စည်း (အခန်းဆက်)

By akyinnamon

459K 25K 1.8K

စည်းကို အားပေးခဲ့တဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ ရေးဖြစ်ခဲ့တာပါ။ စည်းကို ဖတ်ပြီးမှ ဒီ အခန်းဆက်ဝတ... More

Part 2 (Unicode)
Part 1 (Zawgyi)
Part 2 (Zawgyi)
Part 3 (Zawgyi)
Part 4 (Zawgyi)
စည်း (တတိယအကြိမ်)

Part 1 (Unicode)

103K 4.3K 472
By akyinnamon

စာအုပ်အဖြစ်ထွက်ရှိပြီးဖြစ်တဲ့

* စည်း__✏️

* ကြယ်တွေကြွေသောည 🌠

* ကြယ်တွေကြွေသောည Sequel 🌌

* ထာ၀ရပုံပေ 🌋

စာအုပ်တွေအားလုံးကို we distribution online bookshop မှာ မှာယူနိုင်ပါတယ်။
ကျေးဇူးပါ ❤️💛💙

we distribution Facebook Page

📞09250091913
📞09972293371
⌚9:00 Am to 5:00 PM

💕💕💕💕💕💕💕💕💕💕💕💕

မငြိမ်သက်နိုင်သော လေပြင်းက အရှိန်ပြင်းစွာ တိုက်ခတ်လို့နေသည်။ ထန်သောလေကြောင့် သစ်ရွက်ဝါများ ဝဲကာ ၀ိုက်ကာ လေပြင်းခေါ်ရာလိုက်ပါကခုန်နေကြရရှာသည်။

ထက်ပိုင် ပြတင်းပေါက် သစ်သားတံခါးများကို အားသုံး၍ ပိတ်လိုက်ရသည်။ လေပြင်းက တင်းတင်းဖိထား၍ လက်နာသည်အထိ ဆွဲပိတ်ရခြင်းဖြစ်သည်။ အိမ်တံခါးမကြီးမှာမူ စောစောကတည်းက ပိတ်ထားပြီးဖြစ်သည်။ တံခါးအကုန်ပိတ်လိုက်သောကြောင့် အပြင်မှ လေသံအနည်းငယ် စဲသွားသလို သစ်သားပျဉ်ထောင်အိမ်လေးမှာ အလင်းရောင်မရှိတော့ဘဲ မှောင်ကျသွားသည်။

အမှောင်ထဲမှာဖြစ်သော်လည်း ရောက်ဖူးနေပြီဖြစ်သည့် ဒီအိမ်ကလေး၏ အပြင်အဆင်မှစ၍ အသုံးအဆောင်အထိ သူ အားလုံးကို မှတ်မိနေပြီဖြစ်သည်။ ကျယ်ဝန်းသော ဧည့်ခန်းတွင် စာအုပ်စင်တစ်ခုမှလွဲ၍ ဘာအဆောင်အယောင်မှမရှိ။ သစ်သားနံရံတွင် ကပ်ထားသော ပြက္ခဒိန်မှာလည်း ဘာပုံ ဘာရှုမျှော်ခင်းမှမရှိ၍ ခြောက်သွေ့သော အခန်းကို ပို၍ပင်အထီးကျန်ဆန်စေသည်။ ဧည့်ခန်းတစ်ခုလုံး ဧည့်သည်လာလျှင် ထိုင်နိုင်ရန် အသင့်ခင်းထားသော ရောင်စုံဖျာတစ်ချပ်သာရှိသည်။ ခရီးမှရောက်ရောက်ချင်း ချထားခဲ့သော သူ့ လက်ဆွဲသေတ္တာမှာ ဧည့်ခန်းအလယ်တွင် ထီးထီးကြီးရှိနေသည်။

လက်ဆွဲသေတ္တာကို လက်ကိုင်မှမယူကာ အိပ်ခန်းရှိရာသို့ ဆက်လျှောက်လာခဲ့သည်။ အခန်းတံခါးကိုတွန်းဖွင့်အဝင် မသိမ်းရသေးသော ခြင်ထောင်နှင့် လုံးထွေးနေသော စောင်တစ်ခုရှိနေသည်။ ထက်ပိုင် မျက်မှောင်ကြုတ်သွားမိသည်။ ဆက်ပိုင်တစ်ယောက် အိပ်ရာပင်မသိမ်းနိုင်ဘဲ အပြင်ထွက်သွားသည်မှာ မယုံကြည်နိုင်စရာကောင်းလှသည်။
အလုပ်မှ အားလပ်ရက်တစ်ချို့ရသည်ဖြစ်၍ ထက်ပိုင် ယခု ထားဝယ်ရှိ ဆက်ပိုင်အိမ်သို့ ရောက်နေခြင်းဖြစ်သည်။ သူ ရောက်မည့်နေ့ကို ဆက်ပိုင်သိအောင် ကြိုတင်အကြောင်းကြားကာ ဆက်ပိုင်နားသို့ လာနိုင်မည့်ရက်ကို လက်ချိုးရေတွက်ကာ စောင့်စားခဲ့သည်။ တကယ်တမ်းကျတော့ သူ ထားဝယ်ရောက်ခါနီးမှ ဆက်ပိုင် ဖုန်းတစ်ချက်ဆက်ကာ ဆေးရုံမှာအရေးကြီး၍ အိမ်မှာမရှိနိုင်ဟု ပြောပြီး ဖုန်းကိုချက်ချင်းလိုလို ချသွားခဲ့သည်။ အိမ်ရှင်အဒေါ်ကြီးမှ အိမ်တံခါးလာဖွင့်ပေး၍ အခက်အခဲမရှိ အိမ်ထဲဝင်လာနိုင်သော်လည်း တွေ့ချင်လှပြီဖြစ်သော ဆက်ပိုင်ကို ချက်ချင်းမတွေ့ရ၍ သူ့စိတ်ထဲမှာမကျေနပ်။

ထက်ပိုင် လုံးထွေးနေသောစောင်ကို ပြန်ခေါက်ကာ ခြင်ထောင်ကို သေချာပြန်သိမ်းတင်လိုက်သည်။ တွန့်ကြေနေသော အိပ်ရာကို ဆန့်သွားအောင် ဆွဲခါကာ အခန်းပတ်လည်ကို ဝေ့ကြည့်မိသည်။ များပြားလှသော စာအုပ်များနှင့် အခန်းထောင့်တစ်နေရာတွင် သွေးပေါင်ချိန်တိုင်းသည့် ကိရိယာတစ်ခုနှင့် ဆေးဗူးများရှိရာ သံသေတ္တာအဖြူရောင်တစ်ခု ပတ်တီးလိပ်၊ ဂွမ်းများမှလွဲ၍ ဘာဆိုဘာမှမရှိ ။ တီဗွီတစ်လုံး၊ ရေဒီယိုတစ်ခုပင်မရှိသော ဒီအိမ်မှာ ဆက်ပိုင် ဘယ်လိုနေသည်ကို သူနားမလည်။
ခရီးသွားသေတ္တာထဲမှ ဘောင်းဘီတိုနှင့် လက်ပြတ်အကျီင်္အပါးကိုထုတ်ကာ အဝတ်အစားလဲလိုက်သည်။ ခရီးတစ်လျှောက်လုံးဝတ်လာခဲ့သည့် ဂျင်းဘောင်းဘီရှည်နှင့် တီရှပ်ကို လျှော်ဖို့အဝတ်အစားများထားသည့် အခန်းထောင့်မှ ခြင်းထောင်းထဲပစ်ထည့်လိုက်သည်။

ပြတင်းပေါက်တံခါးကြားမှ တိုးဝင်လာသော လေသံကို ခပ်တိုးတိုးကြားနေရသလို အိမ်အပြင်ဘက်မှ သစ်ကိုင်းသစ်ရွက်များ၏ ရိုက်ပွတ်သံမှာလည်း ခပ်မှန်မှန်ထွက်ပေါ်နေသည်။ သူ ခရီးပန်းလာခဲ့ပေမယ့် အိပ်ချင်စိတ်မရှိ။ နောက်တစ်ကြိမ် လက်ထဲမှဖုန်းကို ငုံ့ကြည့်မိသည်။ ဆက်ပိုင် ဖုန်းမခေါ်ထားသလို မက်စ်စေ့ချ်လည်း ပို့မထား။ တကယ်ဆို သူရောက်နေပြီဆိုတာလောက်ကိုတော့ သိလိမ့်မည်ဖြစ်သည်။ ယခုအိမ်ကို ရောက်ရောက်ချင်း သူ ရောက်ပြီဆိုသည့်အကြောင်း မက်စ်စေ့ချ်ပို့ထားခဲ့သည်။
တကယ်ဆို သူနှင့်ဆက်ပိုင် တွေ့ဆုံဖို့က ခဲယဉ်းလွန်းလှသည်။ နှစ်ယောက်စလုံး ကိုယ့်အလုပ်နှင့်ကိုယ် မအားလပ်ကြ။ ဆက်ပိုင်ကို ရန်ကုန်ပြန်ပြောင်းလာဖို့ သူ အကြိမ်ကြိမ် ပြောခဲ့ဖူးသည်။ ဆက်ပိုင်နားမထောင်။ ထားဝယ်မှာပင် ပျော်ကာ ဒီမှာပင်ဆက်လုပ်ချင်သည်ဟု သူပြောတိုင်း အဖြေပေးခဲ့သည်။ ထက်ပိုင်အလုပ်ကလည်း ရန်ကုန်မှဖြစ်မည်။

ရေကူးနည်းပြအလုပ်အတွက်ရော၊ သူ့ တပည့်များကို စနစ်တကျလေ့ကျင့်ပေးဖို့ရာမှာ ရန်ကုန်မှာမှ အဆင်ပြေနိုင်သည်။
ဒီတော့ သူတို့နှစ်ယောက် တွေ့ဆုံချိန်သည် တစ်နှစ်လျှင် ရက်နှစ်ဆယ်ပင် မပြည့်ချင်။ နဂိုတည်းကမှ အနေဝေးရသည့်အထဲတွင် တွေ့ဖို့ရန်ပင် ခဲယဉ်းလွန်းလှ၍ ဆက်ပိုင်၏ ခံစားချက်များ အေးသွားမှာကို သူ စိုးရိမ်မိသည်။ နောက်ပြီး ထားဝယ်သူလေးများကြား ရန်ကုန်မှ ဆရာဝန်လေးဆက်ပိုင်တစ်ယောက် ဘယ်လောက်နာမည်ကြီးသည်ကို သူ သိသည်။ တစ်နေ့တစ်နေ့ ဟင်းချက်စရာ၊ ထမင်းချက်စရာ မလိုအောင်ပင် ချောချောလှလှ ပင်လယ်သူလေးများက ဟင်းခွက်အမျိုးမျိုးနှင့် ဆက်ပိုင်ထံရောက်လာတတ်သည်ကို ဒီအိမ်ကိုရောက်တိုင်း သူတွေ့နေကြဖြစ်သည်။

ဒီတော့လည်း သူ စိတ်မပူဘဲ မနေနိုင်။ အိပ်ရာပေါ် စိတ်မောလက်မော လှဲချရင်း ထက်ပိုင် မင်းသူကို ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင်.. မင်းငါ့ကိုဖုန်းဆက်နေတာ ဘယ်နှစ်ခေါက်ရှိပြီလဲ။"

ဖုန်းကို ဆဲသံမျိုးစုံဖြင့် ဖြေလာသော သူငယ်ချင်းဖြစ်သူကြောင့် ထက်ပိုင် စိတ်ညစ်သွားရသည်။

"ဘာဖြစ်လို့လဲကွ။ အခုမှ နှစ်ခါလား သုံးခါလားရှိသေးတာ။"

"ခြောက်ခါရှိပြီကွ။ ခြောက်ခါ။ ဒီတစ်နေ့လုံး မင်း ငါ့ကိုဖုန်းဆက်နေတာ ခြောက်ခါရှိပြီ။"

ထက်ပိုင် ခေါင်းကို နာနာကုတ်မိသည်။ သူ တကယ်ပင် မမှတ်မိတော့..။

"မင်းကလည်းကွာ။ သူငယ်ချင်း အချင်းချင်း သတိရလို့ဆက်တာ။"

"အာ...ဘာသတိရတာလဲ။ မင်းလားငါ့ကို သတိရမှာ။ အကြွေးရှင် ကျနေတာပဲ။ ပြောစမ်းပါဦး။ ဘာဖြစ်ရပြန်ပြီလဲ။"

"ဟို...ဟိုကွာ။"

ထက်ပိုင် ရှေ့ဆက်ဖို့ အခက်တွေ့နေသည်။

"ဟေ့ကောင်.. မင်း ပြောစရာမရှိရင် ငါဖုန်းချတော့မယ်။"

"နေစမ်းပါဦးကွာ။ မင်းကလည်း။ အိမ်မှာဆက်ပိုင်မရှိဘူးကွ။"

"အေး.. ဘယ်ရှိမလဲ။ သူ့ကောင်မလေးဆီမှာဖြစ်မှာပေါ့။"

မင်းသူ တမင်ပင် ငေါ့ပြောမှန်းသိပေမယ့် ထက်ပိုင် ပို၍ စိုးရိမ်သွားသည်။

"မင်းသူရာ... သေချာနားထောင်စမ်းပါ။ ငါ အခုထားဝယ်လာမယ်ဆိုတာ တစ်လလောက်ကတည်းက သူ့ကို ကြို ပြောထားတာ။ အခု ငါ ထားဝယ်ကို ရောက်ခါနီးမှ ဖုန်းဆက်ပြီး ဆေးရုံမှာအရေးကြီးကေ့စ်ရှိလို့ဆိုပြီး ဖုန်းချသွားတယ်။ ဘယ်အချိန်ပြန်ရောက်မယ်ဆိုတာလည်း မပြောဘူး။ ငါရောက်ပြီဆိုပြီး မက်စ်စေ့ချ်ပို့တာလည်း မပြန်ဘူး။ မင်း ဘယ်လိုထင်လဲ။ ငါ့ကိုများ တမင်ရှောင်နေတာလား မသိဘူး။"

"အေး.. ဟုတ်တယ်။ တမင်ရှောင်နေတာပဲ ဖြစ်ရမယ်။"

"ဟေ့ကောင်.... ငါ အကောင်းပြောနေတာ။ မင်း ကိုယ်ချင်းနည်းနည်းမှ မစာတတ်ဘူး။"

"လဲသေလိုက် ထက်ပိုင်။ ရှိနေတဲ့နေရာမှာတင် ပုံကျပြီး လဲသေလိုက်။ ငါကတော့ နည်းနည်းမှမသနားဘူး။ တစ်နေ့လုံး မင်း ငါ့ကို စိတ်တိုင်းကျ ဖုန်းဆက်ပြီး ဆက်ပို်င် မင်းကိုချစ်သေးရဲ့လား။ တခြား သူတွေများရှိနေမလား။ ဘာလို့ရန်ကုန်ပြန်မပြောင်းချင်လာတာလဲ။ မင်းနားမှာမနေချင်လို့လားဆိုပြီး တစ်ခါအတွေးပေါ်တိုင်း တစ်ခါဖုန်းဆက်မေးနေတာ။ ဟေ့ကောင်.. ငါက ခွန်းဆက်ပိုင်မဟုတ်ဘူးကွ။ ငါ့နာမည် မင်းသူ။ ငါ့ကိုလာ လာမေး မနေနဲ့။"

နားထဲကိုကပ်ပြီး အော်နေသည့် မင်းသူအသံကြောင့် ထက်ပိုင် မျက်နှာရှုံ့မဲ့ကာ ဖုန်းကို ခပ်ဝေးဝေးမှာ ရွေ့ထားလိုက်ရသည်။ မင်းသူ စိတ်ဆိုးမည်ဆိုလျှင်လည်း ဆိုးဖို့ကောင်းသည်။ ခရီးလမ်းတစ်လျှောက်လုံး သူ အတွေးတွေများကာ ဂနာမငြိမ်တိုင်း မင်းသူကိုဖုန်းဆက်မေးကာ ဖွင့်ဟမိသည်။

"မင်းကလည်းကွာ။ အဲဒီလောက်စိတ်မဆိုးစမ်းပါနဲ့။ ငါ့မှာ သူငယ်ချင်းဆိုလို့ မင်းပဲရှိတာ။"

သူ လေသံပျော့ပျော့ဖြင့် ပြောမှ မင်းသူ နောက်တစ်ကြိမ် ရိုင်းရိုင်းဆဲလာသည်။ ဒါပေမယ့် ဖုန်းနားကပ်ကာ မအော်တော့၍ တော်သေးသည်။

"ထက်ပိုင်ရာ.. မင်း အလကား ဦးနှောက်ခြောက်ခံမနေစမ်းပါနဲ့။ မင်းနဲ့အတူရှိနေတာ ဆက်ပိုင်ပါ။ တခြားလူဆိုရင်ထားတော့။ ဆက်ပိုင်လောက် မင်းကိုချစ်နိုင်တဲ့သူ ဘယ်ကမ္ဘာမှာမှ မရှိဘူး။ ဘာလို့ မဖြစ်နိုင်တာတွေလျှောက်တွေးပြီး ကိုယ့်ကိုကိုယ်နှိပ်စက်နေရတာလဲ။"

ထက်ပိုင် ကိုယ့်ကိုကိုယ်နှိပ်စက်ချင်၍ မဟုတ်ပါ။ ဆက်ပိုင်ကို ချစ်မိလွန်း၍သာဖြစ်သည်။ အကြိမ်ကြိမ်အခါခါ နာကျင်ရပြီးမှ ပိုင်ဆိုင်ခွင့်ရခဲ့သည့် ဆက်ပိုင်ကို သူ တန်ဖိုးထားလွန်းကာ ဆက်ပိုင် သူ့ကိုမလိုချင်တော့မှာ မုန်းသွားမှာကို အရမ်းကို ကြောက်မိနေခြင်းဖြစ်သည်။

"ဒါဆို အခု သူ ငါ့ကိုရှောင်နေတာတော့ မဟုတ်လောက်ဘူး မဟုတ်လား မင်းသူ။"

"ထက်ပိုင်.. ငါ လူလိုပြောနေတဲ့ လူ စကားရော မင်း နားလည်ရဲ့လား။"

မင်းသူထံမှ စိတ်ပျက်လက်ပျက် ညည်းတွားသံကို ကြားလိုက်ရသည်။

"သေချာလား ဟေ့ကောင်။ မင်းစိတ်ထင် ဆက်ပိုင် ငါ့ကိုမရှောင်လောက်ဖူးပေါ့။"

မင်းသူထံမှ ဆဲသံများဆူညံသွားသည်မို့ နောက်တစ်ကြိမ် ဖုန်းကို ထက်ပိုင် နားနားမှ ပြန်ခွာလိုက်ရသည်။ အားရအောင်ဆဲပြီးမှ မင်းသူဖုန်းချသွားသည်။ အမည်းရောင်ပြောင်းသွားသော ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ပြီးမှ သူ လေပူတစ်ချို့ကို မှုတ်ထုတ်မိသည်။
တစ်စုံတစ်ယောက်ကို ချစ်မိရသည်မှာ ဒီလောက်စိတ်ပင်ပန်းစရာကောင်းလိမ့်မည်ဟု ထက်ပိုင် မသိခဲ့။ ရည်းစားတွေမြောက်မြားစွာ ရှိခဲ့ဖူးပေမယ့် အချစ်အကြောင်း ကကြီး ခခွေးပင် သဘောမပေါက်ခဲ့သည်ကို အခုမှ သူ နားလည်ရသည်။ တစ်ချိန်လုံး ဆက်ပိုင်အကြောင်းမှလွဲ၍ ဘာမှတွေး၍မရသလို တစ်နေ့လောက် ဖုန်းဆက်မလာလျှင်ဖြစ်ဖြစ် သူဖုန်းဆက်၍ ဆက်ပိုင်ချက်ချင်းမဖြေလျှင်ဖြစ်ဖြစ် ဆောက်တည်ရာမရဖြစ်နေတတ်သည်။

ဖုန်းပြောဖြစ်ပြီးပြန်လျှင်လည်း တွေ့ချင်စိတ်ကို မထိန်းနိုင်ဘဲ မခံစားနိုင်လောက်အောင် လွမ်းမိသည်။ ရန်ကုန်မှ ထားဝယ်အထိ ခြေကျင်ပြေးလာချင်စိတ်များကို ဆက်ပိုင်နှင့် ဖုန်းပြောပြီးတိုင်း ဖြစ်ရသည်။ တစ်ခါတစ်ရံ သူတို့နှစ်ယောက် ညလုံးပေါက် ဖုန်းထဲမှ စကားပြောဖြစ်ကြသည်။ ဖုန်းတွေပူလောင်နေသည်ကိုလည်း သတိမထားမိ၊ လက်တွေညောင်းတောင့်နေသည်ကိုလည်း အမှတ်မထင်ဖြစ်ကာ ဖုန်းလိုင်းထဲမှ ဆက်ပိုင်အသံကို သူ မက်မောစွာ နားထောင်မိသည်။

သူ သိချင်သည်မှာ ဆက်ပိုင်ရော သူ့လိုပဲလားဟူသည့် မေးခွန်း၏အဖြေဖြစ်သည်။ ဆက်ပိုင် သူ့ကို ဖုန်းစ ဆက်ဖြစ်သည်မှာ ရှားသည်။ သူကသာမခေါ်လျှင် ဆက်ပိုင်ထံမှ ဖုန်းဝင်သည်ဆိုသည်မှာ မရှိသလောက်ပင်။ တစ်ခါတစ်ရံ ဖေဖေ့ကိုခေါ်ပြီးမှ သူရှိလားမေးတတ်သည့် ဆက်ပိုင်ကို အသည်းယားမိသည်။

ဖုန်းထဲတွင် သူ ပြောသမျှနားထောင်ကာ သူ မေးသမျှ ဖြေလာပေမယ့် လွမ်းကြောင်း၊ သတိရကြောင်းတော့ တစ်ခွန်းပင်မဟ။ ထက်ပိုင် မနေနိုင်လွန်း၍ ငါ့ကိုလွမ်းလားဟု မျက်နှာပူပူနှင့် ပြောင်တိုက်မေးလျှင်လည်း ရယ်လိုက်သည်သာဖြစ်သည်။ ဒါမှမဟုတ် တခြားအကြောင်းအရာများကို ရှောင်လွှဲဖြေကာ ဘယ်တော့မှ အဖြေပေးမလာခဲ့။

ဒီတော့လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိုးရိမ်ခြင်းရေမှတ်မှာ တဖြည်းဖြည်း တိုးလာခဲ့သည်။ "သမီးရည်းစားများ အနေဝေးရင် အစောပိုင်းသာ လွမ်းကြ၊ ဆွေးကြတာ။ ပြီးတော့လည်း သွေးအေးသွားတာပဲ။" ဟု အမှတ်မထင် ပြောလာခဲ့သော မင်းသူရဲ့ စကားတစ်ခွန်းနောက်မှာ သူ အိပ်၍ပင် မပျော်နိုင်တော့။ တံခါးဖွင့်သံကြောင့် အတွေးရပ်ကာ ထက်ပိုင် ငေါက်ခနဲ ထထိုင်လိုက်သည်။ ချက်ချင်းလိုလို အခန်းတံခါးကို တွန်းဖွင့်ကာ အပြင်ထွက်လာခဲ့သည်။

"ကိုထက် .. ရောက်နေတာကြာပြီလား။"

ဆက်ပိုင်၏ ဆံပင်များမှာ လေတိုက်ခံထားရ၍ ရှုပ်ပွနေသည်။ အမည်းရောင် ဘောင်းဘီရှည်နှင့် ဆေးရုံကုတ်အကျီင်္အဖြူကို ဝတ်ထားဆဲဖြစ်သည်။ နေလောင်ထားသော မျက်နှာထက်မှ အပြုံးမှာ တောက်ပနေသည်။ လက်ထဲမှာ ဆေးရုံသုံး လက်ဆွဲအိတ်နှင့်အတူ တစ်ခါသုံးဖော့ဗူးနှစ်ခုကို ကျွတ်ကျွတ်အိတ်နှင့်ထည့်ကိုင်ထားသည်။

"အရင်တစ်ခေါက် ကိုထက် စားပြီး ကြိုက်တယ်ဆိုတဲ့ ခေါက်ဆွဲကြော် ဝင်ဝယ်လာတယ်။ ဆာနေပြီလား။"

ထက်ပိုင် ခေါင်းခါပြလိုက်သည်။ ဆက်ပိုင်၏ အဖြူရောင် ဆရာဝန် ကုတ်အကျီင်္ဖြူ၏ အိတ်ကပ်နေရာတွင် ဆီတစ်ချို့ကွက်နေသည်။ ဝယ်လာခဲ့သည့် ခေါက်ဆွဲကြော်မှ ပေသည့်ပုံဖြစ်သည်။

"မင်း ကုတ်အင်္ကျီကို ဆီတွေပေကုန်ပြီ။"

"ဟာ....ဟုတ်ပါရဲ့။ စိတ်တွေအရမ်းလောပြီး ဆေးရုံကထွက်လာတာ။ ကုတ်အကျင်္ီချွတ်သိမ်းဖို့ပါ မေ့သွားတယ်။"

ဆက်ပိုင် တစ်ချက်ရယ်လိုက်ပြီး လက်ဆွဲအိတ်ကို ကြမ်းပြင်ပေါ်ချကာ ထမင်းစားခန်းထဲဝင်သွားခဲ့သည်။ ထက်ပိုင် အတန်ကြာအောင် ဘာလုပ်ရမည်မှန်းမသိသလို ရပ်နေမိပြီးမှ မီးဖိုခန်းထဲသို့ လိုက်သွားခဲ့သည်။

မကျယ်ဝန်းသော မီးဖိုချောင်မှာ လျှပ်စစ်မီးဖိုသေးသေးတစ်ခုနှင့် လျှပ်စစ်ထမင်းအိုး အသေးတစ်လုံးရှိနေသည်။ သစ်သားကြောင်အိမ်မှာလည်း ခပ်သေးသေးပင်ဖြစ်သည်။ ရေခဲသေတ္တာမရှိ။ အပြာရောင် ရေသန့်ဗူးကြီးတစ်လုံးဘေးမှာတော့ ထမင်း စားပွဲနှင့်ထိုင်ခုံနှစ်လုံးရှိသည်။ စားပွဲပေါ်မှ အုပ်ဆောင်းကိုဖယ်ကာ ဆက်ပိုင် ခေါက်ဆွဲကြော်ကို စားပွဲပေါ်တင်လိုက်သည်။

"ငါပြင်ထားပါ့မယ်ကွာ။ မင်း အဝတ်အစားသွားလဲဦး။"

ထက်ပိုင် မနေနိုင်စွာ ပြောလိုက်သည်။ ဆက်ပိုင်အပြုံးတစ်ခုနှင့် ခေါင်းညိတ်ကာ အခန်းပြင်ထွက်သွားသည်။
ဆက်ပိုင် ထမင်းစားခန်းထဲမှ ထွက်သွားမှ ထက်ပိုင် ကိုယ့်ခေါင်းကိုကိုယ် နာနာရိုက်မိသည်။ အချိန်အကြာကြီး မတွေ့ဖြစ်ကြသည့် သူတို့နှစ်ယောက်၏ ပထမဆုံးစကားသည် ဘယ်လောက်လွမ်းမိကြောင်း၊ သတိရမိကြောင်း ဖြစ်သင့်သည်။ ရုပ်ရှင်တွေ၊ ဝတ္တုတွေထဲမှာလို ပြေးဖက်တာတို့၊ ဘာတို့ ဖြစ်သင့်သည်။ အခုတော့ သူပြောသည်က ဆက်ပိုင် ကုတ်အကျီင်္တွင် ဆီပေနေသည့်အကြောင်း ဖြစ်နေသည်လေ။

ထက်ပိုင် ကိုယ့်ကိုကိုယ် နောက်တစ်ကြိမ် ကျိန်ဆဲကာ ပန်းကန်ဆေးစင်မှ ပန်းကန်နှစ်ချပ်ကိုယူကာ ခေါက်ဆွဲကြော်ကို ပြောင်းထည့်လိုက်သည်။ အနီရောင် carrot များနှင့်ရောနေသည့် အညိုရောင်ခေါက်ဆွဲကြော်မှာ ဆီများဝင်းနေသည်။ ကြက်ဥဖတ်များနှင့် အသားများကိုလည်း ဖောသီစွာထည့်ထားပေးသည်။

အရင်တစ်ခေါက် သူ ထားဝယ်သို့ရောက်လာခဲ့တုန်းက ဆက်ပိုင် သူ့ကို နာမည်ကြီးသည့် ဒီဆိုင်သို့ခေါ်သွားခဲ့ဖူးသည်။ စားကောင်းလှသည့် ခေါက်ဆွဲကြော်ကို သူ အရမ်းကြိုက်နှစ်သက်ခဲ့သည်။ အခုလို လေတွေထန်နေသည့်ကြားမှ ဆက်ပိုင် တကူးတက သွားဝယ်လာခဲ့သည်ကို တွေးမိတော့ သူ့ တစ်ကိုယ်လုံး ကြက်သီးထသည်အထိ ကြည်နူးမိသည်။
ဒါဆို ဆက်ပိုင် သူ့ကို နည်းနည်းလောက်တော့ ချစ်ဦးမည်ထင်သည်။

"စားနှင့်တာမဟုတ်ဘူးဗျာ။ ကျွန်တော့်ကိုစောင့်နေသေးတယ်။"

ဆက်ပိုင် သူ့ရှေ့မှာ ဝင်ထိုင်လိုက်သည်။ အကျီင်္လက်ပြတ်နှင့် ဘောင်းဘီတိုကို ကလေးတစ်ယောက်လို ဝတ်လာသော ဆက်ပိုင်ကိုကြည့်ရင်း သူ တံတွေးနင်သွားမိသည်။ ဖြူဝင်းသော လက်မောင်းများနှင့် အစိမ်းရောင်သွေးကြောများ ထင်းနေသည့် လည်တိုင်တစ်ခု။ ဘာမှမစားရပါသေးပေမယ့် သူ့ ရင်တွေပြည့်ကုန်ပြီဖြစ်သည်။

ဆက်ပိုင် ခက်ရင်းတစ်ချောင်းကို သူ့ထံ ကမ်းပေးလာသည်။ ထက်ပိုင် ခေါင်းငုံ့ကာ စားနေပမယ့် သူ တစ်ခါက အရမ်းကြိုက်မိသည့် ခေါက်ဆွဲကြော်၏ အရသာကို လုံးလုံး သတိမထားမိလိုက်။

"ကိုထက်.."

"အင်း.."

"ကျွန်တော် မနက်ဖြန်ခွင့်ယူထားတယ်။"

ထက်ပိုင် မယုံနိုင်လောက်အောင် အံ့သြဝမ်းသာသွားသည်။ ဆက်ပိုင်တစ်သက်မှာ ခွင့်ယူသည်ဆိုသည်ကို ထက်ပိုင် ဒီတစ်ခေါက်သာ ကြားဖူးမိခြင်းဖြစ်သည်။

"တကယ်လား။ မင်း အားတယ်ပေါ့။"

"ကျွန်တော့် သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်လာပေးလိုက်မယ်။ ကျွန်တော်တို့ ရှင်မော်ဖက် သွားလည်ကြတာပေါ့။"

သွားလည်ဖို့ဆိုသည်ထက် ဆိုင်ကယ်လာပေးမည်ဆိုသော သူငယ်ချင်းအကြောင်း ထက်ပိုင် ပို၍စိတ်ဝင်စားမိသည်။ ဘယ်သူလဲ၊ ဘယ်ကလဲ၊ ဘာသူငယ်ချင်းလဲဆိုသည့် မေးခွန်းများက ခေါင်းထဲတန်းစီဝင်လာသည်။
ဖြစ်နိုင်လျှင် မင်းသူကို နောက်တစ်ကြိမ် ဖုန်းဆက်မိမည်ဖြစ်သည်။

"ကိုထက် ခရီးပန်းလာရင် နားတော့လေ။ မနက်ဖြန်လည်း လေးငါးနာရီလောက် ဆိုင်ကယ်စီးရမှာ။"

သူတို့စားပြီးသားပန်းကန်များကို ဆက်ပိုင်ဆေးကာ စားပွဲသိမ်းနေချိန်မှာ ကြောင်အိမ်ပေါ်မှာ အသင့်ရှိနေသည့် စီးကရက်ဗူးထဲမှ စီးကရက်တစ်လိပ်ကို ထက်ပိုင် ထုတ်ယူလိုက်သည်။

"ဆက်ပိုင်..."

"ဗျာ.."

"မီးခြစ်ဘယ်မှာလဲ။"

ဆက်ပိုင် သစ်သားတန်းစင်ပေါ်မှ ဂက်စ်မီးခြစ်ကိုယူကာ ထက်ပိုင်စီးကရက်ကို မီးညှိပေးလိုက်ပြီး သူကိုယ်တိုင်လည်း တစ်လိပ်ယူသောက်လိုက်သည်။

"မင်းက စီးကရက် သောက်နေကျမို့လို့လား။"

"ဟင့်အင်း...တစ်ခါတလေမှပါ။ ကျွန်တော် စီးကရက်အရသာကို မကြိုက်ဘူး။"

"ဒါနဲ့များ သောက်ရသေးလား။"

ဆက်ပိုင်ရယ်လိုက်သည်။

"ကျွန်တော်ပြောရင် ကိုထက် ယုံမလား။ ကိုထက်လာမှ ကျွန်တော် စီးကရက်သောက်ဖြစ်တာများတယ်။"

"ဟောဗျာ.. ဘာဆိုင်လို့လဲ။"

သူ့ရှေ့မှ စားပွဲကိုမှီရပ်နေသည့် ဆက်ပိုင်ကို အံ့သြစွာ ကြည့်ရင်း ထက်ပိုင်မေးမိသည်။

"အမြဲတမ်းလိုလို ကျွန်တော်တို့ အတူတူနေခဲ့ကြပေမယ့် အခုကျတော့.. အင်း.. ဘယ်လိုပြောရမလဲ။"

ဆက်ပိုင် စကားဆက်ရန် ခက်သည့်ဟန်ဖြင့် ဆံပင်များကို သပ်တင်လိုက်သည်။ နောက်တစ်ကြိမ် စိတ်ရှုပ်စွာ ရယ်လိုက်သည်။ ဆက်ပိုင်၏ ရှက်ရိပ်သန်းသော ထိုအရယ်နှင့်အပြုံးသည် သူ့အတွက် လှလွန်းပါသည်။

"တကယ်ပဲဗျာ။ စကားပြောရတာတောင် အရင်ကနဲ့မတူတော့ဘူး။ အရင်တုန်းက ကိုထက်နဲ့စကားပြောရတာ ဒီလောက်မခက်ဘူး။"

ဆက်ပိုင် စီးကရက်ကို ရှိုက်ဖွာလိုက်ကာ မီးခိုးငွေ့များကို ထက်ပိုင်မျက်နှာရှိရာ မရောက်စေရန် ခေါင်းကိုစောင်း၍ မှုတ်ထုတ်လိုက်သည်။ ထက်ပိုင် အခုအချိန်အထိ နားမလည်သေး။ ဆက်ပိုင် သူ့ကိုနောက်တစ်ကြိမ် အပြုံးတစ်ခုဖြင့် စိုက်ကြည့်လာသည်။

"ကျွန်တော်ဆိုလိုချင်တာက။ အခု ကျွန်တော်တို့နှစ်ယောက်က အရင်ကလို မဟုတ်ဘူးလေ။ ဒီတော့.. အင်း.. ဘယ်လိုပြောရမလဲ။ အခုနောက်ပိုင်း ကိုထက်နားရောက်ရင် ကျွန်တော် ဘာလုပ်ရမှန်းမသိတော့သလို ဘာပြောရမှန်းလည်း မသိတော့ဘူး။ ဒါနဲ့ပဲ စီးကရက်သောက်ဖြစ်သွားတာ။"

ထက်ပိုင် ရင်တွေခုန်သွားသည်။

ဆက်ပိုင် မျက်လုံးများက ရိုးသားလွန်းလှသည်။ ဒါဆို ဆက်ပိုင်လည်း သူ့လိုပင် ခံစားရသည်ပေါ့။ ဖြစ်နိုင်လျှင် သူ့ရှေ့မှ ဆက်ပိုင်ကို ချက်ချင်းဆိုသလို ပွေ့ဖက်လိုက်ချင်သည်။ ဒီလိုအေးဆေးစွာ ဝန်ခံလာသည့် ဆက်ပိုင်သည် ဆွဲဆောင်နိုင်လွန်းသည်။ သူ့ ရင်များကို အတိုင်းအဆမရှိအောင် ခုန်စေသည်။

"ငါလည်း အတူတူပဲ။"

"ဗျာ..."

"တကယ်ပြောတာ။ ငါလည်း မင်းလိုပဲ။ မင်းရှေ့ရောက်ရင် ဘာတွေပြောပြီး ဘာလုပ်ရမှန်းမသိတော့ဘူး။"

ထက်ပိုင်ခေါင်းကုတ်ကာ ရယ်ရင်းဝန်ခံလိုက်မိသည်။ ဆက်ပိုင် မျက်ခုံးနှစ်ဖက်မြင့်တက်ကာ သူ့ကိုမယုံနိုင်စွာ ကြည့်နေသည်။ ပြီးမှ အသံထွက်အောင် တစ်ချက်ရယ်လိုက်ကာ စီးကရက်ကို ပြာခွက်ထဲ ထိုးခြေလိုက်သည်။

"အဲဒါဆိုရင်တော့ တော်သေးတာပေါ့ဗျာ။ ကျွန်တော် တစ်ယောက်တည်းမဟုတ်တော့ အဖော်ရတာပေါ့။"

ဆက်ပိုင်၏ အနီရောင်သဲ့သဲ့သန်းသွားသော နူးညံ့သည့် ပါးပြင်ကို သူ လှမ်းကိုင်လိုက်မိသည်။ ရုတ်တရက်မို့ ဆက်ပိုင် အံ့သြငြိမ်သက်သွားသည်။ ဆက်ပိုင်ပါးပေါ်မှ သူ့ လက်များကို မဖယ်မိ။ ဖြည်းညှင်းစွာ ဆက်ပိုင်မျက်နှာကိုမော့ကာ ဆက်ပိုင်နှုတ်ခမ်းများရှိရာသို့ သူ့မျက်နှာ တိုးကပ်သွားမိသည်။

ဆက်ပိုင်နှုတ်ခမ်းများသည် ပန်းပွင့်လွှာတစ်ခုလို နူးညံ့ပြီး စမ်းချောင်းငယ်တစ်ခုလို အေးမြကာ လပြည့်ညတစ်ညလို ဆွဲဆောင်မှုရှိသည်ဟု သူ ထင်သည်။ ဆက်ပိုင်နှုတ်ခမ်းများပေါ်မှ သူ့နှုတ်ခမ်းများ ညင်သာစွာ ရွေ့လျားလာခဲ့သည်။ ဖြူစင်းသော လည်တိုင်ကို ဖြည်းညှင်းစွာ ငုံ့နမ်းမိချိန်မှာ ဆက်ပိုင်၏ အသက်ရှူသံ ပြင်းလာသည်ကို သူ ကြားနေရသည်။ ထက်ပိုင်လက်များက ဆက်ပိုင်လက်မောင်းမှတစ်ဆင့် လက်ချောင်းများရှိရာ ရွေ့လျားဆင်းလာကာ ဆက်ပိုင်လက်များကို တင်းကြပ်စွာ ဆုပ်ကိုင်မိသည်။
နောက်တစ်ကြိမ် ဆက်ပိုင်နှုတ်ခမ်းများကို နမ်းရှိုက်မိချိန်မှာတော့ ထက်ပိုင်အနမ်းများသည် မနူးညံ့တော့။ ဆက်ပိုင်နှုတ်ခမ်းများ နီရဲလာသည်အထိ ငတ်မွတ်နေသော ကျားတစ်ကောင်လို အကြိမ်ကြိမ် စုပ်ယူနမ်းမိသည်။ ဆက်ပိုင်တစ်ကိုယ်လုံးကို ပို၍နီးကပ်အောင် အားကုန်ဆွဲယူကာ တင်းကြပ်စွာဖိကပ်ပွေ့ဖက်ထားသည်။ ထက်ပိုင်၏ လျှာဖျားက ပွင့်ဟသွားသော ဆက်ပိုင်နှုတ်ခမ်းများတစ်ဆင့် လျှင်မြန်သန်မာစွာ တိုးဝင်ကာ ချော့ကလက်ရောသော စတော်ဘယ်ရီသီးတစ်လုံးကို စားမိသလို ဆက်ပိုင်နှုတ်ခမ်းနှင့်လျှာများကို အလွှတ်မပေးတော့ဘဲ မက်မောစွာ စားသုံးလာခဲ့သည်။

ရုတ်တရက် ကျယ်လောင်စွာ မြည်လာသော ဖုန်းသံတစ်ခုကြောင့် သူတို့နှစ်ယောက်စလုံး လူချင်းခွဲလိုက်မိကြသည်။
ဆက်ပိုင် မျက်နှာတစ်ခုလုံး နီရဲနေကာ နားရွက်ဖျားများမှာမူ ရဲရဲတွတ်နေသည်။ ထက်ပိုင်ကိုယ်တိုင်လည်း အရက်မူးသမားတစ်ယောက်လို မြေပြင်မှာခြေချနေသည်ဟုပင် မထင်မိတော့။

"ကိုထက် ဖုန်းဖြစ်လိမ့်မယ်။"

"ဟင်.. သြော်..အေး။"

ထက်ပိုင် အိပ်ခန်းရှိရာ ထူပူစွာ လှမ်းလျှောက်လာခဲ့သည်။ အခုအချိန်မှာသာ သူ့မျက်နှာပေါ်တွင် ကြက်ဥတစ်လုံးတင်လိုက်ပါက ကြက်ဥကျက်သွားနိုင်သည်အထိ ပူလောင်နေမည်ဆိုတာ သေချာပါသည်။ ကျယ်လောင်စွာ အဆက်မပြတ်မည်ဟည်းနေသော ဖုန်းကို တော်တော်နှင့်ရှာမတွေ့နိုင်လောက်အောင် ခေါင်းတွေ ချာချာလည်နေသည်။ နောက်ဆုံး ခေါင်းအုံးဘေးနားမှ ဆူညံစွာမြည်နေသည့်ဖုန်းကို ခပ်မြန်မြန် ဖြေလိုက်သည်။

"ဟဲလို.."

"ထက်ပိုင်... သူငယ်ချင်း.. ငါ မင်းကို သတိရလွန်းလို့ ဖုန်းဆက်ကြည့်တာ။"

မင်းသူ

ခွေးလိုကောင်.. တိရိစ္ဆာန်လိုကောင်..

ထက်ပိုင် သိသမျှ တတ်သမျှ နည်းမျိုးစုံဖြင့် စိတ်ထဲမှ ဆဲလိုက်မိသည်။

"ဆက်ပိုင် ပြန်ရောက်လာပြီလား။"

"အေး.. မင်း ဘာကိစ္စရှိလို့ဆက်တာလဲ။"

"သတိရလို့ပါဆိုကွာ။ မင်း ငါ့ကို မေးစရာတွေ ဘာတွေ မရှိဘူးလား။"

မင်းသူရဲ့ မုန်းစရာကောင်းလောက်တဲ့ ညစ်ကျယ်ကျယ် ရယ်သံတစ်ချို့ကို ကြားလိုက်ရသည်။

"မရှိဘူး။ ဘာမှမရှိဘူး။ ရှိလည်း နောက်ကို မင်းကိုဆိုရင်မဆက်တော့ဘူး။ ဒါပဲ။"

ထက်ပိုင် ဖုန်းကို ဒေါသတကြီးဆောင့်ပိတ်ကာ မွေ့ရာပေါ် ပစ်တင်လိုက်သည်။ သူ့နောက်ကျောဘက်မှ ဆက်ပိုင်ရယ်သံကြောင့် မျက်မှောင်ကြုတ်ကာ နောက်လှည့်ကြည့်မိသည်။ လက်နှစ်ဖက်ပိုက်ပြီး အခန်းတံခါးကို မှီရပ်နေသည့် ဆက်ပိုင် မျက်နှာမှာ ရယ်ချင်စိတ်ကို ထိန်းမရသည့်ပုံ ဖြစ်နေသည်။

"ကိုမင်းသူ ဆက်တာလား။"

"မင်းက ဘာလို့ပြုံးစိစိဖြစ်နေရတာလဲ။"

ထက်ပိုင် မင်းသူကို ဒေါသထွက်နေရာမှ ဆက်ပိုင်ကိုပါ အမြင်ကတ်စွာ ကြည့်မိသည်။

"ဘာကိစ္စရှိလို့တဲ့လဲ။"

ရယ်သံတစ်ချို့နှင့် မေးလာပြီးမှ ဆက်ပိုင် မထိန်းနိုင်တော့သည့်ဟန် ရယ်ချလိုက်သည်။

"မင်းကပါ ရယ်မနေနဲ့။"

ထက်ပိုင် ဘေးနားမှ ခေါင်းအုံးကို ဆွဲယူကာ ဆက်ပိုင်ကို လှမ်းပစ်လိုက်သည်။ ဒါပေမယ့် ဆက်ပိုင် အရယ်မရပ်ဘဲ ဧည့်ခန်းရှိရာကို ရှောင်ထွက်သွားပြီဖြစ်သည်။

Continue Reading

You'll Also Like

5.1M 411K 153
(Unicode & Zawgyi) ကြယ်ကြွေချိန်ဆိုတာ တကယ်တော့ ခဏလေးပါ။ ဒါပေမယ့် အဲဒီအချိန်မှာ အရမ်းကိုပူပြင်းလောင်ကျွမ်းခဲ့တာလေ။ နေရှင်းခ.. ငါတို့နှစ်ယောက်ရဲ့ ဆုံစ...
140K 7.7K 35
Цамцных нь захан дээр тодрон харагдах уруулын хээ, шиврэн орох бороо, халуун кофе. "Тэр энд ердөө дулаацахаар ирсэн. Өөр зүйлгүй" /Дууссан/ Зөвшөөрө...
4.6M 359K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...
2.3M 217K 90
(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။