"Taemin .. ဒီေနရာက "
Taemin ေခၚသြားတဲ့ေနရာေရာက္ေတာ့ KyungSoo က ပါးစပ္အေဟာင္းသားေလးနဲ႔ အံ့ၾသေနလ်က္ ..
"Appa ပဲ သြားခ်င္တယ္ဆို. .. ၾကာေတာ့ၾကာခဲ့ေပမယ့္
ကြၽန္ေတာ္အခုထိ မွတ္မ္ိတယ္ ... "
KyungSoo ရဲ႕ အသြားခ်င္ဆံုးေနရာက
ဆုေတာင္းျပည့္တယ္ဆိဳၿပီး နာမည္ႀကီးေနတဲ့ သစ္ပင္ႀကီးရွိတဲ့ေနရာ ...
သစ္ပင္ကိုသြားရာ လမ္းတစ္ေလ်ွာက္မွာ
ေလေအးေတြတုိက္တာမုိ႔လို႔ KyungSoo ကို အလယ္မွာထားလိုက္ၿပီး JongIn ေရာ Taemin ပါ သူ႔လက္ကေလးကို တစ္ဖက္စီဆုပ္ကိုင္လိုက္သည္။
"ေက်းဇူးတင္ပါတယ္ ... "
KyungSoo ရဲ႕ ေက်းဇူးတင္စကားေျကာင့္ သြားေနတဲ့ေျခလွမ္းေတြ ခဏရပ္သြား၏။
"အခုလို ... လုပ္ဖူးခ်င္တဲ့အရာေတြက္ု လုပ္ခြင့္ေပးလ္ုိ႔
တကယ္ ေက်းဇူးတင္ပါတယ္ "
JongIn ကိုေရာ Taemin က္္ိုေရာ တစ္ဖက္စီၾကည့္ၿပီး
ေျပာေနတဲ့ KyungSoo ရဲ႕ စကားေတြေၾကာင့္ ထိန္းထားတဲ့ မ်က္ရည္ေတြကို က်ဆင္းခြင့္ေပးလိုက္သည္။
"မငိုနဲ႔ေလ ... "
KyungSoo ရဲ႕ ရင္ခြင္ထဲတိုးဝင္ၿပီး ရႈိက္ႀကီးတငင္ငိုေနတဲ့ Taemin ကို တင္းက်ပ္စြာျပန္လည္ဖက္ထားလိုက္ၿပီး ေနာက္ေက်ာေလးကို ဖြဖြေလးပုတ္ကာေနလိုက္သည္။
JongIn ကေတာ့ ႏႈတ္ခမ္းကိုတင္းတင္းေစ့ရင္း မ်က္ရည္မက်ေအာင္သာထိန္းထားသည္။
"ႏွစ္ေယာက္လံုး အေနာက္ကေနၿပီး လိုက္ခဲ့ ...
တစ္ေယာက္တည္းသြားခ်င္လို႔ "
JongIn နဲ႔ Taemin ကို အေနာက္ကေန အတူတူလိုက္ခိုင္းၿပီး အေရွ႕ကေန တစ္ေယာက္တည္းျဖည္းျဖည္းခ်င္းသြားေနတဲ့ KyungSoo ရဲ႕ ေက်ာျပင္ေလးက္ုိ
ႏွစ္ေယာက္လံုး အေတြးကုိယ္စီနဲ႔ ေငးၾကည့္ေနမိသည္။
"ပိန္သြားလိုက္တာ ... "
JongIn ဆီကေန အသံခပ္တိုးတိုးထြက္လာလို႔ TaeMin က သူ႔ကိုတစ္ခ်က္ၾကည့္လိုက္သည္။
"ပထမဆံုးပဲ ... "
အဆက္အစပ္မရွ္္ိပဲ ေျပာလိုက္တဲ့ Taemin ရဲ႕စကားကို JongIn နားမလည္ ...
"ဒီလိုမ်ိဳးခံစားရတာ ကြၽန္ေတာ့္ဘဝမွာ ပထမဆံုးပဲ ...
အတူတူရွိေနရလို႔ ေပ်ာ္ေနေပမယ့္ တစ္ခ်ိန္တည္းမွာပဲ
အတူတူမရွိႏိုင္ေတာ့ဘူးဆိုတဲ့ အေတြးက ဝင္လာေတာ့
ဒီထဲက နာက်င္လာတယ္ "
ဘယ္ဘက္ရင္အံုေပၚလက္တင္ၿပီး KyungSoo ကို ေငးၾကည့္ကာ ေျပာေနတဲ့ Taemin ရဲ႕မ်က္ဝန္းေတြဟာ မ်က္ရည္ေတြအျပည့္ ...
"႐ူးေတာ့မလိုပဲ "
ေခါင္းကိုငံု႔ခ်လိုက္ၿပီး ငိုေနရင္းကေန တျဖည္းျဖည္းခ်င္း က်ယ္ေလာင္လာတဲ့အသံေတြေၾကာင့္ Taemin ကုိယ္ေလးကို JongIn ဖက္ထားလိုက္သည္။
JongIn အတြက္ သူ႔ရဲ႕
ေသြးသားအရင္းကို ဖက္ထားရတယ္ဆိုတဲ့ အေတြးက လံုးဝကို႐ူးသြားမတက္ပင္၊
တစ္ခ်ိန္ထဲမွာပဲ ေပ်ာ္ရႊင္ရသလို
တစ္ခ်ိန္ထဲမွာလဲ ယူႀကံဳးမရျဖစ္ေနသည္။
KyungSoo ကေတာ့ ဖုန္းေလးထုတ္ျပီး
JongIn နဲ႔ Taemin ဖက္ေနတဲ့ ပံုေလးကို ဓာတ္ပံု႐ိုက္ထားၿပီး ၿပံဳးေနခဲ့သည္။
~~~~~
"ခြင့္လႊတ္မေပးႏိုင္ဘူးလား ... "
သစ္ပင္နားက တစ္ေနရာမွာထိုင္ရင္း ဟိုသြားဒီသြားနဲ႔
အလုပ္ရႈပ္ေနတဲ့ KyungSoo ကို မ်က္စိေဒါက္ေထာက္ၾကည့္ရင္း Taemin ကို ေမးလိုက္သည္။
"ဒီအေတာအတြင္း တာဝန္မေက်ပြန္တဲ့ အေဖတစ္ေယာက္ ျဖစ္မိလို႔ ေတာင္းပန္တယ္ ... "
"ခြင့္လႊတ္ဖို႔ကေတာ့ မျဖစ္ႏိုင္ဘူးဆိုတာသိတယ္မလား "
အေျဖကိုသိေနတဲ့ ေမးခြန္းဆိုေပမယ့္ ထပ္ခါတလဲလဲေျပာရင္း ကုိယ့္ကုိယ္ကိုအျပစ္ရွိေအာင္လုပ္ခ်င္သည္။
"ဒါေပမယ့္ ... ကြၽန္ေတာ့္အေဖဆိုတဲ့ အမွန္တရားကိုေတာ့
လက္ခံပါတယ္ ... "
"Taemin. .. "
"ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ Appa ကို ေပ်ာ္ေအာင္ထားေပးပါ ... က်န္ရွိေနတဲ့ အခ်ိန္မွာ ကမၻာေပၚမွာ အေပ်ာ္ဆံုးလူတစ္ေယာက္ျဖစ္ေအာင္ထားေပးပါ ... ကြၽန္ေတာ္ ခင္ဗ်ားကို အေဖအျဖစ္ လက္ခံတယ္ "
JongIn ထခုန္မတက္ အရမ္းေပ်ာ္မိတာေၾကာင့္ မ်က္ရည္ပါ ထိန္းမရေတာ့ေပ။ ပါးစပ္ကေန ေက်းဇူးတင္စကား ထပ္တလဲလဲဆိုကာ Taemin ကို တင္းက်ပ္ေအာင္ ဖက္ထားျပန္သည္၊
"စိတ္ခ်ပါ .. ေသခ်ာေပါက္ အဲ့လိုျဖစ္ေအာင္လုပ္ေပးပါ့မယ္ ... အျပစ္ေတြအတြက္ေသခ်ာေပါက္ျပန္ေပးဆပ္ပါ့မယ္ ... "
ဒီတစ္ႀကိမ္ေတာ့ Taemin လဲ JongIn က္ုိ ျပန္ၿပီးေပြ႔ဖက္လိုက္သည္။
~
"ကြၽန္ေတာ္ appa ဆီ ခဏသြားလိုက္ဦးမယ္ ... "
အေဝးကေန ခ်စ္ရတဲ့လူႏွစ္ဦးရွိတာကို ၾကည့္ေနရတာ ဒီေလာက္ထိ ျကည္နူးဖို့႔ေကာင္းတယ္ဆိုတာ JongIn အခုမွ
ေသခ်ာခံစားမိသည္။
တစ္ဦးက အခ်စ္ဆံုးသူ
ေနာက္တစ္ဦးက ေသြးသားအရင္းအခ်ာ ...
ဒီလိုေလး ေနခြင့္ရခဲ့မွာကို သူ႔ေၾကာင့္အရာရာပ်က္စီးခဲ့တယ္ ဆိုတာ အခုထိ ေျခာက္လွန္႔ေနဆဲ ...
TaeMin ရဲ႕ လက္ကိုဆြဲပီး ဆုေတာင္းဖို႔လုပ္ေနတဲ့ KyungSoo ကို သူ မ်က္ရည္ၾကားထဲကေန ၿပံဳးၿပီးၾကည့္ေနမိသည္။
~
"Appa ေမ်ွာ္ေနမယ္ထင္တယ္ သြားလိုက္ေလ "
သူ႔ဆီကို Taemin ေရာက္လာေပမယ့္ KyungSoo က ေတာ့ အခုထိ သစ္ပင္နားမွာပင္
သူသိတာေပါ့ ... KyungSoo က သူသေဘာက်တဲ့ေနရာေရာက္ရင္ ေတာ္ရံုမျပန္တတ္တာကို
"အင္း ... Appa ခဏသြားလိုက္ဦးမယ္ သား "
Taemin က သူ႔ကုိ အေဖအျဖစ္ လက္ခံတယ္လို႔ ေျပာၿပီးတဲ့ေနာက္မွာ ကုိယ့္ကုိယ္ကို Appa ဆိုၿပီး သံုးမိသည္။
"အၾကာႀကီး ရွိၿပီေလ ဒီမွာဘာလုပ္ေနတာလဲ Kyungnnie ရဲ႕ "
သစ္ပင္ေပၚမွာ ခ်ိတ္ဆြဲထားတဲ့ ခ်ဴလံုးေလးေတြကို ေငးၾကည့္ေနတဲ့ KyungSoo ရဲ႕အေနာက္ကေနရင္း ေျပာလိုက္ေတာ့ ေခါင္းေလးလွည့္လာၿပီး ရယ္ျပေလသည္။
"ဆုေတာင္းေနတာ .. "
"ဘာေတြမ်ားဆုေတာင္းေနတာလဲဆိုတာ ေျပာပါဦး "
ဆံပင္ေလးကို သပ္တင္ၿပီး မ်က္ဝန္းကိုစိုက္ၾကည့္ကာေမးလိုက္ေတာ့ ခ်ဴလံုးေလးကိုျပန္ၿပီး ေငးၾကည့္ေနျပန္သည္။
"Hyung နဲ႔ သားေလး ... တစ္သတ္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ အၾကာႀကီး ရွိေနဖို႔ "
KyungSoo က ၿပံဳးၿပီးေျပာေနေပမယ့္ JongIn ရင္ထဲမွာ တဆစ္ဆစ္နာက်င္ေနသည္။
"မေျပာပါနဲ႔. ... အဲ့လ္ုေတြ မေျပာနဲ႔ ... ကုိယ့္ကုိယ္ၾကည့္ Kyungnnie. .. ဘယ္ေတာ့မွ ဘယ္ေတာ့မွ
Kyungnnie နဲ႔ ကုိယ္ ေနာက္ထပ္ဘယ္ေတာ့မွ
ဘာအေၾကာင္းနဲ႔မွ မခြဲဘူး ... အဲ့တာေၾကာင့္ KyungSoo မရွိတဲ့ ဒီ Kim JongIn ရဲ႕ေန႔ရက္ေတြကို ေယာင္လို႔ေတာင္မေတြးပါနဲ႔ ... ကုိယ္ .. ကုိယ္ ေနာက္ထပ္ Kyungnnie မရွ္တဲ့ ရက္ေတြက္ုိ မေက်ာ္ျဖတ္ခ်င္ေတာ့ဘူး ... ေက်းဇူးျပဳၿပီး "
KyungSoo ရဲ႕ ပါးျပင္ကိုလက္ႏွစ္ဖက္နဲ႔ အုပ္ကိုင္ၿပီး
ေခါင္းမေဖာ္ႏိုင္ေအာင္ ငိုကာ ေျပာေနတဲ့ JongIn ကို
KyungSoo က သူကိုယ္ေလးထဲဝင္ေအာင္ ေပြ႔ဖက္ထားလိုက္သည္။
"ေတာင္းပန္ပါတယ္ .. ေတာင္းပန္ပါတယ္ ... ကုိယ္က ဒီလိူေတာင္းပန္တာမို႔လို႔ ေက်းဇူးျပဳၿပီး မသြားပါနဲ႔ ...
ေက်းဇူးျပဳၿပီး ... "
KyungSoo ရဲ့ ပါးျပင္ကို အုပ္ကိုင္ထားတဲ့ လက္ေတြက
ေျပေလ်ာ့သြားၿပီး JongIn လဲ ေျမျပင္ေပၚကို ပစ္လဲသြားေလ၏။
~~~~~
KyungSoo ဆီကေန JongIn ေမ့လဲသြားလို႔ဆိုတဲ့ စကားေၾကာင့္ ေဆးရံုက္ုိသာ ChanYeol တန္းလာခဲ့သည္။ ဟိုေရာက္ေတာ့ JongIn ေဘးနားမွာ
KyungSoo နဲ႔ Baekhyun သာရွိေန၏။
Taemin ကေတာ့ JongIn အတြက္ လိုအပ္တာေတြလုပ္ေပးေနသည္။
JongIn ရဲ႕ လက္ကို ကုိင္ၿပီး တရွံု႔ရွံုငိုေနတဲ့ KyungSoo ရဲ႕ ပခံုးေလးကို အသာေလးကိုင္လိုက္ေတာ့ မ်က္ရည္အဝိုင္းသားနဲ႔ၾကည့္လာၿပီး ဖက္ငိုေတာ့သည္။
ChanYeol က KyungSoo ေက်ာျပင္ေလးကို ခပ္ဖြဖြပုတ္ေပးလိုက္ရင္း မ်က္ရည္မက်ေအာင္ထိန္းထားလိုက္သည္။ Baekhyun ကေတာ့ ဒီတိုင္းရပ္ၾကည့္ေနရင္းသာ ငိုေနေတာ့သည္။
"Yeol ! စကားခဏေလာက္ေျပာလို႔ရမလား ... "
KyungSoo ကို ဒီတိုင္းေလးေအးေဆးေနလို႔ရေအာင္ ChanYeol နဲ႔ Baekhyun က အျပင္ထြက္ေနေပးလိုက္သည္။
"ငါ .. ငါ ေတာင္းပန္ပါတယ္ ... "
"ငါ ဘာမွမလိုခ်င္ေတာ့ဘူး Baekhyun Ya. .
ငါ့မွာ ဘာမွမရွိေတာ့တာမို႔လို႔ ဘာမွလဲမလိုခ်င္ေတာ့ဘူး "
JongIn လက္ေလးကို ကုိင္ၿပီး စကားေတြေျပာလိုက္
တစ္ခ်က္တစိခ်က္ ငိုေနတဲ့ KyungSoo ကို အျပင္ဘက္ကေနၾကည့္ရင္း Baekhyun ေျပာသမ်ွစကားေတြကို တံု႔ျပန္ေနလိုက္သည္။
"ငါ တကယ္ပဲ ... "
"ေမ့လိုက္ၿပီ ... အကုန္လံုးကို ေမ့လိုက္ၿပီမို႔လို႔
အခုကစၿပီး .. ဘာမွမေတာင္းပန္ပါနဲ႔ ... ငါတို႔ သူငယ္ခ်င္းေတြပဲေနသြားရေအာင္ ... "
အက္ကြဲေနတဲ့အသံေတြေၾကာင့္ ChanYeol ရဲ႕ စိတ္ေတြ ဘယ္ေလာက္ေတာင္မြႏ္ူးက်ပ္ေနမလဲဆိုတာကို Baekhyun ခံစားမိသည္။
"သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ငါမင္းကိုဖက္လို႔ရမလား ChanYeol "
အနည္းငယ္အံ့ၾသသြားေပမယ့္ ေနာက္ဆံူးေတာ့ Baekhyun ရဲ႕ ရင္ခြင္ထဲမွာ ChanYeol ငိုေနခဲ့သည္။
ကံၾကမၼာသည္ တစ္ခါတစ္ရံ လူေတြအေပၚ မွားယြင္းစြာ
ႏွိပ္စက္ေနသည္။
~~~~~
TBC
"Taemin .. ဒီနေရာက "
Taemin ခေါ်သွားတဲ့နေရာရောက်တော့ KyungSoo က ပါးစပ်အဟောင်းသားလေးနဲ့ အံ့သြနေလျက် ..
"Appa ပဲ သွားချင်တယ်ဆို. .. ကြာတော့ကြာခဲ့ပေမယ့်
ကျွန်တော်အခုထိ မှတ်မိတယ် ... "
KyungSoo ရဲ့ အသွားချင်ဆုံးနေရာက
ဆုတောင်းပြည့်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ သစ်ပင်ကြီးရှိတဲ့နေရာ ...
သစ်ပင်ကိုသွားရာ လမ်းတစ်လျှောက်မှာ
လေအေးတွေတိုက်တာမို့လို့ KyungSoo ကို အလယ်မှာထားလိုက်ပြီး JongIn ရော Taemin ပါ သူ့လက်ကလေးကို တစ်ဖက်စီဆုပ်ကိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ... "
KyungSoo ရဲ့ ကျေးဇူးတင်စကားကြောင့် သွားနေတဲ့ခြေလှမ်းတွေ ခဏရပ်သွား၏။
"အခုလို ... လုပ်ဖူးချင်တဲ့အရာတွေက်ု လုပ်ခွင့်ပေးလို့
တကယ် ကျေးဇူးတင်ပါတယ် "
JongIn ကိုရော Taemin က်ိုရော တစ်ဖက်စီကြည့်ပြီး
ပြောနေတဲ့ KyungSoo ရဲ့ စကားတွေကြောင့် ထိန်းထားတဲ့ မျက်ရည်တွေကို ကျဆင်းခွင့်ပေးလိုက်သည်။
"မငိုနဲ့လေ ... "
KyungSoo ရဲ့ ရင်ခွင်ထဲတိုးဝင်ပြီး ရှိုက်ကြီးတငင်ငိုနေတဲ့ Taemin ကို တင်းကျပ်စွာပြန်လည်ဖက်ထားလိုက်ပြီး နောက်ကျောလေးကို ဖွဖွလေးပုတ်ကာနေလိုက်သည်။
JongIn ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း မျက်ရည်မကျအောင်သာထိန်းထားသည်။
"နှစ်ယောက်လုံး အနောက်ကနေပြီး လိုက်ခဲ့ ...
တစ်ယောက်တည်းသွားချင်လို့ "
JongIn နဲ့ Taemin ကို အနောက်ကနေ အတူတူလိုက်ခိုင်းပြီး အရှေ့ကနေ တစ်ယောက်တည်းဖြည်းဖြည်းချင်းသွားနေတဲ့ KyungSoo ရဲ့ ကျောပြင်လေးကို
နှစ်ယောက်လုံး အတွေးကိုယ်စီနဲ့ ငေးကြည့်နေမိသည်။
"ပိန်သွားလိုက်တာ ... "
JongIn ဆီကနေ အသံခပ်တိုးတိုးထွက်လာလို့ TaeMin က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
"ပထမဆုံးပဲ ... "
အဆက်အစပ်မရှ်ိပဲ ပြောလိုက်တဲ့ Taemin ရဲ့စကားကို JongIn နားမလည် ...
"ဒီလိုမျိုးခံစားရတာ ကျွန်တော့်ဘဝမှာ ပထမဆုံးပဲ ...
အတူတူရှိနေရလို့ ပျော်နေပေမယ့် တစ်ချိန်တည်းမှာပဲ
အတူတူမရှိနိုင်တော့ဘူးဆိုတဲ့ အတွေးက ဝင်လာတော့
ဒီထဲက နာကျင်လာတယ် "
ဘယ်ဘက်ရင်အုံပေါ်လက်တင်ပြီး KyungSoo ကို ငေးကြည့်ကာ ပြောနေတဲ့ Taemin ရဲ့မျက်ဝန်းတွေဟာ မျက်ရည်တွေအပြည့် ...
"ရူးတော့မလိုပဲ "
ခေါင်းကိုငုံ့ချလိုက်ပြီး ငိုနေရင်းကနေ တဖြည်းဖြည်းချင်း ကျယ်လောင်လာတဲ့အသံတွေကြောင့် Taemin ကိုယ်လေးကို JongIn ဖက်ထားလိုက်သည်။
JongIn အတွက် သူ့ရဲ့
သွေးသားအရင်းကို ဖက်ထားရတယ်ဆိုတဲ့ အတွေးက လုံးဝကိုရူးသွားမတက်ပင်၊
တစ်ချိန်ထဲမှာပဲ ပျော်ရွှင်ရသလို
တစ်ချိန်ထဲမှာလဲ ယူကြုံးမရဖြစ်နေသည်။
KyungSoo ကတော့ ဖုန်းလေးထုတ်ပြီး
JongIn နဲ့ Taemin ဖက်နေတဲ့ ပုံလေးကို ဓာတ်ပုံရိုက်ထားပြီး ပြုံးနေခဲ့သည်။
~~~~~
"ခွင့်လွှတ်မပေးနိုင်ဘူးလား ... "
သစ်ပင်နားက တစ်နေရာမှာထိုင်ရင်း ဟိုသွားဒီသွားနဲ့
အလုပ်ရှုပ်နေတဲ့ KyungSoo ကို မျက်စိဒေါက်ထောက်ကြည့်ရင်း Taemin ကို မေးလိုက်သည်။
"ဒီအတောအတွင်း တာဝန်မကျေပွန်တဲ့ အဖေတစ်ယောက် ဖြစ်မိလို့ တောင်းပန်တယ် ... "
"ခွင့်လွှတ်ဖို့ကတော့ မဖြစ်နိုင်ဘူးဆိုတာသိတယ်မလား "
အဖြေကိုသိနေတဲ့ မေးခွန်းဆိုပေမယ့် ထပ်ခါတလဲလဲပြောရင်း ကိုယ့်ကိုယ်ကိုအပြစ်ရှိအောင်လုပ်ချင်သည်။
"ဒါပေမယ့် ... ကျွန်တော့်အဖေဆိုတဲ့ အမှန်တရားကိုတော့
လက်ခံပါတယ် ... "
"Taemin. .. "
"ကျေးဇူးပြုပြီး ကျွန်တော့် Appa ကို ပျော်အောင်ထားပေးပါ ... ကျန်ရှိနေတဲ့ အချိန်မှာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူတစ်ယောက်ဖြစ်အောင်ထားပေးပါ ... ကျွန်တော် ခင်ဗျားကို အဖေအဖြစ် လက်ခံတယ် "
JongIn ထခုန်မတက် အရမ်းပျော်မိတာကြောင့် မျက်ရည်ပါ ထိန်းမရတော့ပေ။ ပါးစပ်ကနေ ကျေးဇူးတင်စကား ထပ်တလဲလဲဆိုကာ Taemin ကို တင်းကျပ်အောင် ဖက်ထားပြန်သည်၊
"စိတ်ချပါ .. သေချာပေါက် အဲ့လိုဖြစ်အောင်လုပ်ပေးပါ့မယ် ... အပြစ်တွေအတွက်သေချာပေါက်ပြန်ပေးဆပ်ပါ့မယ် ... "
ဒီတစ်ကြိမ်တော့ Taemin လဲ JongIn ကို ပြန်ပြီးပွေ့ဖက်လိုက်သည်။
~
"ကျွန်တော် appa ဆီ ခဏသွားလိုက်ဦးမယ် ... "
အဝေးကနေ ချစ်ရတဲ့လူနှစ်ဦးရှိတာကို ကြည့်နေရတာ ဒီလောက်ထိ ကြည်နူးဖို့ကောင်းတယ်ဆိုတာ JongIn အခုမှ
သေချာခံစားမိသည်။
တစ်ဦးက အချစ်ဆုံးသူ
နောက်တစ်ဦးက သွေးသားအရင်းအချာ ...
ဒီလိုလေး နေခွင့်ရခဲ့မှာကို သူ့ကြောင့်အရာရာပျက်စီးခဲ့တယ် ဆိုတာ အခုထိ ခြောက်လှန့်နေဆဲ ...
TaeMin ရဲ့ လက်ကိုဆွဲပီး ဆုတောင်းဖို့လုပ်နေတဲ့ KyungSoo ကို သူ မျက်ရည်ကြားထဲကနေ ပြုံးပြီးကြည့်နေမိသည်။
~
"Appa မျှော်နေမယ်ထင်တယ် သွားလိုက်လေ "
သူ့ဆီကို Taemin ရောက်လာပေမယ့် KyungSoo က တော့ အခုထိ သစ်ပင်နားမှာပင်
သူသိတာပေါ့ ... KyungSoo က သူသဘောကျတဲ့နေရာရောက်ရင် တော်ရုံမပြန်တတ်တာကို
"အင်း ... Appa ခဏသွားလိုက်ဦးမယ် သား "
Taemin က သူ့ကို အဖေအဖြစ် လက်ခံတယ်လို့ ပြောပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို Appa ဆိုပြီး သုံးမိသည်။
"အကြာကြီး ရှိပြီလေ ဒီမှာဘာလုပ်နေတာလဲ Kyungnnie ရဲ့ "
သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတဲ့ ချူလုံးလေးတွေကို ငေးကြည့်နေတဲ့ KyungSoo ရဲ့အနောက်ကနေရင်း ပြောလိုက်တော့ ခေါင်းလေးလှည့်လာပြီး ရယ်ပြလေသည်။
"ဆုတောင်းနေတာ .. "
"ဘာတွေများဆုတောင်းနေတာလဲဆိုတာ ပြောပါဦး "
ဆံပင်လေးကို သပ်တင်ပြီး မျက်ဝန်းကိုစိုက်ကြည့်ကာမေးလိုက်တော့ ချူလုံးလေးကိုပြန်ပြီး ငေးကြည့်နေပြန်သည်။
"Hyung နဲ့ သားလေး ... တစ်သတ်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ အကြာကြီး ရှိနေဖို့ "
KyungSoo က ပြုံးပြီးပြောနေပေမယ့် JongIn ရင်ထဲမှာ တဆစ်ဆစ်နာကျင်နေသည်။
"မပြောပါနဲ့. ... အဲ့လ်ုတွေ မပြောနဲ့ ... ကိုယ့်ကိုယ်ကြည့် Kyungnnie. .. ဘယ်တော့မှ ဘယ်တော့မှ
Kyungnnie နဲ့ ကိုယ် နောက်ထပ်ဘယ်တော့မှ
ဘာအကြောင်းနဲ့မှ မခွဲဘူး ... အဲ့တာကြောင့် KyungSoo မရှိတဲ့ ဒီ Kim JongIn ရဲ့နေ့ရက်တွေကို ယောင်လို့တောင်မတွေးပါနဲ့ ... ကိုယ် .. ကိုယ် နောက်ထပ် Kyungnnie မရှ်တဲ့ ရက်တွေကို မကျော်ဖြတ်ချင်တော့ဘူး ... ကျေးဇူးပြုပြီး "
KyungSoo ရဲ့ ပါးပြင်ကိုလက်နှစ်ဖက်နဲ့ အုပ်ကိုင်ပြီး
ခေါင်းမဖော်နိုင်အောင် ငိုကာ ပြောနေတဲ့ JongIn ကို
KyungSoo က သူကိုယ်လေးထဲဝင်အောင် ပွေ့ဖက်ထားလိုက်သည်။
"တောင်းပန်ပါတယ် .. တောင်းပန်ပါတယ် ... ကိုယ်က ဒီလိူတောင်းပန်တာမို့လို့ ကျေးဇူးပြုပြီး မသွားပါနဲ့ ...
ကျေးဇူးပြုပြီး ... "
KyungSoo ရဲ့ ပါးပြင်ကို အုပ်ကိုင်ထားတဲ့ လက်တွေက
ပြေလျော့သွားပြီး JongIn လဲ မြေပြင်ပေါ်ကို ပစ်လဲသွားလေ၏။
~~~~~
KyungSoo ဆီကနေ JongIn မေ့လဲသွားလို့ဆိုတဲ့ စကားကြောင့် ဆေးရုံကိုသာ ChanYeol တန်းလာခဲ့သည်။ ဟိုရောက်တော့ JongIn ဘေးနားမှာ
KyungSoo နဲ့ Baekhyun သာရှိနေ၏။
Taemin ကတော့ JongIn အတွက် လိုအပ်တာတွေလုပ်ပေးနေသည်။
JongIn ရဲ့ လက်ကို ကိုင်ပြီး တရှုံ့ရှုံငိုနေတဲ့ KyungSoo ရဲ့ ပခုံးလေးကို အသာလေးကိုင်လိုက်တော့ မျက်ရည်အဝိုင်းသားနဲ့ကြည့်လာပြီး ဖက်ငိုတော့သည်။
ChanYeol က KyungSoo ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပေးလိုက်ရင်း မျက်ရည်မကျအောင်ထိန်းထားလိုက်သည်။ Baekhyun ကတော့ ဒီတိုင်းရပ်ကြည့်နေရင်းသာ ငိုနေတော့သည်။
"Yeol ! စကားခဏလောက်ပြောလို့ရမလား ... "
KyungSoo ကို ဒီတိုင်းလေးအေးဆေးနေလို့ရအောင် ChanYeol နဲ့ Baekhyun က အပြင်ထွက်နေပေးလိုက်သည်။
"ငါ .. ငါ တောင်းပန်ပါတယ် ... "
"ငါ ဘာမှမလိုချင်တော့ဘူး Baekhyun Ya. .
ငါ့မှာ ဘာမှမရှိတော့တာမို့လို့ ဘာမှလဲမလိုချင်တော့ဘူး "
JongIn လက်လေးကို ကိုင်ပြီး စကားတွေပြောလိုက်
တစ်ချက်တစိချက် ငိုနေတဲ့ KyungSoo ကို အပြင်ဘက်ကနေကြည့်ရင်း Baekhyun ပြောသမျှစကားတွေကို တုံ့ပြန်နေလိုက်သည်။
"ငါ တကယ်ပဲ ... "
"မေ့လိုက်ပြီ ... အကုန်လုံးကို မေ့လိုက်ပြီမို့လို့
အခုကစပြီး .. ဘာမှမတောင်းပန်ပါနဲ့ ... ငါတို့ သူငယ်ချင်းတွေပဲနေသွားရအောင် ... "
အက်ကွဲနေတဲ့အသံတွေကြောင့် ChanYeol ရဲ့ စိတ်တွေ ဘယ်လောက်တောင်မွန်ူးကျပ်နေမလဲဆိုတာကို Baekhyun ခံစားမိသည်။
"သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါမင်းကိုဖက်လို့ရမလား ChanYeol "
အနည်းငယ်အံ့သြသွားပေမယ့် နောက်ဆူံးတော့ Baekhyun ရဲ့ ရင်ခွင်ထဲမှာ ChanYeol ငိုနေခဲ့သည်။
ကံကြမ္မာသည် တစ်ခါတစ်ရံ လူတွေအပေါ် မှားယွင်းစွာ
နှိပ်စက်နေသည်။
~~~~~
TBC