Sugar Daddy (Completed)

By shanemann622

4.3M 323K 9.9K

အနိမ့္အျမင့္ အတက္အက် ေျပာင္းလဲေနတဲ့ ဘဝႀကီးမွာ ကံၾကမၼာရဲ႕ ႀကိဳးဆြဲရာကို က်ေနာ္ ခံႏိုင္ရည္႐ွိသမ်ွ ကခဲ့ရတယ္။ ဘဝတ... More

Author
part 1(Zawgyi +Uni)
part 2(zawgyi +uni)
part 3(zawgyi +uni)
part 4(zawgyi+uni)
part 5(zawgyi +uni)
part 6(zawgyi +uni)
part 7(zawgyi +uni)
part 8(Zawgyi +uni)
part 9(zawgyi +uni)
part 10(zawgyi +uni)
part 11(zawgyi +uni)
part 12(zawgyi +uni)
part 13 (Zawgyi + Uni)
part 14(zawgyi +uni)
part 15(Zawgyi + uni)
part 16(zawgyi +uni)
part 17(zawgyi +uni)
part 18(zawgyi +uni)
part 19(zawgyi +uni)
part 20(zawgyi+ uni)
part 21(zawgyi +uni)
part 22(zawgyi +uni)
Part 23(zawgyi +uni)
part 24(zawgyi +uni)
part 25(zawgyi +uni)
part 26(zawgyi +uni)
part 27(zawgyi +uni)
part 29(zawgyi+uni)
part 30(zawgyi +uni)
part 31(zawgyi +uni)
part 32(zawgyi +uni)
part 33(zawgyi +uni)
part 34 (Zawgyi +uni)
ေနသစ္မာန္
႐ွိန္းေခတ္ေႏြ
part 35( zawgyi+ uni)
part 36(zawgyi + uni)
Part 37(Zawgyi + Uni)
part38 (Zawgyi +uni)
part 39(Zawgyi +Uni)
ေျဖ႐ွင္းခ်က္
Part 40 (Z+ U) Final
ေက်းဇူးတင္လႊာ
Extra (Z + U)
Extra 2(Z+U)
Extra 3(Z+U)
Extra 4(Z+U) end
special extra for covid-19
side story
back with newfic

part 28(Zawgyi +uni)

70.9K 6.6K 268
By shanemann622

ေခတ္ေႏြ စိတ္ညစ္ညစ္နဲ႔ အိမ္ျပန္လာၿပီး ထိုးအိပ္ေနလိုက္သည္။ သူဘာမွမေတြးခ်င္ေတာ့.....။ တစ္ေရးေလာက္ ေမွးခနဲ အိပ္ေပ်ာ္သြားတုန္းမွာ ဖုန္းလာသျဖင့္ ေခတ္ေႏြ လြယ္အိတ္ထဲက ဖုန္းကို ႏိႈက္ၿပီး နံပါတ္ၾကည့္လိုက္ေတာ့ ဦးမာန္ ဆက္ေနတာပင္။ ေခတ္ေႏြသည္ အဆက္မျပတ္ျမည္ေနတဲ့ ဖုန္းကို ၾကည့္ၿပီးငိုင္ေနသည္။ သူကိုင္ရမလား မကိုင္ရဘူးလား ။ သူဦးမာန္နဲ႔ စကားမေျပာခ်င္ေသးဘူး။ ဖုန္းကို စားပြဲေပၚတင္ကာ ဖုန္းသံကိုမၾကားခ်င္ေယာင္ေဆာင္လိုက္ၿပီး ဆက္အိပ္ရန္ျပင္လိုက္ေသာ္လည္း စိတ္ကမရ။ ဖုန္းကိုကိုင္လိုေသာေၾကာင့္ ျပန္ထကာ ဖုန္းကိုင္လိုက္သည္။

"Hello ညီ ကိုယ္ဖုန္းေခၚေနတာၾကာၿပီ ဘာလို႔ ဖုန္းမကိုင္တာလဲ ”

ၿငိမ့္ေညာင္းလွသည့္ ဦးမာန္၏ အသံသည္ ေခတ္ေႏြနားသို႔ထိခပ္သြားသည္။

"အင္း မၾကားလို႔”

ေခတ္ေႏြ လိမ္ေျပာလိုက္ပါသည္။ ဒီေန႔ ျဖစ္ပ်က္ခဲ့သည္မ်ားကို ဦးမာန္ကိုမသိေစခ်င္။ တကယ္ဆို ဒါေတြက အမွန္တရားေပမယ့္ ။ သိတဲ့အတိုင္း အမွန္တရားကနည္းနည္းေတာ့ခါးတယ္မလား။ ဦးမာန္၏ေပးကမ္းသမ်ွကို ယူေနေတာ့လည္း စပြန္ဆာလို႔ အေျပာခံရတာ မဆန္းေပ။

"ကိုယ္ ဒီေန႔ လာႀကိဳတာ နည္းနည္းေနာက္က်မယ္ေနာ္ လမ္းမွာ ကားေတြပိတ္ေနလို႔”

"ကြၽန္ေတာ္ အိမ္ေရာက္ေနၿပီ ဦးမာန္လာမႀကိဳနဲ႔ေတာ့”

"ဟင္ ဘာလို႔လဲ ညီ ေနမေကာင္းလို႔လား”

"မဟုတ္ပါဘူး ေနာက္အတန္းေတြမတက္ခ်င္ေတာ့တာနဲ႔ ျပန္လာလိုက္တာ”

"ေအာ္... ဒါဆိုလည္း ကိုယ္ အိမ္ကပဲေစာင့္ေနေတာ့မယ္ေလ ညီ ေစာေစာလာခဲ့ေပါ့ ထမင္းမစားလာနဲ့ေနာ္ ဦးတိုးကိုခ်က္ခိုင္းထားမယ္ ဒီေန႔ လုပ္ရမယ့္ အလုပ္ေတြနည္းနည္းမ်ားတယ္ညီ အဲ့ဒါေစာေစာလာၿပီး ကူအုံး”

ေခတ္ေႏြ ဒီေန႔ ေနသစ္ဆီကို မသြားဖို႔ဆုံးျဖတ္ထားတာပါ ။ ဒါေပမဲ့ အလုပ္ေတြမ်ားတယ္ဆ္ိုေတာ့လည္း မသြားလို႔မျဖစ္။ မလာေတာ့ဘူး ေျပာၿပီး အေၾကာင္းတစ္ခုခုျပလိုက္ရင္လည္းရေပမဲ့လို႔ ကိုယ့္ကို အပါးခိုတယ္လို႔ မထင္ေစခ်င္။

"ဟုတ္ကဲ့ ကြၽန္ေတာ္ ၅နာရီေလာက္ လာခဲ့ပါ့မယ္”

"အင္း ဒါဆို ကိုယ္ဖုန္းခ်လိုက္ေတာ့မယ္ ”

"ဟုတ္”

ေခတ္ေႏြ ေနသစ္နဲ႔ ဖုန္းေျပာၿပီး ကုတင္ေပၚျပန္ထိုင္ကာ သက္ျပင္းမ်ားခ်မိသည္။ ေတြ႔လည္းေတြ႔ခ်င္တယ္ ေတြ႔လည္းမေတြ႔ခ်င္ဘူး။ အခုေနာက္ပိုင္း သူ႔ကိုေတြ႔ရင္ ကိုယ့္ရဲ႕ ရင္ခုန္သံေတြမူမမွန္ေတာ့တာ သတိထားမိလာတယ္။ စိတ္႐ႈပ္လိုက္တာ ဦးမာန္ရယ္.....။

..............

ေနသစ္ ေခတ္ေႏြနဲ႔ ဖုန္းေျပာရင္း ေခတ္ေႏြ၏ အသံ သိပ္မေကာင္းတာကိုသတိထားမိသည္။ ေခတ္ေႏြ အသံသည္ ႏြမ္းလ်ေနသည္။ ဘာေတြမ်ားျဖစ္ေနပါ့လိမ့္ ။ အေၾကာင္းရင္းကိုသိလို သလို သူ႔မ်က္ႏွာေလးကိုလည္း မျမင္ရရင္မေနတာေၾကာင့္ အလုပ္နည္းနည္းကိုအမ်ားႀကီးဟုအေၾကာင္းျပကာ ေခၚလိုက္သည္။ တစ္ေနကုန္ လြမ္းေနခဲ့တာမလား။

................

"သား မ်က္ႏွာက ဘာျဖစ္တာလဲ”

ေခတ္ေႏြ ေရခ်ိဳးၿပီး ထြက္လာေတာ့ အခန္းေ႐ွ႕မွာ ေမေမႏွင့္ဆုံသည္။ ေက်ာင္းကျပန္ၿပီး မ်က္ႏွာကိုငုံ႕၍ အခန္းထဲဝင္သြားကတည္းက ေမက ေခတ္ေႏြဘာျဖစ္ေနတာလဲဟုေတြးမိသား။ အခုလည္း ညေနေစာင္းေနသျဖင့္ အိပ္ေနေသးလားဟုေတြးကာ ႏိႈးရန္ တံခါးအဖြင့္ ေခတ္ေႏြအခန္းထဲကအထြက္နဲ႔ၾကံဳ၍ မ်က္ႏွာအား ေသခ်ာျမင္လိုက္မွေမးျခင္းသာ။ ပါးမို႔မွာ အညိဳကြက္နဲ႔ဖူးေနကာ ႏႈတ္ခမ္းေထာင့္မွာလည္း ကြဲေနေသးသည္။ အေမက ေခတ္ေႏြ၏ မ်က္ႏွာကို ေသခ်ာျပဴးျပဲၾကည့္ကာ စိုးရိမ္မႈမ်ားျဖင့္ေမးသည္။

"သား ရန္ျဖစ္လာတာလား ”

ေခတ္ေႏြသည္ အေမ့အၾကည့္မွ ေ႐ွာင္ထြက္ရင္း

"ဟုတ္ ဟိုဘက္ရန္စလို႔ သားစိတ္မထိန္းႏိုင္တာနဲ႔ ျဖစ္သြားတာပါ အေမ”

"သားရယ္ ဘယ္လိုျဖစ္လို႔လဲ စိတ္ထိန္းမွေပါ့ကြယ္ ၾကည့္ပါအုံး မ်က္ႏွာမွာ ဖူးေယာင္လို႔ လာလာ ေမေဆးထည့္ေပးမယ္”

အေမကေတာ့ လူငယ္သဘာဝရန္ျဖစ္ၾကတာပဲဟုေတြးကာ အေၾကာင္းရင္းကိုမေမးလို႔ ေတာ္ေသးသည္။ သားငယ္၏ မ်က္ႏွာေပၚ၌႐ွိေသာ ဒဏ္မ်ားကိုသာ ေဆးလိမ္းေပးရန္ ေလာေနသည္။

"မီးငယ္ မီးငယ္ ေဆးေသတၱာထဲက ဆရာခို ဘူးေလးယူလာေပးပါအုံးကြယ္”

"ဟုတ္ကဲ့ ေမႀကီး”

မီးငယ္ေပးေသာ ဆရာခိုဘူးကိုယူ၍ အေမက ေခတ္ေႏြ၏ ဒဏ္ရာမ်ားေပၚသို႔ အသားထဲစိမ့္ဝင္တဲ့အထိ ေသခ်ာလိမ္းေပးသည္။ေဆးလိမ္းၿပီးေသာအခါ...။

"အေမ သား ဦးမာန္တို႔အိမ္သြားအုံးမယ္”

"အင္းအင္း ဂ႐ုစိုက္သြားအုံးေနာ္ လမ္းမွာ ရန္ေတြဘာေတြလည္းမျဖစ္နဲ႔အုံး ”

"အင္းပါ အေမရဲ႕”

..................

"ဘဘတိုးေရ”

ေခတ္ေႏြ ေနသစ္အိမ္ေရာက္သြားလ်ွင္ အရင္ဆုံး ေအာ္ေခၚမိတာက ဦးတိုးပင္။ အိမ္ထဲသို႔ ဝင္ရင္း မီးဖိုေခ်ာင္ဘက္သို႔ဦးတည္လိုက္သည္။

"ဘဘတိုး ဘာေတြခ်က္”

"ဟာ လူေလးေရာက္ေနတာလား”

"ဟုတ္ ဘာေတြခ်က္ေနတာလဲ သားဗိုက္ဆာေနၿပီ”

ေခတ္ေႏြ ဦးတိုးဟင္းခ်က္ေနသည့္ေနာက္တြင္ ရပ္၍ ခ်က္ေနသည့္ ဟင္းအိုးအား လွမ္းၾကည့္ရင္းေျပာေလသည္။

"ၾကက္သားနဲ႔ အာလူးေလးခ်က္ေနတာ က်က္ေတာ့မယ္ ခဏေလးေစာင့္ေနာ္”

"ေမႊးေနတာပဲ ဒါဆို သား ပူၾကဴးေလးကိုသြားေတြ႔လိုက္အုံးမယ္ ”

"ပူၾကဴးေလးက ေနမေကာင္းလို႔ ေမာင္ေနသစ္ ေဆးတိုက္ၿပီး သိပ္ေနတယ္ လူေလးရဲ႕”

"ဟင္ ဟုတ္လား ဒါဆို သားသြားၾကည့္အုံးမယ္ေနာ္”

ေခတ္ေႏြ အေပၚထပ္သို႔ တက္သြားကာ ပူၾကဴးရဲ႕ အခန္းေလးထဲ ဝင္လိုက္သည္။ အခန္းထဲသို႔ ပူၾကဴးေလးသည္ ေစာင္ေလးျခံဳကာ အ႐ုပ္ေလးပိုက္၍ အိပ္ေမာက်ေနသည္။ ေခတ္ေႏြ ကိုယ္ပူစမ္းၾကည့္ေတာ့ ပူေနပါေသးသည္။ ကေလး ေနမေကာင္းျဖစ္တာ ကေလးနားမေနဘဲ ဘယ္သြားေနတာလဲ ဦးမာန္ကေတာ့ ဟု ေခတ္ေႏြေတြးကာ ပူၾကဴး အခန္းထဲမွထြက္လာသည္ ။ ၿပီးေနာက္ ေနသစ္၏ အခန္းသို႔ ဦးတည္လိုက္သည္။ အခန္းတံခါး ေခါက္ၾကည့္ေတာ့လည္း အသံမၾကား ။ ဒါေၾကာင့္ ေလာ့မခ်ထားေသာ တံခါးကိုဖြင့္လိုက္ေတာ့လည္း ေနသစ္မ႐ွိေနပါ။ ေခတ္ေႏြ ေနသစ္ကို႐ွာရင္း စာၾကည့္ခန္းထဲမွ အသံခပ္သဲ့သဲ့ ၾကားလိုက္တာေၾကာင့္ ေနသစ္႐ွိသည္ဟုေတြးကာ ထိုအခန္းသို႔ သြားလိုက္သည္။ ေစ့ထားေသာ တံခါးဆီမွ ၾကားေနရသည့္ ေနသစ္၏ ေဒါသသံေၾကာင့္ ေခတ္ေႏြ ၿငိမ္ကာ နားစြင့္္မိသည္။

"ငါ နင့္ကို မေပးႏိုင္ဘူး ခေယာင္း ၊ နင္ ပစ္တုန္းကပစ္ထားခဲ့ၿပီးမွ အခုက်မွ သားကို ျပန္လိုခ်င္လို႔ ရမွာလား”

ေခတ္ေႏြ ၾကားရသည္က ေနသစ္နဲ႔ သူ႔ဇနီးဖုန္းနဲ႔ စကားေျပာေနၾကျခင္းျဖစ္သည္။ ေခတ္ေႏြသည္ ပိုသိခ်င္သြား၍ ေစ့ထားသည့္ တံခါးကို အသာတြန္း၍ ေခ်ာင္းၾကည့္လိုက္သည္။ ထိုအခါ ျပတင္းေပါက္တြင္ရပ္ၿပီး ဖုန္းေျပာေနသည့္ ေနသစ္၏ ေက်ာျပင္ကိုေတြ႔ရသည္။

"ဟ!! နင့္စကားကလြယ္လွခ်ည္လား ။ ခါလြန္ေလးကို နင္ကိုယ္တိုင္ မလိုခ်င္လို႔ ဖ်က္ခ်ဖို႔ လုပ္ခဲ့တာေလ ဒါကို နင္ကအခုမွ ဘာေတြ လာေတာင္းေနတာလဲ ငါက မေပးႏိုင္ဘူး ခေယာင္း ”

"...."

"က်စ္!!နင့္ရဲ႕ ေစာက္ဇယားေတြကို ငါတို႔ သားအဖနဲ႔ လာမ႐ႈပ္ရင္ ေကာင္းမယ္ ”

"...."

"ေအး နင္ ႀကိဳက္သလိုလုပ္ ငါဂ႐ုမစိုက္ဘူး ခါလြန္က ငါ့သား ငါ ဘယ္သူ႔ကိုမွ မေပးႏိုင္ဘူး ”

"...."

"ဟက္! နင္အခုမွ ေစာက္ပိုေတြေျပာမေနနဲ႔ နင္ပစ္တုန္းက ပစ္ထားခဲ့ၿပီးေတာ့ နင့္လင္နဲ႔သာ အဲ့မွာ ေခြးဇာတ္ခင္းေနစမ္းပါ ငါနဲ႔သားကို လာေႏွာက္ယွက္ဖို႔ မႀကိဳးစားနဲ႔”

"...."

"ငါေျပာၿပီးၿပီ ငါ့သားကိုငါျပန္မေပးႏိုင္ဘူး နင့္ဘက္ကႀကိဳက္သလိုလုပ္ နင္သိထားဖို႔က ငါကလည္း နင္ၿခိမ္းေျခာက္တိုင္း ေၾကာက္တဲ့ ေကာင္မဟုတ္ဘူး ”

ေတာက္!! ဒုန္းး!!!

ေနသစ္သည္ ဖုန္းခ်လိုက္ၿပီး ေဒါသျဖစ္ကာ ေဘးက ထိုက္ခုံး ေဆာင့္ကန္လိုက္သည္။ ေခတ္ေႏြလည္း အေျခေနမဟန္သျဖင့္ တံခါးကိုျပန္ေစ့ကာ ေအာက္သို႔ ျပန္ဆင္းလာခဲ့သည္။ စိတ္ထဲမွာေတာ့ ဦးမာန္၏ မိန္းမအေၾကာင္းႏွင့္ မိသားစုအေၾကာင္းကိုသိခ်င္ေပမယ့္ ဦးမာန္သည္ ထိုအေၾကာင္းမ်ားကို ပါးစပ္ေတာင္မဟခဲ့လို႔ ေခတ္ေႏြ မေမးမိ။ မေျပာခ်င္ဘူးထင္သည့္ အေၾကာင္းမ်ားကို ေခတ္ေႏြ အတင္းမေမးခ်င္ပါ။ အစက ဦးမာန္၏ မိန္းမက ဆုံးၿပီလို႔ ထင္ခဲ့တာ အခုမွပဲ မဆုံးဘဲ ေနာက္အိမ္ေထာင္႐ွိေနတာပဲဟု ေခတ္ေႏြ ေတြးမိသည္။

"လူေလးေရ ထမင္းစားလို႔ ရၿပီေဝ့”

ေလွကားနားမွရပ္ေနေသာ ေခတ္ေႏြကို ဦးတိုးက လွမ္းေခၚေလသည္။ ေခတ္ေႏြလည္း ထမင္းစားခန္းသို႔ ဝင္သြားလိုက္သည္။ ထိုင္ခုံမွာထိုင္တုန္း အေနာက္မွ ေနသစ္ေရာက္ၿပီး သူ႔ ေ႐ွ႕၌ ဝင္ထိုင္ေလသည္။

"ညီ ေရာက္ေနတာၾကာၿပီလား”

"မၾကာေသးပါဘူး”

ေခတ္ေႏြကို ေနသစ္၏ မ်က္ႏွာအားအကဲခပ္ၾကည့္ေတာ့ ခုနက ေဒါသထြက္ေနသည့္ မ်က္ႏွာနဲ႔မတူ ႏူးညံ႕တည္ၾကည္သည့္ အျပံဳး တစ္ခုျဖင့္ သူ႔ကို ၾကည့္ၿပီးေမးေလသည္။

"ဟင္ မ်က္ႏွာက ဘာျဖစ္တာလဲ ညီ”

ျပံဳးေနသည့္သူ၏ မ်က္ႏွာသည့္ ေခတ္ေႏြမ်က္ႏွာေပၚကဘဒဏ္ရာေတြကို ျမင္ေတာ့ ခ်က္ခ်င္း ေျပာင္းသြားေလသည္။ စိုးရိမ္စိတ္အျပည့္ျဖင့္ ေခတ္ေႏြ ေဘးေရာက္လာကာ ေခတ္ေႏြ မ်က္ႏွာအား ကိုင္ၾကည့္သည္။

"ဟို နည္းနည္း ရန္ျဖစ္ထားတာပါ”

"ဘယ္လိုျဖစ္တာလဲကြာ ဟင္ ေျပာပါအုံး က်စ္!! ေယာင္ေနတာပဲ ”

"ဒီတိုင္း ဝင္တိုက္မိရင္း ျဖစ္ၾကတာပါ မနာပါဘူး ဟိုဘက္ကေကာင္ေတြဆို က်ြန္ေတာ့္ထက္ေတာင္ဆိုးေသးတယ္ ”

ေခတ္ေႏြ အမွန္တိုင္းမေျပာခ်င္သျဖင့္ လႊဲေျပာလိုက္သည္။ေနသစ္က မ်က္ေမွာင္ၾကဳတ္ကာ

"က်စ္!! ဘာပဲျဖစ္ျဖစ္ေလ ျပစမ္းပါအုံး ဒဏ္ရာေတြက ဒီတစ္ခုတည္းလား ေဆးေရာလိမ္းၿပီးၿပီလား”

"အေမလိမ္းေပးလိုက္ပါတယ္ ဦးမာန္ အ့”

ေနသစ္သည္ ေခတ္ေႏြ၏ မ်က္ႏွာကို ကိုင္ကာ ဒဏ္မ်ားကိုၾကည့္ရင္း ဒဏ္ရာမ်ားကိုလည္း ႐ွာေဖြေနေသးသည္။ ေနသစ္၏လက္က ေခတ္ေႏြ ၏ခါးနားကို ထိမိေသာအခါ ေခတ္ေႏြ နာသြားတာေၾကာင့္ ေအာ္မိလိုက္သည္။

"ဟင္ ဘာျဖစ္တာလဲ နာလို႔လား ဟုတ္လား ျပစမ္းပါအုံး ကိုယ့္ကို”

ေနသစ္ေျပာေျပာဆိုဆိုျဖင့္ ေခတ္ေႏြ၏ အၤက်ီကို လွန္ၾကည့္လိုက္ေတာ့ ခါးေစာင္းမွာ ညိဳမဲဒဏ္ရာတစ္ခု။

"က်စ္!! ဒဏ္ရာေတြခ်ည္းပဲကြာ ဘယ္ေကာင္ေတြလဲ ညီ့ကိုလုပ္တာ ဟမ္”

မ်က္ႏွာပ်က္ကာ စိုးရိမ္စိတ္ေရာေဒါသပါေရာေနသည့္ ေနသစ္ကို ၾကည့္ရင္း ေခတ္ေႏြ ျပံဳးလိုက္သည္။

"ေက်ာင္းကေကာင္ေတြပါပဲ ဦးမာန္ရယ္ ဘာမွမျဖစ္ပါဘူးဗ်ာ ကြၽန္ေတာ္ ေယာက်္ားပါ ဒီေလာက္ကေတာ့ ေအးေဆး ဟိုေကာင္ေတြဆို ကြၽန္ေတာ့္လက္ခ်က္နဲ႔ အခုဆို ထႏိုင္မွာေတာင္မဟုတ္ဘူး”

ေခတ္ေႏြ ဂုဏ္ယူသလိုေလးေျပာလိုက္ေတာ့ ေနသစ္ အသံနည္းနည္းက်ယ္ကာျဖင့္ ဆူေလသည္။

"ဒါကို ဂုဏ္ယူၿပီးေျပာေနစရာလား ဟမ္ ၾကည့္အုံး အခုေတာ့ လူျမင္မေကာင္းဘူး မ်က္ႏွာမွ ဒဏ္ရာေတြနဲ႔ လာ ခါးကဒဏ္ရာကိုေဆးလိမ္းမယ္ ”

"ဟို ထမင္းစား...”

"အဲ့ထမင္း ေနာက္မွစား အရင္ေဆးလိမ္းမယ္လာ ညီေနာ္ ေနာက္တစ္ခါ ရန္မျဖစ္နဲ႔ ျဖစ္ရင္ ကိုယ္ ႐ိုက္မွာ”

"ဟာ ဦးမာန္ကလည္း က်ြန္ေတာ္က ဦးမာန္ရဲ႕ သားမွမဟုတ္တာ”

သူ႔ကို႐ိုက္မယ္ေျပာသည့္ စကားေၾကာင့္ ေခတ္ေႏြ မေက်မခ်မ္းျဖင့္ ျပန္ကာ ေျပာေလသည္။ ေနသစ္ကေတာ့ ခပ္တည္တည္ျဖင့္

"သားမဟုတ္ဘူး ေယာက်္ားမို႔လို႔ ေျပာေနတာေပါ့”

ေနသစ္၏ စကားေၾကာင့္ ေခတ္ေႏြ ဘာစကားမွေတာင္ ျပန္မေခ်ပႏိုင္ပါ။

...................



Unicode





ခေတ်နွေ စိတ်ညစ်ညစ်နဲ့ အိမ်ပြန်လာပြီး ထိုးအိပ်နေလိုက်သည်။ သူဘာမှမတွေးချင်တော့.....။ တစ်ရေးလောက် မှေးခနဲ အိပ်ပျော်သွားတုန်းမှာ ဖုန်းလာသဖြင့် ခေတ်နွေ လွယ်အိတ်ထဲက ဖုန်းကို နှိုက်ပြီး နံပါတ်ကြည့်လိုက်တော့ ဦးမာန် ဆက်နေတာပင်။ ခေတ်နွေသည် အဆက်မပြတ်မြည်နေတဲ့ ဖုန်းကို ကြည့်ပြီးငိုင်နေသည်။ သူကိုင်ရမလား မကိုင်ရဘူးလား ။ သူဦးမာန်နဲ့ စကားမပြောချင်သေးဘူး။ ဖုန်းကို စားပွဲပေါ်တင်ကာ ဖုန်းသံကိုမကြားချင်ယောင်ဆောင်လိုက်ပြီး ဆက်အိပ်ရန်ပြင်လိုက်သော်လည်း စိတ်ကမရ။ ဖုန်းကိုကိုင်လိုသောကြောင့် ပြန်ထကာ ဖုန်းကိုင်လိုက်သည်။

"Hello ညီ ကိုယ်ဖုန်းခေါ်နေတာကြာပြီ ဘာလို့ ဖုန်းမကိုင်တာလဲ ”

ငြိမ့်ညောင်းလှသည့် ဦးမာန်၏ အသံသည် ခေတ်နွေနားသို့ထိခပ်သွားသည်။

"အင်း မကြားလို့”

ခေတ်နွေ လိမ်ပြောလိုက်ပါသည်။ ဒီနေ့ ဖြစ်ပျက်ခဲ့သည်များကို ဦးမာန်ကိုမသိစေချင်။ တကယ်ဆို ဒါတွေက အမှန်တရားပေမယ့် ။ သိတဲ့အတိုင်း အမှန်တရားကနည်းနည်းတော့ခါးတယ်မလား။ ဦးမာန်၏ပေးကမ်းသမျှကို ယူနေတော့လည်း စပွန်ဆာလို့ အပြောခံရတာ မဆန်းပေ။

"ကိုယ် ဒီနေ့ လာကြိုတာ နည်းနည်းနောက်ကျမယ်နော် လမ်းမှာ ကားတွေပိတ်နေလို့”

"ကျွန်တော် အိမ်ရောက်နေပြီ ဦးမာန်လာမကြိုနဲ့တော့”

"ဟင် ဘာလို့လဲ ညီ နေမကောင်းလို့လား”

"မဟုတ်ပါဘူး နောက်အတန်းတွေမတက်ချင်တော့တာနဲ့ ပြန်လာလိုက်တာ”

"အော်... ဒါဆိုလည်း ကိုယ် အိမ်ကပဲစောင့်နေတော့မယ်လေ ညီ စောစောလာခဲ့ပေါ့ ထမင်းမစားလာနဲ့နော် ဦးတိုးကိုချက်ခိုင်းထားမယ် ဒီနေ့ လုပ်ရမယ့် အလုပ်တွေနည်းနည်းများတယ်ညီ အဲ့ဒါစောစောလာပြီး ကူအုံး”

ခေတ်နွေ ဒီနေ့ နေသစ်ဆီကို မသွားဖို့ဆုံးဖြတ်ထားတာပါ ။ ဒါပေမဲ့ အလုပ်တွေများတယ်ဆိုတော့လည်း မသွားလို့မဖြစ်။ မလာတော့ဘူး ပြောပြီး အကြောင်းတစ်ခုခုပြလိုက်ရင်လည်းရပေမဲ့လို့ ကိုယ့်ကို အပါးခိုတယ်လို့ မထင်စေချင်။

"ဟုတ်ကဲ့ ကျွန်တော် ၅နာရီလောက် လာခဲ့ပါ့မယ်”

"အင်း ဒါဆို ကိုယ်ဖုန်းချလိုက်တော့မယ် ”

"ဟုတ်”

ခေတ်နွေ နေသစ်နဲ့ ဖုန်းပြောပြီး ကုတင်ပေါ်ပြန်ထိုင်ကာ သက်ပြင်းများချမိသည်။ တွေ့လည်းတွေ့ချင်တယ် တွေ့လည်းမတွေ့ချင်ဘူး။ အခုနောက်ပိုင်း သူ့ကိုတွေ့ရင် ကိုယ့်ရဲ့ ရင်ခုန်သံတွေမူမမှန်တော့တာ သတိထားမိလာတယ်။ စိတ်ရှုပ်လိုက်တာ ဦးမာန်ရယ်.....။

..............

နေသစ် ခေတ်နွေနဲ့ ဖုန်းပြောရင်း ခေတ်နွေ၏ အသံ သိပ်မကောင်းတာကိုသတိထားမိသည်။ ခေတ်နွေ အသံသည် နွမ်းလျနေသည်။ ဘာတွေများဖြစ်နေပါ့လိမ့် ။ အကြောင်းရင်းကိုသိလို သလို သူ့မျက်နှာလေးကိုလည်း မမြင်ရရင်မနေတာကြောင့် အလုပ်နည်းနည်းကိုအများကြီးဟုအကြောင်းပြကာ ခေါ်လိုက်သည်။ တစ်နေကုန် လွမ်းနေခဲ့တာမလား။

................

"သား မျက်နှာက ဘာဖြစ်တာလဲ”

ခေတ်နွေ ရေချိုးပြီး ထွက်လာတော့ အခန်းရှေ့မှာ မေမေနှင့်ဆုံသည်။ ကျောင်းကပြန်ပြီး မျက်နှာကိုငုံ့၍ အခန်းထဲဝင်သွားကတည်းက မေက ခေတ်နွေဘာဖြစ်နေတာလဲဟုတွေးမိသား။ အခုလည်း ညနေစောင်းနေသဖြင့် အိပ်နေသေးလားဟုတွေးကာ နှိုးရန် တံခါးအဖွင့် ခေတ်နွေအခန်းထဲကအထွက်နဲ့ကြုံ၍ မျက်နှာအား သေချာမြင်လိုက်မှမေးခြင်းသာ။ ပါးမို့မှာ အညိုကွက်နဲ့ဖူးနေကာ နှုတ်ခမ်းထောင့်မှာလည်း ကွဲနေသေးသည်။ အမေက ခေတ်နွေ၏ မျက်နှာကို သေချာပြူးပြဲကြည့်ကာ စိုးရိမ်မှုများဖြင့်မေးသည်။

"သား ရန်ဖြစ်လာတာလား ”

ခေတ်နွေသည် အမေ့အကြည့်မှ ရှောင်ထွက်ရင်း

"ဟုတ် ဟိုဘက်ရန်စလို့ သားစိတ်မထိန်းနိုင်တာနဲ့ ဖြစ်သွားတာပါ အမေ”

"သားရယ် ဘယ်လိုဖြစ်လို့လဲ စိတ်ထိန်းမှပေါ့ကွယ် ကြည့်ပါအုံး မျက်နှာမှာ ဖူးယောင်လို့ လာလာ မေဆေးထည့်ပေးမယ်”

အမေကတော့ လူငယ်သဘာဝရန်ဖြစ်ကြတာပဲဟုတွေးကာ အကြောင်းရင်းကိုမမေးလို့ တော်သေးသည်။ သားငယ်၏ မျက်နှာပေါ်၌ရှိသော ဒဏ်များကိုသာ ဆေးလိမ်းပေးရန် လောနေသည်။

"မီးငယ် မီးငယ် ဆေးသေတ္တာထဲက ဆရာခို ဘူးလေးယူလာပေးပါအုံးကွယ်”

"ဟုတ်ကဲ့ မေကြီး”

မီးငယ်ပေးသော ဆရာခိုဘူးကိုယူ၍ အမေက ခေတ်နွေ၏ ဒဏ်ရာများပေါ်သို့ အသားထဲစိမ့်ဝင်တဲ့အထိ သေချာလိမ်းပေးသည်။ဆေးလိမ်းပြီးသောအခါ...။

"အမေ သား ဦးမာန်တို့အိမ်သွားအုံးမယ်”

"အင်းအင်း ဂရုစိုက်သွားအုံးနော် လမ်းမှာ ရန်တွေဘာတွေလည်းမဖြစ်နဲ့အုံး ”

"အင်းပါ အမေရဲ့”

..................

"ဘဘတိုးရေ”

ခေတ်နွေ နေသစ်အိမ်ရောက်သွားလျှင် အရင်ဆုံး အော်ခေါ်မိတာက ဦးတိုးပင်။ အိမ်ထဲသို့ ဝင်ရင်း မီးဖိုချောင်ဘက်သို့ဦးတည်လိုက်သည်။

"ဘဘတိုး ဘာတွေချက်”

"ဟာ လူလေးရောက်နေတာလား”

"ဟုတ် ဘာတွေချက်နေတာလဲ သားဗိုက်ဆာနေပြီ”

ခေတ်နွေ ဦးတိုးဟင်းချက်နေသည့်နောက်တွင် ရပ်၍ ချက်နေသည့် ဟင်းအိုးအား လှမ်းကြည့်ရင်းပြောလေသည်။

"ကြက်သားနဲ့ အာလူးလေးချက်နေတာ ကျက်တော့မယ် ခဏလေးစောင့်နော်”

"မွှေးနေတာပဲ ဒါဆို သား ပူကြူးလေးကိုသွားတွေ့လိုက်အုံးမယ် ”

"ပူကြူးလေးက နေမကောင်းလို့ မောင်နေသစ် ဆေးတိုက်ပြီး သိပ်နေတယ် လူလေးရဲ့”

"ဟင် ဟုတ်လား ဒါဆို သားသွားကြည့်အုံးမယ်နော်”

ခေတ်နွေ အပေါ်ထပ်သို့ တက်သွားကာ ပူကြူးရဲ့ အခန်းလေးထဲ ဝင်လိုက်သည်။ အခန်းထဲသို့ ပူကြူးလေးသည် စောင်လေးခြုံကာ အရုပ်လေးပိုက်၍ အိပ်မောကျနေသည်။ ခေတ်နွေ ကိုယ်ပူစမ်းကြည့်တော့ ပူနေပါသေးသည်။ ကလေး နေမကောင်းဖြစ်တာ ကလေးနားမနေဘဲ ဘယ်သွားနေတာလဲ ဦးမာန်ကတော့ ဟု ခေတ်နွေတွေးကာ ပူကြူး အခန်းထဲမှထွက်လာသည် ။ ပြီးနောက် နေသစ်၏ အခန်းသို့ ဦးတည်လိုက်သည်။ အခန်းတံခါး ခေါက်ကြည့်တော့လည်း အသံမကြား ။ ဒါကြောင့် လော့မချထားသော တံခါးကိုဖွင့်လိုက်တော့လည်း နေသစ်မရှိနေပါ။ ခေတ်နွေ နေသစ်ကိုရှာရင်း စာကြည့်ခန်းထဲမှ အသံခပ်သဲ့သဲ့ ကြားလိုက်တာကြောင့် နေသစ်ရှိသည်ဟုတွေးကာ ထိုအခန်းသို့ သွားလိုက်သည်။ စေ့ထားသော တံခါးဆီမှ ကြားနေရသည့် နေသစ်၏ ဒေါသသံကြောင့် ခေတ်နွေ ငြိမ်ကာ နားစွင့်မိသည်။

"ငါ နင့်ကို မပေးနိုင်ဘူး ခယောင်း ၊ နင် ပစ်တုန်းကပစ်ထားခဲ့ပြီးမှ အခုကျမှ သားကို ပြန်လိုချင်လို့ ရမှာလား”

ခေတ်နွေ ကြားရသည်က နေသစ်နဲ့ သူ့ဇနီးဖုန်းနဲ့ စကားပြောနေကြခြင်းဖြစ်သည်။ ခေတ်နွေသည် ပိုသိချင်သွား၍ စေ့ထားသည့် တံခါးကို အသာတွန်း၍ ချောင်းကြည့်လိုက်သည်။ ထိုအခါ ပြတင်းပေါက်တွင်ရပ်ပြီး ဖုန်းပြောနေသည့် နေသစ်၏ ကျောပြင်ကိုတွေ့ရသည်။

"ဟ!! နင့်စကားကလွယ်လှချည်လား ။ ခါလွန်လေးကို နင်ကိုယ်တိုင် မလိုချင်လို့ ဖျက်ချဖို့ လုပ်ခဲ့တာလေ ဒါကို နင်ကအခုမှ ဘာတွေ လာတောင်းနေတာလဲ ငါက မပေးနိုင်ဘူး ခယောင်း ”

"...."

"ကျစ်!!နင့်ရဲ့ စောက်ဇယားတွေကို ငါတို့ သားအဖနဲ့ လာမရှုပ်ရင် ကောင်းမယ် ”

"...."

"အေး နင် ကြိုက်သလိုလုပ် ငါဂရုမစိုက်ဘူး ခါလွန်က ငါ့သား ငါ ဘယ်သူ့ကိုမှ မပေးနိုင်ဘူး ”

"...."

"ဟက်! နင်အခုမှ စောက်ပိုတွေပြောမနေနဲ့ နင်ပစ်တုန်းက ပစ်ထားခဲ့ပြီးတော့ နင့်လင်နဲ့သာ အဲ့မှာ ခွေးဇာတ်ခင်းနေစမ်းပါ ငါနဲ့သားကို လာနှောက်ယှက်ဖို့ မကြိုးစားနဲ့”

"...."

"ငါပြောပြီးပြီ ငါ့သားကိုငါပြန်မပေးနိုင်ဘူး နင့်ဘက်ကကြိုက်သလိုလုပ် နင်သိထားဖို့က ငါကလည်း နင်ခြိမ်းခြောက်တိုင်း ကြောက်တဲ့ ကောင်မဟုတ်ဘူး ”

တောက်!! ဒုန်းး!!!

နေသစ်သည် ဖုန်းချလိုက်ပြီး ဒေါသဖြစ်ကာ ဘေးက ထိုက်ခုံး ဆောင့်ကန်လိုက်သည်။ ခေတ်နွေလည်း အခြေနေမဟန်သဖြင့် တံခါးကိုပြန်စေ့ကာ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ စိတ်ထဲမှာတော့ ဦးမာန်၏ မိန်းမအကြောင်းနှင့် မိသားစုအကြောင်းကိုသိချင်ပေမယ့် ဦးမာန်သည် ထိုအကြောင်းများကို ပါးစပ်တောင်မဟခဲ့လို့ ခေတ်နွေ မမေးမိ။ မပြောချင်ဘူးထင်သည့် အကြောင်းများကို ခေတ်နွေ အတင်းမမေးချင်ပါ။ အစက ဦးမာန်၏ မိန်းမက ဆုံးပြီလို့ ထင်ခဲ့တာ အခုမှပဲ မဆုံးဘဲ နောက်အိမ်ထောင်ရှိနေတာပဲဟု ခေတ်နွေ တွေးမိသည်။

"လူလေးရေ ထမင်းစားလို့ ရပြီဝေ့”

လှေကားနားမှရပ်နေသော ခေတ်နွေကို ဦးတိုးက လှမ်းခေါ်လေသည်။ ခေတ်နွေလည်း ထမင်းစားခန်းသို့ ဝင်သွားလိုက်သည်။ ထိုင်ခုံမှာထိုင်တုန်း အနောက်မှ နေသစ်ရောက်ပြီး သူ့ ရှေ့၌ ဝင်ထိုင်လေသည်။

"ညီ ရောက်နေတာကြာပြီလား”

"မကြာသေးပါဘူး”

ခေတ်နွေကို နေသစ်၏ မျက်နှာအားအကဲခပ်ကြည့်တော့ ခုနက ဒေါသထွက်နေသည့် မျက်နှာနဲ့မတူ နူးညံ့တည်ကြည်သည့် အပြုံး တစ်ခုဖြင့် သူ့ကို ကြည့်ပြီးမေးလေသည်။

"ဟင် မျက်နှာက ဘာဖြစ်တာလဲ ညီ”

ပြုံးနေသည့်သူ၏ မျက်နှာသည့် ခေတ်နွေမျက်နှာပေါ်ကဘဒဏ်ရာတွေကို မြင်တော့ ချက်ချင်း ပြောင်းသွားလေသည်။ စိုးရိမ်စိတ်အပြည့်ဖြင့် ခေတ်နွေ ဘေးရောက်လာကာ ခေတ်နွေ မျက်နှာအား ကိုင်ကြည့်သည်။

"ဟို နည်းနည်း ရန်ဖြစ်ထားတာပါ”

"ဘယ်လိုဖြစ်တာလဲကွာ ဟင် ပြောပါအုံး ကျစ်!! ယောင်နေတာပဲ ”

"ဒီတိုင်း ဝင်တိုက်မိရင်း ဖြစ်ကြတာပါ မနာပါဘူး ဟိုဘက်ကကောင်တွေဆို ကျွန်တော့်ထက်တောင်ဆိုးသေးတယ် ”

ခေတ်နွေ အမှန်တိုင်းမပြောချင်သဖြင့် လွှဲပြောလိုက်သည်။နေသစ်က မျက်မှောင်ကြုတ်ကာ

"ကျစ်!! ဘာပဲဖြစ်ဖြစ်လေ ပြစမ်းပါအုံး ဒဏ်ရာတွေက ဒီတစ်ခုတည်းလား ဆေးရောလိမ်းပြီးပြီလား”

"အမေလိမ်းပေးလိုက်ပါတယ် ဦးမာန် အ့”

နေသစ်သည် ခေတ်နွေ၏ မျက်နှာကို ကိုင်ကာ ဒဏ်များကိုကြည့်ရင်း ဒဏ်ရာများကိုလည်း ရှာဖွေနေသေးသည်။ နေသစ်၏လက်က ခေတ်နွေ ၏ခါးနားကို ထိမိသောအခါ ခေတ်နွေ နာသွားတာကြောင့် အော်မိလိုက်သည်။

"ဟင် ဘာဖြစ်တာလဲ နာလို့လား ဟုတ်လား ပြစမ်းပါအုံး ကိုယ့်ကို”

နေသစ်ပြောပြောဆိုဆိုဖြင့် ခေတ်နွေ၏ င်္အကျီကို လှန်ကြည့်လိုက်တော့ ခါးစောင်းမှာ ညိုမဲဒဏ်ရာတစ်ခု။

"ကျစ်!! ဒဏ်ရာတွေချည်းပဲကွာ ဘယ်ကောင်တွေလဲ ညီ့ကိုလုပ်တာ ဟမ်”

မျက်နှာပျက်ကာ စိုးရိမ်စိတ်ရောဒေါသပါရောနေသည့် နေသစ်ကို ကြည့်ရင်း ခေတ်နွေ ပြုံးလိုက်သည်။

"ကျောင်းကကောင်တွေပါပဲ ဦးမာန်ရယ် ဘာမှမဖြစ်ပါဘူးဗျာ ကျွန်တော် ယောကျ်ားပါ ဒီလောက်ကတော့ အေးဆေး ဟိုကောင်တွေဆို ကျွန်တော့်လက်ချက်နဲ့ အခုဆို ထနိုင်မှာတောင်မဟုတ်ဘူး”

ခေတ်နွေ ဂုဏ်ယူသလိုလေးပြောလိုက်တော့ နေသစ် အသံနည်းနည်းကျယ်ကာဖြင့် ဆူလေသည်။

"ဒါကို ဂုဏ်ယူပြီးပြောနေစရာလား ဟမ် ကြည့်အုံး အခုတော့ လူမြင်မကောင်းဘူး မျက်နှာမှ ဒဏ်ရာတွေနဲ့ လာ ခါးကဒဏ်ရာကိုဆေးလိမ်းမယ် ”

"ဟို ထမင်းစား...”

"အဲ့ထမင်း နောက်မှစား အရင်ဆေးလိမ်းမယ်လာ ညီနော် နောက်တစ်ခါ ရန်မဖြစ်နဲ့ ဖြစ်ရင် ကိုယ် ရိုက်မှာ”

"ဟာ ဦးမာန်ကလည်း ကျွန်တော်က ဦးမာန်ရဲ့ သားမှမဟုတ်တာ”

သူ့ကိုရိုက်မယ်ပြောသည့် စကားကြောင့် ခေတ်နွေ မကျေမချမ်းဖြင့် ပြန်ကာ ပြောလေသည်။ နေသစ်ကတော့ ခပ်တည်တည်ဖြင့်

"သားမဟုတ်ဘူး ယောကျ်ားမို့လို့ ပြောနေတာပေါ့”

နေသစ်၏ စကားကြောင့် ခေတ်နွေ ဘာစကားမှတောင် ပြန်မချေပနိုင်ပါ။

...................

Continue Reading

You'll Also Like

969K 40.4K 52
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
584K 34.1K 46
ဤဇာတ်လမ်းတွင် ပါဝင်သော ဇာတ်လမ်း၊ဇာတ်ကွက်၊ဇာတ်ကောင်များသည် စာရေးသူရဲ့ စိတ်ကူးဉာဏ်‌ေသး‌ေသးဖြင့်သာ ပုံဖော်ထားခြင်းဖြစ်လို့ တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
197K 7.5K 35
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
6.6M 431K 94
Hanary Victor + Loon Tar Nay San