်
သူကတော့ ဂေဟာဆီပြန်မည်၊ ဂေဟာရဲ့လိုအပ်တဲ့
နေရာမှာ တတက်တအား ကူညီလုပ်ဆောင်ပေးမည်။ကိုနှစ်ရဲ့ ပြည့်စုံနေတဲ့ဘဝတစ်ခုကို အဝေးကနေပိတီဖြစ်ပေးမည်။ ကိုနှစ်ရဲ့ အနုပညာတိုင်းကိုခံစားပေးမည်။တစ်ခါတစ်ခါ အရမ်းသတိရရင်သွားတွေ့မည်။နောင်တချိန် ကိုနှစ် မိသားစုဘဝလေးတစ်ခုပိုင်ဆိုင်သွားရင်တော့ သူသွားတွေ့တော့မည်မဟုတ်။သူ့နှလုံးသားက အဲ့လောက်ထိခံနိုင်ရည်မရှိပါဘူး၊သူပျော်နေမှာဘဲ ဆိုတဲ့အသိနဲ့တော့ ဖြေသိမ့်နိုင်ကောင်းပါရဲ့။ကိုယ့်ကိုဖြူစင်ပြီးညီတစ်ယောက်လို သဘောထားတဲ့အစ်ကိုပေါ်မှာ သူ့ကိုယ်ထဲဝင်နေသည့်မရိုးသားတဲ့အချစ်နတ်ဆိုးက တစ်ချိန်လုံးချယ်လှယ်နေ၍  ဒီစိတ်ကြီးကြောင့် အပြစ်ရှိသလို နေနေရပေမဲ့ ထိုအပြစ်ကိုမတ်မောစွာ တွယ်တာမိပြန်တယ်။ ကိုတည့်ပေါ်မှာသာ သူ့အချစ်တွေစွန်းထင်းမိခဲ့ရင် သိပ်ကောင်းမှာဘဲ လို့ စဉ်းစားမိပေမဲ့ တယူသန်လှသော နတ်ဆိုးကြီးက သူမှသူဖြစ်နေခဲ့သည်။
သဘာဝမကျတဲ့ အချစ်ကိုတိတ်တခိုးချစ်မိတဲ့ သူ့
ပေါ် ရက်စက်စွာဘဲ ညီအစ်ကိုဆိုတဲ့ စည်းကြီးက
တားထားပြန်သည်။

တော်မဝင်ပါ...သို့သော်...[Completed,ZG&UNi]حيث تعيش القصص. اكتشف الآن